Monday, November 30, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဓားထိုးမှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

Posted: 29 Nov 2020 11:13 AM PST

နေပြည်တော်  ၂၉  နိုဝင်ဘာရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီ ၅၅ မိနစ်က ဓားထိုးမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဒေါ်လဲ့လဲ့ဦး(၄၇)နှစ်သည် ခင်ပွန်းဖြစ်သူ ဦးအောင်မျိုးသန်းနှင့်အတူ မိခင်ဖြစ်သူ ဒေါ်မြထွေးအား ဆေးခန်းသို့ လိုက်လံပို့ဆောင်ရန် မိခင်ဖြစ်သူနေအိမ်သို့ သွားရောက်စဉ် ရှင်တစ်ရာလမ်းပေါ်အရောက်

သက်တမ်းအရှည်ဆုံး ဝန်ကြီးကတော်ဟောင်း ဒေါ်ခင်ကြည်ကြည်

Posted: 29 Nov 2020 10:34 AM PST

ဒေါ်ခင်ကြည်ကြည် (၈၅)နှစ် အရွယ် နေအိမ်မှာဒေါ်ခင်ကြည်ကြည်ကို ဦးသိန်းဖေမြင့်ရဲ့ ဇနီးအဖြစ် သိသူများပါတယ်။ တကယ်က သူဟာ ဗမာ့အမျိုးသားတပ်မတော် (ဘီအန်အေ) ရဲ့ အစောဆုံး အမျိုးသမီးတပ်ဖွဲ့မှာ ပါသလို မြန်မာ့ နိုင်ငံရေးမှာ ပါတီဗဟိုကော်မတီဝင်နေရာကို အစောဆုံးရတယ်လို့ ဆိုနိုင်တဲ့ အမျိုးသမီးနိုင်ငံရေးသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသူဟောင်းတွေထဲမှာလည်း အသက် (၁ဝဝ) တမ်းထိ နေသွားသူအဖြစ် ကလေး

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီကို ပြင်ဆင်ဖွဲ့စည်းပေးဖို့ အလုပ်သမားအရေး လှုပ်ရှားသူအချို့ တောင်းဆို

Posted: 29 Nov 2020 10:21 AM PST

 အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီကို ပြင်ဆင်ဖွဲ့စည်းပေးဖို့ အလုပ်သမားအရေး လှုပ်ရှားသူအချို့ တောင်းဆိုအလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးတွေမှာ ဆုံးဖြတ်ချက်ပေးတဲ့ ခုံသမာဓိကောင်စီ အဆုံးဖြတ်တွေဟာ အဂတိမကင်းဘူးလို့ ယူဆတဲ့အတွက် ပြင်ဆင်ဖွဲ့စည်းပေးဖို့ကို အလုပ်သမားရေး လှုပ်ရှားတဲ့ အဖွဲ့အချို့က တောင်းဆိုလိုက်ပါတယ်၊ဒါအပြင် လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ခုံသမာဓိကောင်စီ

မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ ၉၀,၀၀၀ နီးပါးရှိ

Posted: 29 Nov 2020 10:17 AM PST

ရန်ကုန်မြို့မှာ COVID-19 စစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းအချို့။ (အောက်တိုဘာ ၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၉၀,၀၀၀ နီးပါး ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၅၀၉ ယောက်ရှိတာကြောင့် စုစုပေါင်း ရောဂါကူးစက်ခံရသူဦးရေဟာ ၈၉,၄၈၆ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူ မယူ အလားအလာ

Posted: 29 Nov 2020 10:16 AM PST

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဇူလိုင် ၁၉၊ ၂၀၁၈)တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လာမယ့်နှစ်မှာ အနားယူမယူအပေါ် သောကြာနေ့က တပ်မတော် သတင်းစာရှင်းလင်းပွဲထဲ မေးခဲ့ရာမှာ တပ်မတော်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေအတိုင်း ဖြစ်မှာပါလို့ ဆိုလိုက်တာက ဘယ်လိုအဓိပ္ပာယ်ထွက်ပြီး အရေးပါတာကို သုတေသီတဦးနဲ့ တပ်မတော်အရာရှိ ဝန်ကြီးဟောင်းတဦးကို ကိုဝင်းမင်း

ရှမ်းတိုင်းရင်းသား​ရေးရာဝန်ကြီး စီးလာသည့်ကား တိမ်းမှောက်

Posted: 29 Nov 2020 10:12 AM PST

ဓာတ်ပုံအညွှန်း_ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင် ဟုမ္မလင်းမြိို့ ကိုဗစ်ကာကွယ်ရေးစင်တာ တစ်ခုသို့ ကိုဗစ်ပထမလှိုင်းကာလ ဝင်ရောက်စစ်ဆေးစဉ်။ ဟုမ္မလင်း ၊နိုဝင်ဘာ- ၂၉စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး စီးနင်းလာသည့်ကား ယနေ့မနက်ပိုင်းက တိမ်းမှောက်မှု ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ မြို့နယ် ဥက္ကဌ ဦးရွှေဥာဏ်က မုံရွာဂေဇက်

Sunday, November 29, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ဖင်လန်နိုင်ငံအစိုးရကို ဦးဆောင်တဲ့ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်

Posted: 28 Nov 2020 07:43 PM PST

ဝန်ကြီးချုပ် ဆန်နာ မာရင်းဖင်လန်နိုင်ငံမှာ အမျိုးသမီးတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ ညွှန့်ပေါင်းအစိုးရကို ဦးဆောင်သူ အမျိုးသမီးဝန်ကြီးချုပ်တဦးရဲ့ ပထမတနှစ်တာကာလကို အများက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။သူတို့အစိုးရအဖွဲ့ရဲ့ တည်ငြိမ်မှု၊ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီးကို ကိုင်တွယ်ဆောင်ရွက်ရာမှာ တိကျပြတ်သားတဲ့ လမ်းညွှန်ဆောင်ရွက်မှုတွေကြောင့် ဖင်လန်နိုင်ငံရဲ့ ညွန့်ပေါင်းအစိုးရ ချီးကျူးခံခဲ့ရပါတယ်

