Monday, January 31, 2022

သစ်ထူးလွင်

သစ်ထူးလွင်


စစ်ကောင်စီက ထန်တလန်မြို့ကို ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် မီးရှို့

Posted: 31 Jan 2022 06:10 AM PST

ချင်းပြည်နယ်၊ ထန်တလန်မြို့ TABC ရပ်ကွက်ဘောလုံးကွင်းနားတွင် ယနေ့ ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီကောင်စီတပ်က ထပ်မံမီးရှို့လို့ ညနေ ၆ နာရီကျော်အထိ မီးလောင်နေဆဲလို့သိရတယ်။ မနေ့ ဇန်နဝါရီ ၃၀ ရက် နေ့လည်ပိုင်းကလည်း မီးလောင်သွားကြောင်းသိရပါတယ်။Zalen 

တောင်ကြီးမြို့ ဆိုင်တချို့ ကြိုတင်ပိတ်ထားကြ

Posted: 31 Jan 2022 06:06 AM PST

ဇန်နဝါရီ ၃၁သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၁)ရက် မတိုင်ခင်ကတည်းက စျေးသည်များမှအပ သွားလာသည့် ပြည်သူများ အနည်းအကျဉ်းသာ ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ဖေဖော်ဝါရီ (၁)ရက်နေ့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး တစ်နိုင်ငံလုံး အသံတိတ်သပိတ် ပြုလုပ်မည်ကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေ‌ကြောင်း စုံစမ်းသိရှိရသည်။"တောင်ကြီးမြို့တွင်း အခြေနေက ဆိုင်တွေကျ

သျှမ်းရှေ့ ပြည်သူများ စစ်တပ်ထောက်ခံပွဲ ပါဝင်ပေးရန် ဖိအားပေးခံရ

Posted: 31 Jan 2022 06:05 AM PST

ဇန်နဝါရီ ၃၁ သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်နှင့် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်ထောက်ခံပွဲ၌ ပါဝင်ပေးရန် ဖိအားပေး စေခိုင်းခံရကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၁)ရက်တွင် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တပ်မတော်ထောက်ခံပွဲ ပါဝင်ရန် ဖိအားပေးစေခိုင်းခံရကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ "သက်ဆိုင်ရာ ရပ်

လေးကေကော်ဒေသတွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော် ပြန်ဆုတ်သွားသော်လည်း နယ်မြေအခြေချစစ်ကြောင်းများ ဆက်ရှိနေသေး

Posted: 31 Jan 2022 06:02 AM PST

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။လေကေကော် ဒေသအတွင်း ဖလူးကြီး၊ ဖလူးလေးကျေးရွာဘက်အခြမ်း စစ်အင်အား တိုးချဲ့ နေရာယူထားသည့် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းအချို့ ပြန်ဆုတ်သွားသော်လည်း တပ်မ ၂၂ လက်အောက်ခံတပ်များ၊ ကမ်းရိုး တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များ၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များမှာ ဘုန်းကြီးကျောင်း၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် လမ်းမအနီးဒေသခံနေအိမ်များတွင် စခန်းချနေထိုင်ဆဲဖြစ်ကြောင်း သိရသည်။"တပ်မ ၄၄

ဒီပဲယင်းမြို့နယ် ကျေးရွာ ၃ ရွာအတွင်း ဒေသခံများသိမ်းဆည်းထားသော စပါးများနှင့် နေအိမ် ၇လုံးအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့

Posted: 31 Jan 2022 06:01 AM PST

Photo- Voice of DepeyinJanuary 31,2022စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်က ကျေးရွာသုံးခုရှိလူနေအိမ်များနှင့် သိမ်းဆည်းထားသော စပါးများအား  စစ်ကောင်စီတပ်များကတစ်ရွာဝင်တစ်ရွာထွက်၍ မီးရှို့နေကြောင်း ဒေသခံများ ထံမှ သိရသည်။ယမန်နေ့  ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းမှ စတင်ကာ ဝပါကျေးရွာနှင့် သပြေသာကျေးရွာ ရှိလူနေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ငဝဲတောကျေးရွာတို့ ဝင်

သံလွင်မြစ်ကမ်း မယ်ခါးထာ့စစ်ကောင်စီတပ်ဖွဲ့ ဒီနေ့ည လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်

Posted: 30 Jan 2022 08:16 AM PST

ဓာတ်ပုံ - သံလွင်မြစ်ကမ်းက မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းကိုတွေ့ရစဉ်။ (Photos: Salween Press)ဇန်နဝါရီလ ၃၀ ရက်နေ့၊ ၂၀၂၂ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေက သံလွင်မြစ်ကမ်းပေါ်ရှိ မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်တွေက ဒီနေ့ညနေ ၁၀ နာရီနှင့် ၁၁ နာရီအချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တယ်လို့ အနီးနားရှိဒေသခံရွာသားတွေကပြောပါတယ်။ "အိပ်ပျော်ခါနီးမှာ လက်နက်ပစ်ခတ်သံတွေကြားတယ်။ လက်နက်ကြီးရော၊

စစ်အုပ်စုပါတဲ့ ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး ၄ဦးသေဆုံး

Posted: 30 Jan 2022 08:11 AM PST

ချောင်းဦး၊ ဇန်နဝါရီ ၃၀၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ကနေ ဆင်ဖြူရှင်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေပါတဲ့ ကားနှစ်စီးကို PDF ၃ဖွဲ့ပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ၄ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ 27 Revolution Force-မြင်းခြံတာဝန်ခံဆီက သိရပါတယ်။ဇန်နဝါရီလ ၂၈ရက် ည၁၁ နာရီဝန်းကျင်လောက်မှာ ချောင်းဦး PDF ရဲ့ သတင်းပေးချက်အရ Pajaro ကားနဲ့ဲ့Honda Fit ကား ၂စီးပေါင်း စစ်

ချင်းပြည်နယ်မှ လူငယ်လူရွယ်များ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်မှုမလုပ်ကြရန် CDF နှိုးဆော်

Posted: 30 Jan 2022 08:08 AM PST

ကန်ပက်လက်၊ ဇန်နဝါရီ ၃၀ချင်းပြည်နယ်အတွင်းရှိ လူငယ်နှင့်လူလတ်ပိုင်းအရွယ်များ ပြည်နယ်ကို စွန့်ခွာတိမ်းရှောင်ခြင်းမပြုဘဲ တိုက်ပွဲဝင်ကြရန် ချင်းပြည်သူ့ကာကွယ်ရေးတပ် (ကန်ပက်လက်) အဖွဲ့က ယနေ့ ဇန်နဝါရီ (၃၀) ရက်တွင် တိုက်တွန်းလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ့အာဏာသိမ်းယူပြီးနောက် ရရာလက်နက်စွဲကိုင်တော်လှန်ခဲ့ပြီး စစ်ကောင်စီဖက်ကလည်း ချင်းပြည်အပါအဝင် တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ကာ စစ်ရေးတင်းမာလျက်

မြိုင်မြို့နယ် မြို့ခင်းသာရွာအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် နေအိမ်(၄)လုံး နှင့် ဆိုင်ကယ်(၄)စီး မီးလောင်ပျက်စီး

Posted: 30 Jan 2022 08:03 AM PST

မကွေးတိုင်း၊ မြိုင်မြို့နယ်‌၊ မြို့ခင်းသာရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်  နေအိမ် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။အကြမ်းဖက် စစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က စပြီး မြို့ခင်းသာရွာအတွင်းသို့ လက်နက်ကြီးများဖြင့် (၇)ကြိမ် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပေါ် ကျရောက် မှုကြောင့် နေအိမ်တစ်လုံး အရင်ဆုံး

ကောလင်းမြို့နယ်အတွင်း ရွှေတွင်းရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က နေအိမ်အတွင်း‌ မွှေနှောက်ရှာဖွေကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူသွား

Posted: 30 Jan 2022 08:02 AM PST

Photo: KR-Teamစစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အနောက်ခြမ်း ရွှေတွင်းရွာတွင် ဇန်နဝါရီလ(၂၇)ရက်နေ့ကစပြီး တပ်စွဲသွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူ့အိမ်ထဲ ဝင်‌ရောက်ကာ ပစ္စည်းများခိုးယူသည့်အပြင် အိမ်တွင်းပစ္စည်းများကိုလည်း မွှေနှောက် ဖျက်ဆီးသွားကြောင်း ကောလင်း PDF က ယနေ့ ဇန်နဝါရီလ(၃၀)ရက်တွင် သတင်းထုတ်ပြန်လာသည်။တပ်စွဲထားသည့်ကာလအတွင်းမှာလည်း နေအိမ်တွင် မွေးထားသည့် ကြက်များကိုသတ်၍ ချက်စားသွားကြောင်း

ချင်းပြည်နယ်မှ လူငယ်တွေအနေနဲ့ ပြည်ပကို ထွက်ပြေးမတိမ်းရှောင်ဘဲ တော်လှန်ရေးမှာ အတူတူပါဝင်ဖို့ CDF-Kanpetlet တိုက်တွန်း

Posted: 30 Jan 2022 07:59 AM PST

ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အသက် ၁၈နှစ်ကနေ ၄၀အကြား လူငယ်နဲ့လူလတ်ပိုင်းတွေအနေနဲ့ ချင်းပြည်နယ်ကို စွန့်ခွာပြီး ပြည်ပကိုထွက်ခွာတာ တော်လှန်ရေးကို မျက်ကွယ်ပြုတာတွေ မလုပ်ကြဖို့ CDF (Kanpetlet)က ဒီကနေ့ ဇန်နဝါရီလ ၃၀ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ် လှုံဆော်လိုက်ပါတယ်။မြန်မာတစ်နိုင်ငံလုံး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ ချင်းတိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး တန်းတူညီမျှမှုရှိရေးအတွက် စစ်အုပ်စုကို အမြစ်

ချောင်းဦးမြိူ့နယ်တွင်ပျူ​စောထီးများကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်​ချေမှုန်း​တော့မည်ဟု PDF သတိ​ပေး

Posted: 30 Jan 2022 08:21 AM PST

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်ပျူစောထီးများကိုအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်များအဖြစ် သက်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်သည်။ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သတိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်တွင် ချောင်းဦးမြို့နယ်အတွင်း

