သစ္ထူးလြင္ |
- ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲ ပို့ဆောင်
- မြင်းခြံမှာ မီတာခ ကောက်တဲ့ ဝန်ထမ်းနှစ်ယောက် သေနတ်ပစ်ခံရပြီး သေ
- ရွာငံမြို့နယ်မှ သစ်တောဦးစီးမှူး ဝမ်းတွင်းမြို့နယ်တွင် ရှင်းလင်းခံရ
- ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၅ ဦးလောက်သေဆုံးတယ်လို့ဆို
- မင်းလှက စစ်သား သားသမီးတွေကို စစ်သင်တန်းတက်ခိုင်းပြီး၊ သေနတ်ပစ်နိုင်သေးတဲ့ စစ်မှုထမ်းဟောင်းတွေ ကင်းစောင့်နေရ
- PDF အဖွဲ့များဝိုင်းတိုက်လို့ ဒုရဲမှူးအပါ ၁၄ ဦးသေဆုံး ပွင့်ဖြူကျဆုံးရဲဘော်များအတွက်သွေးကြွေးဟုဆို
- နန်းပေါ်လုံကျေးရွာက နေအိမ်တွေ ထပ်မံ မီးရှို့ခံရ
- မိုးကြိုးပြင် (မြောက်) ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ခေါင်းဖြတ်သတ်ခံရ
- တမူးတွင် ပျူစောထီးအဖွဲ့ဝင်များက သုံးဘီးဆရာတစ်ဦးကို သေနတ်ဖြင့် ကိုးချက်ပစ်သတ်
- ပြည်ကြီးတံခွန် စက်မှုနယ်မြေရဲစခန်းကို ဗုံးထုတိုက်ခိုက်
- စစ်ဘေးရှောင်နေသော ရွာများမှ ပစ္စည်းများခိုးယူနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့ကို ဖယ်ခုံ PDF ကြားဖြတ်တိုက်ခိုက်ရာ လေးဦးသေ
- အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှူးလိုက်ပါလာသည့်ယာဥ် တိုက်ခိုက်ခံရ၊ ရဲမှူးနှင့် ရဲတစ်ဦးဒဏ်ရာပြင်းထန်
- ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ဘုရားဌာပနာနှင့် အလှူငွေများကို လုယူသွား
- စလင်းတွင် PDF သင်တန်းဆင်းများ အလင်းဝင်သည်ဟု စစ်ကောင်စီဝါဒဖြန့်၊ ထိုသူများမှာ PDF မဟုတ်ကြောင်း စလင်း PDF သတင်းထုတ်ပြန်
- အကြမ်းဖက်စစ်တပ်က ဂန့်ဂေါမြို့နယ်ကျေးရွာများရှိ စစ်ဘေးဒုက္ခသည်များ ကိုခြိမ်းခြောက်ကာ ပစ္စည်းများ လုယူ
- MRA တော်လှန်ရေးအဖွဲ့ကို စကစတပ်သားများဟု အထင်မှား ကြိုဆိုသည့် ပျူအုပ်စု ရှင်းလင်းခံရ
- ဖောင်းပြင်မှာ PDF ထောင်ထားတဲ့ တိုက်မိုင်းတွေနင်းမိပြီး စစ်သား ၁၀ ဦးခန့် သေဆုံးနိုင်
- ကသာမှာ စစ်သား ၂၅၀ ကျော် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး
- ချောင်းဦးနယ် ညောင်ပင်တဲကျေးရွာမှပြည်သူ ၅ဦး သတ်ဖြတ်ခံရ
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲ ပို့ဆောင် Posted: 22 Jun 2022 06:57 AM PDT ဇွန် - ၂၂ စစ်အုပ်စုက ဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ မွန်းလွဲပိုင်းမှာ နေပြည်တော်အချုပ်ထောင်ထဲ ပို့ဆောင်ခဲ့တယ်လို့ NLD ပါတီအသိုင်းအဝိုင်းက သိရပါတယ်။ နေ့လယ် (၂)နာရီခန့်က ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ NLD ပါတီ အမတ် ဦးကျော်သီဟက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် တရားစွဲဆိုထားတဲ့ အမှုပေါင်း (၁၉)မှုအတွက် နေပြည်တော် |
