သစ္ထူးလြင္ |
- မန္တလေးရေဘေး ကယ်ဆယ်ကူညီရေးများဆောင်ရွက်
- မြဝတီမှာ အသွားအလာ ကန့်သတ်ထားသူတွေထဲက ၇၄ ဦး အစာအဆိပ်သင့်
- ဖာပွန်ကအမျိုးသမီး ပစ်သတ်ခံရမှု စုံစမ်းဖော်ထုတ်ဖို့ KNU တောင်းဆို
- ထိုင်းနိုင်ငံတွင်းပိတ်မိနိုင်ငံခြားသားများ ဗီဇာသက်တမ်းထပ်တိုးခွင့်ပေး
- စလင်းမြို့နယ် မင်းလျင်ကျေးရွာတွင် လူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား
- အလယ်တန်းနဲ့ မူလတန်းကျောင်းဖွင့်ရက် နောက်တစ်လဆုတ်
- ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့အတူ ဘော်ဒါနဲ့ ကျုရှင်တွေပါ ဖွင့်ခွင့်ပေးဖို့တောင်းဆို
- မှုခင်းသတင်းထောက်တွေ ခြိမ်းခြောက် ငွေတောင်းရင် တိုင်ကြားဖို့ သမ္မတရုံး ပြော
- ကိုဗစ်လူနာတွေ ထားဖို့ ဖလော်ရီဒါပြည်နယ်တွင်း ဆေးရုံမလောက်ငှ
- ဘက်မလိုက်မူဝါဒအတိုင်း နိုင်ငံကြီးနှစ်ခုအကြား မြန်မာရပ်တည်မည်
- တာရိုးကျိုးပြီး ဧရာဝတီမြစ်ရေဝင်လို့ မန္တလေး ဒေသခံ လေးထောင်ကျော် ရေဘေးဒုက္ခကြုံ
- ဖားကန့် မြေပြိုမှု နေအိမ် ၁၆ လုံးပျက်စီး၊ လူဦးရေ ၄၀ နီးပါး နေရာရွှေ့ပြောင်းရ
- စစ်တပ်အကျိုးစီးပွားပဋိပက္ခနှင့် ပတ်သတ်သည့် သမ္မတရုံးကြေညာချက်အပေါ် Justice For Myanmar ၏ တုန့်ပြန်မှု
- အမေရိကန်မှာ ကိုဗစ်-၁၉ ကူးသူတွေ ဘာလို့များလာတာလဲ
- မန္တလေး ရွှေဂဲ ရေထိန်းတံခါးအနီး ကျိုးပေါက်လို့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့
- စစ်တပ်အကျဉ်းချခံ စိတ်ဒဏ်ရာရ မြန်မာ-အမေရိကန် မရိမ်းတပ်ကြပ်ကြီး လွတ်မြောက်ရေး မိသားစုကြိုးပမ်း
- အပေါင်ဆိုင် အိမ်ထဲဝင်ပြီး လူလေးဦးအား ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွါး
- မက်ဆင်ဂျာကနေ ချိန်းတွေ့ရန်ခေါ်ကာ ဓားနဲ့ထိုးသတ်သူကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး
- ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ စံချိန်တင်မြင့်တက်
- COVID ကာလ ရွှေတြိဂံနဲ့ မဲခေါင်မြစ်ဝှမ်း မူးယစ်ဆေးထုတ်လုပ်မှု တိုး
- ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများ ဇူလိုင်(၂၁)ရက်တွင် စတင်ဖြန့်ဝေမည်
- ကိုဗစ်- ကုလားအုပ်ရဲ့ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုထုံးတစ်ခု ဖန်တီး
- ကိုဗစ်အကန့်အသတ်ကြား အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနား ကျင်းပ
- တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ (ဂျော့ချ် အန် ဆစ်ဘလီ)
မန္တလေးရေဘေး ကယ်ဆယ်ကူညီရေးများဆောင်ရွက် Posted: 20 Jul 2020 08:14 AM PDT မန္တလေးရေဘေး ကယ်ဆယ်ကူညီရေးများဆောင်ရွက်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Okkar Thein - ဇူလိုင် ၂၀၊ ၂၀၂၀) မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ရေကြီးနိုင်တဲ့ အန္တရာယ် သတိပေးနေချိန်မှာပဲ မန္တလေးတိုင်းမှာ ရေထိန်းတံခါး ကျိုးပေါက်ရာက ဒေသခံတွေဘေးလွတ်ရာ ပြောင်းရွှေ့နေရတဲ့ အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်း ကမ်းနားလမ်းမှာရှိတဲ့ ရွှေဂဲရေ |