က​လေး-တမူးလမ်းတိုက်ပွဲစစ်​ကောင်စီတပ် အရာရှိတစ်ဦးအပါအဝင် သုံးဦး​သေ

Posted: 30 Jan 2022 07:56 AM PST

 (တမူး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- တမူးPDF)စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် စစ်အာဏာရှင်အား ဆက်လက်ချေမှုန်းသွားမည်ကို သတိပေးသည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကလေး-တမူးမြို့ကြားရှိ အာရှလမ်းမကြီးတွင် ယနေ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း PDF(တမူး)တပ်ရင်း-၃ က ပြန်ကြားရေးတာဝန်ခံကပြောသည်။ တမူးမြို့မှ ကလေးမြို့သို့ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များတင်လာသည့် ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်

စစ်ကား မလာမီ ရှေ့ပြေးလမ်းရှင်းရသော စစ်ကိုင်း ညောင်ပင်ဝန်းရဲစခန်းမှ စကစ ရဲနှစ်ဦး မိုင်းဆွဲခံရ၊နှစ်ဦးလုံး ပက်လက်လန်ကျသွားပြီး သေမည်ဟု ခန့်မှန်း၊

Posted: 30 Jan 2022 07:54 AM PST

ညောင်ပင်ဝန်းရွာအဝင် တံတား (ပုံဟောင်း)/ Photo - CJဇန်နဝါရီ - ၃၀မန္တလေး - မုံရွာကားလမ်းတွင် စစ်ကားများ ဖြတ်သန်းသွားလာခြင်း မပြုမီ ရှေ့ပြေး လမ်းရှင်းပေးရသော စစ်ကိုင်းမြို့ ညောင်ပင်ဝန်းရဲစခန်းမှ စကစ လက်အောက်ခံ ရဲနှစ်ဦး မိုင်းဆွဲတိုက်ခိုက်ခံရကာ နှစ်ဦးလုံး သေမည်ဟု ခန့်မှန်းကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။ယနေ့ ဇန်နဝါရီ(၃၀)ရက် ညနေ(၆)နာရီကျော်အချိန်က မန္တလေး - မုံရွာကားလမ်း၊ ညောင်ပင်ဝန်း

ဝမ်းတွင်းမြို့နယ် ဒလန် အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်အုပ်စုက ဒေသခံသုံးဦးကို စွပ်စွဲကာ တစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီး၊

Posted: 30 Jan 2022 07:52 AM PST

ဇန်နဝါရီ - ၃၀မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ စကစ သတင်းပေးဒလန်ဆိုသူ အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်အုပ်စုက ဒေသခံ သုံးဦးကို စွပ်စွဲကာ တစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းလွှင့်သည်။ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စကစ သတင်းပေးအဖြစ် နာမည်ထွက်သူ ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာ ဘုန်းကြီးတစ်ပါး အသတ်ခံရမှုနှင့် ဇန်နဝါရီ(၂၈)ရက်က ဝမ်းတွင်း

မြိုင်မြို့နယ်ထဲက ရဲစခန်းတစ်ခုကို PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိ

Posted: 30 Jan 2022 07:50 AM PST

ဇန်နဝါရီ ၃၀ ရက်၊ မြိုင်မကွေးတိုင်း မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို မနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ရဲစခန်းကို ရေစကြို၊ မြိုင်နဲ့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းပြီး ၁ နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့တယ်လို့ ရေစကြို PDF က မနေ့ ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။ပုသိမ်မုံ

ရေဖြူမြို့နယ်၊ ရလိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF နှစ်ခုပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတစ်ဦးသေ

Posted: 30 Jan 2022 07:46 AM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၃၀ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ရလိုင်ကျေးရွာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်က တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန့ပါတယ်။ Launglone  People Defence Force ( LPDF ) နဲ့ Dawei Guerrilla Revolution Force ( DGRF ) တို့ အတူပူးပေါင်းပြီး မနက် ၃ နာရီ ၂၀ မိနစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ်

ထားဝယ်နဲ့ ရေဖြူမြို့နယ်က ရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်က စစ်သား ၃၀ နီးပါးသေ

Posted: 30 Jan 2022 07:45 AM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၃၀ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ထဲ ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ PDF အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထားဝယ်မြို့နယ်ထဲက ခေါင်တိုင်ပြင်၊ မြင်းမတ်တပ်၊ ပိန္နဲချောင်း(ကုလားချောင်း)၊ မြေးခန္တီ၊ ဟာမြင်းကြီးရွာတွေကို ဇန်နဝါရီလ ၁၉ ရက်က စတင်ဝင်ရောက်လာခဲ့ပြီး ပြည်

လွိုင်ကော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရ

Posted: 30 Jan 2022 07:30 AM PST

                                                    ယနေ့မွန်းတည့် (၁၂း၃၀) နာရီတွင် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေကျေးရွာအုပ်စု ကုန်းဆွတ် ကျေးရွာအနီးတွင်  စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီတပ်မတော် (KA)နှင့်  KNDF တို့မှ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ မွန်းတည့် (၁၂း၃၀) မှ  မွန်းလွဲ (၁၄း၃၀)နာရီ အထိကြာမြင့်ခဲ့ပြီး၊ လွိုင်လင်လေးဖက်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အများအပြား

ယတြာအစီအရင်များရေးဆွဲထားသည့် ကျပ် ၅၀၀၀ တန်များ လေယာဉ်ဖြင့် စစ်တောင်းမြစ်ထဲကြဲချ

Posted: 30 Jan 2022 07:28 AM PST

မဲခေါင်၊ ဇန်နဝါရီ ၃၀ယတြာအစီအရင်များ၊ အင်းကွက်များ ရေးဆွဲထားသည့် ကျပ် ၅၀၀၀ တန်များကို တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အရှေ့ဘက် စစ်တောင်းမြစ်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ကြဲချကြောင်း ဒေသခံများက သတင်းပေးပို့သည်။ပလပ်စတစ်လောင်းထားသည့် ၅၀၀၀ ကျပ်တန်များမှာ အတုအစစ် သေချာစွာမသိရသော်လည်း ရှေ့ဘက်ရော နောက်ဘက်တွင်ပါ အင်းကွက်များ၊ ယတြာရုပ်ပုံများ ရေးဆွဲထားကြောင်း ဒေသခံများ ပေးပို့လာသည့် ပုံများအရသိရသည်။

ချောင်းဦးမြို့မှ ဖြတ်သန်းလာသော စစ်ကောင်စီအိမ်စီးကား၂စီးကို မြင်းခြံ PDFတပ်ပေါင်းစုများမှ မိုင်းခွဲးတိုက်ခိုက်ရာ စကစ ယာဥ်မောင်း တစ်ဦးသေဆုံး

Posted: 30 Jan 2022 07:26 AM PST

မဲ‌ခေါင်၊ ဇန်နဝါရီ ၃၀စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့မှ ဖြတ်သန်းလာသော စစ်ကောင်စီဘက်မှ Pajaroကားနှင့် Honda Fit ကား ၂စီးကို ချောင်းဦးဆင်ဖြူရှင်လမ်းပိုင်း၌ PDF မဟာမိတ် (၃)ဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Forceမှ ယနေ့ ထုတ်ပြန်ထားသည်။ယင်းတိုက်ခိုက်မူတွင် 27 Revolution Force (မြင်းခြံ)၊Myaung Special People's Defense Force (MSPDF)၊TTA ပြောက်ကျားတပ် (တောင်သာ)ညီနှောင်

စစ်ကောင်စီလက်ထက်ပေါများလာသော ခိုးဆိုးလုနှိုက် များကို သတိပေးချက်မထုတ်တော့ပဲ ကျည်ဆံနဲ့သာအဆုံးဖြတ်ပေးမည်ဟု GOD က ထုတ်ပြန်

Posted: 30 Jan 2022 07:25 AM PST

( ဇန်နဝါရီလ ၃၀ ရက် )အာဏာသိမ်းစစ်ကောင်စီလက်ထက် အထိန်းအကွပ်မဲ့စွာနဲ့ ခိုးဆိုးလုနှိုက်အဖွဲ့များ အနယ်နယ် အရပ်ရပ်တွင် ပိုမိုများပြားလာခဲ့ပြီး လှိုင်သာယာမြို့နယ်တွင်လည်း ပေါ်ပေါ်တင်တင်ဆိုးရွာလာတဲ့အတွက် ဒေသအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Gods Of Death (GOD) က ကျည်ဆံနဲ့သာအဆုံးအဖြတ်ပေးတော့မည်ဟု ယမန်နေ့က ထုတ်ပြန်ထားပါတယ်။" နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလို ဗြောင်းကျ

စစ်ကောင်စီမှ မုံရွာမြို့ပေါ်ရှိ ဈေးဆိုင်အချို့ကို ဓာတ်ပုံရိုက်မှတ်တမ်းယူ၊အသံတိတ်သပိတ်တွင်ပါဝင်ပါက ဆိုင်ခန်းအားချိတ်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်

Posted: 30 Jan 2022 07:23 AM PST

ဇန်နဝါရီ၃၀၊မုံရွာစစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖေဖော်ဝါရီ၁ရက်နေ့နိုင်ငံတဝှမ်းပြုလုပ်ကျင်းပမည့် အသံတိတ်သပိတ်တွင် ဈေးဆိုင်ခန်းများပိတ်ထားပါက ဆိုင်အားချိတ်ပိတ်အရေးယူ၍ ယနေ့တွင်ဆိုင်ခန်းများအား ဓာတ်ပုံရိုက်သွားကြောင်း ချင်းတွင်းရိုးမသတင်းရင်းမြစ်ထံမှသိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မြို့ပေါ်ရှိဈေးဆိုင်တချို့ကိုဓာတ်ပုံရိုက်မှတ်တမ်းယူကာ ဈေးသည်များအနေဖြင့်အသံတိတ်သပိတ်တွင်

လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာ နှင့် ခလရ ၂၅၁ တပ်ရင်းအနီး တို့တွင် တိုက်ပွဲများဖြစ်ပွား စစ်ကောင်စီတပ်သား ၆ ဦးသေ

