Monday, January 18, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ရက် ၁၀၀ အတွင်း လူသန်းတရာ ကာကွယ်ဆေးထိုးအစီအစဉ်လက်တွေ့ကျ - Anthony Fauci

Posted: 18 Jan 2021 07:47 AM PST

အမေရိကန်နိုင်ငံ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Anthony Fauci။အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် စတာဝန်ယူချိန် ရက်ပေါင်း ၁၀၀ အတွင်းလူပေါင်းသန်း ၁၀၀ အတွက် ကိုဗစ် ၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးမယ့် အစီအစဉ်ဟာ သမ္မတလက်ထက် တကယ့်ကို လက်တွေ့ကျတဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် ထိပ်တန်းကူးစက်ရောဂါပညာရှင်က တနင်္ဂနွေနေ့ကပြောဆိုလိုက်ပါတယ်။ အခုလက်ရှိ ကိုဗစ်ကာကွယ်ဆေးတွေရော နောက်ထပ်

တမူထူးခြားမယ့် အမေရိကန်သမ္မတသစ် ကျမ်းသစ္စာဆိုပွဲ

Posted: 18 Jan 2021 07:46 AM PST

အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden။အမေရိကန်ပြည်ထောင်စုမှာ ရှားပါးတဲ့ တချို့ဖြစ်ရပ်ကလွှဲရင် သမ္မတသစ်တွေ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းတဲ့ အစဉ်အလာ သင်္ကေတ တရပ်လည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဗုဒ္ဓဟူးနေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကတော့ တမူထူးနေပါတယ်။ Stebe Redisch သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။အမေရိကန်သမိုင်းတလေ ျှာက်

ကမ္ဘာ့ အချမ်းသာဆုံးလူသား အီလွန် မတ်စ်ခ် ရဲ့ အင်္ဂါဂြိုဟ်မှာ အခြေချဖို့ လွှတ်မယ့် အာကာသယာဉ်

Posted: 18 Jan 2021 07:40 AM PST

 Starship ဒုံးပျံ အာကာသယာဉ်ဟာ စုစုပေါင်း မီတာ ၁၂၀ (၃၉၄ ပေ) အရှည်ရှိမကြာသေးခင်ကမှ ကမ္ဘာ့ အချမ်းသာဆုံးလူသား ဖြစ်သွားတဲ့ အီလွန် မတ်စ်ခ် ရဲ့ SpaceX ကုမ္ပဏီဟာ အင်္ဂါဂြိုဟ်ဆီကို လူအယောက် ၁၀၀ အထိ တင်သွားနိုင်ပြီး အကြိမ်ကြိမ်လည်း ပြန်လည် အသုံးပြုနိုင်တဲ့ ကြယ်ပြင်သွား သင်္ဘော Starship ဒုံးပျံ အာကာသယာဉ် ကို စမ်းသပ် စေလွှတ်ကြည့်ဖို့ ပြင်ဆင်နေပါတယ်။ကမ္ဘာပေါ်က သက်ရှိတွေ အနေနဲ့ ကမ္ဘာဂြိုဟ်အပြင်ဘက်က နေရာတွေမှာ

ဦးဝီရသူရုံးထုတ်ရေး ဆန္ဒပြခဲ့တဲ့ သံဃာနဲ့လူအချို့ကို ရဲစခန်း ၂ခုက အမှုဖွင့်ထား

Posted: 18 Jan 2021 07:31 AM PST

ဆန္ဒပြခဲ့တဲ့ သံဃာနဲ့လူအချို့ကိုလမ်းမတော်နဲ့ အင်းစိန်ရဲစခန်း တွေမှာ ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ ၊ ၂၀ အပါအဝင် ပုဒ်မ ၄ခုနဲ့ အသီးသီးအမှုဖွင့်ထားဦးဝီရသူအပါအဝင် အမျိုးသားရေးလှုပ်ရှားသူတွေကို ရုံးထုတ်စစ်ဆေးပေးဖို့ ဆန္ဒပြမှုတွေကြောင့် ဦးဆောင် သူ သံဃာတော် (၃)ပါးနဲ့ အမျိုးသားရေးလှုပ်ရှားသူ (၅)ဦးတို့ကို လမ်းမတော်နဲ့ အင်းစိန်ရဲစခန်း တွေမှာ ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ ၊ ၂၀ အပါအဝင် ပုဒ်မ ၄ခုနဲ့ အသီးသီးအမှုဖွင့်ထားတယ်လို့

မလေးရှားရောက် မြန်မာအလုပ်သမား ၃၀၀ ကျော် ကိုဗစ်ကူးစက်ခံရ

Posted: 18 Jan 2021 07:24 AM PST

မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာ ကိုဗစ် စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၂၊ ၂၀၂၁)မလေးရှားနိုင်ငံမှာ ကပ်ရောဂါကြောင့် အရေးပေါ်အခြေအနေကြေညာထားတဲ့ ဆလန်ကောပြည်နယ်မှာ စက်ရုံတခုတည်း အတူတူ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။ကပ်ရောဂါကူးစက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ပြည်နယ်တခုဖြစ်

ကရင်နယ်ခြားစောင့်တပ်အရာရှိ ၉၀ ကျော် နုတ်ထွက်စာတင်မှု ပြန်ရုပ်သိမ်းမည်

Posted: 18 Jan 2021 07:23 AM PST

BGF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - KIC - သြဂုတ် ၂၀၊ ၂၀၁၉)နယ်ခြားစောင့်တပ် BGF က နုတ်ထွက်စာတင်ထားတဲ့ ကရင်တိုင်းရင်းသား အရာရှိ ၉၀ ကျော်ဟာ တပ်မတော် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးနောက် နုတ်ထွက်မယ့် အစီအစဉ်ကို ပြန်ရုပ်သိမ်းဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးမှာပါ။ကရင်ပြည်နယ်ထဲမှာ တရားမဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက် ဆက်နွယ်နေတယ်ဆိုပြီး

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စဖို့ အလားအလာ ကောင်းကြောင်း TNLA ပြောဆို

Posted: 18 Jan 2021 07:20 AM PST

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စဖို့ အလားအလာ ကောင်းကြောင်း TNLA ပြောဆို TNLA တပ်ဖွဲ့ဝင်အချို့ကို ကျင်းပတဲ့ ဗိုလ်‌လောင်းသင်တန်းဆင်း အခမ်းအနားမှာ ၂၀၂၀၊ ဇူလိုင် ၂၃ ရက်နေ့က တွေ့ရစဉ် / Photo: Kan Thar / RFAရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အခြေအနေကောင်းတယ်လို့ ရှုမြင်ကြောင်း တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပြောလိုက်ပါတယ်။ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၉ ရက်နေ့ အထိ

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ကိုင်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်

Posted: 18 Jan 2021 07:19 AM PST

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ကိုင်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်း ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၂၊ ဇန်နဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ် / Photo: SOE THAN WIN / AFPထားဝယ်အထူးစီးပွားရေးဇုန် ကနဦး အဆင့် စီမံကိန်း ကိုးခုအတွက် ရင်းနှီးတည်ဆောက်ခွင့်ရခဲ့တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီ အနေနဲ့ စီမံကိန်း အကောင်အထည်ဖော်ဖို့ နှောင့်နှေးကြန့်ကြာမှု၊ စာချုပ်မှာ

နယ်စပ်ခြံစည်းရိုးကာမှု တရုတ်ပြန်နောက်ဆုတ်

Posted: 18 Jan 2021 07:17 AM PST

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်‌ ကျောက်တိုင်အနီး မြင်ကွင်း။ (ဓာတ်ပုံ - U Ngwe Doe - ဒီဇင်ဘာ ၁၀၊ ၂၀၂၀)ကချင်ပြည်နယ်နဲ့ နယ်စပ်ဒေသမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး ကာရံခဲ့ရာမှာ ကြားခံနယ်မြေထဲအထိ ရောက်ခဲ့တာကြောင့် မြန်မာအာဏာပိုင်တွေ ကန့်ကွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ပြန်ဆုတ်ပေးလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊

ဗီဇပြောင်း ကိုဗစ်ကူးစက်မှု မြင့်မားလာနေတဲ့ Los Angeles

Posted: 18 Jan 2021 07:15 AM PST

COVID-19 ကာကွယ်ဆေးထိုးပေးတဲ့ Los Angeles က Dodger Stadium အနီး လာရောက်ကြည့်ရှုနေသူနှစ်ဦး။ (ဇန်နဝါရီ ၁၅၊ ၂၀၂၁)အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ခရိုင်ဟာ နိုင်ငံတွင်း COVID-19 ဖြစ်ပွားသူ အရေအတွက် ၁ သန်းကျော်ကို ရောက်သွားတဲ့ ပထမဆုံးခရိုင် ဖြစ်ပါတယ်။ ဗြိတိန်မှာစဖြစ်တဲ့ ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်လည်း Los Angeles မှာ ဖြစ်နေကြောင်း ခရိုင်ရဲ့ အများပြည်သူ

သင်္ဃန်းကျွန်းမြို့နယ်၌ စတိုးဆိုင်အတွင်းလုယက်မှုကျူးလွန်သူသုံးဦးကို ဖမ်းဆီးရမိ

Posted: 18 Jan 2021 07:08 AM PST

ရန်ကုန်  ဇန်နဝါရီ  ၁၇သင်္ဃန်းကျွန်းမြို့နယ်  နနွင်းကုန်း ရပ်ကွက် လေးထောင့်ကန်လမ်းမကြီး အမှတ်(၃၃၇/ခ)ရှိ  G & G စတိုးဆိုင် သို့  ဇန်နဝါရီ ၁၀ ရက် ည ၁၁ နာရီခွဲ က   အမျိုးသားသုံးဦး  ရောက်ရှိလာပြီး   ဆိုင်ဝန်ထမ်း  အမျိုးသမီး နှစ်ဦးထံမှ  ရွှေထည်ပစ္စည်းများနှင့်   လက်ကိုင် ဖုန်းများကို လည်းကောင်း၊ ကောင်တာ အံဆွဲအတွင်းမှ   ငွေကျပ်  ၈၄၀၅၀ နှင့် ဂိမ်းကတ်တို့ကို  လည်းကောင်း ခြိမ်းခြောက်လုယူ၍   တက္ကစီယာဉ်   

ပြင်ဦးလွင်သစ်တောကြိုးဝိုင်းထဲ တရားမဝင် မြေကွက် အရောင်းအဝယ် ဖြစ်နေဆဲ

Posted: 17 Jan 2021 02:01 PM PST

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွင်းက အကွက်ရိုက် ရောင်းချနေတဲ့ အစိုးရသစ်တောဦးစီးဌာနပိုင် ဧရိယာတွေကို သစ်တောဦးစီးဌာနက တိုင်လိုက်စိုက်နေပေမယ့် အရောင်းအဝယ်တွေ ရှိနေဆဲပဲလို့ ဒေသခံတွေက ဆိုပါတယ်။ပြင်ဦးလွင်မြို့နယ်မှာ သစ်တောကြိုးဝိုင်းအတွင်း အကွက်ရိုက် ရောင်းချထားတဲ့ မြေနေရာတွေကို သစ်တောဦးစီးဌာနက ဇန်နဝါရီလ ပထမပတ်လောက်က စတင်ပြီး သစ်တောပိုင်မြေမကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေ လိုက်လံစိုက်ထူနေတာဖြစ်ပါတယ်။

ရွေးကောက်ခံသမ္မတ Joe Biden အစိုးရဖွဲ့ပြီးတာနဲ့ အုပ်ချုပ်ရေးအမိန့်တွေ ထုတ်ပြန်မည်

Posted: 17 Jan 2021 01:58 PM PST

အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden. (ဇန်နဝါရီ ၁၅၊ ၂၀၂၁)ရွေးကောက်ခံသမ္မတ Joe Biden အနေနဲ့ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီး အစောပိုင်းအချိန်တွေ အတွင်းမှာပဲ သမ္မတအုပ်ချုပ်ရေး အာဏာကို အသုံးပြုပြီး သူ့အရင် သမ္မတ Trump လက်ထက် ဆုံးဖြတ်ခဲ့တဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ပြောင်းလဲသွားဖို့ ရှိပါတယ်။အလားတူပဲ သမ္မတအခွင့်အာဏာကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တုံ့ပြန်

ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းလူအုပ် အမေရိကန်နယ်စပ်ဆီ ဦးတည်နေ

Posted: 17 Jan 2021 01:55 PM PST

အမေရိကန်နိုင်ငံထဲဝင်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းလူအုပ်ကြီးနဲ့ ထိပ်တိုက်တွေ့နေတဲ့ ဟွွန်ဒူးရပ်စ်ရဲတပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၁၅၊ ၂၀၂၁)ဟွန်ဒူးရပ်စ်နိုင်ငံက ရွှေ့ပြောင်းလာသူ အနည်းဆုံး ၉,၀၀၀ လောက်ဟာ ဂွါတီမာလာနိုင်ငံကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စု အစိုးရသစ် တာဝန်ယူတဲ့ အစောပိုင်းရက်တွေမှာ ရောက်လာနိုင်ဖို့ မျှော်လင့်ရင်း တရက်စောပြီး စတင် ထွက်ခွာလာနေပါတယ်။ဟွန်ဒူးရပ်စ်နဲ့ ဂွါတီမာလာက အဝေးပြေးလမ်းမကြီးတွေတ

တောင်ကိုရီးယားမှာ အရက်မူးပြီး ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို လျှော့ပေါ့ပြစ်ဒဏ်ပေးခဲ့လို့ ကန့်ကွက်သံတွေ ထွက်ပေါ်

Posted: 17 Jan 2021 01:49 PM PST

လျှော့ပေါ့ ပြစ်ဒဏ်နဲ့ ချိုဒူးဆွန် ပြန်လွတ်လာတာကို လူအုပ်ကြီးက ကန့်ကွက်ကလေးမလေးတစ်ဦးကို ရက်ရက်စက်စက် အဓမ္မပြုကျင့်ခဲ့မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူတစ်ဦးကို လျှော့ပေါ့ပြစ်ဒဏ်နဲ့ ထောင်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးစနစ် အပေါ် အချေအတင် အငြင်းပွားမှုတွေ ထပ်မံ ပေါ်ထွက်လာခဲ့တယ်လို့ ဘီဘီစီ ကိုရီးယားဌာန သတင်းထောက် ဒေးဗစ် အိုက ပြောပါတယ်။လွန်ခဲ့တဲ့ ၁၂ နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.