သစ္ထူးလြင္ |
- ရေဦးနှင့် ဒီပဲယင်းအစပ်တွင် စစ်ကောင်စီတပ်ကသေဆုံးစစ်သားအလောင်းများကိုမီးရှို့ပြီးထားခဲ့
- စစ်ကောင်စီတပ်စခန်း ၃ ခုကို KNDO တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်
- မန္တလေး - မိုးကုတ်လမ်း စဉ့်ကူးနယ် ရွှေပြည်ရဲကင်းကို PDF တွေက စီးနင်းတိုက်ခိုက်၊ စခန်းမှူး အပါအဝင် စကစ အနည်းဆုံး သုံးဦးသေ
- ညောင်ဦးမှာ စစ်အုပ်စုလက်အောက်ခံ သွေးသောက်အဖွဲ့တွေ အစည်းအဝေးလုပ်နေချိန် ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးဟုဆို
- ရွာငံမှာ သတင်းပေးတွေကို မရှင်းလင်းနိုင်လို့ဆိုပြီး စစ်ကောင်စီက ပျူစောထီး ခေါင်းဆောင် ၂ ဦးကို ပစ်သတ်
- ရေဖြူမြို့က စိုက်ဘဏ်အနီး ဗုံးပေါက်ကွဲ
- စစ်ကောင်စီစစ်ကြောင်းမှ စစ်ရှောင်များရှိရာ နေရာသို့လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင် ငါးဦးသေဆုံး
- အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ဒေသခံရွာသားများ သေဆုံးနေရလို့ သေ့ဘော့ဘိုးစခန်းကို သိမ်းရကြောင်း ထုတ်ပြန်
- အကြမ်းဖက်စစ်ကောင်စီယန္တရားနှင့် ကျောင်းဖွင့်ရန် ကြိုးစားလာသော Non - CDM များကို မိုးဗြဲPDF သတိပေး
- တောင်ကြီး စစ်ကောင်စီ ၉၄ တပ်အတွင်း ပျူစောထီးများကို သင်တန်းပေးနေ
- တအာင်းဒေသမှ ဝန်ထမ်းများအားလုံး CDM လုပ်ကြရန်နှင့် စစ်ကောင်စီဖွင့်လှစ်သည့် တက္ကသိုလ်များ မတက်ကြရန် TPCC တောင်းဆို
- စဥ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်းတခုတိုက်ခိုက်ခံရပြီး စစ် ကူလာတဲ့ကားပါမိုင်းဆွဲခံရလို့ စစ်တပ်၊ရဲ သေဆုံးမှုများဟုဆို
- တန့်ဆည်မြို့နယ် ချောင်းရိုးရွာရှိ နှစ်(၁၂၀)ကျော် သက်တမ်းရှိ ခရစ်ယာန် ဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ် နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး
- စစ်ကောင်စီလက်နက်ကိုင်များနှင့်ပူးပေါင်းကာ ပြည်သူများကို မီတာခ လိုက်လံကောက်ခံနေသည့် လျှပ်စစ်ရုံး ဗုံးခွဲခံရ
- ရေစကြိုမြို့နယ်တွင် MG6 ပြောက်ကျားတပ်ဖွဲ့၏ စနိုင်ပါလက်ချက်ကြောင့် စကစတပ်သား (၃) ဦးသေဆုံး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ
- ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုဖြစ်တစ်ဦးသေသုံးဦးဒဏ်ရာရရှိ
- အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီ၏ ဆယ့်နှစ်ဘီးကားကို အမျိုးသမီးစစ်သည်တော်အဖွဲ့တိုက်ခိုက်
- ထား၀ယ်-ထီးခီးလမ်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် RPGနဲ့အပစ်ခံရလို့ အရာရှိတဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံး
- ဘက်ရဲမြို့ ကြို့ပင်စုကျေးရွာက တောင်သူ ၃ ဦးကို PDF ထောက်ပံ့တယ်လို့ စစ်ကောင်စီတပ်များ စွပ်စွဲဖမ်းဆီး
- မန္တလေး နန်းတွင်းထဲက ထွက်လာတဲ့ စကစ ထောက်ပို့ကားတွေကို မန္တလေး - မုံရွာလမ်းမှာ မိုင်းဆွဲ၊ စကစ နှစ်ဦးသေ ဟုဆို
