Wednesday, June 30, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဗိုလ်ချုပ်ကြီးယွက်စစ် PPST ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုကြောင်း စာပေးပို့

Posted: 30 Jun 2021 07:32 AM PDT

ဗိုလ်ချုပ်ကြီးယွက်စစ် PPST ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုကြောင်း စာပေးပို့ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တွေ့ရစဉ် / Photo: NCA-S EAOရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင် ဗိုလ်ချုုပ်ကြီး ယွက်စစ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်လိုကြောင်း ဇွန် ၂၉ ရက် မနေ့က စာပို့ခဲ့တယ်လို့ PPST ဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက RFA ကို ပြောပါတယ်။PPST

ပေါင်းတည်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

Posted: 30 Jun 2021 07:30 AM PDT

ပေါင်းတည်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ ပေါင်းတည်မြို့အဝင်ကို တွေ့ရစဉ်ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် (ခ) ဇော်လတ်ကို ဒီကနေ့ မနက်ပိုင်းမှာ အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံ တွေက RFAကို ပြောပါတယ်။အသက် ၄၅ နှစ်အရွယ် ဦးအောင်ဇော်လတ်ဟာ ကြို့ကုန်းကျေးရွာကနေ ပေါင်းတည်မြို့ဘက်ကို ဗျူဟာလမ်း အတိုင်း ဆိုင်ကယ်

ပုဇွန်တောင်၊ရေကျော်လမ်းမပေါ်က ရပ်ကွက်ရုံးနားဗုံးပေါက်၊ ထိခိုက်သူရှိ

Posted: 30 Jun 2021 07:28 AM PDT

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်ထဲမှာရှိတဲ့ ရေကျော်လမ်းမပေါ်က အမှတ် ၉ ရပ်ကွက်ရုံးအနီးမှာ ဒီနေ့ဇွန်လ ၃ဝရက် ညနေပိုင်းကပေါက်ကွဲမူဖြစ်ခဲ့တယ်လို့ ရပ်ကွက်အနီးနားနေထိုင်သူတွေက ပြောပါတယ်။ပေါက်ကွဲမှု ရပ်ကွက်ရုံးအနီးဂိတ်ထိုးထားတဲ့ ဆိုက်က္ကားဆရာတစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။"၃နာရီဝန်းကျင်လောက်ကဖြစ်တာ။ ရပ်ကွက်ရုံးနားလက်ဖက် ရည်ဆိုင်အရှေ့ဘက်ကဖြစ်တာ။ ပေါက်ကွဲသံကနှစ်ချက်ကြားတာ

မကွေးထောင်ကလွတ်သူတွေထဲ ကိုလျှံဖြိုးအောင်မပါဝင်

Posted: 30 Jun 2021 07:26 AM PDT

မကွေးအကျဉ်းထောင်ထဲက ဒီနေ့ ဇွန် ၃၀ ရက်မှာ ပြန်လည် လွတ်မြောက်သူတွေထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီလို့ မျက်လုံးနဲ့လက်တစ်ဖက် ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်မပါဝင်ဘူးလို့ ကိုလျှံဖြိုးအောင်ရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားပြီး ဇွန်လ ၇ ရက်နေ့က မကွေးစစ်ဆေးရုံကနေ

၂၁ မိုင်ဂိတ်အား ​ကေအိုင်​အေ တိုက်

Posted: 30 Jun 2021 07:24 AM PDT

30 June 2021 - Kachinwaves ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်းကျေးရွာရှိ စစ်ကောင်စီတပ် ၂၁မိုင်ဂိတ်ကို ယနေ့နံနက် ၅နာရီခန့်တွင် ကေအိုင်အေမှ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။​ကေအိုင်​အေမှ သွား​ရောက်ပစ်ခတ်ခဲ့သည်ဟုသိရပြီး အ​သေးစိတ်ကို​​ မသိရ​သေး​ကြောင်း ​ကေအိုင်အို သတင်းနှင့်ပြန်ကြား​ရေး တာဝန်ခံ ဗိုလ်မှူးကြီး ​နော်ဘူက​ပြောသည်။စစ်ကောင်စီတပ်များသည် ကေအိုင်အေတပ်ရှိရာ တောင်ဘက်သို့

ဖမ်းဆီးခံထားရတဲ့ ရန်ကုန်က သတင်းထောက် ခုနစ်ယောက်ပြန်လွတ်

Posted: 30 Jun 2021 07:19 AM PDT

ဖမ်းဆီးခံထားရတဲ့ ရန်ကုန်က သတင်းထောက် ခုနစ်ယောက်ပြန်လွတ် ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ Myanmar Now သတင်းဌာနက မကေဇွန်နွေးနဲ့ Myanmar Press Photo Agency ကသတင်းထောက် ကိုရဲမျိုးခန့်တို့ ၂၀၂၁ ဇွန် ၃၀ရက်နေ့က ပြန်လည်လွတ်မြောက်လာတာကို တွေ့ရစဉ် / Photo: RFAရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ သတင်းထောက် ခုနစ်ယောက်ကို စစ်ကောင်စီက ဒီနေ့ ပြန်လွှတ်ပေး

တစ်နိုင်ငံလုံးကနေ အကျဉ်းသား ၂၂၉၆ ဦး ပြန်လွတ်မြောက်လာ

Posted: 30 Jun 2021 07:17 AM PDT

တစ်နိုင်ငံလုံးကနေ အကျဉ်းသား ၂၂၉၆ ဦး ပြန်လွတ်မြောက်လာ အကျဉ်းသား ၂၃၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ခဲ့တာကြောင့် ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေသူတွေကို ၂၀၂၁ ဇွန် ၃၀ ရက်နေ့က တွေ့ရစဉ် / Photo: RFAရန်ကုန် အင်းစိန်အကျဉ်းထောင် အပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်တွေကနေ စစ်အာဏာရှင်ဆန့်ကျင် ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရသူ ၂၂၉၆ ဦးကို ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီ

ဖမ်းထားသူတွေပြန်လွှတ်ရေး စစ်ကောင်စီကို ဂျပန် ဆက်လက်တောင်းဆိုမယ်

Posted: 30 Jun 2021 07:11 AM PDT

G20 အစည်းအဝေးမှာ တွေ့ရတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မိုတေးဂိဖမ်းဆီးထားသူတွေကို လွှတ်ပေးရေး အာဏာသိမ်း စစ်တပ်ကို ဂျပန်နိုင်ငံ အနေနဲ့ အပြင်းအထန် ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှိမစ်ဆု မိုတေးဂိက လောလောလတ်လတ် မှာပဲ ပြောခဲ့တယ် ဆိုပြီး ဂျပန် ပြည်တွင်း သတင်းဌာနတွေက ရေးနေပါတယ်။စက်မှုထိပ်သီး နိုင်ငံ ၂၀ G20 ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အီတလီနိုင်ငံ တောင်ပိုင်း၊ မတ်ထဲ

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်ရဲ့ စစ်ကြောရေးအတွေ့ အကြုံ

Posted: 30 Jun 2021 07:07 AM PDT

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာဖမ်းဆီးခံခဲ့ရတဲ့ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်ကိုမောင်မောင်ထွေး(ခေါ်)ကိုနေသန်မောင်ဟာဇွန်လ ၁၄ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီး နောက်နေ့မှာ သူ့ကိုအမေရိကန်နိုင်ငံကို ပြန်ပို့ခံခဲ့ရပါတယ် ။သူ့ကို ၂၀၂၁ ခုနှစ်မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းမှာရှိတဲ့ ကမာရွတ်မီဒီယာ ရုံးခန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သူ့နဲ့ အတူ အယ်ဒီတာ ကိုဟန်သာငြိမ်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။မတ်လ ၉ရက်

စစ်ကောင်စီတပ်ရဲ့ရက်စက်မှုများ လွတ်ငြိမ်းခွင့်မပေးဖို့အရေးကြီး” မြန်မာအထူးအကြံပေးကောင်စီ

Posted: 30 Jun 2021 06:53 AM PDT

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး အဝင်ဝ ဆိုင်းဘုတ် (ဓာတ်ပုံ - Courtesy)နိုင်ငံတကာဥပဒေတွေကိုအကြီးအကျယ်ချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီတပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေတိုးလာနေတာနဲ့အမ ျှ သူတို့ကို ပြစ်ဒဏ်ကကင်းလွတ်ခွင့်မရအောင်လုပ်ဖို့ သိပ်ကိုအရေးကြီးနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ SAC-M ကဒီကနေ့ကြေငြာချက်ထုတ်ပြန်ပါတယ်။မင်းတပ်၊ ဒီမောဆိုနဲ့ ကင်းမရွာနဲ့ မန္တလေးမြို့အပါအဝင် မြန်မာစစ်တပ်က နယ်မြေ

စစ်ကောင်စီလက်ချက် သေဆုံးသူ လက်နက်မဲ့ အရပ်သား ၉၀၀ နီးပါးရှိပြီ (ကုလပြောခွင့်ရ)

Posted: 30 Jun 2021 06:51 AM PDT

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ ရာနဲ့ချီ ရှိနေပြီး၊ ဒီအထဲမှာ ဖမ်းဆီးထားစဉ် သေဆုံးမှုတွေ ရှိနေကြောင်းလည်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ လုံခြံုရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ လက်နက်မဲ့ အရပ်သား ၈၈၃ ယောက်ထက်မနည်း ရှိမယ်လို့ ခန့်မှန်းထားပြီး၊ ဒီအထဲက အနည်းဆုံး ၄၀ လောက်ဟာ ဖမ်းဆီးထားစဉ် သေဆုံးခဲ့တာလို့လည်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေ

Tuesday, June 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


သံတွဲက ဆရာမပိုးတွေ့တဲ့ကျောင်းကို ယာယီပိတ်ထား၊ ကျန်ကျောင်းတွေကိုပိတ်ဖို့အစီအစဉ်မရှိ

Posted: 29 Jun 2021 06:25 AM PDT

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သံတွဲမြို့နယ် ငပလီမြို့က ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ဆရာမတာဝန်ကျနေတဲ့ ကျောင်းကို ယာယီပိတ်ထားတယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။အဲ့ဒီဆရာမဟာ ငပလီမြို့ လင်းသာရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ဂျိတ်တောရပ်ကွက်က ကျွဲသောက်ကုန်းစာသင်ကျောင်းမှာ တာဝန်ကျနေသူပါ။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့က ပိုးကူးစက်ခံထားရ

ငါန်းဇွန်မြို့နယ်ထဲ ကုလရွာကို စစ်ကောင်စီတပ်တွေဝင်လို့ ရွာသားတွေ ကြောက်လန့်ထွက်ပြေးနေ

Posted: 29 Jun 2021 06:21 AM PDT

မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံခရိုင်ထဲပါတဲ့ ငါန်းဇွန်မြို့နယ်ထဲက ကုလကျေးရွာမှာ မနေ့ ဇွန်လ ၂၈ ညပိုင်းက ပစ်ခတ်မှုတွေအပြီး ဒီနေ့မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ ရွာသူရွာသားတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။''မနေ့ညပိုင်း ၇ နာရီလောက်မှာ စစ်ကောင်စီခန့်ထားတဲ့အုပ်ချုပ်ရေးမှူးရဲ့အပေါင်းအပါတသိုက်က ပြဿနာရှာလို့ ငါန်းဇွန်ကနေ ဈေးသိမ်းပြီးပြန်လာတဲ့ ကျွန်တော်တို့ရွာသားတချို့နဲ့ ပြဿနာဖြစ်

တာမွေ မေတ္တာညွန့်က စီးပွားရေးဘဏ်မှာ ရဲတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး

