Friday, July 31, 2020

သစ်ထူးလွင်

သစ်ထူးလွင်


အမတ်လောင်းတွေ Facebook မှာ ငွေကြေးအသုံးပြုမဲဆွယ်တာ မလုပ်ဖို့ NLD သတိပေး

Posted: 31 Jul 2020 04:11 AM PDT

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD က အမတ်လောင်းတွေအတွက် ဆောင်ရန်ရှောင်ရန်အချက်တွေကို ဇူလိုင်လ ၂၉ ရက်နေ့ရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားရာမှာ ၂၀၂၀ ရွေးကောက်ပွဲကာလ  အွန်လိုင်းလူမှုကွန်ရက် အသုံးပြုတဲ့အခါမှာ ပျံ့နှံ့မှုများပြားစေရေးအတွက်  ငွေကြေးသုံးစွဲတာကို တားမြစ်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေဆဲ ကာလအတွင်း မဲဆွယ်စည်းရုံးတဲ့အခါမှာ လူစုလူဝေးလုပ်ဖို့ အခြေအနေ မပေးတဲ့

သရုပ်ဆောင် သီဟတင်စိုးအား လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူ နှင့် ပွဲစားတို့ကို ထောင်ဒဏ် ချမှတ်

Posted: 31 Jul 2020 04:08 AM PDT

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်တယ်ဆိုပြီး လိမ်လည်တိုင်တန်းခဲ့တဲ့ အိမ်အကူ နဲ့ ပွဲစားတို့ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဇူလိုင် (၃၀) ရက်က ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။ တရားစွဲဆိုထားတဲ့ အိမ်အကူ ခင်မာမြင့်ကို နစ်နာစေဖို့ ရည်ရွယ်ပြီး ပြစ်မှုကျူးလွန်တယ်လို့ မမှန်မကန် စွပ်စွဲခြင်း ပုဒ်မ နဲ့ ထောင်ဒဏ် နှစ်နှစ်၊ ခြောက်လှန့် တောင်းယူမှု ပုဒ်မနဲ့ ထောင်ဒဏ် ငါးနှစ် စုစုပေါင်း ထောင်ဒဏ်

မြောင်းမြမြို့နယ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးအား ထောက်ပံငွေ အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီး

Posted: 31 Jul 2020 04:06 AM PDT

နိုင်ငံတော်က ပြည်သူတွေကို ထောက်ပံငွေ ကို ဒေသခံတွေကို မပေးဘဲ အလွဲသုံးခဲ့တဲ့ မြောင်းမြ မြို့နယ် ကံဘဲ့လေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြောင်းမြ မြို့မရဲ့စခန်းက ဖမ်းဆီးထားတယ်လို့ မြောင်းမြမြို့မရဲစခန်း က တာဝန်ရှိသူက ပြောပါတယ်။  ကံဘဲ့လေးကျေးရွာအုပ်စုက ပုံမှန်ဝင်ငွေမရှိ တဲ့ မိသားစု (၂၇၃) စုအတွက် နိုင်ငံတော်က  ဒုတိယအကြိမ် ထောက်ပံ့ငွေ (၅၄၆၀၀၀၀)ကျပ် ကို  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်

ကွတ်ခိုင်မြို့နယ်မှာ မိုင်း‌ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံး လေးဦးဒဏ်ရာရ

Posted: 30 Jul 2020 05:51 PM PDT

ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့ညနေက မိုင်းပေါက်ကွဲပြီး ဒဏ်ရာရခဲ့သည့် ကလေးငယ်များကို လားရှိုးမြို့ဆေးရုံသို့ ပို့ဆောင်စဉ်။ Photo: Khan Thar/RFA ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် လွိုင်ဆမ်ဆစ်တောင်အနီးက ခိုတင်ကျေးရွာမှာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ငါးနာရီလောက်က မိုင်းတစ်လုံးပေါက်ကွဲပြီး ကလေးငယ်ငါးဦး ဒဏ်ရာ အပြင်းအထန် ရရှိပြီး အဲဒီထဲက တစ်ဦးက ဆေးရုံမှာ သေဆုံးသွားပါတယ်။

ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းဖို့ သမ္မတ Trump ပြော

Posted: 30 Jul 2020 05:49 PM PDT

အမေရိကန် သမ္မတ Donald Trump ဒီနှစ်ထဲ ကျင်းပဖို့ရှိတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို အချိန် ရွှေ့ဆိုင်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ပထမဆုံး အကြိမ်အဖြစ်ပြောလာနေပါတယ်။ ကြာသပတေးနေ့ မနက်ပိုင်းက သူ့ရဲ့ twitter မှာ စာတိုက်ကနေ မဲပေးမယ့်စနစ်ကြောင့် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲဟာ အမေရိကန် သမိုင်းမှာ မဲလိမ်မှုတွေနဲ့ မှားယွင်းရေတွက်မှုတွေ အများဆုံးရှိမယ့် ရွေးကောက်ပွဲလို့ အထောက်အထား မပါဘဲ ရေးသားထားပါတယ်

ကန်လွှတ်တော်မှာ နှာခေါင်းစည်း မတပ်မနေရ အမိန့်ထုတ်

Posted: 30 Jul 2020 05:47 PM PDT

ဇွန် ၂၅ ရက်နေ့တုန်းက ကန်လွှတ်တော်ရှေ့ သတင်းစာရှင်းလင်းပွဲလုပ် အမေရိကန်ကွန်ဂရက်လွှတ်တော်အတွင်းမှာ နှာခေါင်းစည်းမတပ်မနေရ စည်းကမ်းကို ကြာသပတေးနေ့က စတင်ချမှတ်လိုက်ပါတယ်။ နိုင်ငံ ရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေစုဝေးရာ လွှတ်တော်တွင်း ကျန်းမာရေးအရ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်ဖို့ ဖိအားတွေနဲ့ ရင်ဆိုင်ရပြီးတဲ့နောက်မှာ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က အခုလို အမိန့်ချမှတ် လိုက်တာပါ။ အမေရိကန်

