သစ္ထူးလြင္ |
- မာန်အောင်မြို့နယ်တွင် ပထွေးဖြစ်သူရိုက်၍ အသက် ၃နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံး
- မြန်မာ COVID-19 ကာကွယ်တိုက်ဖျက်ရေး ဒေါ်လာ ၁.၉၅ သန်း ကန်ထပ်မံကူညီမည်
- ဖာပွန်ဒေသခံအမျိုးသမီးတစ်ဦး အသတ်ခံရမှုကို မကျေနပ်လို့ ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြ
- မန္တလေး တာဘောင်ကျိုးမှု စုံစမ်းစစ်ဆေးဖို့ ကော်မတီဖွဲ့ထားကြောင်း ဝန်ကြီးချုပ် ပြော
- ကိုဗစ် -၁၉ ကာကွယ်ဆေးသုတေသန သူလျှိုမှုနဲ့ အမေရိကန်က တရုတ်အမျိုးသားနှစ်ဦးကို တရားစွဲ
- မြန်မာ COVID-19 ကူးစက်သူ နောက် ၂ ဦးထပ်တိုးပြီး ၃၄၃ ဦးဖြစ်လာ
- အမေရိကန် ဟူစတန်မြို့ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ
- အိန္ဒိယသမုဒ္ဒရာမှာ ကန် နဲ့ အိန္ဒိယရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်
- ရသေ့တောင်မှာ တပ်သားတွေ အဓမ္မပြုကျင့်တာမရှိကြောင်း ပြောထားသူသုံးဦးကို ရဲတပ်ဖွဲ့ ခေါ်စစ်
- တရုတ်အစိုးရက ဟောင်ကောင် အရေး ဝင်မစွက်ဖို့ ယူကေကို သတိပေး
- မြန်မာအလုပ်သမားတွေကို တပ်မတော်ယာဉ်တွေနဲ့ ခေါ်ယူဖို့ အရေးကြီးအဆို ရှုံးနိမ့်
- ၀ ၊ မိုင်းလားနဲ့ တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေနည်း
- ရှဒူးဇွတ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အား ယာယီစခန်း ဖွင့်လှစ်နေရာချထား
- ထိုင်းရောက် ကြေးကွင်းပတ် ကယန်းအမျိုးသမီးတွေ နေရပ်ပြန်လာ
မာန်အောင်မြို့နယ်တွင် ပထွေးဖြစ်သူရိုက်၍ အသက် ၃နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံး Posted: 22 Jul 2020 08:14 AM PDT နိရဥ္စရာ၊ ဇူလိုင် ၂၂/ ၂ဝ၂ဝ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ကမားအုပ်စု၊ ဘုတ်တောင်ကျေးရွာတွင် ပထွေးဖြစ်သူ၏ ရိုက်၍ အသက် ၃ နှစ်ခွဲအရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူ မိန်းကလေးငယ်မှာ ဘုတ်တောင်ကျေးရွာမှ ဒေါ်ဇင်မာဝင်း၏ သမီးဖြစ်သူ မမွှေးယေ ဖြစ်သည်။ သူမ၏ မိခင်ဖြစ်သူ ဒေါ်ဇင်မာဝင်း၏ နောက်ယောက်ျားဦးတင်ဝေလှိုင် (၂ဝ) နှစ်၏ ရိုက်နှက်မှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့က သေဆုံး |
မြန်မာ COVID-19 ကာကွယ်တိုက်ဖျက်ရေး ဒေါ်လာ ၁.၉၅ သန်း ကန်ထပ်မံကူညီမည် Posted: 22 Jul 2020 07:45 AM PDT လှိုင်တက္ကသိုလ်က Quarantine နေရာတခုမှာ COVID 19 ရှိ၊ မရှိ စစ်ဆေးဖို့ ပြင်ဆင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀) မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ ၁.၉၅ သန်း အကူအညီပေးမယ်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ဒီကနေ့ပြောပါတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာန (CDC) က တဆင့်ပေးမယ့် ဒီအကူအညီနဲ့ဆိုရင် |
ဖာပွန်ဒေသခံအမျိုးသမီးတစ်ဦး အသတ်ခံရမှုကို မကျေနပ်လို့ ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြ Posted: 22 Jul 2020 07:29 AM PDT ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာတွေအနီးက တပ်မတော်စခန်းတွေ အားလုံးဖယ်ရှားပေးဖို့ ဒေသခံတွေ တပ်စခန်း ၄ ခုရှေ့မှာ ၂ဝ၂ဝ ဇူလိုင် ၂၂ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ် / ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာတွေအနီးက တပ်မတော်စခန်းတွေ အားလုံးဖယ်ရှားပေးဖို့ ဒေသခံ ၁၅၀၀ ကျော်က တပ်စခန်း ၄ ခုရှေ့မှာ ဇူလိုင် ၂၂ ရက် ဒီနေ့မနက်က ဆန္ဒပြ တောင်းဆိုလိုက်ပါ |
