သစ္ထူးလြင္ |
- မုံရွာဒေါနခြံရပ်ကွက်သပိတ်ဖြိုခွင်းခံရ ၊ ၄ဦးဖမ်းသွား
- မုံရွာပင်မသပိတ် အလံမလိပ် ဆက်ချီ
- ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု
- ဘင်္ဂလားပင်လယ်အော်ထဲ တပ်မတော်ရေက ရက်ချီ စစ်ရေးလေ့ကျင့်မယ်လို့ကြေညာ
- ဗြိတိန်နဲ့ အမေရိကရောက် မြန်မာတွေ ဆန္ဒပြ
- စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံကို CNN တွေ့ဆုံမေးမြန်း
- မြန်မာ့အရေး နိုင်ငံတကာအကူအညီပေးဖို့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား
- မြန်မာနဲ့ အီစတာ သပိတ်
- မန္တလေးတတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ်
- ဖမ်းခံရတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက် သေဆုံး
- သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီး ခံရသူတွေကိစ္စ စစ်တပ်ကို CNN မေး
- စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဆွေးနွေး
- CDM လှုပ်ရှားသူ အနုပညာရှင်တွေကို အာဏာပိုင်တွေ အရေးယူဖို့ကြေညာ
- နယူးယောက်က မြန်မာ့အရေးဆန္ဒပြပွဲ
- အမျိုးသမီးအများစု ဦးဆောင်တဲ့ သဲတောနဲ့ဝမ်းတွင်းမြို့ဆန္ဒပြပွဲ
- ပျဉ်းမနားဆိုင်ကယ်သပိတ် ပစ်ခတ်ဖြိုခွဲခံရ နှစ်ဦး သေဆုံး
- ကလေးမြို့မှာ ၂ဖက် ဖမ်းဆီးထားသူတွေ လဲလှယ်
- စီမံကိန်းရပ်ဆိုင်းလျှင် အလုပ်သမားများကို ထိခိုက်နိုင်ဟု Total ကုမ္ပဏီတုန့်ပြန်
- the Quad ကြောင့် အကြမ်းဖက်စစ်တပ် စိတ္တဇဖြစ်
- ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟားခါးမြို့မှ CDM တွင် ပါဝင်သော ရဲဝံ့ ဝန်ထမ်း (၅၅) ဦးကို ရာထူးမှထုတ်ပယ်လိုက်သလို၊ ဝန်ထမ်းအိမ်ရာမှလည်း မနက်ဖြန် ဧပြီလ (၅) ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်း
- စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြစ်ဆုံအထက်မှာရွှေတူးဖော်မှုတွေရှိနေ
- ဗန်းမော်မြို့တွင် မနက်အချိန်မတော် ရပ်ကွက်လူနေအိမ်များ ဝင်ရောက်စီးနှင်း ဖျက်ဆီးခံရပြီး ပြည်သူတစ်ဦးကျဆုံး
မုံရွာဒေါနခြံရပ်ကွက်သပိတ်ဖြိုခွင်းခံရ ၊ ၄ဦးဖမ်းသွား Posted: 04 Apr 2021 07:18 AM PDT ဓာတ်ပုံ-ဒေါနခြံရပ်ကွက်သပိတ်ကို လောကမာရဇိန်ဘုရားရင်ပြင်၌ တွေ့ရစဉ်မုံရွာ၊ဧပြီ-၄မုံရွာမြို့ မိန်းလမ်းနှင့် ပြည်ထောင်စုလမ်းကြား ဒေါနခြံရပ်ကွက်သပိတ်မှာ ယနေ့ညနေ ၄နာရီက ဖြိုခွင်းခံရပြီး လူငယ်၄ဦး ဖမ်းခံရကြောင်း သပိတ်တွင်ပါဝင်သူတစ်ဦးကပြောသည်။ဖမ်းဆီးခံရမှုတွင် အမျိုးသား ၄ဦး၊ အမျိုးသမီး ၂ဦးပါပြီး အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။ရပ်ကွက်သပိတ်သည် လှည့်လည်ဆန္ဒပြပြီး တောင်ကုန်းလောကမာရဇိန်ဘုရားအနီး |
မုံရွာပင်မသပိတ် အလံမလိပ် ဆက်ချီ Posted: 04 Apr 2021 07:16 AM PDT မုံရွာ၊ဧပြီ- ၄မုံရွာလူထုပင်မသပိတ်သည် ရက်ဆက်မပြတ်ချီတက်သည်ဟုသော အစဉ်အလာကိုထိန်း၍ ယနေ့ညနေပိုင်းက တပ်ဦးအလံလွှင့်ဆက်လက်ဆန္ဒပြကြောင်း သပိတ်ကော်မတီထံမှ သိရသည်။မုံရွာတွင် မနက်ပိုင်းက ရပ်ကွက်သပိတ်များလည်း ဆန္ဒထွက်ပြသည်ကိုတွေ့ရသည်။လမ်းမများတွင် နေရာယူထားသော ရဲနှင့်စစ်တပ်မှ ဆိုင်ကယ်စီးလာသူအချို့ကို ရပ်တန့်စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများက သတင်းပေးပို့ပြောကြားသည်။Monywa Gazettehttps://www.facebook.com/ |
ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု Posted: 04 Apr 2021 07:10 AM PDT အိန္ဒိယကနေ ဝယ်ယူထားတဲ့ ရုရှားလုပ်ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူဘင်္ဂလားပင်လယ်အော် ထဲမှာ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယရေတပ်တို့ ပူးပေါင်း ပါဝင်မယ့် La Perouse အမည်ရှိ Quad ရေတပ်စစ်ဆင်ရေးလေ့ကျင့်မှု မစတင်မီမှာဘဲ မြန်မာနိုင်ငံက ရခိုင်ကမ်းလွန်မှာ ရေတပ်လေ့ကျင့်ရေးလုပ်မယ်လို့ကြေညာပြီး ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ ရုတ်တရက် စတင်လိုက်ပါတယ်။တပ်မတော်ရေက စစ်ရေယာဉ်တွေဟာ ဘင်္ဂလားပင်လယ်အော် |
ဘင်္ဂလားပင်လယ်အော်ထဲ တပ်မတော်ရေက ရက်ချီ စစ်ရေးလေ့ကျင့်မယ်လို့ကြေညာ Posted: 04 Apr 2021 07:06 AM PDT အောက်တိုဘာလတုန်းက ပြုလုပ်ခဲ့သည့်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းတပ်မတော်ရေက စစ်ရေယာဉ်တွေဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဒီနေ့ ဧပြီလ ၄ ရက်ကနေ ၁၁ ရက်အထိ စစ်ရေးလေ့ကျင့်မှာဖြစ်လို့ လေ့ကျင့်ခန်းဧရိယာ ၃ ခုအတွက် ရေကြောင်းနဲ့ လေကြောင်း သတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။စစ်နည်းဗျူဟာအဆင့် ရေပြင်နဲ့ရေအောက် စစ်ဆင်မှုသာမက ဝေဟင်လေ့ကျင့်မှုမှာပါမယ့်အပြင် ပစ်ခတ်လေ့ကျင့်တာတွေလည်းပါမယ်လို့ နိုင်ငံပိုင်သတင်းစာမှာပါတဲ့ |
ဗြိတိန်နဲ့ အမေရိကရောက် မြန်မာတွေ ဆန္ဒပြ Posted: 04 Apr 2021 06:50 AM PDT စစ်အာဏာရှင်ဆန့်ကျင်ရေး ဗြိတိန်နိုင်ငံရောက်မြန်မာတွေစုဝေးပြီး လန်ဒန်မြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ တင်းကြပ်ထားတာကြောင့် အရင်ရက်တွေက မြန်မာတွေ စုဝေးဆန္ဒပြခွင့်မရခဲ့ဘဲ ဧပြီလ ၃ ရက်နေ့ ဒီကနေ့မှာမှ လူအများဆုံး ပထမဆုံးအကြိမ် စုဝေးဆန္ဒပြခွင့်ရခဲ့ကြတာပါ။လူအင်အား ၃၀၀၀ လောက်ဒီကနေ့ဆန္ဒပြရာမှာ ပါဝင်ခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ဆန္ဒပြ |
စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံကို CNN တွေ့ဆုံမေးမြန်း Posted: 04 Apr 2021 06:48 AM PDT ရန်ကုန်မြို့မှာ ဒေသခံတဦးကို မေးမြန်းနေတဲ့ CNN နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarissa Ward.မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ CNN ရုပ်သံသတင်းဌာနက နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarissa Ward က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ပြန်ကြားရေး ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို တွေ့ဆုံ မေးမြန်းနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် တက် |
မြန်မာ့အရေး နိုင်ငံတကာအကူအညီပေးဖို့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား Posted: 04 Apr 2021 06:46 AM PDT DC ဆန္ဒပြပွဲ ( စနေနေ့ ၃ ရက် ဧပြီ ၂၀၂၁ )မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် ဖိနှိပ်ဖြိုခွဲမှု ဆက်လက်ဖြစ်ပေါ်နေပြီး သေဆုံးမှုတွေ ဆက်ရှိနေတာကြောင့် ဒါတွေရပ်တန့်သွားအောင်နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ နိုင်ငံတကာ အသိုင်းအဝန်းက အရေးယူဆောင်ရွက် ပေးလာအောင် ကမ္ဘာတလွှား နိုင်ငံတချို့မှာ စနေနေ့က မြန်မာတွေ စုရုံးဆန္ဒပြတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။အမေရိကန် |
