Sunday, May 22, 2022

သစ်ထူးလွင်

သစ်ထူးလွင်


တန့်ဆည်နယ်မှာ တစ်ရက်တည်း ရွာသုံးရွာ မီးရှို့ခံရပြီး အိမ်ခြေ(၄၀၀)ဝန်းကျင် ပြာကျ၊အာဏာသိမ်းပြီးချိန်မှ စပြီး ဒီကနေ့အထိ တန့်ဆည်မှာ ရွာပေါင်း (၃၅)ရွာ မီးရှို့ခံထားရ၊

Posted: 21 May 2022 04:21 PM PDT

ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက ပေါ်တူဂီနွယ်ဖွား ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ တန်ပဆည်နယ် ချောင်းရိုးရွာကို အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးတာတွေ မပြုမီ တွေ့ရစဉ်/Photo – CJမေ - ၂၁စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ မနေ့ မေ(၂၀)ရက် တစ်ရက်တည်း အကြမ်းဖက် စစ်အုပ်စုက ဖန်းခါးဇင်၊ စိမ်းစားနဲ့ ချောင်းရိုး စတဲ့ ရွာသုံးရွာကို ဝင်မွှေလုယက်ခဲ့ပြီး ဒေသခံ ပြည်သူတွေရဲ့ နေအိမ် အလုံး(၄၀၀) ဝန်းကျင်

နတ်တလင်းတွင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်သား (၁၂) ဦးသေဆုံး

Posted: 21 May 2022 04:16 PM PDT

မေ ၂၁ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ကွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ရွာကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စကစစစ်ကြောင်းအား နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MRF - Nattalin မှ မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖ်စကစတပ်သား (၈) ဦးသေဆုံးခဲ့ကြောင်း သိရသည်။ဆက်လက်၍ ယမန်နေ့ မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင်လည်း ညောင်လေးပင်နှင့် ကွေ့

စစ်ကိုင်းတိုင်းမြောင်မြို့နယ်နေပူကုန်းရွာမှာ စစ်ကောင်စီများအကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီး

Posted: 21 May 2022 04:15 PM PDT

ဓာတ်ပုံ - နေပူကုန်းကျေးရွာမှာ မီးရှို့ဖျက်ဆီးခံရသည့်အိမ်တွေကိုတွေ့ရစဉ်။ (Photos: Supplied to Salween Press) မေလ ၂၁ ရက်နေ့ ၊ ၂၀၂၂စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် နေပူကုန်းကျေးရွာတွင် မေလ ၂၁ ရက်နေ့မနက် ၉ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ နေပူကုန်းကျေးရွာအလယ်ရပ်သို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အိမ်ဖျက်ဆီးခံရသည့်သူရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။"ဒီမနက်မီးဝင်ရှို့တာ

မန္တလေးတိုင်း PDF ရဲ့ ပထမဆုံး စစ်ရေးဖြစ်စဉ် မှာ စစ်ကောင်စီ အကြမ်းဖက်သမား ခုနှစ်ဦးသေ ၊အများအပြား ဒဏ်ရာရပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံး

Posted: 21 May 2022 04:13 PM PDT

မေ၂၁ ၊၂၀၂၂မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းက မန္တလေးတိုင်း PDF တပ်ဖွဲ့ လုံခြုံရေး ယူထားတဲ့ နယ်မြေအတွင်း အကြမ်းဖက် စစ်အုပ်စု အင်အား (၃၅၀)လောက်နဲ့ ထိုးစစ်ဆင်လာတာကြောင့် မနေ့က မေ(၂၀)ရက်မှာ တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး စကစ ခုနှစ်ဦးသေပြီး များစွာ ဒဏ်ရာရရိှခဲ့သလို ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး  Mandalay PDF က သတင်းထုတ်ပြန်ပါတယ် ။ အဲ့ဒီ တိုက်ပွဲဖြစ်စဉ်

သေနတ်နှစ်လက်၊ကျည်အများနှင့်အလင်းဝင်လာသည့် ရဲတပ်သားကို ကျပ်သိန်း ၁၁၀ဂုဏ်ပြုချီးမြှင့်

Posted: 21 May 2022 04:11 PM PDT

မေ ၂၁၊ ၂၀၂၂။G-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ G-3 ကျည် (၁၉၄) တောင့် ၊ (၄၀)မမ ကျည် တစ်လုံး၊ MK-22 တစ်လက်၊ ကျည်ဘောက် တစ်ခု၊ကျည်တောင့် (၂၀) နှင့်အတူ အလင်းဝင်ရောက်လာသည့်ရဲတပ်သားတစ်ဦးကို PEOPLE'S DEFENCE FORCE -HTILIN (Yaw Region) က ဂုဏ်ပြုငွေကျပ်သိန်း ၁၁၀ ချီးမြှင့်ခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင် ၊ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား (၁) ဦးသည် ပြည်သူလူထု၏ ထောက်ခံအားပေးမှုမရှိသော အာဏာရှင်စနစ်

ကသာမြို့နယ်PDF စခန်းသို့ တပ်မ ၈၈ နှင့် စကခ ၃ မှ စစ်ကောင်စီတပ်သား ၅ ဦး အလင်းဝင်

Posted: 21 May 2022 04:08 PM PDT

မေလ ၂၁ ရက်စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင်းသို့၊ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး မေလ ၁၆ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ကသာ PDF သို့အလင်းဝင်ရောက်လာ ကြောင်း အဆိုပါ အဖွဲ့ထံကသိရသည်။အဆိုပါစစ်ကောင်စီတပ်သားများမှာ မကွေးမြို့အ ခြေစိုက် တပ်မ ၈၈လက်အောက်ခံ မကွေးတိုင်း၊ စလေမြို့အခြေစိုက် ခမရ ၄၁၆ တပ်ရင်း မှ ၄ ဦး၊ ကချင်ပြည်နယ်၊မိုးကောင်းမြို့အခြေပြု စကခ- ၃ လက်အောက်ခံ နမ္မားရွာ

မအူပင်မြို့မှာ သွေးသောက်အဖွဲ့က လူနေအိမ်တွေကို မီးရှို့ပြီး သေနတ်ဖြင့်ပစ်သော်လည်း ရဲက ဖမ်းဆီးခြင်းမရှိ

Posted: 21 May 2022 04:06 PM PDT

မေလ ၂၁ ရက်ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ သွေးသောက်အဖွဲ့ဝင်တွေက NLD လွှတ်တော်ကိုယ်စားလှယ်များရဲ့ နေအိမ်တွေနဲ့ ဒေသခံတွေ အိမ်တွေကို မီးဝင်ရှို့တာ၊ သေနတ်နဲ့ ပစ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် လိုက်လံစုံစမ်း ဖမ်းဆီးတာတွေ မရှိဘူးလို့ မအူပင်မြို့ခံတွေက ပြောပါတယ်။မအူပင်မြို့ထဲက NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးနေအိမ် သေနတ်နဲ့ ပစ်ခံရပြီး လွှတ်တော်အမတ် ဦးဇော်မိုး နေအိမ်မှာလည်း ပြီးခဲ့တဲ့ မေလ ဒုတိယပတ်အတွင်းက

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.