Posted: 30 Jan 2022 07:22 AM PST

ဓာတ်ပုံ - KNDFဇန်နဝါရီ ၃၀ ရက်ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ တပ် မတော်-KAနှင့် KNDFပူးပေါင်းအဖွဲ့များ ယနေ့နေ့လည် ၁၂ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDFက သတင်းထုတ်ပြန်ထားသည်။အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေ ဆုံးခဲ့ကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး KNDF ဘက်မှ တပ် ဖွဲ့ဝင် ၁ ဦး ကျ

အသံတိတ်သပိတ်တွင် ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ပုသိမ်မြို့ခံအမျိုးသမီး ၂ ဦးအား စစ်ကောင်စီ ဖမ်းဆီး

Posted: 30 Jan 2022 07:20 AM PST

ပုသိမ်၊ ဇန်နဝါရီ ၃၀ ရက်ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသံတိတ်သပိတ် - Silence Strikeတွင် ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ မြို့ခံအမျိုးသမီး ၂ ဦးအား စစ်ကောင်စီက ယမန်နေ့က ဖမ်းဆီးထားသည်ဟု ပုသိမ်မြို့နယ် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ဖမ်းဆီးခံရသူ ၂ ဦးမှာ ပုသိမ်မြို့၊အမှတ် (၆) ရပ်ကွက်​နေ မဝါဝါလှိုင်နှင့် အမှတ်(၄)ရပ်ကွက်နေ မငြိမ်းအေးအောင်တို့ ၂ဦးအား စစ်ကောင်စီက

Saturday, January 29, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ကြက်စားပြင်ရပ်ကွက်နေထိုင်သူ ပျူစောထီးသားဖနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့မှ ရှင်းလင်း

Posted: 28 Jan 2022 10:25 AM PST

ထားဝယ် ၊ဇန်နဝါရီလ ၂၈ ရက်ထားဝယ်မြို့၊ကြက်စားပြင်ရပ်ကွက်၊ဘူတာလမ်းနေထိုင်သူ ပျူစောထီးသားဖနှစ်ဦး ယနေ့နံနက်ပိုင်းက သတ်ခံရသည်။ဇန်နဝါရီ(၂၈)ရက်၊နံနက်(၁၀)နာရီခန့်က အဖေဖြစ်သူ ဦးမောင်လေး၊သားဖြစ်သူ ကိုသန့်ဇင်စိုး (ခ)ဘဲခမ်း ဆိုသူသားဖနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့ကရှင်းလင်းသုတ်ခဲ့ကြောင်းထုတ်ပြန်ထားပါသည်။ယင်းပျူစောထီးသားဖနှစ်ဦးသည် ရပ်ကွက်အတွင်းဆိုးသွင်း၍ဒုစရိုက်အမျိုးစုံလုပ်ဆောင်နေပြီးအရင်

တင့်ကားပါ​​သောစစ်​ကောင်စီတပ်ယာဉ်တန်းအား ဟိုပင် PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်၁၀ဦးထက်မနည်း သေဆုံး

Posted: 28 Jan 2022 10:12 AM PST

( ရုပ်သံဖိုင် ဟိုပင်-PDF )ကချင်ပြည်နယ်မိုးညှင်းမြို့မှ မိုးကောင်းမြို့သို့ တက်လာသည့် တင့်ကားများပါဝင်​သောစစ်ကောင်စီတပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဟိုပင်)က ယ​နေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း PDF(ဟိုပင်) ကထုတ်ပြန်သည်။ ယနေ့ (ဇန်နဝါရီ ၂၈ရက်) နံနက် ၁၁ နာရီခန့်တွင် တင့်ကားပါသည့် စစ်ယာဉ်တန်းကို ငါးမိုင်နှင့် ကြာကြီးကွင်း တွင် မိုင်းဆွဲ

မန္တလေး၌ စကစ ရဲသတင်းပေးတစ်ဦး သေနတ်သုံးချက် ပစ်ခတ်ခံရ၊ မသေ၊

Posted: 28 Jan 2022 10:08 AM PST

ဇန်နဝါရီ - ၂၈မန္တလေးမြို့၌ စကစ ရဲများအတွက် နယ်မြေခံ သတင်းပေး (အင်ဖော်မာ)အဖြစ် လုပ်ကိုင်နေသူ အမျိုးသားတစ်ဦး ယနေ့ ညနေပိုင်းက မဟာအောင်မြေမြို့နယ် (၉၂)လမ်း နှင့် (၄၁)လမ်းအနီးတွင် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရသော်လည်း အသက်မသေသေးကြောင်း ဒေသခံသတင်းရင်းမြစ်များက MFP သို့ ပြောသည်။"သေနတ်နဲ့ သုံးချက်ပစ်တာ၊ မသေဘူး။ လက်မောင်း နဲ့ ပေါင် မှန်တယ်လို့ ကြားတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။ယနေ့ ဇန်နဝါရီ(၂၈)ရက် ညနေ(၄)နာရီ

ဝမ်းတွင်းမြို့နယ် ခံတောရွာ စကစခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ၊

Posted: 28 Jan 2022 10:07 AM PST

ဇန်နဝါရီ - ၂၈မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်၊ ခံတောကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူးကို ယနေ့ ညနေပိုင်းတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဝမ်တွင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ - WTRF က သတင်းထုတ်ပြန်သည်။အဆိုပါ ခံတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းသည် သတိပေး တားမြစ်ချက်ကို မလိုက်နာဘဲ စကစနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများကို ဒုက္ခပေးနေသဖြင့် ယနေ့ ဇန်နဝါရီ(၂၈)ရက် ညနေပိုင်းတွင် ရှင်းလင်းသုတ်သင်ခဲ့ခြင်း

လွိုင်ကော်တွင် စစ်​ရှောင်ပြည်သူများ၏ ​နေအိမ်များကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး

Posted: 28 Jan 2022 10:02 AM PST

လွိုင်ကော် - ဇန်နဝါရီ ၂၈ ၊ ၂၀၂၂ ။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်အတွင်းရှိ နေအိမ်ငါးလုံး ယနေ့ နံနက် ကိုးနာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့​ကြောင်း သိရသည်။ ​မီး​​လောင်မှုဖြစ်ပွားခဲ့​သော ဒေါဥခူရပ်ကွက်တွင် စစ်ကောင်စီစစ်​ကြောင်းက တပ်စွဲခဲ့ကြောင်း ယုံကြည်ထိုက်သည့် ရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ "ကျွန်တော်တို့ကို ငယ်ငယ်က စာသင်ပေးတဲ့ ဆရာမအိမ်ပါသွားတယ်။ အားလုံးပေါင်း

မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား မဟာမိတ် PDF များ ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၄) ဦး နေရာတွင်သေဆုံးပြီး (၂၀) ဝန်းကျင်ဒဏ်ရာရ

Posted: 28 Jan 2022 10:00 AM PST

ဇန်နဝါရီ ၂၈စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ  ထွက်ခွာလာသော အင်အား (၅၀) ခန့်သည် တမဆေးကန်ရွာ၌ ညအိပ်တပ်စွဲ၍ ပြန်လည်ထွက်ခွာလာရာ နဘက်တာတစ်နေရာတွင် 27 Revolution Forces (မြင်းခြံ)၊ Myaung Special People's Defense Force – MSPDF၊ Myaung Generation Guerilla Force (MGGF) ညီနောင်မဟာမိတ်(၃)ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား မိုင်း (၃)လုံးခွဲ၍ ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။" ထို

ဘာအံခရိုင် ဝါးဘိုးတောလမ်းမှာ စစ်ကောင်စီကားတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး

Posted: 28 Jan 2022 09:58 AM PST

ဓာတ်ပုံ - KNLA စစ်သားတချို့ကို ရှေ့တန်းတနေရာမှာတွေ့ရစဉ်။ (Photo: Salween Press) ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၂၀၂၂ကရင်ပြည်နယ် ဘားအံခရိုင် ဝါးဘိုးတောနှင့်ကမမောင်းလမ်းပေါ်ရှိ နိုးကွာရွာအောက်ဖက်နားတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်၂ နာရီခွဲအချိန်တွင် ရိက္ခာတင်ဆောင်လာသည့်စစ်ကောင်စီကားတစ်စီးကို KNLA တပ်ရင်း ၁ တပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီးလုံးဝပျက်စီးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့

ကျောင်းကုန်းရွာနှင့် ကုန်းဆွတ်ကျေးရွာ အနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှုများဟု လွိုင်ကော် PDF ထုတ်ပြန်

Posted: 28 Jan 2022 09:55 AM PST

ဇန်နဝါရီလ ၂၈ရက်တွင် ကျောင်းကုန်းရွာနှင့် ကုန်းဆွတ်ကျေးရွာ အနီး စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီ အကြမ်းဖက် ၁၅၀ ခန့် နှင့်  ပြည်သူ့တပ်များထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။လွိုင်ကော် PDF ၏ တပ်ခွဲ (၅) နှင့် KNDF တို့ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ညနေ ၃ နာရီ ဝန်းကျင်ခန့်မှ စ တင်ဖြစ်ပွားကာ ၃ နာရီ ၄၅ မိနစ်ခန့်ထိ ကြာမြင့်ခဲ့သည်။ ယင်းတိုက်ပွဲတွင် အကြမ်းဖက်အဖွဲ့ဝင်များ အလစ်အငိုက် အတိုက်ခိုက်ခံလိုက်ရပြီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သည့် လွိုင်ကော် ထူဒူငံသမှ သားမိနှစ်ဦးသည် စိတ်ပုံမှန် မရှိကြသူများဟု ဆို

Posted: 28 Jan 2022 09:52 AM PST

ဓာတ်ပုံ - ရွှေညောင်ပင်လူမှုကူညီရေးအသင်း။ဇန်နဝါရီ  ၂၈ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် (ကယားပြည်နယ်) လွိုင်ကော်မြို့နယ် ထူဒူငံသရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သော သားမိနှစ်ဦးမှာ စိတ်အခြေအနေ ပုံမှန်မရှိသူများဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး မွှေနှောက်ဖျက်ဆီးခဲ့သည့် ထူဒူငံသရွာတွင် သေဆုံးသားမိနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဇန်ဝါရီလ ၂၈ရက်၌ တွေ့ရှိခဲ့ရ