မြန်မာ ကိုဗစ်ကာလ အသွားအလာကန့်သတ်မှု သက်တမ်းတိုး

Posted: 28 Nov 2020 07:34 PM PST

ဖောင်ကြီးရှိ COVID-19 အထူးကြပ်မတ်ကုသဆောင်မှာ လူနာတွေကို ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (နိုဝင်ဘာ ၂၆၊ ၂၀၂၀။ ဓာတ်ပုံ - MOHS)မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်မှာနေဖို့နဲ့ အသွားအလာ အပါအဝင် ကန့်သတ်ထားတာတွေကို အရင် ဒီလကုန်ကနေ အခု ရှေ့လ ဒီဇင်ဘာလလယ်အထိ ဒီရောဂါထိန်းချုပ်ရေး အစိုးရ ထိပ်ဆုံးကော်မတီက မနေ့က ထုတ်ပြန်လိုက်ပါတယ်။ဒီ အိမ်မှာနေဖို့ ကန့်သတ်ထားတဲ့အထဲမှာ အဓိက အဖြစ်အများ

ရွေးကောက်ပွဲအလွန် စိုးရိမ်ဖွယ်ဖြစ်လာတဲ့ ကိုဗစ် ကူးစက်မှု

Posted: 28 Nov 2020 07:32 PM PST

ရန်ကုန်မြို့မှာ ကိုဗစ် သံသယလူနာတွေကို ကွာရမ်တင်းစင်တာတွေဆီ ပို့ဆောင်ပေးနေတဲ့ PPE ဝတ်စုံဝတ် စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၉၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး ကိုဗစ်ပိုးတွေ့တာ ရန်ကုန်အပြင် အခြားမြို့ကြီးတချို့မှာပါ ပိုများလာတာကြောင့် ကိုဗစ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်မှာနေဖို့ အပါအဝင် ကန့်သတ်ချက်တွေကို ဒီဇင်ဘာ ၁၅ ရက်အထိ ထပ်တိုးလိုက်ပါတယ်။ လက်ရှိ ကိုဗစ်တိုးလာမှုရဲ့ ထူးခြားချက်နဲ့

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ စတင်ထိုးနှံ

Posted: 28 Nov 2020 07:30 PM PST

တစ်ကမ္ဘာလုံးမှာ ကိုရိုနာ ကူးစက်ခံရသူပေါင်း ၆၂ သန်းကျော်သွားပါပြီ။ ကာကွယ်ဆေးတွေလည်း ပေါ်ပေါက်နေပြီဖြစ်လို့ ထိုးနှံရေးတွေ စတင်နေပါပြီ။ ကမ္ဘာတဝှမ်း ကိုရိုနာ ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း အခုထိ ၆၂ သန်းကျော်၊ သေဆုံးသူ တစ်သန်း လေးသိန်းခွဲကျော်၊ ပြန်လည်ကောင်းမွန်လာသူ ၄၃ သန်းနီးပါးရှိပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာမှာ ကူးစက်ခံရသူ ရှစ်သောင်းခွဲကျော်၊  သေဆုံးသူ

မူဆယ်တွင်ပေါက်ကွဲမှုဖြစ်ပွား

Posted: 28 Nov 2020 07:25 PM PST

နို၀င်ဘာလ ၂၉ ရက် ၂၀၂၀သျှမ်ုးပည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂၉) မနက် ၆နာရီခွဲခန့်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။ မူဆယ်မြို့၊ ကောင်းမူးတုံ ရပ်ကွက် ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်အမှတ် ကမလ ၄၄၆၊  ဦးလောဝ်ကောဝ် နေအိမ်ခြံဝင်းအတွင်းသို့ ဆိုင်ကယ်သမား လူနှစ်ဦးက ဗုံး ပစ်ပေါက်ခဲ့သည့်အတွက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အသံမိုင်းသာဖြစ်သဖြင့် လူထိခိုက်မှုမရှိကြောင်းအုပ်ချုပ်ရေးမှူးအဖွဲ့

မောင်တောမှာ အဖမ်းခံထားရသူ ၅ ဦး သတင်းအစပျောက်နေဆဲ

Posted: 28 Nov 2020 07:17 PM PST

မောင်တောမြို့ဆိုင်းဘုတ်။ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပုစွန်ကန်အလုပ်သမား မွတ်စလင်အမျိုးသား ၅ ဦးကို အမည်မသိ အဖွဲ့အစည်းတခုကနေ ဖမ်းဆီးခေါ်ဆောင်တာ ခံနေရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းကျေးရွာမှာရှိတဲ့ ပုစွန်ကန်အလုပ်သမားတွေကို အမည်မသိ အဖွဲ့တခုကနေ ဖမ်းဆီးခေါ်ဆောင်သွားတာ ၂ ရက်ပြည့်ပြီးဖြစ်ပေမယ့် သတင်းမရရှိသေးကြောင်း ဥဒေါင်းကျေးရွာ အုပ်ချုပ်

မြန်မာ COVID-19 ရောဂါကူးစက်သူ ၈၈,၀၀၀ နီးပါး၊ သေဆုံးသူ ၁,၈၈၇ ဦးရှိပြီ

Posted: 28 Nov 2020 07:15 PM PST

COVID-19 သံသယလူနာကို ရန်ကုန်မြို့က ကွာရမ်တင်းစင်တာတခုကို လွှဲပြောင်းနေတဲ့ PPE ဝတ် စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၉၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၄၄ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၂ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီကနေ့ည ထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၈ ဦးက ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့

ပုဂံဘုရားတွေ ကိုဗစ်စည်းမျဉ်းနဲ့အညီ ဖူးမြော်နိုင်ဖို့ပြင်ဆင်နေ

Posted: 28 Nov 2020 07:13 PM PST

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အသွားအလာကန့်သတ်ချက်တွေကို ဒီဇင်ဘာ ၅ ရက်နေ့အထိ တားမြစ်ထားဆဲဖြစ်ကိုဗစ်ကပ်ကြောင့်ပိတ်ထားရတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကစေတီပုထိုးတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အပိုင်း ၃ပိုင်းခွဲကာ ပြင်ဆင်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန( ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဘီဘီစီကိုပြောပါတယ်။ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနဲ့

မူဆယ်ကတဆင့်တရုတ်ကိုတင်ပို့ထားတဲ့ ကျပ်သိန်းပေါင်း သောင်းချီရှိတဲ့ မြန်မာကုန်သည်တွေရဲ့ဆန်ဖိုးငွေတွေ မရသေး

