သစ္ထူးလြင္ |
- ဝါရင့်သံတမန် Antony Blinken ကန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် လျာထားခံရ
- ရွေးကောက်ခံသမ္မတ Biden ကို COVID-19 တိုက်ဖျက်မှုဖလှယ်ရေး နယူးဇီလန် ဝန်ကြီးချုပ် Ardern ကမ်းလှမ်း
- ချားလ်စ်ဒါဝင်ရဲ့ ဒေါ်လာသန်းနဲ့ချီတန်မှတ်စုစာအုပ်တွေ ပျောက်နေတာ နှစ်၂၀ကြာ
- သမ္မတရာထူးလွှဲဖို့ ကိစ္စ စလုပ်ဖို့ ထရမ့် သဘောတူ
- အလားအလာကောင်း ကိုဗစ်ကာကွယ်ဆေး သုံးမျိုးရှိပြီ
- COVID-19 သုတေသနနဲ့ ကာကွယ်ဆေးဆိုင်ရာ တိုးတက်မှု WHO ချီးကျူးပြောဆို
- ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားမှုပေးဖို့ ဝ တပ်ဖွဲ့မျှော်လင့်နေတယ်လို့ပြော
- ရခိုင်မှာ လူတစ်ရာကို ၈ ဦးနှုန်း ကိုဗစ်ပိုးတွေ့နေ
- တောင်ကုတ်မြို့နယ်တွင် မျက်နှာဖုံးစွပ်လူတစ်စုက ဘဏ်ငွေထုတ်လာသူတစ်ဦးထံမှ ငွေကိုမယူဘဲလူကို ဖမ်းဆီးခေါ်ဆောင်သွား
- မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ
- ICJ ကြားဖြတ်စီရင်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ဝေဖန်ခံနေရ
- ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျား(သံသယ)ရောဂါကြောင့် ဝက်ကောင်ရေ(၄၃)ကောင်ခန့်သေဆုံး
- မြန်မာအလုပ်သမားတွေကို ငွေညှစ်နေတဲ့ ထိုင်း လဝက အတုဂိုဏ်း ဖြိုခွဲခံရ
- COVID-19 ကူးစက်မှု မြန်မာအနေနဲ့ ထိန်းချုပ်နိုင်ဖို့ရှိ (ဒေါ်အောင်ဆန်းစုကြည်)
- သူငယ်ချင်းဖြစ်သူထံ အပ်နှံထားရာမှ ရိုက်နှက်ဒဏ်ရာများဖြင့် (၂)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
ဝါရင့်သံတမန် Antony Blinken ကန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် လျာထားခံရ Posted: 24 Nov 2020 11:36 AM PST အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ လျာထားတဲ့ Antony Blinken။အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden လက်ထက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ လျာထားတဲ့ Antony Blinken ဟာ ဆယ်စုနှစ်နဲ့ချီ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအတွေ့အကြုံရှိသူဖြစ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လူ့အခွင့်အရေးကိုထောက်ခံသူအဖြစ် လူသိများပါတယ်။မစ္စတာဘိုင်ဒန်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ Blinken ဟာ အမေရိ |
ရွေးကောက်ခံသမ္မတ Biden ကို COVID-19 တိုက်ဖျက်မှုဖလှယ်ရေး နယူးဇီလန် ဝန်ကြီးချုပ် Ardern ကမ်းလှမ်း Posted: 24 Nov 2020 11:34 AM PST နယူးဇီလန်ဝန်ကြီးချုပ် Ardern က အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden နဲ့ ဖုန်းပြောနေသည့်မြင်ကွင်းCOVID-19 တိုက်ဖျက်ရေးအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံစာရင်းတွေထဲ ထိပ်ဆုံးမှာရှိနေတဲ့ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Ardern နဲ့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုမှုမှာ COVID-19 တိုက်ဖျက်ရေးနဲ့အတူ ဒေသတွင်းအခြားစိန်ခေါ်မှုတွေကို ပူးပေါင်းဆောင်ရွက် |
