သစ္ထူးလြင္ |
- ဘိုင်ဒန် အမေရိကန်ရွေးကောက်ပွဲ အနိုင်ရ
- ကန်ရွေးကောက်ပွဲ မဲရေတွက်ဆဲ ပြည်နယ်အများစုမှာ Joe Biden အသာရနေ
- မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၆၀,၃၄၈ ဦး၊ သေဆုံး ၁,၃၉၆ ဦး
- ပန်နန်းဒင်မြို့ရှိ ကျေးရွာတွင် ကျောင်းဆရာတစ်ဦး ချောင်းတွင်းမျောပါ
- ဒိန်းမတ်မှာ ဖျံမျိုးနွယ်ဝင် မင့်ခ်သတ္တဝါက ကူးတဲ့ ကိုဗစ်ဖြစ်နေလို့ ယူကေ က ပြည်ဝင်ခွင့်ပိတ်
- ဘူးသီးတောင်အကျဉ်းထောင်တွင် အချုပ်သား ၄ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ
- တစ်မိသားစုလုံး Q ဝင်နေစဥ် နေအိမ် ဖောက်ထွင်းခံရ
- ကိုဗစ်ကာလ မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်ရေးတွေ ပြင်ဆင်
- လူဦးရေ ၃၇ သန်း မဲပေးကြမယ့် မြန်မာ့ရွေးကောက်ပွဲ
- ခြိမ်းခြောက်မဲဆွယ်မှု စွပ်စွဲချက်ကို ဝန်ကြီးဟောင်း ငြင်းဆို
- ပေါက်ကွဲမှုအပြီး ရန်ကုန်တိုင်းမှာ လုံခြုံရေးသတိထားနေ
- ၂၀၂၀ မြန်မာရွေးကောက်ပွဲ- ဘယ်သူတွေ မဲပေးခွင့် ရှိပြီး၊ ဘယ်သူတွေ မဲပေးခွင့် မရှိဘူးလဲ
- ၂၀၂၀ မြန်မာရွေးကောက်ပွဲ - ကိုဗစ်ကပ်ကြား မဲရုံ မှာ မဲဘယ်လို ပေးမလဲ
ဘိုင်ဒန် အမေရိကန်ရွေးကောက်ပွဲ အနိုင်ရ Posted: 07 Nov 2020 09:33 AM PST ဘိုင်ဒန်အနိုင်ရအမေရိကန် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်ကို အနိုင်ရသွားလို့ အမေရိကန် သမ္မတသစ် ဖြစ်လာတော့မှာပါ။ဂျိုးဘိုင်ဒန်က အဓိက အကြိတ်အနယ်ပြိုင်ရတဲ့ ပြည်နယ်တွေဖြစ်တဲ့ ပင်ဆယ်ဗေးနီးယားမှာ အနိုင်ရခဲ့တယ်လို့ ဘီဘီစီက ခန့်မှန်းပါတယ်။ အဲဒီမှာ အနိုင်ရခဲ့လို့ သမ္မဖြစ်ဖို့ လိုအပ်တဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၂၇၀ ကျော် ရသွားခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ ထရမ့် မဲဆွယ်ရေး အဖွဲ့ကတော့ ထရမ့်ဘက်က |
ကန်ရွေးကောက်ပွဲ မဲရေတွက်ဆဲ ပြည်နယ်အများစုမှာ Joe Biden အသာရနေ Posted: 07 Nov 2020 08:55 AM PST ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden.အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပေးခဲ့ကြတဲ့ ဆန္ဒမဲတွေကို ဆက်ပြီး ရေတွက်နေတဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ သမ္မတ Donald Trump ရတဲ့ မဲအရေအတွက်ထက် ဒီမိုကရက်သမ္မတလောင်း Joe Biden ရတဲ့ မဲအရေအတွက်က သောကြာနေ့အစောပိုင်းမှာ ၅,၀၀၀ ပတ်ဝန်းကျင် ပိုများနေခဲ့တာကနေ ညဘက်မှာတော့ ၂၉,၀၀၀ နီးပါးထိ တက်သွားပါတယ်။မဲရေတွက်နေဆဲ ပြည်နယ်တွေထဲက အများစုမှာ သူအသာရနေတဲ့အကြောင်း သူ့ကိုထောက်ခံသူတွေ |
မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၆၀,၃၄၈ ဦး၊ သေဆုံး ၁,၃၉၆ ဦး Posted: 07 Nov 2020 08:53 AM PST ရန်ကုန်မြို့မှာ COVID-19 သံသယလူနာတွေကို ကွာရမ်တင်းစင်တာ ပို့ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၁၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက် ၆၀,၀၀၀ ကျော်သွားပါပြီ။ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၁၇၃ ခုကို စစ်ဆေးခဲ့တာမှာ နောက်ထပ် ရောဂါကူးစက်သူ ၁,၀၇၁ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၆၀,၃၄၈ ဦး ရှိသွားပြီဖြစ်ပါတယ်။သေဆုံးသူက အယောက် ၂၀ ထပ်တိုးပြီး |