- ဒီပဲယင်းနယ်က စစ်ဘေးရှောင်တွေကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရှစ်ဦး ထိမှန်ပြီး လေးဦး သေဆုံး
- မုံရွာ - မန္တလေးလမ်းပိုင်းတွင် မဟာမိတ်ညီနောင်အဖွဲ့များနှင့် ပျူစောထီးနှစ်ဦး ထိပ်တိုက်တွေ့ပြီးပစ်ခတ်မှုဖြစ်၊ ပျူတစ်ဦးသေ တစ်ဦးဒဏ်ရာရ
- အရာတော်မြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရပြီး ဗိုလ်အဆင့်တစ်ဦးအပါအဝင် ငါးဦးသေ
- ဒဏ်ရာရသူများကို သံချပ်ကာ (၂) စီး ဖြင့်လာကယ်သည့်စစ်တပ် ထပ်မံတိုက်ခိုက်ခံရ၍ ပြန်ဆုတ်ခွ
- ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသူများပြား
ရေဦးနှင့် ဒီပဲယင်းအစပ်တွင် စစ်ကောင်စီတပ်ကသေဆုံးစစ်သားအလောင်းများကိုမီးရှို့ပြီးထားခဲ့ Posted: 20 May 2022 05:20 AM PDT (စစ်ကောင်စီတပ်က သေဆုံးစစ်သားအလောင်းမီးရှို့ထားခဲ့မှု ။ ။ဓါတ်ပုံ-CJ)စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့်ဒီပဲယင်းနယ်အစပ်တွင် စစ်ကောင်စီတပ်က သေဆုံးစစ်သားများ၏ အလောင်းများကိုမီးရှို့ ပြီးထားခဲ့သွားကြောင်း ရေဦးပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ပြောသည်။ယမန်နေ့(မေလ ၁၉ရက်နေ့) ညနေ ၄နာရီခန့်က ရေဦးမြို့မှ ထွက်လာသည့် စစ်အုပ်စုကို ပေါက်သာရွာအနီးတွင် ရေဦးပကဖ ၊ ရေဦးPDF နှင့် ပလဖ(ပြည်သူ့လုံခြုံရေး |
စစ်ကောင်စီတပ်စခန်း ၃ ခုကို KNDO တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက် Posted: 20 May 2022 05:16 AM PDT ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို ကရင်အမျိုးသားကာကွယ်ရေးတပ်ရင်း(KNDO)တပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်က ဖော်ပြထားပါတယ်။ တပ်မဟာ ၂ နယ်မြေ ထန်းတပင်မြို့နယ် KNDO တပ်ရင်း(၄) နယ်မြေအတွင်းမှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ သေအေ့ထားစခန်း၊ ကိုဒေးစခန်းနဲ့ ဘောဂလိမြို့တပ် |
Posted: 20 May 2022 05:14 AM PDT မေ-၂၀မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး - မိုးကုတ် ကားလမ်းပေါ်ရှိ ရွှေပြည်ရွာ ရဲကင်းစခန်းကို ဒီကနေ့ မေ(၂၀)ရက် မနက်ပိုင်းမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ စခန်းမှူး အပါအဝင် စကစ လက်နက်ကိုင် အနည်းဆုံး သုံးဦး သေတယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေး တပ်တွေက MFP ကို ပြောပါတယ်။ ဒီကနေ့ မေ(၂၀)ရက် မနက်(၁)နာရီကျော်က ရွှေပြည်ရွာ ရဲကင်းစခန်းကို ဒေသကာကွယ်ရေး |