Posted: 04 Apr 2021 06:41 AM PDT ခေတ်အခြေအနေကို ထင်ဟပ်ဖို့ ကြက်ဥလေးတွေကို ဆေးရောင်ခြယ်ကျင်းပတဲ့ အီစတာနေ့သပိတ်Easter Day ဟာ ခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့နေ့ ဖြစ်ပါတယ်။စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ အခက်အခဲတွေကြားကနေ ပြန်လည်ရှင်သန်လာဖို့ လူထုက တနင်္ဂနွေနေ့နဲ့တိုက်ဆိုင်ကျရောက်တဲ့ ဧပြီလ ၄ ရက် ဒီနေ့မှာပဲ အီစတာနေ့လှုပ်ရှားမှုတွေ ပြုလုပ်လာပါတယ်။ကြက်ကလေးတွေ ဥခွံထဲက ရုန်းထွက်ရှင်သန်ကြတာ |
မန္တလေးတတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ် Posted: 04 Apr 2021 06:38 AM PDT မန္တလေးအသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ်စစ်ကြောင်းတွေ / CJCopyright: CJမန္တလေးမြို့မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ သပိတ်တွေ ဒီနေ့ ဧပြီလ ၄ ရက်မှာ ဆက်လုပ်ပြုလုပ်နေကြပါတယ်။ကွန်ပျူတာ၊စီးပွားရေးနဲ့အင်ဂျင်နီယာမိသားစုအဖွဲ့တွေ၊ကျန်းမာရေး၊ ပညာရေး၊ မန္တလေးကျောင်းသားသမဂ္ဂပေါင်းစုံ၊ မန္တလေးအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး စစ် |
ဖမ်းခံရတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက် သေဆုံး Posted: 04 Apr 2021 06:35 AM PDT ဖမ်းခံရတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက် သေဆုံး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပြည်သူတွေ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြစဉ် / Photo: CJစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာမှာ ဧပြီ ၂ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခံရတဲ့ ရွာသား ခြောက်ယောက်မှာ နှစ်ယောက်် သေဆုံးသွားလို့ မုံရွာဆေးရုံကြီးကို အလောင်း လာယူဖို့ ဧပြီ ၄ ရက်၊ ဒီနေ့မနက် |
သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီး ခံရသူတွေကိစ္စ စစ်တပ်ကို CNN မေး Posted: 04 Apr 2021 06:33 AM PDT သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီး ခံရသူတွေကိစ္စ စစ်တပ်ကို CNN မေး ၂၀၂၁ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ အင်းစိန် ၁၀ မိုင်ကုန်းဈေးတွင် ဒေသခံတစ်ဦးနှင့် စကားပြောနေသည့် CNN သတင်းထောက် Clarissa Ward / (Photo: Citizen Journalist)CNN သတင်းထောက်နဲ့ စကားပြောခဲ့သူတွေကို ဖမ်းဆီးသွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကို ဆက်သွယ် မေးမြန်းနေတယ်လို့ CNN သတင်းဌာနက RFA ကို ပြောပါတယ်။မြန်မာနိုင်ငံကို ရောက်နေတဲ့ |
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဆွေးနွေး Posted: 04 Apr 2021 06:31 AM PDT KNU တပ်ဖွဲ့ဝင်များမြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ထောက်ခံကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က ပြောကြားလိုက်တာကြောင့် စစ်တပ်နဲ့ ကာလတာရှည် တိုက်ပွဲဆင်နွှဲနေတဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ပိုကြီးမားလာမှာကို စိုးရိမ်လာကြပါတယ်။တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဟာ စနေနေ့မှာ အွန်လိုင်းကနေ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို ဆွေးနွေးခဲ့ကြတာ ဖြစ် |
