Wednesday, March 31, 2021

သစ်ထူးလွင်

သစ်ထူးလွင်


KNU နဲ့ KIA နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်

Posted: 31 Mar 2021 08:10 AM PDT

ကရင်အမျိုးသားအစည်းအရုံး KUN တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေထဲက ကျေးရွာတွေကို အာဏာသိမ်း စစ်ကောင်စီက တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံရွာသား ဆယ်ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရကြပါတယ်။စစ်ဘေးကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံတဲ့ သူတွေကိုလည်း ထိုင်းစစ်တပ်အာဏာပိုင်တွေက ပြန်နှင်ထုတ်တာတွေ ကြုံနေရပါတယ်။ အလားတူပဲ ကချင်လွတ်မြောက်ရေးတပ်မတော်

တစ်လ အပစ်ရပ်မယ်လို့ စစ်တပ်ကြေညာ

Posted: 31 Mar 2021 08:08 AM PDT

မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး ကိစ္စရပ်များအပြင် အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေ နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဧပြီ ၁ ရက်မှ ၃၀ ရက် အထိ ရပ်ဆိုင်းမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ မတ်လ ၃၁ ရက် ရက်စွဲနဲ့ ကြေညာပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့နဲ့ သင်္ကြန်ပွဲတော်ကျင်းပနိုင်ဖို့အတွက် ဒီ

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးမိခဲ့သူတွေကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေ

Posted: 31 Mar 2021 08:05 AM PDT

 စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာမြို့နယ် အပါအဝင် မြို့နယ် ၆ ခုမှာ ဖမ်းဆီးခံရသူ အရေအတွက် ပိုများလာနေတယ်လို့ AAPP ပြောရန်ကုန်တိုင်းအတွင်းက မာရှယ်လော ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးမိခဲ့သူတွေကို အခုအခါ စစ်ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။မတ်လဆန်းက မာရှယ်လော ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်တိုင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ အပါအဝင် မြို့နယ် ၆ မြို့နယ်မှာ ဖမ်းဆီးမိခဲ့သူတွေ

ကလေးမြို့ပင်မသပိတ်စခန်းကို ဖြတ်ကျော်ရန်ကြိုးပမ်းသည့် ရဲတပ်ဖွဲ့ (၄)ဦးအား ပြည်သူများမှ ဖမ်းဆီးထား

Posted: 31 Mar 2021 07:49 AM PDT

Photo By  Citizen Journalistစစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ပင်မသပိတ်စခန်းကိုဖြတ်ကျော်ရန်ကြိုးပမ်းသည့်အရပ်ဝတ် ရဲတပ်ဖွဲ့ဝင် (၄)ဦးအား ပြည်သူများမှယနေ့နေ့လည် ၂ နာရီခန့်တွင်ဖမ်းဆီးထားသည်။ဘီယာဆိုင်လိုက်ရှာနေရင်းတာဟန်းသပိတ်စခန်းနားရောက်ရှိလာခြင်းဖြစ်သည်ဟုဖြေကြားခဲ့သည့် ဖမ်းဆီးရမိသည့် ရဲတပ်ဖွဲ့ဝင်များမှာ ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုရဲအုပ် ကိုမင်း၊ တပ်ကြပ်ကြီး သိန်းနိုင်ဦး ဒုတပ်ကြပ် နန္

ထိုင်းနယ်စပ်ရှိ RCSS/SSA တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ ပြော

Posted: 31 Mar 2021 07:47 AM PDT

သျှမ်းသံတော်ဆင့် ၊မတ် ၃၁ရက်မြန်မာ-ထိုင်းနယ်စပ် တွင် စခန်းချထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု  စစ်ကောင်စီ မှ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခြားကော်မတီထံ အသိပေးထားသည်သူ သိရသည်။ထိုစာကို စစ်ကောင်စီ ၏ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက်တွင် ကျိုင်းတုံ မှ ပြန်လည်ထွက်ခွာပြီး ယခုကဲ့သို့သတင်းထွက်ပေါ်လာခြင်း

ဗန်း​မော်မြို့ သပိတ်တွင် ဆီးခုံကျည်ထိမှန်ခဲ့သည့် လူငယ်ကွယ်လွန်

Posted: 31 Mar 2021 07:43 AM PDT

31 March 2021 - Manmawဗန်း​မော်မြို့သပိတ်တွင် ပါ၀င်ဆန္ဒပြ​နေချိန် ဆီးခုံကျည်ထိမှန်ခဲ့သည့် လူငယ်​လေး ကိုမျိုးသန့်ကျော် ကွယ်လွန်သွားပြီး ဖြစ်​ကြောင်း သတင်းရရှိသည်။ မတ်လ(၂၇)၊ ၂၀၂၁ ခုနှစ်နေ့၌ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က နွေဦးတော်လှန်ရေးလှုပ်ရှားမှုကို စစ်​ကောင်စီတပ်များမှ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိဒဏ်ရာရရှိထားသူဖြစ်ပါသည်။ မတ် ၂၇ ရက်​နေ့တွင် စစ်​ကောင်စီ၏ လုံခြုံ​ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှု​ကြော

လေယာဥ်ဆီသယ်သည့် ကား တစ်စီးပစ်ခံရ / ကျန်ဆီများ စစ်​ကောင်စီတပ်မှ လာသယ်သွား

Posted: 31 Mar 2021 07:39 AM PDT

Photo. ပုံ​ဟောင်းလေယာဥ် ဆီသယ်လာသည့် ကား  ယ​​နေ့ ည​နေ ၂ နာရီ ​ကျော်ခန့်က မြစ်ကြီးနားမြို့နယ် လွယ်​ခေါ ​ကျေးရွာ လမ်းမ​ပေါ်မှာ ပစ်ခံရ​ကြောင်း ​ဒေသခံတစ်ဦးကဆိုသည်။ " အရပ်ဝတ်နဲ့ လူ ၇ ​ယောက်က ကားကိုတားပြီး ကားမှာပါတဲ့ သူတွေကို အရင် ဆင်းခိုင်းပြီး ပစ်တာတဲ့။ ဆီက ​လေယာဥ်ဆီတဲ့။ ​သေနတ် ၁၁ ချက်ထိတယ်။ ​ပေါက်​တော့ မ​ပေါက်ကွဲဘူး။ ဆီက တော့ တဝက်​လောက်ယိုသွားတယ်တဲ့" သူကိုယ်တိုင် သွားကြည့်ခဲ့သူ ​ဒေသခံတစ်ဦးကဆိုသည်။

အကြမ်းဖက် မြန်မာစစ်တပ်မှ ကရင်ပြည်သူလူထုအ ပေါ်ဆိုးရွားစွာ သေစေနိုင်သော လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မူတြော်ခရိုင်/တပ်မဟာ ၅ ၏ ထုတ်ပြန်ကြေငြာချက်

Posted: 31 Mar 2021 07:37 AM PDT

အကြမ်းဖက် မြန်မာစစ်တပ်မှ ကရင်ပြည်သူလူထုအ ပေါ်ဆိုးရွားစွာ သေစေနိုင်သော လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မူတြော်ခရိုင်/တပ်မဟာ ၅ ၏ ထုတ်ပြန်ကြေငြာချက်Thoolei News - KNU -Department Of Informationhttps://www.facebook.com/KNUDOIHQ/

မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂအဖွဲ့က ပြည်သူများထံ အသိပေးစာတစ်စောင်ထုတ်ပြန်