Thursday, July 30, 2020

သစ်ထူးလွင်

သစ်ထူးလွင်


၂၀၂၀ ရွေးကောက်ပွဲ-NLD ပါတီရဲ့အမာခံ ဒေါ်ဝင်းမြမြရဲ့ နိုင်ငံရေးဖြတ်သန်းမှု

Posted: 30 Jul 2020 06:07 AM PDT

ဒေါ်ဝင်းမြမြဟာ ထောင်ခဏခဏကျခံရပေမဲ့ တွန့်ဆုတ်မှုမရှိဘဲ NLD ပါတီတာဝန်တွေကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ်။ ဒေါ်ဝင်းမြမြကို မန္တလေးတိုင်းမှာ NLD ပါတီရဲ့ အမာခံ သစ္စာရှိသူတစ်ဦးလို့ လူသိများသလို စစ်အစိုးရ လက်ထက် နိုင်ငံရေးဖိနှိပ်မှုတွေအောက် တစ်မိသားစုလုံး အကျဉ်းကျခံရသူ၊ နိုင်ငံရေးလုပ်လို့ ပိုင်ဆိုင်တဲ့စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ခံခဲ့သူအဖြစ်လည်း သိကြပါတယ်။ NLD ပါတီက နိုဝင်ဘာရွေးကောက်ပွဲ ဝင်ပြိုင်

မြောက်ဦးအနီးတိုက်ပွဲ အပြင်းထန်ဖြစ် ၊အဝေးပြေးလမ်းမမှာ ကားတွေ ပိတ်မိနေ

Posted: 30 Jul 2020 06:06 AM PDT

မြောက်ဦးမြို့နဲ့ တစ်မိုင်ခွဲ အကွာမှာတိုက်ပွဲဖြစ်နေ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မြောက်ဦးမြို့နယ်အတွင်းမှာ ဇူလိုင် ၃၀ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရန်ကုန် စစ်တွေ အဝေးပြေးကားလမ်းမ မြောက်ဦး ကျောက်တော် လမ်းပိုင်းကို ပိတ်ထားရတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲက ပိုပြင်းထန်လာပြီး တပ်မတော်ဘက်က လေယာဉ် နှစ်စီးနဲ့ နာရီဝက်နီးပါး လာရောက် ပစ်ခတ်တာတွေလည်း ရှိ

နဂိုကအားနည်းတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု ကိုဗစ်ကြောင့် ပိုအခက်တွေ့

Posted: 30 Jul 2020 06:06 AM PDT

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ လုပ်အားပေး လုပ်ကိုင်နေသော စေတနာ့ ဆရာဝန်တချို့။ (မေ ၀၈၊ ၂၀၂၀) မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ် ကျန်းမာရေးဝန်ထမ်းတွေရဲ့ သဘောထားတုံ့ပြန်ချက်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။ "အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID- 19 ကြောင့် သက်ရောက်မှု"

လူငယ်နဲ့ အမျိုးသမီးတွေရဲ့ အမြင်သစ်တွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးနိုင်မယ်လို့ ယူဆ

Posted: 30 Jul 2020 06:06 AM PDT

အင်အားကြီးနိုင်ငံရေးပါတီကြီးတွေ အပါအဝင် နိုင်ငံရေးပါတီ အများအပြားရဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့ထဲမှာ လူငယ်နဲ့ အမျိုးသမီးတွေကို ရွေးချယ်ထားမှုဟာ ရာခိုင်နှုန်းအားဖြင့် အရင် ၂၀၁၅ ရွေးကောက်ပွဲ နဲ့ယှဉ်ရင် ဒီနှစ်မှာ ပိုများလာတာတွေ့ရပါတယ်။ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီး ၁၃ ရာခိုင်နှုန်းပဲ ပါဝင်ပေမယ့် ဒီတခါတော့ ၂၀ ရာခိုင်နှုန်းအထိ တိုးပြီး

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို အွန်လိုင်းက အရင်ထုတ်ပြန်မယ်

Posted: 30 Jul 2020 06:06 AM PDT

၂၀၁၉ ဇွန် ၈ရက်နေ့ မနက်အစောပိုင်းက အောင်စာရင်းကြည့်ရှုနေသူများ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို သြဂုတ် ၉ ရက်နေ့ မနက်အစောပိုင်းမှာ ပညာရေး ဝန်ကြီးဌာနရဲ့ဝဘ်ဆိုဒ်ကနေ ကြေညာပေးသွားမယ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို အကြောင်းကြားထားကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ပုံမှန် ဇွန်လကုန်မှာ ထုတ်ပြန်လေ့ရှိပေမဲ့ ကိုဗစ်ကပ်ရောဂါ ကြောင့် အဖြေလွှာတွေ

အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ဒီကနေ့ NASA လွှတ်တင်မယ်

Posted: 30 Jul 2020 06:05 AM PDT

ဘီး ခြောက် ဘီးပါတဲ့ Perseverance အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို ဖလော်ရီဒါပြည်နယ် Cape Canaveral မှာ တွေ့ရ။ (ဇူလိုင် ၂၉၊ ၂၀၂၀) အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ မျိုးဆက်သစ် အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေးယာဉ် Perseverance ကို ဒီကနေ့ ကြာသပတေးနေ့မှာ ဖလော်ရီဒါပြည်နယ် Cape Canaveral ကနေလွှတ်တင်မှာ ဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိ သတ္တဝါတွေ ရှိခဲ့သလားဆိုတာကို ဒီယာဉ်ကို အသုံးပြု

