Saturday, February 26, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ဝန်းသိုတွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၃၀ ကျော်သေဆုံးဟုဆို

Posted: 26 Feb 2022 08:25 AM PST

ဝန်းသို - ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏စခန်းတစ်ခုကို ယမန်နေ့နံနက် ၆ နာရီခန့်က ဝန်းသို PDF နှင့် ဝန်းသို ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။နမ်းခမ်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ၄ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ဦးခန့်သေဆုံးကာ ပျူစော

ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးပြီး ချီတက်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရသောကြောင့် ၃၆ ဦးခန့် သေဆုံးဟုဆို

Posted: 26 Feb 2022 08:23 AM PST

ရွှေဘို - ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၂။ ဒေသခံပြည်သူများ၏ ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ယမန်‌နေ့ နံနက် ၁၁ နာရီခန့်က နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။စစ်သည် အင်အား ၅၀ ခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းသည် မော်တော်ကားလေးစီးဖြင့် ရွှေဘိုမြို့၊ ငါးပိအိုးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဂွေးကုန်းကျေးရွာသို့ ချီတက်လာစဉ်

မန္တလေးမြို့ ပုသိမ်ကြီး လက်ကောင်းရွာနေ စကစ သတင်းပေးတစ်ဦး အသတ်ခံရ

Posted: 26 Feb 2022 08:18 AM PST

MFP ၊ ဖေဖေါ်ဝါရီ - ၂၆မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာနေ စစ်ကောင်စီ သတင်းပေးဒလန် စိုးငယ်ဆိုသူ ယနေ့ ညနေပိုင်းတွင် အသတ်ခံရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။"အခု ညနေ (၄)နာရီဝန်းကျင်လောက်က ဝင်ပစ်သွားတာတဲ့။ ပွဲချင်းပြီး သေတယ်လို့ ကြားတယ်"ဟု မန္တလေးမြိုကခံ တစ်ဦးက ဆိုသည်။အဆိုပါ ပုသိမ်ကြီးမြို့နယ် လက်ကောင်းရွာနေ စကစ သတင်းပေးဒလန် စိုးငယ်ကို ယနေ့ ဖေဖေါ်ဝါရီ(၂၆)ရက် ညနေ(၃)နာရီ

ပြည်သူများကိုပါ ဗုံးကျဲ​နေ​သောစစ်​ကောင်စီတပ်​လေယာဥ်မှူး၁၈ ဦး၏ အချက်အလက်များကို Operation Spitfireက ထုတ်ပြန်

Posted: 26 Feb 2022 08:09 AM PST

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အပြစ်မဲ့အရပ်သားပြည်သူများကို ဗုံးကျဲတိုက်ခိုက်သည့် Yak-130 တိုက်လေယာဉ်မောင်းသည့် စစ်ရာဇဝတ်ကောင် လေယာဉ်မှူး ၁၈ ဦး၏အမည်နှင့်မိသားစုနေရပ်လိပ်စာများကို Operation Spitfireက ယနေ့ ထုတ်ပြန်လိုက်သည်။ ထိုထုတ်ပြန်သည့်အထဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်ကောင်များတွင် ဒုဗိုလ်မှူးကြီး ၂နှစ်ဦး၊ ဗိုလ်မှူး ၅ ဦးနှင့် ဗိုလ်ကြီးအဆင့် ၁၁ ဦးပါဝင်သည်

ဘန့်​ဘွေးရာတိုက်ပွဲ စစ်​ကောင်စီတပ်မှအနည်းဆုံး ၈ဦး​သေ၊ PDFတပ်ဖွဲ့မှ အထူးကွန်မန်ဒိုတစ်ဦးကျဆုံးခဲ့

Posted: 26 Feb 2022 08:07 AM PST

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရှစ်ဦးသေဆုံးကာ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု မုံရွာခရိုင်တပ်ရင်း - ၂ (Chindwin Attack Force) က ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)တွင် ထုတ်ပြန်သည်။တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖေါ်ဝါရီ ၂၅ ရက် ညနေ ၅နာရီခန့်က ဘန့်ဘွေးရွာ တောင်ဘက်၌ နေရာယူထားသော အင်အား ၅၀ ကျော်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကိုမုံရွာခရိုင်တပ်ရင်း - ၂ (Chindwin Attack Force)၊ မုံရွာ

နာရေးလူစုလူဝေးကို ပြည်သူ့ကာကွယ်ရေးတပ်ဆိုပြီး အပစ်ခံရတဲ့ ယင်းမာပင်နဲ့ ဒေသခံ နှစ်ယောက်အဖမ်းခံရတဲ့ တန့်ဆည်မြို့

Posted: 26 Feb 2022 08:02 AM PST

ယင်းမာပင်မြို့နယ်၊ ညောင်ကုန်းရွာနာရေးကို ပစ်ခတ်ခဲ့တဲ့ ရဟတ်ယာဉ်ယင်းမာပင်မြို့နယ်၊ညောင်ကိုင်းရွာမှာနာရေးကိုသဂြိုဟ်ဖို့လူစုနေတဲ့အချိန်စစ်ကောင်စီကနေရဟတ်ယာဉ်လေးစီးနဲ့လာရောက်ပစ်ခတ်သွားတာလို့ဒေသခံတွေကပြောပါတယ်။နာရေးမသဂြိုလ်ခင်အိမ်မှာလူအယောက်၃၀လောက်ကိုထမင်းကျွေးဖို့ပြင်ဆင်နေကြတဲ့ဒီနေ့ဖေဖော်ဝါရီ၂၆မနက်၈နာရီလောက်မှာရဟတ်ယာဉ်တွေနဲ့လာပစ်သွားတာကြောင့်ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးပုန်းအောင်းခဲ့ကြရပါတယ်။လေကြောင်း

ခရမ်းမြို့က ဘုရားပျိုရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေတိုက်ခိုက်

Posted: 26 Feb 2022 08:00 AM PST

ရဲတပ်ဖွဲ့ဝင် ၃ဦးထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးတွေထိခိုက်ပျက်စီးတယ်လို့ထုတ်ပြန်ခရမ်းမြို့နယ်ထဲက ဘုရားပျိုရွာထဲက ကျေးရွာရဲစခန်းတစ်ခုဖြစ်တဲ့ ဘုရားပျိုရဲစခန်းကို မေနေ့ဖေဖော်ဝါရီ ၂၅ ရက်ညပိုင်းက ခရမ်းဒေသကာကွယ်ရေးတပ်က အဝေးပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ကပြောပါတယ်။ဒီပစ်ခတ်မှုကြောင့်ရဲစခန်းအတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးကတော့စိုးရိမ်ရတယ်လို့ ခရမ်း PDF က

ယင်းမာပင်ဆရာစံအဖွဲ့က တတိယမြောက် မိုင်တဲလ်တာဝါတိုင်ကိုဖြိုလှဲ

Posted: 26 Feb 2022 07:32 AM PST

ယင်းမာပင်၊ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဆရာစံအဖွဲ့ဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တခုဖြစ်တဲ့ Mytel တာဝါတိုင်ကို ဖေဖေါ်ဝါရီ ၂၅ ရက် မနေ့က နေ့လည် ၁ နာရီခွဲလောက်က မိုင်းခွဲဖြိုလှဲခဲ့တယ်လို့ သိရပါတယ်။မိုင်တဲလ်တာဝါတိုင်ကရရှိတဲ့ အစိတ်အပိုင်းတွေကို စစ်ကောင်စီကို သတ်ဖြတ်မဲ့လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အလေအလွင့်မရှိ ထိထိရောက်ရောက်  ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သူတို့ရဲ့ ဆရာစံ

နမ့်စန် လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တစ်ဦး CDM ပြုလုပ်လာ

Posted: 26 Feb 2022 07:28 AM PST

သျှမ်းတောင် နမ့်စန် လေတပ်စခန်းဌာနချုပ်၊ အမှတ်-၃၅ ကင်းထောက်လေယာဉ်အုပ် ဖစ်တာလေယာဉ် (ကိုယ်ထည်) လုပ်ငန်းမှ တပ်ကြပ်ဝေလ ပြည်သူ့ပန်းတိုင်အဖွဲ့၏ ချိတ်ဆက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတနေရာသို့ ဖေဖော်ဝါရီ ပထမအပတ်အတွင်းက ခိုလှုံလာခဲ့ပါတယ်။ "ရိုးသားချင်ယောင်ဆောင်ပြီး မရိုးသားမှုတွေကြားထဲမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို ပုဒ်မပေါင်းများစွာတတ်ပြီး အတင်းအဓမ္မယူ၊ ရက်စက်စွာ ညည်းပန်းနှိပ်စက်ပြီး သေလောက်တဲ့

တောင်သုံးလုံးရှိ BGF ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရှိပြီး လူနေအိမ်များ ထိခိုက်ပျက်စီး