Posted: 31 Mar 2021 07:33 AM PDT

မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂအဖွဲ့မှ မိုးညှင်းမြို့ရှိမိဘပြည်သူများထံ အသိပေးစာတစ်စောင်ကို မတ်၃၁ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ၁ရက်နေ့မှစတင်ကာ ယခု ၂လပြည့်မြောက်ခဲ့ပြီဖြစ်ကာ အာဏာလုအကြမ်းဖက်စစ်အုပ်စု မှ  ပြည်သူတစ်ရပ်လုံးအပေါ် လက်နက်အားကိုးဖြင့် နည်းလမ်းမျိုးစုံသုံးကာ ဆောင်ရွက်နေသည့်အပေါ် မိုးညှင်းအခြေစိုက် ကျောင်းသားသမဂ္ဂအဖွဲ့မှ ဧပြီလ ၁ရက်နေ့မှစတင်ကာ အာဏာရှင်စနစ်ပြုတ်

CDM ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း။

Posted: 31 Mar 2021 07:29 AM PDT

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသမ္မတရုံးဝန်ကြီးဌာနအမိန့်ကြေညာစာအမှတ် (၅/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်(၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်)=================CDM ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း။(၁) CDM (Civil Disobedience Movement) သည် စစ်အာဏာရှင်ဖြုတ်ချရေးတွင် အထူးပင်ထိရောက် သော လက်နက်တစ်ခုအဖြစ် အောင်မြင်လျက်ရှိပါသည်။(၂) ယနေ့ မတ်လ (၃၁) ရက် ည (၁၂) နာရီ အချိန်သည် CDM ပြုလုပ်

ဆိုးရွားလာနေသောလုံခြုံရေးအခြေအနေကြောင့် အရေးပေါ်တာဝန်ထမ်းဆောင်ရန်မလိုအပ်သည့် အမေရိကန်သံရုံးဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များကို မြန်မာနိုင်ငံမှထွက်ခွာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြား

Posted: 31 Mar 2021 07:28 AM PDT

ဆိုးရွားလာနေသောလုံခြုံရေးအခြေအနေကြောင့် အရေးပေါ်တာဝန်ထမ်းဆောင်ရန်မလိုအပ်သည့် အမေရိကန်သံရုံးဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များကို မြန်မာနိုင်ငံမှထွက်ခွာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားပါသည်။ အမေရိကန်သံရုံးဆက်လက်ဖွင့်ထားပါသည်။ မြန်မာပြည်သူလူထုအပေါ်ထားရှိသည့် မိမိတို့၏ ကတိကဝတ်မှာလည်း မပြောင်းလဲဘဲရှိနေပါသည်။ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုတည်ဆောက်ရန်ကြိုးပမ်း

UN ဝင်ဖို့ကလွဲရင် တခြားနည်းလမ်းမရှိတော့

Posted: 30 Mar 2021 05:01 PM PDT

(၃၀/၃/၂၀၂၁)မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကနေ မြန်မာပြည်သူတွေကို ကယ်တင်နိုင်ဖို့ဆိုရင် နိုင်ငံတကာကဝင်ရောက်ထိမ်းသိမ်းကာကွယ်ပေးဖို့ကလွဲရင် တခြားနည်းလမ်းမရှိတော့ဘူးလို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်း (၄၅) ဦးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေနဲ့ဖွဲ့ထားတဲ့ Global Leadership Foundation (GLF) ကနေ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဆီကို တရားဝင်ပေးပို့တောင်းဆိုလိုက်တာပါ။တောင်အာဖရိကသမ္မတ

မြန်မာစစ်တပ်ကို ပြင်းထန်စွာဖိအားပေးရန် ပြန်လွတ်လာသည့် ပိုလန်သတင်းထောက် တောင်းဆို

Posted: 30 Mar 2021 04:57 PM PDT

(၃၀-၃-၂၀၂၁)နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့အရေးယူမှု အချိန်မီမလုပ်ဘူးဆိုရင် မြန်မာနိုင်ငံက အကြမ်းဖက်မှုအခြေအနေဟာ ပိုဆိုးလာလိမ့်မယ်လို့ အာဏာသိမ်းစစ်ကောင်စီလက်က ပြန်လွတ်လာတဲ့ ပိုလန်နိုင်ငံသား အလွတ်သတင်းထောက် Robert Bociaga ပြောပါတယ်။သူဟာ မြန်မာနိုင်ငံက ဆန္ဒပြပွဲကို သတင်းယူရင်း မတ်လ ၁၁ ရက်နေ့က တောင်ကြီးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးမှာတော့ စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးတဲ့

စစ်တပ်နဲ့ ပူးပေါင်းနေတာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

Posted: 30 Mar 2021 04:20 PM PDT

စစ်တပ်နဲ့ ပူးပေါင်းနေတာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken။ Photo: AFPမြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ စစ်တပ်နဲ့ စီးပွားရေး အဆက်အဆံတွေ ဖြတ်တောက်ဖို့ စစ်တပ်ကို အထောက်အပံ့ပေးနေတဲ့

ထိခိုက်ဒဏ်ရာရသူ ကရင်စစ်ပြေးဒုက္ခသည်များ ထိုင်းလက်ခံဆေးကုပေး

Posted: 30 Mar 2021 04:17 PM PDT

ကရင်စစ်ရှောင်ဒုက္ခသည်များကို ဆေးကုသပေးနေတဲ့ ထိုင်း ကျန်းမာရေးဝန်ထမ်းများ။ (မတ် ၃၀၊ ၂၀၂၁)ကရင်ပြည်နယ်ဘက်မှာ စစ်တပ်နဲ့ ကရင်လက်နက်ကိုင် KNU တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို ထိုင်းဘက်က အတင်းနှင်ထုတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေချိန်မှာ စစ်ပြေးဒုက္ခသည်တွေထဲက ထိခိုက်ဒဏ်ရာရသူတချို့ကိုတော့ ထိုင်းဘက်က လက်ခံဆေးကုပေးနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ

ကုလသမဂ္ဂပဋိညဉ်ပါ အပိုဒ် ၉၉ အသုံးပြုဖို့ အတွင်းရေးမှူးချုပ်ကို GLF တောင်းဆို

Posted: 30 Mar 2021 04:15 PM PDT

ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုဖောင်ဒေးရှင်း GLF အဖွဲ့ ဥက္ကဋ္ဌ၊ တောင်အာဖရိက နိုင်ငံသမ္မတဟောင်း FW de Klerk။ (ဇန်နဝါရီ ၃၁၊ ၂၀၁၄)မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တော်လှန်ရေး တောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး ဖြိုခွင်းနေတဲ့ အနေအထားမှာ အပိုဒ် ၉၉ ပါ အချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တရားဝင်အရေးပေါ် အစည်းအဝေးခေါ်ယူဖို့နဲ့ R2P အကာအကွယ်ပေးရန်တာဝန်ရှိမှု လုပ်ငန်းစဉ်ကို လုံခြုံရေးကောင်စီက အကောင်အထည်ဖော်

ကရင်ဒေသ လေကြောင်ဗုံးကြဲတိုက်ခိုက်မှု နှစ် ၂ဝ အတွင်း အဆိုးဆုံးလို့ FBR ပြော

Posted: 30 Mar 2021 04:11 PM PDT

အာဏာသိမ်းစစ်ကောင်စီက KNU ကို နေ့စဉ်ဆက်တိုက် လေကြောင်းကနေ ထိုးစစ်ဆင်နေတာကြောင့် မနေ့က ညောင်လေးပင်ခရိုင်အတွင်းမှာ ဒုက္ခသည် အနည်းဆုံး ၆ ယောက်သေဆုံးပြီး၊ ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Free Burma Rangers က ပြောဆိုလိုက်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ နှစ်ပေါင်း ၂ဝ ကျော်အတွင်း အဆိုးဆုံးဖြစ်ပြီး၊ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော်အတွက် အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ Free Burma Rangers