ပန်နန်းဒင်မြို့ရှိ ကျေးရွာတွင် ကျောင်းဆရာတစ်ဦး ချောင်းတွင်းမျောပါ Posted: 07 Nov 2020 08:55 AM PST နောင်မွန် နိုဝင်ဘာ ၇ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့ရှိ ကျေးရွာတွင် လူတစ်ဦး ချောင်းတွင်းမျောပါခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့မှ ၄၈ မိုင် ခန့် အကွာ ဒဇုံဒမ်းကျေးရွာ အုပ်စုရှိ မဲရုံအမှတ် ၂၂ တွင် တာဝန်ကျသော မဲရုံအဖွဲ့ဝင်( မဲစာရင်း စစ်ဆေးသူ) တဆူထု ကျေးရွာအခြေခံအလယ်တန်းကျောင်းတွင် တာဝန်ကျသူ မိုးညှင်း |
ဒိန်းမတ်မှာ ဖျံမျိုးနွယ်ဝင် မင့်ခ်သတ္တဝါက ကူးတဲ့ ကိုဗစ်ဖြစ်နေလို့ ယူကေ က ပြည်ဝင်ခွင့်ပိတ် Posted: 07 Nov 2020 08:49 AM PST ဒိန်းမတ်နိုင်ငံမှာ အခုလို မင့်ခ်သတ္တဝါက ကူးစက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးသစ် ကူးစက်ခံရသူ ၂၀ဝ ကျော် ရှိနေဒိန်းမတ်နိုင်ငံမှာ သားမွေးယူဖို့ မွေးမြူထားတဲ့ မင့်ခ်သတ္တဝါ (ဖျံမျိုးနွယ်ဝင် အမွေးရှည် မြွေပါသတ္တဝါ) တွေကတဆင့် ကူးစက်တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်တမျိုးကို လူတွေဆီမှာလည်း တွေ့ရှိလာရတဲ့ အခြေအနေကြောင့် ယူကေနိုင်ငံက ဒိန်းမတ်ကတဆင့်ဝင်လာမယ့် သူတို့နိုင်ငံသား မဟုတ်သူတွေကို နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ပြည် |
ဘူးသီးတောင်အကျဉ်းထောင်တွင် အချုပ်သား ၄ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ Posted: 07 Nov 2020 08:46 AM PST ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အကျဉ်းထောင်တွင် အချုပ်သား ၄ ဦးတွင် ယခုလ ၆ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က " အချုပ်သားတွေကို ထောင်ထဲကို မသွွင်းခင် အပြင်မှာထားပြီး စစ်ဆေးရာကနေ တွေ့ရှိတာ။ စစ်ဆေးတာကတော့ အများကြီးဘဲ။ အဲဒီအထဲက ၄ ဦးမှာ ပိုးတွေ့တာ။ ဒီလ ၅ ရက်နေ့ စစ်တာ ၆ ရက်နေ့မှာ ပိုးတွေ့တာပေါ့" ဟု ပြောကြားသည်။ ထောင်ဖြစ်၍ ကွာရန် |
တစ်မိသားစုလုံး Q ဝင်နေစဥ် နေအိမ် ဖောက်ထွင်းခံရ Posted: 07 Nov 2020 08:44 AM PST မုံရွာ၊နိုဝင်ဘာ-၇ကလေးမြို့၊မင်္ဂလာဥယျာဥ်ရပ်ကွက်တွင် ပိုးတွေ့လူနာနှင့် မိသားစုဝင်များအားလုံး ကလေးတက္ကသိုလ်၌ Quarantine ဝင်နေစဥ် နေအိမ်ဖောက်ထွင်းခံရကြောင်း သတင်းရရှိသည်။နေအိမ်ရှိ ဆိုင်ကယ်မှာ မူလနေရာတွင် မရှိတော့ဘဲ နေရာပြောင်းနေပြီး Tool Box လည်း ဖျက်ဆီးထားကြောင်း အိမ်နီးချင်းများက စတင်တွေ့ရှိရာ Quarantine ဝင်နေသည့် အိမ်ပိုင်ရှင်ကို အကြောင်းကြားရာမှ စတင် သိရှိခြင်းဖြစ်သည်။ အိမ်နီးချင်းများနှင့် |
ကိုဗစ်ကာလ မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်ရေးတွေ ပြင်ဆင် Posted: 07 Nov 2020 08:40 AM PST ရန်ကုန်မြို့ပြင် ရပ်ကွက်တခုမှာ ကြိုတင်မဲကောက်ယူနေတဲ့ ကော်မရှင် တာဝန်ရှိသူများနဲ့ မဲဆန္ဒရှင်များ။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)မနက်ဖြန် နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး နိုင်ငံတဝန်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီတော့ မနက်ဖြန်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ မဲဆန္ဒရှင်ပြည် |