Posted: 26 Feb 2022 07:24 AM PST

Photo-CJဖေဖော်ဝါရီ ၂၆ရက်၊ ၂၀၂၂ခုနှစ်။ မူတြော်(ဖာပွန်)ခရိုင်၊ ထီးသဘလူ့ထာ့အုပ်စု၊ ဒွယ်လိုးမြို့နယ် တောင်သုံးလုံးစခန်းရှိ နယ်ခြားစောင့်တပ် -BGFတပ်ဖွဲ့မှ ကျေးရွာထဲသို့ လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရရှိပြီး လူနေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ တောင်သုံးလုံးအခြေစိုက် BGF အမှတ် ၁၀၁၃

ပူတာအိုတွင် Ooredooနှင့် Telenor ဖုန်းလိုင်းများပြတ်တောက်နေ

Posted: 26 Feb 2022 07:23 AM PST

Feb 26.2022ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဆက်ရေးလိုင်းများဖြစ်သည့် Ooredoo နှင့် Telenor ဖုန်းလိုင်းများပြတ်တောက်နေကြောင်း သိရသည်။Ooredoo ဖုန်းလိုင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှစတင်ကာ ယနေ့ထိ လုံးဝပြတ်တောက်သွားပြီး Telenor ဖုန်းလိုင်းမှာ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြတ်တောက်သွားကြောင်းသိရသည်။ပူတာအိုတွင် လတ်တလော MTP နှင့် Mytel ဖုန်းလိုင်းနှစ်ခုသာပုံမှန်ရရှိနေပြီး Ooredoo နှင့်

KIA တပ်ရင်း ၁၄ နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ ဗုံးကြဲတိုက်ခိုက်

Posted: 26 Feb 2022 07:22 AM PST

Feb 26,2022ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂)လက်အောက် တပ်ရင်း ၁၄ အတွင်း ၂ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့က ဂျက်လေယာဥ်ဖြင့်  ယနေ့နံနက်အစောပိုင်း ၂ နာရီဝန်းကျင်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။"လာပစ်တဲ့အချိန်က၂နာရီခွဲလောက်ဖြစ်မယ်ထင်တယ်။ ၂နေရာမှာ လာပစ်သွားတာ။ ပထမက KIA တပ်ရင်း ၁၄ စခန်းအတွင်းမှာ ၂ကြိမ်ပစ်သွားတယ်။ နောက် ရှဒူးဇွပ်ကျေးရွာအနီးမှာရှိတဲ့ ဝခါး(Wahka)တပ်

ဘီးလင်းမြို့နယ်တွင် တစ်ရက်တည်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးသေဆုံး

Posted: 25 Feb 2022 12:39 PM PST

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီသထုံခရိုင် ဘီးလင်းမြို့နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တစ်ရက်တည်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA (တပ်မဟာ ၁) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၅ ဦးကျဆုံးခဲ့သည်ဟု KNU ဘက်က ပြောသည်။ ဘီလင်းမြို့နယ် နတ်ကြီးကျေးရွာဘက်မှ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နတ်ကြီးနှင့် မယ်ပလိရွာကြား၌ နံနက် ၉ နာရီတွင်

VISA က ဦး​တေဇမိသားစုအဓိကပိုင်​သော AGD ဘဏ်နှင့်ပူး​ပေါင်း​ဆောင်ရွက်မှုရပ်ဆိုင်း

Posted: 25 Feb 2022 12:36 PM PST

အမေရိကန်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းစုဖြစ်သည့် VISA Internationalက ဦးတေဇသား အဓိကပိုင်ဆိုင်သည့် AGDဘဏ်နှင့် လက်တွဲလုပ်ကိုင်မူရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း AGDဘဏ်က ဖေဖော်ဝါရီ ၂၄ ရက်ကဘဏ်ဝန်​ဆောင်မှုသုံးစွဲသူများထံ​ပေးပို့​​သော အ​ကြောင်းကြားစာတွင်​ ဖော်ပြထားသည်။ "ADGဘဏ်က သူတို့ဆီက VISA ကတ်တွေ နိုင်ငံတကာမှ ငွေပေးချေလို့မရတော့ဘူးလို့ မနေ့က (ဖေဖော်ဝါရီ၂၄ရက်) က အကြောင်းကြားလာတယ်။"ဟု ဘဏ်ကတ်သုံးစွဲသူတစ်ဦးက

ရုရှား၏ ကျူးကျော်စစ်ကို ရှုတ်ချ၊ ယူကရိန်းပြည်သူနှင့်အတူ ရပ်တည်ကြောင်း NUG ထုတ်ပြန်

Posted: 25 Feb 2022 12:35 PM PST

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅ရုရှားက ယူကရိန်းနိုင်ငံကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချက်ကြောင်း ကြေငြာချက်တစောင်ကို ဒီကနေ့ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် ကြောက်မက်ဖွယ်ရာ ပြင်းထန်သော တိုက်ခိုက်မှုများသည် လေကြောင်း၊ ကုန်းမြေနှင့် ရေကြောင်းတို့မှ လုပ်ဆောင်နေပြီး ထောင်နှင့် ချီသော အရပ်သားများကို ယင်းတို့

ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ကြပ်နှင့် ဇနီးဖြစ်သူကို PDF များနှင့် ချိတ်ဆက်ဟု စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီး

Posted: 25 Feb 2022 12:21 PM PST

MFP ၊ ဖေဖေါ်ဝါရီ - ၂၅စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ကြပ် သူရထွန်းနှင့် ဇနီးဖြစ်သူတို့အား PDF များနှင့် အဆက်အသွယ်ရှိသည် ဆိုသော စွပ်စွဲချက်ဖြင့် စစ်အုပ်စုက ဖေဖေါ်ဝါရီ(၂၄)ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။စစ်အုပ်စုသည် ခင်ဦးမြို့နယ်အတွင်း ဒေသခံများအား ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးခဲ့ပြီးနောက် စကစ လက်အောက်ခံ ဝန်ထမ်းအချင်းချင်းကိုပါ စွပ်စွဲ ဖမ်းဆီးခြင်း ဖြစ်သည်။PDF များနှင့် ဆက်

သစ်ထူးလွင်

သစ်ထူးလွင်


မြင်းခြံမြို့နယ် ညောင်တိုရွာသားများကို အကြမ်းဖက်စစ်တပ်က နှိပ်စက်ညှင်းပန်းနေ

Posted: 25 Feb 2022 09:08 AM PST

မြင်းခြံ၊ ဖေဖော်ဝါရီ ၂၅အကြမ်းဖက်စစ်တပ်သည် မြင်းခြံမြို့နယ် ညောင်တိုရွာရှိ ရွာသူရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ္စည်းများကို မတရားလုယူခြင်း၊ ငွေညစ်ခြင်း စသည့်နိုင်ထက်စီးနင်းမှုများ ပြုလုပ်နေသည်ဟု မြင်းခြံမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက ယနေ့ထုတ်ပြန်သည်။"မနေ့က မနက်ပိုင်း အထက်ကနေ စုန်ဆင်းလာတဲ့သင်္ဘော ၁ စီးက ညောင်တိုရွာကမ်းကပ် ဓာတ်ဆီဆင်းဝယ်ယူတဲ့ သင်္ဘောသားကိုဖမ်းဆီးပြီး ငွေကျပ်၈သိန်းနဲ့ရွေး

ရန်ကုန်တွင် ဆန္ဒပြကျောင်းသားလူငယ်များ အများအပြားပစ်ခတ်ဖမ်းဆီးခံရ/တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ ဟု MSI youth defense force ထုတ်ပြန်ထား

Posted: 25 Feb 2022 09:07 AM PST

ဓာတ်ပုံ- စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် ပျံ့နှံ့နေသည့် ဆန္ဒပြကျောင်းသားလူငယ်များ ဖမ်းဆီးခံရသည့်ပုံရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ရန်ကုန်မြို့တွင် ယနေ့ (ဖေဖေါ်ဝါရီ ၂၅ )ညနေပိုင်းက  အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ဆန္ဒပြနေသည့် ဆန္ဒပြကျောင်းသားလူငယ်အများအပြား ပစ်ခတ် ဖမ်းဆီးထိန်းသိမ်းခံ ရကြောင်း Yangon Revolution force-YRF က ထုတ်ပြန်သည်။"ဒီကနေ့ ရန်ကုန်မှာ ရဲဘော်အများအပြားဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။ စိတ်မ

မရမ်းကုန်းတွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူငယ်(၁)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရကာ (၄)ဦး ဖမ်းခံရ

Posted: 25 Feb 2022 09:04 AM PST

ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၌  ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ည(၇)နာရီကျော်က အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူငယ်တစ်ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရကာ (၄)ဦး ဖမ်းဆီးခံရကြောင်း MSI Youth Defence Forces က သတင်းထုတ်ပြန်ထားသည်။ရန်ကင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းကလည်း ဆန္ဒပြပွဲအပြီး အနီးရှိ လူငယ်အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်က

ရန်ကုန်တိုင်းအတွင်း ယနေ့ညတွင် ရဲစခန်း နှစ်ခု အပါအဝင် နေရာအတော်များများတွင် ပေါက်ကွဲမှု ဖြစ်ပွား