မြဝတီမှာ အသွားအလာ ကန့်သတ်ထားသူတွေထဲက ၇၄ ဦး အစာအဆိပ်သင့် Posted: 20 Jul 2020 05:49 AM PDT ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ထိုင်းနိုင်ငံက နေရပ်ပြန်တွေကို ကန့်သတ်စောင့်ကြည်လူနာ အဖြစ်ထားတဲ့ Quarantine စင်တာတွေမှာ နေထိုင်သူတွေထဲက ၇၄ ဦးဟာ မနေ့ညက အစာအဆိပ်သင့်ခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇအောင်က ပြောပါတယ်။ အဲဒီထဲက သုံးဦးဟာ ဆေးရုံမှာ တက်ရောက်ကုသနေပြီး ကျန်တဲ့ ၇၁ ဦးကတော့ ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ရတယ်လို့ ဦးတေဇအောင်က ပြောပါတယ်။ မြဝတီမှာရှိတဲ့ Shwe Myawaddy၊ ကျောက်လုံးကြီး၊ |
ဖာပွန်ကအမျိုးသမီး ပစ်သတ်ခံရမှု စုံစမ်းဖော်ထုတ်ဖို့ KNU တောင်းဆို Posted: 20 Jul 2020 05:21 AM PDT ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာက ဒေသခံ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ တပ်မတော်သား နှစ်ဦးကို တွေ့ရစဉ် / ဓာတ်ပုံ - KNU ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာက ဒေသခံ ရွာသူအမျိုးသမီးတစ်ဦးကို တပ်မတော်သားနှစ်ဦးက သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ KNU က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို တိုင်ကြားထားပါတယ်။ KNU ဒုဥက္ကဋ္ဌဟောင်း |
ထိုင်းနိုင်ငံတွင်းပိတ်မိနိုင်ငံခြားသားများ ဗီဇာသက်တမ်းထပ်တိုးခွင့်ပေး Posted: 20 Jul 2020 05:19 AM PDT ကိုဗစ်ကာလ အတွင်းမှာ ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းတိုးနေကြတဲ့ နိုင်ငံခြားသားများ။ (ဇူလိုင် ၂၀၊ ၂၀၂၀) COVID-19 ကပ်ရောဂါကာလ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ ဗီဇာသက်တမ်း ဆက်တိုးခွင့်ရမယ့်အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။ ကပ်ရောဂါအရေးပေါ်ကာလ ထိုင်းနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာအပါအဝင် |
စလင်းမြို့နယ် မင်းလျင်ကျေးရွာတွင် လူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား Posted: 20 Jul 2020 04:56 AM PDT စလင်း၊ ဇူလိုင် ၂၀ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မင်းလျင်ကျေးရွာအုပ်စု၊ မင်းလျင်ကျေးရွာ၌ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာခင်းအတွင်း အမှိုက်မီးရှို့ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။ ဖြစ်စဉ်မှာ မင်းလျင်ကျေးရွာနေသူ ယာခင်းအတွင်း အမှိုက်မီးရှို့ရာမှ မင်းလျင်ကျေးရွာနေ ဦးလေးမြို့ပိုင်၏ သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နွားစာတဲတစ်လုံး၊ ဦးလုံး၏ သက္ကယ်မိုး၊ သွပ်တန်းချ၊ ထရံကာ၊ ဝါး |
အလယ်တန်းနဲ့ မူလတန်းကျောင်းဖွင့်ရက် နောက်တစ်လဆုတ် Posted: 20 Jul 2020 04:44 AM PDT ဇူလိုင်လ(၂၁)ရက်နေ့မှာ စဖွင့်မယ် အခြေခံပညာအဆင့် အလယ်တန်းနဲ့ မူလတန်းတွေကို သြဂုတ်လ ၄ရက် နဲ့ ၁၁ ရက်မှာ ဖွင့်ဖို့စီစဥ်ထားပေမဲ့ အဲဒီရက်တွေမှာ ဖွင့်တော့မှာ မဟုတ်ဘဲ နောက်ထပ် တစ်လခန့်နောက်ဆုတ်ပြီး ဖွင့်လှစ်သွားဖို့ရှိတယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကဘီဘီစီကိုပြောပါတယ်။ အခုလို နောက်ဆုတ်ရတာဟာ ကိုဗစ်ရောဂါ အခြေအနေအရ ဗဟိုကော်မတီက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီးတော့ အရင်က နှစ် |
ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့အတူ ဘော်ဒါနဲ့ ကျုရှင်တွေပါ ဖွင့်ခွင့်ပေးဖို့တောင်းဆို Posted: 20 Jul 2020 04:41 AM PDT အိပ်ဆောင်မပါတဲ့ ပုဂ္ဂလိကကျောင်းတွေ၊ အိပ်ဆောင်ပါတဲ့ ဘော်ဒါနဲ့ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်း ကျူရှင်တွေကိုပါ ကိုရိုနာဗိုင်းရပ်စ်ကာလ ကန့်သတ်ချက်၊ ညွှန်ကြားချက်တွေနဲ့အညီ ပြန်ဖွင့်ခွင့်ပေးဖို့ ပုဂ္ဂလိက ပညာရေးကဏ္ဍဖွံ့ဖြိုးမှု ကွန်ရက် အဖွဲ့ဝင်တွေဦးဆောင်ပြီး ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဇူလိုင် ၂၁ ရက်နေ့ကစပြီး အိပ်ဆောင်မပါတဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေပဲ ဖွင့်ခွင့်ပြုမယ် |
မှုခင်းသတင်းထောက်တွေ ခြိမ်းခြောက် ငွေတောင်းရင် တိုင်ကြားဖို့ သမ္မတရုံး ပြော Posted: 20 Jul 2020 04:37 AM PDT မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း ကျောက်တန်းမြို့နယ် ရုံးခွဲကို တွေ့ရစဉ် / Photo: MCRA မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းကို ဖျက်သိမ်းခိုင်းထားတာကြောင့် မှုခင်းသတင်းထောက်တွေက လုပ်ပိုင်ခွင့်ကို အသုံးချပြီး ခြိမ်းခြောက်တာ၊ ငွေတောင်းတာတွေရှိရင် တိုင်ကြားဖို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။ မှုခင်းသတင်းထောက်များအသင်းကို ဖျက်သိမ်းလိုက်ပေမယ့် |
ကိုဗစ်လူနာတွေ ထားဖို့ ဖလော်ရီဒါပြည်နယ်တွင်း ဆေးရုံမလောက်ငှ Posted: 20 Jul 2020 04:30 AM PDT ဖလော်ရီဒါပြည်နယ် Miami မြို့ထဲ တနေရာက အိမ်ခြေယာမဲ့ လူတဦးကို COVID ရောဂါရှိမရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဧပြီ ၁၆၊ ၂၀၂၀) အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာ အရေအတွက် မြင့်တက်နေတာကြောင့် ကျန်းမာရေးဝန်ဆောင်မှုစနစ်မှာ မနိုင်မနင်းဖြစ်နေပါတယ်။ နိုင်ငံတောင်ပိုင်း Florida ပြည်နယ်ထဲမှာရှိတဲ့ ဆေးရုံ ၄၅ ခုက အထူးကြပ်မတ် ကုသဆောင်တွေမှာ လူနာသစ်အတွက် ကုတင်တွေ မရှိတော့ဘူးလို့ သတင်းတွေ |
ဘက်မလိုက်မူဝါဒအတိုင်း နိုင်ငံကြီးနှစ်ခုအကြား မြန်မာရပ်တည်မည် Posted: 20 Jul 2020 04:27 AM PDT အမေရိကန်နိုင်ငံ အလံနဲ့ တရုတ်နိုင်ငံအလံ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် ပြောဆိုနေကြပေမဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဘက်မလိုက်မူအတိုင်း ရပ်တည်မယ့်အကြောင်း တုံ့ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။ မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေအပေါ် အမေရိကန်သံရုံး အကြီးအကဲက မကြာ |
