သစ္ထူးလြင္ |
- မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၅,၈၀၄ ဦး၊ သေဆုံး ၁,၃၀၇ ဦး
- မြန်မာနွယ် အမေရိကန်နိုင်ငံသားတွေ ကန်ရွေးကောက်ပွဲမဲပေး
- ဆယ်စုနှစ်များစွာအတွင်း သဘောထားအကွဲဆုံး အမေရိကန်ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်တဲ့ သတင်း ၃ ခု
- ဦးဝီရသူကို အရပ်ဘက်တရားရုံးက ပြစ်ဒဏ်ချပြီးမှ ဓမ္မစက်နဲ့ ဆောင်ရွက်မယ်လို့ သာသနာရေး ထုတ်ပြန်
- အစိုးရကို ဝေဖန်ရေးသားမှုတွေ Facebook ကနေ ဖယ်ရှားခံနေရ
- ဦးဝီရသူကို အင်းစိန်ထောင်ပို့၊ အမျိုးသားရေးလှုပ်ရှားသူတွေ မန္တလေးမှာ ပြန်ထွက်လာ
- နောင်ချိုမြို့နယ် ကိုဗစ် စစ်ဆေးရေးဂိတ် ယာဉ်တိုက်မှုဖြစ် ၂ ဦးသေဆုံး
- ပွင့်ဖြူမြို့နယ် မုန်းချောင်းတွင် လက်လှော်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွား ၊ အမျိုးသမီးတစ်ဦး ရေစီးနှင့် အတူ မျောပါပျောက်ဆုံး
- Quarantine ဝင်နေသူ ကြိုးဆွဲချ သေ
- မုံရွာရှိ တည်းခိုခန်းတစ်ခုတွင် ပုပ်ပွနေသောအလောင်း တွေ့
- ဗြိတိန်မှာ လူ ၁ သန်းကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
- မြေပုံမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ
- မာန်အောင်မှာ ANP မဲရုံကိုယ်စားလှယ် သုံးဦး နေအိမ်တွေ စစ်ဆေးခံရ
- မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၄,၆၀၇ ဦး၊ သေဆုံး ၁,၂၀၂ ဦး
- ကြိုတင်မဲကောက်ယူမှု လွဲမှားမှုတချို့ ကြုံနေရ
- တန်ဖိုးကြီး လက်ပတ်နာရီတွေအရေးနဲ့ သြစတြေးလျစာတိုက်ဌာန အကြီးအကဲ နုတ်ထွက်ရ
- အလယ်အလတ်ကနေ ပြင်းထန်အဆင့် ရှိတဲ့ လာနီညာ ရာသီဥတု ဖြစ်စဉ် ပစိဖိတ်သမုဒ္ဒရာထဲမှာ ဖြစ်ထွန်းနေပါတယ်။
- ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ လာရောက် အဖမ်းခံ
- လှည်းကူး၊ ပေါင်နဲ့ ပုသိမ် ကြိုတင်မဲပေးမှုမှာ တံဆိပ်တုံးအတု သုံးတယ်လို့ စွပ်စွဲခံနေရ
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၅,၈၀၄ ဦး၊ သေဆုံး ၁,၃၀၇ ဦး Posted: 03 Nov 2020 07:52 AM PST PPE ဝတ်စုံ ဝတ်ဆင်ထားတဲ့ စေတနာ့ဝန်ထမ်းများကို ရန်ကုန်မြို့ရှိ Quarantine စင်တာ တခုမှာ တွေ့ရ။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ နိုဝင်ဘာ ၃ ရက်မှာ ၁,၁၉၇ ယောက်ထပ်တိုးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူကလည်း နောက်ထပ် ၂၅ ယောက်ရှိပါတယ်။ဒါကြောင့် ဒီနေ့ အင်္ဂါနေ့အထိ စုစုပေါင်း အတည်ပြုလူနာ ၅၅,၈၀၄ ယောက်၊ သေဆုံးလူနာ ၁,၃၀၇ ယောက်ရှိပါတယ်။ ဒီ |
မြန်မာနွယ် အမေရိကန်နိုင်ငံသားတွေ ကန်ရွေးကောက်ပွဲမဲပေး Posted: 03 Nov 2020 07:50 AM PST နယူးယောက်ပြည်နယ် Queens မြို့နယ်ရှိ မဲရုံတခု၏ မြင်ကွင်း။ (နိုဝင်ဘာလ ၀၃၊ ၂၀၂၀)ဒီကနေ့ ကျင်းပမယ့် ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးကြမယ့် အမေရိကန်နိုင်ငံသားမြန်မာနွယ်ဖွားတွေဘက်က နိုင်ငံ့အပြောင်းအလဲ ဘယ်လောက်မျှော်လင့်ချက်တွေရှိကြလဲ မကြာခင် မဲရလဒ်အဖြေထွက်ပေါ်လာမယ့် ရွေးချယ် တင်မြှောက်ခံရမယ့် အမေရိကန်သမ္မတ အပြောင်းအလဲက အမေရိကန်ပြည်သူတွေ အပါအဝင် ကမ္ဘာနဲ့ မြန်မာအတွက် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါမ |
ဆယ်စုနှစ်များစွာအတွင်း သဘောထားအကွဲဆုံး အမေရိကန်ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်တဲ့ သတင်း ၃ ခု Posted: 03 Nov 2020 07:48 AM PST ပင်ဆယ်ဗေးနီးယားနဲ့ ဖီလာဒီဖီးယား ရှိမဲရုံတွေမှာမဲပေးဖို့ မနက်စောစော လူများတန်းစီစောင့်ဆိုင်းနေကြစဥ်အမေရိကန် သမ္မတရွေးကောက်ပွဲတွေကိုပြန်ကြည့်ရင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲလောက် သဘောထားကွဲတာ အများဆုံးကို ကြုံရတာမျိုး မရှိခဲ့ပါဘူး။လက်ရှိ ရီဘတ်ပလီကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ စိန်ခေါ်သူ ဒီမိုကရက် ဂျိုး ဘိုင်ဒန်တို့ အကြား ကွဲပြားလှတဲ့ မူတွေ၊ သဘောထားတွေကို ပြည်သူထံ ချပြရင်း |
ဦးဝီရသူကို အရပ်ဘက်တရားရုံးက ပြစ်ဒဏ်ချပြီးမှ ဓမ္မစက်နဲ့ ဆောင်ရွက်မယ်လို့ သာသနာရေး ထုတ်ပြန် Posted: 03 Nov 2020 07:45 AM PST ဦးဝီရသူဟာ ဖမ်းဝရမ်းထုတ်ခံထားရပြီးတစ်နှစ်ကျော်ကြာ၊ ရွေးကောက်ပွဲကျင်းပဖို့ ၅ ရက်အလိုကျမှ လာရောက်ခဲ့တာဖြစ်တယ်လို့ သာသနာရေးထုတ်ပြန်ချက်က ဖော်ပြပါတယ်။နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲခံထားရတဲ့ ဆရာတော် ဦးဝီရသူကို တရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းပြီးမှသာ ဓမ္မစက်နဲ့ဆောင်ရွက်မယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ဦးဝီရသူဟာ ဖမ်းဝရမ်းအမိန့် ချခံထားရပြီး တစ်နှစ်ကျော် |
အစိုးရကို ဝေဖန်ရေးသားမှုတွေ Facebook ကနေ ဖယ်ရှားခံနေရ Posted: 03 Nov 2020 07:35 AM PST Facebook အင်တာနက် လူမှုကွန်ရက်က အစိုးရနဲ့ အာဏာရအဖွဲ့အစည်းကို ဝေဖန်ထောက်ပြတဲ့ Post တွေ၊ စာသားတွေ ဆင်ဆာဖြတ်ခံနေရတယ်လို့ ထင်ရှားတဲ့ ဥပဒေပညာရှင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ သတင်း မီဒီယာသမားတချို့က ကန့်ကွက်နေကြပါတယ်။အစိုးရက ကျပ်ငွေ သန်းခြောက်ထောင်ကျော်သုံးပြီး လုပ်ကိုင်နေတဲ့ လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေး အဖွဲ့က ဒီဆင်ဆာဖြတ်မှုရဲ့နောက်ကွယ်မှာ ရှိနေပုံရတယ်လို့ တချို့က ယူဆနေကြတာပါ။အခုရက်ပိုင်း |
ဦးဝီရသူကို အင်းစိန်ထောင်ပို့၊ အမျိုးသားရေးလှုပ်ရှားသူတွေ မန္တလေးမှာ ပြန်ထွက်လာ Posted: 03 Nov 2020 07:33 AM PST နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူကို ဒီနေ့ အွန်လိုင်းကနေ တဆင့် ချုပ်ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။တဆက်တည်းမှာပဲ မန္တလေးမြို့မှာလည်း အမျိုးသားရေးတက်ကြွ လှုပ်ရှားသူတချို့က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သူတွေကို မဲပေးဖို့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီး တစ်နှစ်ကျော်ကြာ ပျောက်ကွယ်နေရာကနေ |
