Monday, August 31, 2020

သစ်ထူးလွင်

သစ်ထူးလွင်


စစ်တွေမြို့က လူပေါင်း ၁၀၀၀ ခန့်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ သွေးနမူနာယူစစ်မယ်

Posted: 31 Aug 2020 06:37 AM PDT

စစ်တွေမြို့ ကနေ စတင်တဲ့ ရာနဲ့ချီတဲ့ ကူးစက်မှုတွေဖြစ်ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဖြစ်တဲ့ စစ်တွေမြို့နယ်အတွင်းက လူပေါင်း ၁၀၀၀ ခန့်စီကနေ သွေးနမူနာတွေကို ရယူပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဲ့ဒီ သွေးနမူနာယူတဲ့ လုပ်ငန်းစဉ်ကို ဩဂုတ် ၃၁ ရက် ဒီကနေ့က စတင်ပြီး စက်တင်ဘာ ၅ ရက်နေ့အထိ

အမေရိကန်မှာ ကိုဗစ်ကူးစက်သူ ၆ သန်း ကျော်ပြီ

Posted: 31 Aug 2020 06:34 AM PDT

Texas ပြည်နယ် Wylie မြို့က အထက်တန်းကျောင်းတခုမှာ ကိုယ်အပူချိန် တိုင်းပေးနေတဲ့ ဆရာမတဦး။ (ဇူလိုင် ၁၄၊ ၂၀၂၀)ကမ္ဘာတလွှား COVID-19 ကူးစက်ပျံ့နှံ့မှုတွေ ဆက်ပြီးဖြစ်နေတာမှာ အမေရိကန် ပြည်ထောင်စုမှာ ကူးစက်သူ ၆,၀၀၀,၀၀၀ ကျော်နဲ့သေဆုံးသူ ၁၈၀,၀၀၀ ကျော်ရှိပါတယ်။ အနောက်အလယ်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ Iowa ၊ တောင်နဲ့ မြောက် Dakotaနဲ့ Minnesota ပြည်နယ်တွေမှာ တရက်တာ ကူးစက်မှုနှုန်း မြင့်တက်လာတယ်လို့လည်း Johns Hopkins

ရခိုင်ပြည်နယ် ကိုဗစ်အကြပ်အတည်းကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲ

Posted: 31 Aug 2020 06:31 AM PDT

ဘူးသီးတောင်မြို့နယ် စိုင်းဒင်စျေးရွာရောက် စစ်ရှောင်များ။ (ဓါတ်ပုံ -MP Oung Thaung Shway)ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထိခိုက်သေကြေမှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာတွေ ဆက်တိုးနေချိန်မှာ

ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့တဲ့ နေပြည်တော်က လူ ၇၀ ကျော်ကို စောင့်ကြည့်နေ

Posted: 31 Aug 2020 06:29 AM PDT

နေပြည်တော် စီလမ်းဆုံ အဝင်ဂိတ်မှာ နေပြည်တော်ကို ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ၂၀၂၀၊ ဧပြီ ၁၄ ရက်နေ့က ကျန်းမာရေး စစ်ဆေးပေးနေစဉ် / ဓာတ်ပုံ - သက်စုအောင်/ RFAလူနာနံပါတ် ၆၅၉ ဟာ သြဂုတ်လထဲမှာ ရခိုင်ပြည်နယ်ကနေတဆင့် နေပြည်တော်ကို လာရောက်ခဲ့ဖူးတဲ့အတွက်၊ အဲဒီလူနာနဲ့ ဆက်စပ်သူ ၇၀ ကျော်ကို ကျန်းမာရေးစစ်ဆေးတာ၊ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်ဆောင်နေ တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်

ရခိုင်မှာ ကပ်ရောဂါကူးစက်မှု မယုံသူတွေ ရှိတာကြောင့် ကာကွယ်ထိန်းချုပ်ရေး အခက်အခဲရှိနေ