ညောင်ဦးမှာ စစ်အုပ်စုလက်အောက်ခံ သွေးသောက်အဖွဲ့တွေ အစည်းအဝေးလုပ်နေချိန် ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးဟုဆို Posted: 20 May 2022 05:12 AM PDT မေ - ၁၉ မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ မနေ့က မေလ (၁၉)ရက် နေ့လယ်ပိုင်းက စစ်အုပ်စုလက်အောက်ခံ သွေးသောက်အဖွဲ့တွေ အစည်းအဝေးလုပ်နေချိန် ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးခဲ့တယ်လို့ ပုဂံပြည်ဘီလူးတပ်က ထုတ်ပြန်ပါတယ်။ ညောင်ဦးမြို့နယ် အောက်ညဉ့်ရွာက အုပ်ချုပ်ရေးမှူး ဦးဆန်းရွှေရဲ့ တောင်ယာတဲမှာ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုလက်အောက်ခံ (၈)ယောက်အဖွဲ့ကို မဟာမိတ်ပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာမှာ သုံးဦးသေဆုံးခဲ့တာလို့ |
ရွာငံမှာ သတင်းပေးတွေကို မရှင်းလင်းနိုင်လို့ဆိုပြီး စစ်ကောင်စီက ပျူစောထီး ခေါင်းဆောင် ၂ ဦးကို ပစ်သတ် Posted: 20 May 2022 05:09 AM PDT မေလ ၂၀ ရက်၊ ရွာငံရှမ်းတောင် ရွာငံမြို့နယ်ထဲက ပျူစောထီးခေါင်းဆောင် ၂ ဦးကို စစ်ကောင်စီက သတင်းပေးသူတွေကို မရှင်းလင်းပေးနိုင်ခဲ့ဘူးဆိုပြီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။ပစ်သတ်ခံရတဲ့ ပျူစောထီးခေါင်းဆောင် ၂ ဦးဟာ ဦးကျော်သိန်းနဲ့ ဦးခင်မောင်သိန်းတို့ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၅ ရက်က မင်းပလောင်ကျေးရွာမှာ ပစ်သတ်ခံရတာပဲ ဖြစ်ပါတယ်။ဒေသခံတစ်ဦးက "သူတို့နှစ်ယောက်က စစ်တပ်ရဲ့ သက်တော်စောင့်တွေတဲ့ |
ရေဖြူမြို့က စိုက်ဘဏ်အနီး ဗုံးပေါက်ကွဲ Posted: 20 May 2022 05:05 AM PDT တနင်္သာရီတိုင်းမ်၊ မေ ၁၉ရေဖြူမြို့နယ်မှာ စိုက်ဘဏ်လို့ အများက ခေါ်လေ့ရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနီးမှာ ဒီနေ့မနက်(၁၀)နာရီခွဲ ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပါတယ်။အဆိုပါ စိုက်ဘဏ်ဟာ ရေဖြူ-ကျခတ္တပင်အင်းလမ်းမှာ ရှိပြီး ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ မင်္ဂလာဆောင်ပွဲတစ်ခု ရှိနေပါတယ်။"အထိအခိုက်တော့မရှိဘူး။ ပေါက်ကွဲသံကြားတာနဲ့အသံချဲ့စက်က ပိတ်ကျသွားတယ်။ သီချင်းထပ်မကြားရတော့ဘူး"လို့ |
Posted: 20 May 2022 05:02 AM PDT ရေဦး - မေ ၂၀၊ ၂၀၂၂။ စစ်ကောင်စီစစ်ကြောင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မူးမြစ်တစ်ဖက်ကမ်းရှိ တာတိုင်ကျေးရွာမှ စစ်ရှောင် ငါးဦး ယမန်နေ့ မွန်းလွှဲ သုံးနာရီက သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ စစ်သည်အင်အား ၉၀ ဦး ခန့်ဖြင့် ပေါက်သာရွာ မှ ချောင်းဦးပေါက်ရွာသို့ ထွက်လာချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသဖြင့် မူးမြစ်တစ်ဖက်ကမ်းရှိ တာတိုင်ရွာမှ စစ်ရှောင်များကို |
