သစ္ထူးလြင္ |
- ကလေးမွေးဖွားနှုန်း ကျဆင်းနေတဲ့ ဂျပန် စုံတွဲရှာဖို့ အစိုးရ ကူညီမယ်
- မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၃,၁၆၆ ဦး၊ သေဆုံး ၂,၁၇၄ ဦး
- တရားမဝင်ကိုဗစ်စစ်ဆေးမှု အာဏာပိုင်တွေအရေးယူ
- မြိုင်ကြီးငူ စစ်ရှောင်စခန်းနေထိုင်သူတွေ ရိက္ခာပြတ်
- TNLA ရဲ့ လုပ်ရပ်ကို မိုးကုတ် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်
- နိုင်ငံတကာခရီးသွားအားလုံး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် ပြု
- သမ္မတ ဦးဝင်းမြင့် ရန်ကုန်က ပြန်လာပြီး ကွာရန်တင်းဝင်နေ၊ ကျန်းမာရေးကောင်းမွန်
- ကိုဗစ်လူနာတဦးအတွက် အောက်စီဂျင်ဖိုး တလ သိန်း ၁ဝဝ ကုန်ကျနေ
- မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၁,၇၃၉ ဦး၊ သေဆုံး ၂၁၅၁ ဦး
- လူစုလူဝေးမှုရှောင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ ထပ်မံတိုက်တွန်း
- ကိုဗစ်ကာကွယ်ဆေးတစ်ခုခု အတည်ပြုပေးလိုက်ဖို့ နိုင်ငံတကာအစိုးရအသီးသီးမှာ ဖိအားရှိနေသလား
- ဗစ်တိုးရီးယား အမှု - ရဲတပ်ဖွဲ့ကို ကိုအောင်ကြီးက ဘာလို့ တရားစွဲတာလဲ
- ရန်ကုန်မြို့တော်ဝန် ကိုဗစ်ကူးစက်ခံရ
- လွှတ်တော်သစ်ကို ဖေဖော်ဝါရီလဆန်းမှာ စတင်မည်
- ကျောက်တော် မဟာမုနိဘုရားအနီး ကားတိုက်မှုဖြစ်၍ ၂ ဦးပွဲချင်းပြီးသေ၊ ၁ ဦးဒဏ်ရာရ
ကလေးမွေးဖွားနှုန်း ကျဆင်းနေတဲ့ ဂျပန် စုံတွဲရှာဖို့ အစိုးရ ကူညီမယ် Posted: 09 Dec 2020 07:58 AM PST ဂျပန်မှာ ကလေးမွေးဖွားနှုန်း စံချိန်တင်ကျဆင်းဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်းတွေ ကျဆင်းနေတဲ့အတွက် စုံတွဲရှာတဲ့နေရာမှာ ကွန်ပျူတာ ဥာဏ်ရည်တု အေအိုင် နည်းပညာ ကို သုံးစွဲဖို့ အစိုးရက အထောက်အပံ့ပေးဖို့ပြင်ဆင်နေပါတယ်။လာမယ့်နှစ်ကစတင်ပြီး အေအိုင်နည်းနဲ့ စုံတွေရှာပေးရေး အစီအစဥ်အတွက် ဒေသန္တရ အစိုးရတွေဟာ ရန်ပုံငွေ ရရှိမှာပါ။ဂျပန် နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ကလေးမွေးဖွားမှု ၈၆၅၀၀၀ ပဲ ရှိခဲ့ပြီး ဒါဟာ စံချိန်တင် |
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၃,၁၆၆ ဦး၊ သေဆုံး ၂,၁၇၄ ဦး Posted: 09 Dec 2020 07:56 AM PST နှာခေါင်းစည်းတပ် သွားလာနေသူတချို့ကို ရန်ကုန်မြို့ရှိ လမ်းတနေရာတွင်တွေ့ရ။ (ဒီဇင်ဘာ ၀၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၂၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီကနေ့ ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ |
တရားမဝင်ကိုဗစ်စစ်ဆေးမှု အာဏာပိုင်တွေအရေးယူ Posted: 09 Dec 2020 07:54 AM PST ကိုဗစ်ရောဂါ စစ်ဆေးတဲ့ test kit တခုကို ကိုင်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းတဦး။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုးရှိ၊ မရှိ တရားဝင်ခွင့်ပြုချက်မရဘဲ စစ်ဆေးပေးနေသူတွေကို အာဏာပိုင်တွေ အရေးယူ၊ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံ နေရာတချို့မှာ |
မြိုင်ကြီးငူ စစ်ရှောင်စခန်းနေထိုင်သူတွေ ရိက္ခာပြတ် Posted: 09 Dec 2020 07:51 AM PST ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် လေးထောင်ဝန်းကျင်ဟာ စားနပ် ရိက္ခာပြတ်လတ်ပြီး အများစုက ဆန်ပြုတ်သောက်နေကြရတယ်လို့ စခန်းအတွင်းနေထိုင်သူတွေက ပြောပါတယ်။စခန်းရဲ့ အခြေအနေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လကတည်းက လှိုင်းဘွဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ သွားရောက်အကြောင်းကြား ခဲ့ပေမယ့် အကူအညီမရသေးဘူးလို့ စခန်း ဥက္ကဋ္ဌ စောထွန်းက ပြောပါတယ်။" |