TikTok ကို အမေရိကန် အရေးယူတော့မလား

Posted: 30 Jul 2020 06:05 AM PDT

တရုတ်ပိုင် အက်ပလီကေးရှင်း APP TikTok ကို နိုင်ငံလုံခြုံရေး ကိစ္စအောက်မှာ အမေရိကန်အစိုးရက သုံးသပ်စစ်ဆေးနေပြီး ဒါနဲ့ ပတ်သက်လို့ သမ္မတ Donald Trump ကို လာမယ့် သီတင်းပတ်အတွင်း အကြံပြုတင်ပြဖို့ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ကပြောပါတယ်။ TikTok နဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စဉ်းစားနေကြောင်း Trump ကလည်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဗွီဒီယိုဖိုင်တွေ တင်ပြလို့ရတဲ့ ဆိုရှယ်မီဒီယာ

ဟောင်ကောင်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားလာလို့ စိုးရိမ်နေရ

Posted: 29 Jul 2020 04:16 PM PDT

လူအုပ်စုလိုက် ကူးစက်မှုတွေများလာနိုင်တဲ့ အတွက် အိမ်ထဲမှာပဲ နေကြဖို့ကိုလည်း ကယ်ရီလမ်းတိုက်တွန်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားလာရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲသွားနိုင်တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက သတိပေး ပြောကြားပါတယ်။ လူအုပ်စုလိုက် ကူးစက်မှုတွေများလာနိုင်တဲ့ အတွက် အိမ်ထဲမှာပဲ နေကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ကနေစပြီး

မွန်ဘိုင်းက ဆင်းရဲသား ထက်ဝက်ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ

Posted: 29 Jul 2020 04:10 PM PDT

မွန်ဘိုင်းမြို့က ဆင်းရဲသား ရပ်ကွက် အိန္ဒိယ စီးပွားရေးမြို့ တော် မွန်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်ကြီး ၃ ခုမှာ နေထိုင်ကြသူတွေရဲ့ ထက်ဝက်ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေ ရှိကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (သို့မဟုတ်) ကူးစက်ခံဖူးတဲ့သူတွေဖြစ်ပါတယ်။ ဒီဧရိယာအတွင်းမှာပဲ ဆင်းရဲသားရပ်ကွက်ပြင်ပမှာ နေသူ

လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းရေးကိစ္စ သဘောတူညီမှု မရနိုင်သေး

Posted: 29 Jul 2020 04:07 PM PDT

ဇူလိုင် ၂၈ ရက်နေ့က " EAO ကိုယ်စားလှယ်များ + အစိုးရ ကိုယ်စားလှယ်များနှုင့် UPDJC နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ဆွေးနွေးပွဲ '' (ဓါတ်ပုံ- Hla Maung Shwe fb) မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေး ဗုဒ္ဓဟူးနေ့က အဆုံးသတ်ခဲ့ရာမှာ အရေးကြီးတဲ့ အချက်တွေ ဆွေးနွေးဖို့ ကျန်နေတာကြောင့် လာမယ့် စနေနေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်း

လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းပါတီနှစ်ခု ကိုယ်စားလှယ်လောင်း ၂၂၀ ကျော်ယှဉ်ပြိုင်မည်

Posted: 29 Jul 2020 04:11 PM PDT

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရှမ်းတိုင်းရင်းသူ မဲဆန္ဒရှင်တဦး ရန်ကုန်မြို့ရှိ မဲရုံတခုမှာ မဲပေးနေတဲ့ မြင်ကွင်း။ (မေ ၁၅၊ ၂၀၁၅) လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသား အဓိကနိုင်ငံရေးပါတီ နှစ် ခုက လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၀၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှမ်း၊ မွန်၊ ကရင်၊ ကယားနဲ့ ပဲခူးတိုင်းတို့မှာ ဝင်ပြိုင်မယ်

Posted: 29 Jul 2020 04:11 PM PDT

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပြင်ပ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းက မဲဆန္ဒနယ်တချို့က ပအိုဝ်းတိုင်းရင်းသားအများစုရှိတဲ့ ဒေသတွေမှာပါ ရွေးကောက်ပွဲ ဝင်ပြိုင်တော့မယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကပြောခွင့်ရ ခွန်သိန်းဖေက ပြောပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၅

Wednesday, July 29, 2020

သစ်ထူးလွင်

သစ်ထူးလွင်


လေးနှစ်အတွင်း ရခိုင်စစ်တိုင်းမှူး လေးဦးပြောင်း

Posted: 29 Jul 2020 07:57 AM PDT

ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်ကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အတွက် လေးနှစ်တာကာလအတွင်း ရခိုင်စစ်တိုင်းမှူး လေး ဦးထိပြောင်းလဲလာတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခာတွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ၂၀၁၇ ခုနှစ်မှာ တိုင်းမှူး

ကိုဗစ်က ရာသီတုပ်ကွေးနဲ့ မတူကြောင်း WHO ပြော

Posted: 29 Jul 2020 07:41 AM PDT

ဇူလိုင် ၂၈ ရက်နေ့က NIH (National Institute of Allergy and Infectious Diseases/NIAID) တွေ့ရှိချက်အရ COVID လူနာမှာ တွေ့ရတဲ့ အနီရောင် SARS-CoV-2 ပိုး ပုံ။ COVID 19 ကပ်ရောဂါဟာ တစ်ကြိမ်တစ်ခါသာ လာတဲ့ အသွင်ကြီးမားတဲ့ လှိုင်းလုံးကြီး တစ်ခုဖြစ်သလို ဗိုင်းရပ်စ် အသစ်တစ်မျိုး ဖြစ် တာကြောင့် နှစ်စဉ်ဖြစ်တဲ့ ရာသီတုပ်ကွေးတွေနဲ့ မတူဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က တာဝန်ရှိသူ တစ်ဦးက အင်္ဂါနေ့က ပြောပါတယ်။ "

