သစ္ထူးလြင္ |
- ကိုဗစ်အကူအညီအစီအစဉ် ကန်လွှတ်တော်သဘောတူညီချက်ရဖို့ နီးစပ်လာ
- ကိုဗစ်ကို အိမ်မှာတင် စမ်းသပ်နိုင်တဲ့ကိရိယာ ကန် FDA သုံးစွဲ ရောင်းချခွင့်ပြု
- ကိုရိုနာဗိုင်းရပ်စ်ပိုး - နောက်ထပ်ပေါ်လာတဲ့ မျိုးကွဲတွေက ဘယ်လောက် စိုးရိမ်စရာရှိမှာပါလဲ
- အစိုးရထောက်ပံ့ကြေးအပေါ် အဂတိလိုက်စားမှုရှိနေကြောင်း မင်းပြားဒေသခံတွေတိုင်တန်း
- ရခိုင်ဟာ ကလေးသူငယ်အခွင့်အရေးဆုံးရှုံးမှုနဲ့ သေဆုံးမှု အများဆုံးပြည်နယ်ဖြစ်
- မြန်မာနိုင်ငံကပ်ရောဂါကာလ အိမ်တွင်းအကြမ်းဖက်မှု ၇ ဆ တိုးလာ
- ကိုဗစ် ဒုတိယလှိုင်း မြန်မာစီးပွားရေးကို သိသိသာသာထိခိုက်
- ရန်ကုန်က ကိုဗစ်လူနာအချို့ကို နေအိမ်မှာထားပြီး ကုသဖို့ ပြင်
- စင်္ကာပူရွှေ့ပြောင်းလုပ်သား တဝက်ကျော် ကိုဗစ်ကူးစက်ခံရ
- ကပ်ဘေးအလွန်အတွက် စီမံဖို့ အစိုးရကို ကမ္ဘာ့ဘဏ် တိုက်တွန်း
- နေအိမ်အပြင်မထွက်ရတဲ့ ရန်ကုန်မှာ စားဝတ်နေရေးကြောင့် အပြင်ထွက်သူ များပြား
- မြန်မာမှာ ကိုဗစ် စမ်းသပ်စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်သင့်နေပြီလား
- အလှုအတန်းတွေအပေါ် မှီခိုနေရတဲ့ မြန်မာနိုင်ငံက ဆင်းရဲသားများဘဝ
- ဂျပန် တွစ်တာ လူသတ်သမား တာကာဟီရို ရှီရိုင်းရှီ သေဒဏ်ချမှတ်ခံရ
- မြေယာနစ်နာမှုအတွက် သတင်းစာရှင်းလင်းပွဲလုပ်သူတွေ အမှုဖွင့်ခံရ
ကိုဗစ်အကူအညီအစီအစဉ် ကန်လွှတ်တော်သဘောတူညီချက်ရဖို့ နီးစပ်လာ Posted: 16 Dec 2020 07:38 AM PST ကန်လွှတ်တော်အဆောက်အဦး။ (ဒီဇင်ဘာ ၁၅၊ ၂၀၂၀)အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ အရေးပေါ်အကူအညီ နောက်တကြိမ် ထပ်ပေးရေးကိစ္စ လွှတ်တော်တွင်း လအတော်ကြာ ဆွေးနွေးနေရာကနေ သဘောတူညီချက်တခု ရတော့မယ့် အလားအလာရှိလာတဲ့အကြောင်း ပါတီနှစ်ရပ်လုံးရဲ့ ခေါင်းဆောင်တွေက အင်္ဂါနေ့နှောင်းပိုင်းမှာပြောပါတယ်။အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Kevin McCarthy က "လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ကျနော် |
ကိုဗစ်ကို အိမ်မှာတင် စမ်းသပ်နိုင်တဲ့ကိရိယာ ကန် FDA သုံးစွဲ ရောင်းချခွင့်ပြု Posted: 16 Dec 2020 07:35 AM PST Virus Outbreak Vaccine DiversityCovid-19 အတွက် ပထမဆုံး အိမ်မှာပဲ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ ပစ္စည်းကိရိယာကို FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အင်္ဂါနေ့က စတင် သုံးစွဲ ခွင့်ပြုလိုက်ပါပြီ။ ဒီပစ္စည်းကိရိယာဟာ မိနစ် ၂၀ လောက်မှာ ရလာဒ်ကို ထွက်ပေါ်စေမှာ ဖြစ်သလို၊ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ ရနိုင်မှာဖြစ်ပါတယ်။Covid-19 စမ်းသပ်ကိရိယာကို ကာလီဖိုးနီးယားအခြေစိုက် Ellume ကုမ္ပဏီက ထုတ်လုပ်တာဖြစ် |