Posted: 25 Feb 2022 09:02 AM PST

ရန်ကုန်တိုင်းအတွင်း  ယနေ့ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၉)ရဲစခန်းအနီး၌ ဗုံးနှစ်လုံးကွဲပြီး ခရမ်းမြို့နယ်၊ ဘုရားပျိုရဲစခန်း (၄၀)မမဖြင့် ပစ်ခတ်ခံရကြောင်း ဒေသ ခံများထံမှ သိရသည်။ယနေ့ ည(၉)နာရီဝန်းကျင်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မြောက်ဥက္ကလာ၊ အမှတ်(၉)ရဲစခန်းအနီး ခေမာသီလမ်းမပေါ်၌ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့ကြောင်း သိရသည်။ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ခရမ်းမြို့နယ်

ပခုက္ကူစည်ပင်ရုံးကို တော်လှန်ရေးရဲမေများက ပစ်ခတ်သတိပေး

Posted: 25 Feb 2022 09:13 AM PST

မ​ကွေးတိုင်း ပခုက္ကူမြို့နယ်စည်ပင်သာယာရုံးရှိ Non-CDM ဝန်ထမ်းများကို သတိပေးသည့်အနေဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း Young Force(UG) ပြောက်ကျားတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၅) ထုတ်ပြန်သည်။ ယနေ့နံနက် ၁၁နာရီခွဲတွင် Earthquake People's Defence Force(UG)မှ ရဲဘော်မလေးများက ဝင်ရောက်ပစ်ခတ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့နောက် စည်ပက်ရုံးဝင်ပေါက်အနီးတွင် Young Force(UG)မှ မိုင်းဖြင့်

နမ့်မယ်ခုံမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၂၀​ကျော်​သေဟု KDF အသိ​ပေး

Posted: 25 Feb 2022 08:54 AM PST

KDFမှ ရဲ​ဘော်တစ်ဦးကျဆုံးကယား(ကရင်နီ)ပြည်နယ် နမ့်မယ်ခုံမြို့ သာယပ်ရွာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)က ထုတ်ပြန်သည်။ယနေ့(ဖေဖော်ဝါရီ၂၅ရက်)နံနက် ၁၀နာရီမှစ၍ သာယပ်ရွာတိုက်ပွဲအတွင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ၊ လွိုင်​ကော် PDF ၊ DMO PDF ၊ ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF) မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွှေဘို ဂွေးကုန်းရွာရှိ ပျူနှစ်ဦးကို သုတ်သင်၊ သေနတ် နှစ်လက် သိမ်းယူရရှိဟုဆို

Posted: 25 Feb 2022 08:52 AM PST

ဖေဖေါ်ဝါရီ - ၂၅စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဂွေးကုန်းရွာရှိ စကစ လက်ပါးစေ ပျူနှစ်ဦးကို ယမန်နေ့က သုတ်သင်ရှင်းလင်းခဲ့ပြီး သေနတ်နှစ်လက် သိမ်းယူရရှိခဲ့ကြောင်း ရွှေဘို ယမ်းဘီလူး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယမန်နေ့ ဖေဖေါ်ဝါရီ(၂၄)ရက်က ရွှေဘိုမြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ ပျူနှစ်ဦးကို ရှင်းလင်း သုတ်သင်ခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်သော လက်နက် နှစ်လက်ကို သိမ်းယူ နိုင်ခဲ့သည်ဟု ဆိုသည်။အဆိုပါ ပျူနှစ်ဦး

ရွှေဘိုတွင် ရွာမီးရှို့နေသည့် စကစနှင့်ပျူအုပ်စုကို မိုင်း(၉)လုံးဖြင့် ဖောက်ခွဲရာ အကောင်(၃၀)ကျော်သေဟုဆို

Posted: 25 Feb 2022 08:49 AM PST

ရွှေဘိုနယ်အတွင်း သောင်းကျန်းနေသော စစ်အုပ်စုကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်/Photo - Sမိုင်းဆွဲအပြန်တွင် ပြည်သူ့ရဲဘော် "မာယာ" ဖမ်းဆီးခံလိုက်ရကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွား၊ဖေဖေါ်ဝါရီ - ၂၅စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ငါးပိအိုးကျေးရွာအတွင်း မီးရှို့ဖျက်ဆီး လုယက်ပြီး ပြန်လာသည့် စကစနှင့် ပျူအုပ်စုကို ယနေ့ မနက်ပိုင်းတွင် မိုင်း(၉)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ (၃၅)ဦး ထက်မနည်းသေကြောင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ ၃ နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့

Posted: 25 Feb 2022 08:42 AM PST

ဓာတ်ပုံ - စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်တစ်ခု။တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၅ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဒီနေ့မွန်းလွဲပိုင်းက သုံးနာရီဝန်းကျင်အကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုက ကျွဲထိန်းကုန်းရွာမှာ အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က

စစ်ကောင်စီစစ်ကြောင်းက ကျေးရွာအတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့သေဆုံးဟုဆို

Posted: 25 Feb 2022 08:39 AM PST

ရွှေဘို -  ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၂ ။စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ ကျေးရွာတစ်ရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အမျိုးသမီးတစ်ဦးနှင့် သက်ကြီးရွယ်အိုအချို့ သေဆုံးသွားကြောင်း သိရသည်။နှမစားရစ်ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာချိန်ထွက်ပြေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုအချို့လည်း

CDM ဝန်ထမ်းများဖယ်ပေးရသည့် ဝန်ထမ်းအိမ်ယာများကို စစ်တပ်အသိုင်းအဝိုင်း အပြိုင်လုနေ

Posted: 25 Feb 2022 08:34 AM PST

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅အာဏာဖီဆန်လှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ နေထိုင်ခဲ့သည့် တောင်ကြီးမြို့ရှိ ဝန်ထမ်းအငှားအိမ်ယာများကို စစ်တပ်မိသားစုဝင်များ၊ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက အပြိုင်အဆိုင်လုလျှောက်ကာ နေထိုင်လျက်ရှိကြောင်း ရှမ်းပြည်နယ်ဌာနဆိုင်သတင်းရင်းမြစ်များထံမှ သိရသည်။CDM ဝန်ထမ်းများ ဖယ်ရှားပေးရသည့်အတွက် လစ်လှပ်နေသည့် ဝန်ထမ်းအငှားအိမ်ယာများကို လက်ရှိ NON

ရေစကြိုမြို့နယ်က လမ်းမပေါ် တွင် ပြည်သူများထံ ငွေကြေးကောက်ခံနေသောစစ်ကောင်စီတပ်ဖွဲ့ကို PDF ဝင်ရောက်တိုက်ခိုက်၍ ဗိုလ်အပါအဝင် (၂)ဦးသေဆုံး

Posted: 25 Feb 2022 08:32 AM PST

(ဖေဖော်ဝါရီလ ၂၅ ရက်)ရေစကြိမြို့နယ်၊ ပခုက္ကူ-ချောင်းဦးလမ်းမကြီးပေါ်မှာ ပြည်သူများထံငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲဝင်များကို ရေစကြို PDF က ဝင်ရောက်တိုက်ခိုက်၍ ဗိုလ်တစ်ဦး အပါအဝင် တပ်သား တစ်ဦးပါသေဆုံး၍ လက်နက်ပါသိမ်းဆည်းရမိကြောင်း ရေစကြို PDF က ထုတ်ပြန်ပါတယ်။အဆိုပါဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဗိုလ်အပါအဝင် (၂)ဦးသေဆုံးသွားပြီး MA-5 တစ်လက် သိမ်းဆည်းရမိတယ်လိုဖော်ပြထားတယ်။၎င်းဝင်ရောက်တိုက်ခိုက်မှုတွင်

Friday, February 25, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ယူကရိန်းကို ရုရှားကျူးကျော်မှု - ကိယဗ်မြို့ပြင်နားအထိ ရုရှားတပ်တွေ ရောက်လာ

Posted: 24 Feb 2022 09:06 AM PST

ယူကရိန်းနယ်စပ်နားချဥ်းကပ်လာတဲ့ စစ်ကြောင်း ကိယဗ်မြို့ပြင်နားအထိ ရုရှားတပ်တွေ ရောက်လာရုရှား လေထီးတပ်သားတွေဟာ ကိယဗ် မြို့ကနေ ၁၅ - ၂၀ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ အန်တိုတော့ဗ် လေတပ်စခန်းကို ဒီနေ့ အစောပိုင်းကတည်းက ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။ယူကရိန်းအရန်တပ်ဖွဲ့တွေက အဲဒီကို တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်၊ အနောက် အုပ်စု ထောက်လှမ်းရေးတွေ မှန်းဆထားတဲ့အတိုင်း လျင်လျင်မြန်မြန် ထိုးစစ်ဆင် ခဲ့တာ ဖြစ်

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု မြန်မာစစ်ကောင်စီ ထောက်ခံပြောဆို