မြင်းခြံမှာ မီတာခ ကောက်တဲ့ ဝန်ထမ်းနှစ်ယောက် သေနတ်ပစ်ခံရပြီး သေ Posted: 22 Jun 2022 06:56 AM PDT ဇွန် - ၂၂ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာ မီတာခသွားကောက်ပြီး ပြန်လာတဲ့ လျှပ်စစ်ဝန်ထမ်းနှစ်ယောက်ဟာ မနေ့ညနေပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မီတာခကောက်ခံပြီး ပြန်လာတဲ့ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကိုနဲ့ ဦးမျိုးဇော်ဝင်းတို့ဟာ မြင်းခြံနယ် နှပ်ချိုတောရွာအနီးမှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာလို့ ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကိုတော့ ဒီနေ့ညနေပိုင်းအထိ မသိရ |
ရွာငံမြို့နယ်မှ သစ်တောဦးစီးမှူး ဝမ်းတွင်းမြို့နယ်တွင် ရှင်းလင်းခံရ Posted: 22 Jun 2022 06:55 AM PDT (အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရသည့် လမ်း။ရှင်းလင်းခံရသည့် သစ်တောဦးစီးမှူး၊ ဓာတ်ပုံ - WTRF)▪️အလောင်းလာကောက်သည့် စစ်ကောင်စီတပ်ယာဥ်ပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုထုတ်ပြန်ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှ သစ်တောဦးစီးမှူး ဝမ်းတွင်းမြို့နယ်တွင် သုတ်သင်ရှင်းလင်းခံရပြီး အလောင်းလာကောက်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်ပါ မိုင်းဆွဲခံရကာ ခြောက်ဦးခန့်သေဆုံးနိုင် |
Posted: 22 Jun 2022 06:53 AM PDT ရေတာရှည်မြို့နယ် ဂွေးသဲရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦး သေဆုံးနိုင်တယ်လို့ ရေတာရှည် PDF တပ်ဖွဲ့ခွဲ(၂)က သတင်းထုတ်ပြန်ထားပါတယ်။ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေါင်းအင်းကုန်းကျေးရွာအုပ်စု ဂွေးသဲကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂၀)ခန့်ကို သံတောင်မြောက်ပိုင်းအထူးဒေသ အဘဦးကိုကြီးအဖွဲ့နဲ့ |
Posted: 22 Jun 2022 06:52 AM PDT မင်းလှ၊ ဇွန် ၂၂၊ ၂၀၂၂။ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်း (ခလရ ၁) စစ်ကောင်စီတပ်မှာ တပ်အင်အားမရှိလို့ စစ်မှုထမ်းဟောင်း အသက်ကြီးရွယ်အိုတွေကို ခေါ်ယူအလုပ်ပေးပြီး ကင်းစောင့်ခိုင်းနေတယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့ဒေသခံတွေဆီက သိရပါတယ်။စစ်မှုထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူရမှာ သေနတ်ပစ်ခတ်နိုင်ရေးကို အဓိကထားခေါ်ယူနေကာ ခြေထောက်တဖက်ပြတ်နေသူတွေလည်း ပါဝင်တယ် |
PDF အဖွဲ့များဝိုင်းတိုက်လို့ ဒုရဲမှူးအပါ ၁၄ ဦးသေဆုံး ပွင့်ဖြူကျဆုံးရဲဘော်များအတွက်သွေးကြွေးဟုဆို Posted: 22 Jun 2022 06:48 AM PDT ဇွန် ၂၂ ၊ ၂၀၂၂။စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာ မှာ PDF အဖွဲ့များဝိုင်းတိုက်လို့ စစ်ကောင်စီ ဒုရဲမှူးအပါအဝင် ၁၄ ဦးသေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီကနေ ၁၁ နာရီအထိ အချိန်ယူကာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ၃ ပွင့် ရဲမှူး၊ တပ်ကြပ်ကြီးတယောက် အပါအဝင် ၁၄ ဦးကို တိုက်ခိုက်ရှင်းလင်းနိုင်ခြင်းဖြစ်ပြီး ဖောကားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။"အဲဒီကားပေါ် |
