Saturday, July 31, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မိဘမဲ့ဂေဟာကျောင်းတစ်ခုတွင် ကလေး ၆၀ ဦး ကိုဗစ်ကူးစက်ခံရပြီး တစ်ဦးသေဆုံး

Posted: 31 Jul 2021 05:05 AM PDT

July 31,2021/Kachin News Groupဗန်းမော်မြို့ ပင်စင်ကုန်းရပ်ကွက် ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာ ကျောင်းတွင်ရှိသော ကလေး ၆၀ ဦးထက်နည်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့ရှိ လူငယ်တစ်ဦး ယနေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်းသိရသည်။ကလေး ၆၀ ဦးပိုးတွေ့သည့် မိဘမဲ့ဂေဟာကျောင်းကို အသွားအလာကန့်သတ်ထားသည့်အတွက် ကလေးငယ်များအတွက် အစားအသောက်နှင့် ဆေးဝါးကုသမှုများ အရေးတကြီး လိုအပ်နေကြောင်း ဂေဟာကျောင်း

ကိုဗစ်ကန့်သတ်ချက်ဖြင့် ပြင်ပထွက်ကဒ်မပါဘဲ သွားလာသူများ ဒဏ်ငွေပေးဆောင်ရ

Posted: 31 Jul 2021 05:03 AM PDT

ဇူလိုင် ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီဖားအံမြို့တွင် ရေကြီးသည့်ကာလအတွင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည့် ကိုဗစ်ကန့် သတ်ချက် ကြောင့် မြို့ခံပြည်သူများမှာ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် သွားလာရာတွင် ဒဏ်ကြေးငွေများ ပေးဆောင်နေရသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း မြို့မိမြို့ဖများ၏ ပြောပြချက်များအရ သိရှိရသည်။လတ်တလော ဖားအံမြို့၌ နေအိမ်အပြင်ထွက် သွားလာနေသူများကို ရှောင်တခင် စစ်ဆေးမှုများရှိပြီး

KNU ၏ သယ်ယူပို့ဆောင်ရေးဌာန အတွင်းရေးမှူး ပဒိုစောတီးတူ ကွယ်လွန်

Posted: 31 Jul 2021 05:02 AM PDT

ဇူလိုင်လ ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းရေးမှူး ပဒို စောတီးတူ ၇၂နှစ်သည် ယနေ့ (ဇူလိုင် ၃၁ရက်) နံနက် ၉း၅၂နာရီအချိန်တွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည် ဟု နီးစပ်သူများက ပြောသည်။"ဒီမနက်ပဲ ဆုံးသွားတာ။ သွေးတိုးရောဂါနဲ့ဆုံးသွားတာ။ သူက သွေးတိုးရောဂါကော၊ ဆီးချိုရောဂါကော အခံရှိတာကြာ ပြီး။ ကိုဗစ်နဲ့ဆုံးတာတော့ မဟုတ်ဘူး။"

တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များအလံဖြူ/ဝါ ထောင် အကူအညီတောင်းခံ

Posted: 31 Jul 2021 05:00 AM PDT

သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၃၀ သျှမ်းပြည် တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များ စားဝတ်နေရေးနှင့် ဆေးဝါးအခက်အခဲမှုရှိနေသဖြင့် အလံဖြူ/ အလံဝါ ထောင်ပြပြီး အကူအညီ တောင်းနေရကြောင်း စုံစမ်းသိရသည်။တောင်ကြီးမြို့တွင် ကိုဗစ် - ၁၉ တတိယလှိုင်း အတွင်း ပိုးတွေ့ လူနာများအဆမတန် တိုးများလာခြင်းကြောင့် Stay At Home အဖြစ် ကြေညာထားခြင်း ခံထားရပြီး အိမ်ထောင်စု မိသားစုတချို့က ရောဂါအတွက် စိုးရိမ် ပူပန် နေရသည့် အပြင်

ဆီးဒင်ယန် စစ်​​ကောင်စီ တပ်စခန်းကို ​ကေအိုင်​အေ ဝင်တိုက် စစ်​ကောင်စီစစ်သားနှစ်ဦး​ သေကာ စခန်းမီးရှို့ခံရ

Posted: 31 Jul 2021 04:57 AM PDT

31 July 2021 - Kachinwaves ကချင်ပြည်နယ် နမ္မတီးမြို့ ဆီးဒင်ယန် ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ ဝင်တိုက်ခိုက်ခဲ့ကာ စစ်​ကောင်စီစစ်သားနှစ်ဦးကျပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီး ခံခဲ့ရ​ကြောင်း သတင်းရရှိသည်။ လက်နက်အချို့လည်း သိမ်းဆည်းရမိသည်ဟု ကြားရ​ကြောင်း ​ဒေသခံတစ်ဦးကဆိုသည်။ အဆိုပါ တပ်စခန်းကို ယ​​နေ့နံနက်ပိုင်း ​ကေအိုင်​အေ မှ သွားတိုက်ခဲ့ပြီး နံနက် ၄ နာရီက​​နေ ၆ နာရီခန့်ထိ တိုက်ပွဲ

လွိုင်ကော်မြို့နယ်အရှေ့ဖက်မှာ တိုက်ပွဲဖြစ်ပွား

Posted: 31 Jul 2021 04:48 AM PDT

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက ဒေါမူကလားကျေးရွာအရှေ့ဖက်ခြမ်းမှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ ဇူလိုင်လ ၃၁ရက်နေ့ နေ့လည် ၁၁နာရီကျော်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။"သူတို့နယ်ကျော်လာလို့ပစ်တာ သူတို့အင်အား ၈၀ကျော်လောက်ရှိမယ်။ ဒီမနက် ၁၁နာရီခွဲလောက်မှာပစ်တယ် ၂၀မိနစ်လောက်ပဲရှိတယ်။ တိုက်ပွဲဖြစ်တာက ၁၁နာရီခွဲလောက်မှာ