Posted: 24 Feb 2022 08:46 AM PST

ယူကရိန်းနိုင်ငံ၊ Mariupol အပြင်ဘက်က စစ်တပ်အဆောက်အဦးက ရေဒါနဲ့ တခြားစစ်ဘက်ဆိုင်ရာကိရိယာတွေ ရုရှားရဲ့ဒုံးကျည်ထိမှန် ပျက်စီးသွားပုံ။ (ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၂)ရုရှားက ယူကရိန်းကိုဝင်တိုက်တဲ့အပေါ် မြန်မာစစ်ကောင်စီက ထောက်ခံပြောဆိုပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက သီးခြားဆက်သွယ်မေးမြန်းချိန်မှာ အခုလို ဖြေဆိုခဲ့တာပါ။"နံပါတ် ၁ ကတော့ ဒီကိစ္စကတော့ ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့

ယူကရိန်းမြို့ကြီးတချို့မှာ ရုရှား စတင်တိုက်ခိုက်

Posted: 24 Feb 2022 08:43 AM PST

Kyiv မြို့မှာ ရုရှားက ဒုံးလက်နက်တွေအမြောက်တွေနဲ့တိုက်ခိုက်တာလို့  ယူကရိန်းတာဝန်ရှိသူတွေပြောခဲ့ပြီးတဲ့နောက် ငွေသားထုတ်ယူဖို့ စက်ရှေ့မှာ တန်းစီနေကြသူများ။ (ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၂)  ရုရှားအနေနဲ့ ယူကရိန်းကို စဝင်တိုက်ပြီး နိုင်ငံတဝန်း ပေါက်ကွဲသံတွေညံနေပါပြီ။ ရုရှားသမ္မတက အထူးစစ်ဆင်ရေးကြေညာပြီး တခြားနိုင်ငံတွေ ဝင်မစွက်ဖို့ ဒီနေ့မနက်စောစောပြောအပြီး ချက်ချင်းကိုဖြစ်လာတာပါ။ရုရှားအနေနဲ့ ယူကရိန်းကိုဝင်တိုက်

ကနီနယ်တိုက်ပွဲတွင် ဒဏ်ရာရသည့် စစ်​ကောင်စီအရာရှိအချို့ကို ရဟတ်ယာဥ်ဖြင့်လာသယ်

Posted: 24 Feb 2022 08:37 AM PST

ကနီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်များတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသည့် တပ်မတော်အရာရှိအချို့ကို ယနေ့နေ့လယ်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်သယ် ဆောင်သွားသည်။ "အရင်ရက်တိုက်ပွဲ‌တွေမှာ ဒဏ်ရာရတဲ့သူတွေ။ ဗိုလ်အဆင့်အရာရှိတွေ ဒဏ်ရာရထားတယ်။ သူတို့ကို ရဟတ်ယာဉ်နဲ့ လာသယ်သွားတယ်"ဟု ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။ ကနီမြို့နယ် ဆယ်ရွာဒေသအပါအဝင် ကျေးရွာအချို့တွင် ဖေဖော်ဝါရီ ၂၀ရက်ကစ၍

စစ်ခေါင်း​ဆောင်နှင့် အရာရှိများ ကိုယ်ကျိုးအတွက်သုံးသော တပ်ပိုင်မြေများကို ပြန်လည်သိမ်းယူမည် NUG ထုတ်ပြန်

Posted: 24 Feb 2022 08:36 AM PST

အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ အရာရှိများ အကျိုးစီးပွားအတွက် အသုံးပြုသည့်တပ်ပိုင်မြေများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြန်လည်သိမ်းယူရမည်ဟု ယနေ့ထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်းမြေဆိုင်ရာ အခြေခံမူများကို ထုတ်ပြန်လိုက်ရာ ယင်းသို့ဖော်ပြခြင်းဖြစ်ပြီး ပြန်လည်သိမ်းယူသော တပ်ပိုင်မြေများကို လေလံတင်ရောင်းချခြင်း၊ အများပြည်သူ အကျိုးစီးပွားအတွက် ဖွံ့ဖြိုးမှုစီမံကိန်းများကို အကောင်

ရန်ကုန်တွင် မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချသည့်ဆိုင်များကို အရေးယူတော့မည်ဟု YUG ကြေညာ

Posted: 24 Feb 2022 08:33 AM PST

သျှမ်းတောင်ပိုင်း ရွာငံမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်၊ညနေပိုင်းတွင် စစ်ကောင်စီထုတ်ကုန်ဖြစ်သော မြန်မာဘီယာများ တင်ဆောင်လာသည့် ကားတစ်စီး မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။မြန်မာဘီယာအပါအဝင် အကြမ်းဖက်စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ခြင်းချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်ရောင်းချနေသည့် ဆိုင်များကို ဖက်စစ်ထောက်တိုင်များအဖြစ်သတ်မှတ်ကာ ရှင်းလင်းသွားမည်ဟု Yangon Urban Guerrillas - YUG က‌ ယနေ့(ဖေဖော်ဝါရီ ၂၄)

ကောလင်း၌ CDM ဝန်ထမ်း အပါအဝင် ဒေသခံလေးဦးကို စစ်အုပ်စုက သတ်ဖြတ်၊ အမျိုးသမီး နှစ်ဦးကို မသတ်မီ စစ်အုပ်စုက အဓမ္မပြုကျင့်ဟုဆို

Posted: 24 Feb 2022 08:27 AM PST

စစ်အုပ်စုက လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်ကာ ဖျက်ဆီးခဲ့သည့် ကောလင်းမြို့နယ် ဥမင်ကုန်းရွာရှိ နေအိမ်တစ်လုံး/Photo – KR-TeamMFP ၊ ဖေဖေါ်ဝါရီ - ၂၄စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာကျေးရွာအုပ်စု မင်းကုန်းရွာ၌ CDM ဝန်ထမ်း အမျိုးသမီး အပါအဝင် ဒေသခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးကို စစ်အုပ်စုက ဖေဖေါ်ဝါရီ(၂၂)ရက်တွင် လက်ပြန်ကြိုးတုပ်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကောလင်း

မိတ္ထီလာ၌ ဘဏ်အစောင့် စစ်အုပ်စုက လမ်းသွားလမ်းလာများကို အကြောင်းမဲ့ ပစ်ခတ်၊ အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ

Posted: 24 Feb 2022 08:18 AM PST

မိတ္ထီလာမြို့၌ လမ်းသွားလမ်းလာများအား ဖမ်းဆီးငွေညှစ်နေသော စစ်အုပ်စု (ပုံဟောင်း)/Photo – CJMFP ၊ ဖေဖေါ်ဝါရီ - ၂၄မန္တလေးတိုင်း မိတ္ထီလာမြို့၌ အင်းဝဘဏ် အစောင့်ကျနေသော စစ်အုပ်စုသည် ယမန်နေ့ ညဦးပိုင်းက လမ်းသွားလမ်းလာ ဆိုင်ကယ်နှစ်စီးကို အကြောင်းမဲ့ ရန်ပြုပစ်ခတ်သဖြင့် အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက MFP သို့ ပြောသည်။ယမန်နေ့ ဖေဖေါ်ဝါရီ(၂၃)ရက် ည(၇)နာရီခွဲ ဝန်းကျင်က မိတ္ထီ

စစ်ကောင်စီစစ်ကြောင်းက ဒေသခံများ၏နေအိမ်နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး၊ ပစ္စည်းများကို ခိုးယူ

Posted: 24 Feb 2022 08:15 AM PST

တန့်ဆည် - ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂။ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ရေဦးမြို့နယ်မှ တန့်ဆည်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများသို့ ဝင်ရောက်လာပြီး ဒေသခံပြည်သူတို့၏ နေအိမ်များနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။ တန့်ဆည်မြို့နှင့် ၇ မိုင်ခန့်အကွာတွင်ရှိသည့် ရေရှင်ကုန်းကျေးရွာတွင် စစ်ရှောင်ပြည်သူတို့၏ ဆိုင်ကယ် ၁၆ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ယင်းမာပင်က ဒုရဲမှုးကြီးတစ်ဦးဖမ်းဆီးခံရ

Posted: 24 Feb 2022 08:09 AM PST

ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ ၂၀၂၂ စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နွယ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကြာသေးခင်ရက်ပိုင်းကပဲ ဖမ်းဆီးလိုက်တယ်လို့အမည်မဖော်လို့တဲ့ CDM ရဲ့အရာရှိတစ်ဦးက ပြောပါတယ်။မည်သည့်အတွက်ကြောင့်ဖမ်းဆီးသည်ကိုတော့ တိတိကျကျမသိရသေးကြောင်း အဆိုပါ CDM အရာရှိကဆိုပါတယ်။ဒုရဲမှူးကြီးအောင်နွယ်ဦးသည် အရပ်ဖက်မှရဲဖြစ်လာသူတစ်ဦးဖြစ်ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း