Posted: 29 Jun 2021 06:19 AM PDT

တာမွေ မေတ္တာညွန့်က စီးပွားရေးဘဏ်မှာ ရဲတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး ရန်ကုန်တိုင်း တာမွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှာ ရဲတစ်ဦး ပစ်သတ်ခံရအပြီး ၂၀၂၁ ဇွန် ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှာဖွေစစ်ဆေးနေစဉ် / Photo: CJရန်ကုန်တိုင်း တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းအနီး မြန်မာ့စီးပွားရေးဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၂၉ ရက်၊ ဒီနေ့မနက် ၁၁ နာရီခန့်က သေနတ်နဲ့ ပစ်သတ်ခံလိုက်

သင်္ဃန်းကျွန်း ဂဖူးကွေ့ဈေးမှာ စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရသူတစ်ဦး အသတ်ခံရ

Posted: 29 Jun 2021 06:17 AM PDT

သင်္ဃန်းကျွန်း ဂဖူးကွေ့ဈေးမှာ စစ်တပ်သတင်းပေးအဖြစ် စွပ်စွဲခံရသူတစ်ဦး အသတ်ခံရ သင်္ဃန်းကျွန်းမြို့နယ် ဂဖူးကွေးဈေးထဲက ငါးစိမ်းရောင်းတဲ့ ကျားကြီး(ခ) ကိုစိန်လှိုင်ဝင်း အသတ်ခံရတဲ့ နေရာကို ၂၀၂၁ ဇွန် ၁၉ ရက်နေ့က တွေ့ရစဉ် / Photo: CJသင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အနားက ဂဖူးကွေ့ဈေးမှာ ဇွန်လ ၂၉ ရက် ဒီနေ့ မနက် ၈ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီကို သတင်းပေးတယ်လို့ နာမည်ကြီးနေတဲ့ ကျားကြီး(ခ) ကို

ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်း မြန်မာစစ်တပ်ကိုထောက်ပံ့ပေး - Global Witness

Posted: 29 Jun 2021 06:15 AM PDT

ကချင် ပြည်နယ် ထွက် မြန်မာ့ကျောက်စိမ်း (ဓာတ်ပုံ - Wired)မြန်မာနိုင်ငံ ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုက ရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ အားလုံးက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ် ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်တဲအ့ကြောင်း Globla Witness အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်းက ထွက်တဲ့ ကျောက်စိမ်းတွေရဲ့

စစ်အာဏာသိမ်းပြီးနောက် အလုပ်ပြုတ် စက်ရုံလုပ်သား ၁ သန်းကျော်ရှိပြီ

Posted: 29 Jun 2021 06:14 AM PDT

ထည်ချုပ် စက်ရုံ တခုရဲ့ မြင်ကွင်း။ (ဓာတ်ပုံ - European Union Myanmar Facebook - ဇူလိုင် ၀၄၊ ၂၀၂၀)စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာတနိုင်ငံလုံးက စက်မှုဇုံတွေအပါအဝင်၊ တခြားကဏ္ဍပေါင်းစုံက ပေါ်ထွက်လာတဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၀ သိန်းကျော်ရှိသွားပြီလို့ အလုပ်သမား သမဂ္ဂတွေက ပြောလိုက်ပါတယ်။ မြန်မာပြည်တွင်းက စက်ရုံတွေပိတ်နေတဲ့ အခြေအနေနဲ့ အလုပ်လျှော့ချခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်ကပေးပို့တဲ့သတင်း

မြဝတီမြို့အထက-(၁)ကျောင်းတွင် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ။

Posted: 29 Jun 2021 05:49 AM PDT

ဇွန် ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်လမ်းမကြီး အထက(၁)ကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦး၊သတ္တမတန်း နှင့် Gread. 1 မှ ကျောင်းသား ၂ ဦးထံ Covid. 19 ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်၊ယင်း အလယ်တန်းပြ ဆရာမနှင့် ကျောင်းသား ၂ ဦးသည် မနေ့ကဇွန် ၂၈ ရက်နေ့၌ မြဝတီခရိုင်ဆေးရုံ၏ ဆေးစစ်ချက်အရ Covit-19 ရောဂါပိုး တွေ့ရှိခဲ့တာပါ။"ကိုဗစ် ပိုး တွေ့ရှိတဲ့ အလယ်တန်းပြ ဆရာမက ပြီးခဲ့တဲ့ တ

မြန်မာ့ရုပ်မြင်သံကြားနှင့်မြ၀တီရုပ်သံအတွက်သတင်းရိုက်ကူးရေးလုပ်ဆောင်စဥ်စျေး၀ယ်ပြည်သူတချို့ထိတ်လန့်ပြီးပြေး

Posted: 29 Jun 2021 05:47 AM PDT

မင်းတပ်မြို့ မြို့မစျေးကိုစျေးတာ၀န်ရှိသူများကယနေ့ဇွန်လ ၂၉ ရက်နံနက်ပိုင်းတွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးစျေးရောင်းစျေး၀ယ်များဖြင့်စည်ကားနေစဥ်နေ့လည်ပိုင်းတွင် MRTV နှင့် မြ၀တီရုပ်သံတွင်ထုတ်လွှင့်ပြသရန်စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဓာတ်ပုံမှတ်တမ်းရိုက်ကူးရေးလုပ်နေချိန်တွင် စျေး၀ယ်နေသည့် ပြည်သူတချို့ ထိတ်လန့်ပြီးပြန်ပြေးသွားကြောင်းမင်းတပ်ဒေသခံများကလူမှုကွန်ရက်တွင်ရေးသားထားသည်။စစ်ကောင်စီ တပ်များ

စစ်တပ် သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့

Posted: 29 Jun 2021 05:44 AM PDT

သျှမ်းသံတော်ဆင့်၊ ဇွန် ၂၉သျှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့မှ Non -CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူး၏ လက်ကိုင်ဖုန်းထံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့က  ခြိမ်းခြောက်စာပို့လာကြောင်း စုံစမ်းသိရသည်။Non-CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူးဖြစ်သည့် ဒေါ်သူဇာအေး၏ လက်ကိုင်ဖုန်းသို့ ဇွန် (၂၅)ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့က ခြိမ်းခြောက်စာပို့‌လာ