CDF တိုက်ပွဲသတင်း

Posted: 31 Jul 2021 04:45 AM PDT

CDF-Matupi, CNA ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား ၂၀၂၁ခုနှစ် ဇူလိုင် (၃၀) မတူပီ-မင်းတပ်လမ်းမကြီး မိုင်တိုင် (၇၃) တွင် တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး အပါအဝင် စစ်ဗိုလ် စစ်ခွေး (၁၀)သေဆုံးသည်။မိမိ CDF-Matupi မှ ဆလိုင်း ကုန်းထန်း, ဆလိုင်း ဟာထွန်းနှင့် ဆလိုင်းထန်းချင်းဆန် (၃)တို့သည် နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ကြသည်။ အကြမ်းဖက်စစ်တပ်မှ

Thursday, July 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


Covid-19 ကြောင့် အလံဖြူ၊ အလံဝါတွေနဲ့ အကူအညီတောင်းခံနေရ

Posted: 28 Jul 2021 09:46 AM PDT

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) တတိယလှိုင်း ကူးစက်သေဆုံးနှုန်းတွေ ပြင်းထန်နေချိန်မှာ တစ်မိသားစုလုံး ရောဂါပိုးကူးစက်ခံထားရတဲ့အိမ်တွေဆိုရင် အလံဖြူ ဒါမှမဟုတ် အလံဝါ ထောင်ထားကြပြီး အစားအစာနဲ့ ဆေးဝါးအကူအညီလိုအပ်နေတာမို့ တတ်နိုင်တဲ့သူတွေနဲ့ ပရဟိတအဖွဲ့တွေက အခမဲ့ သွားရောက်လှူဒါန်း ကူညီပေးနေကြပါတယ်။ရန်ကုန်မြို့အပါအဝင် မြို့နယ်အသီးသီးက နေအိမ်တွေထဲ မိသားစုလိုက် Covid-19 ရောဂါခံစားနေရသူတွေ အစားအစာနဲ့ ဆေးဝါး

အောက်ဆီဂျင်ထုတ်စက် အလုံး ၂၀၀ မြန်မာကို ပေးမယ်လို့ စင်္ကာပူ ကြေညာ

Posted: 28 Jul 2021 09:44 AM PDT

ရေကြီးရေလျှံမှုတွေ ဖြစ်လာတဲ့ အတွက် ကိုဗစ် လူနာကို နေရာရွှေ့ပေးကြစဥ်။ ဇူလိုင် ၂၆၊ မြဝတီမြို့။ကိုဗစ်နိုင်တင်း ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အားပေးကူညီတဲ့ အနေနဲ့ ၁၀ လီတာ အောက်ဆီဂျင်ထုတ်စက် အလုံး ၂၀၀ ပေးသွားမယ်ဆိုပြီး စင်္ကာပူ အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။စင်္ကာပူ ကြက်ခြေနီ အသင်း SRC ရဲ့ လမ်းကြောင်းကနေတဆင့် အဲဒီ အောက်စီဂျင် ကွန်ဆန်ထရိတ်

ကိုဗစ်ကိုင်တွယ်နိုင်ဖို့ဆိုရင် စစ်ကောင်စီ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ကုလအထူးသံပြော

Posted: 28 Jul 2021 09:41 AM PDT

အောက်ဆီဂျင် စက်ရုံရှေ့ မြင်ကွင်း။ ဇူလိုင် လလယ်၊ ရန်ကုန် "ကိုဗစ်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု လုပ်ဖို့ လိုနေပြီ" လို့ တွမ်အင်ဒရူးစ် သတိပေး    "မြန်မာပြည်မှာ မသေသင့်ပဲ လူတွေ အများကြီး သေခဲ့ရပြီးပြီ။ ကုလသမဂ္ဂဘက်က အရေးယူ ဆောင်ရွက်မှု မလုပ်ဘူးဆိုရင် နောက်ထပ်လည်း အသက်တွေ ဆုံးရှုံး ရလိမ့်မယ်" from တွမ်အင်ဒရူးစ် လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံ    "မြန်မာပြည်မှာ မသေသင့်ပဲ လူတွေ အများကြီး သေခဲ့ရပြီးပြီ။ ကုလသမဂ္ဂ

မကွေးနဲ့စစ်ကိုင်းနယ်ထဲ တိုက်ပွဲများရှိနေ

Posted: 28 Jul 2021 09:38 AM PDT

မြန်မာစစ်တပ်လုံခြုံရေးအဖွဲ့ဝင်များ။မကွေးတိုင်၊း ဂန့်ဂေါနဲ့ ထီးလင်းလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ကျဆုံးခဲ့တယ်လို့ ယောဒေသ ကာကွယ်ရေး အဖွဲ့ကပြောပေမယ့်၊ ဒီဖြစ်စဉ်မရှိခဲ့ဘူးလို့ စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကနီနယ်နဲ့ ယင်းမာပင်ကြားက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံ

အောက်မြန်မာပြည်တလွှား မိုးသည်းပြီးရေကြီးရေလျှံ

Posted: 28 Jul 2021 09:36 AM PDT

မိုးများရေကြီးပြီး နေအိမ်တွေ ရေနစ်မြုပ် (ဇူလိုင် ၂၀၂၁)မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ရေဘေးသင့် ပြည်သူတွေ ထောင်နဲ့ချီရှိတယ်လို့ ပရဟိတအကူအညီပေးတွေက ပြောပါတယ်။ ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာမှာ ဒီကနေ့အထိ ရွာလုံးကျွတ်နီးပါး ရေနစ်မြှုပ်နေပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာလည်း နေအိမ်မှာ ပိတ်