ကလေးမြို့သပိတ်စခန်း ရန်သူစခန်းသိမ်းပိုက်သလို တိုက်ခိုက်ခံရ

Posted: 30 Mar 2021 04:09 PM PDT

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ပစ် ခတ်ဖြိုခွင်းရာမှာ သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေရှိနေပေမယ့် ဒေသခံတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက ဆက်ပြီးရှိနေတုန်းပါပဲ။ ဖြိုခွဲနှိမ်နင်းမှုကို ပြန်ပြီးခုခံကာကွယ်ဖို့ ကလေးမြို့ တာဟန်း ရပ်ကွက်က ဗိုလ်ချုပ်လမ်းမပေါ်မှာ ဆန္ဒပြသူတွေဘက်က ယာယီခံတပ်စခန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။စစ်ကိုင်းတိုင်း

Tuesday, March 30, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ATM ကနေ ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း ဗဟိုဘဏ်ပြော

Posted: 30 Mar 2021 06:33 AM PDT

ATM စက်တွေကနေ အကောင့်တစ်ခုကို ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း နစကကောင်စီရဲ့ ဗဟိုဘဏ်အဖွဲ့ဝင်သစ် ဦးအောင်ကျော်သန်းက ဘီဘီစီကိုပြောပါတယ်။ကန့်သတ်ထုတ်ယူခွင့်ကြေငြာခဲ့တဲ့ဘဏ်ကို တောင်းပန်စာထုတ်ခိုင်းထားတယ်လို့ သူကပြောပါတယ်။ဒီနေ့မနက်ပိုင်း က ကမ္ဘောဇဘဏ်က ATM ကဒ်တွေကို ဗဟိုဘဏ် ညွှန်ကြားချက်အရ တစ်ရက် နှစ်သိန်းပဲထုတ်ခွင့်ပြုတယ်လို့ ထုတ်ပြန်ခဲ့ပြီးတော့ အဲဒီလို မှားယွင်းထုတ်ပြန်ခဲ့မှုအပေါ် ဘဏ်ဘက်

ATM ဘဏ်ကတ်တွေ တစ်​ရက် ၂ သိန်းပဲ ထုတ်ခွင့်ပြု

Posted: 30 Mar 2021 06:32 AM PDT

ဗဟိုဘဏ်သတ်မှတ်ချက်အရ ATM ဘဏ်ကတ်တွေဟာ တစ်​ရက်၂ သိန်းသာ ထုတ်ယူခွင့်ပြုရန် ကန့်သတ်လိုက်တယ်လို့ က‌မ္ဘောဇဘဏ်ရဲ့ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစပြီးတော့ စစ်​ကောင်စီ ဗဟိုဘဏ်က အမိန့်အရ ATM ဘဏ်ကတ်တွေကို တစ်​ရက် ​ငွေကျပ် ၅ သိန်း ထုတ်ယူနိုင်ခဲ့ရာကနေ ထပ်မံ​လျှော့ချပြီး ကန့်သတ်လိုက်တာလည်းဖြစ်ပါတယ်။အခြားပုဂ္ဂလိက ဘဏ်တွေလည်းလျှော့ချဖို့ရှိတယ်လို့လည်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက

သေနတ်နဲ့ပစ်သတ်ခံရသူကို ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ဆေးစာထုတ်

Posted: 30 Mar 2021 06:32 AM PDT

သေနတ်နဲ့ပစ်သတ်ခံရသူကို ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ဆေးစာထုတ် ကိုကျော်မင်းလတ်ရဲ့ သေဆုံးကြောင်း ဆေးစာကို ၂၀၂၁ မတ်လ ၃၀ရက်နေ့က တွေ့ရစဉ်တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မတ်လ ၂၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားတဲ့ ကိုကျော်မင်းလတ် ကို စစ်ဆေးရုံက ဆိုင်ကယ်ပေါ်က ပြုတ်ကျ သေဆုံးကြောင်း ဆေးစာမှာ လိမ်လည်ဖေါ်ပြထားပါတယ်။အွန်လိုင်းကနေတဆင့် RFA က ရရှိ

စစ်တပ်နဲ့ ရဲဖက်က အရပ်ဝတ်နဲ့ သေနတ်ကိုင် ပစ်ခတ်တဲ့အပြင် မီးရှို့သတ်ဖြတ်တဲ့အထိ ဖြစ်ပေါ်နေ

Posted: 30 Mar 2021 06:26 AM PDT

စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နှင်းနေရာမှာ မတ်လ ၂၉ ရက် မနေ့ ညဦးပိုင်းကနေ ဒီကနေ့ ညနေအထိ ၂၄ နာရီ အတွင်း တစ်ပြည်လုံးမှာ သေဆုံးတဲ့သူ အယောက် ၂၀ ထက် မနည်းရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာဆိုရင် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့တယ်လို့ AAPP နဲ့ RFA က စုံစမ်းရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။အခုလို သတ်ဖြတ်ခံရတဲ့ သူတွေထဲမှာ တောင်ဒဂုံမှာ တစ်ယောက် မန္တလေးမှာ တစ်ယောက် ဖြစ်ပါတယ်။ သူတို့ကို လမ်းမပေါ်

CRPH ကြေညာချက် အမှတ် ( ၁၈/၂၀၂၁ )

Posted: 30 Mar 2021 06:18 AM PDT

ကြေညာချက် အမှတ် ( ၁၈/၂၀၂၁ )၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်မတ်လ (၃၀)ရက်၊ ၂၀၂၁ခုနှစ်။==============၁။  နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်သိမ်းယူခဲ့သော စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေ အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံအဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး ၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်နှင့်အမျှ ဖျက်ဆီးနှောင့်ယှက်လျက်ရှိသည်။ အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်

ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သော ကိုးကန့် (MNTJP/MNDAA)၊ တအောင်း (PSLF/TNLA) နှင့် ရခိုင် (ULA/AA) တို့က ၂၀၂၁ ခုနှစ် မတ်လ (၃၀) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်နှင့် အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားရန် ဖိတ်ခေါ်ပါကြောင်း

Posted: 30 Mar 2021 06:17 AM PDT

ကြေညာချက် အမှတ် ( ၁၇/၂၀၂၁ )၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်မတ်လ (၃၀)ရက်၊ ၂၀၂၁ခုနှစ်။================၁။ တိုင်းရင်းသားပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အကြမ်းဖက်တိုက်ခိုက်လျက်ရှိသည့် အာဏာ သိမ်းစစ်ကောင်စီ နှင့် ၎င်းတို့၏ လက်ပါးစေ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်မှုများ ကြောင့် နိုင်ငံတစ်ဝှမ်း၌ ပြည်သူအများ နေ့စဉ်နှင့်အမျှ အတိဒုက္ခရောက်နေကြရသည်။၂။ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်

စစ်တပ်မဟုတ် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သာဖြစ်သည်

Posted: 30 Mar 2021 06:12 AM PDT

(၃၀/၃/၂၀၂၁)တောင်ဒဂုံမှာ အကြမ်းဖက်ဖက်ဆစ်တပ်က စစ်မြေပြင်သုံး လက်နက်ကြီးများအသုံးပြု တိုက်ခိုက်ခဲ့သလို လူမဆန်စွာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံတကာသံတမန်တွေက တရားဝင်ပြောဆိုထားပါတယ်။မြန်မာစစ်တပ်ဟာ လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်ဖို့ ဖွဲ့ထားတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်တယ်လို့လည်း ကုလသမဂ္ဂကျွမ်းကျင်သူတွေက ပြောထားပါတယ်။ မနက်ဖန်အရေးပေါ်ပြုလုပ်မဲ့ လုံခြုံရေး

