သစ္ထူးလြင္ |
- မင်းပြားနဲ့ ပေါက်တောမှာ လက်နက်ကြီးကျည်ကြောင့် အရပ်သား ကိုးဦးဒဏ်ရာရ
- ရွေးကောက်ပွဲအတွက် အပစ်ရပ် သက်တမ်းတိုးကြောင်း တပ်မတော်ထုတ်ပြန်
- မြန်မာ ကိုဗစ်လူနာကုသရေး ဆေးရုံတွေ တိုးချဲ့ဖို့ ပြင်ဆင်နေ
- မြန်မာ့ကိုဗစ်နောက်ဆုံးအခြေအနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ထားမှု
- ရွေးကောက်ပွဲကာလ ပဋိပက္ခ၊ အဓိကရုဏ်း၊ အငြင်းပွားမှုတွေ ဖြစ်လာနိုင်
- မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌလုပ်ရပ်ကို ဒေသခံတွေကန့်ကွက်ကြ
- ဗန်းမော်က လေကြောင်းရုံးအနုကြမ်းစီးခံရပြီး တစ်ဦးသေဆုံး
- ထိုင်း-မြန်မာနယ်စပ် ယာဉ်မောင်းနှစ်ဦး ကိုဗစ်ကူးစက်
- အိန္ဒိယရွှေမှောင်ခိုမှု မြန်မာနိုင်ငံတွင်း အဆက်အသွယ်ရှိနိုင်
- မိုင်းပန်မြို့နယ် မဲရုံသွားစစ်သည့် အစိုးရ ဝန်ထမ်း ၂ဦးကို RCSS/SSA တပ်သားများပစ်ခတ်ဟုဆို
- ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်
- ကြွပ်ကြွပ်အိတ်အတွင်း ဖုန်းနှစ်လုံးထည့် အားသွင်းထားရာမှ မီးလောင်မှု မန္တလေးတွင် ဖြစ်ပွား
- ဖိလစ်ပိုင်မှာ ကြက်တိုက်ပွဲဝင်ဖမ်းတဲ့ ရဲအရာရှိ ဒဏ်ရာရသေဆုံး
- မြန်မာ COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းတွေ ကုလကူညီ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် နေပြည်တော်မှာ ကြိုတင်မဲပေး
- ၂၀၂၀ ရွေးကောက်ပွဲနဲ့ တစ်သီးပုဂ္ဂလအမတ်လောင်းတွေရဲ့ အလားအလာ
- တိုင်ဖွန်း မိုလာဗေ့ ကြောင့် ရေကြီးမြေပြိုခဲ့မှုတွေအတွင်း လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။
- တရုတ်အလုပ်ရှင် ပိတ်လှောင်ခံရသူ မြန်မာအမျိုးသမီးတွေ ပြန်လွတ်မြောက်
- ထိုင်းက နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ သတိပေးနေ
- မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသောင်းကျော်လာ
- ICRC ရိက္ခာတင် လှေဝန်ထမ်းတွေ ပြောကြားချက်နဲ့ တပ်မတော်ထုတ်ပြန်ချက် ကွဲလွဲနေ
- လူ ၃ ဦးသေဆုံးခဲ့တဲ့ နိစ်မြို့ ဓားထိုးတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ မြို့အုပ်ချုပ်ရေးမှူးပြော
- အမေရိကန် ကောင်စစ်ဝန်ရုံးနားမှာ ထိန်းသိမ်းခဲ့တဲ့ ဟောင်ကောင် ဆယ်ကျော်သက် တိုနီချန်း ကို တရားစွဲဆို
မင်းပြားနဲ့ ပေါက်တောမှာ လက်နက်ကြီးကျည်ကြောင့် အရပ်သား ကိုးဦးဒဏ်ရာရ Posted: 30 Oct 2020 06:30 AM PDT မင်းပြားမြို့နယ် စက္ကရေကျေးရွာမှာ လက်နက်ကျည်ကျလို့ ဒဏ်ရအမျိုးသမီးကို အောက်တိုဘာလ ၂၉ ရက်နေက စစ်တွေဆေးရုံသို့ ယူဆောင်လာစဥ်။Photo: Ni Min Tun/RFAရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အတွင်းမှာ ကလေးတွေ သေဆုံးဒဏ်ရာရတာ ၁ဝဝ ကျော်သွားပြီလို့ ကုလသမဂ္ဂ က သတိပေးခဲ့ပြီး ရက်ပိုင်းမှာပဲ နောက်ထပ် ထိခိုက်မှုတွေ ရှိနေပါတယ်။မနေ့ကဆိုရင် မင်းပြားနဲ့ ပေါက်တောမြို့နယ်ထဲက မြစ်ကမ်းနဘေး ရွာတချို့ |