ဓနုဖြူမှာ မီးသင်္ဂြိုဟ်စက်ပျက်နေတာကြောင့် ယာယီမြေမြှုပ်သင်္ဂြိုဟ်နေရ

Posted: 28 Jul 2021 09:35 AM PDT

ဓနုဖြူမှာ မီးသင်္ဂြိုဟ်စက်ပျက်နေတာကြောင့် ယာယီမြေမြှုပ်သင်္ဂြိုဟ်နေရ ဓနုဖြူမြို့က ဖိုးမြဲသုသာန်မှာ မြေမြှုပ်သင်္ဂြိုဟ်နေရတဲ့ ရုပ်အလောင်းတွေကို တွေ့ရစဉ် / Photo: CJဧရာဝတီတိုင်း ဓနုဖြူမြို့က ဖိုးမြဲသုသာန်မှာ မီးသင်္ဂြိုဟ်စက်ပျက်နေလို့ အခုရက်ပိုင်းအတွင်း သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ယာယီမြေမြှုပ်သင်္ဂြိုဟ်နေရတယ်လို့ ဓနုဖြူမြို့နယ်က ပရဟိတအဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။ရုပ်အလောင်းတွေကို ဖိုး

ကနီမှာ အနည်းဆုံး လူ ၁၀ ယောက် အစုအပြုံလိုက် အသတ်ခံထားရ

Posted: 28 Jul 2021 09:33 AM PDT

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဇီးပင်တွင်းရွာအနီးမှာ အခုလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဇူလိုင် ၂၇ ရက် မနေ့က ရွာအနီးက တောထဲမှာ တစ်ချိန်တည်းတစ်ပြိုင်တည်း အသတ်ခံထားရတယ်လို့ ယူဆရတဲ့ ရုပ်အလောင်း ဆယ်ခုကျော် တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီဒေသခံတွေက ပြောပါတယ်။ဇူလိုင် ၂၄ ရက်နေ့က ကနီနယ် စစ်ဘေးရှောင်ရွာတွေမှာ နေထိုင်နေတဲ့ အမျိုးသား ၁၀

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာချက်အမှတ် (၃၅/၂၀၂၁) ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားမဝင်သော အဖွဲ့အစည်းတစ်ခုက ပယ်ဖျက်၍ မရနိုင်ကြောင်း ကြေညာလိုက်တဲ့သတင်း

Posted: 28 Jul 2021 09:30 AM PDT

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာချက်အမှတ် (၃၅/၂၀၂၁) ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားမဝင်သော အဖွဲ့အစည်းတစ်ခုက ပယ်ဖျက်၍ မရနိုင်ကြောင်း ကြေညာလိုက်တဲ့သတင်းအရေးပေါ် "ကိုဗစ်ကာလ အပစ်အခတ်ရပ်စဲရေး" လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွန် အမ်ဒရူးက ဇူလိုင်လ ၂၇ရက်နေ့က တောင်းဆိုတဲ့သတင်းအမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd

Wednesday, July 28, 2021

သစ်ထူးလွင်

သစ်ထူးလွင်


သောင်ရင်းမြစ်ရေလျှံလို့ မြဝတီမြို့က လူလေးထောင်ကျော် အိုးအိမ်စွန့်ခွာရ

Posted: 27 Jul 2021 10:12 AM PDT

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် သောင်ရင်းမြစ်အနီးမှာရှိတဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေထဲကို ဇူလိုင် ၂၆ ရက် ညပိုင်းကစပြီး သောင်ရင်းမြစ်ရေတွေ အလုံးအရင်းဝင်ရောက်လာပြီး လူနေအိမ်တော်တော်များများ နစ်မြုပ်ကုန်တာကြောင့် အရပ်သား ၄၀၀၀ ကျော်ဟာ အိုးအိမ်တွေကို စွန့်ခွာလိုက်ရတယ်လို့ ကူညီကယ်ဆယ် ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။ရေကြီးမှုကနေ တိမ်းရှောင်နိုင်ခြင်းမရှိသေးဘဲ နေအိမ်တွေထဲပိတ်မိနေတဲ့ လူအများအပြားရှိနေတုန်း

မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတဲ့ နေရာတစ်ခုဖြစ်လာ

Posted: 27 Jul 2021 10:10 AM PDT

မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတဲ့ နေရာတစ်ခုဖြစ်လာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို သတင်းဓာတ်ပုံရယူနေတဲ့ ရန်ကုန်မြို့က သတင်းသမားတစ်ဦးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ် / Photo: RFAသတင်းသမားတွေကို ဖမ်းဆီးအရေးယူတာတွေနဲ့ လွတ်လပ်တဲ့ သတင်းလုပ်ငန်းတွေအပေါ်  ဖိနှိပ်စော်ကား တာတွေ စစ်ကောင်စီက ရပ်တန့်သင့်ပြီလို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဒီကနေ့ပဲ ကြေညာပါတယ်။

UWSA ထိန်းချုပ်ရာ ဝ ဒေသက ၁၈နှစ်အထက် လူဦးရေအားလုံးနီးပါးကာကွယ်ဆေးထိုးပြီးလို့ဆို

Posted: 27 Jul 2021 10:08 AM PDT

UWSACopyright: UWSAUWSA ထိန်းချုပ်ရာ ဝ အထူးဒေသက အသက်၁၈နှစ်အထက် လူဦးရေ ၃ သိန်းနီးပါးလုံး ကာကွယ်ဆေး ၂​ကြိမ်ထိုးပြီးသွားပြီလို့ ဝ ဒေသပြောခွင့်ရ ဦးညီရန်းက ဘီဘီစီကို ပြောပါတယ်။ကာကွယ်ဆေးအားလုံးကို တရုတ်နိုင်ငံက အခမဲ့ ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။" အခုချိန်ထိတော့ ကိုဗစ်ကြောင့် သေဆုံးသူတော့ မရှိဘူး။ ပေါ့စတစ်လူနာကတော့ ၃၀၀ နီးပါး တွေ့ခဲ့ပြီး ဆေးရုံက ဆင်းသွားခဲ့ပြီ ဖြစ်တယ်။ ပေါ့စတစ်တွေကတော့ ပြင်ပကလာတဲ့သူတွေ

ကနီကျေးရွာတွေမှာ စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေဆဲလို့ ဒေသခံတွေပြော