စကခ(၈) ပိန်နဲတောစခန်းရှေ့တွင် စနိုက်ဘာဖြင့် ပစ်ခတ်ခံရ၍ အကြမ်းဖက် စစ်အုပ်စုမှ တစ်ဦးကျဆုံး

Posted: 29 Jun 2021 05:42 AM PDT

ဇွန် ၂၉ ရက်၊ ၂၀၂၁ခုနစ်၊ သထုံခရိုင်။ သူးလေသတင်းစဥ် ကေအဲန်ယူ- သထုံခရိုင်၊ သထုံမြို့နယ်၊ ပိန်နဲတောကျေးရွာ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ စကခ(၈) ရှေ့တန်းတပ်မဌာနချုပ် စခန်းအရှေ့  ဇွန်လ (၂၇) ရက်နေ့က K.N.L.A (စနိုက်ဘာ)လက်ဖြောင့်တပ်သားမှ သေနတ်ဖြင့် သွားရောက်ပစ်ခတ်၍ အကြမ်းဖက် စစ်အုပ်စုဖက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။ထိုစကခ(၈)တပ်စခန်းသည် ကျိုက်ကော်-လေးကေ အဝေးပြေးလမ်းမဘေး တွင်ရှိ

ကရင်နီလူမျိုးအားလုံး နေရပ်ပြန်နေရဖို့ ပူးပေါင်းကြိုးစားကြရန် ဒုက္ခသည်စခန်းမှ လူငယ်တွေတောင်းဆို

Posted: 29 Jun 2021 05:41 AM PDT

Photo - CJထိုင်း-ကရင်နီနယ်စပ် ကရင်နီဒုက္ခသည်စခန်းမှ ကရင်နီလူမျိုးအားလုံး ပြည်နယ်အတွင်း ပြန်နေရဖို့ အားလုံးအတူတကွ ပူးပေါင်းကြိုးစားကြပြီး အားတင်းကြဖို့ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှ ကရင်နီလူငယ်တွေက တောင်းဆိုထားကြပါတယ်။ "ကျမတို့ ပြန်နိုင်ဖို့ လွတ်လွတ်လပ်လပ် ပြည်နယ်ထဲ ပြန်နေရဖို့ ကျမတို့ အားလုံးအတူတကွ ပူးပေါင်းကြိုးစားကြရမယ် အတူတကွ အားတင်းထားရမယ် ကျမတို့တိုင်းပြည်ထဲ အလုပ်ကောင်းကောင်းမွန်မွန် ပြန်

စစ်ကောင်စီမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မိုးဗြဲလူငယ်တစ်ဦးသေဆုံး

Posted: 29 Jun 2021 05:39 AM PDT

ကရင်နီ-ရှမ်း နယ်စပ်ရှိ မိုးဗြဲမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။ယနေ့ ဇွန်လ ၂၈ရက်နေ့ ညနေပိုင်းမှာ မိုးဗြဲမြို့ကနေ ဖယ်ခုံမြို့ကိုသွားတဲ့ လမ်းမကြီးတစ်လျှောက်က ရေကာတာရွာနဲ့ ပင်သာရွာကြားမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို ပစ်ခတ်မှုကြောင့် တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်တစ်ဦး

လက်နက်ကိုင်တော်လှန်မှုတွေ အနှံ့အပြား ရှိလာနေတာကြောင့် စိုးရိမ်စရာ ဖြစ်လာနေကြောင်းICG သတိပေး

Posted: 28 Jun 2021 01:41 PM PDT

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကစလို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ပဋိပက္ခတွေ ပျံ့နှံ့လာခဲ့ရာမှာ အခုအခါ ကျေးလက်မှာရော၊ မြို့ပြမှာပါ ပြည်သူတွေ လက်နက်ကိုင်စွဲ တော်လှန်တိုက်ခိုက်လာနေကြပြီး ထိန်းမနိုင်သိမ်းမရ မင်းမဲ့အခြေအနေမျိုး တဖြည်းဖြည်း ရောက်လာနေပြီလို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ International Crisis Group (ICG) က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။တချို့က တူမီးသေနတ်တွေ၊

ရေးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

Posted: 28 Jun 2021 01:37 PM PDT

မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဇွန်လ ၂၈ ရက်နေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတို့ထံမှ သိရကြောင်း Dawei Watch က ရေးပါတယ်။နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇွန်လ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းက အမည်မသိလူနှစ်ယောက်က လာရောက်ခေါ်ဆောင်သွားပြီးနောက် ရေး-မော်လမြိုင်လမ်းမကြီးဘေး ဆေးတောင်လမ်းဝအနီးမှာ ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည် းသိရပါတယ်။"ဦးခေါင်းမှာ

မန္တလေးမှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သား နှစ်ဦးဒဏ်ရာရ

Posted: 28 Jun 2021 01:34 PM PDT

မန္တလေးမှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သား နှစ်ဦးဒဏ်ရာရ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန် ၂၈ ရက် မနက်ပိုင်းက စစ်တပ်က ပစ်ခတ်လိုက်တဲ့အတွက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ နှစ်ဦး။  Photo: Citizen Journalistမန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန် ၂၈ ရက် မနက်ပိုင်းက စစ်တပ်က ရမ်းသမ်း ပစ်ခတ်လိုက်တဲ့အတွက် လမ်းသွားလမ်းလာ အရပ်သား နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။မန္တလေးမြို့