တာချီလိတ်လွှတ်တော်အမတ် အပါအဝင် ၅ ဦးကို သေဒဏ်ချနိုင်သည့် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲထားကြောင်း ဘုတ်ထောင်ကာ စစ်ကောင်စီကြေညာ

Posted: 28 Jan 2022 09:50 AM PST

မဲခေါင်၊ ဇန်နဝါရီ ၂၈တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်အပါအဝင် ၅ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် အမှုဖွင့်ထားပြီး တွေ့ရှိပါက အကြောင်းကြားရန် အာဏာသိမ်းစစ်ကောင်စီက ဘေလ်ဘုတ်ထောင်ကာ ဇန်နဝါရီလ ၂၈ ရက်က ကြေညာထားသည်။တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ဘေလ်ဘုတ်ထောင်ကြေညာထားခြင်းဖြစ်ပြီး ဦးဝင်းစွမ်၊ နိုင်မင်းထွန်း၊ ကောင်းဆက်၊ နေမျိုးဦးနှင့် ရှာမွေလှတို့ ၅ ဦးကို

နတ်တလင်းတွင် အသံတိတ်သပိတ် မလုပ်ရန် လော်စပီကာဖြင့် လိုက်အော်သူ သေနတ် ၃ ချက် ပစ်ခတ်ခံရ

Posted: 28 Jan 2022 09:48 AM PST

ဇန်နဝါရီ ၂၈ ရက်ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ရွာတွင် ယနေ့ မနက်ပိုင်းက ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်ကို ပြည်သူများပါဝင်ပါက အရေးယူခံရမည်ဖြစ်ကြောင်း လော်စပီကာဖြင့် လိုက်လံအော်နေသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသတွင်း သတင်းများမှ သိရသည်။ပစ်ခတ်ခံရသူမှာ တံခွန်တိုင်အရှေ့စုနေ စစ်တပ်သတင်းပေး ဒလန် ကျော်မင်းသူ ဆိုသူဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုင်များမဖွင့်ပါက အရေးယူမည်

လှိုင်သာယာမြို့နယ်က EPC ရုံး (၂) ရုံးကို မဟာမိတ် (၄)ဖွဲ့ပေါင်း၍ ပူးပေါင်းတိုက်ခိုက်

Posted: 28 Jan 2022 09:46 AM PST

( ဇန်နဝါရီလ ၂၈ ရက် )ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း EPC ရုံးနှင့် ဓာတ်အားထိန်းရုံဖြစ်သော စက်မှုဇုန် EPC ရုံး (၂)ရုံးကို ဒီကနေ့ည အချိန်က မဟာမိတ် (၄)ဖွဲ့ပေါင်း၍ ပူပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။အဆိုဖောက်ခွဲတိုက်ခိုက်ခြင်းကို ဒေသအခြေစိုက်အဟာမိတ်အဖွဲ့များဖြစ်ကြသော Ferr Tiger Ranger၊ Black Eagle Ranger၊ Spring Revolution Flames (SRF) နှင့် Gods Of Death (GOD) တို့က

ပုသိမ်တွင် စစ်ကောင်စီက မီတာခ အတင်းအကြပ်ကောက်ခံနေပြီး မပေးသည့် နေအိမ်များမှ မီတာများလိုက်ဖြုတ်နေ

Posted: 28 Jan 2022 09:45 AM PST

ပုသိမ်၊ ဇန်နဝါရီ ၂၈ ရက်ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက မီတာခတွေ အတင်းတောင်းခံနေပြီး မပေးတဲ့နေအိမ်တွေကို မီတာ ဖြုတ်တာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်ကောင်စီက ဇန်နဝါရီလဆန်းပိုင်းက စတင်ကာ အမှတ် ၂ ရပ်ကွက်ထဲက နေအိမ်တွေကို မီတာလိုက်ဖြုတ် နေတာလို့ ဒေသခံတွေက ပြောပါတယ်။" မီတာကောက်တာက အရင်အကျွေးတွေပါ ပေါင်းကောက်တာ မဆောင်ခဲ့တဲ့ဟာတွေရော ကိုဗစ်တုန်းက လျော့ပေးထားတဲ့ဟာတွေပါ ကောက်တော့ မပေးနိုင်ကျတော့

Friday, January 28, 2022

သစ်ထူးလွင်

သစ်ထူးလွင်


NUCC ညီလာခံ ထောက်ခံသည်ဆိုကာ သာကေတ အမှတ်(၂)ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍ တိုက်ခိုက်

Posted: 27 Jan 2022 09:32 AM PST

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ ပထမအကြိမ် ပြည်သူ့ညီလာခံကိုထောက်ခံသည့်အနေဖြင့် သာကေတမြို့နယ် အမှတ် (၂) ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဦး က သတင်းထုတ်ပြန်သည်။ယနေ့(ဇန်နဝါရီ ၂၇) ည ၈ နာရီ ၁၂ မိနစ်တွင် အာဏာရှင်တော်လှန်ရေးတပ်ဦးအဖွဲ့ဝင်များနှင့် The Boys LPDF တပ်ဖွဲ့ဝင်များသည် ဧရာဝဏ်လမ်းမကြီးပေါ်ရှိ အမှတ် (၂) ရဲစခန်းကို ၄၀(မမ) ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့

မုံရွာမြို့နယ်က ရွာတရွာကို စစ်ကောင်စီမီးရှို့နေလို့ PDF ၄ဖွဲ့က မြို့အနှံ့ တရက်တည်း ဗုံး၂၅လုံးဖောက်ခွဲ

Posted: 27 Jan 2022 09:25 AM PST

မုံရွာ၊ ဇန်နဝါရီ၂၇၊ ၂၀၂၂။မုံရွာမြို့နယ်က ရွာတရွာကို စစ်ကောင်စီမီးရှို့နေလို့ ဒီနေ့မနက် ၉နာရီဝန်းကျင်လောက်ကစပြီး ည ၈နာရီခွဲလောက်အထိ မုံရွာမြို့က ၁၂နေရာ နီးပါးကို ဗုံး ၂၅ လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ ACF Monywa အဖွဲ့တာဝန်ခံဆီက သိရပါတယ်။အဲ့ဒီနေရာတွေထဲမှာ EPC ရုံးနဲ့ မိုင်တဲ တာဝါတိုင်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေရှိတဲ့ နေရာတွေမှာ ဖောက်ခွဲခဲ့တာလို့ ACF Monywa အဖွဲ့တာဝန်ခံက ပြောပါတယ်။"ခွေးများက အရပ်သား

ရေယိုကျေးရွာအတွင်း အသတ်ခံရတဲ့ ရုပ်အလောင်း ၆ခုကို အိမ်သာကျင်းထဲ တွေ့ရှိ

Posted: 27 Jan 2022 09:21 AM PST

Photo - CJကရင်နီပြည် လွိုင်ကော်မြို့နယ် ရေယိုကျေးရွာက နေအိမ်တစ်အိမ်ရဲ့ အိမ်သာကျင်းထဲမှာ အသတ်ခံတဲ့ ရုပ်အလောင်း ၆ခုကို ဒီကနေ့ (ဇန်နဝါရီလ  ၂၇ရက်နေ့) မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ " စိန်မာတင် ဘိုဘွားရိပ်သာ နောက်လမ်း/လူ အိုရုံ လမ်းဗျ။ အဲ့နားက အိမ်တစ်အိမ်ရဲ့ ခြံဝန်းထဲမှာ အမည်မသိ ရုပ်အလောင်း ကျား၆ ဦး အိမ်သာကျွင်းထဲ မှာ ပစ်သတ်ပြီးတော့ ထည့်ထားတာဗျ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အသတ်ခံရတဲ့

မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များ မီးလိုက်ဖြတ်နေဆဲ

Posted: 27 Jan 2022 09:16 AM PST

ဇန်နဝါရီ ၂၇ သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့နယ်အတွင်း  မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များကို ကြိုတင် သတိပေးမှုမရှိဘဲ မီးလိုက်ဖြတ်နေဆဲဖြစ်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၇)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရွှေညောင်မြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အတွင်း လျှပ်စစ်ရုံးမှ  အမျိုးသား ၅ ဦးသည် ကားတစ်စီးနှင့် ရောက်ရှိလာပြီး မီတာစာရွက်များ ဝေကာ ကျသင့်ငွေများကို ချက်ချင်းပေးဆောင်ခိုင်းကြောင်း

ရေဦးမြို့၊အောင်ဆုမွန် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်၏ နေအိမ် စစ်ကောင်တပ်မှ နိုင်ငံ‌တော်ပိုင်အဖြစ်သိမ်း

Posted: 27 Jan 2022 09:13 AM PST

January 27,2022 စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အောင်ဆန်းရပ်ကွက် ၇လမ်းနှင့်၈လမ်းကြားရှိ အောင်ဆုမွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ  ဆရာဦးကျော်ဝင်းအား စစ်‌ကောင်စီတပ်မှ ဖမ်းဆီးသွားပြီးနောက် ယနေ့တွင် နေအိမ်ပါ ချိတ်ပိတ်ကာ နိုင်ငံတော်ပိုင်အဖြစ်သိမ်းယူသည့် စာသားလာကပ်သွားကြောင်း ဒေသခံများမှ သိရသည်။"ဒီနေ့အဲအိမ်ကို ချိတ်လာပိတ်သွားပြီ သိမ်းပြီဆိုတဲ့သဘောပေါ့ ဘယ်သူမှနေခွင့်မရှိတော့ဘူး ပြီးတော့ ဆရာကျော်ဝင်းကိုလည်း

ကွတ်ခိုင်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား

Posted: 27 Jan 2022 09:11 AM PST

January 27,2022ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ခန့်မှစကာရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီး  ကုန်းဆာ ကချင်ရွာနဲ့ ပန်ဆေး ပလောင်ရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း  ဒေသခံများထံမှ သိရသည်။"မနောကွင်းကနေလည်း ကြားရတယ်။ ခုန အိမ်ရောက်တဲ့ ထိ သေနတ် ပစ်သံ တွေ ကြားနေရတယ်။ ဒီ စစ်တပ် ၂၄၁ ကနေ ပစ်ကူပေးနေတယ်။ သေနတ်သံတော့ကြားနနီးနီးလေး ဖြစ်နေတယ်ဆိုတာတော့ သိ