Posted: 27 Jul 2021 10:06 AM PDT

CJCopyright: CJစစ်ကိုင်းတိုင်းဒေသကြီး၊ကနီမြို့နယ်ထဲကကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ လှည့်လှည်တပ်စွဲနေပြီး ရွာတွေထဲ အင်အားသုံးပြီးလှည့်လှည်ခြောက်လှန့်ပစ်ခတ်တာတွေ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ စစ်ကောင်စီနဲ့ ကနီဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား လူသေဆုံးတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ကနီမြို့နယ်အတွင်းကကျေးရွာတွေ

ရေဘေးကြောင့် ကပ်ရောဂါကူညီရေးအဖွဲ့တွေ အခက်ကြုံ

Posted: 27 Jul 2021 10:03 AM PDT

flood in lower Myanmarကရင်ပြည်နယ် မြဝတီမြို့ ကိုဗစ်စင်တာမှာ ရေကြီးလို့ အောက်ဆီဂျင်ပေးနေရတဲ့ လူနာအပါအဝင် လူနာ ၁၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။ မော်လမြိုင်မှာလည်း ရေကြီးပြီး ရပ်ကွက်လမ်း၊ သချိုင်္င်းသွားလမ်းတွေ ရေမြှုပ်လို့ နေအိမ်မှာ သေဆုံးသွားသူ ၉ ဦးကို မိုးထဲရေထဲ ခက်ခက်ခဲခဲ သယ်ယူမီးသင်္ဂြုလ်ခဲ့ရပါတယ်။ မြန်မာပြည်တောင်ပိုင်းတခွင် ရေကြီးရေလျှံလို့ ကပ်ရောဂါအကူအညီပေးရေးကိစ္စတွေမှာ အဟန့်အတား

ကနီတိုက်ပွဲ ဖမ်းခံရတဲ့ PDF တွေ အလောင်းပဲပြန်ရ

Posted: 27 Jul 2021 10:00 AM PDT

တိုင်းရင်းသားနယ်ြမေထဲမှာ လှုပ်ရှားနေတဲ့ မြန်မာစစ်တပ် (ဓာတ်ပုံ - AP)စစ်ကိုင်းဒေသကြီး ကနီနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDFတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာရပြီး ဖမ်းဆီးခံရတဲ့ PDF တပ်ဖွဲ့ဝင်တွေကို အလောင်းပဲ ပြန်ရခဲ့တယ်လို့ ဒေသခံ PDFတွေဘက်က ပြောပါတယ်။ ဒါ့အပြင် ရွှေကူအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ရေယာဉ်တွေကို KIA တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။ ဒီအကြောင်း

နေပြည်တော်က ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး

Posted: 27 Jul 2021 09:58 AM PDT

နေပြည်တော်က ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး ဖမ်းဆီးခံရတဲ့ ရမည်းသင်း နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုကျော်ဘိုဘိုခန့် ကို တွေ့ရစဥ် / Photo CJနေပြည်တော်က ဆန္ဒပြပွဲတချို့မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အသက် ၂၀ အရွယ် ရမည်းသင်း နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုကျော်ဘိုဘိုခန့် ကို ဇူလိုင်လ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့

မြတောင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံလိုက်ရ၊ သေဆုံးသူတွေ ရှိနိုင်

Posted: 27 Jul 2021 09:57 AM PDT

မြတောင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံလိုက်ရ၊ သေဆုံးသူတွေ ရှိနိုင် ၂၀၂၁၊ ဇူလိုင် ၁၉ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ မြတောင်သပိတ်စစ်ကြောင်းကို တွေ့ရစဉ် / Photo: Simulationမန္တလေးမြို့မှာ နေ့တိုင်းနီးပါး ဆန္ဒပြနေကြတဲ့ မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခံလိုက်ရလို့ သေဆုံးသူတွေရှိနိုင်တယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။မဟာ

Tuesday, July 27, 2021

သစ်ထူးလွင်

သစ်ထူးလွင်


၂၀၂၀ ရွေးကောက်ပွဲရလဒ် စစ်ကောင်စီခန့်ကော်မရှင်ဖျက်သိမ်း

Posted: 26 Jul 2021 12:57 PM PDT

Myanmar Electionsမြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။တည်ဆဲ ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မတွေနဲ့အညီ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှာ ကျင်းပခဲ့တဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့တာမှာ မဲမသမာမှု ၁၁ သန်းကျော် တွေ့ရှိခဲ့ရသလို၊ အရင်

မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်တချို့မှာ ရေကြီးရေလျှံလို့ ပျက်စီးမှုရှိ

Posted: 26 Jul 2021 12:55 PM PDT

ရေကြီးနေသော ရေး-ထားဝယ် လမ်းပိုင်း ( ဓာတ်ပုံ - Courtesy)ကိုဗစ်တတိယလှိုင်သက်ရောက်မှုကြီးမားနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့က မိုးအဆက်မပြတ်ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ မြစ်ရေမြင့်တက်လာပြီး နေအိမ်တွေမြှုပ်လို့ လူဦး ၅၀၀ ကျော်လောက် ဘေးလွတ်ရာကို ပြောင်းရွှေ့နေရပါတယ်။ ဒါအပြင် မွန်ပြည်နယ်မှာလည်း ရေကြီးနေသလို လောင်းလုံးမြို့နယ်မှာ မြေ

မြန်မာ့အလုပ်အကိုင် တစ်သန်းလောက်ဆုံးရှုံးပြီး ဆင်းရဲနှုန်း နှစ်ဆတိုးလာမယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်

Posted: 26 Jul 2021 12:47 PM PDT

မြန်မာ့အလုပ်အကိုင် တစ်သန်းလောက်ဆုံးရှုံးပြီး ဆင်းရဲနှုန်း နှစ်ဆတိုးလာမယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန် ဆင်ရဲနွမ်းပါးတဲ့ ပြည်သူများကို တွေ့ရစဉ် / Photo - AFPစစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါရဲ့ ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်း နှစ်ဆ မြင့်တက် သွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာတစ်စောင် ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။မြန်မာပြည်သူတွေအတွက် အလုပ်အကိုင် တစ်သန်းလောက် ဆုံးရှုံး

