Sunday, January 17, 2021

သစ်ထူးလွင်

သစ်ထူးလွင်


BGF တပ်ဖွဲ့ဝင်တွေ နုတ်ထွက်မှု - ပြန်စဥ်းစားဖို့ တပ်မတော် ပြော

Posted: 16 Jan 2021 09:49 AM PST

BGF က အရာရှိ သုံးဦး အပါအဝင် တပ်ရင်း ၁၃ ခုလုံးက ပြီးခဲ့တဲ့ရက်ပိုင်းက နုတ်ထွက်စာတင်ခဲ့အမှတ် ၃၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က အရာရှိတွေကို နုတ်ထွက်ခိုင်းရာက တပ်ရင်း ၁၃ ခုလုံးနုတ်ထွက်မယ့် ကိစ္စအပေါ် တပ်မတော်က BGF နဲ့ ဇန်နဝါရီ ၁၅ ရက်မှာ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။အားလုံးနုတ်ထွက်မယ့်အပေါ် ပြန်စဉ်းစားဖို့ကိုလည်း တပ်မတော်ဘက်က တိုက်တွန်းခဲ့ပါတယ်။ရွှေကုက္ကိုစီမံကိန်းမှာ အစိုးရကခွင့်ပြုချက်ပေးထားတဲ့နေရာထက်

အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးရေး အစီအစဉ် စတင်

Posted: 16 Jan 2021 09:45 AM PST

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၆၊ ၂၀၂၁)အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးလုပ်သားတွေကို ဒီကနေ့ကစပြီး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးပေးနေပါပြီ။ ကမ္ဘာမှာ အိန္ဒိယနိုင်ငံက ဒုတိယ လူဦးရေအများဆုံး ဖြစ်တာကြောင့် ဒီကာကွယ်ဆေးထိုးလုပ်ငန်းဟာ ကမ္ဘာမှာ အကြီးမားဆုံး ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ဖြစ်ဖွယ်ရှိပါတယ်။ဒါ့အပြင် အိန္ဒိယဟာ ကမ္ဘာမှာ ကာကွယ်ဆေး အများဆုံးထုတ်လုပ်

နိုင်ငံတဝန်း လက်နက်ကိုင်ဆန္ဒပြမှု ဖြစ်နိုင်ချေ FBI သတိပေး

Posted: 16 Jan 2021 09:43 AM PST

FBI ညွှန်ကြားရေးမှူး Christopher Wray. (စက်တင်ဘာ ၁၇၊ ၂၀၂၀)ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က လာမယ့် အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်မှာ လုံခြုံရေး သတိပေးချက်သစ်တွေ ထုတ်ပြန်လိုက်ပြီး နိုင်ငံတဝန်းက ပြည်နယ်တွေရဲ့ မြို့တော်တွေမှာ လက်နက်ကိုင် ဆန္ဒပြတာတွေ ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ကွန်ဂရက်လွှတ်တော်ကလည်း ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်လွှတ်တော်ကို

ကိုရိုနာဗိုင်းရပ်စ်- ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့က ကိုဗစ်ပိုးမျိုးကွဲ ဘယ်လောက်စိုးရိမ်ရသလဲ

Posted: 16 Jan 2021 09:41 AM PST

လက်ရှိ တွေ့ရသလောက် ကိုဗစ်ပိုး မူကွဲတွေက လူတွေကို ပိုပြီး ရောဂါပြင်းထန်စေနိုင်တယ် ဆိုတဲ့ သက်သေ သာဓကတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေက တကမ္ဘာလုံးမှာ ဆက်လက် ဖြစ်ပွားနေသေးရာမှာ စတင် ပြန့်ပွားချိန်က ရောဂါပိုးနဲ့ မျိုးဗီဇ ရွေ့လျောကွဲပြားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ပေါ်လာနေတဲ့အတွက် တကမ္ဘာလုံးမှာ စိုးရိမ်မှုတွေ ဆက်ရှိနေပါတယ်။ဒီလို ရှိနေတဲ့အတွက် အဲဒီ ကိုဗစ်

ကိုဗစ်ကာကွယ်ဆေး - ဖိုင်ဇာ ကာကွယ်ဆေး ပို့တာ နောက်ကျလို့ ဥရောပနိုင်ငံတွေ အမျက်ထွက်

Posted: 16 Jan 2021 09:39 AM PST

ဖိုင်ဇာ-ဘိုင်အွန်တက် ဆေးထိုးပေးဖို့ ပြင်သစ်က သူနာပြုတစ်ဦးအမေရိကန် ဆေးကုမ္ပဏီက ထုတ်လုပ်ဖြန့်ဖြူးမှု နှေးကွေးသွားပြီးနောက် ဥရောပနိုင်ငံ အတော်များများ မှာထားတဲ့ ဖိုင်ဇာ ကာကွယ်ဆေးတွေ မျှော်လင့်ထားတာထက် အများကြီး လျော့ပြီးရခဲ့ပါတယ်။အဲဒီအခြေအနေကို "လက်မခံနိုင်ဖွယ်ရာ " ဖြစ်တယ် လို့ပြောပြီး အဲဒါဟာ "ကာကွယ်ဆေးထိုးလုပ်ငန်းအပေါ် ယုံကြည်မှု လျော့ကျစေတယ် "လို့ နိုင်ငံခြောက်နိုင်ငံက သတိပေးလိုက်ပါတယ်။ဖိုင်ဇာ