ရွေးကောက်ပွဲအတွက် အပစ်ရပ် သက်တမ်းတိုးကြောင်း တပ်မတော်ထုတ်ပြန် Posted: 30 Oct 2020 06:28 AM PDT ၂၀၂၀ မတ်လ ၆ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် တပ်မတော်သားတချို့ကို တွေ့ရစဉ်။အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့နယ်မြေတွေကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်စဲရေး တိုးမြှင့်မယ်လို့ တပ်မတော်က ကြေညာလိုက်ပါတယ်။၂၀၂၀ ပြည့်နှစ် မေလကတည်းက စတင်ကြေညာခဲ့တဲ့ တစ်ဘက်သတ် အပစ်အခတ် ရပ်စဲရေးကို တပ်မတော်ဘက်က တစ်လတစ်ကြိမ် လစဉ်ပုံမှန် သက်တမ်းတိုးလာ |
မြန်မာ ကိုဗစ်လူနာကုသရေး ဆေးရုံတွေ တိုးချဲ့ဖို့ ပြင်ဆင်နေ Posted: 30 Oct 2020 06:27 AM PDT ရန်ကုန်မြို့ရှိ Quarantine Center တခုတွင် ကိုဗစ်သံသယရှိလူနာစာရင်းကို စစ်ဆေးနေသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားတစ်ဦး။ (အောက်တိုဘာ ၁၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေချိန်မှာပဲ တိုင်းနဲ့ ပြည်နယ်တွေမှာပါ လူနာတွေကို ကုသပေးနိုင်အောင် ဆေးရုံတွေကို တိုးချဲ့ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။ကိုဗ |
မြန်မာ့ကိုဗစ်နောက်ဆုံးအခြေအနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ထားမှု Posted: 30 Oct 2020 06:25 AM PDT ရန်ကုန် ကွာရန်တင်းစင်တာမှ ကျန်းမာရေးဝန်ထမ်းများ မဲပေးကြသည့်မြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)ကိုဗစ်ဖြစ်နေဆဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလည်း ကျင်းပတော့မှာဖြစ်တဲ့အတွက် ကိုဗစ် နောက်ဆုံးအခြေအနေနဲ့ ကာကွယ်ရေးအတွက် ပြင်ဆင်ထားတာတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက မေးရာမှာ နောက်ဆုံး ကူးစက်မူအခြေအနေကို သူက အခုလို စတင် သုံးသပ်ပြပါတယ်။ဒေါက်တာသန်းနိုင်စိုး။ ။ |
ရွေးကောက်ပွဲကာလ ပဋိပက္ခ၊ အဓိကရုဏ်း၊ အငြင်းပွားမှုတွေ ဖြစ်လာနိုင် Posted: 30 Oct 2020 06:22 AM PDT နိုဝင်ဘာလ ၈ နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ အဓိကရုဏ်းလိုတွေအပြင် အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ဖြစ်နိုင်ချေ အလားအလာ အများကြီးရှိတယ်လို့ လေ့လာစောင့်ကြည် သူတွေက ပေးပို့ထားတယ်လို့ New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။New Myanmar Foundation နဲ့ ရွေကောက်ပွဲ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ရွေးကောက်ပွဲ အကြိုကာလ အငြင်းပွားမှု၊ ပဋိပက္ခတွေနဲ့ လုံခြုံရေး အခြေအနေအပေါ် |
မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌလုပ်ရပ်ကို ဒေသခံတွေကန့်ကွက်ကြ Posted: 30 Oct 2020 06:19 AM PDT မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြိုနယ် ကျွန်းရင်းရွာမှာ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ပွားတာကြောင့် မြိုနယ်ကော်မရှင်က ရှင်းပြနေတာကို တွေ့ရစဉ်Photo: Soe Yar Zarမကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌက သူမဲပေးချင်တဲ့ပါတီကို တံဆိပ်နှိပ်ပေးလိုက်တယ်ဆိုပြီး ဒေသခံတွေက မကျေနပ်ကြဘဲ လူစုလူဝေးနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။ |
