သစ္ထူးလြင္ |
- တောင်ကိုရီးယား ဂွမ်မြောင်မြို့တော်ဝန်နဲ့ မြို့သူမြို့သားများ မြန်မာ့အရေး ရန်ပုံငွေထည့်ဝင်
- ယုဇနပလာဇာဆိုင်ခန်းတွေက ပစ္စည်းတွေ သိမ်းဆည်းရွှေ့ပြောင်း
- မိုးညှင်းက ဘုရားကျောင်းနှစ်ကျောင်းကို ဝင်ရောက်ရှာဖွေ
- ဆန္ဒပြမှုများ အကြမ်းဖက်ခံရမှု နိုင်ငံတဝန်း ၅ ဦးထက်မနည်း သေဆုံး
- မြန်မာ့အရေး လုံခြုံရေးကောင်စီ ခုထက်ပိုဆောင်ရွက်လာဖို့ လှုပ်ရှားသူတွေ တောင်းဆို
- အရိုးရောဂါ ပညာဌာန ပါမောက္ခ တစ်ဦးဖမ်းဆီးခံရ
- ကုလလုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက် မြန်မာဆိုင်ရာကုလကိုယ်စားလှယ် တွမ်အင်ဒရူး စိတ်ပျက်တယ်လို့ဆို
- KNU နယ်မြေမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှု ဗိုလ်ချုပ်ကြီးယွက်စစ် ကန့်ကွက်ရှုတ်ချ
- ဆန္ဒပြပွဲတွေပစ်ခတ်ဖြိုခွင်းခံရမှု အနည်းဆုံး လေးဦးသေဆုံး
- ရန်ကုန် မြို့လယ် ၆ မြို့နယ်က ဆန္ဒပြပွဲဦးဆောင်သူတွေကို စစ်တပ်နဲ့ရဲက ရှာဖွေဖမ်းဆီး
- ဖားကန့်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မျက်ကုမ္ပဏီဧရိယာမှာ အလံဖြူထောင်ထား
- မုံရွာ အေးရိပ်သာလမ်း ပစ်ခတ်မှု ၃ဦးထက်မနည်း ကျဆုံး
- ယနေ့ (ဧပြီ ၃) နံနက်က မွန်ပြည်နယ် သထုံမြို့ သပိတ်စစ်ကြောင်း ေသနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခံရပြီး၂ ဦးကျဆုံးသွားကာ လူငယ် ၂၀ ဦးထက် မနည်း ဖမ်းဆီးခံရ
- သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ (စကခ-၈) ရှေ့တန်းတပ်မဌာနချုပ်မှ လူနေထိုင်ရာဒေသများသို့ လက်နက်ကြီး (၁၂၀ မမ) (၅)လုံးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံရွာသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်၊ ကျေးလက်ဆေးပေးခန်းများ ပျက်စီးဆုံးရှုံး
- ပြည်သူများ မြို့လမ်းမပေါ်ဆန္ဒတက်ပြပါက ပစ်မည်ဟု ဘုရားသုံးဆူမြို့ တပ်ရင်းမှူး ပြော
- CDM လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသူမည်သူမဆို ထိရောက်စွာအရေးယူမည်ဟု KNU ဒူးပလာယာခရိုင်ပြော
- စစ်ရှောင်ကရင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခွင့်မရသေး
- မိုးညှင်းအရှေ့စု ၂လမ်း နေအိမ်အတွင်းမှ လူ(၅)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားဟုဆို
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်အမှတ် ၁/၀၄/၂၀၂၁
- ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို ရုံးထုတ်
- စစ်အာဏာဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ၅၀၅ (က) နဲ့ အမှုဖွ
- တမူးမှာ ကူကီးတပ်ဘက်ကပါဝင် တိုက်ခိုက်တဲ့ CDM ရဲတပ်သား သေဆုံး
- CNN သတင်းထောက်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသူတစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ
- ဖမ်းဆီးထားသူအားလုံး ချက်ချင်းပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီ ထပ်မံတိုက်တွန်း
- ရန်ကုန်စက်မှုဇုံထဲက စက်ရုံတွေ ပြန်ဖွင့်နေ