TNLA ရဲ့ လုပ်ရပ်ကို မိုးကုတ် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက် Posted: 09 Dec 2020 07:49 AM PST TNLA ရဲ့ လုပ်ရပ်ကို မိုးကုတ် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကင်းလှည့်နေတဲ့ TNLA စစ်သားတွေကို ၂၀၁၈ ဇန်နဝါရီလက တွေ့ရစဉ် / Photo: Kan Thar/RFAမန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က လုပ်ငန်းရှင်တချို့ကို ဖမ်းဆီး ရိုက်နှက်၊ ငွေတောင်းခံနေတာနဲ့ ပတ်သက်ပြီး လူ့အခွင့်ရေးနဲ့ တရားမျှတမှု စွမ်းဆောင်ရှင်များအဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံ၊ |
နိုင်ငံတကာခရီးသွားအားလုံး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် ပြု Posted: 09 Dec 2020 07:46 AM PST နိုင်ငံတကာလေကြောင်းခရီးစဉ်များ ဆိုက်ရောက်ထွက်ခွာရာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကိုတွေ့ရစဉ်ကိုဗစ်ကူးစက်မှုတွေ ရှိနေသေးပေမယ့် နိုင်ငံတကာက လာရောက်မယ့် ခရီးသွားတွေအားလုံး ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်ပြုလိုက်ပြီး မည်သူမဆို ရက်ရှည်ဗီဇာ(Long-Stay special tourist Visa-STV)နဲ့ လာရောက်နိုင်ပြီဖြစ်ပါတယ်။ဒါပေမဲ့ လာရောက်သူအားလုံးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးအခြေအနေအရ ၁၄ ရက် နှစ် |
သမ္မတ ဦးဝင်းမြင့် ရန်ကုန်က ပြန်လာပြီး ကွာရန်တင်းဝင်နေ၊ ကျန်းမာရေးကောင်းမွန် Posted: 09 Dec 2020 07:44 AM PST ဓာတ်ပုံ-သမ္မတရုံးဒီဇင်ဘာ ၉ ရက်က ပြုလုပ်တဲ့ ဗီဒီယိုကွန်ဖရန်းဇင်းစနစ်နဲ့ နိုင်ငံတကာဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ သမ္မတ ဦးဝင်းမြင့်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ရန်ကုန်က သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ သွားရောက်တင်ခဲ့ပြီးနောက် ပုံမှန်အတိုင်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကွာရန်တင်းဝင်ရောက်နေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက နေပြည်တော် အိမ်တော်သတင်းထောက် |
ကိုဗစ်လူနာတဦးအတွက် အောက်စီဂျင်ဖိုး တလ သိန်း ၁ဝဝ ကုန်ကျနေ Posted: 08 Dec 2020 05:05 PM PST ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကူးစက်သူ လူနာတဦးကို ICU ခန်းမှာ အသက်ကယ်ဖို့အတွက် ကျပ်ငွေ သိန်းရာနဲ့ချီ ကုန်ကျနေသလို ကျန်းမာရေးဝန်ထမ်းတွေကလည်း အထူးပင်ပန်းနေကြပြီလို့ ဆရာဝန်ကြီးတဦးက ပြောပါတယ်။ ပြည်သူတွေ စည်းကမ်းလိုက်နာမှုနည်းပါးရင် ကူးစက်မှုတွေကို ကာကွယ်တားဆီးနိုင်မှာ မဟုတ်ဘူးလို့လည်း သူက သတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁ သိန်းကျော်နေပြီ ဖြစ်ပါတယ်။ အဲဒီ ကိုဗစ်လူနာတဦးကို အထူး |
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၁,၇၃၉ ဦး၊ သေဆုံး ၂၁၅၁ ဦး Posted: 08 Dec 2020 10:16 AM PST ရန်ကုန်မြို့ရှိ လမ်းတခုတွင် နှာခေါင်းစည်းတပ် လာသွားလမ်းလာတချို့ကို တွေ့ရ။ (ဒီဇင်ဘာ ၀၈၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ဒီကနေ့ COVID 19 လူနာ အသစ် ၁,၃၀၈ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိကူးစက်သူပေါင်းက ၁၀၁,၇၃၉ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၃,၃၄၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ရောဂါကူးစက်ထားသူ ၁၃၀၀ ကျော်ကိုတွေ့ရှိခဲ့တာပါ။ဒီကနေ့ သေဆုံးသူက ၁၉ ယောက်ရှိတဲ့ အတွက် စုစုပေါင်း |