မန္တလေးစက်မှုဇုန်အတွင်းက သံရည်ကြိုစက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူငါးဦးဒဏ်ရာရ

Posted: 29 Jul 2020 07:16 AM PDT

မန္တလေး  ၂၉  ဇူလိုင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)ရှိ ရွှေနန်းတော် သံရည်ကြိုစက်ရုံတွင် ယနေ့နံနက်ပိုင်းက သံရည်ကြိုနေစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ လုပ်သားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သံရည်ကြိုနေစဉ် လျှပ်စစ်မီးပြတ်တောက်သွားရာ ကြိုလက်စ သံရည်ပူများ ခဲသွားပြီး လျှပ်စစ်မီး ပြန်လည်ရရှိချိန်၌  လုံထဲတွင် ဖိအားများကာ ခဲနေသည့် သံတုံးကို တွန်းထုတ်ရာ သံရည်များ လွင့်စင်သွားခဲ့ရာ

စာရွက်စာတမ်းကိစ္စကြောင့် အလုပ်သမားတွေ ထိုင်းမှာ အလုပ်ပြန်ဝင်ဖို့ ခက်ခဲနေ

Posted: 29 Jul 2020 07:08 AM PDT

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပြန်လာအလုပ်လုပ်နိုင်ကြောင်း ထိုင်းနိုင်ငံက ခေါ်ထားပေမယ့် ကျန်းမာရေး စစ်ဆေးခ ကုန်ကျစရိတ်တွေကို ကျခံရမယ့်ကိစ္စ မပြတ်သားတာကြောင့် အလုပ်သမား ပြန်လည်စေလွှတ်ဖို့ ကြန့်ကြာနေရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ စာရွက်စာတမ်းအပြည့်အစုံနဲ့ တရားဝင်ပြန်လာပြီး ထိုင်းနိုင်ငံကို ပြန်လည်သွားရောက်ခွင့်ရဖို့ စောင့်ဆိုင်းနေသူ ၆၉၂၀၀ ကျော်ရှိပြီး နှစ်နိုင်ငံ သဘောတူညီချက်နဲ့

ဗီယက်နမ် တစ်နိုင်ငံလုံး ဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်လို့ အစိုးရ သတိပေး

Posted: 29 Jul 2020 07:04 AM PDT

ဒါနန်းမြို့ကို လော့ဒေါင်းချထား ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့က ကူးစက်မှုတွေနဲ့ ဆက်နွယ်ပြီး တစ်နိုင်ငံလုံး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်သွားနိုင်တယ် ဆိုပြီး အစိုးရက သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။ လွန်ခဲ့တဲ့ သုံးလအတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် အသစ်ကူးစက်မှုတွေ မရှိခဲ့ရာက ဒါနန်းကမ်းခြေမြို့မှာ ကူးစက်ခံရသူ ၃၀ စံချိန်တင် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြို့ကို ခရီးသွားတွေ လာရောက်

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ပုဂံဘုရားအချို့ ဝင်ခွင့်ပိတ်

Posted: 29 Jul 2020 07:00 AM PDT

ရုံးပိတ်ရက်ရှည် တွေမှာ ပြည်တွင်းခရီးသွားအလာများ ပုဂံမှာ ဘုရားဖူးတွေရုတ်တရက် များပြားလာပြီး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ညွှန်ကြားချက်တွေနဲ့ မကိုက်ညီတာကြောင့် ဇူလိုင်၂၉ ရက်နေ့ မနက်ကစပြီး လူတွေလာရောက်မှုများတဲ့ ဘုရားအချို့ကို ပြန်ပိတ်လိုက်တယ်လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံး ပြောပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ရုံးပိတ်ရက်ရှည်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ရုံးပိတ်ရက်ရှည်မှာ လူစုလူ

ကပ်ရောဂါကာလသတ်မှတ်ချက် နိုင်ငံတွင်းလိုက်နာသူလျော့နည်းလာ

Posted: 29 Jul 2020 06:57 AM PDT

COVID 19 ကူးစက်မှုကို ကာကွယ်ဖို့ နှာခေါင်းစည်းနဲ့ Face Shield တပ်ထားတဲ့ အမျိုးသမီးတဦးကို ရန်ကုန်မြို့ရှိ စျေးတခုမှာတွေ့ရ။ (ဧပြီ ၂၁၊ ၂၀၂၀) မြန်မာနိုင်ငံက အများပြည်သူကြားမှာ COVID 19 ကပ်ရောဂါကာကွယ်ရေး ပေါ့လျော့လာတဲ့အပေါ် ကျန်းမာရေးဝန်ကြီးကိုယ်တိုင် သတိပေးနေရတာ ဘယ်လိုအကြောင်းတွေကြောင့်လဲဆိုတာကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။ ကမ္ဘာတဝန်း ကပ်

မန္တလေးရေဘေး ဒေသခံ ၃,၀၀၀ ကျော် ယာယီစခန်းမှာရှိနေဆဲ

Posted: 29 Jul 2020 06:53 AM PDT

မန္တလေးတိုင်း အမရပူရမြို့ ရွှေဂဲ ရေထိန်းတံခါး ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေ စီးဆင်းဝင်တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Myanmar Fire Services Department (MDY) - ဇူလိုင် ၂၀၊ ၂၀၂၀) မန္တလေးတိုင်းအတွင်း တာရိုးကျိုးပေါက်ရာက ရေဘေးသင့်ခဲ့တာ သီတင်းတစ်ပတ်ကျော်လာချိန်အထိ ရေဘေးသင့်သူ ၃,၀၀၀ လောက် ယာယီစခန်းတွေမှာ နေထိုင်နေရဆဲဖြစ်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။ မန္တလေးတိုင်း၊ အမရပူရ