ပေါက်မြို့နယ်မှာ စစ်ကောင်စီကို လိုက်ကြည့်တယ်ဆိုတဲ့ ‌အချက်နဲ့ ပြည်သူ ၁ဦး သတ်ခံရ

Posted: 27 Jan 2022 07:39 AM PST

ပေါက်၊ ဇန်နဝါရီ ၂၇၊ ၂၀၂၂။မကွေးတိုင်း ပေါက်မြို့နယ်က ကျေးရွာတခုက အသက် ၄၀ဝန်းကျင် အမျိုးသားတဦးကို စစ်ကောင်စီက သူတို့ကို လိုက်ကြည့်လို့ဆိုတဲ့ အချက်နဲ့ သတ်ပြီး သုဿန်မှာ ပစ်ထားခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ဇန်နဝါရီ ၂၆ရက် မနေ့က နေ့လယ် ၂နာရီဝန်းကျင်က သတ်ခံလိုက်ရတာဖြစ်ပြီး အမျိုးသား ၂ဦးကို လည်း အကြောင်းမဲ့ဖမ်းသွားတယ်လို့ ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာ ဒေသခံတဦးက ပြောပါတယ်။" ဘာကြောင့်လဲဆိုရင် သူကတဲ့ သူ

လယ်ဇင်ရွာ PDF စခန်း ဝင်စီးခံရပြီး ရွာသား ၆ ဦးကိုဖမ်းဆီးကာ လူ ၂ ဦး ကို ပစ်သတ်

Posted: 27 Jan 2022 07:37 AM PST

ဓာတ်ပုံ- ယနေ့ ဝင်ရောက်စီးနင်းခံရသည့် လယ်ဇင်ရွာ PDF စခန်းတခုမုံရွာ၊ ဇန်နဝါရီ ၂၇မုံရွာမြို့နယ် လယ်ဇင်ရွာဘက်မှ PDF စခန်းတစ်ခုကို ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့၌ အကြမ်း ဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး  ဒေသခံရွာသား  ၆ ဦးကို ဖမ်းဆီးကာ အမည် မသိလူနှစ်ယောက်ကိုလည်း ပစ်သတ် ခဲ့ကြောင်း လယ်ဇင်ရွာဒေသခံများထံမှ သိရသည်။"အခုသိသလောက်က ၆ ယောက် အဖမ်းခံထားရတယ်။ အဲဒီထက်လည်းများနိုင်တယ်။ နှစ်ယောက်သေဆုံးတယ် ဖမ်းခံထားရ

ကန့်ဘလူနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို သူတစ်ဦးတည်းနိုင်သည်ဟု ကြုံးဝါးခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို ပြောက်ကျားတပ်က ရှင်းလင်း

Posted: 27 Jan 2022 07:31 AM PST

ဇန်နဝါရီ - ၂၇စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို သူတစ်ဦးတည်းနိုင်သည်ဟု ကြုံးဝါးခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို KBU UG ပြောက်ကျားတပ်ကရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ယနေ့ ဇန်နဝါရီ (၂၇) ရက် မနက် (၆) နာရီခွဲအချိန်တွင် ကန့်ဘလူနယ်၊ ပျဥ်းတော်ကျေးရွာနေ ပျူစောထီးခေါင်းဆောင် ကျော်မိုးကို ရှင်းလင်းခဲ့ကြောင်း KBU UGကဆိုသည်။" PDF ငါးယောက် သူတစ်ယောက်ထဲ နိုင်တယ်ဆိုတဲ့ ပျဉ်းတော် ပျူ

တမူးမြို့အဝင် (၄) မိုင် စစ်ဆေးရေးဂိတ် အလစ်အငိုက် တိုက်ခိုက်ခံရပြီး စကစ သုံးဦးသေ၊ ဒဏ်ရာရသူ များစွာရှိ

Posted: 27 Jan 2022 07:30 AM PST

 ဇန်နဝါရီ - ၂၇စစ်ကိုင်းတိုင်း တမူးမြို့အဝင် (၄) မိုင် စစ်ဆေးရေးဂိတ်ကို ပကဖ တမူးနှင့် ကျောင်းသားတပ်ဖွဲ့ BSO တို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် သုံးဦးသေပြီး အများအပြား ထိခိုက်ဒဏ်ရာရကြောင်း သတင်းရရှိသည်။ ယနေ့ ဇန်နဝါရီ (၂၇) ရက် မနက် (၁၀) နှင့် (၁၁) နာရီကြားအချိန်တွင် တမူးမြို့အဝင် (၄) မိုင်စစ်ဆေးရေးဂိတ်ရှိ စကစတပ်များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မင်းတပ်- မတူပီလမ်း (၁၆)မိုင်ကြား သွားလာခြင်းမပြုရန် သတိ​ပေး

Posted: 27 Jan 2022 07:28 AM PST

ချင်းပြည်နယ် မင်းတပ်မြို့နှင့် မင်းတပ်-မတူပီလမ်း (၁၆)မိုင်အကြား သွားလာခြင်းမပြုရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၇ ရက်)တွင် ထုတ်ပြန်သည်။ "မင်းတပ်မြို့နေ ပြည်သူများအနေဖြင့် ယနေ့ (Jan 27 ရက်) နေ့လည် ၁၂ နာရီမှစ၍ လုံခြုံဘေးကင်းမှုမရှိသောကြောင့် မင်းတပ်မြို့နဲ့ ၁၆ မိုင်အကြား သွား လာခြင်း မပြုကြပါရန် ပန်ကြားအပ်ပါသည်"ဟု မင်းတပ်မြို့နယ် ပ.အ.ဖ က ဆိုသည်။ မင်းတပ်မြို့အနောက်ရပ်ကွက်

NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို အကြမ်းဖက်စစ်ကောင်စီ ပြန်လွှတ်ပေး

Posted: 27 Jan 2022 07:27 AM PST

(ဦးဟံသာမြင့်ကို အခန်းအနားတစ်ခုတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-NLD)အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို ထိန်းသိမ်းထားဆဲဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းမှု တစ်နှစ်နီးပါးရှိလာချိန်

မန္တလေးရှိ ဘီယာဆိုင် သုံးဆိုင်နှင့် KTV တစ်ခု လက်လုပ်မိုင်းပစ်၊ မီးရှို့၍ သတိပေးခံရ

Posted: 27 Jan 2022 07:21 AM PST

ဇန်နဝါရီ - ၂၇ မန္တလေးမြို့ရှိ စစ်အုပ်စုထောက်တိုင်ဟု နာမည်ထွက်သည့် ဘီယာဆိုင်သုံးဆိုင်နှင့် KTV တစ်ခုကို လက်လုပ်မိုင်းပစ်၊ မီးရှို့ခြင်းတို့ဖြင့် သတိပေးခံခဲ့ရကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်များ အပါအဝင် မန္တလေးမြို့ရှိ ဘီယာဆိုင်များနှင့် KTV များသို့ စစ်အုပ်စုနှင့် မပတ်သက်ရန် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် အသိပေးစာ ထုတ်ပြန်ခဲ့ပြီး မလိုက်နာသည့်ဆိုင်များကို သုံးရက်စောင့်ကြည့်ခဲ့ကြောင်း Justice Mandalay

အမရပူရမြို့နယ်မှ အကွက်မှူးတစ်ဦး အသတ်ခံရ

Posted: 27 Jan 2022 07:18 AM PST

ဇန်နဝါရီ - ၂၇ မန္တလေး အမရပူရမြို့နယ်မှ အကွက်မှူးတစ်ဦး ယနေ့ အသတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။ ရဲလွန်းကျော်အုပ်စု၊ ဘုံးအိုးကျေးရွာ အနောက်ရပ်ကွက်၏ အကွက်မှူး အသက် (၅၅)နှစ်အရွယ် ဦးခင်မောင်ဌေးဆိုသူ အသတ်ခံရခြင်းဖြစ်ပြီး ဘယ်ဘက်မျက်စိ၊ ညာဘက်နားတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပြုလုပ်သည်ကို မသိရသေးဘဲ ဘုံးအိုးကျေးရွာနှင့် ရဆနာဂူ့

"အောင်ချမ်းသာကျေးရွာတွင် ဖမ်းဆီးနှိပ်စက်ထား၍ လမ်းတောင်မလျှောက်နိုင်သောလူငယ်ကို အကြမ်းဖက်စစ်တပ်က ကတုံးတုံးပြီး ခေါ်ဆောင်သွား"

Posted: 27 Jan 2022 07:14 AM PST

ဇန်နဝါရီ(၂၅)ရက်နေ့က အကြမ်းဖက်စစ်တပ် အရာတော်မြောက်ပိုင်း၊ အောင်ချမ်းသာကျေးရွာသို့ ရောက်ရှိလာပြီး ရွာထိပ် ရာပြည့်ဘုရားဝင်းတွင် တပ်စွဲစခန်းချကာ ရွာခံပြည်သူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ထိုသို့ နှိပ်စက်စစ်ဆေးရာတွင် အသက်(၂၃)နှစ်အရွယ် အောင်ချမ်းသာရွာခံ၊မောင်သော်ဇင်ထွန်း(ခ)ငသော် သည် ဆိုးဆိုးဝါးဝါးနှိပ်စက်ခံထားရကြောင်း ပြန်လည်လွတ်မြောက်လာသူများထံမှ သိရှိရသည်။"သွေးတွေရဲနေတာပဲ။ ဓားနဲ့ မွှမ်းပြီး သူ့ကို PDF

ပရဒတ်ရွာမှာ ပြည်သူတစ်ဦးကို ပျူစောထီးအဖွဲ့ပစ်သတ်

Posted: 27 Jan 2022 07:12 AM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၂၇ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ပရဒတ်ရွာမှာ အသက် ၄၆ နှစ်အရွယ်အမျိုးသားတစ်ဦးကို ပျူစောထီးအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ နံနက် ၁၀ နာရီဝန်းကျင်က ပရဒတ်ရွာမှာရှိတဲ့ ဥယျဥ်ခြံမှာ သစ်ပင်ရေလောင်းနေတဲ့ ဦးကျော်ဝင်း (ရွာခေါ်နာမည် ဖပလက်) ကို ပျူစောထီးအဖွဲ့ဝင်တွေလာရောက်ပစ်သတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ "မနက်၁၀နာရီ ၁၅လောက်မှာ

