Tuesday, November 24, 2020

သစ်ထူးလွင်

သစ်ထူးလွင်


အစိုးရသစ်လက်ထက် စစ်ဘေးရှောင်ကိစ္စ ဦးစားပေးအစီအစဉ်တွင် ပါရှိဟုဆို

Posted: 23 Nov 2020 07:39 PM PST

နိရဥၥရာ၊ ႏိုဝင္ဘာ ၂၄/၂၀၂၀လက်ရှိ ရခိုင်စစ်ဘေးရှောင်ကိစ္စမှာ အသစ်တက်လာမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ဦးစားပေး အစီအစဉ်တွင် ပါဝင်ကြောင်း NLD ပါတီပြောခွင့်ရသူ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က နိရဥ္စရာသို့ ပြောကြားသည်။" အစိုးရအနေနဲ့ ဒီကိစ္စက ဦးစားပေးအစီစဉ်ထဲမှာပါတယ်။ စစ်ဘေးရှောင် ကိစ္စတွေ ဒီဦးစားပေး အစီစဉ်ထဲမှာ ပါတယ်။ အစိုးရက စစ်ဘေးရှောင်တွေ အပေါ်မှာ လိုအပ်တဲ့

မကြာခင်ထွက်လာတော့မယ့် COVID-19 ကာကွယ်ဆေး မျှမျှတတ ဖြန့်ဖြူးဖို့ လိုအပ် (WHO အကြီးအကဲ)

Posted: 23 Nov 2020 07:20 PM PST

World Health Organization (WHO) Director-General Tedros Adhanom Ghebreyesusကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် အတည်ပြုချက် ကျတော့မယ့်အနေထားတွေ့နေချိန်မှာပဲ ဒီကာကွယ်ဆေး ဖြန့်ဖြူးရေးမှာ တန်းတူညီမ ျှဖြစ်အောင် နိုင်ငံတကာ အသိုင်းဝိုင်းက လုပ်ဆောင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့မှာပန်ကြားလိုက်ပါတယ်။အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန FDA နဲ့ ဥရောပဆေးဝါးဆိုင်ရာ စည်းမျဉ်းဥပဒေ

Astra Zeneca ကိုဗစ်ဆေးစမ်းသပ် ထိရောက်မှုရှိ

Posted: 23 Nov 2020 07:18 PM PST

 ဗြိတိန်နဲ့ ဘရာဇီးလ်နိုင်ငံမှာ လူတွေနဲ့စမ်းသပ်နေတဲ့ Astra Zeneca ဆေးကုမ္ပဏီရဲ့ COVID-19 ရောဂါကာကွယ်ဆေးတွေ ကောင်းကောင်း ထိရောက်မှု ရှိတာတွေ့ရကြောင်းနဲ့ ကိုယ့်သဘောနဲ့ ကာကွယ်ဆေး ထိုးစမ်းသပ်ခံထားသူ တယောက်မှ ဆေးရုံတင်ရတာဒါမှမဟုတ် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မတွေ့ရဘူးလို့ ကုမ္ပဏီက တနင်္လာနေ့မှာပြောပါတယ်။Oxford တက္ကသိုလ်နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Astra Zeneca ဆေးကုမ္ပဏီ က လူတွေကို ကိုဗစ်ကာကွယ်ဆေး ၂ လုံး

ဒေါ်လာ၂သန်းနီးပါးတန်တယ်ဆိုတဲ့ အင်ဒိုနီးရှားက ဥက္ကာပျံ

Posted: 23 Nov 2020 07:16 PM PST

ဂျိုဆွာ ဟူတာဂါလွန်ဟာ နဲ့သူရဲ့ ဥက္ကာပျံအင်ဒိုနီးရှား ရွာတစ်ရွာက အိမ်တစ်အိမ်ရဲ့ ခေါင်မိုးပေါ်ကို ဥက္ကာခဲတစ်ခုကျပြီး အဲ့ဒီဥက္ကာခဲက ဒေါ်လာသန်း နဲ့ချီတန်နေလို့ သူ့ဘဝပြောင်းသွားပြီဆိုတဲ့ သတင်းက ကမ္ဘာတလွှားမှာ ထိပ်တန်း သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ပြီးတော့ ဒီဥက္ကာခဲရဲ့တန်ကြေးက ဒေါ်လာ ၁.၈သန်းတန်တယ်လို့ ခန့်မှန်းချက်တွေထွက်လာပြီးနောက် တွေ့တဲ့သူ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်ပြီဆိုတာလည်း ပြောကြပါတယ်။ပြီးတော့