မန္တလေး တာဘောင်ကျိုးမှု စုံစမ်းစစ်ဆေးဖို့ ကော်မတီဖွဲ့ထားကြောင်း ဝန်ကြီးချုပ် ပြော Posted: 22 Jul 2020 07:27 AM PDT မန္တလေးမြို့ပတ် ကမ်းနားလမ်းက ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး ဧရာဝတီမြစ်တာဘောင် ကျိုးပေါက်ခဲ့တဲ့နေရာကို ၂ဝ၂ဝ ဇူလိုင် ၂ဝ ရက်နေ့က တွေ့ရစဉ် / Photo: Khaymani Win/RFA မန္တလေးမြို့ပတ် ကမ်းနားလမ်းက ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး ဧရာဝတီမြစ်တာဘောင် ကျိုးပေါက်ခဲ့တဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့အပါအဝင် ရေဘေးဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့အတွက် ကော်မတီဖွဲ့ထားကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် |
ကိုဗစ် -၁၉ ကာကွယ်ဆေးသုတေသန သူလျှိုမှုနဲ့ အမေရိကန်က တရုတ်အမျိုးသားနှစ်ဦးကို တရားစွဲ Posted: 22 Jul 2020 07:23 AM PDT တရုတ်အစိုးရဟာ ကိုဗစ် -၁၉ ကာကွယ်ဆေး တီထွင်နေတဲ့ ဓာတ်ခွဲခန်းတွေကို ပစ်မှတ်ထားနေတဲ့ ဟက်ကာတွေကို ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်တရားရေးဌာနက စွပ်စွဲပြစ်တင်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် သုတေသနလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေကို စုံစမ်းထောက်လှမ်းတာတွေ လုပ်တဲ့အပြင် အခြား ခိုးယူမှုတွေလုပ်ဖို့ တရုတ်အစိုးရထောက်လှမ်းရေးတွေဆီက အကူအညီ ယူခဲ့တယ်ဆိုပြီး တရုတ်အမျိုးသား နှစ်ဦးကိုလည်း တရားစွဲဆိုလိုက်ပါတယ်။ တရုတ် |
မြန်မာ COVID-19 ကူးစက်သူ နောက် ၂ ဦးထပ်တိုးပြီး ၃၄၃ ဦးဖြစ်လာ Posted: 22 Jul 2020 07:06 AM PDT COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၂၂-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁၄၇)ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၄၂) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ |
အမေရိကန် ဟူစတန်မြို့ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ Posted: 22 Jul 2020 06:59 AM PDT အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံး။ (ဇူလိုင် ၂၂၊ ၂၀၂၀) အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Morgan Ortagus က ဒီကနေ့ပြောပါတယ်။ "အမေရိကန် ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ အမေရိကန်နိုင်ငံက ပုဂ္ဂလိကကဏ္ဍ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့အတွက် ဟူစတန်မြို့က တရုတ်ပြည်သူ့ |
အိန္ဒိယသမုဒ္ဒရာမှာ ကန် နဲ့ အိန္ဒိယရေတပ် ပူးတွဲစစ်ရေးလေ့ကျင့် Posted: 22 Jul 2020 06:59 AM PDT USS Ronald Reagan နှင့် USS Nimitz လေယာဉ်တင်သင်္ဘောကြီး တို့ စစ်ရေလေ့ကျင့်နေစဉ် (မှတ်တမ်းဓါတ်ပုံ-၂၀၂၀ ဇူလိုင်လ ၇ ရက်နေ့) အိန္ဒိယ သမုဒ္ဒရာအတွင်း တနင်္လာနေ့က ဒုတိယအကြိမ်မြောက် အမေရိကန်နဲ့ အိန္ဒိယ ရေတပ် သင်္ဘောတွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ နှစ်နိုင်ငံသတင်း ထုတ်ပြန်ထားပါတယ်။ တရုတ်နဲ့ တင်းမာမှု မြင့်တက်လာချိန် အခုလို ရေကြောင်းစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ အိန္ဒိယ အစိုးကြား |
ရသေ့တောင်မှာ တပ်သားတွေ အဓမ္မပြုကျင့်တာမရှိကြောင်း ပြောထားသူသုံးဦးကို ရဲတပ်ဖွဲ့ ခေါ်စစ် Posted: 21 Jul 2020 05:22 PM PDT စစ်တွေမြို့ အမှတ် ၁ ရဲစခန်း။ Photo: Min Thein Aung/RFA ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်ပြီး တပ်မတော်သားတွေ ပြစ်မှုကျူးလွန်တာမရှိကြောင်း ပြောဆိုထားသူ သုံးဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဒီနေ့ခေါ်ယူစစ်ဆေးခံရတဲ့ ကျေးရွာသားတွေဟာ တပ်မတော်သားတွေ ဦးဂါကျေးရွာက ပြန်မထွက်ခင် |