Posted: 31 Aug 2020 06:27 AM PDT

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများနေတဲ့ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတစ်ချို့ဟာ ဗိုင်းရပ်စ်ကူးစက်မှု အပေါ် မယုံကြည်ဖြစ်နေတာကြောင့် ကာကွယ်ထိန်းချုပ်ရေးမှာ အခက်အခဲတွေရှိနေပါတယ်။ရခိုင်ဒေသခံပြည်သူတချို့ဟာ ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိနေတယ်ဆိုတာကို မယုံကြည်ကြဘူး ဖြစ်နေကြပါတယ်။မြောက်ဦးမြို့နယ် မြောင်းဘွေချေကျေးရွာ ဒေသခံ ဦးခင်မောင်သန်းက ဒါဟာ အစိုးရရဲ့မူဝါဒ (ပေါ်လစီ) တစ်ခုလို့

(၃၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦးတွေ့ရှိ

Posted: 31 Aug 2020 06:24 AM PDT

၁။     (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်-- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၀၀၀) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၇)  ခု၊- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၉၈) ခုနှင့်- ပြည်သူ့ဆေးရုံကြီး၊

စစ်တွေမှာ COVID-19 လူနာတွေ တိုးလာရင် ကုသစောင့်ရှောက်မှုပုံစံ ပြောင်းမယ်

Posted: 30 Aug 2020 05:35 PM PDT

ရန်ကုန်မြို့က Quarantine စင်တာတခုမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)ရခိုင်ပြည်နယ် စစ်တွေမှာ COVID-19 ကူးစက်ခံရသူတွေအတွက် နောက်ထပ် ပြင်ဆင်ထားတဲ့ ကုတင်နေရာ ၁၁၀ ကျန်ရှိနေပြီး ဒီထက်များလာရင်တော့ စစ်တွေတက္ကသိုလ်မှာ တိုးချဲ့ဖို့၊ နောက်ဆုံးအဆင့်အနေနဲ့ အိမ်မှာပဲထားပြီး ကုသမှု ပေးဖို့အထိ စဉ်းစားသုံးသပ်နေရတဲ့အကြောင်း မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါ

စစ်တွေဆေးရုံ က ကိုဗစ် လူနာတွေ အခြေအနေကောင်း

Posted: 30 Aug 2020 05:34 PM PDT

ဓာတ်ပုံ ရင်းမြစ်, Myint Lwinစစ်တွေဆေးရုံက ကိုဗစ်လူနာ အများစုဟာ စိုးရိမ်စရာ မရှိဘဲ ယေဘုယျ အနေအထားအရ အတော်များများဟာ အခြေအနေကာင်းမွန်တယ်လို့ စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဘီဘီစီကိုပြောပါတယ်။စစ်တွေ ဆေးရုံမှာ ကိုဗစ်လူနာအဖြစ် ကုသနေသူ ၁၇၂ ဦးအနက် လူနာ ၃ ဦး ကို ဂရုစိုက် ကုသပေးနေရပြီး၊ဒါဟာလည်း ကိုဗစ်ရောဂါကြောင့် မဟုတ်ဘဲ ဆီးချိုနဲ့ အဆုတ်နဲ့ပတ်သက်တဲ့ ယခင်ရောဂါတွေကြောင့် ဖြစ်တယ်လို့လည်း သူက ရှင်းပြ

ကိုဗစ်-၁၉ သတင်းမှားတွေကြောင့် လူရာနဲ့ချီ သေခဲ့ရ

Posted: 30 Aug 2020 05:29 PM PDT

တစ်နေရာရာကနေ အစပြုလိုက်ရာကနေ အွန်လိုင်းပေါ် မှာ ပုံကြီးချဲ့လာတဲ့ လုပ်ကြံပြောဆိုမှုတွေကြောင့်ဖြစ်အခုနှစ်အစ ပထမ သုံးလပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတင်းအချက်အလက် အမှားတွေကြောင့် ကမ္ဘာတဝန်းမှာ အနည်းဆုံး လူ ၈၀၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေကြောင့် လူ ၅၈၀၀ ဆေးရုံတင်ပို့ခဲ့ရတယ်လို့ American Journal of Tropical Medicine and Hygiene ဆိုတဲ့

(၃၀-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိ

Posted: 30 Aug 2020 05:27 PM PDT

၁။ (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၇၀)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၄၁၉) ခုနှင့်- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၆၄) ခု- စုစုပေါင်း (၁,၂၅၃)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (

Sunday, August 30, 2020

သစ်ထူးလွင်

သစ်ထူးလွင်


Portland ဆန္ဒပြမှု ထိပ်တိုက်တွေ့ရင်း တဦးသေဆုံး

Posted: 30 Aug 2020 05:49 AM PDT

သမ္မတ Trump ကို ထောက်ခံသူများ။ (သြဂုတ် ၂၉၊ ၂၀၂၀)အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ် Portland မြို့မှာ လူမျိုးရေး ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေတာမှာ မနေ့ စနေနေ့ညပိုင်းက Black Lives Matter ဆန္ဒပြသူတွေနဲ့ သမ္မတ Trump ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးခဲ့ပါတယ်။မြို့တွင်း ၃ လမ်းနဲ့ Alder လမ်းထောင့်မှာ ဆန္ဒပြသူတွေ အချင်းချင်း ပဋိပက္ခတွေကြား သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု လူ ၂၅ သန်းကျော်ပြီ

Posted: 30 Aug 2020 05:47 AM PDT

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဈေးတခုမှာ နှာခေါင်းစည်းတပ် ဈေးဝယ်လာသူများ။ (သြဂုတ် ၃၀၊ ၂၀၂၀)ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၂၅ သန်းကျော်သွားပြီဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း နေ့စဉ်ကူးစက်မှုနှုန်းမှာ ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၈,၇၆၁ ယောက်ရှိတာကြောင့် ဒါဟာ ကမ္ဘာပေါ်မှာ ကပ်ရောဂါစဖြစ်ချိန်ကစပြီး နေ့စဉ်

အတည်ပြုလူနာသစ် ၁၆ ဦးထဲမှာ ရန်ကုန်က ၁၁ ဦး ပါဝင်

Posted: 30 Aug 2020 05:45 AM PDT

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်း လူကူးတံတားပေါ်မှ ဖြတ်သန်းသွားလာသူတွေကို တွေ့ရစဉ် / ဓာတ်ပုံ - ကျော်ဇင်သန်း/ RFAကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူအရေအတွက် ဆက်တိုက်များပြားလာနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့လတွေအတွင်း ပြည်ပခရီးသွားရာဇဝင်မရှိတဲ့သူတွေ အများအပြားပါဝင်နေပါတယ်။ဒီလိုအခြေအနေမှာ အာဏာပိုင်တွေက ကူးစက်မှုလျော့ပါးရေးအတွက် စီစဉ်နေကြပြီး ကျန်းမာရေးဝန်ထမ်းတွေကတော့ ကူးစက်ခံထားရသူတိုင်းကို ဆေးရုံ

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ကြေညာထား

Posted: 30 Aug 2020 05:43 AM PDT

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းကြည့်နေသူတွေကို တွေ့ရစဉ်လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ဒီနေ့ စတင်ကြေညာလိုက်ပါတယ်။ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ရန်ကုန်တိုင်း အပါအဝင် တစ်ပြည်လုံးမှာ

ပြည်ခရိုင်အုပ်ချူပ်ရေးမှူးရုံးရှေ့ရှိ ရွှေဆိုင်အား သေနတ်အတုဖြင့် လုယက်သူအမျိူးးသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

Posted: 30 Aug 2020 05:35 AM PDT

 ပြည်    သြဂုတ်   ၃၀      ပဲခူးတိုင်း ဒေသကြီး   ပြည်ခရိုင် အုပ်ချူပ်ရေးမှူးရုံး ရှေ့ရှိ ရွှေဆိုင်အား သေနတ်အတုဖြင့် ဝင်ရောက်လုယက်သူ အမျိူးးသား နှစ်ဦးအား ရဲတပ်ဖွဲ့ နှင့် ပြည်သူပူးပေါင်းဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မိုးထံက  သိရသည် ။      ဖြစ်စဉ်မှာ သြဂုတ် ၂၉ ရက် ညနေ  ၅း၂၀  နာရီ ခန့် ပြည်မြို့နယ်၊ ရွှေကူရပ်ကွက်၊ ရွှေတစ်ချောင်းလမ်းနှင့် ပန်းပဲ တန်းလမ်းထောင့် ပြည်