ချောင်းဦးမြို့မရဲစခန်းကို တိုက်ခိုက်ရာ နှစ်ဦး​သေဟု PDF ထုတ်ပြန်

Posted: 24 Feb 2022 08:05 AM PST

(​ချောင်းဦး PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)ချောင်းဦးမြို့မ ရဲစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU PDF)က ယနေ့ (ဖေဖော်ဝါရီ ၂၄)တွင် ထုတ်ပြန်သည်။CHU PDF တပ်ခွဲ(၁)မှ ရဲဘော်များသည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်)က ချောင်းဦးမြို့နယ်အတွင်း ဝင်ရောက်ကာ မြို့မရဲစခန်း၏ ကင်းစောင့်နေသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ရဲ

စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန် ထမ်းဆောင်လျက်ရှိသော ကျောင်းဖြူကျေးရွာ အုပ်ချုပ်ရေးမှူး သေဆုံး

Posted: 24 Feb 2022 08:02 AM PST

ဖေဖေါ်ဝါရီ ၂၄၊ SGG​စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိသော စစ်ကိုင်းမြို့နယ် ကျောင်းဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်း အသက် (၄၂) နှစ် သေနတ်နဲ့ပစ်သတ်ခံရတယ်လို့သိရပါတယ်။ယနေ့ ဖေဖေါ်ဝါရီလ ၂၄ရက် မနက်ပိုင်းက ကျောင်းဖြူရွာ မြောက်ဘက်တောထဲမှာ ပစ်ခတ်ခံရပြီး နေရာမှာပဲသေဆုံးသွားတယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှူးများ စစ်ကောင်စီလက်အောက် မှ နှုတ်ထွက်ကြရန် သတိပေးထားပြီး ဖြစ်ပါတယ်။ နှုတ်

ကောလင်းနယ်တွင် သောင်းကျန်းနေသော စစ်အုပ်စုကို ယနေ့ နှစ်ကြိမ် တိုက်ခိုက်၊ စကစ တစ်ဦးသေ

Posted: 24 Feb 2022 07:59 AM PST

MFP ၊ ဖေဖေါ်ဝါရီ - ၂၄စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေသော စစ်အုပ်စုကို ယနေ့ မနက်ပိုင်းနှင့် ညနေပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စကစ တစ်ဦး သေပြီး နှစ်ဦး ဒဏ်ရာရကြောင်း ကောလင်း တော်လှန်ရေးအဖွဲ့ - KR Team က ဖော်ပြသည်။ယနေ့ ဖေဖေါ်ဝါရီ(၂၄)ရက် မနက်(၅)နာရီခန့်က ကောလင်းမြို့နယ် အရှေ့ခြမ်း အင်းမရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုကို ကောလင်း

ရွှေဘိုမြို့နယ် ကျေးရွာများသို့ စစ်အုပ်စု ဝင်မွှေသောင်းကျန်းသဖြင့် ဒေသခံ(၅၀၀၀)ကျော် ထွက်ပြေးရ

Posted: 24 Feb 2022 07:57 AM PST

ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ/Photo - ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးMFP ၊ ဖေဖေါ်ဝါရီ - ၂၄စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများသို့ ယနေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက် စစ်အုပ်စု ရုတ်တရက် ဝင်မွှေသောင်းကျန်းသဖြင့် ဂွေးပင်ကုန်းရွာ အပါအဝင် ကျေးရွာ(၁၀)ရွာမှ ဒေသခံပြည်သူ (၅၀၀၀)ကျော် ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။ယနေ့ ဖေဖေါ်ဝါရီ(၂၄)ရက် နေ့လယ်ပိုင်းတွင် ရွှေဘို

ချောက်မြို့မှာ အသက်မပြည့်သေးသူ ကလေးသူငယ် ၂၀ဦးနီးပါးဖမ်းဆီးခံရပြီး ဆေးလိပ်မီးနဲ့ပါတို့ပြီး စစ်ဆေးခံနေရဟုဆို

Posted: 24 Feb 2022 07:55 AM PST

ချောက်၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂။မကွေးတိုင်း၊ ချောက်မြို့မှာ ဖေဖော်ဝါရီ ၂၁ရက်က အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၃ဦးကို စတင်ဖမ်းဆီးခဲ့ရာကနေ ဒီကနေ့အချိန်အထိ ကလေးသူငယ် ၂၀ဦး နီးပါစ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုစာရွက်များကိုင်ထားတဲ့ ကလေးသူငယ် ၃ ဦးကို ချောက်မြို့၊ ရွှေပုံတောင် စိမ်းလန်းစိုပြေရေးနယ်မြေမှာ ဖမ်းဆီးသွားခဲ့ပြီး

လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

Posted: 24 Feb 2022 07:53 AM PST

ရွှေဘို၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဝါးရုန်ကန်ရွာအထွက်မှာ ဖေဖော်ဝါရီ ၂၃ ရက် မနေ့ကည ၉ နာရီက စစ်ကောင်စီတပ်သားတွေမိုင်းဆွဲခံရတယ်လို့ သိရပါတယ်။ ပလိုင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၅၀ ကျော်က ဝါးရုန်ကန်ရွာကနေ သန်းတောရွာဘက်ကို ၆၀ မမ လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းထိုးလာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးလည်း မိုင်းထိပြီး သေဆုံးခဲ့တယ်လို့

ပုလောဒေသတွင် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းထား၊ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ပြောဆို

Posted: 24 Feb 2022 07:50 AM PST

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) နယ်မြေ၊ ပုလောမြို့နယ် အတွင်းရှိ ကျေးရွာတချို့တွင် KNU ၏ အကာအကွယ်ပေးမှုအပြည့်အဝ မရရှိသောကြောင့် ဒေသတွင်း ကရင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပုလော)-KPDF ကို ဖွဲ့စည်းထားရပြီး တပ်ဖွဲ့ဝင်များအတွက် အထောက်အပံ့အကူအညီ များလိုအပ်နေကြောင်း ဦးဆောင်ဖွဲ့စည်းသူများက ပြောသည်။KNU ၏ ထိန်းချုပ်မှုဒေသတွင်ရှိနေသော်လည်း ဒေသခံအရပ်သားပြည်သူများအနေဖြင့် စစ်ကောင်စီ၏

ကားမိုင်း-လဝါး လမ်းဆုံဂိတ် တိုက်ပွဲအပြီး ဒေသခံအမျိုးသားတစ်ဦး မိုင်းထိသေဆုံး

Posted: 24 Feb 2022 07:44 AM PST

ဖေဖော်ဝါရီ၊၂၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကားးမိုင်း-လဝါး လမ်းဆုံဂိတ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့တိုက်ပွဲကြောင့် ကားမိုင်းမှ ဒေသခံ အမျိုးသားတစ်ဦး ‌မိုင်းထိသေဆုံးပြီး  (၄)ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကားမိုင်းဒေသခံတစ်ဦးကပြောသည်။ " သူအဖေက အိမ်သာတက်နေတာ။ အိမ်သာမှာကို မှိုင်းပစ်ထည့်ပေးပြီး အပြင်ကနေ သေနတ်နဲ့ ပစ်ပေး လို့ အဲ့ဒီမှာပဲ ဆုံးသွားတယ်။ကလေးတွေကျတော့ အိမ်ထဲမှာ

ကာမိုင်း-လဝါး လမ်းဆုံဂိတ်တွင် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်နေ

Posted: 24 Feb 2022 07:42 AM PST

ဖေဖော်ဝါရီ၊၂၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကားးမိုင်း-လဝါး လမ်းဆုံဂိတ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့ ယနေ့နံနက်(၇)နာရီ အချိန့်ကစ၍ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ကာမိုင်းစစ်တပ်ဗျူဟာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူနေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။   "ကားမိုင်ဂိတ်မှာ(၇)နာရီကနေ။

ဖားကန့်တွင် စစ်​ကောင်စီတပ်များက လက်နက်ကြီးများ ရမ်းသမ်းပစ်​ခတ်နေ

Posted: 24 Feb 2022 07:38 AM PST

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်များသည် ယနေ့ည လက်နက်ကြီး သုံးကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ကံဆီးစစ်ကောင်စီဗျုဟာကုန်းမှ ယနေ့ည ၆နာရီခွဲခန့်တွင် လက်နက်ကြီးနှစ်ကြိမ်၊ ဖားကန့် စစ်ကောင်စီဗျုဟာကုန်းမှ ၇နာရီခွဲခန့်တွင်တစ်ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။"ကံဆီးဗျုဟာကုန်းက ပစ်တာကတော့ တောဘက်မှာ ကျတယ်။ ဖားကန့်ဗျုယာကုန်းက ပစ်တာတော့ ဥရုချောင်းဘေးမှာ ကျတာ"ဟု ဒေသခံတစ်ဦး က