အသံတိတ်သပိတ်နေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ နံနက် ၁၀ နာရီခွဲမှရုံးတက်ပြီး ညနေ ၃ နာရီခွဲရုံးပြန်ဖို့ ညွှန်ကြား

Posted: 27 Jan 2022 07:10 AM PST

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၂၇ အသံတိတ်သပိတ်ပြုလုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်မှာ ထားဝယ်မြို့က ဌာနဆိုင်ရာဝန်ထမ်းတွေကို နံနက် ၁၀ နာရီခွဲမှ ရုံးတက်ဖို့နဲ့ ညနေ ၃ နာရီခွဲမှာ ရုံးဆင်းဖို့ ဖုန်းဆက်ညွှန်ကြားတာတွေရှိနေတယ်လို့ သိရပါတယ်။ ထားဝယ်မြို့မှာရှိတဲ့ ဌာနဆိုင်ရာအသီးသီးကို ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖုန်းဆက်ညွှန်ကြားနေတာဖြစ်တယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းကနေသိရပါတယ်။ အာဏာသိမ်းတစ်နှစ်ပြည့်နေ့

အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၀) ကျော်သေဆုံးခဲ့သော ချင်းတွင်းမြစ်ကြောင်းတစ်လျောက်တိုက်ပွဲ (ရုပ်သံ)

Posted: 27 Jan 2022 07:01 AM PST

ဇန်နဝါရီ ၂၇ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာသော စကစရေယာဥ်များအား ယနေ့ မနက် ၁၁ နာရီခန့်က ကဲဒေါင်ရွာနှင့် ရေသာရွာသစ်ရွာကြားတွင် KLG PDF -Kani နှင့် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။အဆိုပါတိုက်ပွဲအတွင်း " စကစဘက်မှ အနည်းဆုံး (၂၀) ခန့် မရဏလမ်းသို့ ပေးပို့နိုင်ခဲ့ကြောင်းနှင့် စကစစက်လှေတစ်စီး KLG PDFအဖွဲ့ရဲ့ လက်လုပ်40စာမိပီး မီးများဆွဲလောင်‌နေ

ကျွန်းလှမြိုနယ်နှင့် တန့်ဆည်နယ်အစပ်တွင် စစ်ကောင်စီအုပ်စုအား ကျွန်းလှ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စနိုက်ပါသမားအပါအဝင် (၆) ဦးသေဆုံး

Posted: 27 Jan 2022 06:55 AM PST

Photo - အကြမ်းဖက်စစ်သားများ (ပုံဟောင်း) ဇန်နဝါရီ ၂၇စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်နှင့် တန့်ဆည်နယ်အစပ် ညောင်ကိုင်း အင်တိုင်းရွာအနီးတွင် အကြမ်းဖက်စစ်အုပ်စုအား ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့က ကျွန်းလှ PDF မှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စနိုက်ပါသမားအပါအဝင် စကစတပ်သား (၆) ဦးသေဆုံးပြီး (၂၆) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။" စနိုက်ပါသမားမှာ ကျွန်းလှဆေးရုံအရောက်တွင် သေဆုံးသွားခဲ့

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီပေးသည့် မည်သည့် ယာဥ်မျိုးကိုမဆို အရေးယူမည်ဟု ရေဦး PDF ထုတ်ပြန်

Posted: 27 Jan 2022 06:53 AM PST

ဇန်နဝါရီ ၂၇၊ ၂၀၂၂။စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကူညီပေးသည့် မည်သည့်ယာဥ်မျိုးကိုမဆို အရေးယူတော့မည်ဖြစ်ကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီကျော်ခန့်တွင် ရေဦးမြို့နယ် သရက်ပင်ရွာ၌  ဒဏ်ရာရရှိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီပို့ဆောင်ပေးခဲ့သော ပုညကုသလနာရေးအသင်းအား စတင်သတိပေးလိုက်ခြင်း ဖြစ်သည်။"ကျွန်တော်တို့ဘက်

မတူပီ-မင်းတပ်လမ်းပေါ်၌ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

Posted: 27 Jan 2022 06:51 AM PST

မတူပီ-မင်းတပ်လမ်းပေါ်၌ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ဟု မတူပီ CDF က ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ယမန်နေ့ ဇန်နဝါရီလ ၂၆ရက် နံနက် ၉ နာရီတွင် မတူပီ-မင်းတပ် လမ်းမ အတိုင်း မတူပီတပ်စခန်းမှ စတင်ထွက်ခွာလာသော စစ်ယာဉ်တန်းကို CDF Matupi မှ မိုင်တိုင် (၈၀) အရောက်၌ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း

တာချီလိတ် ဈေးဆိုင်ခန်းများ ဖေဖော်ဝါရီလ ၁ ရက် မပိတ်ရန် လက်မှတ်လိုက်ထိုးခိုင်း

Posted: 27 Jan 2022 06:49 AM PST

မဲခေါင်၊ ဇန်နဝါရီ ၂၇စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ် - Silent Strike ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်တွင် တာချီလိတ်မြို့ရှိ ဈေးဆိုင်များ မပိတ်ရန် စည်ပင်၊ ရဲနှင့် ထွေအုပ်ပေါင်းကာ ဇန်နဝါရီလ ၂၇ ရက်က လက်မှတ်လိုက်ထိုးခိုင်းနေကြောင်း သိရသည်။တာချီလိတ်မြို့နယ်အတွင်းရှိ ဈေးများမှ ဆိုင်ခန်းများသာမက ပြင်ပတွင်ဖွင့်လှစ်ထားသည့် ဈေးဆိုင်နှင့် လုပ်ငန်းများကိုပါ မပိတ်ရန် လက်မှတ်လိုက်ထိုးခိုင်းခြင်းဖြစ်ကြောင်း

အသံတိတ်သပိတ်တွင် မပါဝင်ရန် ဈေးဆိုင်နှင့် လုပ်ငန်းများကို ရှမ်းစည်ပင်ညွှန်မှူး ညွှန်ကြား၊ ပါဝင်ပါက အရေးယူမည်ဟု ခြိမ်းခြောက်

Posted: 27 Jan 2022 06:47 AM PST

မဲခေါင်၊ ဇန်နဝါရီ ၂၇စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသသည့် အသံတိတ်သပိတ်တွင် ရှမ်းပြည်နယ်အတွင်းမှ ဈေးဆိုင်နှင့် လုပ်ငန်းများ ပါဝင်ခြင်းမပြုရန် ရှမ်းပြည်နယ်စည်ပင် ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဇန်နဝါရီလ ၂၆ ရက်က ညွှန်ကြားချက်ထုတ်ပြန်ထားသည်။အသံတိတ်သပိတ်တွင် ဈေးဆိုင်များ၊ လုပ်ငန်းများပိတ်ကာ ပါဝင်ခြင်းမပြုနိုင်ရန်အတွက် ရည်ရွယ်ကာ ပုံမှန်ပိတ်ရက်များမှအပ အခြားရက်များတွင် မပိတ်ရန်နှင့် စစ်အာဏာရှင်ဆ

လွိုင်ကော်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ တပ်သား ၁ဦးသေ

Posted: 27 Jan 2022 06:45 AM PST

မဲခေါင်၊ ဇန်နဝါရီ ၂၇ကယားပြည်နယ်၊ လွိုင်ကော်မြို့ နယ်၊ မှုံပြာကန် အနီးသို့ စစ်ကောင်စီတပ်များက ယနေ့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ဒီမောဆို - DMO – PDF ဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း DMO-PDF က သတင်းထုတ်ပြန်သည်။စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် DMO-PDF က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါထိမှန် သေဆုံးသွားကြောင်း ထုတ်ပြန်

မြန်မာစစ်တပ်ဆက်စပ်နေသော စီးပွါးရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းမှုများ မပြုလုပ်ရန် အမေရိကန် သတိပေး

Posted: 27 Jan 2022 06:44 AM PST

ဓာတ်ပုံ_CJ - "မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး" ကမ်ပိန်းတွင် ပါဝင် ဆန္ဒပြခဲ့ကြသော ပြည်ပရောက် မြန်မာနိုင်ငံသားများ (အဟောင်း)ဇန်နဝါရီ ၂၇ ရက် စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်ကြာချိန်အထိ  မြန်မာနိုင်ငံအတွင်း စစ်တပ်နှင့်ဆက်စပ်နေသော စီးပွါးရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်းများသည် အန္တရာယ်များလွန်းသည်ဟု အမေရိကန်အစိုးရမှ ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။  

Wednesday, January 26, 2022

သစ်ထူးလွင်

သစ်ထူးလွင်


အကြမ်းဖက်စစ်အုပ်စုအား ထောက်ပံ့ကူညီပေးနေသော လက်နက်ပွဲစား ၉ ဦး၏ အမည်စာရင်း NUG ကြေညာ၊ စီးပွားရေးလုပ်ငန်းများကို အမည်ပျက်စာရင်းသွင်း

Posted: 25 Jan 2022 08:49 AM PST

အကြမ်းဖက်စစ်အုပ်စုအား ထောက်ပံ့ကူညီပေးနေသော လက်နက်ပွဲစား ၉ ဦး၏ အမည်စာရင်းများကို ကြေညာပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်မှုနှင့်စစ်ရာဇဝတ်မှုကို အားပေးသောလုပ်ငန်းများအဖြစ် အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်လိုက်သည်။ ၎င်းတို့သည် နိုင်ငံတော်ပုန်ကုန်မူနှင့် စစ်ရာဇဝတ်မူများကျုးလွန်ထားသည့် အကြမ်းဖက်စစ်အုပ်စုကို လက်နက်ဝယ်ယူရရှိနိုင်ရေးအတွက်

Data နှုန်းထားများ အဆမတန်တိုးမြှင့် ကောက်ခံမှုကို တုန့်ပြန်သွားမည်ဟု မန္တလေး M.P.F အဖွဲ့ သတိပေး