ကိုရိုနာဗိုင်းရပ်စ်ပိုး - နောက်ထပ်ပေါ်လာတဲ့ မျိုးကွဲတွေက ဘယ်လောက် စိုးရိမ်စရာရှိမှာပါလဲ Posted: 16 Dec 2020 07:34 AM PST ကိုရိုနာဗိုင်းရပ်စ်ပိုး - နောက်ထပ်ပေါ်လာတဲ့ မျိုးကွဲတွေက ဘယ်လောက် စိုးရိမ်စရာရှိမှာပါလဲကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကွဲအသစ်တစ်ခု အင်္ဂလန်နိုင်ငံတောင်ပိုင်းဒေသမှာ တွေ့ရပြီး အဲဒီပိုးမျိုးစိတ်ကို ပိုပျံ့နှံ့တွေ့လာရတယ်ဆိုတာကို ယူကေ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ထုတ်ပြောလိုက်တဲ့အခါ လူတွေကြား စိုးရိမ်မှုတွေနဲ့ မေးခွန်းတွေနဲ့ ရှိလာပါတယ်။ မူလပိုးကို ကာကွယ်ဖို့ ကာကွယ်ဆေးတောင် အပြည့်အဝ မသုံးနိုင်သေးခင် |
အစိုးရထောက်ပံ့ကြေးအပေါ် အဂတိလိုက်စားမှုရှိနေကြောင်း မင်းပြားဒေသခံတွေတိုင်တန်း Posted: 16 Dec 2020 07:30 AM PST အစိုးရထောက်ပံ့ကြေးအပေါ် အဂတိလိုက်စားမှုရှိနေကြောင်း မင်းပြားဒေသခံတွေတိုင်တန်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ကျေးလက်ဒေသ မြင်ကွင်းတစ်ခု။ / Photo: RFAရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စုအတွက် ကပ်ရောဂါကာလ အစိုးရက ထောက်ပံ့ထားတဲ့ငွေတွေကို ကျေးရွာအာဏာပိုင်တွေက အလွဲသုံးစားလုပ်ထားကြောင်း ဒေသခံတွေက နေပြည်တော်ရှိ နိုင်ငံအကြီးအကဲတွေဆီကို ဒီနေ့ စာပေးပို့ တိုင်ကြားလိုက်ပါတယ်။အစိုးရက ထောက်ပံ့ |
ရခိုင်ဟာ ကလေးသူငယ်အခွင့်အရေးဆုံးရှုံးမှုနဲ့ သေဆုံးမှု အများဆုံးပြည်နယ်ဖြစ် Posted: 16 Dec 2020 07:27 AM PST မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ ပြည်တွင်းစစ်ကြောင့် ကလေးတွေ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်နေပြီး မြန်မာနိုင်ငံမှာပြဌာန်းထားတဲ့ ကလေးသူငယ် အခွင့်အရေးဥပဒေထဲက ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေကြပါတယ်။မြေမြှိုပ်မိုင်းနဲ့ စစ်ကျန်မပေါက်ကွဲသေးတဲ့ လက်နက်ပစ္စည်းတွေကြောင့် အသက်ဆုံးရှုံးရတဲ့ သူတွေထဲက ၃၅ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်ပါတယ်။ အဲဒီထဲမှာမှ |
မြန်မာနိုင်ငံကပ်ရောဂါကာလ အိမ်တွင်းအကြမ်းဖက်မှု ၇ ဆ တိုးလာ Posted: 16 Dec 2020 07:21 AM PST ကချင်ပြည်နယ် စစ်ရှောင်ဒုက္ခသည်စခန်းက ကချင်အမျိုးသမီးများ။ (အောက်တိုဘာ ၂၉၊ ၂၀၁၃)ကိုဗစ်ကပ်ရောဂါကာလ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုခံရမှု သိသိသာသာ တိုးလာနေတယ်လို့ ကုလသမဂ္ဂ အမျိုးသမီးရေးရာ အဖွဲ့က ပြောဆိုလိုက်တဲ့ အချိန်မှာပဲ၊ မြန်မာနိုင်ငံမှာလည်း ၇ ဆ တိုးလာတဲ့အကြောင်း အမျိုးသမီးရေး လှုပ်ရှားမှုအဖွဲ့ရဲ့ စစ်တမ်းတခုက တွေ့ရှိခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက |
ကိုဗစ် ဒုတိယလှိုင်း မြန်မာစီးပွားရေးကို သိသိသာသာထိခိုက် Posted: 16 Dec 2020 07:19 AM PST ရန်ကုန်မြို့ထဲ နှာခေါင်းစည်းတပ် သွားလာနေသူတချို့။ (ဇွန် ၁၀၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် မြန်မာ့စီးပွားရေးဟာ သိသိသာသာ ကျဆင်းသွားတာကြောင့် ပြန်လည်နာလန်ထူအောင် ပြင်ဆင်ဖို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်မှာ |
ရန်ကုန်က ကိုဗစ်လူနာအချို့ကို နေအိမ်မှာထားပြီး ကုသဖို့ ပြင် Posted: 16 Dec 2020 07:18 AM PST ရန်ကုန်က ကိုဗစ်လူနာတွေ့တဲ့ နေအိမ်ကို အသွားအလာ ကန့်သတ်ထားစဉ်အခြားရောဂါအခံ မရှိသူ ကိုဗစ်လူနာ အချို့ကို နေအိမ်တွေမှာ ထားပြီး ကုသနိုင်ဖို့အတွက် အစိုးရက စတင် ပြင်ဆင်နေပြီ လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကို ပြောပါတယ်။ဒီအစီအစဉ်ကို ကနဦး စတင်စမ်းသပ်တဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ စမ်းသပ် လုပ်ကိုင်သွားမယ်လို့ သူက ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုဗစ် |
စင်္ကာပူရွှေ့ပြောင်းလုပ်သား တဝက်ကျော် ကိုဗစ်ကူးစက်ခံရ Posted: 16 Dec 2020 07:14 AM PST စင်္ကာပူနိုင်ငံသားအများစု ဘေးကင်းတယ်ဆိုပေမယ့် ရွှေ့ပြောင်းလုပ်သားထက်ဝက် ကိုဗစ်ကူးစက်ခံရပြီးခဲ့တဲ့ ၉ လတာအတွင်း စင်္ကာပူနိုင်ငံမှာ လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား တဝက်နီးပါးမှာ ကိုဗစ်-၁၉ ပိုး ကူးစက်ခံခဲ့ရတယ်ဆိုတဲ့ အချက်အလက် ထွက်ပေါ်လာတဲ့ ကိစ္စဟာ အံ့အားသင့်စရာမကောင်းဘူးလို့ လူ့အခွင့်အရေးအဖွဲ့တဖွဲ့က ပြောပါတယ်။နိုင်ငံခြားသား အလုပ်သမား ၁၅၂,၀၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၄၇% ဟာ ဗိုင်းရပ်စ်ပိုး |
ကပ်ဘေးအလွန်အတွက် စီမံဖို့ အစိုးရကို ကမ္ဘာ့ဘဏ် တိုက်တွန်း Posted: 16 Dec 2020 07:05 AM PST ကပ်ဘေးအလွန်အတွက် စီမံဖို့ အစိုးရကို ကမ္ဘာ့ဘဏ် တိုက်တွန်း ရန်ကုန်ဆေးရုံကြီးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာများကို ကုသပေးနေတဲ့ အထူးကြပ်မတ်ဆောင် ICUက သူနာပြုများကို တွေ့ရစဉ် / Photo : Min Thein Aung / RFAဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ စီးပွားရေး နာလန်ထဖို့ မြန်မာနိုင်ငံအနေနဲ့ ကပ်ဘေးတုံ့ပြန်မှု အစီအမံတွေကို မြန်မြန်ဆန်ဆန် ချမှတ်အကောင်အထည် ဖော်ရတော့မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို |
နေအိမ်အပြင်မထွက်ရတဲ့ ရန်ကုန်မှာ စားဝတ်နေရေးကြောင့် အပြင်ထွက်သူ များပြား Posted: 16 Dec 2020 07:02 AM PST ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေအိမ်မှာနေထိုင်ရေး အမိန့်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေကြောင့် လနဲ့ချီပြီး အလုပ်တွေနားထားရတဲ့ ရန်ကုန်ုတိုင်းက ပြည်သူတွေဟာ ကန့်သတ်မှုတွေ အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ပိုပြီးကြုံလာကြပါတယ်။ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ကပ်ဘေးမဖြစ်ခင်ကလိုပဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုတွေ သိသိသာသာပြန်ပြီး ရှိလာနေပါပြီ။ဒီဇင်ဘာလ ၁၆ ရက်နေ့ အထိ |