နန်းပေါ်လုံကျေးရွာက နေအိမ်တွေ ထပ်မံ မီးရှို့ခံရ Posted: 22 Jun 2022 06:46 AM PDT ဓာတ်ပုံ - ဖယ်ခုံ PDF တပ်ရင်း ( ၂ )ဖယ်ခုံမြို့ နယ် နန်းပေါ်လုံကျေးရွာက နေအိမ် ၃ လုံး ယမန်နေ့ ( ဇွန်လ ၂၁ရက်နေ့ ) ည ၇နာရီဝန်းကျင်အချိန်မှာ ထပ်မံ မီးရှို့ခံရတယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။" အဲ့ဒီ နန်းပေါ်လုံရွာက အရင်ကတည်းက စစ်တပ်ရောက်ထားပြီးသားပဲလေ။ အဲ့တာ ရှေ့ကို ဆက်တိုးမလာပဲ။ အဲ့ဒီရွာတွေမှာပဲ အရင်ကတည်းက။ နှစ်လုံးသုံးလုံး မီးထပ်ရှို့တယ်။ အများကြီးတော့ မဟုတ်ဘူး။ သုံးလေးကြိမ်လောက်ရှိ |
မိုးကြိုးပြင် (မြောက်) ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ခေါင်းဖြတ်သတ်ခံရ Posted: 22 Jun 2022 06:43 AM PDT စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင် (မြောက်) ကျေးရွာမှ ယမန်နေ့ ဓါးစာခံအဖြစ် ဖမ်းဆီးသွားသည့် ပြည်သူ ၂၀ ဦးထဲမှ ၂ ဦးအား စစ်ကောင်စီတပ်မှ ခေါင်းဖြတ်သတ်လိုက်ပြီဖြစ်ကြောင်း Salingyi Revolution Army (SRA) မှ သိရသည်။ဇွန်လ ၂၁ ရက်နေ့ မိုးကြိုးပြင်ကျေးရွာသို့ လက်နက်ကြီးပစ်ကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ကျေးရွာ နေအိမ်များ မီးရှို့ခဲ့သည့်အပြင် ဒေသခံ ၂၀ ဦးကို ဖမ်းဆီးသွားပြီးနောက် ထိုအထဲ ပြည် |
တမူးတွင် ပျူစောထီးအဖွဲ့ဝင်များက သုံးဘီးဆရာတစ်ဦးကို သေနတ်ဖြင့် ကိုးချက်ပစ်သတ် Posted: 20 Jun 2022 11:23 AM PDT တမူး - ဇွန် ၂၀၊ ၂၀၂၂။စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက တမူးမြို့မှ သုံးဘီးယာဉ်မောင်းတစ်ဦးကို လိုက်လံပစ်သတ်ခဲ့ကြောင်းသိရသည်။ တမူးမြို့မ (၁၂/ခ) ရပ်ကွက် ပါဟဲတံတားအနီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဂိတ်တွင် ရပ်ပေးခြင်းမရှိသောကြောင့် သုံးဘီးယာဉ်မောင်းကို သေနတ်ကိုးချက်ဖြင့် ပစ်သတ်ခဲ့သည်ဟု တမူးမြို့နေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။ "သူအိမ်ပြန်တဲ့ချိန် ဂိတ်ကနေဖြတ် |
ပြည်ကြီးတံခွန် စက်မှုနယ်မြေရဲစခန်းကို ဗုံးထုတိုက်ခိုက် Posted: 20 Jun 2022 11:19 AM PDT ဇွန် - ၂၀ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ထဲက စက်မှုနယ်မြေရဲစခန်းကို ဒီနေ့ ဇွန်လ (၂၀)ရက် မွန်းလွဲ (၃)နာရီကျော်အချိန်မှာ စက်မှုနယ်မြေရဲစခန်းကို ဗုံးထုတိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။ (စျ)ရပ်ကွက်၊ ၅၈ လမ်းနဲ့ ၅၉ လမ်း၊ ၁၃၄ လမ်းနဲ့ ၁၃၅ လမ်းကြားမှာရှိတဲ့ အဲဒီရဲစခန်းကို (၅၈)လမ်းအတိုင်း အမျိုးသားနှစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ်ကနေ ဗုံးထုတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။ အဲဒီ |