မြန်မာကို ဒေါ်လာ သန်း ၃၅၀ IMF အရေးပေါ် ချေးပေးမည်

Posted: 16 Jan 2021 09:37 AM PST

မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ ဇူလိုင် ၁၂ ရက်နေ့တုန်းက IMF အဖွဲ့ရဲ့ ဒုတိယစီမံခန့်ခွဲမှု ဒါရိုက်တာ Mitsuhiro Furusawa ကို IMF အစည်းအဝေးတွင်တွေ့ရစဉ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး အထိနာနေတဲ့ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၃၅၀ အရေးပေါ် ချေးငွေ ပေးအပ်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။မြန်မာနိုင်ငံရဲ့ ငွေပေးငွေယူ ရှင်းတမ်းမှာ အပူတပြင်း

အချုပ်ကျနေတဲ့ မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်မှုနဲ့ ထိုင်းရဲအရာရှိ တရားစွဲခံရ

Posted: 16 Jan 2021 09:35 AM PST

Photo- police CCTV မှတ်တမ်းထိုင်းနိုင်ငံက အချုပ်ခန်းတခုမှာ အချုပ်ကျနေတဲ့ မြန်မာမိန်းကလေးကိုအပြင်ထုတ်ပြီး အဓမ္မပြုကျင့်တဲ့ တာဝန်ကျ ရဲအရာရှိတဦးကို ရာထူးက ယာယီရပ်ဆိုင်းထားပြီး တရားစွဲထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်း-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းက ဘိုဖွတ်အချုပ်ခန်းမှာ အချုပ်ကျခံနေရတဲ့ မြန်မာမိန်းကလေးတဦး

တိုက်ပွဲဆက်မဖြစ်ရေး TNLA နဲ့ RCSS တွေ့ဆုံဆွေးနွေးဖို့ ဒေသခံတွေလိုလား

Posted: 16 Jan 2021 09:33 AM PST

 ရှမ်းပြည်မြောက်ပိုင်း နမ္မတူနဲ့ ကျောက်မဲမြို့နယ်တွေမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ရဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာနေကြရပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း နယ်မြေအငြင်းပွားရာကနေ ဖြစ်ရတဲ့တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဒေသခံတွေက လိုလားနေကြပါတယ်။နမ္မတူမြို့နယ်

မိုးကုတ် SP မုန့်တိုက်ပိုင်ရှင်ကို TNLA က ပြန်လွှတ်ပေး

Posted: 16 Jan 2021 09:31 AM PST

မိုးကုတ် SP မုန့်တိုက်ပိုင်ရှင်ကို TNLA က ပြန်လွှတ်ပေး မိုးကုတ်မြို့ SPမုန့်တိုက်အား တွေ့ရစဉ်Photo: RFAတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့က ဖမ်းဆီးထားတဲ့ မိုးကုတ်မြို့ SP မုန့်တိုက် ပိုင်ရှင် ဦးကျော်ဝင်းဟာ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့ညပိုင်းက ပြန်လွတ်လာပါတယ်။TNLA ဘက်က မနေ့ကညပိုင်းမှာ ပြန်လွှတ်ပေးမှာမို့ လာခေါ်ခိုင်းတဲ့အတွက် မိသားစုက သွားရောက် ခေါ်ဆောင်ခဲ့ပြီး ည ၈ နာရီမှာ အိမ်ကိုပြန်

“ဝ” ဒေသ ရွှေ့ပြောင်းအလုပ်သမား ၁၅၀ ကျော် တောထဲတွင် ၃ညတိုင် ပိတ်မိနေဆဲ

Posted: 16 Jan 2021 09:23 AM PST

ဇန်နဝါရီ ၁၆ ရက် ၂၀၂၁"ဝ"အထူးဒေသ သွားရောက်အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀ ကျော် တောထဲတွင် အကာအရံမရှိ ၃ညတိုင် ပိတ်မိနေကြောင်း စုံစမ်းသိရသည်။အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ၁၅၀ကျော်သည် "ဝ" ဒေသ မိုင်းဖျဲန်မြို့ရှိ စီးကရက်စက်ရုံတခုတွင် အလုပ်လုပ်ရာ ကိုဗစ်-၁၉  ကူးစက်မြန်ရောဂါကြောင့် လစာပုံမှန်မရရှိသဖြင့် မိမိနေရပ်ကို ပြန်လာရာ မိုင်းလားနှင့် "ဝ" နယ်မြေအကြား တောထဲတွင် ပိတ်မိနေကြောင်း ထိုနေရာတွင်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.