တာရိုးကျိုးပြီး ဧရာဝတီမြစ်ရေဝင်လို့ မန္တလေး ဒေသခံ လေးထောင်ကျော် ရေဘေးဒုက္ခကြုံ Posted: 20 Jul 2020 04:20 AM PDT အမရပူရမြို့နယ်က မြို့ပတ်လမ်း တာရိုးကျိုးကျပြီး ဧရာဝတီမြစ်ရေ နေအိမ်တွေထဲကို ဝင်ရောက်လာတာကြောင့် ပစ္စည်းတွေကို ရေလွတ်ရာကို ရွှေ့ပြောင်းနေကြတာကို တွေ့ရစဉ် / ဓာတ်ပုံ - ခေမဏီဝင်း/ RFA မန္တလေးတိုင်း အမရပူရမြို့နယ်က ရွှေဂဲရေဆိုးစွန့်စက်ရုံအနီး၊ မြို့ပတ်လမ်း တာရိုးကျိုးကျပြီး ဧရာဝတီမြစ်ရေ နေအိမ်တွေ၊ ကျေးရွာတွေထဲကို ဝင်ရောက်လာတာကြောင့် အမရပူရမြို့နယ်က လူဦးရေ ၄၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ |
ဖားကန့် မြေပြိုမှု နေအိမ် ၁၆ လုံးပျက်စီး၊ လူဦးရေ ၄၀ နီးပါး နေရာရွှေ့ပြောင်းရ Posted: 20 Jul 2020 04:15 AM PDT ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော် ရပ်ကွက် ၂ မှာ ဒီနေ့မနက်က မြေပြိုတာကြောင့် လူနေအိမ် ၁၆ လုံး ပြိုကျပျက်စီးခဲ့ကြောင်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောပါတယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ အိမ်ပြိုကျသွားတဲ့ထဲက လူဦးရေ ၄၀ လောက်ဟာ ဝှေခါမှော်မှာရှိတဲ့ ငြိမ်းချမ်းရေးဓမ္မာရုံမှာ ရွှေ့ပြောင်းခိုလှုံနေကြပါတယ်။ ဒီနေ့ |
Posted: 20 Jul 2020 03:50 AM PDT စစ်တပ်အကျိုးစီးပွားပဋိပက္ခနှင့် ပတ်သတ်သည့် သမ္မတရုံးကြေညာချက်အပေါ် Justice For Myanmar ၏ တုန့်ပြန်မှု၊ လွတ်လပ်သည့် ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုနှင့် ခိုင်လုံသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တောင်းဆို ဇူလိုင် ၂၀၊ ၂၀၂၀၊ မြန်မာနိုင်ငံ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာများဖြစ်ကြသည့် ဗိုလ်မှူးချုပ်ကျော်ထင် (အငြိမ်းစား)နှင့် ဗိုလ်မှူးနီအောင် ( |
အမေရိကန်မှာ ကိုဗစ်-၁၉ ကူးသူတွေ ဘာလို့များလာတာလဲ Posted: 19 Jul 2020 07:11 PM PDT အမေရိကန်ရဲ့ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်သူ တွေ့ရှိမှုက ၇၅,၀၀၀ နီးပါး အထိတောင် ရှိလာ အမေရိကန်ရဲ့ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်သူ တွေ့ရှိမှုက ၇၅,၀၀၀ နီးပါး အထိတောင် ရှိလာခဲ့ အစိုးရအဆင့်ဆင့် မူဝါဒ တစ်သမတ်တည်း မရှိလို့လား၊ ပိတ်ထားတာတွေ စောစော ပြန်ဖွင့်လိုက်လို့လား၊ ရောဂါကူးစက်မှု နောက်ကြောင်းမလိုက်နိုင်လို့လား၊ နောက်တခေါက် ထပ်ပိတ်ဖို့ လိုနေလား ပြီးခဲ့တဲ့ အမေရိကန် လွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်မှာ အမေရိကန်သမ္မတ |
မန္တလေး ရွှေဂဲ ရေထိန်းတံခါးအနီး ကျိုးပေါက်လို့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ Posted: 19 Jul 2020 06:46 PM PDT အမရပူရမြို့ ရွှေဂဲ ရေထိန်းတံခါး ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေ စီးဆင်းဝင်လာနေတဲ့အပေါ် စက်ယန္တရားအသုံးပြု ထိန်းသိမ်းဆောင်ရွက်နေတဲ့ မြင်ကွင်း။ (ဇူလိုင် ၁၉၊ ၂၀၂၀။ ဓာတ်ပုံ - MOI) မြန်မာနိုင်ငံ အထက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ကချင်ပြည်နယ် အပါအဝင် စစ်ကိုင်းနဲ့ မန္တလေးတိုင်းတလျှောက် ဒေသခံပြည်သူတွေ မြစ်ရေကြီးမှု အန္တရာယ် ရင်ဆိုင်နေရ |
