Tuesday, December 15, 2020
သစ်ထူးလွင်
သစ်ထူးလွင်
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၁၀,၆၆၇ ဦး၊ သေဆုံး၂,၃၁၉ ဦး
Posted: 15 Dec 2020 07:59 AM PST
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ - Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၁၃၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၁,၁၅၅ ဦးထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူ စုစုပေါင်း ၁၁၀,၆၆၇ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွက် ဓာတ်ခွဲနာမူနာပေါင်း ၂၃,၈၇၄
ဂျာမနီမှာ COVID-19 ကူးစက်မှု အလွန်ဆိုးရွားနေ
Posted: 15 Dec 2020 07:57 AM PST
ဂျာမဏီနိုင်ငံ ဖရင့်ဖတ်မြို့လေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနေသည့်မြင်ကွင်း (သြဂုတ်၊၇၊၂၀၂၀)ဂျာမဏီနိုင်ငံရဲ့ Covid 19 ကပ်ရောဂါ ဖြစ်ပွါးမှုအခြေနေဟာ သိပ်ကိုဆိုးဝါးနေကြောင်းနဲ့ ဗုဒ္ဓဟူးနေ့ကစပြီး နောက်ထပ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေအသစ်တွေကို စတင်ချမှတ်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ လိုက်နာကြဖို့ ဂျာမဏီသမ္မတ Frank-Walter Steinmeier က တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။"ဒီကပ်ရောဂါဒဏ်ခံစားနေရတာ လအတော်
ဦးကိုနီကို လုပ်ကြံသူ ရုံးချိန်းမှာ ထမင်းဝအောင်စားထား တီရှပ်ဝတ်ဆင်ဝန်းရံသူ သုံးဦးကို အလုပ်နဲ့ ထောင်တစ်နှစ်ချမှတ်
Posted: 15 Dec 2020 07:54 AM PST
ဓာတ်ပုံ-Lin Thu Rein Kyaw / MPAဦးကိုနီကိုလုပ်ကြံခဲ့တဲ့ တရားခံကြည်လင်းရဲ့ ရုံးချိန်တစ်ခုမှာ "ထမင်းဝအောင်စားထား"  စာတန်းပါ တီရှပ်အကျီ ဝတ်ဆင်ဝန်းရံခဲ့သူသုံးဦးဖြစ်တဲ့မြတ်ဘုန်းမိုရ်၊ အောင်လင်းနဲ့ ဟိဏ်းဝေယံတို့ကို အင်းစိန်မြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်‌ဒဏ်တစ်နှစ် အမိန့်ချမှတ်လိုက်ပါတယ်။ဓာတ်ပုံ-Lin Thu Rein Kyaw / MPAသူတို့ ၃ ဦးကို အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ
တိုင်းရင်းသားအခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုခြင်းဟာ ဒေသခံပြည်သူတွေကိုအထိနာစေတယ်လို့ သမ္မတပြော
Posted: 15 Dec 2020 07:49 AM PST
တိုင်းရင်းသား အားလုံး မိမိတို့လိုလားချက်တွေကို ရွေးချယ်ခံ ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်အသီးသီးမှာ တင်ပြတောင်းဆိုနိုင်လုံခြုံရေးအခြေအနေမရှိတာကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ ရခိုင်ပြည်နယ်က နယ်မြေဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပနိုင်တဲ့အခြေအနေရောက်ရှိအောင် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ သမ္မတ ဦးဝင်းမြင့်က အထူး
“ဒီမိုကရေစီက အောင်ပွဲခံခဲ့ပြီ” ရွေးချယ်ခံသမ္မတ Joe Biden
Posted: 15 Dec 2020 07:39 AM PST
ဂျိုးဘိုင်ဒန်ကို အနိုင်ရသမ္မတအဖြစ် သမ္မတရွေးချယ်ရေးအဖွဲ့ အတည်ပြု
Posted: 15 Dec 2020 07:37 AM PST
ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင်ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် လိုအပ်တဲ့ Electoral Vote လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု အထူးကိုယ်စားလှယ်တွေရဲ့ မဲ ၂၇၀ ကျော်ကို ဒီ အထူးကိုယ်စားလှယ်တွေပါဝင်တဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့က တနင်္လာနေ့ကပဲ ဂျိုးဘိုင်ဒန်ကို တရားဝင် မဲပေး အတည်ပြု ပေးလိုက်ပါတယ်။တခြားပြည်နယ်တွေရဲ့ ကိုယ်စားလှယ်မဲတွေ ထွက်လာပြီးတော့မှ နောက်ဆုံး ကယ်လီဖိုးနီးယားပြည်နယ်က