မင်းတပ်က စစ်ကောင်စီတပ်သားအယောက် ၂၀ CDF နဲ့ ပူးပေါင်း

Posted: 26 Jul 2021 12:44 PM PDT

မင်းတပ်က စစ်ကောင်စီတပ်သားအယောက် ၂၀ CDF နဲ့ ပူးပေါင်း မင်းတပ်မြို့နယ်ရှိ မကွီးအိမ်နူးမြို့က လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေကို တွေ့ရစဥ် / Photo CJချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ မကွီးအိမ်နူးမြို့က စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းကင်းစခန်း တစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ တို့ဟာ ဇူလိုင် ၂၄ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ မင်းတပ်ဒေသ ကာကွယ်ရေး CDF အဖွဲ့ နဲ့ ပူးပေါင်းလိုက်

ကိုဗစ်စင်တာအတွင်း ရေကြီးရေလျှံ မှုကြောင့် အောက်ဆီဂျင်ပေးနေရသည့် လူနာများ ရေလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရ

Posted: 26 Jul 2021 12:28 PM PDT

ဇူလိုင် ၂၆ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့  အမှတ် ၄ ရပ်ကွက်ရှိ ရွှေမြဝတီ ကိုဗစ်စင်တာအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့၍ အောက်ဆီဂျင်ပေးရှူနေရသည့် လူနာများ ရေလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့နေရသည်။ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရွှေမြဝတီ ကိုဗစ်စင်တာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့၍ မွန်းလွဲ ၃ နာရီခန့်က အောက်ဆီ ဂျင် ပေးရှူနေရသည့် လူနာ ၁၀၀ ဝန်းကျင်

Monday, July 26, 2021

သစ်ထူးလွင်

သစ်ထူးလွင်


သဲကုန်းမြို့နယ်ထဲမှာ ပေါက်ကွဲမှုဖြစ်၊ လူငယ် နှစ်ဦး‌သေဆုံး

Posted: 25 Jul 2021 03:52 PM PDT

ကိုရှိုင်းကိုကို သေဆုံးတဲ့ အပေါ် သာယာဝတီစိုက်ပျိုးသိပ္ပံကျောင်းသားများသမဂ္ဂမှအလေးနီပြုကြောင်း ထုတ်ပြန်ပေါက်ကွဲမှုကြောင့် အနားက ကိုရှိုင်းကိုကို အကိုဖြစ်သူပါ ထိခိုက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောသာယာ၀တီ စိုက်ပျိုးရေး သိပ္ပံ ကျောင်းဆင်း တစ်ယောက် ဖြစ်တဲ့ ကိုရှိုင်းကိုကို နဲ့ အကိုဖြစ်သူတို့ ဇူလိုင်လ ၂၄ရက်နေ့ ည ၁၀နာရီ ခွဲမှာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားတယ်လို့ စိုက်ပျိုးရေးသိပ္ပံ သာယာ၀တီ

စစ်ကောင်စီ ထုတ်ပြန်တဲ့ ကိုဗစ် ရောဂါသေဆုံးသူ အရေအတွက် ထပ်တိုး

Posted: 25 Jul 2021 03:49 PM PDT

ဇူလိုင်လ ၁၉ ရက် ရန်ကုန် ရေဝေးသုသာန်မှာ တန်းစီစောင့်နေတဲ့ နာရေးကားများမန္တလေးမြို့ရှိ ကိုဗစ်ကြောင့်သေဆုံးခဲ့သူတွေ နာရေးအတွက်ကူညီပေးနေတဲ့ပရဟိတအဖွဲ့များစစ်ကောင်စီက ထုတ်ပြန်တဲ့ ကိုဗစ်ရောဂါနဲ့ သေဆုံးသူအရေအတွက် ဟာ ဒီကနေ့ ဇူလိုင် ၂၅ ရက်‌နေ့မှာ ၃၅၅ ဦးလို့ ထုတ်ပြန်ခဲ့ပြီး မနေ့ကထက် တိုးလာတာကို တွေ့ရပါတယ်။ဇူလိုင်လ ၂၅ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၇၁၁၁ ဦး အထိ

နာရေးရော ရှင်ရေးအတွက်ပါ လူမှုကူညီရေးအဖွဲ့တွေအခက်ကြုံ

Posted: 25 Jul 2021 03:46 PM PDT

Volunteers wearing personal protective suits prepare to bury a body of a person who died from the coronavirus disease (COVID-19), at a cemetery in Yangon, Myanmar, October 17, 2020. REUTERS/Shwe Paw Mya Tinကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေများလာနေတဲ့အတွက် နာရေးမီးသင်္ဂြိုဟ်တဲ့နေရာနဲ့ လူနာတွေအတွက် အောက်ဆီဂျင်ရရှိနိုင်ဖို့ အခက်အခဲတွေကို အကြီးအကျယ်ရင်ဆိုင်နေရတယ်လို့ နိုင်ငံတဝန်းက လူမှုကူညီ

ယင်းမာပင်မှာ PFD နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ် (ဒေသခံ အမျိုးသမီးတဦး)

Posted: 25 Jul 2021 03:44 PM PDT

ယင်းမာပင်ခရိုင်က စစ်ရှောင်ဒုက္ခသည်များ (Photo - Citizen Journalist)စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် နတ်ထောက်အုပ်စု အုန်းစုံ တောပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ကြား ဇူလိုင်(၂၅) တနင်္ဂနွေနေ့ညအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ဒေသခံအမျိုးသမီးတဦးက VOA ကို ပြောပါတယ်။" တိုက်ပွဲက နတ်ထောက်အုပ်စု အုန်းစုံတောပြင်မှာ တိုက်ပွဲဖြစ်နေတာပါ။ အခု ကျမတို့