Posted: 20 Jun 2022 11:18 AM PDT (ဒေသခံ ပြည်သူများ၏ ပစ္စည်းများခိုးယူနေသော စစ်ကောင်စီနှင့် PNO ပူးပေါင်းအဖွဲ့အား တွေ့ရစဥ်)ရှမ်း - ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အရှေ့ကမ်းရှိ စစ်ဘေးရှောင်နေသော ကျေးရွာများမှ ပစ္စည်းများခိုးယူနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီ နှစ်ဦးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂)က ယနေ့(ဇွန် ၂၀ ရက်) ထုတ်ပြန် သည်။တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ |
Posted: 20 Jun 2022 11:16 AM PDT (အင်းတော်မြို့ပေါ်တွင်တွေ့ရသော စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များ - ပုံဟောင်း)အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှူးလိုက်ပါလာသည့်ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်မြို့နယ်တော်လှန်ရေးအင်အားစု(IR)က ယနေ့(ဇွန် ၂၀) ထုတ်ပြန်သည်။ယနေ့ မွန်းလွဲ ၃ နာရီခန့်က အင်းတော်မြို့မှ မဲဇာရွာဘက်ပြန်လာသည့် မဲဇာနယ်မြေစခန်းမှူးမောင်မောင်လှတင့်နှင့် ရဲတစ်ဦးမောင်းနှင်လာသည့်ယာဥ်ကို အင်းတော်နှင့် မဲဇာကြား |
Posted: 20 Jun 2022 11:14 AM PDT Photo - PDF-Gangaw - တောင်ပိုင်းမကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်က စင်ပုံရွာနှင့် ပနန်းရွာဦးဘုန်းကြီးကျောင်းများရှိ ဘုရားဌာပနာ အလှူငွေများကို လုယူသွားကြောင်း သိရသည်။ဒါ့အပြင် ယင်းဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေကြသော ပြည်သူများထံမှ ဖုန်းနှင့် ရွှေငွေလက်၀တ်ရတနာများကိုလည်း လုယူသွားခဲ့သေးသည်ဟု သိရသည်။အဆိုပါစစ်ကောင်စီတပ်သည် ဇွန်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက |
Posted: 20 Jun 2022 11:12 AM PDT မကွေးတိုင်း၊ စလင်းမြို့နယ်တွင် PDF သင်တန်းဆင်းများ အလင်းဝင်သည်ဟု အာဏာသိမ်းစစ်ကောင်စီက ဝါဒဖြန့်သော်လည်း အလင်းဝင်သူများမှာ PDF များ မဟုတ်ကြောင်း စလင်း PDF က ယနေ့ဇွန်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ယနေ့ဇွန်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ "အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်၊ ပြစ်မှုကျူးလွန်ခြင်းမရှိသော (PDF)သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘ |
အကြမ်းဖက်စစ်တပ်က ဂန့်ဂေါမြို့နယ်ကျေးရွာများရှိ စစ်ဘေးဒုက္ခသည်များ ကိုခြိမ်းခြောက်ကာ ပစ္စည်းများ လုယူ Posted: 20 Jun 2022 11:09 AM PDT ဂန့်ဂေါ၊ ဇွန် ၂၀ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပနန်းရွာနှင့် စပါယ်ရွာဘုန်းကြီးကျောင်းသို့ အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန် ၂၀ ရက် မနက်ပိုင်း တွင်ဝင်ရောက်ကာ စစ်ဘေးဒုက္ခသည် များကိုခြိမ်းခြောက်ပြောဆိုပြီး ပစ္စည်းများကို လုယက်နေကြောင်းဒေသခံများထံမှ သိရသည်။"စပါယ်ရွာဘုန်းကြီးကျောင်းကို ဝင်တယ်။ ပြီးတော့ ဒေသခံတွေရဲ့ ဖုန်းကတ်တွေပါအကုန် ဖြုတ်ပြီး ဓါးမြတိုက်လုယက်သွားတယ်" ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။ |