သံချပ် အွန်လိုင်းတင်သူကို မအူပင်တရားရုံးက ထောင် ခြောက်လချ
Posted: 15 Dec 2020 07:33 AM PST
ဧရာဝတီတိုင်း မအူပင်မြို့နယ်တရားရုံးမှာ တပ်မတော်သား ဒုဗိုလ်မှူးကြီးတစ်ဦးက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ) နဲ့ တရားစွဲဆိုတာကိုခံနေရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်ကို တရားရုံးက ဒီနေ့ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပါတယ်။ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုတဲ့အမှုမှာ တရားလိုအပါအဝင် တရားလိုပြသက်သေ ငါးဦး စစ်ဆေးမေးမြန်းပြီး ရုံးချိန်း ခုနစ်ခုအပြီးမှာ အမိန့်ချမှတ်လိုက်တာပါ။တပ်မတော်က အငြိုး
မန္တလေးနဲ့ ရန်ကုန်မှာ ကူးစက်မှု မထိန်းချုပ်နိုင်သေး
Posted: 15 Dec 2020 07:30 AM PST
ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက် မနေ့က ညပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ထပ်တိုးလူနာ ၁၁၇၀ ဦး၊ သေဆုံးလူနာ ၂၄ ဦး ရှိပြီလို့ ထုတ်ပြန်တာကြောင့် မြန်မာနိုင်ငံမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသူ တစ်သိန်းတစ်သောင်းနီးပါးနဲ့ သေဆုံးသူ နှစ်ထောင့်သုံးရာနီးပါးအထိ ရှိလာပါတယ်။မန္တလေးနဲ့ ရန်ကုန်မှာ ပိုးကူးစက်မှုထိန်းချုပ်ရေး စည်းကမ်းတွေကို ထုတ်ပြန်ထားပေမယ့် ကူးစက်မှုကျမသွားဘဲ တိုးနေတာကြောင့်
ဖားကန့်၌ လုပ်ကွက်ဟောင်းတစ်ခုအတွင်း ရေမဆေးကျောက်ရှာဖွေနေသူများပေါ်သို့ မြေပြိုကျပြီး သုံးဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ
Posted: 15 Dec 2020 07:22 AM PST
ဖားကန့် ဒီဇင်ဘာ ၁၅ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ စပေါ့ကျေးရွာအနီး မြန်မာသူရကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ယနေ့နံနက်(၃)နာရီခန့်က ရေမဆေးကျောက်ရှာဖွေနေသူများပေါ်သို့ အမြှင့်ပေ(၁၅၀)၊ အကျယ်ပေ(၂၀)ခန့်ရှိ မြေပြိုကျခဲ့မှုကြောင့် သုံးဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ဆိပ်မူနယ်မြေရဲစခန်းမှ သိရသည်။မြေစာပြိုကျမှုကြောင့် ညအချိန် ရေမဆေးကျောက်ရှာဖွေကြ
ကလောမြို့နယ်၌ ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦး သေဆုံး ၂ ဦး ဒဏ်ရာရ
Posted: 15 Dec 2020 07:21 AM PST
ကလော  ဒီဇင်ဘာ  ၁၅       ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အောင်ပန်း-ပင်လောင်း လမ်းခွဲအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့  ညနေပိုင်းက ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကလောတပ်စိတ်မှ  ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ၊ ပင်လောင်းမြို့နယ်၊ မင်းဘူး
ကိုဗစ် ကာကွယ်ဆေးတွေ လူတိုင်းနဲ့ တည့်ပါ့မလား
Posted: 14 Dec 2020 09:09 AM PST
ဖိုင်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်ခဲ့တဲ့ ကာလအတွင်း ဓါတ်မတဲ့ တုံ့ပြန်မှုမျိုး လူတစ်ထောင်မှာ တယောက်ဖြစ်တတ်တယ် ဆိုတာ မှတ်တမ်းတင်ထားခဲ့ယူကေနိုင်ငံမှာ ဖိုင်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီတို့က အောက်စဖို့ တက္ကသိုလ်က ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့နဲ့ ပူးပေါင်း ဖော်စပ်ထားတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လက်တွေ့ စတင်ထိုးပေးနေရာမှာ ဓာတ်မတဲ့သော တုံ့ပြန်မှု သိသိသာသာ