ချားလ်စ်ဒါဝင်ရဲ့ ဒေါ်လာသန်းနဲ့ချီတန်မှတ်စုစာအုပ်တွေ ပျောက်နေတာ နှစ်၂၀ကြာ Posted: 24 Nov 2020 11:32 AM PST ချားလ်စ်ဒါဝင်ဟာ သဘာဝတရားကြီးရဲ့ ပြောင်းလဲနေတဲ့ ဆင့်ကဲဖြစ်စဥ်သီအိုရီကို သေသေချာချာလေ့လာခဲ့တဲ့ပညာရှင်ကြီးဖြစ်ပါတယ်။ချားလ်စ်ဒါဝင်ရဲ့ ဒေါ်လာသန်းနဲ့ချီတန်တဲ့ မှတ်စုစာအုပ် နှစ်အုပ် ပျောက်ဆုံးနေတာဟာ နှစ်၂၀ကြာသွားပြီလို့ ကိန်းဘရစ်တက္ကသိုလ် စာကြည့်တိုက်က ထုတ်ပြန်လိုက်ပါတယ်။သက်ရှိသတ္တဝါတွေကြားထဲက ဆင့်ကဲဖြစ်စဥ်ဖြစ်ပေါ်တိုးတက်မှုကို ပုံကြမ်းရေးဆွဲထားတဲ့ ၁၉ရာစု သိပ္ပံအကျော်အမော် ဒါဝင်ရဲ့ Tree of Life ပုံကြမ်း |
သမ္မတရာထူးလွှဲဖို့ ကိစ္စ စလုပ်ဖို့ ထရမ့် သဘောတူ Posted: 24 Nov 2020 11:29 AM PST ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်ကို သမ္မတရာထူးလွှဲပေးဖို့လုပ်ငန်းတွေ စတင်လုပ်ဆောင်ဖို့ သမ္မတဒေါ်နယ်ထရမ့်က လက်ခံသဘောတူလိုက်ပြီဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ဟာ တစ်ဖက်မှာလည်း ရွေးကောက်ပွဲမှာ သူရှုံးနိမ့်တယ်ဆိုတာ တရားဝင်ဝန်ခံဖို့ ငြင်းဆန်နေဆဲဖြစ်ပေမဲ့ ရာထူးလွှဲပြောင်းဖို့ လိုအပ်တာတွေကိုတော့ ပြီးအောင်လုပ်ပါလို့ ဖက်ဒရယ်အေဂျင်စီကို ပြောခဲ့ပါတယ်။အဲ့ဒီလို ဒေါ်နယ်ထရမ့်ပြောလိုက်တာဟာ |
အလားအလာကောင်း ကိုဗစ်ကာကွယ်ဆေး သုံးမျိုးရှိပြီ Posted: 24 Nov 2020 11:27 AM PST ကိုဗစ်ကာကွယ်ဆေးပုလင်း။ (နိုဝင်ဘာ ၁၇၊ ၂၀၂၀)AstraZeneca ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီက သူတို့ စမ်းသပ်နေတဲ့ COVID 19 ကာကွယ်ဆေး ထိရောက်မှု ရှိတယ်လို့ တနင်္လာနေ့က ကြေညာလိုက်တာကြောင့် လောလောဆယ် အလားအလာ အကောင်းဆုံး ကာကွယ်ဆေး သုံးမျိုးရှိပြီ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပတ်ကလည်း Moderna ကုမ္ပဏီက စမ်းသပ်နေတဲ့ ကာကွယ်ဆေးနဲ့အတူ Pfizer နဲ့ BioNTech တို့ ပူးတွဲ စမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေ ထိရောက်မှု ရှိတဲ့အတွက် အမေရိကန် |
COVID-19 သုတေသနနဲ့ ကာကွယ်ဆေးဆိုင်ရာ တိုးတက်မှု WHO ချီးကျူးပြောဆို Posted: 24 Nov 2020 11:26 AM PST ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus။COVID-19 သုတေသနလုပ်ငန်းတွေနဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေမှာ သိသိသာသာ တိုးတက်မှုတွေရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောပါတယ်။"ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ အလားအလာကောင်းတွေ ရှိတဲ့ သတင်းတွေကြောင့် ကပ်ရောဂါကြီးအဆုံးသတ်ဖို့ မျှော်လင့်ချက်အလင်းတန်းကို မြင်နေရပါပြီ။ ကာကွယ်ဆေးနဲ့ |
ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားမှုပေးဖို့ ဝ တပ်ဖွဲ့မျှော်လင့်နေတယ်လို့ပြော Posted: 24 Nov 2020 11:24 AM PST FPNCC က အဖွဲ့ဝင်တွေ အားလုံးကို ပါဝင်ဆွေးနွေးခွင့်ပြုမှ ပိုထိရောက်တဲ့ဆွေးနွေးမှုတွေဖြစ်နိုင်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့ကိုလည်း မျှော်လင့်ဝ ဒေသကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ ဖိတ်ခေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုတွေပေးဖို့ကိုလည်းမျှော်လင့်နေတယ်လို့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ဘီဘီစီကို လူမှုကွန်ရက်က တဆင့်ပြောဆိုပါတယ်။ဝ တပ်ဖွဲ့က ဒေါ် |
ရခိုင်မှာ လူတစ်ရာကို ၈ ဦးနှုန်း ကိုဗစ်ပိုးတွေ့နေ Posted: 24 Nov 2020 11:22 AM PST ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့လပိုင်းတွေမှာ ကူးစက်ခံရမှုမြင့်တက်ခဲ့ပေမဲ့ အခုကာလမှာတော့ အတက်အကျအနေအထားရှိနေသေးတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ကိုဗစ်-၁၉ ကူးစက်မှုဟာ ရခိုင်ပြည်နယ်အတွင်း လူတစ်ရာကိုဗစ်-၁၉ စစ်ဆေးလို့ရှိရင် ၃၀ ဦးကျော်တွေ့ရှိတဲ့အထိ အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ လူ |
Posted: 24 Nov 2020 11:18 AM PST နိရဥၥရာ၊ ႏိုဝင္ဘာ ၂၄/ ၂၀၂၀ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ CB ဘဏ်မှ ငွေထုတ်၍ ရွာသို့ ပြန်လာသည့် ပဒါကျေးရွာမှ ဒေသခံတစ်ဦးကို မျက်နှာဖုံးစွပ်ထားသည့် လူအုပ်စုတစ်ခုမှ ငွေကို မယူဘဲ လူဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ပဒါကျေးရွာမှ ဦးအောင်လွင် (၃၁) နှစ်မှာ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ၎င်း၏ အစ်မ တော်စပ်သူ ဒေါ်အေးအေးလွင်နှင့် တောင်ကုတ်မြို့ CB ဘဏ်မှ ပြန်လာစဉ် မျက်နှာဖုံးစွပ်ထားသည့် လူ ၅ ဦးမှ |
မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ Posted: 24 Nov 2020 11:16 AM PST ကချင်ပြည် မံစီမြို့နယ် မန်ဝိန်းကြီး ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ်တလုံးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၃)ရက် ည၈နာရီကျော်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီ ၁၅ ဝန်းကျင်တွင် အမည်မသိ လူ ၂ဦးက ဆိုင်ကယ်စီးလာပြီး၊ ဆိုင်ကယ်ပေါ်မှ အထုတ် တထုတ် ချသွားခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မန်ဝိန်းကြီး ဒေသခံတဦး ပြောပြချက်အရသိရသည်။အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက် |
ICJ ကြားဖြတ်စီရင်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ဝေဖန်ခံနေရ Posted: 24 Nov 2020 11:13 AM PST မြန်မာအစိုးရဘက်က ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းထားတဲ့ ဒုတိယအကြိမ် အစီရင်ခံစာမှာ ရိုဟင်ဂျာတွေ ကို ခွဲခြားဆက်ဆံနေတာနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှုတို့ကနေ အကာအကွယ်ပေးဖို့ မြန်မာအစိုးရက လိုက်နာခြင်း မရှိဘူးလို့ နယူးယောက်အခြေစိုက် Global Justice Center က ဝေဖန်လိုက်ပါတယ်။ အဲဒီဝေဖန်ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ရိုဟင်ဂျာအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိ နေ |
ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျား(သံသယ)ရောဂါကြောင့် ဝက်ကောင်ရေ(၄၃)ကောင်ခန့်သေဆုံး Posted: 24 Nov 2020 11:10 AM PST ကလေး နိုဝင်ဘာ ၂၄စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် နိုဝင်ဘာ ၄ ရက်မှ ၂၀ ရက်အတွင်း ဝက်ကောင်ရေ ၄၃ ကောင်ခန့် သေဆုံးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှသိရသည်။"အင်းစိန်ကျေးရွာထဲမှာရှိတဲ့ ဝက်ကောင်ရေ(၁၅၈)ကောင်ရေရှိတဲ့အထဲမှာ(၄၃)ကောင်သေဆုံးပါတယ်၊သေဆုံးတဲ့အထဲမှာ အကောင်ကြီးတဲ့ဝက်က(၂၁)ကောင်ဖြစ်ပြီးတော့ကျန်တာတော့ ဝက်ပေါက်စလေးတွေပေါ့၊ |
မြန်မာအလုပ်သမားတွေကို ငွေညှစ်နေတဲ့ ထိုင်း လဝက အတုဂိုဏ်း ဖြိုခွဲခံရ Posted: 24 Nov 2020 11:08 AM PST မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်လာသည့်ကားကို ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးနေသည်မြင်ကွင်းထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်နဲ့ ရနောင်းခရိုင်တွေမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ လဝက အတုဂိုဏ်းကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်း လူဝင်မူကြီးကြပ်ရေးတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုဝင်ဘာလ (၂၂) ရက်နေ့က ပြုလုပ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန သတင်းစာ |
COVID-19 ကူးစက်မှု မြန်မာအနေနဲ့ ထိန်းချုပ်နိုင်ဖို့ရှိ (ဒေါ်အောင်ဆန်းစုကြည်) Posted: 24 Nov 2020 11:08 AM PST ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၂၃၊၂ဝ၂ဝ)မြန်မာနိုင်ငံမှာ လာမယ့် သီတင်းပတ်တွေအတွင်း COVID-19 ကူးစက် ပျံ့နှံ့မှုတိုးလာမယ့် အခြေအနေရှိပေမယ့် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့ COVID -19 အခြေအနေ ပြည်သူကို အစီရင်ခံတင်ပြတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော် စီးပွားရေး ဆက်ပြီးထိခိုက်မှုမရှိအောင် အသွားအလာ |
သူငယ်ချင်းဖြစ်သူထံ အပ်နှံထားရာမှ ရိုက်နှက်ဒဏ်ရာများဖြင့် (၂)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး Posted: 24 Nov 2020 11:06 AM PST နေပြည်တော် ၂၄ နိုဝင်ဘာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံရပ်ကွက်၊ (၂၁)ရပ်ကွက်နေ မသိင်္ဂီဝင်း (၃၉)နှစ်အား နိုဝင်ဘာ ၂၃ ရက်က ရွှေပေါက်ကံနယ်မြေရဲစခန်း (ပ)၇၀၇၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ဖြစ်စဉ်မှာ လွန်ခဲ့သော ၄ လခန့်က ဦးအောင်လေး (ခ) ဦးထင်လင်းသည် ၎င်း၏သမီး မဇူးဇူး(၂)နှစ်အား သူငယ်ချင်းဖြစ်သူ မျိုးခိုင်နှင့် မသိင်္ဂီဝင်းတို့၏အိမ်တွင် အပ်နှံ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.