CDM လှုပ်ရှားသူ အနုပညာရှင်တွေကို အာဏာပိုင်တွေ အရေးယူဖို့ကြေညာ Posted: 04 Apr 2021 06:29 AM PDT ပုဒ်မ (၅၀၅-က)နဲ့ ဖမ်းဝရမ်းထုတ် အရေးယူ ခံထားရတဲ့ အနုပညာရှင်များ ( Photo - တပ်မတော် ပြန်ကြားရေးအဖွဲ့ dsinfo )စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ အပါအဝင် မြန်မာအနုပညာရှင် အတော်များများကို အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်နေပါတယ်။ဒီအနုပညာရှင်တွေဟာ ပြည်သူ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါလာစေဖို့နဲ့ |
နယူးယောက်က မြန်မာ့အရေးဆန္ဒပြပွဲ Posted: 04 Apr 2021 06:27 AM PDT Kyaw Soe Latt(NY)အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က Time Square မှာ ဒေသစံတော်ချိန် ဧပြီလ ၃ ရက်နေ့ ညနေ ပိုင်းက အဝေးရောက်မြန်မာနိုင်ငံသားတွေနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းပြီး မြန်မာ့အရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ဆန္ဒ ဖော်ထုတ်ခဲ့ကြသလို လူထုမဲရလာဒ်ကို လေးစားဖို့၊ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာတွေရပ်ဖို့ကိုလည်း စာတန်းတွေ |
အမျိုးသမီးအများစု ဦးဆောင်တဲ့ သဲတောနဲ့ဝမ်းတွင်းမြို့ဆန္ဒပြပွဲ Posted: 04 Apr 2021 06:25 AM PDT အမျိုးသမီးအများစု ဦးဆောင်တဲ့ သဲတောနဲ့ဝမ်းတွင်းမြို့ဆန္ဒပြပွဲမန္တလေးတိုင်းဒေသကြီးထဲက သဲတောနဲ့ ဝမ်းတွင်းမြို့ခံတွေစုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူထု လှုပ်ရှားမှု အရုဏ်ဦးသပိတ်ကို မြို့နေ ဒီနေ့ ဧပြီလ ၄ ရက်မှာလည်း ပြုလုပ်သွားပါတယ်။အမျိုးသမီးအများစု ဦးဆောင်တဲ့ သဲတောနဲ့ဝမ်းတွင်းမြို့ဆန္ဒပြပွဲလုံခြုံရေးတချို့ စစ်ကား ၂ စီးလောက်နဲ့ ကင်းလှည့်နေတာရှိပေမဲ့ မြို့ခံ တွေက ရှောင်ကွင်း ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။သဲ |
ပျဉ်းမနားဆိုင်ကယ်သပိတ် ပစ်ခတ်ဖြိုခွဲခံရ နှစ်ဦး သေဆုံး Posted: 04 Apr 2021 06:11 AM PDT ဓါတ်ပုံ-CJဧပြီ ၄-၂၀၂၁နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့မှာ ဒီနေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ရာက ကုလားလေး အသက် ၃၀ နဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ၂ဦး သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရှိရပါတယ်။တစ်ယောက်က အခင်းဖြစ်နေရာမှာပဲသေဆုံးတာပါ။တစ်ဦးက ဒဏ်ရာတွေနဲ့ပြန်ယူလာနိုင်ပေမယ့် သွေးထွက်လွန်ပြီး သေဆုံးသွားတာပါ လို့ ဒေသခံ |
ကလေးမြို့မှာ ၂ဖက် ဖမ်းဆီးထားသူတွေ လဲလှယ် Posted: 04 Apr 2021 06:03 AM PDT ကလေး-ဧပြီ၄-၂၀၂၁ကလေးမြို့အနောက်ခြမ်း တာဟန်းပင်မသပိတ်စခန်းဆီ ကျွံ၀င်လာတဲ့ ရဲတပ်ဖွဲ့၀င် ၅ ဦးနဲ့ စစ်တပ်သတင်းပေးနှစ်ဦးကို ဆန္ဒပြသူတွေက ခေတ္တထိန်းသိမ်ထားရာက ပြန်လွှတ်ပေးလိုက်ပြီးနောက်ပိုင်း စစ်တပ်ဖက်ကလည်း ဖမ်းဆီးခံ ပြည်သူ ၉ ဦးအား ချက်ချင်းလွှတ်ပေးခဲ့ပါတယ်။ပုဒ်မတပ် တရားစွဲထားပြီးသူတွေကလွှဲလို့ အခြားဖမ်းဆီးထားတဲ့ ပြည်သူတွေကိုလည်း လာမယ့် တနင်္လာနေ့မှာ လွှတ်ပေးသွားမယ်လို့ သိရပါတယ်။ ခံတပ်အခိုင်အမာ တည်ဆောက် |