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၁၀၉,၅၁၂ ဦး၊ သေဆုံး၂,၂၉၂ ဦး
Posted: 14 Dec 2020 09:02 AM PST
ရန်ကုန်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦးကို သဂြိုင်္ဟ်ဖို့ သယ်ဆောင်နေကြတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၀)မြန်မာနိုင်ငံမှာဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံရသူ ၁,၁၇၀ ဦး အတည်ပြုတွေ့ရှိခဲ့တာကြောင့် ဒီဇင်ဘာ ၁၄ ရက်နေ့ထိ ပိုးကူးခံရသူ ၁၀၉,၅၁၂ ဦးရှိကြောင်းမြန်မာအားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈နာရီ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဓာတ်ခွဲနာမူနာပေါင်း ၁၉,၀၀၀ ကျော်ထဲက အတည်ပြု
အမေရိကန်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး စတင်
Posted: 14 Dec 2020 09:01 AM PST
Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး။ (ဒီဇင်ဘာ ၂၊ ၂၀၂၀)အမေရိကန်နိုင်ငံသားတွေကို ဒီဇင်ဘာ ၁၄ ရက် တနင်္လာနေ့ကစလို့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတာ့မှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။မီရှီဂန်ပြည်နယ် ကာလမာဇူးမြို့ Pfizer စက်ရုံကနေ Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးတွေကို တနင်္ဂနွေနေ့မှာပဲ စတင်သယ်ယူ ပို့ဆောင်နေပြီး တနင်္လာနေ့ကစလို့ ကာကွယ်ဆေးတွေ ရကြတော့မှာပါ။ဒီကာကွယ်ဆေးထိုးရ
စစ်တွေ စစ်ဘေးရှောင်စခန်းမှာ ကိုဗစ် ကူးစက်ခံရ
Posted: 14 Dec 2020 08:56 AM PST
စစ်တွေက စစ်ဘေးရှောင်စခန်းတစ်ခုစစ်ဘေးရှောင်ဒုက္ခသည်တွေ လာရောက်ခိုလှုံနေကြတဲ့ စစ်တွေမြို့ပေါ် ပြည်တော်သာရပ်ကွက်က ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း ဆရာတော်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့အတွက် အဲ့ဒီကျောင်းကို အသွားအလာ ကန့်သတ်ထားတယ်လို့ တိုက်အုပ်ဆရာတော် ဦးပညာသီရိက ဘီဘီစီကိုပြောပါတယ်။ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ဆရာတော်ဟာ ဒုက္ခသည် စခန်းဖွင့်လှစ်ထားတဲ့ ဆုတောင်းပြည့်ကျောင်းက
သီပေါမှာ ၆နှစ်အရွယ် မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရ၊ တရားခံလို့ယူဆရသူကို SSPP ကဖမ်းဆီးထား
Posted: 14 Dec 2020 08:54 AM PST
သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စု၊ မန်နွတ်ရွာမှာနေထိုင်တဲ့၆နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က မန်နောင်ကျေးရွာအုပ်စု၊ မန်နွတ်ရွာမှာ နေထိုင်တဲ့ အသက် ၆နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ဒီဇင်ဘာ ၉ ရက်နေ့က ပျောက်ဆုံးသွားပြီး နောက် ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ ရေမရှိတဲ့ မြောင်းတစ်ခုအတွင်း အဓမ္မပြုကျင့်ခံရထားရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သီပေါဒေသခံ
မူကြိုကျောင်းတွေအတွက် အွန်လိုင်းမွန်းမံသင်တန်း
Posted: 14 Dec 2020 08:52 AM PST