စစ်တပ်အကျဉ်းချခံ စိတ်ဒဏ်ရာရ မြန်မာ-အမေရိကန် မရိမ်းတပ်ကြပ်ကြီး လွတ်မြောက်ရေး မိသားစုကြိုးပမ်း Posted: 19 Jul 2020 06:44 PM PDT အမေရိကန်စစ်တပ် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မသည်းဥ။ (ဓာတ်ပုံ - Justice for Thae Ohu Facebook) အမေရိကန် မရိမ်းတပ်ဖွဲ့မှာ တပ်ကြပ်ကြီးအဆင့်အဖြစ် ၇ နှစ်ကြာ တာဝန်ထမ်းဆောင်လာခဲ့တဲ့ မသည်းဥဟာ လက်ရှိမှာ အမေရိကန်စစ်တပ်ရဲ့ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။ မသည်းဥဟာ ၂၀၁၅ ခုနှစ်နှောင်းပိုင်း အမေရိကန် မရိမ်းစစ်တပ်ထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ၂ ကြိမ်ရှိခဲ့ပေမယ့် မရိမ်းစစ်တပ် အရာရှိတွေက |
အပေါင်ဆိုင် အိမ်ထဲဝင်ပြီး လူလေးဦးအား ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွါး Posted: 19 Jul 2020 10:18 AM PDT နတ္တလင်း ဇူလိုင် ၁၈-၂၀၂၀ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ သာဇီရပ်ကွက်၊ အပြင်သာဇီလမ်းရှိ 'အောင်သစ္စာ' အမိန့်ရ အပေါင်ဆိုင်တွင် ဇူလိုင်လ ၁၈ရက်နေ့ နံက် ၇နာရီ၃၀မိနစ် အချိန်ခန့်က အမည်မသိ အမျိုးသားတစ်ဦးမှ ဖုန်းလာရောက်ပေါင်နှံစဉ် အိမ်ရှင်ဖြစ်သူ ဦးဝင်းဇော်နှင့် စကားများပြီး ဓါးထိုးမှုဖြစ်ပွါးရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၃ဦး ဒါဏ်ရာ အသီးသီးရရှိခဲ့ကြောင်းသတင်းရရှိသည်။ ' |
မက်ဆင်ဂျာကနေ ချိန်းတွေ့ရန်ခေါ်ကာ ဓားနဲ့ထိုးသတ်သူကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး Posted: 19 Jul 2020 10:08 AM PDT မုံရွာ၊ ဇူလိုင် ၁၈ ချောင်းဦးမြို့နယ် ခင်မွန်ရွာတောင်ဘက် ယာခင်းအတွင်း ဇူလိုင် ၁၄ ရက် ည ၈ ခွဲခန့်က အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်သွားသူအား ရဲတပ်ဖွဲ့မှ ယနေ့ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး ချောင်းဦးမြို့ ရန်အောင်မြင်ရပ်ကွက် ညောင်ပင်ရပ်တွင် နေထိုင်သူဖြစ်သည်။ ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ ဖေ့ဘွတ်မက်ဆင်ဂျာမှ ချိန်းဆိုကာ ဓားဖြင့် သုံးချက်ဆင့်ထိုးသတ် |
ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ စံချိန်တင်မြင့်တက် Posted: 19 Jul 2020 09:25 AM PDT မွမ်ဘိုင်းမြို့မှာ COVID-19 ကူးစက်ခံရမှုရှိမရှိ စစ်ဆေးပေးနေတဲ့ ကျန်မာရေးဝန်ထမ်း။ (ဇူလိုင် ၁၈၊ ၂၀၂၀) ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ စနေနေ့ တရက်တည်းတင် ၂၆၀,၀၀၀ လောက် တိုးလာတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင်ခဲ့ပြီး ဒါဟာ ၂ ရက်ဆက်တိုက် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။ သောကြာနေ့တုန်းကတော့ ကမ္ဘာ |
COVID ကာလ ရွှေတြိဂံနဲ့ မဲခေါင်မြစ်ဝှမ်း မူးယစ်ဆေးထုတ်လုပ်မှု တိုး Posted: 19 Jul 2020 09:23 AM PDT ဘန်ကောက်မြို့မှာ ဖမ်းဆီးရမိတဲ့ အမေရိကန်ဒေါ်လာ ၃၇ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇) COVID-19 ကာလအတွင်း ထိုင်း၊ မြန်မာ၊ လာအို ဆုံရာ ရွှေတြိဂံနဲ့ မဲခေါင်မြစ်ဝှမ်းဒေသမှာ မူးယစ်ဆေးဝါး တန်နဲ့ချီပြီး အမြောက်အမြား ထုတ်လုပ်နေကြောင်း ထိုင်းမူးယစ်နှိမ်နင်းရေးဗျူရိုက ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေး |
ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများ ဇူလိုင်(၂၁)ရက်တွင် စတင်ဖြန့်ဝေမည် Posted: 19 Jul 2020 09:11 AM PDT ဓာတ်ပုံ-မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါရှိတဲ့ ငါးရာကျပ်တန်ငွေစက္ကူတွေကို ဒီကနေ့ ဇူလိုင်လ(၁၉)ရက် စတင်ထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။ ဒီကနေ့နဲ့ မနက်ဖြန်ဟာ အစိုးရရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ရုံးတွေပြန်ဖွင့်မယ့် ဇူလိုင်လ(၂၁)ရက်မှ အများပြည်သူလက်ထဲ ရောက်ရှိမှာဖြစ်တယ်လို့ စီမံကိန်းနှင့်ဘဏာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးယဉ်ဇော် |
ကိုဗစ်- ကုလားအုပ်ရဲ့ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုထုံးတစ်ခု ဖန်တီး Posted: 19 Jul 2020 09:06 AM PDT သိပ္ပံပညာရှင်တွေက ကုလားအုပ်ဆီက ပြောင်းလဲလာတဲ့ အထူး ပဋိပစ္စည်းကို အသုံးပြုပြီး ကိုယ်ခံအားစနစ် မြင့်လာအောင် လုပ်နိုင်မယ့် ကုထုံးကို လေ့လာနေကြတာပါ။ ယူကေနိုင်ငံ ရယ်ဒင်းမြို့မှာ ဆေးသုတေသနအတွက် မွေးထားတဲ့ ကုလားအုပ်ငယ်ကလေး ဖီဖီရဲ့ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုထုံးတစ်ခု ဖန်တီးဖို့ စံနမူနာ ဖြစ်ခဲ့ပါတယ်။ ယူကေနိုင်ငံ Rosalind Franklin Institute သုတေသနဌာနရဲ့ သိပ္ပံပညာရှင်တွေက ဖီဖီဆီက |
ကိုဗစ်အကန့်အသတ်ကြား အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနား ကျင်းပ Posted: 19 Jul 2020 08:59 AM PDT ၇၃ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချနေတဲ့ မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လွှတ်တော်ဥက္ကဋ္ဌများနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဇူလိုင် ၁၉၊ ၂၀၂၀။ ဓာတ်ပုံ - MOI) ဒီကနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေချိန်နဲ့မို့ အရင်နှစ်တွေနဲ့မတူဘဲ လူစုလူဝေး ကန့်သတ်ချက် Social Distancing ကျန်းမာရေး စည်းကမ်းချက် |
တောင်တရုတ်ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ (ဂျော့ချ် အန် ဆစ်ဘလီ) Posted: 19 Jul 2020 08:53 AM PDT မကြာသေးမီလများအတွင်း မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အာရုံစိုက်နေခဲ့ရပြီး အမေရိကန်အပါအဝင် ၎င်း၏မိတ်ဆွေနိုင်ငံများစွာက အကူအညီများပေးရန် ကမ်းလှမ်းခဲ့ကြသည်။ ကမ္ဘာတစ်လွှား အားလုံးအတူတူ ရုန်းကန်နေရချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်စရာအနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒီမိုကရေစီစနစ်ကို နှိမ်နှင်းမှုနှင့် အခြားနိုင်ငံများ၏အချုပ်အခြာအာဏာအပေါ် မလေးစားမှုများကို ဆက်လက်ပြသနေခဲ့သည်။ အစိုးရ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.