Posted: 28 Nov 2020 07:09 PM PST

တရုတ်က ဈေးကောင်းပေးဝယ်လို့ ဈေးကွက်မှာ ဆန်ဈေးကောင်းနေမူဆယ်နယ်စပ်ကတဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချထားတဲ့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီ တန်ဖိုးရှိတဲ့ ဆန်ဖိုးငွေတွေကို တရုတ်ကုန်သည်ဘက်က မပေးဘဲလိမ်သွားတဲ့ဖြစ်စဉ်တစ်ခု ရှိနေတယ်လို့ ကုန်သည်အချို့ကြားပြောဆိုနေကြပေမယ့် မူဆယ်အခြေစိုက် ဆန်ကုန်သည်အချို့ကတော့ ငွေပေးချေရမယ့်ရက်ကို ကျော်လွန်တာပဲဖြစ်ပြီး စိတ်ရှည်ရှည်နဲ့စောင့်နေကြတယ်လို့ ဘီဘီစီကိုပြောကြပါတယ်။

ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် ရခိုင်မြောက်ပိုင်းကို သွားရောက်

Posted: 28 Nov 2020 12:38 PM PST

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် Mr. Yohei Sasakawa (ယာဘက်) ၂၀၂၀ နိုဝင်ဘာ ၂၈ ရက်နေ့က စစ်တွေမြို့မှာ သတင်းစာရှင်းလင်းစဉ်Photo: Min Thein Aung/RFAဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် Mr. Yohei Sasakawa နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama တို့ပါဝင်တဲ့အဖွဲ့ဟာ ဒီနေ့မနက် ၈ နာရီခွဲလောက်

ရွေးကောက်ပွဲနိုင်ဖို့ကူညီကြောင်း တင်ဒါဝင်ပြိုင်တဲ့ကုမ္ပဏီတွေကို ထောက်ခံစာကိစ္စ NLD စတင်စစ်ဆေး

Posted: 28 Nov 2020 12:35 PM PST

ချင်းပြည်နယ် ထန်တလန်မြို့နယ်က မဲရုံတစ်ရုံမှာ ၂၀၂၀၊ နိုဝင်ဘာ ၈ ရက်နေ့က မဲရလဒ်တွေ ရေတွက်နေတာကို တွေ့ရစဉ် / Photo: IPRD Thantlangချင်းပြည်နယ် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌက တင်ဒါဝင်ပြိုင်မယ့် ကုမ္ပဏီခြောက်ခုက ပိုင်ရှင်တွေ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဝန်းရံကူညီထားကြောင်း လက်မှတ်ရေးထိုးထားတဲ့ စာနဲ့ပတ်သက်ပြီး ပါဝင်သူတွေကို ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး ဒီနေ့မှာ

ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူများနှင့် ကွင်းဆက်များဖော်ထုတ်

Posted: 28 Nov 2020 12:29 PM PST

နေပြည်တော် နိုဝင်ဘာ ၂၇ ရန်ကုန်မြို့  ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထား သူများနှင့်   ကွင်းဆက်များအား ဖော်ထုတ်ဖမ်းဆီးရမိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏   သတင်းထုတ်ပြန် ချက်အရ သိရသည်။အဆိုပါ သတင်းထုတ်ပြန်ချက်၌ နိုဝင်ဘာ  ၂၄  ရက်  မွန်းလွဲပိုင်းတွင် လူအုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားမည်ဟု သတင်းရရှိသဖြင့်     ရဲတပ်ဖွဲ့ဝင်များက  သတင်းရရှိသည့်    နေရာတစ်ဝိုက်      စောင့်ကြည့်     

Saturday, November 28, 2020

သစ်ထူးလွင်

သစ်ထူးလွင်


အိန္ဒိယက ဆန္ဒပြပွဲ - ရဲတပ်ဖွဲ့နဲ့ လယ်သမားတွေကြား ထိပ်တိုက်တွေ့

Posted: 27 Nov 2020 10:27 AM PST

အိန္ဒိယက ဆန္ဒပြပွဲအိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်က လယ်သမားတွေဟာ သူတို့အကျိုးစီးပွား ထိခိုက်တယ်လို့ဆိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒေလီမြို့တော်မှာ ဆန္ဒပြတောင်းရာမှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ဆန္ဒပြသမား ထောင်နဲ့ချီဟာ ဒေလီမြို့တော်ကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။သူတို့တွေ မြို့ထဲကို မဝင်ရောက်နိုင်အောင် အတားအဆီးတွေနဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့တာပါ။ထိပ်တွေ့ရင်ဆိုင်မှုတွေ

မြေအောက်ခန်းတစ်ခုထဲမှာ ရှိတဲ့အိမ်ဟာ ယေရှုခရစ်ရဲ့အိမ် ဖြစ်တယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားတွေ့ရတယ်လို့ ဆို

Posted: 27 Nov 2020 10:24 AM PST

အိမ်ရဲ့ တံခါးဝဟာ သဘာဝဂူတစ်ခုရဲ့ ကျောက်ဆောင်နဲ့ ထုလုပ်ထားအစ္စရေးနိုင်ငံ နာဇရက်မြို့မှာ တူးဖော်တွေ့ခဲ့တဲ့ အိမ်တစ်အိမ်ဟာ ခရစ်ယာန်ဘာသာဝင်တွေ ကိုးကွယ်တဲ့ ယေရှုခရစ် ငယ်စဉ်က နေခဲ့ဖူးတဲ့အိမ် ဖြစ်နိုင်တယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ထားတယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောပါတယ်။ယူကေနိုင်ငံ Reading ရက်ဒင်း တက္ကသိုလ်က ပါမောက္ခ ကန် ဒါ့ခ် ဟာ ခေတ်သစ် ခရစ်ယာန် မယ်သီလရင် ကွန်ဗင့်ကျောင်းတစ်ကျောင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှေ့ရေးကို တိတိကျကျ မဆုံးဖြတ်ရသေး

Posted: 27 Nov 2020 10:13 AM PST

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၆၅ နှစ်ပြည့်မယ့် လာမယ့်၂၀၂၁ ခုနှစ်ထဲမှာ  ရာထူးကနေ အနားယူရေး မယူရေးဆိုတာဟာ  ဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမယ့်ကိစ္စဖြစ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။လေ့လာသူတွေထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး လာမယ့်နှစ်ထဲ အနားယူနိုင်တယ်လို့ ယူဆသူ ရှိသလို နှစ်ကာလ အတန်ကြာ ဆက်လက် တာဝန်ယူသွားလိမ့်မယ်လို့ ခန့်မှန်းသူလည်း ရှိပါ