တရုတ်အစိုးရက ဟောင်ကောင် အရေး ဝင်မစွက်ဖို့ ယူကေကို သတိပေး Posted: 21 Jul 2020 05:22 PM PDT တရုတ်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာဥပဒေအသစ်အပေါ်ဟောင်ကောင်မှာ ဆန္ဒပြမှုများရှိခဲ့ ယူကေအစိုးရ အနေနဲ့ ဟောင်ကောင်နဲ့ ပတ်သက်လို့ လမ်းလွဲလိုက်ခဲ့ရင် ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကို ခံနိုင်ရမယ်လို့ တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။ ယူကေဘက်က ဟောင်ကောင်နဲ့ သဘောတူထားတဲ့ တရားခံလွှဲအပ်ရေး သဘောတူညီချက်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ဆိုင်ငံ့ထားလိုက်တဲ့ အကြောင်းရင်းကလည်း တရုတ်အစိုးရက ဟောင်ကောင်မှာ |
မြန်မာအလုပ်သမားတွေကို တပ်မတော်ယာဉ်တွေနဲ့ ခေါ်ယူဖို့ အရေးကြီးအဆို ရှုံးနိမ့် Posted: 21 Jul 2020 05:22 PM PDT မြဝတီနယ်စပ်၊ ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေး တံတားပေါ်မှတဆင့် နေရပ်ပြန်လာသော မြန်မာနိုင်ငံသားများ။ Photo: Than Zin Aung/Facebook ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို တပ်မတော်သုံး စစ်ရေယာဉ်၊ လေယာဉ်တွေနဲ့ ပြန်ခေါ်ဖို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ အရေးကြီးအဆို တင်သွင်းရာမှာ အဆိုရှုံးနိမ့်သွားပါတယ်။ ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ |
၀ ၊ မိုင်းလားနဲ့ တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေနည်း Posted: 21 Jul 2020 05:21 PM PDT နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတွေ အပါအဝင် တိုင်းရင်းသား ဒေသတချို့မှာရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အလားအလာနည်းပါးနေတဲ့ အကြောင်း ကိုမိုးဇော် ပြောပြပါမယ်။ UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ခေါ် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာဒေသတွေမှာ ဒီနှစ်လည်း ရွေးကောက်ပွဲတွေ |
ရှဒူးဇွတ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အား ယာယီစခန်း ဖွင့်လှစ်နေရာချထား Posted: 21 Jul 2020 08:30 AM PDT ဖားကန့် ဇူလိုင် ၂၁ ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြစ်ကြီးနား-တနိုင်း လီဒိုကားလမ်းမ ပေါ်ရှိ ရှဒူးဇွတ်ကျေးရွာ၌ ဇူလိုင် ၂၀ ရက်မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အား ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း၌ ယာယီစခန်း ဖွင့်လှစ်၍ ရွှေ့ပြောင်းနေရာချထားကြောင်း သိရသည်။ ရှဒူးဇွတ်ကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်နှင့် လူဦးရေ တစ်သောင်းခန့်နေထိုင်လျက် |
ထိုင်းရောက် ကြေးကွင်းပတ် ကယန်းအမျိုးသမီးတွေ နေရပ်ပြန်လာ Posted: 21 Jul 2020 08:20 AM PDT ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းတွေမှာ နှစ်ချီအလုပ်လုပ်နေကြတဲ့ လည်ပင်းကြေးကွင်းပတ်ကြတဲ့ ကယန်းအမျိုးသမီး တွေနဲ့ မိသားစုတွေ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလမှာ အလုပ်အကိုင် အဆင်မပြေကြတဲ့အတွက် ကယားပြည် နယ်ဘက်ကို ပြန်လည်ဝင်ရောက်လာကြပါတယ်။ ကယန်းမျိုးနွယ်စုထဲက ကြေးကွင်းပတ်လူမျိုးတွေ ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စုထဲမှာ စုစုပေါင်း ၂၇၀ ကျော် ရှိတယ်လို့ ပန်ပက်အုပ်စုအုပ်ချုပ်ရေးမှူး ဦးဘဲတို က RFA ကို |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.