စီမံကိန်းရပ်ဆိုင်းလျှင် အလုပ်သမားများကို ထိခိုက်နိုင်ဟု Total ကုမ္ပဏီတုန့်ပြန် Posted: 04 Apr 2021 05:56 AM PDT (၄-၄-၂၀၂၁) သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရပ်ဆိုင်းလိုက်ရင် ဒေသခံအလုပ်သမားတွေကိုထိခိုက်နိုင်တဲ့အပြင် မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတဲ့ စွမ်းအင်လိုအပ်ချက် ပိုကြီးမားသွားနိုင်တယ်လို့ ပြင်သစ်ပိုင် Total ကုမ္ပဏီကပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီအတွက် ဝင်ငွေလမ်းကြောင်းဖြစ်စေတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ပြန်သုံးသပ်ဖို့ အမေရိကန်အစိုးရကတိုက်တွန်းနေပြီး ပြည်သူ့လွှတ်တော် |
the Quad ကြောင့် အကြမ်းဖက်စစ်တပ် စိတ္တဇဖြစ် Posted: 04 Apr 2021 05:52 AM PDT (၄/၄/၂၀၂၁)အာဏာသိမ်းအကြမ်းဖက်စစ်တပ်တွေကြား စိတ်ဓါတ်ပျက်ပြားလာနေသူတွေများလာတဲ့အတွက် ပင်လယ်ပြင်ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းလုပ်ရတာလို့ အမည်မဖေါ်လိုသူ ရန်ကုန်တိုင်းစစ်ဌာနချုပ်အရာရှိတဦးကပြောပါတယ်။တပ်တွင်းအရာရှိတွေကြားမှာ မြန်မာပင်လယ်ပြင်နားမှာ လုပ်မဲ့ the Quad စစ်ရေးလေ့ကျင့်မှုအပေါ် စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေတယ်ဆိုပါတယ်။ the Quad အဖွဲ့နဲ့ပတ်သက်လို့ သီးသန့်လေ့လာရေးအဖွဲ့ဖွဲ့ လေ့လာခိုင်းပြီး စစ် |
Posted: 04 Apr 2021 05:50 AM PDT ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟားခါးမြို့မှ CDM တွင် ပါဝင်သော ရဲဝံ့ ဝန်ထမ်း (၅၅) ဦးကို ရာထူးမှထုတ်ပယ်လိုက်သလို၊ ဝန်ထမ်းအိမ်ရာမှလည်း မနက်ဖြန် ဧပြီလ (၅) ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းလေသည်။Chin Worldhttps://www.facebook.com/Chin-World-167011980026853 |
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြစ်ဆုံအထက်မှာရွှေတူးဖော်မှုတွေရှိနေ Posted: 04 Apr 2021 05:43 AM PDT ဧရာဝတီမြစ်ဆုံအထက်နား မလိခမြစ်ကမ်းဘေးတွင် ရွှေတူးဖော်မှုများ တွေ့လာရ4 April 2021စစ်ကောင်စီဖွဲ့စည်းပြီးနောက်ပိုင်း ဧရာဝတီမြစ်ဆုံအနီး မလိခမြစ်ကမ်းဘေးတွင် ရွှေတူးဖော်နေသည့် လုပ်ကွက်တစ်ခုကို မြင်တွေ့နေရပုံ။မြစ်ဆုံအထက်ဘက်အနီး မလိခမြစ်ကမ်းဘေးတွင် တူးဖော်နေခြင်း ဖြစ်ပြီး၊ ယခင်အစိုးရလက်ထက်များတွင် ရပ်နားထားသည့် နေရာများ ဖြစ်ကြောင်းလည်း သိရသည်။မြစ်ဆုံနားက မလိခမြစ်နဘေးမှာ စစ်ကောင်စီက |
Posted: 04 Apr 2021 05:40 AM PDT 4 April 2021 - Manmawစစ်ကောင်စီတပ်နှင့် ရဲများ ယနေ့နံနက်(၃)နာရီခန့်တွင် ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက်အတွင်းသို့ ဝင်ရောက်စီးနှင်းခဲ့ပြီး ပြည်သူတစ်ဦးကို ပစ်သတ်ခံရကာ၊ ၁၀ယောက်ကျော်ကိုလည်း ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ အများပြည်သူပိုင်ဆိုင်သည့် စာကြည့်တိုက်၊ နေအိမ်တံခါး၊ WiFi ကြိုးများကို ဖျက်ဆီးသွားခဲ့သည့်အပြင် လုံခြုံရေးအတွက် ပြည်သူများကာရံထားသည့် သဲအိတ်များကိုလည်း ဖျက်ဆီးသွားခဲ့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.