NLD အနိုင်ရအမတ်ကို မွန်ညီညွတ်ရေးပါတီ အမှုဖွင့်

Posted: 27 Nov 2020 10:11 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြု မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်ကို မွန်ညီညွတ်ရေးပါတီ MUP ရဲ့  ဗဟိုကော်မတီဝင်တစ်ဦးက ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းမှာ တိုင်တန်းပြီး အမှုဖွင့်ထားပါတယ်။မဲရုံတွေမှာ မဲစာရင်းမပါသူတွေကို ရွေးကောက်ပွဲနေ့မှာ မဲထည့်ဖို့

မြန်မာ COVID-19 ရောဂါ ကူးစက်သူ ၈၆,၆၃၃ ဦး၊ သေဆုံးသူ ၁,၈၆၅ ဦးရှိပြီ

Posted: 27 Nov 2020 10:09 AM PST

ကုန်တင်ကားမောင်းသူတဦးကို ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့မှာ တွေ့ရ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၂၈ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၉ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၆ ဦးက ရောဂါအခံရှိသူတွေဖြစ်

ထိုင်းမှာ သတ်မှတ်လုပ်ခမရသူတွေ လျော်ကြေးရဖို့ရှိ

Posted: 27 Nov 2020 10:07 AM PST

ထိုင်းနိုင်ငံ Pathum Thani မြို့က အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတဦး။ (စက်တင်ဘာ ၂၃၊ ၂၀၁၈)ထိုင်းနိုင်ငံမှာ အစိုးရက သတ်မှတ်ထားတဲ့ လုပ်ခနှုန်းထားအတိုင်း အပြည့်မရကြတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေအနေနဲ့ လျော်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၉၉,၀၀၀ နဲ့ ညီမ ျှတဲ့ ထိုင်းဘတ်ငွေ ၃,၀၀၀,၀၀၀ ကို အလုပ်ရှင်အပါအဝင် Starbucks နဲ့ Walt Disney လို ကုမ္ပဏီကြီးတွေဆီကနေ ရဖို့ရှိပါတယ်။ထိုင်းမြန်မာနယ်စပ် မဲ

အီရန် ထိပ်တန်း နျူသိပ္ပံပညာရှင် လုပ်ကြံခံရ

Posted: 27 Nov 2020 10:04 AM PST

လုပ်ကြံတိုက်ခိုက်မှု ဖြစ်တဲ့နေရာအီရန်နိုင်ငံရဲ့ ထိပ်တန်းအကျဆုံး နျူကလီးယား သိပ္ပံညာရှင် မိုဆန် ဖာခရီဇာဒက် မြို့တော် တဟီရန် အနီးမှာ လုပ်ကြံခံရတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။ဒါမာဗန်းခရိုင်မှာ တိုက်ခိုက်ခံရပြီးနောက် ဖာခရီဇာဒက်ဟာ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။လုပ်ကြံသတ်ဖြတ်သူတွေက သူ့ကို မပစ်ခင် သူ့ကားကို ဗုံးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရန် သတင်းအေဂျင်စီတွေက ပြောပါတယ်။အကြမ်းဖက်သမားတွေ

ရခိုင် နေရပ်ပြန် စစ်ရှောင်တွေရဲ့ အခက်အခဲ အစိုးရ ဘယ်လို ဖြေရှင်းမလဲ

Posted: 27 Nov 2020 10:01 AM PST

အခုရက်ပိုင်း တိုက်ပွဲတွေ ရပ်တန့်နေလို့ စစ်ရှောင်တွေ နေရပ်ပြန်နေကြရခိုင်ပြည်နယ်မှာ နေရပ်ပြန် စစ်ဘေးရှောင်တွေကို ကူညီဖို့ အခက်အခဲရှိနေသူတွေ၊ အိုးအိမ် မီးရှို့ခံရတာတွေကို စာရင်းကောက်ယူရေး ခရိုင်နဲ့ မြို့နယ် တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ထံက သိရပါတယ်။အခုသီတင်းပတ်တွေအတွင်း တိုက်ပွဲတွေ လျော့နည်းလာလို့ နေရပ်ပြန်နေကြပြီဖြစ်တဲ့ စစ်ရှောင်တွေ နေရပ်ပြန် ခရီးအတွက် ကား၊ မော်တော်ဘုတ်တွေ

ရွေးကောက်ပွဲမှာ လုပ်အားပေးခဲ့တဲ့ ဆရာဆရာမတွေထဲက ၅ဝ ကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရ

Posted: 27 Nov 2020 09:58 AM PST

၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကာလ ကြိုတင်မဲကောက်ယူစဉ်နဲ့ မဲရုံမှာတာဝန်ထမ်းဆောင်စဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဆရာ ဆရာမ အယောက် ၅၀ ကျော်ရှိပြီး ၂ ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ပြောပါတယ်။ ဒီဆရာဆရာမတွေကို နိုင်ငံတော်အစိုးရက စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေအပြင် ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ဖို့လဲ တောင်းဆိုလိုက်ပါတယ်။၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပါဝင်

ဧရာဝတီတိုင်း တရားသူကြီးချုပ်အသစ် ခန့်အပ်ဖို့ တိုင်းလွှတ်တော် အတည်ပြု

Posted: 27 Nov 2020 09:56 AM PST

ဧရာဝတီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်သစ် အဖြစ် လက်ရှိ ဧရာဝတီတိုင်းတရားသူကြီး ဖြစ်တဲ့ ဦးမျိုးညွန့်ကို ခန့်အပ်ဖို့အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ  အတည်ပြုလိုက်ပါတယ်။လက်ရှိဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးသန်းထွန်းက အသက် ၆၅ နှစ်ပြည့်သွားပြီဖြစ်လို့ တရားသူကြီးချုပ် လစ်လပ်နေရာအတွက် ခန့်ထားဖို့ လွှတ်တော်ရဲ့ သဘောထား

COVID-19 (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ်သူနှင့် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ

Posted: 27 Nov 2020 09:52 AM PST

COVID-19 ရောဂါ တာဆီးကာကွယ်နိုင်ရေးအတွက် ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရောဂါပိုးစစ်ဆေးပြီး NEGATIVE အဖြေထွက်မှသာ NEGATIVE အတည်ပြုကဒ်များ ထုတ်ပေးပြီး ဆက်လက်သွားလာခွင့် ပေးလျက်ရှိရာ တပ်ကုန်းမြို့၊ ညောင်လွန့်စစ်ဆေးရေးဂိတ်တွင် COVID-19 Antigen Rapid Diadnostic Test (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ် ကိုင်ဆောင်သူများအား စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသ

ဓနုဖြူတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာမှ လူသုံးဦး မီးဟပ်ဒဏ်ရာရ