MRA တော်လှန်ရေးအဖွဲ့ကို စကစတပ်သားများဟု အထင်မှား ကြိုဆိုသည့် ပျူအုပ်စု ရှင်းလင်းခံရ Posted: 20 Jun 2022 11:08 AM PDT မြင်းခြံ၊ ဇွန် ၂၀မန္တလေးတိုင်း မြင်းခြံမြို့နယ် ကွေ့ကြီးကျေးရွာရှိ ပျုဒလန်များကို ဇွန် ၁၆ ရက်က သွားရောက် ရှင်းလင်းရာ ပျုစောထီး ၆ ဉီး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRA မှ သိရသည်။"ကျွန်တော်တို့က စခ အယောင်ဆောင်တာတော့ မဟုတ်ဘူးဗျ။ ကျွန် တော်တို့ ဝတ်စုံကိုပဲ ဝတ်သွားတာပါ။ ဒီကောင်တွေကိုက ယူနီဖောင်းမြင်ရင် စစ်သားထင်နေတာက တစ်ကြောင်း၊ PDF လို့ မြင်တာနဲ့ တူမီး သေနတ်ပဲ ကိုင်နိုင်တယ် တွေးလို့ |
ဖောင်းပြင်မှာ PDF ထောင်ထားတဲ့ တိုက်မိုင်းတွေနင်းမိပြီး စစ်သား ၁၀ ဦးခန့် သေဆုံးနိုင် Posted: 20 Jun 2022 11:05 AM PDT ဖောင်းပြင်၊ ဇွန် ၂၀၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၁၉ ရက် မနေ့နေ့လည် ၂ နာရီလောက်က ဖောင်းပြင် PDF ထောင်ထားတဲ့ တိုက်မိုင်းတွေကို နင်းမိပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အင်အား ၃၀ ကျော်ပါ အဲ့ဒီစစ်သားတွေဟာ ဖောင်းပြင်မြို့နယ်၊ ထော်သာကျေးရွာအနီး ကိုးတန်ချောင်းဖျားတောင်ကုန်းကနေ စစ်ကြောင်းထိုးလာစဥ် အဲ့ဒီနေရာမှာပဲ မိုင်းနင်းမိ |
ကသာမှာ စစ်သား ၂၅၀ ကျော် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး Posted: 20 Jun 2022 11:04 AM PDT ကသာ၊ ဇွန် ၂၀၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ရေနီရွာအနီးစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ဇွန်လ ၂၀ ရက် ဒီနေ့မနက်ပိုင်းက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အင်အား ၂၅၀ ကျော်ပါ စစ်သားတွေဟာ မနက် ၁၁ နာရီလောက်က ရေနီးရွာအနီး PDF တွေ ထောင်ထားတဲ့ ရှော့တိုက်ဒုံးကို နင်းမိရာက ပေါက်ကွဲမှုဖြစ်လို့ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး၊ နေ့လည် ၁၂ နာရီခွဲလောက်မှာတော့ PDF ရဲဘော် |
ချောင်းဦးနယ် ညောင်ပင်တဲကျေးရွာမှပြည်သူ ၅ဦး သတ်ဖြတ်ခံရ Posted: 20 Jun 2022 11:01 AM PDT စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၀ရက် ယနေ့ နံနက်ပိုင်း အချိန်တွင် ဒေသခံပြည်သူ အမျိုးသား ၅ဦးကို သတ်ဖြတ်သွားကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ စစ်အင်အား၇၀ခန့်ပါရှိသော စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဇွန်လ၁၈ရက်နေ့ ညောင်ပင်တဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး ဇွန်လ ၁၉ရက်နေ့တွင် ဒေသခံ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.