ပုဏ္ဏားကျွန်းမြို့ဓာတ်ဆီဆိုင်မှ လူတစ်ဦးသတ်ဖြတ်ခံရ

Posted: 23 Nov 2020 06:56 PM PST

နိရဥၥရာ၊ ႏိုဝင္ဘာ ၂၄/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပညာပါရမီကျောင်းအနီး ဓာတ်ဆီဆိုင်မှ လူတစ်ဦး ကုန်ခဲ့သည့် ညဉ့်အချိန်က  အသတ်ခံရပြီး အလောင်းကို ယနေ့နံနက်က တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။သေဆုံးသူမှာ အောင်ကျော်နု(၄၆)နှစ်ဖြစ်ပြီး ၎င်းမှာ မြောက်ဦးမြို့နယ်မှ သူငယ်ချင်းဖြစ်သူ ဆီဆိုင်ပိုင်ရှင်အား လာရောက် ကူညီ လုပ်ကိုင်နေသူဖြစ်ကြောင်း အနီးအနားရှိ ဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။"သူက ပိုင်ရှင်နဲ့

ကိုရီးယားရောက်မြန်မာတွေ ကိုဗစ်စည်းကမ်းလိုက်နာဖို့ သံရုံးတိုက်တွန်း

Posted: 23 Nov 2020 11:26 AM PST

တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တွေ့ရတဲ့ လမ်းသွားလမ်းလာတချို့။ (သြဂုတ် ၂၅၊ ၂၀၂၀)တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါ တတိယလှိုင်း ရိုက်ခတ်ကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး ကိုရီးယားအစိုးရ ထုတ်ပြန်တဲ့ ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်သစ်တွေ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ အထူးလိုက်နာကြပါလို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ မနက်ဖြန် အင်္ဂါနေ့

ရန်ကုန် စက်ရုံ၊ အလုပ်ရုံတွေမှာ ကိုဗစ်ကူးသူတိုးနေ

Posted: 23 Nov 2020 11:25 AM PST

ရန်ကုန်မြို့ရှိ စက်ရုံတခုမှာ တွေ့ရတဲ့ အလုပ်သမားတချို့။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းထဲက စက်ရုံအလုပ်ရုံတွေမှာ ရောဂါပိုးကူးစက်သူတွေ တိုးလာနေတာကြောင့် သတိထားဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။ရန်ကုန်တိုင်းထဲက စက်ရုံ၊ အလုပ်ရုံ ၁၀၀ ကျော်မှာ အလုပ်သမားတွေ ကိုဗ

မတရားမှုက တွန်းပို့လို့ အမျိုးသမီးရေး ရှေ့ထွက် ရပ်တည်ခဲ့သူ

Posted: 23 Nov 2020 11:23 AM PST

လူမျိုးစုဓလေ့ထုံးတမ်းစဉ်လာနဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရမှုတွေက သူ့ကို အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဖြစ်လာစေခဲ့တယ်လို့ ဆိုပါတယ်။"ကျွန်မ အသက် ၁၅ နှစ်မှာ ရာသီ စလာတယ်။ ကျွန်မလူမျိုးရဲ့ယုံကြည်မှုနဲ့ အလေ့အကျင့်အရ ရာသီလာချိန်မှာ အမျိုးသမီးတွေဟာ သူများအိမ်ကို ပို့တာခံရ၊ ဘယ်အရာနဲ့မှ ထိတွေ့ခွင့်မရ၊ ဘယ်သူနဲ့မှ စကားပြောခွင့်မရ။ အခန်းတစ်ခုမှာ ပိတ်လှောင်ခြင်းခံရတယ်။ ဒါတွေဟာ အမျိုးသမီးဖြစ်တဲ့အတွက် ဒီလိုခွဲခြား

ပြည်တွင်းစစ်ကြောင့် ခြောက်လအတွင်း ကလေး ၄ဝ ကျော်သေဆုံး၊ တစ်ရာကျော် ဒဏ်ရာရ

Posted: 23 Nov 2020 11:11 AM PST

စစ်ကိုင်းတိုင်း လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်တိုက်တမ်း ကစားနေသည့် ကလေးငယ်များအား ၂၀၂၀ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။AFP၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ကလေး ၄၃ ယောက်သေဆုံးခဲ့ရပြီး၊ ၁၀၃ ယောက် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောလိုက်ပါတယ်။ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်

ရခိုင်မှာတိုက်ပွဲရပ်နေလို့ စစ်ဘေးဒုက္ခသည် သောင်းချီနေရပ်ပြန်

Posted: 23 Nov 2020 11:09 AM PST

ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်ဘဲ အေးချမ်းနေတဲ့အတွက် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် အပါအဝင် တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီပြီး နေရပ်ကိုပြန် နေကြပါတယ်။ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သုံးသောင်း နီးပါးဟာ ခုရက်ပိုင်းအတွင်း