ကော့သောင်းတွင် ယနေ့ ကျဆုံးသူ ၃ ဦးရှိနေပြီ

Posted: 30 Mar 2021 06:07 AM PDT

(၃၀-၃-၂၀၂၁)ကော့သောင်းမြို့က ဆန္ဒပြပွဲဖြိုခွင်းခံရတဲ့အတွက် ဒီနေ့ တရက်တည်း သေဆုံးသူ ၃ ဦးအထိရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်အနီးမှာ ဒီနေ့လည်ပိုင်းကျဆုံးသူအမည်က အသက် ၂၁ ဝန်းကျင် ကိုသန့်ဇင်ဦးဖြစ်ပါတယ်။မနက်ပိုင်းတုန်းကလည်း အသက် ၂၂ ဝန်းကျင်နှင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီးဖြစ်‌ပါတယ်။အခုချိန်အထိ ကော့သောင်း ရွှေပြည်သာရပ်ကွက်အတွင်း ပစ်ခတ်

အမေရိကန် စီးပွားရေးဒဏ်ခတ်မှု စစ်ကောင်စီအပေါ် ဘယ်လောက်ထိရောက်မလဲ (ဆက်သွယ်မေးမြန်းချက်)

Posted: 30 Mar 2021 05:50 AM PDT

မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို အမေရိကန်က တနင်္လာနေ့က ယာယီရပ်ဆိုင်းလိုက်တဲ့အထဲမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု နှစ်ခုစလုံးကို တပြိုင်တည်း ပိတ်ပင်လိုက်တဲ့အတွက် စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်မှုကို အတော်လေးထိခိုက်စေမှာဖြစ်တယ်လို့ မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျအစိုးရတရပ် မတက်လာမချင်း အမေရိကန်ဘက်က ဆိုင်းငံ့ထားမယ့် ကုန်သွယ်ရေးပိတ်ဆို့

မြန်မာစစ်တပ် ဆင်ခြင်တုံတရားကင်းမဲ့စွာ လူသတ်မှုတွေ ကျူးလွန်နေတယ် (ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး)

Posted: 30 Mar 2021 05:48 AM PDT

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drianမြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ရဲတွေက အရပ်သား ပြည်သူတွေ အပေါ် မျက်ကန်းလို ရမ်းပြီး သတ်ဖြတ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။မြန်မာစစ်တပ်က စနေနေ့မှာ အသက်သိပ်ငယ်တဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၀၀ ကျော် ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ဒါဟာ ကိုယ့်

မူဆယ်မြို့တွင် ဆန္ဒပြ အမျိုးသား တဦး ခေါင်းကျည်ထိ ကျဆုံး

Posted: 30 Mar 2021 05:46 AM PDT

သျှမ်းသံတော်ဆင့်၊ မတ် ၃၀ရက် သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ယနေ့ (မတ် ၃၀)ရက်တွင်  အကြမ်းဖက်စစ်ကောင်စီ မှ   sinper(စနှိုက်ဘာ)  သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြနေသည့် လူတစ်ဦး ခေါင်းကျည်ထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ် ၃၀)ရက် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရှိ အမှတ် (၂) အထက်တန်းကျောင်း အနီးတွင် စစ်အာဏာရှင် အလိုမရှိ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူထုသပိတ်ကို အကြမ်းဖက်

မြန်မာဒုက္ခသည်တွေကို ပြန်နှင်လွှတ်မယ့်အမိန့် မဏိပူရပြည်နယ်အစိုးရ ပြန်ရုပ်သိမ်း

Posted: 30 Mar 2021 05:46 AM PDT

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲ မြန်မာနိုင်ငံကနေ ထွက်ပြေးလာမယ့် ဒုက္ခသည်တွေကို ယဉ်ယဉ်ကျေးကျေး ပြန်နှင်လွှတ်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတဲ့ အမိန့်တစ်ရပ်ကို ပြည်နယ်အစိုးရက ပြန်ရုပ်သိမ်းလိုက်ပါတယ်။မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ မဏိပူရပြည်နယ်မှာ ဒေသန္တရ အာဏာပိုင်တွေ ဒါမှမဟုတ် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ယာယီနေထိုင်စရာ တွေ ထောက်ပံ့ဖို့ စခန်းတွေ မဖွင့်ရဘူး ဆို

ရွေးကောက်ခံအစိုးရမတက်သရွေ့ မြန်မာနဲ့ကုန်သွယ်ရေးဆိုင်ရာတွေကို အမေရိကန် ဆိုင်းငံ့မယ်

Posted: 30 Mar 2021 05:44 AM PDT

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအရပ်သားအစိုးရ မတက်သေးသရွေ့ ၂၀၁၃ ခုနှစ် ကုန်သွယ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အောက်မှာ လုပ်နေတဲ့ ကုန်သွယ်ရေးဆိုင်ရာအားလုံးကို ချက်ချင်း ဆိုင်းငံ့မယ့်အကြောင်း အမေရိကန် ကုန်သွယ်ရေး၀န်ကြီး ကတ်သရင်းတိုင်က ပြောလာပါတယ်။ မြန်မာ့လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ ကျောင်းသားတွေ၊ လုပ်သားတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ ကလေးတွေကို သတ်ဖြတ်နေတာဟာ နိုင်ငံတကာ

KNU တပ်မဟာ ၅ နယ်မြေကို ဒီညနေ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ

Posted: 30 Mar 2021 05:42 AM PDT

KNU တပ်မဟာ ၅ နယ်မြေကို ဒီညနေ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ တောထဲမှာပုန်းနေရတဲ့ ကရင်ရွာသားတွေကို ၂၀၂၁ မတ် ၂၉ ရက်နေ့က တွေ့ရစဉ်Photo: Friends Without Borders Foundationကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မဲပန်ဝနဲ့ မဲဝိုင်ရွာတွေပေါ်ကို မတ် လ ၃၀ ရက် ဒီနေ့ ညနေ ၃ နာရီလောက်မှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲ သွားတယ်လို့ မဲဝိုင်ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။စစ်ကောင်စီရဲ့

ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော

Posted: 30 Mar 2021 05:40 AM PDT

ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒေပူးနိုကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဖခင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရခဲ့တဲ့ ကလေးငယ်တစ်ဦး ဆေးကုသနေစဉ် / AFP Photoတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို အာဏာသိမ်း စစ်ကောင်စီက လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဖျက်ဆီးနေတာကြောင့်၊

နမ္မတူမြို့နယ် ပန်သပြေကျေးရွာ စစ်ရှောင် (၄၀၀)ကျော်အတွက် စားနိပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

Posted: 30 Mar 2021 05:36 AM PDT

သျှမ်းသံတော်ဆင့်၊ မတ်၂၉ ရက်သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်သပြေကျေးရွာတွင် စစ်ဘေးရှောင် (၄၀၀)ကျော်ရောက်ရှိနေပြီး၊ စစ်ရှောင်အတွက် စားနိပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် မတ် (၂၈)ရက် ညနေ (၃)နာရီမှ စတင်ကာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA ၊ TNLA နှင့် RCSS/SSAတို့ တိုက်ပွဲဖြစ်ပွားပြီးကျေးရွာအတွင်းလက်နက်ကြီး ကျသဖြင့် ဒေသခံပြည်

