Wednesday, November 4, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၆,၉၄၀ ဦး၊ သေဆုံး ၁,၃၃၀ ဦး

Posted: 04 Nov 2020 07:27 AM PST

COVID ရောဂါရှိမရှိ စစ်ဆေးပေးနေတဲ့ PPE ဝတ်စုံဝတ် ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၀၈၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၃၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဓာတ်ခွဲနမူနာပေါင်း ၁၄,၉၅၅ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး

တပ်မတော်ထုတ်ပြန်ချက် ဖွဲ့စည်းပုံနဲ့မညီ - သမ္မတရုံးပြောခွင့်ရသူ

Posted: 04 Nov 2020 07:25 AM PST

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (နိုဝင်ဘာ ၀၄၊ ၂၀၂၀)မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် တပ်မတော်က ဝေဖန်လိုက်တဲ့အပေါ် အစိုးရတာဝန်ရှိသူက ဒီနေ့ပဲ တုံ့ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့

ဇေယျာသီရိမြို့နယ်က တပ်မဲရုံတစ်ခုမှာ ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်တောက်မှုဖြစ်ပွား

Posted: 04 Nov 2020 07:23 AM PST

အနော်ရထာမှာ ရှိတဲ့ မဲပုံး ၁၂ ပုံလုံးကို အခုလို မဖြစ်အောင် လုံခြုံရေးကြိုးတွေ ထပ်မံချိပ်ပိတ်ပေးခဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စိုက်ရာ၊ တပ်ရင်းတပ်ဖွဲ့ မိသားစုတွေအများစုနေထိုင်ရာ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင်းက အနော်ရထာတပ်မဲရုံမှာ ကြိုတင်မဲပုံတစ်ပုံး လုံခြုံရေးကြိုး အလိုအလျောက်ပြတ်တောက်မှုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်ကို ကြားသိရချင်းမှာပဲ ဇေယျာသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အ

တပ်ချုပ်ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုမရှိဟု အစိုးရ ပြော

Posted: 04 Nov 2020 07:22 AM PST

လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးဟာ အစိုးရဦးစားပေးမူဝါဒဖြစ်ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ဟာ တိကျသေချာမှုမရှိတဲ့ ပြောကြားချက်တွေကိုအခြေခံထားပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အထောက်အကူမပြုဘဲ မတည်မငြိမ်ဖြစ်စေရေးကို အားပေးရာရောက်နေတယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။နိုဝင်ဘာ ၄ရက်နေ့က သမ္မတအိမ်တော်မှာ ကျင်းပတဲ့

မိုင်းဆတ်က ကျေးရွာအုပ်စု လေးခုမှာ ရွေးကောက်ပွဲဖျက်သိမ်းပေးဖို့ ပါတီတချို့တောင်းဆို

Posted: 04 Nov 2020 07:20 AM PST

ရှမ်းပြည်နယ် အရှေ့ပိုင်းက မိုင်းဆတ်မြို့တစ်နေရာကို မြင်တွေ့ရစဉ်Photo: Shan Nationalities League for Democracyဝဒေသဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်က ကျေးရွာအုပ်စု လေးခုမှာ ရွေးကောက်ပွဲ ဖျက်သိမ်းပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မိုင်းဆတ်မြို့က နိုင်ငံရေးပါတီ လေးခုက ကော်မရှင်ထံ စာရေးသား တောင်းဆိုလိုက်ပါတယ်။ဒီကျေးရွာအုပ်စုတွေမှာ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမဲဆွယ်

မွန်ပြည်နယ်က ရေလုပ်သား တစ်ထောင်နီးပါး မဲပေးခွင့်ဆုံးရှုံးနိုင်

Posted: 04 Nov 2020 07:19 AM PST

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာမှာ ရေလုပ်သား ၁၀၀၀ နီးပါးဟာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲကို နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့မှာထည့်ဖို့ ညွှန်ကြားချက်ကြောင့် မဲထည့်ခွင့်ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာနဲ့ ဝဲပတန်ကျေးရွာတွေက ရေလုပ်သားတစ်ထောင်နီးပါးဟာ မြိုနယ်ကော်မရှင်ရဲ့ ကြိုတင်မဲပေးရက် သတ်မှတ်ချက်ကြောင့် မဲပေးခွင့် ဆုံးရှုံးရမယ့်