မြန်မာမှာ ကိုဗစ် စမ်းသပ်စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်သင့်နေပြီလား Posted: 15 Dec 2020 02:33 PM PST ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ကိုဗစ် လူနာတဦးကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ - Ministry of Health and Sports, Myanmar - နိုဝင်ဘာ ၂၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဓါတ်ခွဲနမူနာယူစစ်ဆေးတွေ့ရှိသူ တသိန်းကျော်သွားပြီမို့၊ ဓါတ်ခွဲစစ်ဆေးမှုတွေကို အခုထက် ပိုမိုတိုး-လုပ်သွားဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းတချို့က မြင်ပါတယ်။ ဒါပေမယ့်လည်း သံသယလူနာတွေထဲ |
အလှုအတန်းတွေအပေါ် မှီခိုနေရတဲ့ မြန်မာနိုင်ငံက ဆင်းရဲသားများဘဝ Posted: 15 Dec 2020 02:32 PM PST ရန်ကုန်မြို့အမှိုက်ပုံအနီးနေထိုင်လုပ်ကိုင်ကြသူမိသားစုများမြင်ကွင်းမြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ပထမဆုံးအကြိမ် အတည်ပြုခဲ့တဲ့ ဒီနှစ်ဆန်းပိုင်းကစလို့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဆင်းရဲနွမ်းပါးသူတွေကို စေတနာရှင်တွေက တပိုင်တနိုင်လှူဒါန်းနေကြပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက သွားလာလှုပ်ရှားမှုတွေ ပိုမိုတင်းကြပ်လာပြီး ကန့်သတ်ချက်တွေ ကြာလာတာနဲ့အမျှ အခက်အခဲတွေ ပိုများလာနေ |
ဂျပန် တွစ်တာ လူသတ်သမား တာကာဟီရို ရှီရိုင်းရှီ သေဒဏ်ချမှတ်ခံရ Posted: 15 Dec 2020 02:30 PM PST တာကာဟီရို ကို ၂၀၁၇ မှာ ဖမ်းဆီးခဲ့လူ ကိုးယောက် ကို တွစ်တာ ကနေ ဆက်သွယ်ပြီး သတ်ဖြတ်ခဲ့တဲ့ ဂျပန် အမျိုးသား တာကာဟီရို ကို သေဒဏ် အမိန့်ချမှတ် လိုက်ပါပြီ။ ဒီအမှုဟာ ဂျပန်မှာ လူတွေကြားထဲ အံ့သြထိတ်လန့်မှု ဖြစ်ခဲ့ရတဲ့ မှုခင်း တစ်ခုလည်း ဖြစ်ပါတယ်။တာကာဟီရို ရှီရိုင်းရှီ ကို တွစ်တာ လူသတ်သမားလို့ လူတွေက ခေါ်ကြပါတယ်။ သူ့ရဲ့ တိုက်ခန်းမှာ လူ့ကိုယ်ခန္ဓာအပိုင်းအစတွေ ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီး |
မြေယာနစ်နာမှုအတွက် သတင်းစာရှင်းလင်းပွဲလုပ်သူတွေ အမှုဖွင့်ခံရ Posted: 15 Dec 2020 02:27 PM PST ချောင်းသာကမ်းခြေမှာ လုပ်ငန်းရှင်တစ်ဦး တင်ပြတောင်းဆိုတဲ့ သိမ်းဆည်းခံမြေ ဧက ၅၀ ခန့်ထဲက ၂၆ ဧကကို ဧရာဝတီတိုင်းထဲက မြေစစ်ကော်မတီအဆင့်ဆင့်က ပြန်လည်ပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာကြောင့် နစ်နာမှုတွေရှိတယ်ဟု ဆိုကာ ချောင်းသာကမ်းခြေဒေသခံတွေက ဒီဇင်ဘာလ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့သူတွေထဲက ချောင်းသာကမ်းခြေဒေသခံလေးဦးကို သဘာဝဘေးအန္တရာယ်စီမံ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.