အောင်ပန်း ညအချိန်မတော် အလောင်း (၇)လောင်း ထက်မနည်း မီးသဂြိုဟ်၊ တောင်ကြီး ဆန္ဒပြ ဖမ်းဆီးခံရသူများဖြစ်နိုင်

Posted: 30 Mar 2021 05:34 AM PDT

သျှမ်းသံတော်ဆင့်၊ မတ် ၃၀ရက် သျှမ်းပြည်တောင်ပိုင်း အောင်ပန်း သုဿာန်တွင် ယမန်နေ့ (မတ် ၂၉ )ရက် ည ၉ နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အလောင်း (၇)လောင်းထက်မနည်း လာရောက် မီးသဂြိုဟ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။အကြမ်းဖက် စစ်ကောင်စီမှ အောင်ပန်း သုဿန် သို့ လာရောက်သဂြိုဟ်စဉ်တွင် စစ်ကား အများအပြား နှင့် ရဲကားများဖြင့်လာကြောင်း၊ မီးသဂြိုဟ်သည့် ဝင်းတံခါးကိုလည်း ရိုက်ချိုးပြီး ဝင်ရောက်ထားကြောင်း

မြန်မာ-တရုတ်နယ်စပ်မူဆယ် မန့်ဝိန်းဂိတ် နှင့် တရုတ်ပြည် ရွှေလီ-ဂျယ်ဂေါင်တံတားပိတ်ထား

Posted: 30 Mar 2021 05:31 AM PDT

မတ် ၃၀ ရက် ၂၀၂၁မြန်မာ-တရုတ် နယ်စပ် မူဆယ်နှင့်  တရုတ်နိုင်ငံ ဂျယ်ဂေါယ် နယ်စပ်ဂိတ်များ ပိတ်လိုက်ကြောင်း ကနဦး သတင်းအရ သိရသည်။မတ် (၂၉) ရက်နေ့က ကျယ်ဂေါင်ဘက်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၈) ဦး ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်ပြည်ဘက်မှာ  နယ်စပ်ဂိတ်များကို ပိတ်ချလိုက်ခြင်း၊ ရွှေလီ -ဂျယ်ဂေါင် တံတားပိတ်လိုက်ခြင်းတို့ပြုလုပ်ကြောင်း မူဆယ် ဒေသခံများက ပြောဆိုကြသည်။ "ပိတ်တာက ဒီနေ့မှ ပိတ်တယ်လို့ ကြားတယ်။

အကြမ်းဖက်စစ်အုပ်စုမှ ကေအဲန်ယူ ထိန်းချုပ်နယ်မြေကို လေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်သဖြင့် ပြည်သူ ၆ ဦးသေဆုံး

Posted: 30 Mar 2021 05:25 AM PDT

၃၀ မတ်လ ၂၀၂၁ ခုနှစ်ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် အတွင်းရှိ ထီးဖဒိုရွာကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ ညနေ ၃း၀၀ နာရီခန့် အချိန်တွင် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ပါသည်။ ထိုလေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်မှုတွင် ထီးဖဒိုရွာမှ ပြည်သူ ၆ ဦးကိုထိမှန်သေဆုံးခဲ့ပါသည်။ထို့ပြင်ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ အတွင်းရှိ မဲဝိုင်ဒေသကိုလည်း ယနေ့ မတ်လ ၃၀ ရက်နေ့

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်က နေအိမ်တစ်လုံးကို စစ်ကောင်စီက မီးရှို့

Posted: 30 Mar 2021 05:23 AM PDT

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် သပိတ်ဖြိုခွင်းပြီးနောက် နေအိမ်တစ်လုံးအား ရဲနှင့်စစ်သားများ လာရောက် မီးရှို့သွားခဲ့ကြောင်းသိရသည်။မီးရှို့ခဲ့သည့် နေအိမ်တစ်လုံးက မီးလောင်ပျက်ဆီးသွားပြီး အဆိုပါအိမ်ဘေးရှိနေအိမ်တစ်လုံး မီးကူးလောင်ကျွမ်းခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။Myitkyina News Journalhttps://www.facebook.com/myitkyinanewsjournal.mm/

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် သပိတ်စခန်း ဖြိုခွင်းရာတွင် (၂)ဦးကျည်ထိ (၁)ဦးကျဆုံး

Posted: 30 Mar 2021 05:22 AM PDT

မတ်၊၃၀ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ စစ်ကောင်စီမှ သပိတ်စခန်းဖြိုခွင်းရာတွင် ဆန္ဒထုတ်ဖော်သူ တစ်ဦးသေဆုံးကြောင်း သိရသည်။ " ရမ်ပူလမ်းသွယ် (၂၄)လမ်းကြားက ဘုန်းကြီးကျောင်းမှာ အလောင်းထားတာ ဟုတ်တယ်။ အဲ့ဒီမှာရဲတွေစစ်သားတွေရှိတယ်။ဆိုင်ကယ်လာရင် ဆိုင်ကယ်ကိုပစ်မယ်။ အဲ့ဒီလိုပြောလို့ သတင်းက မတက်တာဟုတ်တယ်"ဟု ဆန္ဒထုတ်ဖော်သည့်နေရာတွင် ပါဝင်သူတစ်ဦးကပြောသည်။ စစ်ကောင်စီမှ ကျည်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် (၂)ဦးဒဏ်ရာရ

တောင်ဒဂုံမှာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေကြောင်း ဒေသခံတွေပြော

Posted: 29 Mar 2021 01:06 PM PDT

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ထဲမှာ ဒီကနေ့ စစ်တပ်နဲ့ ရဲတွေ ဝင်ရောက်ပစ်ခတ်ရာမှာ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့က သေနတ်၊ လက်ပစ်ဗုံးတွေအပြင် လက်နက်ကြီးတွေပါ သုံးစွဲပစ်ခတ်ပြီး ရပ်ကွက်လမ်းသွယ်တွေ၊ နေအိမ်တွေထဲထိ ပစ်ခတ်နေတာလို့ ဆိုပါတယ်။လက်နက်ကြီးတွေပါ သုံးစွဲ ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုန့်ပြန်ချက်ကိုတော့ RFA က မသိရသေးပါဘူး။ စစ်

အကြမ်းဖက်ပစ်ခတ်ခံရမှု ရန်ကုန်ဆန္ဒပြသူ တချို့သေဆုံး၊ ဒဏ်ရာရ

Posted: 29 Mar 2021 01:03 PM PDT

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ်စစ်တပ်နဲ့ရဲဘက်က လက်နက်ကိုင်အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ဒီကနေ့မှာလည်း ရန်ကုန်မြို့မှာ သေဆုံးသူတွေ ပြင်းထန်တဲ့ ဒဏ်ရာရသူတွေ ရှိပါတယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေကြားက ရန်ကုန်မြို့ရဲ့ဆန္ဒပြသပိတ်တွေရဲ့ အခြေအနေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြသွားပါမယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အရပ်သားအစိုးရကို ဖြုတ်ချ

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ထပ်မံခေါ်ယူမည်

Posted: 29 Mar 2021 01:01 PM PDT

မတ်လ ၂၇ ရက်နေ့က ရန်ကုန် သာကေတမြို့ ဆန္ဒပြပွဲအတွင်း တွေ့ရတဲ့ လက်သုံးချောင်းထောင်ဆန္ဒပြပြည်သူများ။ (မတ် ၂၇၊ ၂၀၂၁)မြန်မာနိုင်ငံအခြေအနေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တခါးပိတ်ခေါ်ယူ ကျင်းပဖို့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်တွေကို ကိုးကားပြီး AFP သတင်းဌာနက ရေးပါတယ်။ မြန်မာနိုင်ငံအခြေအနေကို အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက အဆိုပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါ

ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်သွားသည့် အီတူးထာ စစ်ရှောင် ၂၀၀၀ကျော်အား နေရပ်ပြန်ပို့

Posted: 29 Mar 2021 12:47 PM PDT

မတ်လ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီလေကြောင်းရန်ကြောင့် ယမန်နေ့( မတ်လ ၂၈ရက်) မွန်းလွဲပိုင်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်တိမ်းရှောင်ခိုလှုံခဲ့ကြသည့် အီတူးထာဒေသခံ ၂၀၀၉ ဦးအား ယနေ့ညနေ ၅နာရီခွဲအချိန်တွင် ထိုင်းအာဏာပိုင်းများမှ နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်လိုက်ပြီဟု ဒေသသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။ အဆိုပါ နေရပ်ပြန်ကြသည့် အီတူးထာဒေသခံစစ်ရှောင်များသည် ၎င်းတို့နေအိမ်တွင် ပြန်နေထိုင်၍မရဲ

Monday, March 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

Posted: 29 Mar 2021 08:02 AM PDT

ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ ကိုလရော်၊ မချန်ဘူ / Photo-CJကချင်ပြည်နယ်အခြေစိုက် 74 media နဲ့ kachinwaves သတင်းဌာနက သတင်းထောက်နှစ်ဦး ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြပွဲ သတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းဌာန တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။74 media က သတင်းထောက် မချန်ဘူ၊ Kachinwaves သတင်းဌာနက သတင်းထောက် ကိုလရော်တို့ နှစ်ဦးဟာ မြစ်ကြီးနားမြို့ အေးစေတီကြက်ခြေနီရုံးအနီးမှာ ဒီနေ့ မနက်

တောင်ဒဂုံမှာ ပစ်ခတ်နေတာကြောင့် နှစ်ရက်အတွင်း လူလေးဦးထက် မနည်းသေဆုံး

Posted: 29 Mar 2021 08:01 AM PDT

တောင်ဒဂုံမှာ ပစ်ခတ်နေတာကြောင့် နှစ်ရက်အတွင်း လူလေးဦးထက် မနည်းသေဆုံး စစ်တပ်နဲ့ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် တောင်ဒဂုံမြို့နယ်က ဒဏ်ရာရသူ တစ်ဦးကိ ၂၀၂၁ မတ် ၂၉ ရက်နေ့က တွေ့ရစဉ် / Photo: CJစစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ တောင်ဒဂုံမြို့နယ်မှာ ဒီနေ့ သေနတ်၊ လက်ပစ်ဗုံးတွေအပြင် လက်နက်ကြီးတွေပါ သုံးစွဲပစ်ခတ်နေပြီး ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ အများအပြားရှိနေပါတယ်။မနေ့က မတ် ၂၈ ရက်နေ့ညက စစ်တပ်နဲ့ရဲတွေဟာ လမ်း

မြန်မာနိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်များ ကန် ယာယီရပ်ဆိုင်း

Posted: 29 Mar 2021 07:59 AM PDT

အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာအထူးသံတမန် Katherine Tai။၂၀၁၃ ခုနှစ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူညီချက် TIFA အရ မြန်မာနိုင်ငံနဲ့ ရှိထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အားလုံးကို အမေရိကန်ပြည်ထောင်စုက ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနည်းကျအစိုးရတရပ် မတက်လာမချင်း ဒီ ဆိုင်းငံ့မိန့်ကို တည်ရှိနေမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့

မြန်မာ့အသံ ရန်ကုန်ရုံးက CDM ဝန်ထမ်း ၁၂၀ နီးပါး ရာထူးထုတ်ပယ်ခံရ

Posted: 29 Mar 2021 07:57 AM PDT

ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့အသံရန်ကုန်ရုံးက CDM မှာပါဝင်နေတဲ့ ဝန်ထမ်း ၁၂၀ နီးပါး ကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ စာကို မနေ့ကမတ်လ ၂၈ မှာ လက်ခံရရှိခဲ့ပြီး အထုတ်ခံလိုက်ရတယ်လို့ အဲဒီထဲက CDM ဝန်ထမ်းတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။ရုပ်မြင်၊ အသံလွှင့်၊ ဂီတ စတဲ့ဌာနခွဲတွေက ဦးစီးအရာရှိရာထူးကစလို့ ရုပ်သံကျွမ်းကျင်၊ အသံလွှင့်ကျွမ်းကျင်၊ အငယ်တန်း အင်ဂျင်နီယာ၊ စက်မှုကျွမ်းကျင် စတဲ့ရာထူးတွေအပြင်

CRPHရဲ့လူကယ်ပြန်ဝန်ကြီးဌာနက မန္တလေးက မီးဘေးသင့်သူတွေကို ကူညီ

Posted: 29 Mar 2021 07:56 AM PDT

မန္တလေးက မီးဘေးသင့်ပြည်သူတွေကို ငွေကျပ်သိန်း ၇၀ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ လူကယ်ပြန်ဝန်ကြီးဌာနက ဒီနေ့မတ်လ ၂၉ ရက်မှာ ကြေညာပါတယ်။အခုအလှူကို ပြည်သူတွေကနေတစ်ဆင့် လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲက (၅၇x ၅၆)၊ (၁၁၇x၁၁၆)လမ်းကြားမှာ မတ်လ ၂၇ ရက်ညက မီးလောင်ခဲ့လို့ အိမ်ခြေ ၇၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂၆၀ နီးပါးမီးဘေးသင့်ခဲ့

“မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အကောင်းမမြင်” စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး

Posted: 29 Mar 2021 07:50 AM PDT

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၉)မြန်မာနိုင်ငံတွင်း လတ်တလောဖြစ်ပွားနေတဲ့ ဝမ်းနည်းကြေကွဲစရာ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ အချိန်ကြာနိုင်ပြီး အာဆီယံအနေနဲ့ ဒီပြဿနာကို ဘယ်လို တုံ့ပြန်မလဲဆိုတာ အရေးတကြီးဖြစ်နေတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။"ဒီဖြစ်ရပ်တွေကို ဖြေရှင်းဖို့ အချိန်အတော်ကြာနိုင်ပါတယ်။ ကျနော့်အနေနဲ့ သိပ်ပြီး

မြန်မာ့အရေး ဂျပန်နဲ့ အင်ဒိုနီးရှားအကြား အနီးကပ်တိုင်ပင်ဆွေးနွေးနေ

Posted: 29 Mar 2021 07:48 AM PDT

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ဝဲ) နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi (ယာ) တို့ ဂျပန်နိုင်ငံ Tokyo မြို့မှာ တွေ့ဆုံတဲ့ မြင်ကွင်း။ (မတ် ၂၉၊ ၂၀၂၁)မြန်မာနိုင်ငံတွင်းက အခြေအနေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံကြား အနီးကပ်ဆွေးနွေးနေတယ်လို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။မြန်မာနိုင်ငံတွင်းက လက်ရှိ

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ လုံခြုံမှု မရှိတော့ဘူးလို့ Save The Children ပြော

Posted: 29 Mar 2021 07:46 AM PDT

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ဆက်နွယ်ပြီး စစ်တပ်နဲ့ ရဲက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးရတဲ့ အသက် ၁၈ နှစ်အောက်ကလေး ၃၈ ယောက် ရှိနေပြီလို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မနေ့က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ကလေးတွေ ဟာ လုံခြုံမှုမရှိတော့ဘူးလို့ Save The Children အဖွဲ့နဲ့ ထိခိုက်မှုစာရင်းတွေပြုစုနေတဲ့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေး

ဒဏ်ရာရသူတွေကို ငွေလှူဖို့ ကြိုးစားသူတစ်ဦး ဖမ်းဆီးတရားစွဲခံရ

Posted: 29 Mar 2021 07:44 AM PDT

ဒဏ်ရာရသူတွေကို ငွေလှူဖို့ ကြိုးစားသူတစ်ဦး ဖမ်းဆီးတရားစွဲခံရ တနင်္သာရီတိုင်း၊ မြိတ်မြို့ က မမို့မို့အောင် ခေါ် မအိအိစိုး ကို တွေ့ရစဉ်တနင်္သာရီတိုင်း၊ မြိတ်မြို့ Market Garden စျေးဝယ်စင်တာအနီးမှာ နေထိုင်သူ မမို့မို့အောင် ခေါ် မအိအိစိုး ဟာ မတ် ၂၆ ရက်နေ့က မြိတ်မြို့ဆန္ဒပြပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ ကြိုးစားတာကြောင့် အဲဒီညပိုင်းမှာပဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့

မြစ်ကြီးနား ရမ်ပူရပ်ကွက်ပစ်ခတ်မှု ကလေးတစ်ဦး အပါအဝင် ထိခိုက်သူတွေရှိ

Posted: 29 Mar 2021 07:41 AM PDT

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ(၁၄) (က) မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။အရပ်ကား ကားအဖြူ တစ်စီး အပါအဝင် စစ်ကားတွေက ဝင်လာပြီး အကြောင်းတစ်စုံတစ်ရာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ရဲဝတ်စုံ၊ စစ်ဝတ်စုံ အပြည့်နဲ့ တပ်သားတချို့ ကားပေါ် ပါလာတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုမှာ ရာဘာကျည်တွေပါသလို ကျည်အစစ်တွေလည်းပါတယ်လို့ အခင်းဖြစ်ပွားရာမှာ ရှိနေသူ

မတ်လ ၂၉ ရက်နေ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ၅ ဦးထက်မနည်းသေဆုံး

Posted: 29 Mar 2021 07:40 AM PDT

မတ်လ ၂၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ အနည်းဆုံး ၅ဦးထက်မနည်း အသက်ဆုံးရှုံး တယ်လို့ဒေသခံတွေက တစ်ဆင့် သိရပါတယ်။ ‌သာကေတ၊ဒဂုံတောင်အပါအဝင်မြို့နယ်အချို့မှာ ပြည်သူတွေကာရံထားတဲ့ လုံခြုံရေးအတားအဆီး တွေကို ဖယ်ရှားပြီး သပိတ်တွေကို ဖြိုခွင်းချိန်မှာ ပစ်ခတ်မှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ဒဂုံတောင်၊ ပုဂံလမ်းနဲ့ လှော်ကား

မြင်းခြံမှာ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

Posted: 29 Mar 2021 07:35 AM PDT

(၂၉/၃/၂၀၂၁)မြင်းခြံမြို့၊ လမ်းသစ်တွင် ခရီးသည်တင်ကားတစ်စီးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်လို့  ခရီးသည် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။မန္တလေးမြို့မှ ပခုက္ကူမြို့နယ်ကို ထွက်ခွာလာသော ခရီးသည်တင် Hijet ကား အပစ်ခံရခြင်း ဖြစ်ပြီး ရှေ့ခန်းတွင်လိုက်ပါလာသူသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတွေကပြောသည်။အဆိုပါယာဉ်တွင် ခရီးသည် ၁၀ ဦးခန့် လိုက်ပါလာပြီး ယာဉ်မောင်းဖြစ်သူမှာလည်း လက်မောင်း ကျည်ထိဒဏ်ရာရရှိခဲ့သည်။ စစ်တပ်မှ

တောင်ဒဂုံကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေ

Posted: 29 Mar 2021 07:32 AM PDT

(၂၉/၃/၂၀၂၁)တောင်ဒဂုံကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေသည်။ ရန်ကုန်ရှိ လူထုများလာရောက်၀န်းရံပေးကြဖို့ တောင်ဒဂုံပြည်သူတွေက အကူအညီတောင်းခံနေသည်။Burma News Networkhttps://www.facebook.com/burmanewsnetwork

ကလေးမြို့ သိမ့်ခန်းမအနီး ပစ်ခံရသူ ကိုမင်းညို သေဆုံး

Posted: 29 Mar 2021 07:01 AM PDT

ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက် သိမ့်ခန်းမအနီး ၈း ၂၀ ၀န်းကျင်တွင် စစ်တပ်က လှမ်းပစ်မှုကြောင့် ရင်ဘတ်ထိမှန်သွားသည့် အသက် ၃၀ အရွယ် ကိုမင်းညိုမှာ ယခုည ၉ နာရီ ၅၅ မိနစ်၀န်းကျင်တွင် အသက်ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သူ၏ ဆွေမျိုးများက အတည်ပြုသည်။ ကိုမင်းညိုသည် သာစည်ရွာကဟုသိရပြီး ရွှေနှင့်ငွေစတိုး၏ တူအရင်းဖြစ်သည်ဟု သိရသည်။ကလေးမြို့တွင်မနေ့ကစစ်ကောင်စီတပ်ဖွဲ့၀င်များပစ်ခတ်မူ့ကြောင့် လူ ၅ ဦးထက်မနည်းသေဆုံး​

စစ်တပ်အကြမ်းဖက်မှု ကူညီတားဆီးဖို့ နိုင်ငံတကာကို ပြောကြားသွားတဲ့ မြန်မာအလှမယ်

Posted: 28 Mar 2021 04:34 PM PDT

အလှမယ် ဟန်လေး ( Miss Grand International 2020 ပြိုင်ပွဲဝင် ) (photo - Miss Grand International )မြန်မာနိုင်ငံက လတ်တလောဖြစ်ရပ်တွေကို ကမ္ဘာကြီးက စောင့်ကြည့်နေချိန်မှာပဲ မတ်လ(၂၇)ရက်နေ့ ညက ထိုင်းနိုင်ငံမှာ ကျင်းပသွားတဲ့ 'Miss Grand International 2020' ပြိုင်ပွဲအတွင်း မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ် 'ဟန်လေး' က မြန်မာနိုင်ငံတွင်း လူရာကျော်သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်

လူအများအပြားသေဆုံးရတဲ့ ပစ်ခတ်မှု သမ္မတ Biden ပြင်းပြင်းထန်ထန် ရှုတ်ချ

Posted: 28 Mar 2021 04:32 PM PDT

သမ္မတ ဂျိုးဘိုင်ဒန်မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် သေဆုံးခဲ့သူတွေရဲ့ စျာပနာအခမ်းအနားကို တနင်္ဂနွေနေ့က ပဲခူးမြို့မှာ ပြုလုပ်နေစဉ် အာဏာပိုင်တွေဘက်က အဲဒီအခမ်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ ဂျိုးဘိုင်ဒန်က မနေ့က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။"အင်မတန်ဆိုးရွားပါတယ်၊ ရက်စက်ကြမ်းကြုတ်မှုဖြစ်ပါတယ်၊ လူတွေဒီလောက်အများကြီးသေဆုံးရတာဟာ လုံးဝမလိုလားအပ်တဲ့ကိစ္စပါ။