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၈ သောင်းကျော်ပြီ

Posted: 23 Nov 2020 11:06 AM PST

ရန်ကုန်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦးကို သဂြိုင်္ဟ်ပြီး တွေ့ရသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၂၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၈၀,၀၀၀ ကျော်သွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၃ တနင်္လာနေ့ည ၈ နာရီထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာသစ် ၁,၂၅၉ ယောက်တိုးတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာဟာ ၈၀, ၅၀၅ ယောက်ဖြစ်ပါတယ်။ဒီနေ့စာရင်းမှာ သေဆုံးသူ ၂၆ ယောက်ထပ်တိုး

ရွေးကောက်ပွဲဝန်ထမ်း ၁၀၀ ကျော် ကိုဗစ်ကူးစက်

Posted: 23 Nov 2020 11:04 AM PST

နေပြည်တော်ရှိ မဲရုံတခုတွင် ဆန္ဒမဲများရေတွက်နေသည့် ကော်မရှင်အဖွဲ့ဝင်များ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေထဲ ပြည်နယ်နဲ့တိုင်း အသီးသီးက ရွေးကောက်ပွဲလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၁၀၀ ထက်မနည်း ပါဝင်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက သတင်းပေးပို့ထားပါတယ်။ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး သီတင်း ၂ ပတ်ကြာ အချိန်မှာပဲ ရောဂါကူးစက်ခံရသူတွေထဲ ရွေးကောက်ပွဲ တာဝန်

ကျောက်မဲက ရွေးကောက်ခံကိုယ်စားလှယ် လုပ်ကြံခံရမှု ရဲ့နောက်ကွယ်

Posted: 23 Nov 2020 11:02 AM PST

ဓာတ်ပုံ ရင်းမြစ်, NLDကျောက်မဲမြို့နယ် ပင်တိန်ရွာက နေအိမ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ည ၆ နာရီလောက်က သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားခဲ့တဲ့ ကျောက်မဲခရိုင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် ရဲ့ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့က မီးသဂြိုဟ်ပြီးစီးခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှာတော့ ကျန်ရစ်တဲ့ အရိုးပြာတွေကို ကောက်ခဲ့ကြပါတယ်။အခုအချိန်အထိတော့ သူ့ကိုဘယ်အဖွဲ့က လုပ်ကြံတာ၊ ဘယ်သူက လုပ်ကြံခဲ့တယ်ဆိုတာ

ထိုင်းပို့ကုန်တွေကို မြန်မာကုန်သွယ်ရေးဂိတ်အတွင်းက ဂိုဒေါင်တွေအထိ ပို့လို့ရပြီ

Posted: 23 Nov 2020 10:58 AM PST

ထိုင်းဘက် က အသီးအနှံနဲ့ သားငါးတွေမြန်မာဘက် ကိုတင်ပို့ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်က ပိတ်ထားခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေး ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မြန်မာဘက်က ပြန်ဖွင့်လိုက်ပြီ ဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ထိုင်းပို့ကုန်တွေကို မြန်မာကုန်သွယ်ရေးဂိတ်အတွင်းက ဂိုဒေါင်တွေအထိ ပို့ဆောင်ပေးဖို့ ကရင်ပြည်နယ် အစိုးရက ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည် ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ပေါက်စီစက်ရုံ လုပ်သားတွေကိစ္စ လူ့အခွင့်အရေးကော်မရှင် စစ်ဆေးနေ

Posted: 23 Nov 2020 10:54 AM PST

ဒဂုံဆိပ်ကမ်းမြို့နယ်က ပေါက်စီစက်ရုံရှေ့မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က လူစုလူဝေးဖြစ်ခဲ့စဉ်Photo: ညီညွတ်သော ဒီမိုကရက်တစ်မျိုးဆက်များအဖွဲ့ချုပ်ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က ပေါက်စီမုန့်တိုက်မှာ အလုပ်လုပ်နေကြတဲ့ ကလေးတွေကို အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်နေကြောင်း စွပ်စွဲချက်ကို လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် ကြားသိရလို့ စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က

NLD အမတ်ကို လုပ်ကြံမှု လက်နက်ကိုင်အဖွဲ့တွေ ရှုတ်ချ

Posted: 23 Nov 2020 10:53 AM PST

ကျောက်မဲမြို့နယ်အတွင်း နှစ်စဉ်လုပ်ကြံခံရလို့ သေဆုံးမှုတွေထဲမှာ ဦးထိုက်ဇော်ဖြစ်စဉ်ဟာ နောက်ဆုံး ဖြစ်စေချင်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒေသအတွင်းလှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကလည်း ဦးထိုက်ဇော်လုပ်ကြံခံရမှုကို ရှုတ်ချကြောင်းပြောဆိုထားကြပါတယ်။ကျောက်မဲမြို့နယ် ဟာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.