လူစုလူဝေးမှုရှောင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ ထပ်မံတိုက်တွန်း Posted: 08 Dec 2020 10:15 AM PST ရန်ကုန်မြို့ရှိ ဘတ်စ်ကားတစီးပေါ်မှာ တွေ့ရတဲ့ ခရီးသည်များ။ (ဒီဇင်ဘာ ၀၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တာကြောင့် ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို လိုက်နာကြဖို့ လိုအပ်သလို၊ ကပ်ရောဂါကာလ အစီအမံတွေကြောင့် ရောဂါကူးစက်မှု အန္တရာယ်ဖြစ်နိုင်တာကို သတိထားဖို့လည်း တာဝန်ရှိသူတွေ တိုက်တွန်းနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။ကပ်ရောဂါ ကူးစက်မှုတွေ |
ကိုဗစ်ကာကွယ်ဆေးတစ်ခုခု အတည်ပြုပေးလိုက်ဖို့ နိုင်ငံတကာအစိုးရအသီးသီးမှာ ဖိအားရှိနေသလား Posted: 08 Dec 2020 10:12 AM PST ဥရောပသမဂ္ဂရဲ့ ဆေးဘက်ဆိုင်ရာဌာန EMA အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ထွက်ပေါ်နေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို စောင့်ကြည့်လေ့လာမှာဖြစ်ယူကေနိုင်ငံဟာ ဖိုက်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူထုအကြားမှာ လက်တွေ့အသုံးပြုဖို့ အတည်ပြုလိုက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။အခုလို ဖြစ်လာချိန်မှာ ဥရောသမဂ္ဂဘက်ကတော့ ဒီ |
ဗစ်တိုးရီးယား အမှု - ရဲတပ်ဖွဲ့ကို ကိုအောင်ကြီးက ဘာလို့ တရားစွဲတာလဲ Posted: 08 Dec 2020 10:01 AM PST ဗစ်တိုးရီးယား အမှုမှာ ကိုအောင်ကြီးဟာ သံသယ တရားခံ အဖြစ်ဖမ်းဆီးခံခဲ့ရနေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယား လို့ လူသိများတဲ့ အသက် ၃ နှစ် မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး လိင် အဓမ္မပြုကျင့်ခံရတဲ့ သက်ငယ် မုဒိမ်းမှုမှာ သံသယ တရားခံ အဖြစ် ဖမ်းဆီးခံခဲ့ရပြီး တရားရုံးမှာ ပြစ်မှု မထင်ရှားလို့ ပြန်လွတ်လာခဲ့တဲ့ ကိုအောင်ကျော်မျိုး (ခေါ်) ကိုအောင်ကြီးက သူ့ရဲ့ နစ်နာမှု နဲ့ ထိခိုက်မှုတွေ အတွက် ဒီဇင်ဘာ ၈ ရက် |
ရန်ကုန်မြို့တော်ဝန် ကိုဗစ်ကူးစက်ခံရ Posted: 08 Dec 2020 09:58 AM PST ရန်ကုန်မြို့တော်ဝန် ကိုဗစ်ကူးစက်ခံရ ၂ဝ၂ဝ ဒီဇင်ဘာ ၈ ရက်နေ့က ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေပုံတွေကို ကွင်းဆင်းစစ်ဆေးခဲ့ကြတဲ့ မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ တိုင်းအစိုးရတာဝန်ရှိသူများ။Photo: Ministry of Health and Sports, Myanmarရန်ကုန်တိုင်း၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မြို့တော် |
လွှတ်တော်သစ်ကို ဖေဖော်ဝါရီလဆန်းမှာ စတင်မည် Posted: 08 Dec 2020 09:57 AM PST လွှတ်တော်သစ်ကို ဖေဖော်ဝါရီလဆန်းမှာ စတင်မည် လွှတ်တော် အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမမှာ ၂၀၂၀ ဒီဇင်ဘာ ၇ရက်နေ့က ပြုလုပ်ခဲ့စဉ် / Photo: Pyidaungsu Hluttawနိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်မယ့် လွှတ်တော် အသီးသီးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမ |
ကျောက်တော် မဟာမုနိဘုရားအနီး ကားတိုက်မှုဖြစ်၍ ၂ ဦးပွဲချင်းပြီးသေ၊ ၁ ဦးဒဏ်ရာရ Posted: 08 Dec 2020 09:53 AM PST နိရဥၥရာ၊ ဒီဇင္ဘာ ၈/ ၂၀၂၀ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားအနီးတွင် ယနေ့ နေ့လယ်ပိုင်းက ယာဉ်တိုက်မှုဖြစ်၍ နှစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။သေဆုံးသူ ၂ ဦးမှာ ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာမှ ဦးမောင်ငယ်ချေ (၅၇) နှစ်နှင့် ဒေါ်သိန်းနု (၆၀) နှစ်တို့ဖြစ်ကြသည်။၎င်းတို့မှာ ယနေ့ နေ့လယ် ၃ နာရီခွဲခန့်က ထင်းခုတ်ရာမှ ထော်လာဂျီစီးပြီး ပြန်လာစဉ် မဟာမုနိ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.