နောင်ချိုမြို့နယ် ကိုဗစ် စစ်ဆေးရေးဂိတ် ယာဉ်တိုက်မှုဖြစ် ၂ ဦးသေဆုံး Posted: 03 Nov 2020 07:29 AM PST သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ခြေမြစ်ပင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်နေရာအား ကုန်တင်ကား တစီးဝင် တိုက်မိသဖြင့် ယာဉ်ထိန်းရဲတဦး နှင့် အရပ်သားတဦးသေဆုံးကြောင်း စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာ ၂ ရက် ည ၇ နာရီအချိန်တွင် နောင်ချိုမြို့ မှ ပြင်ဦးလွင်မြို့ ဘက်သို့ မောင်း လာသည့် ကုန်တွဲကားသည် အရှိန်မထိန်းနိုင်သဖြင့် ယာဉ်လမ်းရှင်းနေသည့် ယာဉ်ထိန်းရဲတဦး နှင့် အရပ်သားတဦးကို တိုက်မိခဲ့ကာ သေဆုံး |
Posted: 03 Nov 2020 07:21 AM PST ပွင့်ဖြူ ၃ နိုဝင်ဘာ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအနီး မုန်းချောင်းတွင် နိုဝင်ဘာ ၃ ရက် ၊ ယနေ့ နံနက် ၇ နာရီ ၅၅ မိနစ် အချိန်ခန့်က လှေတစ်စီး ရေနစ်မြုပ်မှုဖြစ်ပွားပြီး လှေပေါ်တွင် စီးနင်းလိုက်ပါသော အမျိုးသမီးတစ်ဦး ရေစီးနှင့် အတူ နစ်မြုပ်မျောပါ ပျောက်ဆုံးသွားခဲ့ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက် ၊ ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က ပွင့်ဖြူ |
Quarantine ဝင်နေသူ ကြိုးဆွဲချ သေ Posted: 02 Nov 2020 09:30 AM PST ပင်လည်ဘူး၊ နိုဝင်ဘာ- ၂ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် အသွားအလာကန့်သတ်နေထိုင်သူ Quarantine ဝင်နေသူ အမျိုးသားတစ်ဦး ကြိုဆွဲချသေဆုံးမှု ယနေ့ ဖြစ်ပွားသည်။ပင်လည်ဘူးမြို့နယ် မြို့မ(၁)စာသင်ကျောင်း Quarantine စင်တာတွင် ရွာသစ်ကုန်းကျေးရွာနေ အသက် ၃၁ နှစ် အမျိုးသားတစ်ဦး ၎င်းနေထိုင်ရာ အခန်းအတွင်း ယနေ့နံနက် ၅ နာရီခွဲခန့်က ကြိုးဆွဲချသေဆုံးနေခြင်း ဖြစ်သည်။သေဆုံးသူသည် ညသန်းခေါင်ထိ လမ်းလျှောက်နေဆဲဖြစ်ပြီး |
မုံရွာရှိ တည်းခိုခန်းတစ်ခုတွင် ပုပ်ပွနေသောအလောင်း တွေ့ Posted: 02 Nov 2020 09:28 AM PST မုံရွာ၊ နိုဝင်ဘာ-၂မုံရွာမြို့၊ ဘုရားကြီးရပ်၊ ဆိပ်ကမ်းသာတည်းခိုခန်းတွင် ပုပ်ပွနေသော အလောင်းတစ်လောင်းကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရှိသည်။သေဆုံးသူမှာ တည်းခိုခန်းဝန်ထမ်းဖြစ်ပြီး အခန်းတစ်ခုတွင် ကြိုးဆွဲချလျက် ပုပ်ပွသေဆုံးနေခြင်း ဖြစ်သည်။သေဆုံးသူ အသက် ၂၀ ရှိ လူငယ်မှာ တက္ကသိုလ် ဒုတိယနှစ် တက်နေသူတစ်ဦးဖြစ်ပြီး မုံရွာမြို့ထန်းတောရွာမရပ် နယ်မြေ ၁၃ မှ ဖြစ်ကြောင်း သိရသည်။"သေတာ လေးရက်လောက်ရှိပြီ။ အဲဒီ |