ပြည်သူများအနေဖြင့် ပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်သတိပေး

Posted: 24 Feb 2022 07:36 AM PST

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲနယ် အတွင်း  စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ သယ်ယူထုတ်ပိုးနိုင်သည့် ပစ္စည်းများ အဆင်သင့် ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်ခဲ့သည်။ဖယ်ခုံမြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့၏ အကြမ်းဖက် ထိုးစစ်ဆင်မှုများ ရှိနေသည့်အပြင် စစ်ကောင်စီတပ်သားများ နေအိမ်ဖောက်ထွင်း ခိုးယူမှု မီးရှို့ဖျက်ဆီးမှု  ရှိနေ

ကောလင်းနယ်တွင် ပြည်သူ ၄ ဦးအား သတ်ခံထားရ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်

Posted: 24 Feb 2022 07:28 AM PST

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး၂ဦး တို့ကို စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီး ယင်းတွင် ကောလင်းမြို့နယ်ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်ကြောင်းသိရသည်။သတ်ဖြတ်ခံရသည့် ရုပ်အလောင်း ၄ လောင်းကို ယမန်နေ့က ကောလင်းမြို့ပြင်ဘက်တောတစ်နေရာတွင်တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာစဥ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။''

ဒီပဲယင်းနယ်တွင် ပြည်သူတစ်ဦးသတ်ခံရပြီး ပြည်သူများ၏ စပါးများနှင့်ဆိုင်ကယ်များ စစ်ကောင်စီတပ်ဖျက်ဆီး

Posted: 24 Feb 2022 07:26 AM PST

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ စိုင်းပြင်ကျေးရွာနေအမျိုးသားတစ်ဦးကိုစစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီး ဂွေးပင်ကုန်းကျေးရွာကိုထပ်မံဝင်ရောက်ကာ ပြည်သူပိုင်စပါးများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်အင်းအား ၃၀ ခန့်က စိုင်းပြင်ကျေးရွာ နေအမျိုးသားသုံးဦးဖမ်းခေါ်သွားပြီး နှစ်ဦးကိုပြန်လွတ်ပေးခဲ့ကာ တစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး စိုင်းပြင်ကျေးရွာမှ

နန်းမယ်ခုံကို စွန့်လွှတ်လိုက်ရဟု ကရင်နီပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ​ပြော

Posted: 24 Feb 2022 07:22 AM PST

(အကြမ်းဖက်စစ်​ကောင်စီရမ်းကားပစ်ခတ်မှု​ကြောင့် နန်းမယ်ခုံရှိ ​နေအိမ်များပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)ကယား(ကရင်နီ)ပြည်နယ်ရှိ နန်းမယ်ခုံမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် အင်အားသုံးတိုက်ခိုက်မှုများ​ကြောင့် စွန့်လွှတ်လိုက်ရကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ ပြောသည်။နန်းမယ်ခုံ မြို့တစ်ဝိုက်သည် စစ်ရေးအရ ဗျူဟာကျပြီး ဒီးမော့ဆိုမြို့ကို

ဆယ်​ကျော်သက်အရွယ်သမီးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူကို အကြမ်းဖက်စစ်​ကောင်စီတပ်က ဖမ်းဆီး​သွားပြီး တစ်ရက်အကြာတွင် မီးကျွမ်း​​နေ​သော ရုပ်အ​လောင်းများသာပြန်​တွေ့

Posted: 24 Feb 2022 07:20 AM PST

ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီက တောင်ယာတဲတွင်စစ်ရှောင်နေသည့် ဆယ်​ကျော်သက်အရွယ် မိန်းကလေးငယ်နှစ်ဦးနှင့်မိခင်ဖြစ်သူ သုံးဦးစလုံးကို ဖမ်းဆီး​ခေါ်​ဆောင်သွားပြီး တစ်ရက်အကြာတွင်မီးရှို့သတ်ဖြတ်ထားပြီး မီးကျွမ်း​​နေ​သောခန္ဒာကိုယ်အစိတ်ပိုင်းများကိုသာ​တွေ့ရ​တော့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြောသည်။ကလေးမြို့နယ် ၊ချောင်းခွကျေးရွာမှ မိခင်ဖြစ်သူဒေါ်ငွန်ဇာလျန် (

Thursday, February 24, 2022

သစ်ထူးလွင်

သစ်ထူးလွင်


မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ လယ်ကွင်းဘက်တွင် သေနတ်ပစ်ဖောက်ပြီး လူလိုက်ဖမ်းနေ

Posted: 23 Feb 2022 08:23 AM PST

 23 February 2022ယနေ့ညနေ ၅နာရီကျော်အချိန်ခန့်တွင် မြစ်ကြီးနားမြို့ တပ်ကုန်းနှစ်ခြင်း ဘုရား‌ကျောင်းအနောက်ဘက်ရှိ လယ်ကွင်းအနီးတွင် အရပ်ဝတ်နှင့် သေနတ်ကိုင်ထားသည့် လူတစ်စုက သေနတ်မိုးပေါ်ထောင်ပစ်ပြီး ဖမ်းဆီးမှုပြုလုပ်‌နေသည်ကို တွေ့ရသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။NOAH အမျိုးအစားကားနှစ်စီးဖြင့် ဖြစ်ပြီး စစ်ကောင်စီရဲများဖြစ်နိုင်သည်ဟု အဆိုပါမျက်မြင်က ယူဆသည်။"သေနတ်မိုးပေါ်ထောင်ပစ်တာတော့ ၁၀ ချက်လောက်ဟုတ်တယ်။

သက္ကလမြို့ ရဲစခန်း ယနေ့ည ဗုံးခွဲတိုက်ခိုက်ခံရ၊ ခရမ်း-PDF လည်း ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့(ရုပ်/သံ)

Posted: 23 Feb 2022 08:19 AM PST

(ဖေဖော်၀ါရီ ၂၃)ယနေ့ည ၇နာရီကျော်တွင် က၀မြို့နယ် သက္ကလမြို့ရဲစခန်း ဗုံးအကြီးစားနှစ်လုံး ဖောက်ခွဲတိုက်ခိုက်ကြောင်း သိရပါသည်။ ထိုဗုံးပေါက်ကွဲပြီးနောက် သေနတ်ဖြင့် ဆယ်ချက်ကျော် ပြန်လည်ပစ်ခတ်သံများ ကြားနေရပြီး သက္ကလတစ်မြို့လုံးလည်း မီးပျက်နေကြောင်း သိရပါသည်။ထိုဗုံးဖောက်ခွဲတိုက်ခိုက်မှုတွင် မြို့ခံ PDF ဖြစ်သော Kawa People´s Defence Force - KPDF အပြင် ခရမ်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) မှလည်း

ခရမ်းမြို့ မနေ့ည စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ပညာရေးမှူးရုံး ဗုံးပေါက်ကွဲ

Posted: 23 Feb 2022 08:16 AM PST

ခရမ်းမြို့ မနေ့ည စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ပညာရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံယူနေရသော ၃ ဦးအနက် ၂ ဦးထပ်မံသေဆုံးသွားခဲ့ကြောင်း သိရပါသည်။ယနေ့ ညနေ ၃ နာရီ ခန့်တွင် ၁ ဦး(ကြည်းတပ်သား) သေဆုံးခဲ့ပြီး ယနေ့ ညနေ ၅ နာရီခွဲခန့်တွင် ၁ ဦး(အရစ် ၂ ရစ်ရှိ ကြည်းအရာရှိတစ်ဦး) ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရပါသည်။ ကျန်တစ်ဦးမှာ

တန့်ဆည်ရှိ DGB အသေးစားငွေချေးလုပ်ငန်း မိုင်းခွဲတိုက်ခိုက်ခံရ

Posted: 23 Feb 2022 08:14 AM PST

ဓာတ်ပုံ- DGB အသေးစားငွေချေးလုပ်ငန်းရုံးခွဲတစ်ခုအား ယမန်နှစ်ကတွေ့ရစဉ်တန့်ဆည်၊ ဖေဖော်ဝါရီ ၂၃စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းယူနေသည့် အသေးစားချေးငွေလုပ်ငန်း တစ်ခုဖြစ်သော DGB Microfinance Myanmar ရုံးခွဲအား တန့်ဆည်PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒူးတွင် ဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည်ဖီးနစ် (Phoenix

ဒီးမော့ဆိုမြို့နယ်အတွင်း ဆီးလီဒုန်းရွာကို အာဏာသိမ်းတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၍ အရပ်သား (၂)ဦးသေပြီး (၄)ဦးဒဏ်ရာပြင်းထန်

Posted: 23 Feb 2022 08:01 AM PST

ကရင်နီ(ကယား)ပြည်နယ်အတွင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဆီးလီဒုန်းကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က  ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ ညနေပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား (၂) ဦးသေကာ (၄) ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားသည်ဟု သိရသည်။အာဏာသိမ်း စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်အတွင်းကို ယနေ့ တစ်နေကုန်နီးပါး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေရာ နန်းမယ်ခုံကျေးရွာ၌လည်း လက်နက်ကြီး

ကလေးမြို့နယ် မှန်တောရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်

Posted: 23 Feb 2022 08:00 AM PST

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မှန်တောရွာသို့ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်းစီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF - KKG က သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီရွာတို့၌တပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် လက်အောက်ခံ ပျူစောထီးအင်အား (၇၀)