တောင်ကိုရီးယား ဂွမ်မြောင်မြို့တော်ဝန်နဲ့ မြို့သူမြို့သားများ မြန်မာ့အရေး ရန်ပုံငွေထည့်ဝင် Posted: 03 Apr 2021 08:45 AM PDT တောင်ကိုရီးယားနိုင်ငံ ဂွမ်မြောင်မြို့တော်ဝန်က မြန်မာ့ဒီမိုကရေစီရေးအတွက် ရန်ပုံငွေလှူဒါန်းပြီး ထောက်ခံကြောင်း ပြသတဲ့မြင်ကွင်း။တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်မြောင်မြို့တော်ဝန် ဦးဆောင်တဲ့ မြို့သူမြို့သားတွေနဲ့ ကျောင်းသားတွေဟာ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့အနေနဲ့ ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကို ဖိတ်ခေါ်ပြီး တော်လှန်ရေးရန်ပုံငွေ လှူဒါန်းခဲ့ပါတယ်။ အပြည့်အစုံကို မခွါညို တင်ပြပေးထားပါတယ် |
ယုဇနပလာဇာဆိုင်ခန်းတွေက ပစ္စည်းတွေ သိမ်းဆည်းရွှေ့ပြောင်း Posted: 03 Apr 2021 08:32 AM PDT တာမွေမြို့နယ်၊ ဧပြီ ၃ ရက် မြင်ကွင်းဧပြီ ၁ ရက်က စစ်တပ်ပိုင် ရူဘီမတ်နဲ့ ဂန္ဓမာကုန်တိုက်တို့ မီးလောင်အပြီးမှာတော့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ပလာဇာတစ်ခုဖြစ်တဲ့ ယုဇနပလာဇာက ဆိုင်ရှင်တွေက သူတို့ပစ္စည်းတွေကို ပြန်ရွှေ့ပြောင်းခဲ့ကြပါတယ်။မနေ့ကနဲ့ ဒီကနေ့ ၂ ရက်အတွင်း ပစ္စည်းရွှေ့ပြောင်းမှုတွေကြောင့် ယုဇနပလာဇာက ဆိုင်ခန်းတွေမှာ ပစ္စည်းတွေကုန်သလောက်ဖြစ်သွားပြီလို့ ဆိုင်ရှင်တွေကပြောပါတယ်။BBC Burmesehttps:// |
မိုးညှင်းက ဘုရားကျောင်းနှစ်ကျောင်းကို ဝင်ရောက်ရှာဖွေ Posted: 03 Apr 2021 08:30 AM PDT ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်(၂) မျက်နာချင်းဆိုင်မှာရှိတဲ့ ကချင်နှစ်ခြင်းသင်းတော်နဲ့ RC (ရိုမန်ကက်သစ်လစ် ) ဘုရားကျောင်း နှစ်ကျောင်းကို ဒီကနေ့ နေ့လယ် ၁နာရီက စစ်နဲ့ရဲတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ရှာဖွေတဲ့အကြောင်းအရင်းကို မေးလို့မရဘဲ စစ်သားတချို့ကတော့ အုတ်တံတိုင်းကျော်ပြီး ဝင်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။အသင်းတော်တွေရဲ့ရုံး၊ ဆရာတွေရဲ့ အိမ်၊ အမှိုက်ပုံးတွေ |
ဆန္ဒပြမှုများ အကြမ်းဖက်ခံရမှု နိုင်ငံတဝန်း ၅ ဦးထက်မနည်း သေဆုံး Posted: 03 Apr 2021 08:24 AM PDT မန္တလေးမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကြောင့် အကာအကွယ်ယူနေရတဲ့ ဆန္ဒပြသူများ။ (ဧပြီ ၃၊ ၂၀၂၁)နိုင်ငံတဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဒီနေ့မှာ အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြပြည်သူ ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က ပြောပြသွားမှာဖြစ်ပါတယ်။စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ |
မြန်မာ့အရေး လုံခြုံရေးကောင်စီ ခုထက်ပိုဆောင်ရွက်လာဖို့ လှုပ်ရှားသူတွေ တောင်းဆို Posted: 03 Apr 2021 08:22 AM PDT မှတ်တမ်းဓါတ်ပုံ - ၂၀၁၈ မေလတုန်းက မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးပွဲတခုမြန်မာနိုင်ငံရဲ့ အခြေနေသိပ်ဆိုးဝါးလာနေတာအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထူးစိုးရိမ်ကြောင်းနဲ့ စစ်တပ်ဘက်က အဆုံးစွန်းထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ကြေညာချက်ထုတ်ပြန်ပြောဆိုမှုဟာ သေရေးရှင်ရေးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် လုံလောက်မှုမရှိတာကြောင့် ပိုထိရောက်အောင် လုပ်ဆောင်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားနေသူတွေက တောင်းဆိုလိုက်ပါ |
