သစ္ထူးလြင္ |
- မင်းပြားမှာ တပ်နဲ့ AA တိုက်ပွဲပြင်းထန်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
- COVID 19 ကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်း
- မန္တလေးရေဘေး ဒေသခံတသောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းထား
- ရွေးကောက်ပွဲဝင်မယ့် အန်အယ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မယ့်ရက်ရွှေ့
- ကိုဗစ်ကာကွယ်ရေ းသတ်မှတ်ချက် အဆင့်မီတဲ့ ကျောင်းပေါင်း ၃၇၀၀ကျော် ပြန်ဖွင့်
- ပါကစ္စတန်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ဖျက်ဆီးသူ ၄ ဦးကို ဖမ်းဆီး
- ဖာပွန်မြို့နယ်မှာ အမျိုးသမီးတဦးကို လုယက်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီး
- ဗီယက်နမ်ရောက် မြန်မာသင်္ဘောသားမှာ ကိုဗစ်ကူးစက်နေတာ တွေ့ရှိ
- ဥရောပက အမှာကုန်တွေမရလို့ အထည်ချုပ်လုပ်ငန်းပြန်ဦးမော့ဖို့ မဖြစ်နိုင်သေး
- ထိုင်းရောက် မြန်မာ တသောင်းတထောင်နီးပါး နယ်စပ်တွေက ပြန်ဝင်လာ
- အမရပူရရေဘေး တားနိုင်ပြီ
မင်းပြားမှာ တပ်နဲ့ AA တိုက်ပွဲပြင်းထန်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ Posted: 21 Jul 2020 08:16 AM PDT ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာနားမှာ မနေ့ညက တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက် ခံရပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာ ရခဲ့ပါတယ်။ မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာနားမှာ မနေ့ည ၉ နာရီလောက်က တပ်မတော်ယာဉ်တန်းကို ရခိုင်တပ်တော် AA က ဆွဲမိုင်းနဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်နေရာမှာ ဒီနေ့မနက်အထိ |
COVID 19 ကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်း Posted: 21 Jul 2020 07:52 AM PDT COVID -19 ကာကွယ်ဆေးလို့ တံဆိပ်တပ်ထားတဲ့ ပုလင်းတခု။ (ဧပြီ ၁၀၊ ၂၀၂၀) တကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၄.၇ သန်းနဲ့ သေဆုံးသူ ၆၁၀,၀၀၀ နီးပါးရှိလာချိန်မှာပဲ COVID - 19 ကာကွယ်ဆေး စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ တိုးတက်မှု အလားအလာတွေရှိနေကြောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ် နဲ့ ဗြိတိန်-ဆွီဒင် AstraZeneca ဆေးကုမ္ပဏီပူးပေါင်းစမ်းသပ်နေတဲ့ COVID - 19 ကာကွယ်ဆေးနဲ့ တရုတ် |
မန္တလေးရေဘေး ဒေသခံတသောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းထား Posted: 21 Jul 2020 07:49 AM PDT မန္တလေးတိုင်း အမရပူရမြို့ ရွှေဂဲ ရေထိန်းတံခါး ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေ စီးဆင်းဝင်တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - information Team MFSD(MDY) - ဇူလိုင် ၂၀၊ ၂၀၂၀) မန္တလေးတိုင်းအတွင်း ရေလွှမ်းမိုးမှု ကြုံနေရတာကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပေမဲ့ ဒေသခံ ၁၀,၀၀၀ ကျော်ကိုတော့ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေဂဲ |
ရွေးကောက်ပွဲဝင်မယ့် အန်အယ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မယ့်ရက်ရွှေ့ Posted: 21 Jul 2020 07:44 AM PDT ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် နေပြည်တော်မှာ အန်အယ်ဒီ ကိုယ်စားလှယ်လောင်းစိစစ်ရွေးချယ်မှုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ အစည်းအဝေးဟာ ဆွေးနွေးမှု မပြီးပြတ်တဲ့အတွက် ကိုယ်စားလှယ်လောင်း အပြီးသတ်စာရင်း တွေကို ဇူလိုင် ၂၃ ရက်နေ့မှ စတင်ကြေညာမယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်၂၁ အစည်းအဝေးမှာ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ် |
ကိုဗစ်ကာကွယ်ရေ းသတ်မှတ်ချက် အဆင့်မီတဲ့ ကျောင်းပေါင်း ၃၇၀၀ကျော် ပြန်ဖွင့် Posted: 21 Jul 2020 07:42 AM PDT ဇူလိုင် ၂၁ ရက်နေ့ပြန်ဖွင့်တဲ့ရန်ကုန်က အထက်တန်းကျောင်းတစ်ကျောင်း ဇူလိုင် ၂၁ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထက်တန်းအဆင့်ကျောင်းပေါင်း ၆၀၀၀ကျော်ရှိတဲ့အနက် ကိုဗစ်ကာကွယ်ရေးသတ်မှတ်ချက်တွေနဲ့ အဆင့်မီတဲ့ကျောင်းပေါင်း ၃၇၂၂ကျောင်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ပုံမှန်ထက် ကျောင်းဖွင့်ချိန် နှစ်လနီးပါး နောက်ကျအပြီးမှာတော့ ဇူလိုင် ၂၁ ရက်နေ့မှာ အထက်တန်းအဆင့်ကျောင်းတွေကို |