ပဲခူးက စစ်ကောင်စီပစ်လို့သေဆုံးသူ နာရေး ပစ်ခတ်ဖြိုခွဲခံရ

Posted: 28 Mar 2021 04:31 PM PDT

မတ်လ ၂၇ ရက်နေ့က ပဲခူးမြို့မှာ အာဏာသိမ်း စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်လို့ သေဆုံးခဲ့ပြီး ဘုရားကြီးမြို့မှာ မတ်လ ၂၈ ရက်နေ့က နာရေးပြန်လုပ်ခဲ့တဲ့ ဗကသ ကျောင်းသား အစ္စလာမ်ဘာသာဝင် ကိုသဲမောင်မောင်ရဲ့နာရေးမှာ သင်္ချိုင်းထဲ အထိ ဝင်ရောက် ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဘုရားကြီးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။နာရေး အခမ်းအနားမှာ ကမ္ဘာမကြေဘူး သီချင်း သီဆိုနေစဥ် စစ်ကားနှစ်စီးရောက်လာတာဖြစ်ပြီးတဲ့နောက်မှာ

တောင်ဒဂုံမှာ ဧရာဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး စစ်ကောင်စီ ပစ်ခတ်မှုကြောင့်သေဆုံး

Posted: 28 Mar 2021 04:16 PM PDT

ရန်ကုန်မြို့အ‌ရှေ့ပိုင်းက တောင်ဒဂုံ မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် မတ်လ ၂၈ ရက်နေ့ကအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ အများအပြားရှိတယ်လို့ တောင်ဒဂုံမြို့နယ်က ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။သေဆုံးခဲ့သူဟာ ဧရာဝတီဘဏ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မခိုင်ဇာသွယ်ဖြစ်ပြီး စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် မျက်လုံးကိုကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ရန်ကုန်က ဧရာဝတီဘဏ် ဝန်ထမ်းတွေက

ကလေးတွင်သပိတ်စစ်ကြောင်း ပစ်ခတ်မှု ၂ဦးကျဆုံး

Posted: 28 Mar 2021 03:18 PM PDT

မုံရွာ၊မတ်-၂၈စစ်ကိုင်းတိုင်း ကလေးမြို့၊တာဟန်းရပ်တွင် သပိတ်စစ်ကြောင်းကို ယနေ့နေလည် နှစ်နာရီခန့်က ပစ်ခတ်ရာ အမျိုးသမီး တစ်ဦးနှင့် လူငယ်တစ်ဦးကျဆုံးသည်။ကလေးမြို့အခြေစိုက် Women for Justice (WJ) အဖွဲ့ဒါရိုက်တာ မအားခူ(၃၇နှစ်)သည် ရင်ဘတ်ကျည်ထိမှန်ပြီး ညနေ လေးနာရီခန့်က ကျဆုံးခဲ့သည်။ချင်းအမျိုးသား လူငယ် ဆန်းသဲရာ( ၂၀နှစ်)သည် ရင်ဘတ်ကျည်ထိမှန်ပြီး ညနေ ၅နာရီခွဲခန့်က  ကျဆုံးခဲ့သည်။" တာဟန်းကနေ ချင်းပြည်နယ်ကိုတက်

မုံရွာ ရဲတိုက်တန်းမှ ဝက်အူချောင်းဆိုင်ရှင်လင်မယား ၅၀၅ က ဖြင့်အမှုဖွင့်ထား

Posted: 28 Mar 2021 03:16 PM PDT

မုံရွာ၊မတ်-၂၈စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘူတာလမ်း မြို့မရဲစခန်းရဲတိုက်တန်းတွင် ဖွင့်ထားသော ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင် လင်မယားကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့်အမှုဖွင့်ထားကြောင်း ကာယကံရှင်က ပြောသည်။ရဲစခန်းတိုက်တန်းတွင် ဖွင့်ထားသော၎င်းဆိုင်သည် ရွေးကောက်ပွဲကာလက NLD အလံများတစ်​ဆိုင်လုံးချိတ်ထားပြီး လက်ရှိတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်လုံးပေါ်ပုံကိုဆိုင်ရှေ့တွင် ထောင်ထားသည်။မတ်လ-၂၇ရက် နံနက်က

မြန်မာလူထုကို နိုင်ငံတကာ အကာအကွယ်ပေးဖို့ ကုလအရာရှိကြီး ၂ ဦး တိုက်တွန်း

Posted: 28 Mar 2021 03:04 PM PDT

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet. (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲမှုတွေ မတ်လ ၂၇ ရက်နေ့က အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Alice Wairimu

‌ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ သားဖြစ်သူ မေတ္တာရပ်ခံ

Posted: 28 Mar 2021 03:02 PM PDT

ကိုထိန်လင်း (ခေါ်) Kim (ဝဲ) နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း။ (မတ် ၂၈၊ ၂၀၂၁။ ဓာတ်ပုံ - လန်ဒန်မြို့ မြန်မာသံရုံး)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရဖို့အတွက် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ မြန်မာ

မတ် ၂၇ ရက် ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ပေမဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိ

Posted: 28 Mar 2021 02:59 PM PDT

စစ်အာဏာသိမ်းပြီးကတည်းက လူအများဆုံး သေဆုံးခဲ့ရပြီးဖြစ်တဲ့နောက်တစ်ရက် ဒီကနေ့ မတ်လ ၂၈ ရက် နေ့မှာလည်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြ ပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းရုံတင်မက လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တာ၊ မီးရှို့သတ် ဖြတ်တာတွေပါ ရှိနေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ စစ်အာဏာသိမ်းမှု

မတ်လ ၂၈ ပစ်ခတ်မှုကြောင့် ၁၃ ယောက်ထက်မနည်းသေဆုံး

Posted: 28 Mar 2021 02:57 PM PDT

မတ်လ ၂၈ ပစ်ခတ်မှုကြောင့် ၁၃ ယောက်ထက်မနည်းသေဆုံး ကောလင်းမြို့နယ်တွင်း ရွာတစ်ရွာက ညသပိတ် / Photo-CJမတ်လ ၂၈ ရက် ဒီကနေ့မှာ စစ်တပ်နဲ့ ရဲသတ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့လို့ သေဆုံးတဲ့သူအနည်းဆုံး (၁၃) ယောက်ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေ ပြောပြချက်အရ သိရပါတယ်။စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ငါးယောက်၊ ကလေးမြို့မှာ လေးယောက်၊ မန္တလေးတိုင်း မြင်းခြံမြို့မှာ နှစ်ယောက်၊ ပဲခူးနဲ့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ တစ်

မတ်လ ၂၈ ရက်နေ့ ပစ်ခတ်မှုတွေကြောင့် မုံရွာ ကလေး မြင်းခြံ ရန်ကုန် ပုသိမ် တောင်ကြီးတို့မှာ ၁၅ ဦးထက်မနည်း သေဆုံး

Posted: 28 Mar 2021 02:54 PM PDT

စက်သေနတ်တွေ လက်နက်ကြီးတွေသုံးခဲ့တဲ့ ကလေးမြို့တာဟန်းရပ်ကွက် သပိတ်စခန်းမတ်လ ၂၈က စစ်ကိုင်းတိုင်းထဲက မုံရွာ နဲ့ ကလေးမြို့၊ မန္တလေးတိုင်း မြင်းခြံနဲ့ ရန်ကုန် ၊ပုသိမ်၊ တောင်ကြီးတို့မှာ အာဏာသိမ်းစစ်ကောင်စီ တပ်တွေ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဘီဘီစီက သတင်းရရှိထားပါတယ်။မုံရွာမှာ ဒဏ်ရာရသူကို ကူနေတဲ့ သူနာပြုဆရာမတစ်ဦး အပါအဝင် ၅ ဦး၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အမျိုးသမီးတစ်ဦးနဲ့