Posted: 20 May 2022 04:58 AM PDT မေ ၂၀၊ ၂၀၂၂ ခုနှစ်။အာဏာသိမ်းစစ်ကောင်စီ၏ သေ့ဘော့ဘိုးအခြေစိုက် ခလရ- ၃၂ နှင့် ခမရ - ၅၅၉ သည် တပ်စခန်းအနီးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ မကြာခဏ အကြောင်းမဲ့ပစ်ခတ်လေ့ရှိပြီး တပ်စခန်းအနီးအနားသို့ သွားလာနေကြသော ရွာသူ ရွာသားများအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများ အမြဲပြုလုပ်နေပြီး ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိလာ၍ အဆိုပါစခန်းကို သိမ်းယူခဲ့ကြောင်း KNUက ယနေ့ မေလ ၂၀တွင် ထုတ် |
အကြမ်းဖက်စစ်ကောင်စီယန္တရားနှင့် ကျောင်းဖွင့်ရန် ကြိုးစားလာသော Non - CDM များကို မိုးဗြဲPDF သတိပေး Posted: 20 May 2022 04:56 AM PDT မေ ၂၀၊ ၂၀၂၂ ခုနှစ်။အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုကို အားပေးစေသောလုပ်ရပ်များ ရပ်ရွာအတွင်းတွင် ဖော်ဆောင်ခွင့်မပြုရန်နှင့် Non - CDM ပညာရေးလခစားများကို ပြည်သူဘက်ကို ရပ်တည်ပေးရန် မိုးဗြဲPDFက နောက်ဆုံးသတိပေးတိုက်တွန်းနိုးဆော်ကြောင်း မေလ ၂၀ရက်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။စစ်ကောင်စီယန္တရားကို အားပေးသော Non - CDM ပညာရေးလခစားများက ကျေးရွာအတွင်းရှိ ပြည်သူများ သဘောထားကွဲလွှဲစေရန် နှင့် ပညာရေးစနစ် |
တောင်ကြီး စစ်ကောင်စီ ၉၄ တပ်အတွင်း ပျူစောထီးများကို သင်တန်းပေးနေ Posted: 20 May 2022 04:54 AM PDT မဲခေါင်၊ မေ ၂၀အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အခြေစိုက် အမှတ် ၉၄ တည်းခိုရေးတပ်စခန်းအတွင်း ပျူစောထီးများကို စစ်သင်တန်းပေးနေသလို လက်နက်များလည်း စမ်းသပ်ပစ်ခတ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ ယနေ့သိရသည်။တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၌ အခြေစိုက်ထားသည့် အဆိုပါတပ်အတွင်း အေးသာယာနှင့် ရွှေညောင်မှ စစ်ကောင်စီထောက်ခံသူ |
Posted: 20 May 2022 04:51 AM PDT မဲခေါင်၊ မေ ၂၀ရှမ်းပြည်နယ်အတွင်းရှိ တအာင်း(ပလောင်)ဒေသမှ စစ်ကောင်စီလက်အောက် ဝန်ထမ်းများအားလုံး အာဏာဖီဆန်လှုပ်ရှားမှု(CDM)၌ အမြန်ဆုံးပါဝင်ကြရန် တအာင်း(ပလောင်)ဒေသကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(TPCC)က ယနေ့၌ တိုက်တွန်းတောင်းဆိုစာ ထုတ်ပြန်ထားသည်။တအာင်းဒေသများအားလုံးရှိ မြို့နယ်များတွင် အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအားလုံး ရာထုးမှနှုတ်ထွက်ကာ CDM ၌ |
Posted: 20 May 2022 04:48 AM PDT မေလ ၂၀ ရက်မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွှေပြည်ရွာနယ်မြေရဲစခန်းကို မေလ ၂၀ ရက် ဒီကနေ့ မနက်အစော ၁ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဥဒေါင်းမင်းPDF က ထုတ်ပြန်ပါတယ်။ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေပြည်နယ်မြေရဲစခန်းမှူးအပါအဝင် ရဲ ၃ ဦးသေဆုံးခဲ့တဲ့အပြင် အဲ့ဒီရဲစခန်းကိုစစ် ကူလာတဲ့ စစ်ကောင်စီကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးတယ် |