Posted: 27 Nov 2020 09:47 AM PST

ဓနုဖြူ  ၂၇  နိုဝင်ဘာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီရိဇေယျာလမ်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်းက မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောင်နောင်ဦးဆောင်သော မီးသတ်တပ်အဖွဲ့ဝင်(၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍  မီးငြှိမ်းသတ်ယဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၂

Friday, November 27, 2020

သစ်ထူးလွင်

သစ်ထူးလွင်


အမျိုးသမီး ၁၀၀ ကဏ္ဍ၊ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုတွေအပေါ် ဘယ်လို ကိုင်တွယ်ဖြေရှင်းနေသလဲ

Posted: 26 Nov 2020 10:29 AM PST

A woman's hands rest on her lapအိန္ဒိယနိုင်ငံမှာ ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေက ဘယ်လောက်တောင် ဆိုးဝါးသလဲ ဆိုရင် ဒီအမှုတွေက မကြာခဏဆိုသလို နိုင်ငံတွင်းမှာ ခေါင်းကြီးပိုင်း သတင်းတွေ ဖြစ်ခဲ့ရုံမက ကမ္ဘာတလွှားမှာတောင် ဟိုးလေးတကျော် ဖြစ်သွားတတ်ပါတယ်။၂၀၁၂ ခုနှစ်က ဒေလီမြို့မှာ ဂိုဏ်းဖွဲ့ပြီး ရက်ရက်စက်စက် မုဒိမ်းကျင့်ခဲ့မှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက်မှာ စည်းမျဉ်းဥပဒေတွေ တင်းကြပ်ခဲ့ပါတယ်။ ရဲကို လာရောက်

မြန်မာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဆက်လက်မြင့်တက်နေဆဲ

Posted: 26 Nov 2020 10:19 AM PST

ရန်ကုန်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦးကို သဂြိုင်္ဟ်ပြီး တွေ့ရသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့ ၃၆ ယောက်အထိ မြင့်တက်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၆ ယောက်မှာ ရောဂါအခံရှိသူက ၂၃ ယောက်ပါဝင်ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၆ ရက်အတွက် အတည်ပြုလူနာကလည်း ၁,၆၃၉ ယောက်ဖြစ်တာမို့ ၈၅,၀၀၀

ကိုဗစ်ကြောင့်ရပ်ထားတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်ပြေးဆွဲဖို့ပြင်ဆင်နေ

Posted: 26 Nov 2020 10:17 AM PST

 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေယာဉ်ပြေးလမ်းပေါ်မှာ တွေ့ရတဲ့ မြန်မာ့လေကြောင်းလိုင်းက လေယာဉ်တစင်း။ (ဇန်နဝါရီ ၁၁၊ ၂၀၁၈)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ရပ်နားထားရတဲ့ ပြည်တွင်းလေကြောင်း လုပ်ငန်းတွေ အစောဆုံး ရှေ့လထဲမှာ ပြန်စဖို့ ပြင်ဆင်နေတဲ့အကြောင်း တင်ဆက်ပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။ကပ်ရောဂါကြောင့် စက်တင်ဘာလဆန်းကတည်းက ပြည်တွင်းလေကြောင်းလိုင်းတွေကို

ပေါက်တော သဲခုံရွာတွင် အိမ်ထောင်ရှိအမျိုးသမီးငယ်တစ်ဦး မတရားပြုကျင့်ခံရသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ရွာသား ၇ ဦး ခေါ်ဆောင်ခံရ

Posted: 26 Nov 2020 10:12 AM PST

နိရဥၥရာ၊ နိုဝင္ဘာ ၂၆/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် အိမ်ထောင်ရှင်အမျိုးသမီးငယ်တစ်ဦး မတော်မတရား ပြုကျင့်ခံရသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ရွာသား ၇ ဦးကို အမည်မသိ လူတစ်စုမှ ခေါ်ယူ သွားကြောင်း သတင်းရရှိသည်။သဲခုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက " နိုဝင်ဘာ ၂ဝ နေ့က လူ ၅ ယောက် ရွာကိုရောက်လာတယ်။ ဘာလက်နက်မှတော့ မပါဘူး။ ၅ ယောက်လုံးက အရပ်သားအဝတ် ဝတ်ထားတယ်။ ပထမတစ်ခေါက် အဲဒီ

ရခိုင်မှာတိုက်ပွဲရပ်နေလို့ စစ်ဘေးဒုက္ခသည် သောင်းချီနေရပ်ပြန်

Posted: 26 Nov 2020 10:10 AM PST

 ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်ဘဲ အေးချမ်းနေတဲ့အတွက် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် အပါအဝင် တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီပြီး နေရပ်ကိုပြန် နေကြပါတယ်။ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သုံးသောင်း နီးပါးဟာ ခုရက်ပိုင်းအတွင်း

EU အကူအညီနဲ့ စစ်တွေက စစ်ရှောင်တွေ ယာယီအလုပ်အကိုင်ရ

Posted: 26 Nov 2020 10:08 AM PST

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည် ၁၀၀ ခန့်ကို နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အချိန်တစ်လကြာ ဝင်ငွေရ အလုပ်အကိုင်တစ်ခုကို EU ဥရောပသမဂ္ဂရဲ့ ငွေကြေးအကူအညီနဲ့ စစ်တွေမြို့က အရပ်ဘက်အဖွဲ့တချို့  ပူးပေါင်းပြီး ဖန်တီပေးထားပါတယ်။ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ ဝင်ငွေရအောင် မြို့သန့်ရှင်းရေးလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ

ရှမ်းပြည်နယ်လွှတ်တော်ကို ဘယ်ပါတီဦးဆောင်မလဲ

Posted: 26 Nov 2020 10:06 AM PST

ရှမ်းပြည်နယ်လွှတ်တော်လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိပြီး မြန်မာနိုင်ငံရဲ့ ဧရိယာအကျယ်ဝန်းဆုံး ပြည်နယ်ဖြစ်တဲ့ ရှမ်းပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်နေရာတွေ အတွက် ရွေးကောက်ကြရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက နေရာအများဆုံး အနိုင်ရခဲ့ပါတယ်။ဒါပေမဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်ရေးမှာ အခြားအနိုင်ရပါတီတွေရဲ့ ထောက်ခံမှု ရမှ NLD ပါတီက ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဋ္ဌ ခန့်နိုင်တဲ့ အခြေအနေရှိနေပြီး တခြား

Thursday, November 26, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မာရာဒိုနာအသက် (၆၀) အရွယ်မှာ ကွယ်လွန်