အကြမ်းဖက်စစ်တပ်က ဆက်လက်ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများအ​နေဖြင့် အ​ရေးကြီးပစ္စည်း ယူ​ဆောင်နိုင်​ရေး အသင့်ပြင်ဆင်ထားရန် ဖယ်ခုံပအဖသတိ​ပေး

Posted: 23 Feb 2022 07:58 AM PST

 (ဖယ်ခုံ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF)ဖယ်ခုံမြို့နယ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်လက်ထိုးစစ်ဆင်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အရေးကြီးပစ္စည်းများကို ယူဆောင်သွားနိုင်ရေး အသင့်အနေအထားဖြင့် ပြင်ဆင်ထားရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ -ဖယ်ခုံက ယနေ့ (ဖေဖော်ဝါရီ ၂၃)တွင် သတိပေးထုတ်ပြန်သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ရှိ ရပ်ကွက်များနှင့် ကျေးရွာအချို့ကို အကြမ်းဖက်စစ်

မတူပီရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး G-3 ​သေနတ်၊ကျည်ဆံတို့နှင့်အတူ CDF (မတူပီ)ထံ ခိုလှုံ

Posted: 23 Feb 2022 07:57 AM PST

(ပြည်သူ့ရင်ခွင်ခိုလှုံလာသော နယ်ထိန်းရဲထက်​ဝေ​ဇော်)ချင်းပြည်နယ်၊ မတူပီ ရဲစခန်းမှာ တပ်သားအဆင့် နယ်ထိန်းတစ်ဦးက လက်နက်နှင့်အတူ ယနေ့(ဖေဖော်ဝါရီ ၂၃)ရက်က CDF(မတူပီ)ခိုလှုံလာသည်။ အဆိုပါနယ်ထိန်းသည် ထက်ဝေဇော် (ကိုယ်ပိုင်နံပါတ် လ -၂၇၆၃၀၉ ) သည် G3 သေနတ် တစ်လက် ၊ ကျည်ဆန်အချို့တို့နှင့်အတူ CDF(မတူပီ)ထံ ခိုလှုံလာခြင်းဖြစ်သည်။ခိုလှုံလာသည့် ရဲတပ်သားကို ချင်းပြည်ကာကွယ်ရေးတပ်များက နွေးထွေးစွာကြိုဆိုပြီး ဂုဏ်ပြု

မြင်းမူနယ်အတွင်း စစ်အုပ်စုက PDF ယူနီဖောင်းဝတ်ကာ သောင်းကျန်းနေ

Posted: 23 Feb 2022 07:54 AM PST

ဖေဖေါ်ဝါရီ - ၂၃စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်အုပ်စုက PDF ယူနီဖောင်းတွေ ဝတ်ဆင်ပြီး သောင်းကျန်းနေလို့ လမ်းသွားလမ်းလာတွေ ဂရုပြုကြဖို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MMU PDF က ထုတ်ပြန်ပါတယ်။စစ်အုပ်စုဟာ မန္တလေး - မုံရွာလမ်းပိုင်း အပါအဝင် မြင်းမူနယ်အတွင်းမှာ MMU PDF နဲ့ Black Eagle PDF တံဆိပ်ပါတဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ပြီး သောင်းကျန်းနေတာလို့ ဆိုပါတယ်။"မိဘပြည်သူများခင်ဗျာ ယခုအခါတွင်

မန္တလေးမြို့ပေါ် ကျူးကျော်တဲ လိုက်ဖျက်နေသော စကစကားနှစ်စီးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ၊နာရီပိုင်းအတွင်း မန္တလေးမြို့ပေါ် နှစ်နေရာတွင် စကစများ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်၊

Posted: 23 Feb 2022 07:52 AM PST

ကျူးကျော်ဟုဆိုကာ စစ်အုပ်စုက ဖျက်ဆီးခဲ့သည့် နေအိမ်အချို့ (ပုံဟောင်း)/Photo - ပေးပို့ဖေဖေါ်ဝါရီ - ၂၃မန္တလေးမြို့အနှံ့ရှိ ကျူးကျော်နေအိမ်များကို လိုက်လံဖျက်ဆီးနေသော မန္တလေး စည်ပင် ဦးဆောင်သည့် စကစ လက်နက်ကိုင်များ လိုက်ပါလာသော ကားနှစ်စီးကို ယနေ့ ညနေပိုင်းတွင် မြို့သစ် (၄၈)လမ်းအနီးတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစများ ထိခိုက်ဒဏ်ရာရ သေဆုံးမှု ရှိနိုင်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့

လူ ၅ ဦးထက်ပိုစီးသည့် အိမ်စီးကားများကို မအူပင်မြို့အဝင်စစ်ကောင်စီဂိတ်က ကိုဗစ်ဥပဒေဖြင့် ဖမ်းဆီးငွေညှစ်

Posted: 23 Feb 2022 07:50 AM PST

မအူပင်၊ ဖေဖော်ဝါရီ၂၃ရက်ဧရာဝတီတိုင်း၊ မအူပင်မြို့ မြို့အဝင်တံတားဂိတ်တွင် လူ ၅ ဦးထက်ပိုမိုတင်ဆောင်သည့် အိမ်စီးကားများကို စစ်ကောင်စီက ကိုဗစ်ဥပဒေဖြင့်ဖမ်းဆီးငွေညှစ်နေကြောင်း ဒေသခံများထံကသိရသည်။'' ခုဖမ်းခံရတာက လူပိုတင်လို့တဲ့ ကိုဗစ်ကာလ က ထုတ်ပြန်ထားတဲ့ဥပဒေနဲ့ဖမ်းတာ။ အိမ်စီးကားမှာလူ ၅ ယောက်ထက်ပိုတင်တယ်ဆိုပြီး ဖမ်းတာ။ ကိုဗစ်ဥပဒေကလည်း သူတို့ငွေညှစ်တဲ့နေရာလောက်မှာဘဲ သုံးတာ။ သူတို့ကိုယ်တိုင်ဖောက်ဖျက်နေတာ

တစ်ရက်တည်း စစ်​ကောင်စီတပ်သား ၄၀ထက်မနည်း​သေခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၉ ရက်တိုက်ပွဲ စစ်သားများအစုလိုက်အပြုံလိုက်​ သေ​နေ​သော ဓာတ်ပုံများကို D4MMR ထုတ်ပြန်

Posted: 23 Feb 2022 07:48 AM PST

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ရုပ်အ​လောင်းများ။ဓါတ်ပုံ-D4MMR)တစ်ရက်တည်းစစ်​ကောင်စီတပ်ဖွဲ့ဝင် ၄၀ ထက်မနည်းသေဆုံးပြီးအထိ့နာခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၉ ရက်မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​တောင်ယာခင်းအတွင်း အစုလိုက်အပြုံလိုက်​သေဆုံး​နေ​သော ဓါတ်ပုံများကို ယ​နေ့ D4MMR ကထုတ်ပြန်လိုက်သည်။D4MMR ဆိုသည်မှာ Donate For Myanmar Revolutionaries ဆို​​​ ​သော​ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သည်။ရှမ်း-ကရင်နီ

ပေါင်းတည်တွင် ​ခြေလျင်လာသည့် စစ်​ကောင်စီတပ် မိုင်းခွဲခံရ၍ နှစ်ဦး​သေ၊ တစ်ဦးဒဏ်ရာရ

Posted: 23 Feb 2022 07:47 AM PST

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်အတွင်း ဖြတ်သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းခွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PPDF ကသတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၃နာရီခွဲအချိန်ခန့်တွင် ပေါင်းတည်မြို့နယ် သိမ်ကုန်းနှင့်ငရှဉ့်ကွင်း ကျေးရွာအကြား ခြေလျင်ဖြင့်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းခွဲ

ကန့်ဘလူ ကင်းတပ်ဆည်အနီး စစ်အုပ်စု မိုင်းဆွဲခံရ၊ အသေများနိုင်ဟုဆို၊

Posted: 23 Feb 2022 07:45 AM PST

ဖေဖေါ်ဝါရီ - ၂၃စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကင်းတပ်ဆည်အနီးတွင် ဒေသတွင်း မွှေနှောက်သောင်းကျန်းနေသော စကစများ ယနေ့ နေ့လည်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အသေများနိုင်ကြောင်း တန့်ဆည်တော်လှန်ရေး တပ်ဦး - Taze Revolution Force – TRF က သတင်းထုတ်ပြန်သည်။ယနေ့ ဖေဖေါ်ဝါရီ(၂၃)ရက် နေ့လယ်(၂)နာရီခန့်က ကင်းတပ်ဆည်အနီးတွင် စစ်အုပ်စုကို မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။"ကန့်ဘလူ -တန့်ဆည်နယ်စပ်

