သစ္ထူးလြင္ |
- မော်ချီးသတ္ထုတွင်းက နေအိမ်တချို့ မြေပြိုနိုင်တာကြောင့် ရွှေ့ပြောင်းဖို့ အစိုးရ ညွှန်ကြား
- မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၅၂,၇၀၆ ဦး၊ သေဆုံး ၁,၂၃၇ ဦး
- ထိုင်းပို့ကုန်အခွန်ကင်းလွတ်ခွင့် ကန်ရုပ်သိမ်း
- ဂျိမ်းစ်ဘွန်း မင်းသားကြီး ရှောန် ကွန်နရီ အသက် ၉၀ အရွယ်မှာ ကွယ်လွန်
- ကိုဗစ်ထိရောက်တယ်ဆိုတယ်ဆိုတဲ့ တရုတ်တိုင်းရင်းဆေးတောင့် ဆရာဝန်တွေ ဘာပြောလဲ
မော်ချီးသတ္ထုတွင်းက နေအိမ်တချို့ မြေပြိုနိုင်တာကြောင့် ရွှေ့ပြောင်းဖို့ အစိုးရ ညွှန်ကြား Posted: 31 Oct 2020 11:05 AM PDT ကယားပြည်နယ် မော်ချီးခဲသတ္ထုတူးဖော်ရေး လုပ်ကွက်တွေအနီးမှာရှိတဲ့ နေအိမ်တချို့ကို မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီတွေက နေရာပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ ဒေသခံတွေကတော့ ပြောင်းရွှေ့ရမယ့်နေရာကို အတိအကျ မသိရသေးတာကြောင့် မပြောင်းရွှေ့ချင်ကြဘဲ အဲဒီမှာ ဆက်လက်နေထိုင်ဖို့ လိုလားနေကြပါတယ်။ကယားပြည်နယ် မော်ချီးဒေသ ၁၃ ကုန်း (ခေါ်) ယူကော်ခိုကျေးရွာက နေအိမ်တချို့ အန္တရာယ် |
မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၅၂,၇၀၆ ဦး၊ သေဆုံး ၁,၂၃၇ ဦး Posted: 31 Oct 2020 11:01 AM PDT ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့မြင်ကွင်း။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၂၁၀ ဦး ထပ်တိုးပြီး သေဆုံးသူ ၁၈ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁၂,၁၇၀ ခုထဲမှာ အခုလို နောက်ထပ် ပိုးကူးစက်သူတွေ တွေ့ရတာဖြစ်ပြီး |
ထိုင်းပို့ကုန်အခွန်ကင်းလွတ်ခွင့် ကန်ရုပ်သိမ်း Posted: 31 Oct 2020 11:00 AM PDT အမေရိကန်ရှိ Costco ဆိုင်မှာ ရောင်းချနေတဲ့ ဝက်သားများ။ (မေ ၂၇၊ ၂၀၂၀)ထိုင်းနိုင်ငံကနေ အမေရိကန်ကို တင်ပို့နေတဲ့ အမေရိကန်ဒေါ်လာ ၈၁၇ သန်း တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ကင်းလွတ်ခွင့် ပေးထားတာကို လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး ပြန်ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ သမ္မတ Trump က မနေ့က ကြေညာပါတယ်။အမေရိကန်က ဝက်သားနဲ့ ဝက်သားနဲ့ဆိုင်တဲ့ ကုန်ပစ္စည်းတွေကို ထိုင်းစျေးကွက်ကို ဖွင့်ဖို့ကိစ္စ တိုးတက်မှုမရှိတာ |
ဂျိမ်းစ်ဘွန်း မင်းသားကြီး ရှောန် ကွန်နရီ အသက် ၉၀ အရွယ်မှာ ကွယ်လွန် Posted: 31 Oct 2020 10:58 AM PDT ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောန်ကွန်နရီအသက် ၉၀ အရွယ် ဆာဘွဲ့ရ မင်းသားကြီး ရှောန် ကွန်နရီ ကွယ်လွန်သွားပြီ ဆိုတာကို သူ့မိသားစုက ပြောပါတယ်။စကော့တစ်ရှ်လူမျိုး ရှောန် ကွန်နရီကို ဂျိမ်းစ်ဘွန်း မင်းသားအဖြစ် လူသိများကြပါတယ်။ သူဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ရဲ့ ပထမဆုံး မင်းသားဖြစ်ပြီး ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားပေါင်း ၇ ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ရုပ်ရှင်လောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ရှောန် ကွန် |
ကိုဗစ်ထိရောက်တယ်ဆိုတယ်ဆိုတဲ့ တရုတ်တိုင်းရင်းဆေးတောင့် ဆရာဝန်တွေ ဘာပြောလဲ Posted: 31 Oct 2020 10:56 AM PDT ဆေးတစ်ကတ်ကို စျေးကွက်မှာ ကျပ် သုံး၊လေးထောင်နဲ့ ရောင်းချနေကြတရုတ်တိုင်းရင်းဆေး တစ်မျိုးဖြစ်တဲ့ လီယန်ဟွာချင်းဝမ်ဆိုတဲ့ ဆေးတောင့်တစ်မျိုး အခုရက်ပိုင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရောင်းချတာတွေ၊ မှာယူတာတွေ လုပ်လာပြီး ရောင်းချသူတွေဘက်က ကိုဗစ်ကုသရာမှာ ပျောက်ကင်းတယ်ဆိုပြီး အဓိက ပြောဆိုနေကြပါတယ်။ဒီလို လိုက်လံဝယ်ယူနေတဲ့ဆေးတွေဟာ တရားဝင်တယ်လို့ ညွှန်ကြားထားတာ မရှိသေးသလို အခုလက်ရှိ အခြေအနေမှာ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.