Posted: 20 May 2022 04:45 AM PDT တန့်ဆည်နယ် ချောင်းရိုးရွာက နှစ်(၁၂၀)ကျော် သက်တမ်းရှိ ဘုရားကျောင်းကို တွေ့ရစဉ် (ပုံဟောင်း)၂၀၂၂ ခုနှစ်၊ မေလ၊ ၂၀ရက်ပေါ်တူဂီနွယ်ဖွား ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်းရိုးရွာကို အကြမ်းဖက် စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်းက စတင်ပြီး ဝင်မွှေလုယက် မီးရှို့နေတာကြောင့် နှစ်(၁၂၀)ကျော် သက်တမ်းရှိ ဘုရားကျောင်း အပါအဝင် နေအိမ်တွေ ရွာလုံးကျွတ် မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ |
Posted: 19 May 2022 07:51 AM PDT ဗန်းမော် - မေ ၁၉၊ ၂၀၂၂။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ယနေ့နံနက် ၁၁ နာရီခွဲခန့်က ဗုံးဖောက်ခွဲခံရကြောင်း သိရသည်။ ပထမအဆင့် အသိပေးမှုအနေဖြင့် ဗုံးဖောက်ခွဲခြင်းဖြစ်သည်ဟု Urban Revolution Force (URF – Bhamo) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။ "ဗုံးက နှစ်လုံးပါ။ ရုံးရဲ့ ခြံဝင်းထဲကိုပဲ သတိပေးချက်အနေနဲ့ ခွဲလိုက်တာပါ။ နှစ်လုံးပစ်တာ တစ်လုံးမကွဲ |
Posted: 19 May 2022 07:48 AM PDT မေ ၁၉မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စကစတပ်များအား မေလ ၁၀ ရက်နေ့မှစ၍ ၁၄ ရက်နေ့ထိ MG6 ပြောက်ကျားတပ် - မြင်းခြံခရိုင် အမှတ်၅ တပ်ရင်းနှင့် ဒေသခံကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လေးရက်တာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။အဆိုပါ လေးရက်တာတိုက်ပွဲတွင် " MG6 ပြောက်ကျားတပ်မှ စနိုက်ပါကျည်ထိမှန်ပြီး စကစတပ်သား (၃) ဦး ငရဲး |
ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုဖြစ်တစ်ဦးသေသုံးဦးဒဏ်ရာရရှိ Posted: 19 May 2022 07:46 AM PDT ရန်ကုန်၊မေ ၁၉ ၊၂၀၂၂ရန်ကုန် သာကေတမြို့နယ်၊ဒဂုံအရှေမြို့နယ်နဲ့ ဒေါပုံမြို့နယ်တို့မှာ မေ၁၉ ရက် ဒီကနေ့မှာ အမည်မသိသူတွေရဲ့ပစ်ခတ်မှု့ကြောင့် တစ်ဦးသေပြီး သုံးဦးဒဏ်ရာရရှိတယ်လို့ ပစ်ခတ်မှုဖြစ်ရာ မြို့နယ်တွေဆီက သိရပါတယ်။သာကေတမြို့နယ် ၇/ အရှေ့ရပ်ကွက် အောင်သပြေလမ်းနဲ့ စပယ်လမ်းထောင့်က NLD ပါတီထောက်ခံသူတွေရဲ့ အထည်ဆိုင်ကို ဒီကနေ့ နေ့လယ်သုံးနာရီက သွေးသောက်အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး နှစ်ဦး |
အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီ၏ ဆယ့်နှစ်ဘီးကားကို အမျိုးသမီးစစ်သည်တော်အဖွဲ့တိုက်ခိုက် Posted: 19 May 2022 07:42 AM PDT မေ ၁၉၊ ၂၀၂၂ ခုနှစ်။မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းနှင့်ဂွေးပင်တောအကြား၌ အင်အားဖြည့်တင်းလာသော အကြမ်းဖက်စစ်တပ်၏ ဆယ့်နှစ်ဘီးကားကို အမျိုးသမီးစစ်သည်တော်အဖွဲ့မှ မိုင်းစစ်ဆင်ရေးဖြင့် လမ်းကြောင်း ဖြတ်တောက်ပိတ်ဆို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ယမန်နေ့ည ၇နာရီအချိန်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအမှောင်ထုကြောင့် စစ်အုပ်စု၏ ဒဏ်ရာသူနှင့် သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်ခဲ့ကြောင်း သိရသည်။သံလွင်ခက် - Than |