Posted: 25 Jan 2022 08:47 AM PST

(စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း Mytel တာဝါတိုင်တစ်ခု တိုက်ခိုက်ခံရသည်ကို ၂၀၂၁ စက်တင်ဘာ ၁၀ရက်က တွေ့ရစဥ် ၊ဓာတ်ပုံ-CJ)Telecom ကုမ္ပဏီများက အာဏာသိမ်းစစ်ကောင်စီအလိုကျ Data နှုန်းထားများကို အဆမတန်တိုးမြှင့် ကောက်ခံ နေကြောင်း တိုင်ကြားမှုများရှိ၍ မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းပြီး တုန့်ပြန်မည်ဟု Mandalay Phoenix Force - M.P.F အဖွဲ့က သတိပေးလိုက်သည်။ပြည်သူအများစုက Wifi ကို အားထားအသုံးပြုနေချိန်တွင်

အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် အသံတိတ်တိတ်၊ အသံ ထွက်ထွက် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်

Posted: 25 Jan 2022 08:45 AM PST

ဇန်နဝါရီ ၂၅ ရက်စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အသံတိတ်လျှင်သော်လည်းကောင်း၊ အသံထွက်လျှင်သော်လည်းကောင်း နိုင်ငံတော်ပုန်ကန်မှုဥပဒေအပါ အဝင် အခြားပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲဆို ဆောင် ရွက်မည်ဖြစ်ကြောင်း  ၎င်းတို့ထိန်းချုပ်ထားသည့်မီဒီယာများကတဆင့် ယနေ့တွင် ခြိမ်းခြောက်ထုတ်ပြန်ထားကြောင်း သိရသည်။အဆိုပါနေ့တွင် အသံမထွက်တိတ်ဆိတ်ခြင်းသပိတ်ပြု လုပ်သူများကိုအရေးယူမည်ဖြစ်သလိုအသံထွက်၍

ရှမ်းတောင်၌ CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခုလျှင် ဒလန် ၃ ဦးနှင့်အထက်ဖြင့် ဖွဲ့စည်းရန် စစ်ကောင်စီပြင်ဆင်နေ

Posted: 25 Jan 2022 08:43 AM PST

ပုံအညွှန်း - တောင်ကြီးတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်က စစ်တပ်ထောက်ခံသူများဆန္ဒပြနေစဉ်မဲခေါင်၊ ဇန်နဝါရီ ၂၅ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခုလျှင် ဒလန် ၃ ဦးနှင့်အထက် ဖွဲ့စည်းရန် စစ်ကောင်စီပြင်ဆင်နေကြောင်း စစ်ကောင်စီအသိုင်းအဝိုင်း၏ သတင်းပေးများထံမှ သိရသည်။ရှမ်းတောင်ရှိမြို့နယ်များတွင် CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခု၌ အနည်းဆုံး ဒလန် ၃

သထုံမြို့နယ်မှာ ရှေ့တန်းထွက်သည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၊ ၇ ဦးသေ၊ ၄ ဦးဒဏ်ရာရ

Posted: 25 Jan 2022 08:39 AM PST

ဓာတ်ပုံ - KNU နယ်မြေထဲ ရှေ့တန်းထွက်သည့်စစ်ကောင်စီကားတချို့ကိုတွေ့ရစဉ်။ (Photo: Saw Welkoe / Facebook) ဇန်နဝါရီလ ၂၅ ရက်နေ့ ၊ ၂၀၂၂မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်နှင့်ဘိုခမ်းကွင်းကြား ယမန်နေ့  ၂၄ ရက်နေ့ည ၁၂ နာရီ ၅၀ အချိန်တွင် ကျိုက်ထိုဖက်မှလာသော စစ်ကောင်စီယာဉ်တန်းကို KNLA တပ်ရင်း ၂ တပ်ခွဲ ၃ ပူးပေါင်းတပ်ဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်တာကြောင့်စစ်ကောင်စီဖက်မှ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့

ရွှေဘို ရွာစိုးရွာကို စစ်အုပ်စုက စီးနင်းဝင်ရောက်ကာ ဒေသခံများကို သတ်ဖြတ်ပြီး ရွာကို မီးရှို့၊

Posted: 25 Jan 2022 08:32 AM PST

ဇန်နဝါရီ - ၂၅စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွာစိုးရွာကို စစ်အုပ်စုက ယမန်နေ့ ဇန်နဝါရီ(၂၄)ရက် မနက်ပိုင်းမှ စတင်ကာ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ရွာသူရွာသားများကို ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။"တစ်ရွာလုံးလည်း ပြေးနေရတယ်။ လူလေးယောက် အသတ်ခံရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ဒေသခံများ ထွက်ပြေးနေရသလို အဆက်အသွယ် ပြတ်တောက်နေသဖြင့်

ဆားလင်းကြီးတွင် စကစကားကို မိုင်းအလုံး (၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စကစ (၇)ဦးသေဟုဆို

Posted: 25 Jan 2022 08:30 AM PST

ဆားလင်းကြီး - ညောင်ပင်ကြီးလမ်းတွင် မိုင်းဆွခြံရပြီးနောက် စကစများ ကျန်ရစ်သည့် ဦးထုပ်များ/ Photo - Salingyi G-Z Local PDFဇန်နဝါရီ - ၂၅စစ်ကိုင်းတိုင်း မုံရွာမြို့၏ မြစ်တဖက်ကမ်း ဆားလင်းကြီးမြို့နယ်တွင် စကစများ လိုက်ပါလာသည့် ကားတစ်စီးကို  မိုင်းအလုံး (၂၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ (၇)ဦး သေကြောင်း ဆာလင်းကြီး G-Z ပြောက်ကျားတပ်ဖွဲ့  Salingyi G-Z Local PDF က သတင်းထုတ်ပြန်သည်။ယနေ့ ဇန်နဝါရီ(၂၅)ရက်

ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံး လုပ်ဆောင်မည့် အသံတိတ်သပိတ် အစီအစဉ်ကို အာဏာသိမ်းအဖွဲ့က ကြောက်လန့်တကြား လိုက်လံ တားမြစ်နေ

Posted: 25 Jan 2022 08:28 AM PST

လာမည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာသိမ်းခံရမှု တစ်နှစ်ပြည့်အဖြစ် လူထုက လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာတော်လှန်ကြမည့်  Silent Strike ကို  အာဏာသိမ်းစစ်ကောင်စီက ကြောက်လန့်တကြားဖြင့် ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လိုက်လံတားမြစ်နေသည်ကို တွေ့ရသည်။အာဏာသိမ်းခံရသည့် တစ်နှစ်ပြည့်မည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင်  စစ်အာဏာရှင်ပြုတ်ကျ‌ရေး အသံတိတ်သပိတ် (Silent Strike)

စေတုတ္တရာနှင့် ငဖဲနယ်တွင် စစ်ဆိုင်ထားဆဲဖြစ်၍ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေရန် PRA သတိ​ပေး

Posted: 25 Jan 2022 08:27 AM PST

မ​ကွေးတိုင်းရှိ ငဖဲ-စေတုတ္တရာကားလမ်းတလျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်နီးကပ်စွာရှိမနေရန်အပါ အဝင်ဒေသနေပြည်သူများရှောင်ရန် အချက်များကိုလူထုတော်လှန်ရေးမဟာမိတ် (PRA) က ယနေ့ ထုတ်ပြန်သည်။ စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီ ၂၄ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်နေဆဲဖြစ် သည်ဟု PRAက ဆိုသည်။ ထို့ကွော

ကျောက်ထုနယ်​မြေ တိုက်ပွဲတွင် ​လေးရက်အတွင်း ​စစ်​ကောင်စီတပ်သား ၂၂ဦး​သေဟု PDF​ပြော

Posted: 25 Jan 2022 08:25 AM PST

မကွေးတိုင်း ကျောက်ထုနယ်မြေတိုက်ပွဲတွင် ​လေးရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ဦးထက်မနည်းသေဆုံးကြောင်း ကျောက်ထု PDFက ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန် သည်။ "လက်ရှိ စစ်ခွေးတွေရဲ့အနေအထားက ကျောက်ထု အမြှောက်တပ်မှာ ပြန်စုနေတယ်။သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေကိုပါ အမြှောက်တပ်ထဲ ထည့်ထားတယ်။ကျွန်တော်တို့ဘက်က ဒီလေးရက်အတွင်း သုံးယောက်ကျပါတယ်ဗျ"ဟု ကျောက်ထု PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့

မကွေးတိုင်းအတွင်း ကြက်၊ ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်မှအစ အမျိုးသမီးလုံချည်အဆုံး လှည့်ပတ်ခိုးယူနေသည့် စစ်ကောင်စီ တပ်နှင့် ကျောက်ထု PDF တို့ (၄)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

Posted: 25 Jan 2022 08:22 AM PST

မကွေးတိုင်းအတွင်း ကျေးရွာများအထိ စစ်ကြောင်းထိုးကာ နေအိမ်များကို ဖျက်ဆီးပြီး ကြက်၊ ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်မှအစ အမျိုးသမီးလုံချည်(ထဘီ)အဆုံး လှည့်ပတ်ခိုးယူနေသည့် စစ်ကောင်စီ တပ်နှင့် ကျောက်ထု PDF သို့ (၄)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ များပြားကြောင်း ကျောက်ထု PDF က ယနေ့ ဇန်နဝါရီလ(၂၅) ရက်တွင် သတင်း ထုတ်ပြန်လာသည်။ အကြမ်းဖက် စစ်ကောင်စီတပ်သည် ဇန်နဝါရီ (၂၂)ရက်က ကြီး

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအား အာဏာသိမ်းအဖွဲ့က အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

Posted: 25 Jan 2022 08:18 AM PST

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိမှုဖြင့်  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အမှုဖွင့်သည်ဟု သိရသည်။အာဏာသိမ်းစစ်ကောင်စီ လက်အောက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို နေပြည်တော်ရှိ ဘုရားကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သိရသည်။ပြီးခဲ့သည့်

အကြမ်းဖက်စစ်ကောင်စီတပ်က မြိုင်နှင့်ပေါက်မြို့နယ်တဝိုက်မှ ရေနံတွင်းများကို မီးရှို့မှုများဆက်တိုက်လုပ်နေ