ဗန်းမော်က လေကြောင်းရုံးအနုကြမ်းစီးခံရပြီး တစ်ဦးသေဆုံး Posted: 30 Oct 2020 06:11 AM PDT ဓာတ်ပုံ - ဗန်းမော်မြို့နယ်ရဲတပ်ဖွဲ့ ကချင်ပြည်နယ်၊ဗန်းမော်မြို့လယ် က မြန်မာ့အမျိုးသားလေကြောင်းလိုင်းရုံး ဒီမနက်မှာ အနုကြမ်းစီးခံရပြီး မန်နေဂျာရဲ့ ဇနီးအသတ်ခံခဲ့ရတယ်လို့ ဗန်းမော်အမတ် ဦးအောင်သိန်းက ဘီဘီစီကိုအတည်ပြုပါတယ်။Mask တပ်ထားတဲ့ လူသုံးယောက်ရုံးခန်းထဲဝင်လာကာ မန်နေဂျာကို ထိုးကြိတ်ပြီးသတိလစ်သွားတဲ့အခါ ထိုင်ခုံမှာ တိတ်တွေနဲ့ပတ်ပြီး ချုပ်ထားခဲ့တယ်လို့ ရဲကိုထွက်ချက်ပေးထားပါတယ်။ သူသတိရလာတဲ့အခါ |
ထိုင်း-မြန်မာနယ်စပ် ယာဉ်မောင်းနှစ်ဦး ကိုဗစ်ကူးစက် Posted: 30 Oct 2020 06:09 AM PDT မြန်မာဘက်က ကုန်ကားမောင်းသမားတွေကို ထိုင်းဘက်က COVID 19 စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ ( အောက်တိုဘာ ၂၉၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားရတဲ့ ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံသား ယာဉ်မောင်း ၂ ယောက်မှာ ရောဂါပိုးကူးစက်နေတာ စစ်ဆေးတွေ့ရှိတာကြောင့် စောင့်ကြည့်စစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်း မြန်မာ |
အိန္ဒိယရွှေမှောင်ခိုမှု မြန်မာနိုင်ငံတွင်း အဆက်အသွယ်ရှိနိုင် Posted: 30 Oct 2020 06:08 AM PDT အိန္ဒိယနိုင်ငံထဲ ရွှေချောင်းမှောင်ခို တင်သွင်းမှုနဲ့ ဆက်စပ်နေတဲ့ မြန်မာ၊ နီပေါနဲ့ ဘူတန်နိုင်ငံက လူတွေနဲ့ ပတ်သက်တဲ့ သဲလွန်စ တွေ ကို ရှာဖွေ တွေ့ရှိထားပြီလို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)က ပြောကြောင်း အိန္ဒိယ သတင်းဌာနတွေက ကြာသပတေးနေ့က ပြောပါတယ်။ဩဂုတ်လတုန်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရထားဘူတာတစ်ခုမှာ အလေးချိန် ၈၃.၆၂၁ ကီလို (၅၁.၂ ပိဿာ) ရှိတဲ့ ရွှေချောင်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ |
မိုင်းပန်မြို့နယ် မဲရုံသွားစစ်သည့် အစိုးရ ဝန်ထမ်း ၂ဦးကို RCSS/SSA တပ်သားများပစ်ခတ်ဟုဆို Posted: 30 Oct 2020 05:14 AM PDT သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုတွင်း မဲရုံသွားစစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ၂ ဦး အား ပစ်ခတ်မိကြောင်း RCSS/SSA က အတည်ပြုပြောဆိုသည်။အောက်တိုဘာ ၂၇ ရက် နေ့လည် ၁ နာရီ ဝန်းကျင်က မဲရုံဝန်ထမ်း နှင့်မဲရုံ ပစ္စည်းများ သွားပို့ဆောင်သည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ကို သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/ |
ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင် Posted: 30 Oct 2020 05:11 AM PDT ၃၀ အောက်တိုဘာမိုးရွာတာ စိပ်ပြီး ရာသီဥတုလေးလည်း အေးလာတဲ့အခါကျတော့ ခန္ဓာကိုယ်က အပရိက နာဖျားမှုလေး တွေ ဖြစ်လာတာပေါ့။ ဒီထဲမှာ ချောင်းဆိုးတာလည်း တစ်ခု အပါအဝင်ပါပဲ။ ချောင်းခြောက်ဆိုးတဲ့ သူလည်း ရှိသလို ချွဲထတဲ့သူလည်း ရှိတာပေါ့။ ဒီလိုအချိန်မှာ ဆေးရုံ ဆေးခန်း မသွားချင်သေးဘူးဆိုရင် အိမ်မှာတင် သက်သာအောင် ဘယ်လိုလုပ်နိုင်မလဲ။ နည်းလမ်းကောင်း လေးတွေ မျှဝေပေးလိုပါတယ်။ချောင်းဆိုးခြင်းအတွက် အိမ်တွင်းနည်းလမ်းများ• |
ကြွပ်ကြွပ်အိတ်အတွင်း ဖုန်းနှစ်လုံးထည့် အားသွင်းထားရာမှ မီးလောင်မှု မန္တလေးတွင် ဖြစ်ပွား Posted: 30 Oct 2020 05:05 AM PDT မန္တလေး ၃၀ အောက်တိုဘာမန္တလေးမြို့တွင် ကြွပ်ကြွပ်အိတ်အတွင်း ဖုန်းနှစ်လုံး ထည့်အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီခွဲအချိန်ခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၂၉လမ်း၊ ၇၉ လမ်းနှင့် လမ်း ၈၀ ကြားရှိ သရဖူစားသောက်ဆိုင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။မီးလောင်နေစဉ် အဆောက်အဦ အပေါ်ထပ်အခန်းတွင် ပိတ်မိနေသည့် အမျိုးသား၊ အမျိုးသမီး (၁၁) ဦး အသက်ရှင် |
ဖိလစ်ပိုင်မှာ ကြက်တိုက်ပွဲဝင်ဖမ်းတဲ့ ရဲအရာရှိ ဒဏ်ရာရသေဆုံး Posted: 29 Oct 2020 01:27 PM PDT ဖိလစ်ပိုင်နိုင်ငံ Manila မြို့က ကြက်တိုက်ပွဲ။ (သြဂုတ် ၁၀၊ ၂၀၁၄)ဖိလစ်ပိုင်နိုင်ငံမှာ တရားမဝင် ကြက်တိုက် လောင်းကစားဝိုင်းတခုကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် ကြက်အတက်မှာ တပ်ထားတဲ့ ဘလိတ်ဓားနဲ့ ထိခိုက်မိတာကြောင့် သေဆုံးသွားခဲ့ရပါတယ်။Samar မြောက်ပိုင်းပြည်နယ်က San Jose ရဲဌာနအကြီးအကဲ Christian Bolok က တိုက်ကြက်ကို ဖမ်းဖို့ ကြိုးစားတုန်း ကြက်အတက်မှာ တပ်ထားတဲ့ ဘလိတ်ဓားအသွားက သူ့ရဲ့ ပေါင်ခြံ |
မြန်မာ COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းတွေ ကုလကူညီ Posted: 29 Oct 2020 01:25 PM PDT မှတ်တမ်းဓါတ်ပုံ- မေလ ၁၀ ရက်နေ့တုန်းက WFP နှငင့် UNICEF မှလှူသော COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းများမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာနေချိန်မှာ ကုလသမဂ္ဂအဖွဲ့ က ဌာနေ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ola Almgren ဦးဆောင်တဲ့အဖွဲ့က တဆင့် ကပ်ရောဂါအတွက် လိုအပ်တာတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။မြန်မာနိုင်ငံအတွက် ရောဂါထိန်းချုပ်ရေး |
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် နေပြည်တော်မှာ ကြိုတင်မဲပေး Posted: 29 Oct 2020 01:23 PM PDT နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ဟာ ဒီနေ့ အောက်တိုဘာလ ၂၉ ရက် နေ့ မနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှာ ကြိုတင်မဲ လာရောက် ပေးခဲ့ပါတယ်။သမ္မတ ဦးဝင်းမြင့်က သူ့မဲစာရင်းပါတဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်အတွက် ကြိုတင်မဲပေးခဲ့တာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့ရဲ့အိမ်ထောင်စုစာရင်းရှိရာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် |