Posted: 19 May 2022 07:38 AM PDT ဓာတ်ပုံ-ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာမေလ ၁၈ ရက်တနင်္သာရီတိုင်း၊ထား၀ယ်ခရိုင်၊ထား၀ယ်မြို့နယ်၊အရှေ့တောဒေသ၊ထား၀ယ်-ထီးခီးလမ်းပိုင်း(ဘဲ့မဲ့တတ်တောင်) တစ်နေရာတွင် မေလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက စစ်ကြောင်းထ်ိုးလာသည့် စစ်တပ် RPG နဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီး အရာရှိတဦးအပါအဝင် (၂၀) ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံများထံက သိရသည်။"ထား၀ယ်ခြေစိုက် (ခမရ)တပ်ရင်းတစ်ခုပါ။ လုံခြုံရေးအတွက် တပ်ရင်းအမည်မဖော်ပြပါတော့ဘူး။ |
ဘက်ရဲမြို့ ကြို့ပင်စုကျေးရွာက တောင်သူ ၃ ဦးကို PDF ထောက်ပံ့တယ်လို့ စစ်ကောင်စီတပ်များ စွပ်စွဲဖမ်းဆီး Posted: 19 May 2022 07:36 AM PDT ကြံခင်း၊ မေလ ၁၉ ရက်ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်၊ ဘက်ရဲတိုက်နယ်၊ ကြို့ပင်စုကျေးရွာက ဒေသခံ လယ်လုပ်တောင်သူ ၃ ဦးကို PDFကိုထောက်ပံတယ်လို့ စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့၀င်များကဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။" မေလ၁၆ရက်နေ့ကနေ ၁၈ရက်နေ့ထိ တစ်ရက်တစ်ယောက်နူန်းလာဖမ်းတာ ရဲနဲ့စစ်သားအလုံးအရင်းနဲ့နိုင်ငံရေးဘာမှန်းမသိတဲ့အသက်၅၀နီးပါးတောင်သူတွေပဲသူတို့ပြောသလိုPDFထောက်ပံဖို့မပြောနဲ့ လယ်လုပ်ပြီး ကြွေးမကြေလို့ |
Posted: 19 May 2022 07:35 AM PDT မေ ၁၉မန္တလေး နန်းတွင်းထဲက ထွက်လာပြီး မုံရွာဘက် သွားနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ထောက်ပို့ကားသုံးစီးကို မနေ့က ညပိုင်းအချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ကားတစ်စီး မိုင်းထိပြီး စကစ နှစ်ဦး သေတယ်လို့ MNRF ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။မနေ့က မေ(၁၈)ရက် ည(၉)နာရီက မန္တလေး - မုံရွာ ကားလမ်း၊ မြင်းမူမြိုနယ် နဘဲကြူးကွေ့အနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်ပို့ကားတွေကို Moe Nyo Revolution Force M.N.R.F က |
Posted: 19 May 2022 05:32 AM PDT အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ မြို့နယ် အများအပြားကို အင်တာနက် ဖြတ်တောက်ထားပြီး ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဝက်လက်၊ ရွှေဘို စတဲ့ ရွှေဘိုခရိုင်က မြို့နယ်တွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့ သောင်းကျန်း ဖျက်ဆီးတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပြီး ဒီပဲယင်းနယ်ထဲက စစ်ဘေးရှောင်ပြည်သူတချို့ကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – CJမေ - ၁၉စစ်ကိုင်းတိုင်း |