စစ်ကောင်စီနဲ့ CDF တို့တကျော့ပြန်တိုက်ပွဲတွေကြောင့် မင်းတပ်မှာ ဒုက္ခသည် တစ်သောင်းကျော် ထပ်တိုး

Posted: 25 Jul 2021 03:42 PM PDT

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒေသခံ ခုခံကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တို့ကြား တကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။တိုက်ပွဲတွေနဲ့ အနီးမှာနေတဲ့ ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံတွေ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။"ထွက်ပြေးရတဲ့ဟာက အခုလောလောဆယ်ကတော့ အနီးနားတောတောင်တွေကိုပဲ ခှိုလုံကြတာ။ သီးခြား အရင်တုန်းကလိုမျိုး သီးခြား Camp

စစ်အာဏာသိမ်းပြီးနောက် ပြည်ပဝင်ငွေကို မြန်မာ့သစ်လုပ်ငန်းက ရှာဖွေပေးနေလို့ NUG ထုတ်ပြန်

Posted: 25 Jul 2021 03:40 PM PDT

စစ်အာဏာသိမ်းပြီးနောက် ပြည်ပဝင်ငွေကို မြန်မာ့သစ်လုပ်ငန်းက ရှာဖွေပေးနေလို့ NUG ထုတ်ပြန် ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ် / Photo: RFAဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေကို အမေရိကန်နိုင်ငံက တားမြစ်ပိတ်ဆို့တာတွေ လုပ်ခဲ့ပေမယ့် ပြည်ပဝင်ငွေရအောင် မြန်မာ့သစ်လုပ်ငန်းက ဆောင်ရွက်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သယံဇာတနဲ့ သဘာဝ

အင်းစိန်ဗဟိုအကျဉ်းထောင်မှ လွန်စွာစိုးရိမ်ထိတ်လန့်ဖွယ်ရာကောင်းသော အခြေအနေများသည်၊ လူမျိုးတုံးသတ်ဖြတ်နေသည့် မြန်မာနိုင်ငံရှိစစ်အာဏာရှင်၏အကြင်နာမဲ့ ရက်စက်မှုများကို ပြသနေခြင်း

Posted: 25 Jul 2021 03:26 PM PDT

အင်းစိန်ဗဟိုအကျဉ်းထောင်မှ လွန်စွာစိုးရိမ်ထိတ်လန့်ဖွယ်ရာကောင်းသော အခြေအနေများသည်၊ လူမျိုးတုံးသတ်ဖြတ်နေသည့် မြန်မာနိုင်ငံရှိစစ်အာဏာရှင်၏အကြင်နာမဲ့ ရက်စက်မှုများကို တဖန်ပြန်လည် ပြသနေခြင်းဖြစ်သည်။ ကမ္ဘာတဝှမ်းလုံးသည် လူသားမျိုးနွယ်အား၊ နိုင်ငံတကာ နယ်နိမိတ် စည်းများအပေါ် လေးစားမှုမရှိသော၊ နိုင်ငံရေးနှင့်ပတ်သက် ဆက်နွယ်မှုလည်းမရှိသော၊ အသားအရောင်၊ ဓလေ့ထုံးစံ၊ လူမျိုးရေး၊ဘာသာရေး စသည်တို့ကို သိရှိနားလည်

ပြည်သူတွေရဲ့ အောက်စီဂျင်လိုအပ်ချက်ကို ခုတုံးလုပ်ကာ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်အသက်သွင်းဖို့ အကြမ်းဖက်စစ်ကောင်စီ ကြိုးပမ်းနေတဲ့ သတင်း နဲ့ အခြားသတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်

Posted: 25 Jul 2021 03:23 PM PDT

အင်းစိန်ထောင်အတွင်းဆန္ဒပြကြတာဟာ ထောင်အတွင်း COVID-19 ရောဂါကူးစက် ပြန့်ပွားမှုများပြားနေတဲ့ အပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိရောက်တဲ့ကာကွယ်ထိန်းချုပ်မှု နဲ့ ကုသမှုတွေ ဆောင်ရွက်မပေးနိုင်တာ အပြင် အကျဉ်းထောင်အတွင်းက အမျိုးမျိုးတဲ့ ဖိနှိပ်မှုတွေကြောင့်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ပြည်ထဲရေး နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖေါ်ပြရေးသားလိုက်တဲ့ သတင်း  ဆက်လက်ပြီး ပြည်သူတွေရဲ့ အောက်စီဂျင်

Sunday, July 25, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အိမ်ပြင်မထွက်ရကန့်သတ်ချက်ကြား ရန်ကုန်နဲ့ဒေသတချို့ ဆန္ဒပြမှုဆက်ရှိ

Posted: 24 Jul 2021 07:59 AM PDT

နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးနဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကလေးမြို့ ဆန္ဒပြပွဲ။ (ဇူလိုင် ၂၄၊ ၂၀၂၁)COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ဖို့အတွက်ဆိုပြီး ဇူလိုင်လ ၁၇ ရက် နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ကြားမှာပဲ ရန်ကုန်အပါအဝင် ဒေသတချို့မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ရန်ကုန်၊

မြန်မာ ကိုဗစ်အခက်အခဲ နိုင်ငံတကာကူညီကြဖို့ ဆေးကျောင်းသမဂ္ဂတွေ တောင်းဆို

Posted: 24 Jul 2021 07:57 AM PDT

မြန်မာ ကိုဗစ်အခက်အခဲ နိုင်ငံတကာကူညီကြဖို့ ဆေးကျောင်းသမဂ္ဂတွေ တောင်းဆိုမြန်မာနိုင်ငံတွင်း လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းကြောင့် နေ့စဉ်နဲ့အမျှ လူသေဆုံးမှု များလာနေတဲ့အတွက် မြန်မာပြည်သူတွေလွတ်လပ်စွာ ဆေးကုသခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အကူအညီပေးကြဖို့ဆေးနဲ့ ဆေးနှီးနွယ် ကျောင်းပေါင်း (၁၆) ကျောင်းကကျောင်းသား