၂၀၂၀ ရွေးကောက်ပွဲနဲ့ တစ်သီးပုဂ္ဂလအမတ်လောင်းတွေရဲ့ အလားအလာ Posted: 29 Oct 2020 01:20 PM PDT ဦးလှဌေးမဲဆွယ်စည်းရုံးစဥ်နိုဝင်ဘာလ ၈ရက်မှာ ကျင်းပမယ့် ၂၀၂၀ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန် ကိုဗစ်ကပ်ရောဂါနဲ့ကြုံနေရလို့ ကိုယ်စားလှယ်လောင်းတွေ မဲဆန္ဒရှင်တွေနဲ့ တိုက်ရိုက်ထိတွေ့ မဲဆွယ်ရာမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ဒါကြောင့် ပါတီကို လူတွေသိပြီးသားဖြစ်တဲ့ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေထက် မဲဆန္ဒရှင်တွေနဲ့ မဖြစ်မနေမိတ်ဆက်ဖို့လိုတဲ့ တစ်သီးပုဂ္ဂလတွေအတွက် အခက်အခဲတွေ ရှိနေပါ |
တိုင်ဖွန်း မိုလာဗေ့ ကြောင့် ရေကြီးမြေပြိုခဲ့မှုတွေအတွင်း လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ Posted: 29 Oct 2020 01:13 PM PDT ရွှံနွံတွေအောက်ကနေ အသက်ရှင်နိုင်ဘွယ် လူတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေဗီယက်နမ်နိုင်ငံမှာ အားပြင်းတဲ့ တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့အပြီး မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေအတွင်း အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် လူဒါဇင်နဲ့ချီလည်း ပျောက်ဆုံးနေပါတယ်။မိုလာဗေ့ (Molave) တိုင်ဖွန်းမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဒါနောင်းမြို့အနီးက ပင်လယ် ကမ်းရိုးတန်းကို ဝင်ရောက် |
တရုတ်အလုပ်ရှင် ပိတ်လှောင်ခံရသူ မြန်မာအမျိုးသမီးတွေ ပြန်လွတ်မြောက် Posted: 29 Oct 2020 01:10 PM PDT တရုတ်မြန်မာနယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့စစ်ဆေးရေးဂိတ် မြင်ကွင်း။ (မေ ၂၅၊ ၂၀၁၂)တရုတ်နိုင်ငံမှာ အလုပ်ရှင်ရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေ ခံနေရတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြလိုက်ပြီးနောက် မြန်မာအလုပ်သမား အမျိုးသမီး ၄၀ နီးပါး ပြန်လည်လွတ်မြောက်လာတဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။တရုတ်နိုင်ငံ ရွှေလီမြို့က ဖုန်းအားသွင်းကြိုးစက်ရုံမှာ အလုပ်လုပ် |
ထိုင်းက နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ သတိပေးနေ Posted: 29 Oct 2020 12:54 PM PDT ကိုဗစ်အရေးပေါ်ကာလမှာ ဗီဇာနဲ့ အလုပ်လုပ်ခွင့်အထောက်အထားများ သက်တမ်းတိုးနေတဲ့ နိုင်ငံခြားသားအလုပ်သမားများ။ (ဓာတ်ပုံ - ထိုင်းလဝက - အောက်တိုဘာ ၂၉၊ ၂၀၂၀)မြန်မာနိုင်ငံသားတွေ အပါအဝင် ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားတွေ ကိုဗစ်ကပ်ရောဂါကာလ နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးရမယ့် နောက်ဆုံးရက်နီးလာတာကြောင့် ထိုင်းအာဏာပိုင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။ |
မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသောင်းကျော်လာ Posted: 29 Oct 2020 12:52 PM PDT ကိုဗစ်-၁၉ ပိုး ရှိ-မရှိ စစ်ဆေးရန် ကျန်းမာရေးဝန်ထမ်းတဦးက နှာခေါင်းတို့ဖတ် ယူနေစဉ်။Photo: AFPကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၁၉၉ ယောက် ရှိသွားပါပြီ။ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ ၂၇ ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ ၂၂ ယောက်ဟာ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ တစ်ရက် |
ICRC ရိက္ခာတင် လှေဝန်ထမ်းတွေ ပြောကြားချက်နဲ့ တပ်မတော်ထုတ်ပြန်ချက် ကွဲလွဲနေ Posted: 29 Oct 2020 12:51 PM PDT ရခိုင်ပြည်နယ်စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့နယ်ထဲက ဒုက္ခသည်တွေအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့သွားတဲ့ အငှားစက်လှေတစ်စီး ရသေ့တောင်မြို့နယ် ပြိန်းတောရွာအနီးမှာ အောက်တိုဘာ ၂၈ ရက် မနေ့က ပစ်ခတ်ခံရလို့ စက်လှေမီးလောင်ပြီး လူသေဆုံးတဲ့ သတင်းကို RFA က မနေ့ညက ထုတ်လွှင့်ခဲ့ရာမှာ...ဒီသတင်းထုတ်လွှင့်ချက်ဟာ မှန်ကန်မှုမရှိဘဲ တပ်မတော်ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင် RFA က |
Posted: 29 Oct 2020 12:48 PM PDT ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ဖမ်းထားပါတယ်ပြင်သစ်နိုင်ငံတောင်ပိုင်းက နိစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားနဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၃ ယောက် အသတ် ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။"နော်ထရာဒမ်း ကျောင်းတော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်တယ် ဆိုတာကို ဖော်ပြနေတယ်"လို့ နိစ်မြို့အုပ်ချုပ်ရေးမှူး ခရစ်စ်ရှန် အက်စတရိုဆီ က ပြောပါတယ်။တိုက်ခိုက် |
အမေရိကန် ကောင်စစ်ဝန်ရုံးနားမှာ ထိန်းသိမ်းခဲ့တဲ့ ဟောင်ကောင် ဆယ်ကျော်သက် တိုနီချန်း ကို တရားစွဲဆို Posted: 29 Oct 2020 12:46 PM PDT ဒီမိုကရေစီ လှုပ်ရှားသူ ကျောင်းသား တိုနီချန်းဟောင်ကောင်က ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူ တိုနီချန်းဟာ အမေရိကန် ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ အဖမ်းခံခဲ့ရပြီး ရက်ပိုင်းအကြာမှာ လုံခြုံရေး ဥပဒေသစ်နဲ့ တရားစွဲခံလိုက်ရပါတယ်။အသက် ၁၉ နှစ်အရွယ် မစ္စတာ ချန်းဟာ ကောင်စစ်ဝန်ရုံးထဲဝင်ပြီး ခိုလှုံခွင့် တောင်းခံဖို့ စီစဉ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ဟောင်ကောင်ကနေ ခွဲထွက်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု အကြောင်းအရာ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.