သစ္ထူးလြင္ |
- ဘာသာရေး၊လူမျိုးရေး၊အကြောင်းပြ မဲဆွယ်မှုနဲ့ မင်းကင်း ဦးမောင်မြင့် အမှုဖွင့်ခံရ
- မြန်မာကိုဗစ် အတည်ပြုလူနာ ၇၉,၂၄၆ ဦး၊ သေဆုံးသူ ၁၇,၃၉ ဦး
- ကျောက်မဲဒေသလုံခြုံရေး ဒေသခံတွေစိုးရိမ်
- NLD အနိုင်ရ အမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ
- ဂန့်ဂေါမြို့နယ်၌ သုံးဘီးဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ
ဘာသာရေး၊လူမျိုးရေး၊အကြောင်းပြ မဲဆွယ်မှုနဲ့ မင်းကင်း ဦးမောင်မြင့် အမှုဖွင့်ခံရ Posted: 22 Nov 2020 12:12 PM PST ဦးမောင်မြင့် မင်းကင်းစျေးမှာ နှာခေါင်းစည်းဝေနေစဥ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက မင်းကင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဟာ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးဟောပြောမှုတွေနဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ်မှာ အမှုဖွင့်ခံထားရထားတယ်လို့ သိရပါတယ်၊မင်းကင်းမြို့နယ်ထဲက ဥယျဉ်မရွာနဲ့ ကျွန်းတော်အရှေ့ရွာတို့မှာ ဟောပြောစဥ် လူမျိုးရေး၊ဘာသာရေးနဲ့ ပတ်သက်လို့ ထိခိုက်စေတဲ့ စကားလုံးတွေနဲ့ ဟောပြော |
မြန်မာကိုဗစ် အတည်ပြုလူနာ ၇၉,၂၄၆ ဦး၊ သေဆုံးသူ ၁၇,၃၉ ဦး Posted: 22 Nov 2020 12:08 PM PST ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကုန်ကားမောင်းသူတွေကို COVID-19 စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက် ၇၉,၂၄၆ ယောက်ရှိသွားပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။ဒီနေ့မှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၁,၃၉၈ ယောက်နဲ့ သေဆုံးသူ ၁၇ ယောက်ရှိတယ်လို့ ကျန်းမာရေး |
ကျောက်မဲဒေသလုံခြုံရေး ဒေသခံတွေစိုးရိမ် Posted: 22 Nov 2020 12:02 PM PST ရှမ်းပြည်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ မြန်မာ့တပ်မတော်သားများ။ (သြဂုတ် ၁၅၊ ၂၀၁၉)စစ်ရေးတင်းမာမှု ပဋိပက္ခတွေ ပစ်ခတ်မှုတွေ ရှိနေတဲ့ ကျောက်မဲမြို့ အပါအဝင် ရှမ်းပြည်နယ်ရဲ့ နယ်မြေဒေသ တည်ငြိမ်ရေးနဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးမှု ရှိရေးတွေမှာ အစိုးရ တာဝန်ရှိသူတွေဘက်က တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ရှမ်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရှမ်းဒေသခံတွေ ပြောဆိုလိုက်ပါ |
NLD အနိုင်ရ အမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ Posted: 22 Nov 2020 12:00 PM PST ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် မနေ့ညက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ် ခံရတာဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ကန့်ကွက်ရှုတ်ချနေကြပါတယ်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့က နေအိမ်မှာရှိနေ |
ဂန့်ဂေါမြို့နယ်၌ သုံးဘီးဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ Posted: 22 Nov 2020 11:55 AM PST နေပြည်တော် ၂၂ နိုဝင်ဘာမကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်အမှတ် (၁၁/၆-၇)ကြား၌ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်က သုံးဘီးယာဉ် တိမ်းမှောက်မှုကြောင့် သုံးဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မောက်ကျေးရွာဘက်မှ မြောက်ခင်ရန်းကျေးရွာဘက်သို့ မြောက်ခင်ရန်းကျေးရွာနေ ကောင်းသန့်လင်း (ခ) သားတိုး (၁၉)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးသန်းဘို (၆၁)နှစ်နှင့် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.