ရွေးကောက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ဘူးလို့ TNLA နဲ့ SSPP ပြော

Posted: 29 Jul 2020 06:48 AM PDT

၂၀၀၈ အခြေခံဥပဒေအရ ပေါ်လာတဲ့ ရွေးကောက်ပွဲတိုင်းကို အသိမှတ်မပြုခဲ့ပေမယ့် ဒေသတွင်း လူထုရဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ယဉ်ကျေးမှုကို မဟန့်တားလိုတာကြောင့် နိုဝင်ဘာလ  ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ ပါဝင်စွက်ဖက် တာတွေ လုပ်မှာမဟုတ်ဘူးလို့  TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။ မဲဆွယ် စည်းရုံးကြရာမှာတော့ လူမျိုးရေး ထိခိုက်စေတာ တဖက်နဲ့ တဖက် ပုတ်ခတ်တာမျိုး မဖြစ်စေချင်ဘူးလို့ ပြောပါ

တပ်က ကန့်ကွက်တဲ့ အမြန်လမ်းစီမံကိန်း ချေးငွေကို လွှတ်တော်အတည်ပြု

Posted: 29 Jul 2020 06:45 AM PDT

အာရှဖွံ့ဖြိုးရေးဘဏ် ADB ကနေ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော် ချေးယူပြီး နိုင်ငံတကာအဆင့်မီ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး တည်ဆောက်မယ့်ကိစ္စကို လွှတ်တော်မှာ သဘောမတူတဲ့ ကိုယ်စားလှယ်တွေ ရှိခဲ့ပေမယ့်လည်း ထောက်ခံတဲ့ ကိုယ်စားလှယ်ဦးရေက များတာကြောင့် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ဒီစီမံကိန်းအတွက် ADB ကနေ ချေးငွေ

လွတ်လပ်စွာနာမည် အသုံးပြုခွင့်ပေးဖို့အရေး အာဖဂန်အမျိုးသမီးတွေရဲ့လှုပ်ရှားမှု

Posted: 28 Jul 2020 05:43 PM PDT

လှုပ်ရှားမှုစကတည်းက အားပေးပါဝင်ခဲ့တဲ့ ဆွီဒင်ရောက် အာဖဂန်ဒုက္ခသည် ဆာဟာ ဆာမက် ရာဘီယာလို့ ကျွန်တော်တို့ခေါ်ကြမယ့် အာဖဂနစ္စတန်က အမျိုးသမီးတစ်ယောက် အရမ်းဖျားလို့ ဆရာဝန်သွားပြတော့ သူ့မှာ ကိုဗစ်၁၉ ရှိနေပြီဆိုတာ သိလိုက်ရပါတယ်။ အဲဒါနဲ့ အရမ်းဖျားနေတဲ့ ရာဘီယာ အိမ်ကိုပြန်လာပြီး ဆရာဝန်ပေးလိုက်တဲ့ ဆေးစာကို သူ့ အတွက် ဆေးဝယ်ပေးဖို့ သူ့ယောက်ျားကို ပေးလိုက်ပါတယ်။ အဲ့ဒီဆေးစာမှာ သူ့နာမည်ရေးထားတာ တွေ့လို့ သူစိမ်း

ကိုဗစ်ကာကွယ်ရေး ပေါ့လျော့မှု ကျန်းမာရေးဝန်ကြီး သတိပေး

Posted: 28 Jul 2020 05:36 PM PDT

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေး (ဓါတ်ပုံ-Ministry of Health and Sports, Myanmar) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်ကာလ ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်ကာကွယ်ရေး ပေါ့လျော့လာတာအတွက် ပထမဆုံး လူသိရှင်ကြား ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ "တနေ့ကို (၅) ခါ ပညာပေး

Tuesday, July 28, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မ​လေးရှားဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရ

Posted: 28 Jul 2020 07:56 AM PDT

မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ကို 1MDB ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကို အလွဲသုံးစား လုပ်မှုနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေနဲ့ လာဘ်စားမှုနဲ့ အာဏာအလွဲသုံးစားမှုအပါအဝင် စွဲချက်တင်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ် ၁၂ နှစ် ကျခံဖို့နဲ့ ငွေဒဏ် အမေရိကန် ဒေါ်လာ ၄၉.၃ သန်းပေးဆောင်ဖို့ မလေးရှား တရားရုံးချုပ်က ဒီကနေ့ အင်္ဂါနေ့ ချမှတ်လိုက်ပါတယ်။ဒါ့အပြင် ယုံကြည်

အီးစီးကရက် သုံးစွဲမှုတားမြစ်ရေး လွှတ်တော်မှာ အတည်ပြု

Posted: 28 Jul 2020 07:54 AM PDT

ဆေးလိပ်နဲ့ ဆေးရွက်ကြီးမှာပါဝင်တဲ့ ဓာတုပစ္စည်း နီကိုတင်းကို အပူပေးကာ ရှူရတဲ့ အီးစီးကရက်နဲ့ ရေပြောင်း လို့ခေါ်တဲ့ ရှီရှားတွေကို လူငယ်တွေကြား လွယ်ကူတွင်ကျယ်စွာ ဝယ်ယူအသုံးပြုနေလို့ ရနေတဲ့အတွက် နောက် ဆက်တွဲ ကျန်းမာရေးဆိုးကျိုးအန္တရာယ်တွေရှိနေလို့  နိုင်ငံတော်အနေနဲ့ ဒါတွေကို ထိန်းချုပ်တားမြစ်ပိတ်ပင်ပေးဖို့ အဆိုကို ပြည်သူ့လွှတ်တော်က ဒီနေ့ ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေမှာ

ဖာပွန်မြို့က တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ဒေသခံတွေ တောင်းဆို

Posted: 28 Jul 2020 07:50 AM PDT

ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာသူ နော်မုနော်ကို တပ်မတော်သားနှစ်ဦး သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် မကျေနပ် တဲ့ ဒေသခံတွေဟာ သေဆုံးသွားသူတွေအတွက် တရားမျှတမှုရရှိဖို့၊ အလားတူဖြစ်ရပ်တွေ နောင်မဖြစ်ပေါ်ဖို့နဲ့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို စိုးရိမ်တာကြောင့် သူတို့ဒေသမှာရှိနေတဲ့ တပ်မတော်ရဲ့စခန်းလေးခု ကို ဖျက်သိမ်းပေးဖို့ ဒေသခံ ၄၆၀၀ ကျော်က ဒါဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုတာ ဖြစ်ပါတယ်။ ဇူလိုင် ၂၂

NASA ရဲ့ စက်ရုပ်ကားက အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့သလားဆိုတာ ဘယ်လိုရှာမှာလဲ

Posted: 28 Jul 2020 07:39 AM PDT

လက်ရှိ နာဆာလွှတ်တင်မယ့် ပါစဗေးရန့် စက်ရုပ်ကားကတော့ ၁၉၇၀ ဗိုက်ကင်း စီမံကိန်းနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ်ပေါ်မှာ ဇီဝဗေဒ အထောက်အထား ရှာဖွေတာ ဖြစ် အမေရိကန် အာကာသ အေဂျင်စီ (NASA) နာဆာက ပါစဗေးရန့်လို့ အမည်ပေးထားတဲ့ စက်ရုပ်ကားကို ၂၀၂၀ ဇူလိုင်လ ကုန်ပိုင်းလောက်မှာ အင်္ဂါဂြိုဟ်ပေါ်ကို လွှတ်တင်ဖို့ ကနဦး စီစဉ်ထားပြီး ချိုင့်ဝှမ်းကြီးတစ်ခုကို အဓိကထားပြီး သက်ရှိတွေ ရှိခဲ့၊ မရှိခဲ့ စုံစမ်း

ဧရာဝတီမြစ်ရေကြီးလို့ လူလေးသောင်းလောက် ရေဘေးသင့်နေ

Posted: 28 Jul 2020 07:31 AM PDT

ဧရာဝတီမြစ်ရေတက်လာလို့ စစ်ကိုင်းမြို့ကရပ်ကွက် အချို့မှာ ရွှေ့ပြောင်းမှုတွေလုပ်ရ ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးစတဲ့ တိုင်းနဲ့ပြည်နယ် လေးခုမှာ ဧရာတီမြစ်ရေတက်လာလို့ ရေကြီးရေလျှံတာတွေ ဖြစ်လာပြီး လူ လေးသောင်းဝန်းကျင်လောက် ရေဘေးသင့်ကာ ကယ်ဆယ်ရေး စခန်းတွေလည်း ၁၀၀ နီးပါးဖွင့်လှစ်ထားရတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ ရေဘေးသင့်သူ လေးသောင်းဝန်းကျင်ထဲမှာ မန္တလေးတိုင်းတစ်ခု

ဒေါ်လာ ထရီလီယံချီသုံးမယ့် ကိုဗစ် ထောက်ပံ့အစီအစဉ်သစ် အမြန်ဆုံးသဘောတူညီမှုရဖို့ ကန် ဒီမိုကရက် ခေါင်းဆောင်တိုက်တွန်း

Posted: 28 Jul 2020 07:24 AM PDT

 ဒီမိုကရက် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသူ ၁၆ သန်းကျော်အတွက် ဖက်ဒရယ်အစိုးရက ထောက်ပံ့ပေးနေတဲ့ အလုပ်လက်မဲ့ ခံစားခွင့် သက်တမ်းမကုန်ခင် ဒီခံစားခွင့် ဆက်ပေးနိုင်မယ့် ထောက်ပံ့ရေး အစီအစဉ်ကို အမြန်ဆုံး ညှိနှိုင်းကြဖို့ သမ္မတ အိမ်ဖြူတော်နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေကို ဒီမိုကရက် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy

ဂျပန်ရောက် မြန်မာနိုင်ငံသားအားလုံးမဲပေးခွင့်ရဖို့ စီစဉ်ပေးနေ

Posted: 27 Jul 2020 08:47 AM PDT

မြန်မာသံအမတ်ကြီးက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ လူငယ်ကိုယ်စားလှယ်များကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Embassy of the Republic of the Union of Myanmar, Tokyo - ဇူလိုင် ၂၆၊ ၂၀၂ ၂၀၂၀ ရွေးကောက်ပွဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးနဲ့အညီ အားလုံး မဲပေးနိုင်ခွင့်ရဖို့ စီစဉ်နေတဲ့အကြောင်းကို မဆုမွန်က တင်ပြပေးပါမယ်။ မြန်မာနိုင်ငံမှာ လွှတ်တော်အသီးသီး