လူဦးရေ ၃၇ သန်း မဲပေးကြမယ့် မြန်မာ့ရွေးကောက်ပွဲ Posted: 07 Nov 2020 08:38 AM PST ရန်ကုန်မြို့မှာ အသက် ၆၀ အထက် လူကြီးများ ကြိုတင်မဲပေးတဲ့ မြင်ကွင်း။မြန်မာနိုင်ငံတဝန်း မနက်ဖြန် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ မဲပေးကြတော့မှာ ဖြစ်ပါတယ်။လူဦးရေ ၅၄ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိသူပေါင်း ၃၇ သန်းရှိပြီး ဒီထဲက ဘယ်လောက်အရေအတွက် မဲသွားပေးမယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ကြိုတင်မဲတွေကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့ |
ခြိမ်းခြောက်မဲဆွယ်မှု စွပ်စွဲချက်ကို ဝန်ကြီးဟောင်း ငြင်းဆို Posted: 07 Nov 2020 08:36 AM PST ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဒေသခံ ကမန်တိုင်းရင်းသားတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ပါတီကိုယ်စားလှယ်လောင်းတွေက ခြိမ်းခြောက်မဲဆွယ်ခဲ့ ကြတယ်လို့ ဒေသခံတွေက ပြောပေမယ့်လည်း ပါတီဘက်က ငြင်းဆိုပါတယ်။ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာရဲ့ ရွာအလယ်ပိုင်း USDP ပါတီရုံးခန်းမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း သုံးဦးတို့က ရပ်မိရပ်ဖတွေ၊ အစ္စလာမ်ဘာသာရေး |
ပေါက်ကွဲမှုအပြီး ရန်ကုန်တိုင်းမှာ လုံခြုံရေးသတိထားနေ Posted: 07 Nov 2020 08:34 AM PST ပဲခူးတိုင်း ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ရုံးဝင်းအတွင်း မနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သူ မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းက ကော်မရှင်ရုံးတွေမှာအခု လုံခြုံရေးတွေ တိုးချဲ့ချထားပါတယ်။ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း မနေ့ကနေ့လည်ပိုင်းက ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။ NLD ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွေက တပ်မတော်သားတွေ ကြိုတင်မဲပေးနေတာကို သူ သွားရောက် |
၂၀၂၀ မြန်မာရွေးကောက်ပွဲ- ဘယ်သူတွေ မဲပေးခွင့် ရှိပြီး၊ ဘယ်သူတွေ မဲပေးခွင့် မရှိဘူးလဲ Posted: 07 Nov 2020 08:32 AM PST ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးသူ တစ်ဦး၂၀၂၀ နိုဝင်ဘာ ၈ ရက် မြန်မာရွေးကောက်ပွဲမှာ ဘယ်သူတွေ မဲပေးခွင့် ရှိပြီး၊ ဘယ်သူတွေ မဲပေးခွင့် မရှိဘူးလဲ။ ဥပဒေအရ မဲပေးခွင့် မရမယ့် သာသနာ့ဝန်ထမ်း တွေ အပါအဝင် မဲပေးခွင့် မရှိသူတွေ အကြောင်း၊ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့် ဆုံးရှုံးကြတဲ့သူတွေ အကြောင်းကို ရှင်းပြထားပါတယ်။ဘယ်သူတွေမဲပေးခွင့်ရှိလဲမဲပေးခွင့်ရှိသူဒါကတော့ ရိုးရှင်း လွယ်ကူပါတယ်။ |
၂၀၂၀ မြန်မာရွေးကောက်ပွဲ - ကိုဗစ်ကပ်ကြား မဲရုံ မှာ မဲဘယ်လို ပေးမလဲ Posted: 07 Nov 2020 08:28 AM PST နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ နေ့ကျရင် မဲရုံမှာ မဲဘယ်လို ပေးရမလဲ ဆိုတာ သေချာ သိထားပြီးပါပြီလား။COVID-19 ကပ်ရောဂါ ကြားမှာပဲ လုံခြုံ စိတ်ချ စွာနဲ့ ကိုယ့်ရဲ့ ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးရအောင် ဘယ်လို လုပ် ဆောင်မလဲ။ မဲသွားပေးကြမယ်ဆိုရင်တော့ ကိုယ့်မဲကို ခိုင်မာတဲ့ မဲဖြစ်အောင်၊ အန္တရာယ်ကင်းကင်းနဲ့လည်း ပေးနိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြချက်တွေကို ကိုးကားပြီး အောက်ပါ အကြံပြုချက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.