ဒေါ်အောင်ဆန်းစုကြည်အမှု ခန့်မှန်းတာထက် ပိုကြာနိုင်

Posted: 28 Jun 2021 01:33 PM PDT

ဒေါ်အောင်ဆန်းစုကြည်အမှု ခန့်မှန်းတာထက် ပိုကြာနိုင် ၂ဝ၂၁ ဧပြီလ ၁ ရက်နေ့က မုံရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒကြနေကြသည့် ဒေသခံပြည်သူများ။ File Photo/ AFPအဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ မျက်မြင်သက်သေ နှစ်ဒါဇင် နီးပါးကို ခေါ်ယူဖို့ရှိနေတာကြောင့် အမှုစစ်ဆေးမှုဟာ စီစဉ်ထားတာထက် အချိန်ပိုကြာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က တနင်္လာနေ့က ပြော

၂၄နာရီအတွင်း ပိုးစစ်သူ၆ထောင်ကျော်ထဲ တထောင်ကျော်မှာ ကိုဗစ်ပိုးတွေ့

Posted: 28 Jun 2021 01:31 PM PDT

ကိုဗစ်သားကောင်ဖြစ်ခဲ့ရသူတဦးအား ရေခဲတိုက်သို့ပို့စဉ် (ဓာတ်ပုံ - Maulamyine Rescue Organization)မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၂၂၅ ဦးရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဇွန်လ ၂၈ရက်၊ ည၈နာရီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရက်ထဲ ပိုးတွေ့သူအရေအတွက် အများဆုံးလည်းဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးက ဓာတ်ခွဲနမူနာပေါင်း ၆ထောင်၅ ရာကျော်ထဲက လူ ၁၂၀၀

ရှမ်းပြည် လောက်ကိုင်မြို့နယ် မလိုအပ်ပဲအိမ်ပြင်မထွက်ရကန့်သတ်

Posted: 28 Jun 2021 01:30 PM PDT

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ကို ဒီနေ့ ဇွန် ၂၈ ရက်ကစပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home သတ်မှတ်လိုက်ပါတယ်။ ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ခုလိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းတွေပါ ပိတ်ထားရအောင် စိုးရိမ်စရာဖြစ်နေတဲ့ လောက်ကိုင်မြို့နယ်ဘက်က အခြေအနေ ရန်ကုန်သတင်းပေးပို့ချက်ကို မမြသဇင်အောင် ပြောပြမှာပါ။ရှမ်းပြည်

မုံရွာမြစ်ဆိပ်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းတွေ့

Posted: 28 Jun 2021 01:27 PM PDT

မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်း မုံရွာတောင် ဇက်ဆိပ်အနီးမှာ ယနေ့ (ဇွန်-၂၈)ရက် မနက်က လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းကို ဆယ်ယူရရှိခဲ့တယ်လို့ မုံရွာမြို့က လူမှုကူညီရေး အသင်းက တစ်ဆင့််သိရပါတယ်။သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာကို အခုချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။မုံရွာမြို့အနီး ချင်းတွင်းမြစ်ဆိပ်တွေက အခု အမျိုးသား အလောင်းအပါအဝင် တစ်ပတ်အတွင်း လူသေအလောင်း ၃လောင်း ဆယ်ယူခဲ့ရရှိခဲ့

မိုးကုတ်မှာ ဖခင်ကိုယ်စားအဖမ်းခံရသူ မိခင်နဲ့အတူပါသွားတဲ့ကလေးငယ် အချုပ်ကျနေတာ သီတင်း ၂ ပတ်ကျော်ပြီ

Posted: 28 Jun 2021 01:26 PM PDT

မိခင်ဖြစ်သူ အချုပ်ထဲရှိနေတာကြောင့် မိခင်နဲ့အတူပါသွားတဲ့ လေးနှစ်အရွယ် ကလေးငယ်ဟာလည်း အတူအချုပ်ကျနေတဲ့သဘောဆောင်နေပါတယ်။မိုးကုတ်မြို့ အရှေ့ပိုင်း ဗမွန်ရွာက သပိတ်ခေါင်းဆောင်အိမ်ကို ရဲက ဝရမ်းလာကပ်ချိန် အလိုရှိသူကိုမတွေလို့ မိသားစုဝင်တွေကို ဖမ်းသွားချိန် မိခင်နဲ့အတူပါသွားတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်ဟာ အခုဆို အချုပ်ထဲရောက်နေတာ သီတင်းနှစ်ပတ်ကျော်အထိရှိနေပြီဖြစ်ပါတယ်။ဒီနေ့ ဇွန်လ ၂၈ ရက်ဟာ အဲဒီကလေးငယ်ရဲ့

သစ်ထူးလွင်

သစ်ထူးလွင်


ထီးချိုင့်တွင် KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၁၄ဦးသေဆုံးဟု ထုတ်ပြန်

Posted: 28 Jun 2021 10:02 AM PDT

ထီးချိုင့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်တို့ပူးပေါင်းပြီး စစ်ကောင်စီတပ် ယာဉ်တန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။ဇွန်လ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်ဝန်ကျင်တွင် ထီးချိုင့်မြို့နယ် မော်ကွန်းတောင်ရိုးလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ ကားသုံးစီးကိုဝင်ရောက်တိုင်ခိုက်ခဲ့ပြီး ၁၄ဦးထက်မနည်း သေဆုံးသည့်အပြင် ၇ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထီး

သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြန်လွတ်

Posted: 28 Jun 2021 10:01 AM PDT

ဓာတ်ပုံ - အင်တာနက် စာမျက်နှာနေပြည်တော်၊ ဇွန် ၂၇၊ ၂၀၂၁အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး ဇွန်လ ၂၆ ရက်က ပြန်လည် လွတ်မြောက်ကြောင်း သတင်းရပါတယ်။နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့တဲ့ ဦးဇော်ဌေးဟာ နေပြည်တော်ရှိ စစ်ကြောရေး ရိပ်သာမှာ ထိန်းသိမ်းခံထားရာမှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်တယ်လို့ ဆိုပါ

SSPP အလိုမရှိကြောင်း ဆန္ဒပြချီတက်ချိန် ဗုံးခွဲခံရ (၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာပြင်းထန်