မန္တလေး မီးပွိုင့်ရှိ စကစများ ဗုံးထုခံရမှု မြို့နယ်ရဲမှူး အပါအဝင် (၁၀)ဦး ဒဏ်ရာရ၊

Posted: 23 Feb 2022 07:43 AM PST

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ/Photo – Sဖေဖေါ်ဝါရီ - ၂၃မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံတက္ကသိုလ်လမ်းခွဲ မီးပွိုင့်တွင် အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာများကို ဖမ်းဆီး ငွေညှစ်နေသော စစ်အုပ်စု ယနေ့ ညနေပိုင်းတွင် ဗုံးထုတိုက်ခိုက်ခံရပြီး မြို့နယ် ရဲမှူး အပါအဝင် (၁၀)ဦး ဒဏ်ရာရကြာင်း MFP ၏ သတင်းရင်းမြစ်များက ပြောသည်။ယနေ့ ဖေဖေါ်ဝါရီ(၂၃)ရက် ညနေ(၄)နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ တောင်

လောင်းလုံးမှာ နယ်ထိန်းရဲနဲ့ ပျူစောထီးဆိုသူနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံး

Posted: 23 Feb 2022 07:27 AM PST

တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၃ နယ်ထိန်းရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ကို ဒီနေ့တစ်ရက်တည်းမှာသုတ်သင်ရှင်းလင်းခဲ့တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာ ဘုန်းကြီးကျောင်းအနီးမှာ ဒီနေ့ နေ့လယ်ပိုင်းက ဦးနေမင်းထွန်းဆိုတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်စီးလာသူသုံးဦးက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတချို့ထံက သိရပါတယ်။ ဦးနေမင်း

ပူတာအိုမြို့နယ်တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွား

Posted: 23 Feb 2022 07:25 AM PST

ပူတာအို - ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၂ ။ပူတာအိုမြို့၊ ဖတ်မာအုပ်စု၊ လုံဂါကောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်( KIA) နှင့် PDF ပူးပေါင်းတပ်တို့ကြား ယနေ့မွန်းလွဲ သုံးနာရီခန့်ကစတင်ပြီး  တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ဖတ်မာကျေးရွာမှ လုံရှာယာန်ကျေးရွာသို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် PDF ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု

ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုများမှ စုပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၂၀) ကျော်သေဆုံး

Posted: 23 Feb 2022 07:21 AM PST

ဖေဖော်ဝါရီ ၂၃စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ငါးဖျက်ရွာနှင့် ပန်းဆိုင်ရွာကြားတွင် ယမန်နေ့ မနက်ပိုင်းမှစ၍ KLG PDF၊ ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စကစတပ်သား (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။" မနက်ခင်း ၇ နာရီဝန်းကျင်ခန့်က KLG PDF နှင့်တစ်ကြိမ်၊ နေ့လည် ၉ နာရီအချိန်မှ ညနေ4နာရီဝန်းကျင်အချိန်ခန့်က KLG PDFနှင့် ကနီမြို့နယ် ဒေသတွင်းမဟာမိတ်တပ်

လမ်းမကြီးလမ်းပိုင်း၅ ခုကို ယာယီပိတ်လိုက်ကြောင်း မုံရွာPDFအရေးပေါ်ကြေညာ

Posted: 23 Feb 2022 07:19 AM PST

ဖေဖော်ဝါရီလ၂၃ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်၁။ မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၂။ ချောင်းဦး - ပခုက္ကူလမ်းပိုင်း၃။ မုံရွာ - အမြင့် - တောကျောင်းကြီးလမ်းပိုင်း၄။ ခင်မွန် - ကျီကုန်း - ရွှေဒါးကျလမ်းပိုင်း၅။ ချောင်းဦး - အမြင့်လမ်းပိုင်း အစရှိသည့်လမ်းပိုင်းများကို ယာယီပိတ်ထားချိန်အတွင်း လုံးဝအသုံးမပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု မုံရွာPDFက

စစ်ကောင်စီလက်အောက်ခံ နောင်ချိုဘူတာရုံ ဝန်ထမ်းလိုင်းခန်းနှင့် စစ်တပ်တန်းလျား ဝင်ရောက်တိုက်ခိုက်ခံရ

Posted: 23 Feb 2022 07:17 AM PST

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘူတာရုံ ဝန်ထမ်းလိုင်းခန်းနှင့် လုံခြုံရေးတန်းလျား ယနေ့၊ နံနက်ပိုင်းအစောပိုင်းအချိန်က  ဝင်ရောက်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။နောင်ချိုမြို့၊ ဘူတာရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဝန်ထမ်းများနေထိုင်ရာ ဝန်ထမ်းလိုင်းခန်းနှင့် လုံခြုံရေးတန်းလျားကို ယနေ့၊ နံနက် ၁နာရီ

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်ကို ဒီးမော့ဆို PDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံး

Posted: 23 Feb 2022 07:15 AM PST

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်သို့ ဖေဖော်ဝါရီလ ၂၂ ရက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆိုPDFနှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုကြောင့် ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ယနေ့၌ ထုတ်ပြန်ကြေညာထားသည်။ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာအနီးနှင့် ဝီသဲကူးကျေးရွာသို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ်ကို ပြည်သူ့

ဒီးမော့ဆိုမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံး DMO PDF ထုတ်ပြန်

Posted: 23 Feb 2022 07:12 AM PST

(ဖေဖော်ဝါရီလ ၂၃ ရက်)ရှမ်း-ကယားနယ်စပ်၊ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့၊ လီဝိုးကျေးရွာအနီးနဲ့ ဝီသဲကူးကျေးရွာမှာ အင်းအားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို(DMO-Local PDF)၊ လွိုင်ကော်(PDF)၊ KNDF၊ KA၊ အခြားတော်လှန်ရေး ပူးပေါင်း ​​တပ်ဖွဲ့တွေအကြား ယမန်နေ့ဖေဖော်ဝါရီလ(၂၂) ရက်​နေ့မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။အဆိုပါတိုက်ပွဲအား တနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး

ပေါက်မြို့က ရေပြာရဲစခန်းကို မြိုင် PDF က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါဝင် (၅) ဦးသေဆုံး

Posted: 23 Feb 2022 07:11 AM PST

(ဖေဖော်ဝါရီလ ၂၃ ရက်)မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့၊ ရေပြာရဲစခန်းကို  ဖေဖော်ဝါရီ (၂၃) ရက်၊ ညနေ(၄) နာရီ ဝန်းကျင်ခန့်က ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။  အဆိုပါဝင်ရောက်စီနင်းခိုက်ရာတွင် (၄၅) မိနစ်ကြာတိုက်ပွဲဖြစ်ပြီးခဲ့ပြီး ရေပြာရဲစခန်းအတွင်းရှိ စခန်းမှူးအပါအဝင် (၅) ဦးသေဆုံးကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ၎င်းတိုက်ပွဲအား

စစ်တပ်လက်ပါးစေ လူသတ်တရားခံ ပျူစောထီး ညီအ ကို ၃ ဦးကို MPDF မှ ဖမ်းဆီးရမိ

Posted: 23 Feb 2022 07:09 AM PST

ဓာတ်ပုံ-"Master" PDF Gangawဖေဖော်ဝါရီ ၂၃ ရက်မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင် ခိုးဆိုးလုယက် လူ သတ်တရားခံများဖြစ်သည့် စစ်တပ်လက်ပါးစေ ပျူစောထီး ၃ ဦးကို ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း MPDF ထံကသိရသည်။အဆိုပါ ပျူစောထီး ၃ ဦးသည် ကိုဖိုးထောင် (ခ) ချမ်းမြင့်အောင်အသက်(၂၁)နှစ်၊ ကိုဇော်ဖြိုးဝေ အသက် (၁၈) နှစ်၊ ကိုနိုင်ဖြိုးထွေး အသက် (၁၅)နှစ် တို့ ညီအစ်ကိုသုံးဦးဖြစ်ပြီး ၄င်းတို့ကို ဖေဖော်ဝါလ ၁၈ ရက်နေ့

ချောင်းဦးမြို့နယ်က ပျူစောထီးအဖွဲ့ဝင် တစ်ဦး ဓားဖြင့် အခုတ်ခံရပြီး သေဆုံး

Posted: 23 Feb 2022 07:08 AM PST

ဒီဇင်ဘာ ၂၃ ရက်စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ ယာကြီးတောရွာမှ ပျူစောထီးအဖွဲ့ဝင် တစ်ဦးကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ နေ့လည် ၁၂နာရီ၃၀မိနစ် အချိန်က ဓားဖြင့်အခုတ်ခံရပြီးသေဆုံးသွားကြောင်းဒေသခံသတင်းရင်းမြစ်တစ်ခုဖြစ်သည့် မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။သေဆုံးသူ ပျူစောထီးအဖွဲ့ဝင်ဆိုသူမှာ မောင်ရဲလင်းကို အသက်၃၅ နှစ် ဖြစ်ပြီး ကံကြီးကုန်းကျေးရွာထိပ်တွင် ဓားဖြင့် အခုတ်