Posted: 19 May 2022 05:26 AM PDT စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ - မန္တလေးလမ်းပိုင်းပေါ်တွင် မဟာမိတ်ညီနောင်အဖွဲ့များနှင့် ပျူစောထီးနှစ်ဦး ထိပ်တိုက်တွေ့၍ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျူစောထီးတစ်ဦးသေဆုံးကြောင်း Monywa Heroes Groupက သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မေလ ၁၄ ရက် ညနေ ၃နာရီခွဲခန့်က မဟာမိတ်ညီနောင်အဖွဲ့များ စစ်ဆင်ရေးတစ်ခုအတွက် ခရီးသွားနေစဥ် သေနတ်ကိုင်ဆောင်လာသော တောပုကျေးရွာမှ ပျူစောထီး နှစ် |
အရာတော်မြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရပြီး ဗိုလ်အဆင့်တစ်ဦးအပါအဝင် ငါးဦးသေ Posted: 19 May 2022 05:24 AM PDT စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရပြီး ဗိုလ်အဆင့်တစ်ဦးအပါအဝင် ငါးဦးသေဆုံးကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ယနေ့(မေ ၁၉ ရက်) ထုတ်ပြန်သည်။တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(မေ ၁၈ ရက်) နံနက်ပိုင်းက အရာတော်မြို့နှင့် နောင်ကြီးအိုင်ရွာကြား တောလမ်းတစ်နေရာတွင် အင်အား ၂၀ခန့်ပါ စစ်ကောင်စီ စစ် ကြောင်းကို လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ ဦးဆောင်၍ အရာတော် |
ဒဏ်ရာရသူများကို သံချပ်ကာ (၂) စီး ဖြင့်လာကယ်သည့်စစ်တပ် ထပ်မံတိုက်ခိုက်ခံရ၍ ပြန်ဆုတ်ခွ Posted: 19 May 2022 05:16 AM PDT အရာတော်၊ မေလ (၁၉)စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၌ မေလ (၁၇) ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများကို အကြမ်းဖက်စစ်ကောင်စီတပ်သားများ ယမန်နေ့က လာရောက်သယ်ဆောင်စဉ် တော်လှန်ရေးအင်အားစုများက ထပ်မံတိုက်ခိုက်ခဲ့ခြင်းကြောင့် အရာတော်သို့ပြန်ဆုတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ပြီးခဲ့သည့် မေလ (၁၇) ရက်က အရာတော်မြို့နယ် ထန်းတောကုန်းကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုက ဝင် |
ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသူများပြား Posted: 19 May 2022 05:15 AM PDT ဓာတ်ပုံ- မီးရှို့ဖျက်ဆီးခံနေရသည့် မြောင်မြို့နယ်အတွင်းမှ ရွာတစ်ရွာ/ CDSOMမြောင်၊ မေ ၁၉စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ် ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ မေလ ၁၈ ရက်က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေအမြောက်အများဒဏ်ရာ ရရှိခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM မှ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.