Saturday, July 24, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကနီမှာ စစ်ကောင်စီ ရေကြောင်းက ဆက်တိုက်ပစ်ခတ်နေ၊ ဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ

Posted: 24 Jul 2021 07:42 AM PDT

ကနီမြို့နယ်ထဲက စဖိုကြီး ၊ နတ်ကြီး ၊ သစ်ခက်နဲ့ ယင်းယိမ်း စတဲ့ရွာတွေထဲကို စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်ထဲမှာ နေရာယူထားတဲ့ ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။အဲဒီရွာတွေမှာ ဒေသခံ PDF တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရှိနေတယ်လို့ ယူဆပြီး စစ်ကောင်စီဘက်က ပစ်ခတ်နေတာ နှစ်ရက်တိတိရှိပြီလို့ ဆိုပါတယ်။ဒီကနေ့ ဇူလိုင် ၂၄ ရက်မနက်ပိုင်းက ကနီမြို့အရှေ့ဘက်ခြမ်း နတ်ကြီးရွာထဲ

လန်ဒန် မြန်မာသံရုံးက အထုတ်ခံရတဲ့ သံအမတ်ကြီး နေရာမှာ သံအမတ် အစားထိုးခန့်

Posted: 24 Jul 2021 07:40 AM PDT

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဗြိတိန် ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း နေရာမှာ ယာယီ သံရုံးအကြီးအကဲ သံအမတ် တယောက်ကို မြန်မာဘက်က ခန့်အပ်လိုက်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။အခု ခနျ့အပျခံရသူဟာ အရငျ လတေပျ ဗိုလျမှူးကွီးဟောငျး တယောကျ ဖွစျပွီး တရုတျ နိုငျငံမှာ သံအမတျ တာဝနျ ထမျးဆောငျခဲ့ဖူးသူ တယောကျ ဖွစျတယျလို့ လနျဒနျ မွနျမာ သံရုံး အသိုငျးအ

မန္တလေးမှာလည်း ကိုဗစ်ကြောင့်သေဆုံးသူမြင့်တက်နေ၊ စစ်ကိုင်းနဲ့ မြစ်ငယ်အပါအဝင် အနီးအနားမြို့တွေပါ မန္တလေးမှာ အောက်ဆီဂျင်လာဖြည့်နေရ

Posted: 24 Jul 2021 07:38 AM PDT

စစ်ကိုင်းနဲ့ မြစ်ငယ်အပါအဝင် အနီးအနားမြို့တွေပါ မန္တလေးမှာ အောက်ဆီဂျင်လာဖြည့်နေရမန္တလေးမှာလည်း ကိုဗစ်ကြောင့်သေဆုံးသူမြင့်တက်နေပြီး အေးရိပ်ငြိမ်၊ တောင်အင်းမြောက်အင်းနဲ့ ကြာနီ ကန်သုဿာန်တွေမှာ သုဿန်တစ်ခုစီကို နေ့စဉ် သေဆုံးသူတစ်ရာကျော်စီ သဂြိၤုဟ်ပေးနေရတယ်လို့ မန္တလေးအခြေစိုက် ပရဟိတအဖွဲ့တွေကပြောပါတယ်။' ' သေတာကတော့ နေ့တိုင်းတက်နေတာ။ အခုလည်း ဆေးရုံတွေမှာသေတဲ့သူတွေ နေအိမ်မှာသေတဲ့ သူတွေ ကျွန်တော်တို့ တစ်

မြန်မာထောင်တွင်း ဝင်ရောက်တဲ့လုပ်ငန်းတွေပြန်စဖို့ ICRC ညှိနှိုင်းနေ

Posted: 24 Jul 2021 07:31 AM PDT

ရန်ကုန် အင်းစိန်အကျဉ်းထောင် ရှေ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ ( ဧပြီလ ၁၇၊ ၂၀၂၀)အင်းစိန်ထောင်နဲ့ တခြားထောင်တွေကို သွားပြီးလေ့လာဖို့နဲ့ လုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ အကျဉ်းထောင် တာဝန်ရှိသူတွေနဲ့ ဆက်ပြီး ဆွေးနွေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ပြောပါတယ်။ဒီလုပ်ဆောင်မှုတွေဟာ လူသားချင်း စာနာထောက်ထားမှု သက်သက်အနေနဲ့သာ ဖြစ်တယ်လို့လည်း ICRC ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်

အင်းစိန်အကျဉ်းထောင်းက ဆန္ဒပြမှုကို အလေးထားဖို့ အနောက်နိုင်ငံသံရုံးတွေ တိုက်တွန်း

Posted: 24 Jul 2021 07:30 AM PDT

အင်းစိန်ထောင် အဝင်ဝဂိတ်ရန်ကုန် အင်းစိန်ထောင်အတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားနေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး အကျဉ်းသားတွေက ဆန္ဒပြတောင်းဆိုနေကြတာကို လေးစားလိုက်နာပေးဖို့ မြန်မာစစ်ကောင်စီကို အနောက်နိုင်ငံ သံရုံးတွေက မနေ့ ဇူလိုင် ၂၃ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ဒါအပြင် အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေး ဖို့လည်း တောင်းဆိုလိုက်ကြောင်း နဲ့ ဖြစ်စဉ်တွေကို အနီးကပ်စောင့်ကြည့်နေ

အင်းစိန်ထောင်ထဲ ဆန္ဒပြလို့ နိုင်ငံရေးအကျဉ်းသားအယောက် ၂၀ ခန့် တိုက်ပိတ်ခံထားရ

Posted: 24 Jul 2021 07:28 AM PDT

အင်းစိန်ထောင်ထဲ ဆန္ဒပြလို့ နိုင်ငံရေးအကျဉ်းသားအယောက် ၂၀ ခန့် တိုက်ပိတ်ခံထားရ အင်းစိန်ထောင် အဝင်ဝကို တွေ့ရစဉ် / Photo: RFAရန်ကုန်မြို့ အင်းစိန်ထောင်မှာ ဇူလိုင် ၂၃ ရက် မနေ့က နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရိုက်နှက်ဖြိုခွဲခံရပြီးနောက် ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင် ခေါ် ဆစ်နိုင်နဲ့ တခြား