အွန်လိုင်းကနေ စာသင်ကြားနေတဲ့ ကလေးငယ်တဦး။ (သြဂုတ် ၂၇၊ ၂၀၂၀)၂၀၂၀ ခုနှစ်စကတည်းက ကျရောက်လာတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါဘေးကြောင့် ကမ္ဘာတဝန်းနည်းတူ မြန်မာနိုင်ငံမှာလည်း ကျောင်းတွေ ပိတ်ထားချိန်မှာ မူကြိုကျောင်းတွေအတွက် မွမ်းမံသင်တန်းတခုကို လူမှုကွန်ယက်ကနေ ပို့ချပေးနေပါတယ်။ ပုံမှန်အဖြစ် အသစ်ပြောင်းလဲလာတဲ့ ပညာသင်ကြားရေးစနစ်နဲ့ သင်ကြားမှုစွမ်းရည် မြင့်မားလာစေဖို့ ကျောင်းပိတ်ရက်ကာလတွေမှာ အားထုတ်ကြိုးပမ်းမှုတွေ
တိုင်းရင်းသားပါတီများညှိနှိုင်းမည့်အခြေအနေ - NLD အတွင်းရေးမှူး (၃) ဒေါက်တာအောင်မိုးညိုနဲ့ မေးမြန်းချက်
Posted: 14 Dec 2020 08:50 AM PST
မကွေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီ အတွင်းရေးမှူး ၃ ဒေါက်တာ အောင်မိုးညို။ (ဓာတ်ပုံ - Dr. Aung Moe Nyo's Official Facebook)ရွေးကောက်ပွဲအနိုင်ရ လက်ရှိအစိုးရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မကြာခင်ကပဲ ဗဟိုအလုပ်မှုဆောင်အစည်းအဝေး ကျင်းပပြီး အစိုးရအဖွဲ့အစည်းတွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဖို့ ပြင်ဆင်နေတာကို ဒီတာဝန်ပေးခံရသူတွေထဲက တဦးဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ်နဲ့ ဒီ NLD ပါတီ
ကယားဒေသ နွေစပါးစိုက်ဧက ငါးပုံတစ်ပုံသာ ဒီနှစ်စိုက်ပျိုးနိုင်မည်
Posted: 14 Dec 2020 08:48 AM PST
ကယားပြည်နယ်မှာ နွေစပါးစိုက်ဖို့ မှီခိုအားထားနေရတဲ့ ဆည်တွေ ဒီနှစ် ဆည်ရေနည်းနေတာကြောင့် နွေစပါးစိုက်ဧက ငါးပုံတစ်ပုံပဲ ရေပေးနိုင်တော့မှာဖြစ်ပါတယ်။ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်တွေမှာ နွေစပါး အများဆုံးစိုက်ပျိုးကြတာဖြစ်ပြီး ဒီးမော့ဆိုမြို့မှာရှိတဲ့ ငွေတောင်ဆည်ရေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာရှိတဲ့ မိုးဗြဲဆည်ကပေးဝေတဲ့ရေကို အဓိက အားကိုးနေရတာ ဖြစ်ပါတယ်။မိုးဗြဲဆည်ရေကို
ပုသိမ်မှာ ကိုဗစ်လူနာ တိုးလာလို့ ယာယီဆေးရုံ စီစဉ်ထား
Posted: 14 Dec 2020 08:46 AM PST
ပုသိမ်မြို့မှာ ကိုဗစ်အတည်ပြုလူနာ တိုးလာတာကြောင့် လက်ရှိကုသပေးနေတဲ့ ဆေးရုံနှစ်ခုအပြင် ကုသဖို့ နေရာ တစ်ခု ထပ်ပြီးစီစဉ်နေရတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် က ပြောပါတယ်။ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ၃၃ ကုတင်နဲ့ တိုင်းရင်းဆေးရုံမှာ ၉၅ ကုတင်ပဲ ရှိတော့တာကြောင့် ပုသိမ်မြို့ထဲက ကိုးသိန်းမူလတန်းကျောင်းကို ယာယီဆေးရုံအဖြစ် အသုံးပြုရတော့မှာ ဖြစ်တယ်လို့ ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။"၉၅
ထန်တလန်မြို့နယ်၌ လူစီးကားတိမ်းမှောက် ၊ ၂ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ
Posted: 14 Dec 2020 08:39 AM PST
ထန်တလန် ဒီဇင်ဘာ ၁၄ချင်းပြည်နယ်၊ထန်တလန်မြို့နယ် ထန်တလန်-ဟားခါးကားလမ်း မိုင်တိုင်အမှတ် (၁၇) မိုင်တိုင်၌ ယနေ့နံနက် ၇ နာရီ ခွဲခန့်က မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင်တန်းကား)  တိမ်းမှောက်မှုကြောင့် (၂) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ဖြစ်စဉ်မှာ ထန်တလန်မြို့မှ ဟားခါးမြို့ဘက်သို့ ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်နေ ဦးရုန်ကျဲအို(၂၂)နှစ် မောင်းနှင်ပြီး ခရီးသည်အပါအဝင် (၁၁) ဦး လိုက်ပါလာသော မှန်လုံ
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.