ပါကစ္စတန်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ဖျက်ဆီးသူ ၄ ဦးကို ဖမ်းဆီး Posted: 20 Jul 2020 06:19 PM PDT UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေးဟောင်း ဗုဒ္ဓဘာသာ ထွန်းကားရာ အထင်ကရနေရာတခုဖြစ်တဲ့ Takht-i-Bahi (မှတ်တမ်းဓါတ်ပုံ- ၂၀၁၅ အောက်တိုဘာလ ၃၀ ရက်နေ့ ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Mardan မြို့မှာ၃ ရာစုနှစ်တုန်းကရှိလာခဲ့တဲ့ ဗုဒ္ဓ ရုပ်ပွါးတော်တဆူကို ရှေးရိုးစွဲ ဘာသာရေး အယူသီးတစုက ရှာတွေ့ပြီးနောက် ဖျက်ဆီးလိုက်တဲ့ အတွက် အပျက်အစီးအပိုင်းအစတွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေ ပြန်ရှာ |
ဖာပွန်မြို့နယ်မှာ အမျိုးသမီးတဦးကို လုယက်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီး Posted: 20 Jul 2020 06:12 PM PDT ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုးထာကျေးရွာမှာ ဇူလိုင်လ ၁၆ ရက်နေ့က အမျိုးသမီးတဦးကို ပစ္စည်းလုယက်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က မနေ့က ညပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပိုလိုးထာကျေးရွာနဲ့ နယ်မြေတဝိုက်က တပ်စခန်းတစ်ခုမှ တပ်သားအဆင့်ရှိ သန်းစိုးလွင်နဲ့ ဟိန်းမင်းထက်တို့ ၂ ဦးဟာ ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းမှာ |
ဗီယက်နမ်ရောက် မြန်မာသင်္ဘောသားမှာ ကိုဗစ်ကူးစက်နေတာ တွေ့ရှိ Posted: 20 Jul 2020 06:12 PM PDT ဗီယက်နမ် Ho Chi Minh မြို့တနေရာ (မှတ်တမ်းဓါတ်ပုံ ဧပြီလ ၂၃ ရက်နေ့ ၂၀၂၀ ) ဗီယက်နမ် နိုင်ငံမှာ မြန်မာ သဘောင်္သား တဦး COVID-19 ကူးစက်ခံထားရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့ အတည်ပြုချက်ကို ကိုးကားပြီး ဗီယက်နမ် သတင်းတပုဒ်က ဖော်ပြပါတယ်။ အသက် ၄၀ အရွယ် မြန်မာ သဘောင်္သားက လိုက်ဘေးရီးယား မှတ်ပုံတင် သဘောင်္ IPANEMA မှာ အလုပ်လုပ်သူဖြစ်ပြီး ဂျပန်ကနေ ဇွန်လ ၆ ရက်နေ့မှာ ထွက်ခွာလာပြီး ဗီယက်နမ်နိုင်ငံ |
ဥရောပက အမှာကုန်တွေမရလို့ အထည်ချုပ်လုပ်ငန်းပြန်ဦးမော့ဖို့ မဖြစ်နိုင်သေး Posted: 20 Jul 2020 06:12 PM PDT COVID-19 ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်မှုတွေကို ထိခိုက်လာနေချိန်မှာ ပြည်ပတင်ပို့မှုအပေါ် အဓိက မှီခိုနေရတဲ့ မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းတွေ အထိနာနေတဲ့ အခြေအနေကို ကိုဇော်ထက် ပြောပြပါမယ်။ ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရတာကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းအတွက် အဓိကစျေးကွက်ဖြစ်တဲ့ ဥရောပကို တင်ပို့ဖို့ ဆိုင်းထားရသလို၊ ထုတ်လုပ်ဖို့ ကုန်ကြမ်းရရေး အခက်အခဲတွေလည်း ရှိနေတာကြောင့် လုပ်ငန်းရှင်တွေ |
ထိုင်းရောက် မြန်မာ တသောင်းတထောင်နီးပါး နယ်စပ်တွေက ပြန်ဝင်လာ Posted: 20 Jul 2020 06:12 PM PDT ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံကနေ နယ်စပ်ဂိတ်တွေကတဆင့် ပြန်လည်ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား တသောင်းကိုးရာရှစ်ဆယ့်ငါးဦးရှိခဲ့ရာမှာ အမျိုးသမီး ၄၅၃၆ ဦး၊ အမျိုးသား ၆၄၄၉ ဦး ပါဝင်ပါတယ်။ မတ်လ ၂၂ ရက်နေ့ကနေ ဇူလိုင်လ ၁၆ ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာခဲ့သူပေါင်း ရှစ်သောင်းခြောက်ထောင်လေးရာ လေးဆယ့်ကိုးဦး ဖြစ်ပါတယ်။ အများစုဟာ မြဝတီ-မဲဆောက် ကနေ ပဲခူးတိုင်း၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်တွေ |
Posted: 20 Jul 2020 06:11 PM PDT ဇူလိုင်၂၀ ရက်နေ့ ည ၇ နာရီမှာတားနိုင် လူဦးရေ ၄,၀၀၀ကျော် ရေးဘေးဒဏ် ရင်ဆိုင်နေရတဲ့ အမရပူရရေဘေးရဲ့ အဓိက ပြဿနာဖြစ်တဲ့ တာရိုးကျိုးပေါက်တာကို ဇူလိုင်၂၀ ရက်နေ့ ည ၇ နာရီမှာတားနိုင်ပြီလို့ မန္တလေး မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။ အဆိုပါ တာဘောင်ဟာ တောင်မြောက် ပေ ၆၀၊ အနက် ပေ ၃၀နဲ့ လမ်းသားအကျယ်က ပေ ၁၀၀ခန့် ကျယ်ဝန်းပါတယ်။အဆိုပါ အကျယ်အဝန်းရှိ တာဘောင်ကို ဘက်ဟိုး၊ ဘူဒိုဇာများ အသုံးပြုပြီး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.