Posted: 25 Nov 2020 12:22 PM PST

ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာဟာ အသက် (၆၀) အရွယ်မှာ ကွယ်လွန်သွားပါတယ်။အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်လည်းဖြစ်၊ နည်းပြ‌‌ဟောင်းလည်းဖြစ်တဲ့ သူဟာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီစ်မြို့က သူ့နေအိမ်မှာ နှလုံးရောဂါ ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။သူက ဦးနှောက်သွေးခဲလို့ နိုဝင်ဘာလက ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ်။ မာရာဒိုနာဟာ အရက်စွဲတဲ့ပြဿနာကိုလည်း ကုသမှုခံနေရပါတယ်။မာရာ

မိုးကုတ်မြို့အနီးမှာ တပ်နဲ့ TNLA တိုက်ပွဲဖြစ်

Posted: 25 Nov 2020 12:20 PM PST

မိုးကုတ်မြို့ကို တွေ့ရစဉ်Photo: Khaymani Win/ RFAမန္တလေးတိုင်း မိုးကုတ်မြို့အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ နိုဝင်ဘာ ၂၄ ရက်နေ့  မနေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် တပ်မတော်သား တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦး ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ည ၇ နာရီကျော်ကနေ ၉ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဗိုလ်ချုပ် ဇော်မင်း

ကိုဗစ်ကူးတဲ့ မဲရုံလုပ်သား ပညာရေးဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့မယ်

Posted: 25 Nov 2020 09:06 AM PST

ရန်ကုန်မြို့ မဲရုံတခုတွင် ဆန္ဒမဲများရေတွက်နေသည့် ကော်မရှင်အဖွဲ့ဝင်များ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ယူခဲ့တဲ့ ပညာရေးဝန်ထမ်းတွေထဲက ရောဂါပိုးကူးစက်ခံရသူတွေကို ကျန်းမာရေးစရိတ်အဖြစ် ကူညီထောက်ပံ့ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။ရွေးကောက်ပွဲကာလ မဲရုံတွေမှာ တာဝန်ယူရင်း လူအများနဲ့ ထိတွေ့ဆက်ဆံ

မြန်မာ COVID-19 ရောဂါကူးစက်သူ ၈၃,၅၆၆၊ သေဆုံးသူ ၁,၈၁၀ ဦးရှိပြီ

Posted: 25 Nov 2020 09:04 AM PST

နိုဝင်ဘာလ ၈ ရက်နေ့က ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးဖို့လာသူကို ကိုယ်အပူအချိန်တိုင်းပေးနေတဲ့ မဲရုံဝန်ထမ်းတဦးကို ရန်ကုန်မြို့ရှိ မဲရုံတခုမှာ တွေ့ရ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ ၁,၃၃၀ ယောက် ထပ်တိုးပါတယ်။ သေဆုံးသူကလည်း နောက်ထပ် ၂၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ၂၃ ယောက်က တခြားရောဂါအခံရှိသူတွေ

ထရမ့်နဲ့အဖွဲ့ရဲ့ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲရလဒ်အပေါ် မေးခွန်းထုတ်မှု ငါးခုအား စစ်ဆေးခြင်း

Posted: 25 Nov 2020 09:02 AM PST

အပြိုင်အဆိုင် ဖြစ်ခဲ့တဲ့ ပြည်နယ်တချို့မှာ မဲပေးခဲ့သူ အရေအတွက်က မဲပေးဖို့ မှတ်ပုံတင်ထားသူ စာရင်းထက်တောင် ပိုများနေတယ်လို့ ထရမ့်က တွစ်တာမှာ အကြိမ်ကြိမ် ရေးသားမှုတွေ ရှိခဲ့ပြီးခဲ့တဲ့ ၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ ပေးခဲ့ကြတဲ့ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်က အနိုင်ရတယ်လို့ ပြောနိုင်ပြီ ဖြစ်ပေမဲ့ ရီပတ်ဘလီကန်ပါတီဘက်က ဒေါ်နယ်ထရမ့်နဲ့တကွ သူ့ရဲ့ ဥပဒေအဖွဲ့က မဲရလဒ်

ဦးကျော်မြင့် လဝကအမှုကို တခြားရုံးမှာစွဲဖို့ ချမ်းအေးသာစံတရားရုံး ပြော

Posted: 25 Nov 2020 08:57 AM PST

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ၂၀၂၀၊ နိုဝင်ဘာ ၂၅ ရက်နေ့က မန္တလေး ချမ်းအေးသာစံတရားရုံးမှာ ရုံးထုတ်စဉ်ဓာတ်ပုံ - ခေမဏီဝင်း/ RFAနှင်းဆီပါတီမှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးကျော်မြင့်ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၃ (၁) နဲ့ စွဲထားရာမှာ အမှုနယ်မြေစီရင်ပိုင်ခွင့် အငြင်းပွားမှုရှိတာကြောင့် တခြားမြို့နယ်မှာ ပြောင်းစွဲဖို့ မန္တလေး ချမ်းအေးသာစံ တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

တရားမဝင် ဝင်လာတဲ့ မြန်မာ ၉ဝ ကျော် ထိုင်းရဲ ဖမ်းဆီး

Posted: 25 Nov 2020 08:55 AM PST

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးဖြစ်ပွားမှု မြင့်တက်နေချိန် ထိုင်း-မြန်မာနယ်စပ်ကနေ သုံးရက်အတွင်း ဝင်လာတဲ့ မြန်မာနိုင်ငံသား ၉၀ ကျော်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးခဲ့ပါတယ်။ဘုရားသုံးဆူ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်း နိုဝင်ဘာလ ၂၄ ရက် အင်္ဂါနေ့က ရာဘာစိုက်ခင်းကနေ တရားမဝင် ဖြတ်ကျော်လာတဲ့ ဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို   ထိုင်းလုံခြုံရေးစစ်သားတွေက ဖမ်းဆီးခဲ့တယ်

Wednesday, November 25, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ဝါရင့်သံတမန် Antony Blinken ကန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် လျာထားခံရ

Posted: 24 Nov 2020 11:36 AM PST

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ လျာထားတဲ့ Antony Blinken။အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden လက်ထက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ လျာထားတဲ့ Antony Blinken ဟာ ဆယ်စုနှစ်နဲ့ချီ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအတွေ့အကြုံရှိသူဖြစ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လူ့အခွင့်အရေးကိုထောက်ခံသူအဖြစ် လူသိများပါတယ်။မစ္စတာဘိုင်ဒန်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ Blinken ဟာ အမေရိ