ဗြိတိန်မှာ လူ ၁ သန်းကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ Posted: 02 Nov 2020 09:04 AM PST လန်ဒန်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေသူအချို့။ (စက်တင်ဘာ ၁၉၊ ၂၀၂၀)ဗြိတိန်နိုင်ငံဟာ ကမ္ဘာတလွှားမှာ COVID-19 ကူးစက်ခံရသူ တသန်းကျော်သွားတဲ့ နဝမမြောက်နိုင်ငံ ဖြစ်လာပါပြီ။အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ တနင်္ဂနွေနေ့ အစောပိုင်းမှာပဲ ဗြိတိန်နိုင်ငံမှာ ဒီရောဂါကူးစက်ခံရသူ ၁,၀၁၄,၇၉၄ ရှိပြီး သေဆုံးရသူက ၄ သောင်းခွဲကျော် ဖြစ်သွားခဲ့တာပါ။ဒီရောဂါကူးစက်မှု ဒုတိယအချီ တိုးလာနေတာကြောင့် တ |
မြေပုံမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ Posted: 02 Nov 2020 09:02 AM PST မြေပုံမြို့နယ်က ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်းကို တွေ့ရစဉ်Photo: Auong Won Myartရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်း၊ ပျားသုန်း၊ ကမ်းထောင်းကြီး၊ ရေရှင်စတဲ့ရွာတွေက စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ဟာ စားဝတ်နေရေးပြတ်လပ်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က RFAကို ဒီနေ့ ပြောပါတယ်။အစိုးရရဲ့ ထောက်ပံ့မှုတွေမရှိသလို သွားလာရခက်ခဲပြီး ကပ်ဘေးကာလ ကန့်သတ်ချက်တွေ |
မာန်အောင်မှာ ANP မဲရုံကိုယ်စားလှယ် သုံးဦး နေအိမ်တွေ စစ်ဆေးခံရ Posted: 02 Nov 2020 09:01 AM PST ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုက ရခိုင်အမျိုးသားပါတီဆိုင်းဘုတ်ကို တွေ့ရစဉ် / Photo: Arakan National Party - Man Aungရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းမြောက်ရွာမှာ ရခိုင်အမျိုးသားပါတီ (ANP) အတွက် မဲရုံ ကိုယ်စားလှယ် သုံးဦးတို့ရဲ့ နေအိမ်တွေကို တပ်မတော်က မနေ့ ညနေပိုင်းက ဝင်ရောက်စစ်ဆေးခံခဲ့ရတယ်လို့ စစ်ဆေးခံရတဲ့အထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။ရဲကျွန်းမြောက်ရွာက ANP ပါတီရဲ့ |
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၄,၆၀၇ ဦး၊ သေဆုံး ၁,၂၀၂ ဦး Posted: 02 Nov 2020 08:59 AM PST COVID ရောဂါရှိ၊ မရှိ swab နမူနာယူစစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ဒီနေ့ နိုဝင်ဘာ ၂ ရက်နေ့ ည ၈ နာရီအထိ COVID-19 အတည်ပြုလူနာ ၅၄,၆၀၇ ယောက်ရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၂၀၂ ယောက် ဒီနေ့တွေ့ရှိပါတယ်။သေဆုံးသူကလည်း ၂၄ ယောက်ရှိတဲ့အတွက် COVID-19 သေဆုံးသူ စုစုပေါင်း ၁,၂၈၂ ယောက်ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက ၂၁ ယောက် |
ကြိုတင်မဲကောက်ယူမှု လွဲမှားမှုတချို့ ကြုံနေရ Posted: 02 Nov 2020 08:58 AM PST ရန်ကုန်မြို့တွင် အသက် ၆၀ အထက် လူကြီးများ ကြိုတင် မဲပေးကြသည့် မြင်ကွင်းတချို့။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ် စတင်နေချိန်မှာပဲ လွဲမှားမှုတွေ တွေ့နေရတဲ့အတွက် အကဲခတ်တွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ |
တန်ဖိုးကြီး လက်ပတ်နာရီတွေအရေးနဲ့ သြစတြေးလျစာတိုက်ဌာန အကြီးအကဲ နုတ်ထွက်ရ Posted: 02 Nov 2020 08:55 AM PST ခရစ်စတင်း ဟိုးလ်ဂိတ်က နာရီတွေဟာ တာဝန်ထမ်းဆောင်မှုကောင်းတဲ့ ဝန်ထမ်းတွေကို ဆုချီးမြှင့်တာလို့ဆိုတာဝန်ထမ်းဆောင်မှုကောင်းတဲ့ ဝန်ထမ်း လေးယောက်ကို တန်ဖိုးကြီး လက်ပတ်နာရီဆုတွေ ချီးမြှင့်ဖို့အတွက် သြစတြေးလျဒေါ်လာ နှစ်သောင်း (အမေရိကန်ဒေါ်လာ ၁၄၀၀၀)သုံးဖို့ခွင့်ပြု လိုက်ပြီးတဲ့နောက် အဲဒီကိစ္စနဲ့ သြစတြေးလျစာတိုက်ဌာန အကြီးအကဲ ရာထူးကနေ နုတ်ထွက် သွားပါတယ်။နိုင်ငံပိုင်စာတိုက်ဌာနကို ၂၀၁၇ခုနှစ်ကတည်းက |
အလယ်အလတ်ကနေ ပြင်းထန်အဆင့် ရှိတဲ့ လာနီညာ ရာသီဥတု ဖြစ်စဉ် ပစိဖိတ်သမုဒ္ဒရာထဲမှာ ဖြစ်ထွန်းနေပါတယ်။ Posted: 02 Nov 2020 08:52 AM PST ပိစိဖိတ်သမုဒ္ဒရာအတွင်း ရေတွေပိုအေးလာပြီး လာနီညာ ဖြစ်လာပြီဆိုတာ ဖော်ပြနေပုံအလယ်အလတ်ကနေ အပြင်းအထန်အဆင့်အထိ ဖြစ်လာနိုင်တဲ့ လာနီညာ (La Niña) ရာသီဥတုဖြစ်စဉ် ပိစိဖိတ်သမုဒ္ဒရာထဲမှာ ဖြစ်ထွန်းနေပြီလို့ (World Meteorological Organization) WMO ကမ္ဘာ့မိုးလေဝသနဲ့ ဇလဗေဒအဖွဲ့ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။သဘာဝအရဖြစ်လာတဲ့ ဒီ လာနီညာ ရာသီဥတုဖြစ်စဉ်မှာ သမုဒ္ဒရာရဲ့ အပေါ်ယံရေမျက်နှာပြင်ဟာ နေရာ အကျယ်အပြန့်မှာ အေးလာ |
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ လာရောက် အဖမ်းခံ Posted: 02 Nov 2020 08:48 AM PST နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဦးဝီရသူဟာ နိုဝင်ဘာလ ၂ ရက် ဒီကနေ့မှာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ၆ ရက်အလိုမှာ အခုလိုလာရောက် အဖမ်းခံတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက် တစ်ခုခုရှိနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာ အောင်ရှင်ကပြောပါတယ်။"ဦးဝီရ |
လှည်းကူး၊ ပေါင်နဲ့ ပုသိမ် ကြိုတင်မဲပေးမှုမှာ တံဆိပ်တုံးအတု သုံးတယ်လို့ စွပ်စွဲခံနေရ Posted: 02 Nov 2020 08:47 AM PST ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ကြိုတင်မဲကောက်ခံရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက မဲရုံကိုယ်စားလှယ်ဟာ တံဆိပ်တုံးအတု အသုံးပြုတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက် တိုင်ကြားသွားမယ်လို့ NLD ပါတီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ် ပေါင်မြို့နယ်နဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း UEC စာသားမပါတဲ့ တံဆိပ်တုံးတွေနဲ့ မဲပေးမှုတွေ ရှိခဲ့ပါတယ်။အသက် ၆၀ အထက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.