ကန်ရွေးကောက်ပွဲ မြန်မာတွေ လေ့လာပုံ

Posted: 04 Nov 2020 07:17 AM PST

Florida ပြည်နယ် Miami မြို့က မဲပေးခဲ့တယ်ဆိုတဲ့ Sticker များ။ (နိုဝင်ဘာ ၀၃၊ ၂၀၂၀)လက်ရှိ COVID ကာလ အမေရိကန်ရွေးကောက်ပွဲ ကျင်းပမှုပုံစံကနေ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို သင်ခန်းစာယူစရာတွေ ရှိသလဲ။ နောက် အမေရိကန်ရဲ့ နိုင်ငံရေးအပြောင်းအလဲက မြန်မာနိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲဆိုတဲ့သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။လက်ရှိ COVID ကပ်ရောဂါ ကူးစက်မှု

အခြေခံကျောင်းများအတွက် အွန်လိုင်သင်ကြားမှုအစီအစဉ် ရွှေ့ဆိုင်း

Posted: 04 Nov 2020 07:15 AM PST

ရန်ကုန်မြို့က အထက်တန်းကျောင်းတခုမှာ COVID-19 ကပ်ရောဂါကာလ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်း။ (ဇူလိုင် ၂၁၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကာလ ပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေက ကျောင်းသားတွေအတွက် အွန်လိုင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ သင်ခန်းစာတွေ ထုတ်လွှင့်သင်ကြားမယ့် အစီအစဉ်ကို ဒီနှစ်ကုန်အထိ ရွှေ့ထားရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။ကပ်ရောဂါကြောင့် ကျောင်းတွေ

အမေရိကန် ရွေးကောက်ပွဲရလဒ် ဘယ်တော့သိရမလဲ

Posted: 04 Nov 2020 07:02 AM PST

 အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် မဲရုံတွေ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်အတွက် ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်ကြား အားပြိုင်မှုကတော့ ရလဒ်ထွက်မလာသေးပါဘူး။ ဘာကြောင့်ပါလဲ။ရွေးကောက်ပွဲ ကျင်းပတဲ့ညမှာ မဲရလဒ်အဖြေချက်ချင်း ထွက်မလာတာကတော့ အမြဲတမ်းလိုလို ဖြစ်နေကြပါ။ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပျံ့နှံ့မှုတွေကြောင့် အမေရိကန် နိုင်ငံသား သန်းနဲ့ချီ စာတိုက်ကနေ တစ်ဆင့် မဲပေးခဲ့ကြပါတယ်။ဒါကြောင့်

ထရမ် နဲ့ ဘိုင်ဒန် ရွေးကောက်ပွဲနိုင်ဖို့ ဘယ်ပြည်နယ်တွေမှာ နိုင်ဖို့လိုနေသေးလဲ

Posted: 04 Nov 2020 06:58 AM PST

အမေရိကန် သမ္မတရွေးကောက်ပွဲပြီးလို့ တစ်ညတာဖြတ်သန်းပြီးရင် မနက်ခင်းမှာ ဘယ်သူ သမ္မတလဲ ဆိုတာ အဖြေထွက်တတ်ပေမဲ့ ဒီတစ်ခေါက်က ရွေးကောက်ပွဲ သီတင်းပတ်ဖြစ်မဲ့ပုံ ရှိပါတယ်။နိုင်ငံတစ်ဝန်းမှာ ကောက်ခဲ့ကြတဲ့ လူထုစစ်တမ်းတွေမှာ ဂျိုး ဘိုင်ဒန်က ထိပ်ကပြေးခဲ့တာမို့ သူ သက်သက်သာသာနိုင်သွားမယ်၊ ထရမ့်နိုင်မယ်ဆိုရင်လည်း ပွတ်ကာသီကာနဲ့ နိုင်မှာ စသဖြင့် တွက်ဆချက်တွေ ရှိခဲ့ပါတယ်။အခု မဲပေးကြပြီး အမေရိကန်မှာ မနက်အစောပိုင်း

ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့

Posted: 04 Nov 2020 06:56 AM PST

၄  နိုဝင်ဘာညဘက်ခေါင်းမလျှော်နဲ့နော်။ ရေစိုကြီးနဲ့အိပ်ရင် ဖျားမယ်လို့ မေမေတို့ ဖွားဖွားတို့ဆီက ဆူတာခံရဖူးတာ။ ဆံပင်စိုကြီးနဲ့ အိပ်လို့ ဖျားတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံပင်စိုကြီးနဲ့ အိပ်ရာမဝင်သင့်တာကတော့ အမှန်ပါပဲ။ ခေါင်းလျှော်ပြီးရင် အိပ်ချင်တာကလည်း အမှန်ပဲနော်။ ဒါပေမယ့် ဆံပင်ခြောက်မှပဲ အိပ်ပါလို့ ပြောပါရစေနော်။ ဘာကြောင့်ဆံပင်ရေစိုနဲ့ မအိပ်ခိုင်းရတာလဲဆိုတာကို ပြောပြပေးပါရစေနော်။ဆံပင်ရေစို

အရေပြားယားနာအကြောင်း သိကောင်းစရာ

Posted: 04 Nov 2020 06:52 AM PST

အရေပြားယားနာနှင့် အေတိုးပစ်ယားနာ  အရေပြားယားနာဆိုသည်မှာ   ခန္ဓာကိုယ်တွင် ပေါ်သည့်  ယားသောအနာဖြစ်သည်။ အင်္ဂလိပ်အခေါ် အားဖြင့် Eczema  ဟု ခေါ်ကြသည်။  ယင်းအခေါ်အဝေါ် သည်   ဂရိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ Dermatitis ဟူသော အင်္ဂလိပ်စကားလုံးနှင့် အဓိပ္ပာယ် ဆင်တူသည်။ အရေပြားယားနာများသည် ယားသော ကြောင့်   ကုတ်မိကာ အရေပြား  ရောင်ရမ်းလာတတ်သည်။ အရေပြားယားနာသည် နီရဲပြီး အဖတ်ကွာသည့် ပုံစံ ဖြစ်လာနိုင်

ဒီးမော့ဆိုမှာ ကြိုတင်မဲ အမှားအယွင်း ၆၀ ကျော်နေ

Posted: 04 Nov 2020 06:50 AM PST

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာက မဲရုံအမှတ်(၁) မဲပုံးကို တွေ့ရစဉ်Photo: Soe Soe Htet/RFAကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာအုပ်စုမှာ ကြိုတင်မဲပေးဖို့ ဆန္ဒမဲလက်မှတ်တွေ ဖြန့်ဝေမှု မှားယွင်းနေတာကြောင့် မဲဆန္ဒရှင် အယောက် ၆၀ ကျော် ကြိုတင်မဲလက်မှတ်တွေ မှားယွင်းပြီးပေးမိခဲ့ကြပါတယ်။ကြိုတင်မဲစတင်ပေးလို့ရတဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာပဲ  ကြိုတင်မဲထည့်ကြတဲ့ မဲဆန္ဒရှင် ၁၃၀ ဦးရှိတဲ့အထဲမှာမှ ၆၆

NLD အမတ်လောင်းနဲ့ မောင်းမကန်ကော်မရှင် အငြင်းပွားနေ

Posted: 04 Nov 2020 06:48 AM PST

NLD လောင်းလုံးမြို့နယ်ရဲ့ မဲရုံကိုယ်စားလှယ်သင်တန်းမှာ တိုင်းဒေသကြီးလွှတ်တော် အမတ်လောင်း ဦးဗိုလ်ထွေး ကို ၂၀၂၀၊ အောက်တိုဘာ ၁၄ ရက်နေ့ကတွေ့ရစဉ်Photo: U Bo Htwe's FBအသက် ၆၀ နှစ်ပြည့် ဆန္ဒမဲပေးမှုကိစ္စမှာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ ရွေးကောက်ပွဲဝင်ပြိုင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်အမတ်လောင်း ဦးဗိုလ်ထွေးက မောင်းမကန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို

ကန်ရွေးကောက်ပွဲ မြန်မာနိုင်ငံရေးသက်ရောက်မှု (ဒေါက်တာတင်မောင်သန်းနှင့်မေးမြန်းခြင်း)

Posted: 04 Nov 2020 06:46 AM PST

အမေရိကန်ရွေးကောက်ပွဲရလဒ်ကနေ မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်တဲ့အခြေအနေတွေကို ကြည့်ရအောင်ပါ။ လက်ရှိအသံလွှင့်နေချိန်အထိ အမေရိကန် ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေ တရားဝင်ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့သက်ရောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးတင်မောင်သန်းက ခုလိုသုံးသပ်ပြပါတယ်။ဦးတင်မောင်သန်း။ ။ ယေဘူယျအားဖြင့်တော့ Trump က နိုင်ငံခြားရေးကိုတော့ သိပ်စိတ်မဝင်စားဘူး။ ဒါပေမဲ့ တရုတ်

ကန်အထက်လွှတ်တော် ဒီမိုကရက်ထိန်းချုပ်ခွင့်ရဖို့ မျှော်လင့်ချက်နည်း

Posted: 04 Nov 2020 06:44 AM PST

မြို့တော် Washington ရှိ လွှတ်တော်အဆောက်အဦး၊ Capitol Hill။အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့အတူ ကျင်းပတဲ့ ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲတွေမှာ အောက်လွှတ်တော်ကို ဒီမိုကရက်တွေက လူများစုနဲ့ ဆက်ထိန်းထားနိုင်မယ့် အလားအလာရှိနေပြီး အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့ မေ ျှာ်လင့်ချက်ကတော့ မှေးမှိန်နေပါတယ်။အကျိတ်အနယ်ပြိုင်ရတဲ့ အထက်လွှတ်တော်နေရာ အတော်များများမှာ လက်ရှိ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်တွေက ပြိုင်ဘက်

ကျောက်တော်မြို့နယ်တွင် ဟင်းရှာရန်သွားသည့်အမျိုးသမီးငယ်တစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်

Posted: 04 Nov 2020 06:41 AM PST

နိရဥၥရာ၊ နိုဝင္ဘာ ၄/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာမှ ဟင်းရှာရန်သွားသည့် အမျိုးသမီးငယ်တစ်ဦးမှာ ယနေ့ နံနက် ၁၁ နာရီခန့်က ကျေးရွာအနီးဘီလူးတောင်ကုန်းတွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ချောင်းလုံး ပြတ်ထွက် သွားကြောင်း သတင်းရရှိသည်။၎င်းအမျိုးသမီးငယ်မှာ မစန္ဒာအေး(၁၈)နှစ်ဖြစ်ပြီး မိခင်ဖြစ်သူအပါအဝင်အဖော်လေးဦးနှင့်အတူ သင်္ဘောဥ တူးရန် သွားရာမှ မိုင်နင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ သူမ၏

မြေပုံမြို့နယ်တွင် လူငယ်နှစ်ဦးသေနတ်ပစ်ခံရ၍ ဒဏ်ရာရ၊ တစ်ဦးကို ဆေးရုံတင်ထားရ

Posted: 04 Nov 2020 06:39 AM PST

နိရဥၥရာ၊ နိုဝင္ဘာ ၄/၂ဝ၂ဝရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကြက်ရေကြီးကျေးရွာမှ လူငယ်နှစ်ဦးမှာ ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် မြေပုံမြို့အထွက် ကံသာရွာအနီးတွင် တပ်မတော်လုံခြုံရေး တပ်ဖွဲ့မှ ပစ်ခတ်လိုက်သည့် သေနတ်ကျည် ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ဒဏ်ရာရရှိခဲ့သူများမှာ ကိုမျိုးနိုင်(၂၁)နှစ်နှင့် မောင်စိုးထက်အောင်(၁၈)နှစ်တို့ဖြစ်သည်။၎င်းတို့မှာ မယ်ဒလင်ကြိုးဝယ်ယူရန် မြေပုံမြို့ပေါ်သို့ နိုဝင်ဘာလ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.