ရွေးကောက်ခံသမ္မတ Biden ကို COVID-19 တိုက်ဖျက်မှုဖလှယ်ရေး နယူးဇီလန် ဝန်ကြီးချုပ် Ardern ကမ်းလှမ်း

Posted: 24 Nov 2020 11:34 AM PST

နယူးဇီလန်ဝန်ကြီးချုပ် Ardern က အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden နဲ့ ဖုန်းပြောနေသည့်မြင်ကွင်းCOVID-19 တိုက်ဖျက်ရေးအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံစာရင်းတွေထဲ ထိပ်ဆုံးမှာရှိနေတဲ့ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Ardern နဲ့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုမှုမှာ COVID-19 တိုက်ဖျက်ရေးနဲ့အတူ ဒေသတွင်းအခြားစိန်ခေါ်မှုတွေကို ပူးပေါင်းဆောင်ရွက်

ချားလ်စ်ဒါဝင်ရဲ့ ဒေါ်လာသန်းနဲ့ချီတန်မှတ်စုစာအုပ်တွေ ပျောက်နေတာ နှစ်၂၀ကြာ

Posted: 24 Nov 2020 11:32 AM PST

ချားလ်စ်ဒါဝင်ဟာ သဘာဝတရားကြီးရဲ့ ပြောင်းလဲနေတဲ့ ဆင့်ကဲဖြစ်စဥ်သီအိုရီကို သေသေချာချာလေ့လာခဲ့တဲ့ပညာရှင်ကြီးဖြစ်ပါတယ်။ချားလ်စ်ဒါဝင်ရဲ့ ဒေါ်လာသန်းနဲ့ချီတန်တဲ့ မှတ်စုစာအုပ် နှစ်အုပ် ပျောက်ဆုံးနေတာဟာ နှစ်၂၀ကြာသွားပြီလို့ ကိန်းဘရစ်တက္ကသိုလ် စာကြည့်တိုက်က ထုတ်ပြန်လိုက်ပါတယ်။သက်ရှိသတ္တဝါတွေကြားထဲက ဆင့်ကဲဖြစ်စဥ်ဖြစ်ပေါ်တိုးတက်မှုကို ပုံကြမ်းရေးဆွဲထားတဲ့ ၁၉ရာစု သိပ္ပံအကျော်အမော် ဒါဝင်ရဲ့ Tree of Life ပုံကြမ်း

သမ္မတရာထူးလွှဲဖို့ ကိစ္စ စလုပ်ဖို့ ထရမ့် သဘောတူ

Posted: 24 Nov 2020 11:29 AM PST

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်ကို သမ္မတရာထူးလွှဲပေးဖို့လုပ်ငန်းတွေ စတင်လုပ်ဆောင်ဖို့ သမ္မတဒေါ်နယ်ထရမ့်က လက်ခံသဘောတူလိုက်ပြီဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ဟာ တစ်ဖက်မှာလည်း ရွေးကောက်ပွဲမှာ သူရှုံးနိမ့်တယ်ဆိုတာ တရားဝင်ဝန်ခံဖို့ ငြင်းဆန်နေဆဲဖြစ်ပေမဲ့ ရာထူးလွှဲပြောင်းဖို့ လိုအပ်တာတွေကိုတော့ ပြီးအောင်လုပ်ပါလို့ ဖက်ဒရယ်အေဂျင်စီကို ပြောခဲ့ပါတယ်။အဲ့ဒီလို ဒေါ်နယ်ထရမ့်ပြောလိုက်တာဟာ

အလားအလာကောင်း ကိုဗစ်ကာကွယ်ဆေး သုံးမျိုးရှိပြီ

Posted: 24 Nov 2020 11:27 AM PST

ကိုဗစ်ကာကွယ်ဆေးပုလင်း။ (နိုဝင်ဘာ ၁၇၊ ၂၀၂၀)AstraZeneca ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီက သူတို့ စမ်းသပ်နေတဲ့ COVID 19 ကာကွယ်ဆေး ထိရောက်မှု ရှိတယ်လို့ တနင်္လာနေ့က ကြေညာလိုက်တာကြောင့် လောလောဆယ် အလားအလာ အကောင်းဆုံး ကာကွယ်ဆေး သုံးမျိုးရှိပြီ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပတ်ကလည်း Moderna ကုမ္ပဏီက စမ်းသပ်နေတဲ့ ကာကွယ်ဆေးနဲ့အတူ Pfizer နဲ့ BioNTech တို့ ပူးတွဲ စမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေ ထိရောက်မှု ရှိတဲ့အတွက် အမေရိကန်

COVID-19 သုတေသနနဲ့ ကာကွယ်ဆေးဆိုင်ရာ တိုးတက်မှု WHO ချီးကျူးပြောဆို

Posted: 24 Nov 2020 11:26 AM PST

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus။COVID-19 သုတေသနလုပ်ငန်းတွေနဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေမှာ သိသိသာသာ တိုးတက်မှုတွေရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောပါတယ်။"ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ အလားအလာကောင်းတွေ ရှိတဲ့ သတင်းတွေကြောင့် ကပ်ရောဂါကြီးအဆုံးသတ်ဖို့ မျှော်လင့်ချက်အလင်းတန်းကို မြင်နေရပါပြီ။ ကာကွယ်ဆေးနဲ့

ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားမှုပေးဖို့ ဝ တပ်ဖွဲ့မျှော်လင့်နေတယ်လို့ပြော

Posted: 24 Nov 2020 11:24 AM PST

FPNCC က အဖွဲ့ဝင်တွေ အားလုံးကို ပါဝင်ဆွေးနွေးခွင့်ပြုမှ ပိုထိရောက်တဲ့ဆွေးနွေးမှုတွေဖြစ်နိုင်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့ကိုလည်း မျှော်လင့်ဝ ဒေသကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ ဖိတ်ခေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုတွေပေးဖို့ကိုလည်းမျှော်လင့်နေတယ်လို့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ဘီဘီစီကို လူမှုကွန်ရက်က တဆင့်ပြောဆိုပါတယ်။ဝ တပ်ဖွဲ့က ဒေါ်

ရခိုင်မှာ လူတစ်ရာကို ၈ ဦးနှုန်း ကိုဗစ်ပိုးတွေ့နေ

Posted: 24 Nov 2020 11:22 AM PST

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့လပိုင်းတွေမှာ ကူးစက်ခံရမှုမြင့်တက်ခဲ့ပေမဲ့ အခုကာလမှာတော့ အတက်အကျအနေအထားရှိနေသေးတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ကိုဗစ်-၁၉ ကူးစက်မှုဟာ ရခိုင်ပြည်နယ်အတွင်း လူတစ်ရာကိုဗစ်-၁၉ စစ်ဆေးလို့ရှိရင် ၃၀ ဦးကျော်တွေ့ရှိတဲ့အထိ အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ လူ

တောင်ကုတ်မြို့နယ်တွင် မျက်နှာဖုံးစွပ်လူတစ်စုက ဘဏ်ငွေထုတ်လာသူတစ်ဦးထံမှ ငွေကိုမယူဘဲလူကို ဖမ်းဆီးခေါ်ဆောင်သွား

Posted: 24 Nov 2020 11:18 AM PST

နိရဥၥရာ၊ ႏိုဝင္ဘာ ၂၄/ ၂၀၂၀ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ CB ဘဏ်မှ ငွေထုတ်၍ ရွာသို့ ပြန်လာသည့် ပဒါကျေးရွာမှ ဒေသခံတစ်ဦးကို မျက်နှာဖုံးစွပ်ထားသည့် လူအုပ်စုတစ်ခုမှ ငွေကို မယူဘဲ လူဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ပဒါကျေးရွာမှ ဦးအောင်လွင် (၃၁) နှစ်မှာ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ၎င်း၏ အစ်မ တော်စပ်သူ ဒေါ်အေးအေးလွင်နှင့် တောင်ကုတ်မြို့ CB ဘဏ်မှ ပြန်လာစဉ် မျက်နှာဖုံးစွပ်ထားသည့် လူ ၅ ဦးမှ

မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ

Posted: 24 Nov 2020 11:16 AM PST

ကချင်ပြည် မံစီမြို့နယ် မန်ဝိန်းကြီး ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ်တလုံးတွင်  ယမန်နေ့ (နိုဝင်ဘာ ၂၃)ရက် ည၈နာရီကျော်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီ ၁၅ ဝန်းကျင်တွင် အမည်မသိ လူ ၂ဦးက ဆိုင်ကယ်စီးလာပြီး၊ ဆိုင်ကယ်ပေါ်မှ အထုတ် တထုတ် ချသွားခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မန်ဝိန်းကြီး ဒေသခံတဦး ပြောပြချက်အရသိရသည်။အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်

ICJ ကြားဖြတ်စီရင်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ဝေဖန်ခံနေရ

Posted: 24 Nov 2020 11:13 AM PST

မြန်မာအစိုးရဘက်က ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းထားတဲ့ ဒုတိယအကြိမ် အစီရင်ခံစာမှာ ရိုဟင်ဂျာတွေ ကို ခွဲခြားဆက်ဆံနေတာနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှုတို့ကနေ အကာအကွယ်ပေးဖို့ မြန်မာအစိုးရက လိုက်နာခြင်း မရှိဘူးလို့ နယူးယောက်အခြေစိုက် Global Justice Center က ဝေဖန်လိုက်ပါတယ်။ အဲဒီဝေဖန်ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ရိုဟင်ဂျာအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိ နေ

ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျား(သံသယ)ရောဂါကြောင့် ဝက်ကောင်ရေ(၄၃)ကောင်ခန့်သေဆုံး

Posted: 24 Nov 2020 11:10 AM PST

ကလေး နိုဝင်ဘာ ၂၄စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် နိုဝင်ဘာ ၄ ရက်မှ ၂၀ ရက်အတွင်း ဝက်ကောင်ရေ ၄၃ ကောင်ခန့် သေဆုံးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှသိရသည်။"အင်းစိန်ကျေးရွာထဲမှာရှိတဲ့ ဝက်ကောင်ရေ(၁၅၈)ကောင်ရေရှိတဲ့အထဲမှာ(၄၃)ကောင်သေဆုံးပါတယ်၊သေဆုံးတဲ့အထဲမှာ အကောင်ကြီးတဲ့ဝက်က(၂၁)ကောင်ဖြစ်ပြီးတော့ကျန်တာတော့ ဝက်ပေါက်စလေးတွေပေါ့၊

မြန်မာအလုပ်သမားတွေကို ငွေညှစ်နေတဲ့ ထိုင်း လဝက အတုဂိုဏ်း ဖြိုခွဲခံရ

Posted: 24 Nov 2020 11:08 AM PST

မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်လာသည့်ကားကို ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးနေသည်မြင်ကွင်းထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်နဲ့ ရနောင်းခရိုင်တွေမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ လဝက အတုဂိုဏ်းကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်း လူဝင်မူကြီးကြပ်ရေးတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုဝင်ဘာလ (၂၂) ရက်နေ့က ပြုလုပ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန သတင်းစာ

COVID-19 ကူးစက်မှု မြန်မာအနေနဲ့ ထိန်းချုပ်နိုင်ဖို့ရှိ (ဒေါ်အောင်ဆန်းစုကြည်)

Posted: 24 Nov 2020 11:08 AM PST

ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၂၃၊၂ဝ၂ဝ)မြန်မာနိုင်ငံမှာ လာမယ့် သီတင်းပတ်တွေအတွင်း COVID-19 ကူးစက် ပျံ့နှံ့မှုတိုးလာမယ့် အခြေအနေရှိပေမယ့် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့ COVID -19 အခြေအနေ ပြည်သူကို အစီရင်ခံတင်ပြတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော် စီးပွားရေး ဆက်ပြီးထိခိုက်မှုမရှိအောင် အသွားအလာ

သူငယ်ချင်းဖြစ်သူထံ အပ်နှံထားရာမှ ရိုက်နှက်ဒဏ်ရာများဖြင့် (၂)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

Posted: 24 Nov 2020 11:06 AM PST

နေပြည်တော် ၂၄ နိုဝင်ဘာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံရပ်ကွက်၊ (၂၁)ရပ်ကွက်နေ မသိင်္ဂီဝင်း (၃၉)နှစ်အား နိုဝင်ဘာ ၂၃ ရက်က ရွှေပေါက်ကံနယ်မြေရဲစခန်း (ပ)၇၀၇၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ဖြစ်စဉ်မှာ လွန်ခဲ့သော ၄ လခန့်က ဦးအောင်လေး (ခ) ဦးထင်လင်းသည် ၎င်း၏သမီး မဇူးဇူး(၂)နှစ်အား သူငယ်ချင်းဖြစ်သူ မျိုးခိုင်နှင့် မသိင်္ဂီဝင်းတို့၏အိမ်တွင် အပ်နှံ