Posted: 28 Jun 2021 09:58 AM PDT

ဇွန် (၂၈) ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဒေသခံ တထောင်ကျော်သည် ယနေ့(ဇွန် ၂၈)ရက် နေ့လည် ၁နာရီကျော်တွင် SSPP/SSA ကို အလိုမရှိကြောင်း  ဆန္ဒပြနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ  အမျိုးသား (၂)ဦးသေဆုံးပြီး၊ ဒဏ်ရာပြင်းထန်ရသူများလည်း ရှိကြောင်း စုံစမ်းသိရသည်။ယနေ့ နေ့လည် (၁) နာရီခန့်က နမ့်ခမ်းမြို့ဒေသခံ (၁၀၀၀) ကျော်သည် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) ကို အလိုမ

ရွှေကူမြို့နယ်ရှိ မိုးစစ်ကျေးရွာတွင် စစ်​ကောင်စီတပ်များ တပ်စွဲထား

Posted: 28 Jun 2021 09:56 AM PDT

28 June 2021 - Kachinwaves ရွှေကူမြို့နယ်ရှိ မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ်များသည် ယနေ့ ဇွန်၂၈ရက် နံနက်ပိုင်းတွင် လက်နက်ကြီးလက်နက်ငယ်များတပ်ဆင်ကာ ရွာအနှံ့တွင် ကင်းချ၍ တပ်စွဲထားကြောင်း သိရသည်။မိုးစစ်ကျေးရွာတွင် စစ်ကောင်စီစစ်အင်းအား (၁၀၀)ကျော်ခန့်က တပ်စွဲထားပြီး စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် ရွာသားအချို့  ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။"ရွာသားတစ်ချို့ ထိမ်းရှောင်နေကြတယ် အခင်း

လာဖမ်းသူကိုမ​​တွေ့သဖြင့် တစ်နှစ်ပင် မပြည့်​သေးသည့် က​လေးငယ် အပါအဝင် မိသားစုဝင်အားလုံးကို ဖမ်း​ခေါ်သွား

Posted: 28 Jun 2021 09:55 AM PDT

28 June 2021 - Kachinwaves ကချင်ပြည်နယ် ပူတာအိုက လူငယ်တစ်ဦးအား စစ်​ကောင်စီ ရဲတပ်​​​ဖွဲ့များမှ ယ​နေ့ည​နေပိုင်းတွင် လာ​ရောက်ဖမ်းဆီးရာ ဖမ်းမည့် လူငယ်ကို မတွေ့သဖြင့် တစ်နှစ်ပင် မပြည့်​သေးသည့်က​လေးငယ် အပါအဝင် ​နေအိမ်၌ရှိ​နေသည့် မိသားစုဝင် ၆ဦးကို ဖမ်း​​ခေါ်သွား​ကြောင်း သတင်းရရှိသည်။ ဖမ်းဆီး​ခေါ်​​ဆောင်သွားသူများထဲတွင် က​လေးငယ်နှစ်ဦး၊ အသက် ၆၀ ကျော်အရွယ် အမျိုးသားနှင့် အမျိုးသမီးများပါ​ကြောင်း သိရသည်။

Sunday, June 27, 2021

သစ်ထူးလွင်

သစ်ထူးလွင်


CDM ဆရာဝန်တွေကို ဘွဲ့လွန်သင်တန်း လျော်ကြေး တောင်းခံနေ

Posted: 26 Jun 2021 10:22 AM PDT

စစ်ကောင်စီကို အာဏာ ဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်နေတဲ့အတွက် အစိုးရဝန်ထမ်း ဆရာဝန်တွေ ငါးလနီးပါး လုပ်ငန်းခွင်နဲ့ ကင်းကွာနေရာမှာ အစိုးရဝန်ထမ်းအဖြစ်က ထုတ်ပစ်တဲ့အပြင် ဘွဲ့လွန်သင်တန်း လျော်ကြေးတွေကိုပါ စစ်ကောင်စီ လက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက တောင်းခံနေပါတယ်။စစ်ကောင်စီ အနေနဲ့ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း CDM လှုပ်ရှားမှု မှာပါဝင်တဲ့ ဆရာဝန်တွေကို ထုတ်ပယ်ကြောင်း အစဉ်တစိုက် စာတွေ ပေး

NLD အစိုးရလက်ထက် ထုတ်ပယ်ခံရတဲ့ညွှန်ချုပ်ကို သီလဝါ အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ ခန့်အပ်

Posted: 26 Jun 2021 10:20 AM PDT

သီလဝါအထူးစီးပွားရေးဇုန်ဟာဂျပန်နိုင်ငံက အဓိကရင်းနှီးမြှုပ်နှံထားပါတယ်။NLD အစိုးရလက်ထက်က ရာထူးကထုတ်ပယ်ခံရတဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရန်နိုင်ထွန်းကို သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ အဖြစ် မကြာသေးခင်ရက်ပိုင်းကပဲ စစ်ကောင်စီက ခန့်အပ်လိုက်တယ်လို့နိုင်ငံတော်ပြန်တမ်း မှာဖော်ပြထားပါတယ်။ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒုတိယဗိုလ်မှူးကြီး

စစ်ကောင်စီစွဲဆိုတဲ့ ‌ဒေါ်အောင်ဆန်းစုကြည် အမှုများ (ဒုတိယပတ် - ဇွန်၂၁-၂၃)

Posted: 26 Jun 2021 10:16 AM PDT

တရားခွင်အတွင်းတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်။ (မေ ၂၄၊ ၂၀၂၁)မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်အတွင်း တရားရုံးကြားနာမှုတွေ ရှိခဲ့ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။ ဒီတပတ်ကြားနာခဲ့တဲ့ အမှုအသွားအလာ အခြေအနေတွေနဲ့ ပတ်သက်လို့ ကိုရန်နိုင် သုံးသပ် တင်ပြပေးထားပါတယ်။နိုင်ငံတော်