အင်းစိန်ထောင်ဆန္ဒပြမှု စစ်ကောင်စီတပ်ဖွဲ့တွေ အကြမ်းဖက်ဖြိုခွဲ

Posted: 24 Jul 2021 07:27 AM PDT

ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး အင်းစိန်ထောင် သီးသန့်ဆောင်မှာ ပုဒ်မ ၅ဝ၅ (က) စစ်တပ် အကြည်ညိုပျက်မှုနဲ့ တရားစွဲခံထားရတဲ့ အကျဉ်းသား ရာပေါင်းများစွာ ဆန္ဒပြခဲ့ပါတယ်။ ညနေပိုင်းမှာတော့ စစ်ကားတွေ အင်းစိန်ထောင်တွင်း ဝင်ရောက်သွားပြီး ဆန္ဒပြအကျဉ်းသားတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။"အင်းစိန်ထောင်မှာ ထောင်တွင်းသပိတ်ဖြစ်

မိုးညှင်းရဲစခန်းမှ အချုပ်သား (၇) ဦး ပိုးကူးစက်ခံရ

Posted: 24 Jul 2021 07:17 AM PDT

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ မိုးညှင်းရဲစခန်းတွင် အချုပ်ကျနေသည့် အချုပ်သား (၇)ဉီးတွင် ဇူလိုင် ၂၃ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။"မနေ့က အချုပ်သား (၁၃) ယောက်ကို စစ်တဲ့အထဲမှာ (၇) ယောက်တွေ့တာပေါ့နော်။ အဲကြောင့် ခုလက်ရှိက ပိုးတွေ့တဲ့သူတွေကို အချုပ်သားဆေးကုဆောင်မှာဘဲ ထားထားပါတယ်" မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ပိုးကူးစက်ခံထားရသည့် (၇)ဦးတွင် အသက် (၇၆)နှစ်

မန္တလေးမှာ နေအိမ်ထဲဝင် ဓားပြတိုက်ပြီး အိမ်ရှင်ကို ဓားနဲ့ထိုးမှု ဖြစ်ပွား

Posted: 24 Jul 2021 07:12 AM PDT

မန္တလေး လုယက်မှု ဖြစ်စဉ်မှ ဖမ်းမိသူ ၁ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - C J ၊ အင်တာနက် စာမျက်နှာမန္တလေး၊ ဇူလိုင် ၂၄၊ ၂၀၂၁မန္တလေးမြို့ မဟာအောင်မြေမြို့နယ် လမ်း ၄၀ က နေအိမ် ၁ အိမ်ကို ဒီနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက် ဓားပြတိုက်လုယက်မှု ဖြစ်ပွားကြောင်း သတင်း ရရှိပါတယ်။ဓားများ ယူဆောင်လာတဲ့ လူ ၄ ဦးက ဆိုင်ကယ်များနဲ့ ရောက်ရှိလာပြီး ဝင်ရောက်လုယက်ရာမှ အိမ်ပိုင်ရှင် အမျိုးသားကို ဓားနဲ့ ထိုးသွားခဲ့တယ် လို့လည်း သိရပါ

မင်းတပ် နဲ့ ဖလမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ၂၀ ကျော် သေဆုံးဟုဆို

Posted: 24 Jul 2021 07:04 AM PDT

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် နဲ့ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့တပ်တွေကြား ဒီနေ့ဇူလိုင် ၂၄ ရက်တွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ် ၂၀ ကျော်သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။မင်းတပ်မြို့ အနောက်တောင်ဘက် ကျေးရွာတစ်ခုရှိအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုကို ဒီနံနက်ပိုင်းတွင် မင်းတပ် CDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ပြီး အကြမ်းဖက်သမား ၂၀ ကျော်

ပြည်မြို့အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအတွက် မိသားစုဝင်များ စိုးရိမ်နေရ

Posted: 24 Jul 2021 07:01 AM PDT

ပြည်၊ ဇူလိုင် ၂၄ ၊ ၂၀၂၁။ပြည်မြို့အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးပုဒ်မများဖြင့် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအတွက် လည်းကောင်းတို့၏ မိသားစုဝင်များက အထူးစိုးရိမ်နေရကြောင်း သိရသည်။ "အကိုက ကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဘူး၊ ထောင်ထဲမှာ လူတွေကလည်းကြပ် အဲ့ဒါအပြင် ကျန်းမာရေးကိုလဲ သေသေချာချာ ဂရုစိုက်ပေးကြမှာမဟုတ်တော့ပိုစိုးရိမ်ရတယ်။ အခုဆိုရင် ထောင်ကိုလော့ဒေါင်းချထားတော့ ထောင်ဝင်စာတောင် သွားလို့မရတော့

ပဲခူး PDF က ၁၂ရက်အတွင်း စစ်ကောင်စီ ယန္တရားမှာ ပါဝင်တဲ့သူ ၂၀ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်

Posted: 24 Jul 2021 07:00 AM PDT

ပဲခူး၊ ဇူလိုင်၂၄၊ ၂၀၂၁။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပဲခူး) အနေနဲ့ ဇူလိုင်လ ၄ရက်ကစပြီး ၁၆ရက်နေ့အတွင်း စစ်ကောင်စီရဲ့ယန္တရားမှာ ပါဝင်ပတ်သတ်နေသူ ၂၀ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ဇူလိုင်လ ၄ရက်နေ့မှစကာ ၇၊၁၀၊ ၁၃၊ ၁၆ရက်နေ့တွေမှာ ဒလံသတင်းပေး အပါအဝင် စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်နေတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။မြေလတ်အသံ - Myaelatt Athan https: