သစ္ထူးလြင္ |
- ရန်ကုန်အခြေစိုက် ကန်နဲ့ တရုတ်သံရုံးတွေရဲ့အပြန်အလှန်စာ
- တရုတ်နဲ့ အမေရိကန်ကို ဘက်မလိုက်မူဝါဒနဲ့ ဆက်ဆံမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ပြောကြား
- တရားမဝင် တရုတ်နိုင်ငံသား ၁၀ ဦး ဖမ်းမိ
- ရခိုင်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်ကနေ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ်
- အစိုးရက ဆိုရှယ်မီဒီယာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့စီစဉ်
- အစိုးရနုတ်ထွက်ရေး ထိုင်းပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြ
- တရုတ်နိုင်ငံတဝန်း လူပေါင်း သန်း ၂၀ ကျော် ရေဘေးဒဏ်သင့်နေ
ရန်ကုန်အခြေစိုက် ကန်နဲ့ တရုတ်သံရုံးတွေရဲ့အပြန်အလှန်စာ Posted: 19 Jul 2020 08:43 AM PDT တောင်တရုတ်ပင်လယ်တွင်း ကင်းလှည့်နေတဲ့ တရုတ် ကမ်းခြေစောင့်ရေယာဉ်တစီး။ (ဇွန် ၁၃၊ ၂၀၁၄) တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံအတွက် အလှမ်းဝေးတယ် ဆိုပေမယ့် မြန်မာအပါအဝင် တရုတ်ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေ၊ အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေအတွက် သတိထားစရာတွေ ဖြစ်လာနေတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံး၊ သံရုံး ယာယီတာဝန်ခံ George Sibley က ပြောပါ |
တရုတ်နဲ့ အမေရိကန်ကို ဘက်မလိုက်မူဝါဒနဲ့ ဆက်ဆံမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ပြောကြား Posted: 19 Jul 2020 08:40 AM PDT ရန်ကုန်မြို့ တရုတ်သံရုံးနဲ့ အမေရိကန်သံရုံးတို့ လတ်တလော အပြန်အလှန် ဝေဖန် ရေးသားနေကြတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ဘက်လိုက်မှာ မဟုတ်ဘူးလို့ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဇူလိုင် ၁၉ ရက်နေ့ ဒီကနေ့မှာ ပြောလိုက်ပါတယ်။ အင်အားကြီးနိုင်ငံနှစ်ခုရဲ့ ထုတ်ပြန်ချက်တွေထဲမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအကြောင်း ပါဝင်နေပြီး ဒါဟာ သူတို့ အယူအဆကို ထုတ်ဖော်နေခြင်းသာဖြစ်တယ်လို့ |
တရားမဝင် တရုတ်နိုင်ငံသား ၁၀ ဦး ဖမ်းမိ Posted: 19 Jul 2020 08:38 AM PDT (ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ကို မြင်တွေ့ရစဉ်) ဓာတ်ပုံ - ကံသာ/ RFA မြန်မာနိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ကိုးဦးနဲ့ အမျိုးသမီး တစ်ဦး တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၁၉ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသားတွေဖြစ်ပြီး အခု ဒီနှစ်အတွင်း တရုတ်နိုင်ငံသားတွေကို |
ရခိုင်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်ကနေ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ် Posted: 19 Jul 2020 08:26 AM PDT ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေဟာ ရခိုင်အမျိုးသားပါတီက ထွက်ခွင့်တောင်းထားပေမဲ့ ထွက်ခွင့်မရတဲ့ အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အတွက် တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ်လို့ပြောပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အတွက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အတွင်း နေထိုင်သူ တွေဟာ နိုင်ငံလူဦးရေ စုစုပေါင်းရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်း |
အစိုးရက ဆိုရှယ်မီဒီယာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့စီစဉ် Posted: 19 Jul 2020 08:19 AM PDT မြန်မာပြည်မှာ ဆိုရှယ်မီဒီယာ သုံးသူတွေ တိုးလာ ဆိုရှယ်မီဒီယာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဝန်ကြီးဌာန ဘက်က ဒီလိုစီစဥ်နေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်းနဲ့ ပြန်ကြားရေးဌာနက အရာရှိကြီးတွေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတချို့ ၊ သတင်းမီဒီယာ သမားတချို့ ၊ အပြန်အလှန် |
အစိုးရနုတ်ထွက်ရေး ထိုင်းပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြ Posted: 18 Jul 2020 06:49 PM PDT ဘန်ကောက်မြို့က ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အဦအနီး ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ။ (ဇူလိုင် ၁၈၊ ၂၀၂၀) မနေ့ စနေနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရာနဲ့ချီရှိတဲ့ ထိုင်းလူငယ်တွေ ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ပြီး ထိုင်းအစိုးရ နုတ်ထွက်ပေးဖို့နဲ့ ပါလီမန်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတာကို အာခံပြုလုပ်တဲ့ ဒီဆန္ဒပြပွဲဟာ ၂၀၁၄ ခုနှစ်က |
တရုတ်နိုင်ငံတဝန်း လူပေါင်း သန်း ၂၀ ကျော် ရေဘေးဒဏ်သင့်နေ Posted: 18 Jul 2020 01:14 PM PDT တရုတ်နိုင်ငံ Jiangxi ပြည်နယ်မှာ ရေဘေးကြောင့် ပျက်စီးသွားတဲ့ နေအိမ်တလုံး။ (ဇူလိုင် ၁၅၊ ၂၀၂၀) တရုတ်နိုင်ငံတဝန်း ပြည်နယ် ၂၄ ခုက ဒေသတွေမှာ ဇူလိုင်လ အစောပိုင်းကစပြီး လူပေါင်း သန်း ၂၀ ကျော် ရေလွှမ်းမိုးမှုဒဏ် ခံစားနေရတယ်လို့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။ Jiangxi, Anhui နဲ့ Hubei ပြည်နယ်တွေမှာ ရေကြီးမှုကြောင့် လူ ၂၃ ယောက် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေပြီး လူဦးရေ ၁.၇၆ သန်းလောက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.