ပုလဲ NLD ရုံးကို စစ်ကောင်စီတပ်တွေ ဝင်ဖျက်ဆီး

Posted: 26 Jun 2021 10:13 AM PDT

ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (မတ် ၂၊ ၂၀၂၁)စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မှာ သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက် ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို တိုက်ခိုက်မှုကြောင့် ရုံးအတွင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် လူတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်ဒဏ်ရာ ရတာတွေတော့ မရှိဘူး

အကျဉ်းသားတွေ လွတ်မယ်လို့သတင်းထွက်နေ

Posted: 26 Jun 2021 10:11 AM PDT

အကျဉ်းသားတွေ လွတ်မယ်လို့သတင်းထွက်နေ အကျဉ်းသားတွေကို ပြန်လွှတ်မယ့်သတင်းကြောင့် လာရောက်စောင့်ဆိုင်းနေကြသူတွေကို ၂၀၂၁ ဇွန် ၂၆ ရက်နေ့က အင်းစိန်ထောင်ရှေ့မှာ တွေ့ရစဉ် / Photo: RFAအာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အတွက် အဖမ်းခံခဲ့ထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဇွန် ၂၆ ရက် စနေနေ့ ဒီနေ့မှာ ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ပုသိမ် စတဲ့ မြို့တွေက အကျဉ်းထောင်

အပစ်ရပ်ထားတဲ့ ကယားပြည်နယ်မှာ ပြန်ပစ်ခတ်မှုတချို့ပြန်ရှိနေ

Posted: 26 Jun 2021 10:09 AM PDT

အပစ်ရပ်ထားတဲ့ ကယားပြည်နယ်မှာ ပြန်ပစ်ခတ်မှုတချို့ပြန်ရှိနေ ၂၀၂၁၊ ဇွန် ၂၆ ရက်နေ့ညက လက်နက်ကြီးထိမှန်ထားတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ လောပိတလမ်းဘေးရှိ ဧက ၅၀၀ ရွာက နေအိမ်တစ်လုံးကို တွေ့ရစဉ် / Photo: Citizen Journalistကယားပြည်နယ် လွိုင်ကော်မြို့ လောပိတလမ်းဘေးရှိ ဧက ၅၀၀ ရွာကို ဇွန်လ ၂၅ ရက် မနေ့ည ၉ နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာထဲက အိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့တယ်လို့

Saturday, June 26, 2021

သစ်ထူးလွင်

သစ်ထူးလွင်


စစ်ရှောင်တွေဆီက ပစ္စည်းတွေလုယူခံနေရတယ်လို့ ဒေသခံတွေပြော

Posted: 24 Jun 2021 04:31 PM PDT

ယာယီအပစ်ရပ်ထားတဲ့ ကယားမှာ စစ်ကောင်စီတပ်စွဲထားလို့ နေရပ်မပြန်ရဲသေးသူတွေရှိနေကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေဘက်က စစ်ရှောင်ပြည်သူတွေဆီကပစ္စည်းတွေလုယူတာတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ခိုင်းစေမူတွေပြုလုပ်တာတွေ ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားယာယီ အပစ်ခတ်ရပ်စဲထားတဲ့ဇွန်လ ၁၅ရက်နေ့ နောက်ပိုင်းကတည်းက ဒီးမော့ဆို့မြို့နယ် အရှေ့ဘက်ခြမ်းက ထီးဖိုးကလိုးအုပ်စုထဲက

ရန်ကုန်မှာ စစ်ဆေးမှုလုပ်ရင်း ဖုန်းတွေကို ဖျက်ဆီးမှုတွေရှိ

Posted: 24 Jun 2021 04:29 PM PDT

ရန်ကုန်မြို့တွင်းစစ်ဆေးမူတွေလုပ်ရင်း ပြည်သူတချို့ရဲ့ မိုဘိုင်းဖုန်းတွေကိုပါ ဖျက်ဆီးမူတွေရှိနေလို့ဇွန်လ ၂၄ ရက်နေ့မနက်ပိုင်းက လမ်းမှာအစစ်ဆေးခံရသူတွေက ပြောပါတယ်။" ကားပေါ်ကဆင်းလာပြီးပြီးချင်း အိတ်ကိုစစ်တယ် ။ ပြီးတော့ ဖွင့်ပြခိုင်းပြီး အထဲမှာဆန္ဒပြထားတဲ့ ဓါတ်ပုံတွေ့တော့ သေနတ်နဲ့ဝိုင်းပြီးထုချေကြတယ်။ ပါးစပ်ကလည်းပြောသေးတယ် အခုတော့ အမေလည်းမကယ်နိူင်တော့ဘူးမဟုတ်လားဆိုပြီး "ပြောဆိုတယ်လို့ကိုယ်တိုင်ကြုံတွေ့

ဖမ်းမိတယ်ဆိုတဲ့ လက်နက်တွေ မန္တလေး PDF ရဲ့ လက်နက်တွေ မဟုတ်ဘူးလို့ဆို

Posted: 24 Jun 2021 04:27 PM PDT

 ဖမ်းမိသူတွေနဲ့လက်နက်တွေဆိုပြီး စစ်ကောင်စီ ထုတ်ပြန်လူမှုကွန်ရက်မှာ ဒီကနေ့ မန္တလေးပီဒီအက်ဖ်အဖွဲ့ခေါင်းဆောင် နဲ့ လက်နက်တွေ ဖမ်းမိတယ်လို့ ပျံ့နှံ့နေပေမဲ့ အဲဒီ ဓာတ်ပုံပါလက်နက်တွေနဲ့ လူတွေဟာ မန္တလေး PDF ကမဟုတ်ကြောင်း မန္တလေးပီဒီအက်ဖ်ဘက်က ပြောဆိုပါတယ်။မန္တလေးမြို့ ၅၄ လမ်း နဲ့ ၁၁၁ လမ်းထွန်တုံးရပ်မှာ ဇွန် ၂၂ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တို့ကြား အပြန်အလှန်ပစ်ခတ်မှု နောက် ဒီကနေ့မှာ

မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ရသူ ၂ သိန်း ၃ သောင်းရှိပြီ (ကုလပြောခွင့်ရ Stéphane Dujarric)

Posted: 24 Jun 2021 04:25 PM PDT

ကုလ ပြောခွင့်ရ Stephane Dujarricမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် သိန်းဂဏန်းအထိရှိတဲ့ ဒေသခံအရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အပေါ် စိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။"ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း၊ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ

စစ်ကိုင်းဘက် ကျေးရွာနှစ်ရွာအနီး စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်

Posted: 24 Jun 2021 04:23 PM PDT

စစ်ကိုင်းဒေသကြီး ကသာမြို့ မိုးတားကြီး ကျေးရွာနဲ့ ဆင်ကူး ကျေးရွာတွေနားမှာ စစ်တပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့ ဇွန် ၂၄ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ စစ်ကိုင်းတိုင်းထဲကပဲ မင်းကင်းမြို့အနီးက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း PDF တို့ တိုက်ပွဲဖြစ်ပွားပါသေးတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုကျော်ကျော်

မင်းတပ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း သေဆုံးခဲ့ရသူ ခြောက်ဦးရှိ

Posted: 24 Jun 2021 04:20 PM PDT

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ချင်းဒေသကာကွယ်ရေးအဖွဲ့(CDF)ကို စစ်ကောင်စီက အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း ကျန်းမာရေးစောင့်ရှောက်မှုတွေမရလို့ အသက်သေဆုံးခဲ့ရသူဟာ ဒီနေ့အထိ အနည်းဆုံးခြောက်ဦးအထိရှိနေတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေက ပြောပါတယ်။ဆေးဝါးကုသမှုတွေနဲ့ လက်လှမ်းမမီလို့ သေဆုံးခဲ့ရသူတွေဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ဦး၊ မွေးကင်းစ ကလေး နှစ်ဦးနဲ့

လေးလကျော်အတွင်း ကလေးနှစ်ဦး အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၆၄ ယောက်ရှိ

Posted: 24 Jun 2021 04:17 PM PDT

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန်လ ၂၁ ရက်နေ့အထိ လေးလကျော်အတွင်း စစ်ကောင်စီကနေ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရသူ ၆၄ ယောက် ရှိနေပါပြီ။"မေကြီး နေကောင်းအောင်နေပါနော်။ ပါကြီးကိုလည်း ဂရုစိုက်နော်။ ပိုက်ဆံတွေ အရမ်းအကုန်မခံပါနဲ့။ မေကြီးနဲ့ ပါကြီးလည်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေပြီ။ သားအဆင်ပြေပါတယ်။ သားတို့အကြောင်း TV ထဲပါတယ်ဆိုတာ ဘယ်လိုမျိုးကြီးလဲ မေကြီး၊ သားကို လူသတ်တဲ့

Thursday, June 24, 2021

သစ်ထူးလွင်

သစ်ထူးလွင်


လှိုင်မြို့နယ် (၁၃)ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နေရာမှာတင်သေဆုံ

Posted: 23 Jun 2021 07:52 AM PDT

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ သီရိမြိုင် (၁၀)လမ်းက လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်ကြီးဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရလို့ နေရာတင်မှာတင်သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။သူဟာ စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းပေးတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ပေါ်နေပြီးအခုလို ပစ်ခတ်ခံရမှုဟာ ဒီသံသယကြောင့် ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပေမယ့်ဘီဘီစီက ဒါကို သီးခြားအတည်မပြု

အဆိုတော်ရေမွန် ကွယ်လွန်

Posted: 23 Jun 2021 07:51 AM PDT

Idiots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ ဒီနေ့ ဇွန် ၂၃ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဘာကြောင့် ကွယ်လွန်တယ်ဆိုတာတော့ မသိရသေးပါဘူး။ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ "လူအဂီတ" ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။မကွယ်လွန်မီ ဇွန် ၁၉ ရက်နေ့က နိုင်ငံတဝန်း ဒေါ်

မန္တလေး မြို့ပြတိုက်ပွဲမှာ အရပ်သားလေးဦး ပစ်သတ်ခံခဲ့ရတယ်လို့ မိသားစုပြော

Posted: 23 Jun 2021 07:49 AM PDT

မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ ဇွန်လ ၂၂ ရက် မနေ့က ဖြစ်ပွားခဲ့တဲ့ မြို့ပြတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့(PDF)ကလို့ ယူဆပြီး စစ်ကောင်စီက လိုက်လံပစ်ခတ်လို့ ကားနဲ့ ထွက်ပြေးရင်း ထရန်စဖော်မာနဲ့ တိုက်မိ သေဆုံးခဲ့သူ လေးဦးဟာ သာမန်အရပ်သားတွေဖြစ်တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။သေဆုံးခဲ့သူတွေဟာ တအာင်းလူမျိုးတွေဖြစ်တဲ့ မိုင်းနိုင်ထွန်းကြည်၊ မိုင်းနိုင်လိုင်း၊ မိုင်းချစ်ရွှေနဲ့ မန္တလေးဇာတိ ကိုအား

ယင်းမာပင်မြို့နယ်မှာ နေအိမ် ရှစ်လုံး မီးရှို့ခံရ

Posted: 23 Jun 2021 07:45 AM PDT

ယင်းမာပင်မြို့နယ်မှာ နေအိမ် ရှစ်လုံး မီးရှို့ခံရ စစ်ကောင်စီတပ် မီးရှို့ထားတဲ့ ဘန့်ဘွေးရွာ နေအိမ်ထဲက ပစ္စည်းတွေကို ၂၀၂၁ ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဥ် / Photo CJစစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဘန့်ဘွေးရွာမှာ ဇွန်လ ၂၂ ရက်နေ့ မနေ့က ရွာထဲက နေအိမ် ရှစ်လုံး မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။အဲဒီဒေသဘက်မှာရှိတဲ့ တရော်ကျင်းကျေးရွာမှာ မနေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့