ဒုက္ခသည် ခြောက်ရာကျော်အတွက် အိမ်သာတစ်လုံးမှမရှိတဲ့ စစ်ရှောင်စခန်း

Posted: 27 Jul 2020 08:43 AM PDT

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်က ဒုက္ခသည် ၆၀၀ ကျော်နေထိုင်နေတဲ့ စေတီတောင်အနောက်ခြမ်းစစ်ရှောင် စခန်းမှာ အိမ်သာတစ်လုံးမှမရှိ ဖြစ်နေပါတယ်။ "ကလေးက တအားများတယ်၊ အိမ်သာသွားရတဲ့နေရာကလည်း မရှိဘူး၊ မိန်းကလေးတွေကပိုပြီး အဆင်မပြေဖြစ်ပါတယ် ''လို့ စစ်ဘေးရှာင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မမေစုလှိုင်က ဘီဘီစီကို ပြောပါတယ်။ ဒီဒုက္ခသည်စခန်းမှာ ရသေ့တောင်မြို့နယ် အမျက်တောင်၊ ကျောက်တန်း၊ ဆောက်ခတ်၊ ကျောက်ရံသာစည်၊ ရေ

မီဒီယာရဲ့ထိုးနှက်မှုကို ရင်ဆိုင်နေရတယ်လို့ တပ်မတော် စွပ်စွဲ

Posted: 27 Jul 2020 08:34 AM PDT

ရခိုင်ပြည်နယ် လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်ဟာ ချုံခိုတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရရုံသာမက သတင်းမီဒီယာတွေကလည်း အလစ်ချောင်း ထိုးနှက်နေကြတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။ လေ့လာသူတွေကတော့ တပ်မတော်ရဲ့ စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက တပ်မတော်ကို ချုံခိုတိုက်ခိုက်ကြသလို သတင်းမီဒီယာတွေကလည်း တပ်ကို ထိုးနှက်နေကြတယ်လို့ တပ်မတော် သတင်းမှန်

စံချိန်တင်ပူပြင်းတဲ့ နေရာ ၁၄ ခုနဲ့ မြစ်ရေကြီးမှာစိုးရိမ်ရတဲ့ မြို့နယ် ၁၁ ခုရှိနေ

Posted: 27 Jul 2020 08:29 AM PDT

ရာသီဥတုဆိုးရွားမှုကြောင့် ဇူလိုင်ထဲမှာ အပူချိန် အမြင့်ဆုံး စံချိန်တင်တဲ့ နေရာ ၁၄ ခုရှိခဲ့ပြီး မြို့နယ် ၁၁ ခုမှာတော့ မြစ်ရေ စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဇူလိုင်ဆိုတာ မိုးတွေရွာပြီး ရာသီဥတု အပူချိန်လျော့တတ်တဲ့ ကာလဖြစ်ပေမယ့် ဒီနှစ် ဇူလိုင် ၂၅ ရက်နေ့မှာတော့ အပူချိန် အမြင့်ဆုံး စံချိန်တင်တဲ့ မြို့နယ် ၁၂ ခု နဲ့ မိုးလေဝသစခန်း

ရခိုင်ပဋိပက္ခအတွင်း ကိုယ်အင်္ဂါဆုံးရှုံးတဲ့ အရပ်သားတွေ များလာ

Posted: 27 Jul 2020 08:13 AM PDT

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခအတွင်း ကိုယ်အင်္ဂါဆုံးရှုံးခဲ့သူတဦး။ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဒေသခံတွေ မကြာခဏ သေကြေထိခိုက်နေကြရတဲ့အကြောင်း ကိုယ်တိုင်ကြုံရသူတွေရဲ့ ပြောပြချက်တွေကို တင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေကြား မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် သေဆုံး

ဝပြည်နယ်ဖွဲ့စည်းပုံ တပ်မတော်လက်မခံ

Posted: 27 Jul 2020 08:09 AM PDT

ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံ။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်) ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်စမ်းသပ်ကျင့်သုံးနေတဲ့အပေါ် တပ်မတော်နဲ့ အခြားတိုင်းရင်းသားခေါင်းဆောင်တွေရဲ့အမြင်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။ အစိုးရရဲ့ အုပ်ချုပ်မှုကနေ သီးခြားကင်းလွတ်နေတဲ့ ၀ပြည်သွေးစည်းညီညွှတ်ရေး

Monday, July 27, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့နေတာကို အိန္ဒိယအစိုးရ ဘာလို့ ဝန်မခံချင်တာလဲ

Posted: 27 Jul 2020 08:03 AM PDT

ပြည်ပကို သွားရောက်ဖူးသူတွေဆီကမဟုတ်ဘဲ ကိုယ့်အသိုင်းအဝိုင်းတွင်းကနေ ရောဂါစကူးစက်တယ်ဆိုတာကို အိန္ဒိယအစိုးရက လက်မခံ ဖြစ်နေဆဲ အသက် ၄၅ နှစ်အရွယ် ရာဂျက်ရှ် ကူးမား ဟာ ဇွန်လဆန်းပိုင်းမှာ ချောင်းစဆိုးခဲ့ပါတယ်။ ရက်ပိုင်းအတွင်း အဖျားတက်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ဆေးစစ်ရမဲ့အစား အဖျားကျဆေးကိုပဲ ၅ ရက်လောက် သောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဖျား ကျမသွားဘဲ သိပ်မကြာခင်မှာ အသက်ရှူ ကြပ်လာခဲ့ပါတယ်။ သူ့ကို ဆေးစစ်

မွန်ကိုယ်စားလှယ်အချို့အပါအဝင် NLD ကိုယ်စားလှယ်လောင်းအချို့ကို ကန့်ကွက်သူတွေရှိလို့ ပြန်စိစစ်နေ

Posted: 27 Jul 2020 07:57 AM PDT

NLD ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်သူတွေရှိနေ မွန်ပြည်နယ် ကိုယ်စားလှယ်လောင်းအချို့အပါအဝင် ကိုယ်စားလှယ်လောင်းတချို့ကို ကန့်ကွက်တိုင်ကြားတာတွေရှိလာတဲ့အတွက် ပါတီဗဟိုကော်မတီကနေ ပြန်လည်စိစစ်နေတယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ဘီဘီစီကိုပြောပါတယ်။ လာမယ့် ၂၀၂၀၂ ရွေးကောက်ပွဲအတွက် NLD ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်း ကို ဇူလိုင် ၂၃ ရက်နေ့မှာ