အရိုးရောဂါ ပညာဌာန ပါမောက္ခ တစ်ဦးဖမ်းဆီးခံရ Posted: 03 Apr 2021 08:20 AM PDT CDM ဆရာဝန်တွေကို ကြောက်ရွံ့ထိတ်လန့်သွားအောင်လုပ်ပြီး ဖမ်းဆီးနေတယ်လို့ပြောဒေါက်တာကျော်မင်းစိုးရန်ကုန်၊ ဆေးတက္ကသိုလ် (၁) အရိုးရောဂါ ပညာဌာန ပါမောက္ခလည်းဖြစ်၊ အရိုးအထူးကုဆရာဝန်လည်းဖြစ်တဲ့ ဒေါက်တာကျော်မင်းစိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ ဧပြီလ ၃ ရက်နေ့ မနက် အစောပိုင်းအချိန်က အိမ်ကိုလာရောက်ကာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ အစ်ကိုက ဘီဘီစီကို ပြောပါတယ်။မရမ်းကုန်းမြို့နယ်တွင်းမှာ |
ကုလလုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက် မြန်မာဆိုင်ရာကုလကိုယ်စားလှယ် တွမ်အင်ဒရူး စိတ်ပျက်တယ်လို့ဆို Posted: 03 Apr 2021 08:17 AM PDT ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးပြင်းထန်တဲ့ ဆုံးဖြတ်ချက်မချနိုင်တာ အင်မတန် စိတ်ပျက်စရာကောင်းတယ်လို့ မြန်မာဆိုင်ရာကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တွစ်တာမှာ ပြောပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56582387 |
KNU နယ်မြေမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှု ဗိုလ်ချုပ်ကြီးယွက်စစ် ကန့်ကွက်ရှုတ်ချ Posted: 03 Apr 2021 08:15 AM PDT KNU နယ်မြေမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှု ဗိုလ်ချုပ်ကြီးယွက်စစ် ကန့်ကွက်ရှုတ်ချ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ၂၀၂၁၊ ဧပြီ ၃ ရက်နေ့က တွေ့ရစဉ် / Photo: NCA-S EAOKNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေ သေဆုံးတာ၊ ထွက်ပြေးနေရတာတွေကြောင့် ကန့်ကွက်ရှုတ်ချကြောင်း ဒီနေ့ PPST အစည်းအဝေးမှာ ဗိုလ်ချုပ် |
ဆန္ဒပြပွဲတွေပစ်ခတ်ဖြိုခွင်းခံရမှု အနည်းဆုံး လေးဦးသေဆုံး Posted: 03 Apr 2021 08:11 AM PDT စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီမနက် ၈ နာရီလောက်က နန္ဒဝန်ရပ်ကွက်ကိုပိတ်ဆို့ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် သုံးဦး သေဆုံးပြီး၊ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေး နေသူတွေက ပြောပါတယ်။သေဆုံးသူ သုံးဦးထဲက နှစ်ဦးရဲ့ရုပ်အလောင်းကို စစ်ကားပေါ်တင်သွားတာ မြင်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတစ်ဦးက ပြောပါတယ်။"သုံးယောက်ကျသွားပြီလို့တော့ သိရတယ်ဗျ။ |
ရန်ကုန် မြို့လယ် ၆ မြို့နယ်က ဆန္ဒပြပွဲဦးဆောင်သူတွေကို စစ်တပ်နဲ့ရဲက ရှာဖွေဖမ်းဆီး Posted: 03 Apr 2021 08:00 AM PDT ရန်ကုန်၊ ဧပြီ ၃-၂၀၂၁ရန်ကုန် မြို့လယ် ၆မြို့နယ်က အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ဦးဆောင်သူတွေကို ဒီနေ့ ဧပြီ ၃ရက် နေ့လယ်ပိုင်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။မျက်မြင်တွေ့ရှိသူတစ်ဦးက "၃၈လမ်းထဲကပဲ ၇ ဦးလောက်ပါသွားတယ်။ အကုန်နာမည်စာရင်းနဲ့ကို လာဖမ်းတာ" လို့ VOM ကို ပြောပါတယ်။မြို့လယ် ၆ မြို့နယ်ကသပိတ်ခေါင်းဆောင်၊ တက်ကြွအလှူရှင်၊ Defence Team ဦးဆောင်သူတွေကို |
