Saturday, November 7, 2020

သစ်ထူးလွင်

သစ်ထူးလွင်


နိုင်ငံ ၈ နိုင်ငံကလူတွေ တရုတ် ပြည်ဝင်ခွင့် ယာယီပိတ်ပင်

Posted: 06 Nov 2020 08:59 AM PST

တရုတ်နိုင်ငံ Beijing မြို့ရှိ လေယာဉ်ကွင်း တခုမှာ ကျန်းမာရေးဝန်ထမ်းများ စောင့်ကြပ်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၆၊ ၂၀၂၀)ဥရောပနဲ့ ကမ္ဘာတဝန်းက တခြားနေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေချိန်မှာပဲ ဗိုင်းရပ်စ် ကူးစက်မှု စတင်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ အနည်းဆုံးနိုင်ငံ ၈ နိုင်ငံကလူတွေကို သူ့နိုင်ငံကို ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ပါတယ်။ ရုရှား၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ ဘယ်လ်ဂျီယမ်၊ ဖိလစ်

ကန်သမ္မတရွေးကောက်ပွဲ မဲရေတွက်ဆဲနေရာတွေ လုံခြုံရေးတိုးမြှင့်ထား

Posted: 06 Nov 2020 08:58 AM PST

Nevada ပြည်နယ် Las Vegas မြို့ရှိ မဲရေတွက်ရာ နေရာတခုမှာ တွေ့ရတဲ့ ဆန္ဒပြသူများနဲ့ ရဲဝန်ထမ်းတချို့။ (နိုဝင်ဘာ ၀၅၊ ၂၀၂၀)အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရတယ်ဆိုတာ အဖြေမထွက်သေးတာကြောင့် မဲရေတွက်နေဆဲ ပြည်နယ်တချို့က မဲရုံတွေမှာ ဒေသန္တရတာဝန်ရှိသူတွေ လုံခြုံရေးတွေ တိုးချထားပါတယ်။ သမ္မတ Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Joe Biden တို့ကို ထောက်ခံသူတွေက သမ္မတလောင်း ၂ ယောက်ကြား မဲရလဒ်သိပ်မကွာတဲ့

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ- မဲရေတွက်မှုတချို့အတွက် ထရမ့်ဘက်က တရားစွဲဆို

Posted: 06 Nov 2020 08:56 AM PST

ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အသာရနေပြီ၊ ဦးဆောင်နေပြီလို့ ဒေါ်နယ်ထရမ့်ကော ဂျိုးဘိုင်ဒန်ကော နှစ်ဦးလုံးက ပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်အဖြေဟာ ထွက်မလာသေးဘဲ အကြိတ်အနယ် ယှဉ်ပြိုင်နေရဆဲ ဖြစ်သလို တရားရုံးတင် တိုင်ကြားတာတွေ လုပ်ဖို့ နှစ်ဖက်လုံးက ဟန်ပြင်နေပါတယ်။ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အဓိကကျတဲ့ ပြည်နယ်တွေဖြစ်တဲ့ ဝစ္စကွန်ဆင်၊ ဂျော်ဂျီယာ၊ ပင်ဆ

မြန်မာက နိုင်ငံရေးပါတီတွေကို ထောက်ခံ၊ဝေဖန်တဲ့ စာမျက်နှာတချို့ ဖေ့စ်ဘွတ်ခ်ဖယ်ရှား

Posted: 06 Nov 2020 08:51 AM PST

 နိုဝင်ဘာ မြန်မာ ရွေးကောက်ပွဲ မတိုင်ခင် ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို ချိတ်ဆက်လုပ်ဆောင်နေမှုတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ မြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ်အကောင့် ၃၀ ကျော်နဲ့ စာမျက်နှာ တချို့ကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တယ်လို့ နိုဝင်ဘာ ၅ ရက်မှာ ဖေ့စ်ဘွတ်ခ်က ကြေညာပါတယ်။အဲဒါတွေနဲ့ဆက်စပ်တာတွေကို လုပ်ဆောင်ရာမှာ အကောင့်တုတွေသုံးပြီး လုပ်ဆောင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ဖယ်ရှားလိုက်တာတွေက အကောင့် ၃၆ ခု၊ စာမျက်နှာ

ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးဝန်းတွင်း ပေါက်ကွဲမှုဖြစ်၊ ထိခိုက်မှုမရှိ

Posted: 06 Nov 2020 08:49 AM PST

ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးဝန်း မြင်ကွင်း။ (ဓာတ်ပုံ - Ko Thu Yain Ko Yain - နိုဝင်ဘာ ၆၊ ၂၀၂၀)ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာပဲ ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်းထဲမှာ ဒီကနေ့ ပေါက်ကွဲမှု တခုဖြစ်ရာမှာ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံး

ပုသိမ်မှာ ကြိုတင်မဲကောက် မဲရုံဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရ

Posted: 06 Nov 2020 08:48 AM PST

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ ကိုဗစ်သံသယလူနာတွေရဲ့ ကြိုတင်မဲတွေကို လာရောက် ကောက်ခံတဲ့ PPE ဝတ်စုံဝတ် မဲရုံဝန်ထမ်းတချို့။ (နိုဝင်ဘာ ၀၆၊ ၂၀၂၀)လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ အကူအညီပေးခဲ့တဲ့ မဲရုံဝန်ထမ်းတချို့ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ သတင်းကြောင့် ရွေးကောက်ပွဲ လုပ်ငန်းတွေမှာ ရောဂါကူးစက်မှုအန္တရာယ်ကာကွယ်ဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း

စစ်တွေမှာ တံဆိပ်ကြိုနှိပ်ထားတဲ့ မဲတွေကြောင့် အငြင်းပွား

Posted: 06 Nov 2020 08:46 AM PST

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာမှာ မနေ့က ပေးခဲ့တဲ့ ကြိုတင်မဲလက်မှတ်တွေထဲမှာ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ကိုယ်စားလှယ်လောင်းနေရာမှာ တံဆိပ်တုံးကြိုနှိပ်ထားတဲ့ မဲလက်မှတ်တွေကို တွေ့ရှိရတဲ့အတွက် အငြင်းပွားမှုတွေ ပေါ်ပေါက်နေပါတယ်။ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာက ကြိုတင်မဲပေးမှုမှာ ရခိုင့်ဦးဆောင်ပါတီ ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာမှာ ရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.