SNLD ပါတီ ကိုယ်စားလှယ်လောင်း ၁၅၀ ရွေးကောက်ပွဲဝင်မည်

Posted: 27 Jul 2020 07:48 AM PDT

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ပါတီဝင်များကို တွေ့ရစဉ် / Photo: SNLD ရှမ်းပြည်နယ်မှာ အင်အားအကောင်းဆုံး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၁၅၀ ရှိတယ်လို့ RFA ကို ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ ပြောပါတယ်။ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကတော့ ၂၀၁၅

ဒေါ်စုစုနွေး မဲဆန္ဒနယ်မြေ ပြောင်းလဲယှဉ်ပြိုင်ဖို့ ပြင်ဆင်

Posted: 27 Jul 2020 07:48 AM PDT

မြန်မာနိုင်ငံ တောင်သူလယ်သမားများသမဂ္ဂ ဗဟိုဥက္ကဋ္ဌ ဒေါ်စုစုနွေးကို တွေ့ရစဉ် / Photo: Su Su Nway Facebook လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်စုစုနွေးဟာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းဖို့ စီစဉ်ထားခဲ့ပေမယ့် အဲဒီ မဲဆန္ဒနယ်မှာ  ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကြေညာလိုက်တဲ့အတွက် နေရာ

Chengdu ကန်ကောင်စစ်ဝန်ရုံးဟောင်း တရုတ်ထိန်းချုပ်

Posted: 27 Jul 2020 07:38 AM PDT

တရုတ်နိုင်ငံ Chengdu မြို့က ကန် ကောင်စစ်ဝန်ချုပ်ရုံးရှေ့ မြင်ကွင်း။ (ဇူလိုင် ၂၇၊ ၂၀၂၀) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chengdu မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို တရုတ်က ထိန်းချုပ်လိုက်ပြီလို့ တရုတ်ကပြောပါတယ်။ တရုတ်အစိုးရက ပြောထားတဲ့အတိုင်း ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ကောင်စစ်ဝန်ချုပ်ရုံးပိတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။ လွှင့်ထူထားတဲ့ အမေရိကန်အလံချပြီး မိနစ်ပိုင်းအကြာမှာ

ဇီဝလက်နက် လျှို့ဝှက်စမ်းသပ်မှု ဖော်ထုတ်ရေးသားချက် တရုတ်နဲ့ ပါကစ္စတန် ငြင်းဆို

Posted: 27 Jul 2020 07:35 AM PDT

တရုတ်နဲ့ ပါကစ္စတန် မဟာမိတ်နှစ်နိုင်ငံဟာ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး ဇီဝလက်နက် စမ်းသပ်သုတေသန ပူးတွဲလုပ်ဆောင်နေတယ်ဆိုတဲ့ မီဒီယာ သတင်းဖော်ပြချက်ဟာ အဓိပ္ပာယ်မဲ့ လုပ်ကြံဖန်တီးမှုဆိုပြီး နှစ်နိုင်ငံစလုံးက ငြင်းဆိုလိုက်ပါတယ်။ အသက်အန္တရာယ်ရှိတဲ့ Anthrax ထောင့်သန်း ဗိုင်းရပ်စ်ပိုးတွေနဲ့ ဆက်စပ်တဲ့ သုတေသနစီမံကိန်း အများအပြား လုပ်နေတာ အပါအဝင် အလားအလာရှိတဲ့ ဇီဝလက်နက်စွမ်းရည်ကို တိုးချဲ့

ရုရှားဟာ အာကာသတွင်း လက်နက် စမ်းသပ်မှု လုပ်ကြောင်း အမေရိကန်၊ ဗြိတိန်စွပ်စွဲ

Posted: 27 Jul 2020 07:32 AM PDT

ရုရှားဟာ အာကာသထဲမှာ လက်နက်လို ပစ်ခတ်လို့ရတဲ့ အရာတစ်ခုခုကို စမ်းသပ်ခဲ့တယ်လို့ အမေရိကန်နဲ့ ဗြိတိန်တို့က စွပ်စွဲလိုက်ပါတယ်။ အခုစမ်းသပ်တဲ့အရာဟာ ကမ္ဘာပတ်လမ်းကြောင်းထဲရှိ ဂြိုဟ်တုကိုပစ်တဲ့ လက်နက်မျိုး ဖြစ်ပုံရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ သူတို့ရဲ့ အာကာသပစ္စည်းတွေကို စောင့်ရှောက်ဖို့ အတွက် နည်းပညာ အသစ်တစ်ခု အသုံးပြုနေတယ်လို့ စောစောပိုင်းက ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်

မွန်ညီညွတ်ရေးပါတီက မွန်အပြင် ကရင်၊တနင်္သာရီနဲ့ရန်ကုန်ကနေရာအချို့ပါ ဝင်ပြိုင်သွားဖို့ရှိနေ

Posted: 27 Jul 2020 07:30 AM PDT

မွန်အပြင် ကရင်၊တနင်္သာရီနဲ့ရန်ကုန်ကနေရာအချို့ပါ ဝင်ပြိုင်သွားဖို့ရှိ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီအများစုဟာ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံပြီး တိုင်းရင်းသားပါတီတွေပေါင်းစည်းပြီး NLD ပါတီကိုအနိုင်ရဖို့ မျှော်လင့်နေကြပါတယ်။ ဒီထဲမှာ မွန်ပြည်နယ်က အားအကောင်းဆုံးမွန် နှစ်ပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသား ပါတီ နှစ်ခုကို မွန်ညီညွတ်ရေးပါတီအဖြစ်