ဖားကန့်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မျက်ကုမ္ပဏီဧရိယာမှာ အလံဖြူထောင်ထား Posted: 03 Apr 2021 07:58 AM PDT ဖားကန့်၊ ဧပြီ ၃-၂၀၂၁ဖားကန့်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့ မနက်ပိုင်းအချိန်က စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီနေရာကို ဒီနေ့ ဧပြီလ ၃ ရက်နေ့ကစပြီး အလံဖြူအမှတ်အသားထောင်ထားတာကို တွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီဟာ ဆန်ခါကျေးရွာနဲ့ မဇွတ်ယန်ကျေးရွာ အကြား မြဥယျာဥ်ကျောက်မျက်ကုမ္ပဏီဖြစ်ပြီး အဲ့ဒီနေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် |
မုံရွာ အေးရိပ်သာလမ်း ပစ်ခတ်မှု ၃ဦးထက်မနည်း ကျဆုံး Posted: 03 Apr 2021 07:54 AM PDT မုံရွာ၊ဧပြီ-၃မုံရွာမြို့ နန္ဒဝန်ရပ်ကွက် အေးရိပ်သာလမ်းပေါ်တွင် ယနေ့နံနက် ၈နာရီကျော်က ရဲနှင့်စစ်တပ်မှ ဝင်ရောက်ပစ်ခတ်ရာ လူငယ် ၃ဦးထက်မနည်း ကျဆုံးသည်။မုံရွာလူထုပင်မသပိတ် ချီတက်ရာလမ်းများရှိ ခံတပ်အတားအဆီးများကို ရဲနှင့်စစ်တပ်က ရှင်းလင်း၍ ခုခံသူများနှင့် လမ်းရှိနေအိမ်များကို ပစ်ခတ်နှိမ်နင်းသည်ဟု ရပ်ကွက်နေသူများက ပြောသည်။ပင်မသပိတ်မှာမူ အခြားနေရာတွင်စုဝေး၍ ၅၅ရက်မြောက်အဖြစ်ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။ |
Posted: 03 Apr 2021 07:51 AM PDT ယနေ့ (ဧပြီ ၃) နံနက်က မွန်ပြည်နယ် သထုံမြို့ သပိတ်စစ်ကြောင်း ေသနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခံရပြီး၂ ဦးကျဆုံးသွားကာ လူငယ် ၂၀ ဦးထက် မနည်း ဖမ်းဆီးခံရသည်ဟု ဒေသခံထံမှ သိရသည်။ (Photo_CJ)Karen Information Center -KIChttps://www.facebook.com/KICNewsPage |
Posted: 03 Apr 2021 07:51 AM PDT ၃၊ ဧပြီ၊ ၂၀၂၁။ သူးလေသတင်းစဉ်ဧပြီလ(၂)ရက်နေ့ ည(၈)နာရီ အချိန်တွင် ကေအဲန်ယူ- သထုံခရိုင်၊ သထုံမြို့နယ် ပိန်းနဲတော ကျေးရွာအတွင်း ရွာလယ်ဘုန်းကြီးကျောင်းနှင့် စာသင်တန်းအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ (စကခ-၈) ရှေ့တန်းတပ်မဌာနချုပ်မှ လက်နက်ကြီး (၁၂၀ မမ) (၅)လုံးဖြင့် လူနေထိုင်ရာ ဒေသများသို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။အဆိုပါ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကေအဲန်ယူ သထုံမြို့နယ် မတ်ချကျေးနယ်အုပ်စု၊ ဖာ |
ပြည်သူများ မြို့လမ်းမပေါ်ဆန္ဒတက်ပြပါက ပစ်မည်ဟု ဘုရားသုံးဆူမြို့ တပ်ရင်းမှူး ပြော Posted: 03 Apr 2021 07:49 AM PDT ၃၊ ဧပြီ၊ ၂၀၂၁။ ဒူးပလာယာခရိုင် ကေအဲန်ယူ၊ ဝင်းရေးမြို့နယ် ဘုရားသုံးမြို့တွင် ပြည်သူများ လမ်းမပေါ်ဆန္ဒတက်ပြပါက ပစ်မည်ဟု ဘုရားသုံးဆူမြို့ အာဏာသိမ်းစစ်အုပ်စုတပ် (ရတခ ၃၁) တပ်ရင်းမှူး ထူးလင်းမြတ် ကိုယ်တိုင် လာရောက်ပြောခဲ့တယ်လို့ ဘုရားသုံးဆူမြို့နေပြည်သူတစ်ဦးက ပြောသည်။သို့အတွက်ကြောင့် ပြည်သူများသည် မြို့လမ်းမပေါ် ဆန္ဒမပြရဲတော့ပဲ မက္ကသချောင်းတွင်သာ စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ် ပြုလုပ်ခဲ့သည်ဟု သိရှိရ |
CDM လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသူမည်သူမဆို ထိရောက်စွာအရေးယူမည်ဟု KNU ဒူးပလာယာခရိုင်ပြော Posted: 03 Apr 2021 07:41 AM PDT ဧပြီ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ၎င်းတို့နယ်မြေအတွင်း အာဏာဖီဆန်မှု (Civil Disobedience Movement -CDM)လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသည့် မည်သည့် ပုဂ္ဂိုလ်မဆို ထိရောက်စွာ အရေးယူသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ဒူးပလာယာခရိုင်(တပ်မဟာ ၆) က ယနေ့(ဧပြီ ၃ရက်) ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်မှု( CDM)လှုပ်ရှားမှုကို ရပ်တန့်သွားအောင် စစ်ကောင်စီအဖွဲ့ဝင် |
စစ်ရှောင်ကရင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခွင့်မရသေး Posted: 03 Apr 2021 07:39 AM PDT ဧပြီ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီမူတြော်ခရိုင်မှ စစ်ရှောင်ပြည်သူများအတွက် ပို့ဆောင်မည့် ထောက်ပံ့ကူညီမှုပစ္စည်းများ ယနေ့ ဧပြီ ၃ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲ့စရင်းယန်းမြို့နယ် မဲ့စလက်(သောလယ်ထာ)တွင် ရောက်ရှိလာ သော်လည်း ထိုင်းအာဏာပိုင်များဘက်က နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခွင့်မပြုသေးကြောင်း သိရှိရ သည်။ထိုင်းကရင်အဖွဲ့ (KTG) နှင့် အစိုးရမဟုတ်သော အဲန်ဂျီအို အဖွဲ့အစည်းတစ်ဖွဲ့တို့က ကားအစီးရေ ၂၀ကျော်ဖြင့် |
မိုးညှင်းအရှေ့စု ၂လမ်း နေအိမ်အတွင်းမှ လူ(၅)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားဟုဆို Posted: 03 Apr 2021 07:36 AM PDT မိုးညှင်း ၊ဧပြီ- ၃ကချင်ပြည်နယ်မိုးညှင်းအရှေ့စု (၂)လမ်းရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ဧပြီ (၃)ရက် နေ့လယ်ပိုင်းက စစ်ကောင်စီအဖွဲ့မှ နေအိမ်အတွင်း အတူရှိနေသူ (၅)ဦးအား ကိုဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။"ရပ်ကွက်ထဲ ရဲကားစစ်ကားအရပ်ဝတ်တွေနဲ့ အဲ့ဒီအိမ်ထဲဝင်ရှာနေတာမြင်ရတယ်။ပေါ်ပေါ်ထင်ထင်လည်း မကြည့်ရဲဘူး။ ဘာရှာတွေ့လို့ဖမ်းတယ်တော့ ဂဃနဏ မသိဘူး။ အဲ့ဒီအိမ်က အရက်ရောင်းတယ်။ သူ့အမေနဲ့သူ့သား ရယ် အိမ်ထဲမှာရောက်နေတဲ့ လူငယ် ( |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်အမှတ် ၁/၀၄/၂၀၂၁ Posted: 03 Apr 2021 07:33 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်အမှတ် ၁/၀၄/၂၀၂၁National League for Democracyhttps://www.facebook.com/nldparty |
ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို ရုံးထုတ် Posted: 02 Apr 2021 02:55 PM PDT ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို ရုံးထုတ် ရန်ကုန်တိုင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး။Photo: RFANLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဦးသိန်းဦးနဲ့ ရန်ကုန်တိုင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးတို့ကို အင်းစိန်ထောင်မှာ ဧပြီ ၂ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။အင်းစိန်ထောင်မှာပဲ မြို့နယ်တရားရုံးခန်းတွေ ဖွဲ့ထားပြီး ဦးဟံသာမြင့်နဲ့ ဦးသိန်းဦးတို့ကို ဗဟန်းမြို့နယ် တရားရုံးနဲ့ |
စစ်အာဏာဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ၅၀၅ (က) နဲ့ အမှုဖွ Posted: 02 Apr 2021 02:53 PM PDT စစ်အာဏာဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ၅၀၅ (က) နဲ့ အမှုဖွင့် ၂၀၂၁ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် တွေ့ရသည့် သရုပ်ဆောင် ခင်ဝင့်ဝါ /Photo: RFAစစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေကြတဲ့ အနုပညာရှင်တချို့ အပါအဝင် ၂ဝ ဦး ကို ပုဒ်မ ၅ဝ၅ (က) နဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီပိုင် မြဝတီသတင်းက ကြေညာပါတယ်။သရုပ်ဆောင် မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ |
တမူးမှာ ကူကီးတပ်ဘက်ကပါဝင် တိုက်ခိုက်တဲ့ CDM ရဲတပ်သား သေဆုံး Posted: 02 Apr 2021 02:30 PM PDT စစ်ကိုင်းတိုင်း တမူးမြို့နယ် နန်းဖာလုံက မီးသတ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသခံ ကူကီးအမျိုးသားတပ်တို့အကြား သောကြာနေ့ မနက် ၂ နာရီကနေ ၄ နာရီ အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့လို့ ဒေသခံတွေဘက်ကတိုက်ခိုက်တဲ့ CDM လုပ်နေတဲ့ ရဲတပ်သား ကိုထောင်ဟောင်ဂင် သေဆုံးသွားတယ်လို့ တမူး မြို့ခံ အမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၆ ယောက် သေဆုံးတယ်လို့ ယူဆနိုင်စရာတွေကို တွေ့ |
CNN သတင်းထောက်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသူတစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ Posted: 02 Apr 2021 02:27 PM PDT CNN သတင်းထောက်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသူတစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ မယဉ်သက်တင်Photo-CJရန်ကုန်မြို့မှာရောက်နေတဲ့ CNN သတင်းထောက်နဲ့ တွေ့ဆုံစကားပြောခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်က မယဉ်သက်တင်ကို ရန်ကုန် ရွှေပြည်သာ စစ်ကြောရေးစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက RFA ကို အတည်ပြုပြောပါတယ်။ဒီကနေ့မနက်ပိုင်းက ရန်ကုန် ၁၀ မိုင်ကုန်းဈေးကို မုန့်ဝယ်ဖို့သွားဝယ်ရင်း CNN သတင်းထောက် |
ဖမ်းဆီးထားသူအားလုံး ချက်ချင်းပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီ ထပ်မံတိုက်တွန်း Posted: 02 Apr 2021 02:26 PM PDT ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်စည်းဝေးပွဲမှာ မြန်မာနိုင်ငံရဲ့ မြန်မြန် ဆန်ဆန် ယိုယွင်းပျက်ပြားလာနေတဲ့ အခြေအနေတွေအပေါ် လုံခြုံရေးကောင်စီက အလွန်တရာ စိုးရိမ်နေပြီး၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တာ၊ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရာနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးရတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ |
ရန်ကုန်စက်မှုဇုံထဲက စက်ရုံတွေ ပြန်ဖွင့်နေ Posted: 02 Apr 2021 02:24 PM PDT မှတ်တမ်းဓါတ်ပုံ-၂၀၂၀ မေလ ၈ ရက်နေ့တုန်းက တွေ့ရတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားများစစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် ခေတ္တပိတ်ခဲ့တဲ့ ရန်ကုန်တိုင်းစက်မှုဇုံထဲက စက်ရုံတော်တော်များများ အခုပြန်ဖွင့်နေကြပါပြီ။ ဆန္ဒပြပွဲတွေကြောင့် ကိုယ့်နေရပ်ပြန်သွားကြတဲ့ စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှာ စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုရန်နိုင် ကတင်ပြပါမယ်။စစ်အာဏာသိမ်းခဲ့ပြီးနောက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.