Posted: 25 Jan 2022 05:07 AM PST

ဓာတ်ပုံ-အကြမ်းဖက်စစ်တပ်က  ရေနံတွင်းများကို မီးရှို့ဖျက်ဆီးထားစဉ်မကွေး၊ ဇန်နဝါရီ ၂၅မကွေးတိုင်း မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်မှ ရေနံတွင်းများကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးနေသည်မှာ တစ်ပတ်ကျော်နေပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။စစ်ကောင်စီတပ်များက မြိုင်မြို့နယ်အနောက်ပိုင်းနှင့် ပေါက်မြို့နယ်တို့ကို ဝင်ရောက်မွှေနှောက်နေပြီး လူရှိနေသည့်ရေနံတွင်းများ ကို ရေနံတွင်း တစ်ခုလျှင် ငွေကျပ်

အင်းတော်၌ PDF အယောင်ဆောင်ငွေကောက်နေသည့် ပျူစောထီး (၂) ဦးကို ဖမ်းဆီးရမိ

Posted: 25 Jan 2022 05:06 AM PST

အင်းတော်၊ ဇန်နဝါရီ ၂၅စစ်ကိုင်းတိုင်း၊ အင်းတော်မြိုနယ်၌ PDF အယောင်ဆောင် ငွေကြေးကောက်ခံနေသည့် ပျုစောထီးတပ်ဖွဲဝင် (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု အင်းတော်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ယမန်နေ့ ဇန်နဝါရီ(၂၄) ရက်က  အင်းတော်မြိုနယ်၊ စက်တောကုန်းကျေးရွာအနီး လက်နက်ကိုင်လူတစ်စုမှ အချိန်လွန်ခရီးသွားယာဉ်များကို PDF အမည်ခံ၍ အဓမ္မငွေကြေးကောက်ခံနေကြောင်း သတင်းရသည့်အတွက် အင်းတော် PDF က သွားစစ်ဆေး

အရာတော်ပူပေါင်းအဖွဲ့ ဖမ်းမိတဲ့ပျူစောထီးတဦး ထွက်ပြေးမယ်ကြံလို့ သုတ်သင်ခံရ

Posted: 25 Jan 2022 05:04 AM PST

အရာတော်၊ ဇန်နဝါရီ၂၅၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲမှာ စစ်ကြောင်းထွက်နေတဲ့ စစ်ကောင်စီယာဥ်တန်းကို ဒေသခံပူးပေါင်းတပ်ဖွဲ့တွေကအခုလ ၂၃ ရက်နေ့မနက်စောစောက စောင့်ကြိုတိုက်ခိုက်စဥ်ဖမ်းမိတဲ့ ပျူစောထီးတယောက် ထွက်​ပြေးဖို့ ကြိုးစားတဲ့အတွက် သုတ်သင်ခဲ့ရတယ်လို့ ပူးပေါင်းအဖွဲ့ဆီက ​သိရပါတယ်။အောင်သာကုန်းကျေးရွာကနေ ဖောကား ၂ စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို  ကျောက်စရစ်ကန်ရွာနဲ့ ဝါး

Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းကို အရေးယူမယ်လို့ စစ်ကောင်စီ ဖိအားပေး

Posted: 25 Jan 2022 05:03 AM PST

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅)မွန်ပြည်နယ်မှာ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း မိသားစုဝင်တွေ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ဝန်ထမ်းတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ဖိအားပေးလာကြောင်း ရုံးတက်နေတဲ့ ဝန်ထမ်း မိသားစုဝင်တွေက ပြောပါတယ်။စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ ရုံးတက်နေတဲ့ Non CDm ဝန်ထမ်း မိသားစုဝင်တွေအနေနနဲ့ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြဖို့ ဆက်တိုက် ဖိအားပေးလာတာ ဖြစ်ပါတယ်။ရုံးတက်နေတဲ့ Non CDM ဝန်ထမ်း

NUG နဲ့ PDF လှုပ်ရှားမှု သတင်းမတင်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်လာ

Posted: 25 Jan 2022 05:02 AM PST

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅)မွန်ပြည်နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပတ်သက်ဆက်သွယ်သူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှု သတင်း မတင်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့မယ်လို့ စစ်တပ်ဘက်က ခြိမ်းခြောက်လာကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။NUG အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ ကူညီထောက်ပံ့နေသူတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုနဲ့ ဖမ်းဆီးရရှိမှု

မင်းကင်းမြို့နယ် ကူလဲကျေးရွာတွင် ဒလန် (၂) ယောက်ထပ်မံအသတ်ခံရ မိုးကြိုးမုန်တိုင်းအဖွဲ့မှ ရှင်းလင်းခဲ့ဟုဆို

Posted: 25 Jan 2022 05:13 AM PST

ဇန်နဝါရီ ၂၅စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကူလဲကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီအား အထောက်ကူပြုနေသော ပျူစောထီးအဖွဲ့ဝင် ဒလန်( ၂) ယောက်အား မိုးကြိုးမုန်တိုင်းအဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။မင်းကင်းနယ် ကူလဲကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက်ဒီကနေ့ ၉ နာရီဝန်းကျင်က စစ်ကောင်စီအားပေး ပျူစောထီးအဖွဲ့ဝင်ဒလန် (၂)ယောက်ရှင်းလင်းခဲ့ကာ သားဖြစ်သူကပျူစောထီးဖြစ်ပြီး အမေက စစ်တပ်ကိုအထောက်ပံပေးနေသူဟု သတင်း

စစ်ကောင်စီစစ်ကြောင်းကိုစောင့်တိုက် ၆ ဦးသေပြီး ၁၂ ဦးဒဏ်ရာရကာ တပ်ဆုတ်ပြေး

Posted: 25 Jan 2022 04:57 AM PST

စေတုတ္တရာ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၂။မကွေးတိုင်းစေတုတ္တရာမြို့နယ်၊ သက္ကကျင်းရွာအနောက်တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတွေကို ဇန်နဝါရီလ  ၂၄ရက်နေ့နေ့လယ်က စောင့်ကြိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စီ ၆ ဦးသေကာ ၁၂ဦးပြင်းထန်ဒဏ်ရာရရှိပြီး တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ ​PRA-မကွေး ရဲ့တာဝန်ရှိသူက ပြောပါတယ်။နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတာကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ကြတာလို့ သိရပါတယ်

ရွှေဘိုမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦးသေဆုံး၊ ပြည်သူ နှစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်

Posted: 25 Jan 2022 04:56 AM PST

 ရွှေဘို၊ ဇန်နဝါရီ ၂၅၊ ၂၀၂၂။ ရွှေဘိုမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၂၄ ရက် မနေ့က မနက် ၈ နာရီခွဲက စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာကထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေကို ဇီးဖြူကုန်းရွာနဲ့ ရွာစိုးရွာအကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်ခတ်ခဲ့တယ်လို့  SNAKE EYES-PDF (SHWEBO)  ရဲ့

ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး တစ်ရက်ထဲမှာ စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် (၃) ကြိမ်လာရောက်ပစ်ခတ်ခဲ့

Posted: 25 Jan 2022 04:54 AM PST

Photo - CJယမန်နေ့ ( ဇန်နဝါရီလ ၂၄ရက်နေ့) ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ စံပြ၆မိုင်အုပ်စုမှာ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် (၃)ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF က ဇန်နဝါရီလ ၂၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ထိခိုက်ကျဆုံးမှုများပြားခဲ့တဲ့ စစ်ကောင်စီဟာ ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကြောင်းထိုး

မိုင်းကိုင် ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲ

Posted: 25 Jan 2022 04:51 AM PST

ဇန်နဝါရီ ၂၅သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ရှိ အထွေထွေမြို့နယ် အုပ်ချုပ်ရေးရုံးအနီးတွင် ယမန်နေ့ (ဇန်နဝါရီ ၂၄)ရက် ညတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ ဇန်နဝါရီ (၂၄)ရက် ည (၁၀)နာရီခွဲခန့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း မိုင်းကိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။"တော်တော်တော့ အသံကျယ်တယ်။ မြေတောင် တုန်သွားတယ်။ တစ်ချက်ပဲ ကြားရ

သျှမ်းမြောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ငွေကြေးကောက်ခံမှုရှိနေ

Posted: 25 Jan 2022 04:49 AM PST

ဇန်နဝါရီ ၂၅သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ပြည်သူများထံ ဖုန်းဆက်အကြောင်းကြားကာ ဆက်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။ဇန်နဝါရီလပိုင်းက စတင်ပြီး SSPP နှင့် TNLA တို့တပ်ဖွဲ့ ကို အမည်ခံကာ ဖုန်းဆိုင်များ၊ ရွှေဆိုင်များကို ငွေတောင်းပြီး Kpay သို့မဟုတ် wave money မှ တဆင့် ငွေလွှဲပေးရန် ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း နမ့်ခမ်းဒေသခံများက

ကော့ကရိတ်မြို့နယ် NLD ပါတီ (EC) အဖွဲ့ဝင် နော်စေးဖောအား စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေး

Posted: 25 Jan 2022 04:48 AM PST

Photo- နော်စေးဖော FBဇန်နဝါရီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ၏ EC အဖွဲ့ဝင်နှင့် အမျိုးသမီး ရေ ရာကော်မတီ ဥက္ကဋ္ဌ ဖြစ်သော နော်စေးဖောအား စစ်ကောင်စီက ဖမ်းပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေးထား ကြောင်း သိရသည်။နော်စေးဖောအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် ညဉ့်သန်းခေါင် ချိန်တွင် ၎င်းတိမ်းရှောင်နေသည့် ကော့ကရိတ်မြို့တောင်ပိုင်း အံဖကြီးရွာတွင် စစ်

ကနီနယ်အတွင်း စစ်ကောင်စီတပ်မှ လူနေအိမ် ၄၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့

Posted: 25 Jan 2022 04:46 AM PST

January 24,02022စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ မုဌောရွာနှင့် နတ်ကြီးရွာမှ  လူနေအိမ် ၄၀ ကျော်အား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးလိုက်သည့်အပြင် ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မူများ ပြုလုပ်ခဲ့သည့်အတွက် မီးဘေးသင့်ပြည်သူများအပါအဝင် ပြည်သူစုစုပေါင်း ၈၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများမှ သိရသည်။"စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီးတော့ရေယာဉ်ရှစ်စီးနဲ့ ကနီ