သစ္ထူးလြင္ |
- ကပ်ဘေးကာလ အလုပ်လက်မဲ့ ခုနစ်သန်းနီးပါးရှိနိုင်
- တပ်မတော်နဲ့ အေအေ အဖွဲ့တို့ ဝ ဒေသမှာ တွေ့
- ၂၀၂၀ ခုနှစ် နိုင်ငံသားအခွင့်အရေး ကာကွယ်လှုပ်ရှားသူဆု ဒေါ်နော်အုန်းလှ ချီးမြှင့်ခံရ
- မြန်မာ့ရေထွက်ကုန်တွေ ကိုဗစ်ကင်းရှင်းကြောင်းပါမှ တရုတ်လက်ခံမယ်
- နစ်နာမှုပြန်ကုစားဖို့ ရဲတပ်ဖွဲ့ကို ပြန်တရားစွဲတာလို့ ကိုအောင်ကြီးရှေ့နေပြော
- မန္တလေးမှာ အပြင်ထွက်သူကို စစ်ဆေးရာမှ ရိုက်နှက်မှုဖြစ်
- ရန်ကုန်တက္ကသိုလ်မှာ ကမ္ဗည်းကျောက်တိုင် စိုက်ထူခွင့်မရ
- ကပ်ဘေးကာလ ခက်ခဲမှုကြောင့် အလှူခံပြီး စားရသူတွေရှိလာ
ကပ်ဘေးကာလ အလုပ်လက်မဲ့ ခုနစ်သန်းနီးပါးရှိနိုင် Posted: 10 Dec 2020 07:46 AM PST ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသူ သန်းနဲ့ချီရှိနေပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကတော့ မြန်မာနိုင်ငံမှာ ကပ်ဘေးကြောင့် အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေ ခုနစ်သန်းဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ပြီးခဲ့တဲ့ မေလကစတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်း၊ စက်ရုံအလုပ်ရုံတချို့ နဲ့ ကုမ္ပဏီတချို့ဟာ မလည်ပတ် နိုင်တော့ဘဲ ရပ်ဆိုင်းနေတာ |
တပ်မတော်နဲ့ အေအေ အဖွဲ့တို့ ဝ ဒေသမှာ တွေ့ Posted: 10 Dec 2020 07:41 AM PST ၂၀၁၉ ကျိုင်းတုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ အေအေအဖွဲ့၂ နှစ် ကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ နှစ်ဖက်လူချင်း တွေ့ဆုံဆွေးနွေးမှုတွေ ဝဒေသမှာ စတင် ပြုလုပ်ခဲ့ပါတယ်။မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ဟာ မနေ့က ဒီဇင်ဘာ ၉ ရက်နေ့က UWSA ၀ ထိန်းချုပ်တဲ့ နယ်မြေမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ဒီ တွေ့ဆုံခဲ့မှုနဲ့ ပတ်သက်ပြီး ၀ တပ်ဖွဲ့ |
၂၀၂၀ ခုနှစ် နိုင်ငံသားအခွင့်အရေး ကာကွယ်လှုပ်ရှားသူဆု ဒေါ်နော်အုန်းလှ ချီးမြှင့်ခံရ Posted: 10 Dec 2020 07:38 AM PST ၂၀၂၀ ခုနှစ် နိုင်ငံသားအခွင့်အရေး ကာကွယ်လှုပ်ရှားသူဆု ချီးမြှင့်ခံရသူ ဒေါ်နော်အုန်းလှ။ (မေ ၁၅၊ ၂၀၁၅)ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်နော်အုံးလှကို ဆွီဒင်နိုင်ငံ အခြေစိုက်အဖွဲ့အစည်းတခုက နိုင်ငံသားအခွင့်အရေး ကာကွယ်ရေး လှုပ်ရှားမှု ဆုပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ |
မြန်မာ့ရေထွက်ကုန်တွေ ကိုဗစ်ကင်းရှင်းကြောင်းပါမှ တရုတ်လက်ခံမယ် Posted: 10 Dec 2020 07:36 AM PST ရန်ကုန်မြို့ စံပြ ငါးစျေးမှာ တွေ့ရတဲ့ အလုပ်သမားတချို့။ (မတ် ၁၂၊ ၂၀၂၀)မြန်မာနိုင်ငံက တင်ပို့တဲ့ ရေထွက်ကုန်ပစ္စည်းတွေကို ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း အထောက်အထားပါမှသာ တင်သွင်းခွင့်ပြုဖို့ တရုတ်နိုင်ငံက ကန့်သတ်လိုက်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်ကြုံနေတဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။မြန်မာ့ရေထွက်ကုန်တွေအားလုံး ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေး |
နစ်နာမှုပြန်ကုစားဖို့ ရဲတပ်ဖွဲ့ကို ပြန်တရားစွဲတာလို့ ကိုအောင်ကြီးရှေ့နေပြော Posted: 10 Dec 2020 07:34 AM PST Victoria သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက သူ့ရဲ့ နစ်နာမှုအတွက် ကျပ်သိန်း ၅,၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲလိုက်တာဟာ၊ ကာယကံရှင်ရဲ့ နစ်နာမှုကို ဥပဒေကြောင်းအရ ကုစားမှုပြန်ရစေဖို့ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်မယ့် ရှေ့နေတွေက ပြောလိုက်ပါတယ်။မှားယွင်းစွပ်စွဲမှုကြောင့် ကိုအောင်ကြီးလို ထိခိုက်နစ်နာရသူတွေဟာ မြန်မာတစ်နိုင်ငံလုံးမှာ အများအပြား ရှိ |
မန္တလေးမှာ အပြင်ထွက်သူကို စစ်ဆေးရာမှ ရိုက်နှက်မှုဖြစ် Posted: 10 Dec 2020 07:32 AM PST ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နေအိမ်နေထိုင်ရေး သတ်မှတ်ထားတဲ့ကာလမှာ မန္တလေးခရိုင်အတွင်းက အဝင်အထွက်လမ်းတွေမှာ အရန်မီးသတ်၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရပ်ကွက်အတွင်း နေထိုင်တဲ့သူတွေက အပြင်ထွက်လာသူတွေ အပြင်ထွက်ခွင့် အထောက်အထားကတ် မပါရင် ဒဏ်ရိုက်အရေးယူနေတာပါ။ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ပုသိမ်ကြီးမြို့နယ်၊ သလဲကုန်းကျေးရွာက အဝင်အထွက် စစ်ဆေးရေးဂိတ်မှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ယောက်က တာဝန်ရှိ |
ရန်ကုန်တက္ကသိုလ်မှာ ကမ္ဗည်းကျောက်တိုင် စိုက်ထူခွင့်မရ Posted: 09 Dec 2020 08:06 AM PST နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့မှာ ရင်ပြင်နီလို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ မြေနေရာမှာ ကျောင်းသားသမဂ္ဂတွေက ကမ္ဗည်းကျောက်တိုင် စိုက်ထူဖို့ စီစဉ်လုပ်ဆောင်ခဲ့ပေမယ့် စိုက်ထူခွင့် မရခဲ့ကြပါဘူး။သမဂ္ဂအဆောက်အအုံဟောင်း နေရာမှာ ကျောက်စာတိုင်စိုက်ထူဖို့ ကျောင်းသား |
ကပ်ဘေးကာလ ခက်ခဲမှုကြောင့် အလှူခံပြီး စားရသူတွေရှိလာ Posted: 09 Dec 2020 08:03 AM PST ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ကာလမှာ သွားလာရေး၊ အလုပ်အကိုင်ခက်ခဲနေလို့ စားဝတ်နေရေး မပြေလည်တာကြောင့် အကူအညီပေးကြဖို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြိုနယ်၊ ၁၁၈ လမ်းနဲ့ ၄၅ လမ်းထောင့်က ကျုးကျော် နေထိုင်တဲ့သူတွေဟာ သူတို့ရဲ့နေအိမ်ရှေ့မှာ စာရေးသား အလှူခံတာတွေ လုပ်လာကြပါတယ်။မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက ဒီကျူးကျော်တဲတွေမှာ ကျပန်းအလုပ် လုပ်ကိုင်စားသောက်ကြတဲ့ မိသားစုတွေ နေကြတာဖြစ်ပြီး အိမ်ထောင်စု |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.