လူမည်းအမျိုးသား ပစ်ခတ်ခံရမှု Wisconsin ပြည်နယ်မှာ ဆက်လက်ဆန္ဒပြ

Posted: 29 Aug 2020 07:26 PM PDT

လူမည်းအမျိုးသား Jacob Blake ပစ်ခတ်ခံရမှုအတွက် ချီတက် ဆန္ဒပြကြသူများ။ (သြဂုတ် ၂၇၊ ၂၀၂၀)Wisconsin ပြည်နယ် Kenosha မြို့မှာ လူမည်းအမျိုးသား Jacob Blake ကို လူဖြူရဲအရာရှိက သေနတ်နဲ့ ပစ်ခတ်မှုအတွက် လူထုဆန္ဒပြမှုတွေကို စနေနေ့မှာလည်း တွေ့နေရပါတယ်။Kenosha မြို့မှာ ဒီသီတင်းပတ် အစောပိုင်းတုန်းက ဆန္ဒပြမှုတွေနဲ့ မတည်မငြိမ် ဖြစ်ခဲ့တဲ့အတွက် ပြည်နယ်လုံခြုံရေးတပ်တွေ ချထားချိန်မှာပဲ ဒီလူထုဆန္ဒပြမှုကို Blake ရဲ့

အမေရိကန်ရဲတပ်ဖွဲ့တွင်း လူမျိုးရေးခွဲခြားမှု ပျောက်အောင်လုပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း

Posted: 29 Aug 2020 07:25 PM PDT

ဝါရှင်တန်ဒီစီ လူထုချီတက် ဆန္ဒပြပွဲမှာ လက်သီးလက်မောင်းတန်း ပြောကြားနေတဲ့ Jacob Blake ရဲ့ဖခင်။ (သြဂုတ် ၂၈၊ ၂၀၂၀)အမေရိကန်ပြည်ထောင်စုရဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေအတွင်းမှာ ပုံစံတကျရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ရှင်းလင်းဖယ်ရှားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြောခွင့်ရ Rupert Coleville က သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။"Jacob Blake ကို ပစ်ခတ်မှုဟာ အမေရိကန်နိုင်ငံမှာ

အိန္ဒိယ အန်ဒမန်ကျွန်းစုက ရှားပါး မျိုးနွယ်စုကို ကိုဗစ် ကူးစက်

Posted: 29 Aug 2020 07:22 PM PDT

ဂရိတ်အန်ဒမန် လူမျိုးစုက မောင်နှမ နှစ်ဦး ပို့ဘလဲမြို့မှာတွေ့ရစဥ်အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစု (ကပ္ပလီကျွန်းစု)က လူသူအထိအတွေ့နည်းတဲ့ ကျွန်းသား လူမျိုးစုတစ်စုကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။အန်ဒမန်ကျွန်းစု ကျွန်းသားတွေအနက် 'ဂရိတ် အန်ဒမန် လူမျိုးစု' ကျွန်းသား ၁၀ ဦးဟာ ပြီးခဲ့တဲ့ လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ကျန်းမာရေး အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။သူတို့ထဲက လေးဦးဟာ

(၃၀-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦးတွေ့ရှိ

Posted: 29 Aug 2020 07:17 PM PDT

၁။     (၂၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၅၂၄) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၅၂) ခုနှင့်- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု တို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ -• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦးတွေ့ရှိပါသည်။၂။   (၃၀-၈-၂၀၂၀) ရက်နေ့၊

မြန်မာအလုပ်သမားတွေခေါ်ယူရေး ထိုင်းလုပ်ငန်းရှင်တွေ ရက်ရွေ့ဆိုင်းမည်

Posted: 29 Aug 2020 08:24 AM PDT

ဘန်ကောက်မြို့မှာတွေ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမားများမြန်မာနိုင်ငံတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ အတွက် မြန်မာအလုပ်သမားတွေ ခေါ်ယူတာကို ရွှေ့ဆိုင်းထားဖို့ ထိုင်း စီးပွါးရေး လုပ်ငန်းရှင်တွေကို ထိုင်းကျန်းမာရေး အာဏာပိုင်တွေက တောင်းဆိုတော့မှာ ဖြစ်ပါတယ်။မြန်မာအပါအဝင် နိုင်ငံ အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင်းအစောပိုင်းကပြည်ပကပြန်လာသူတွေမှာ

ကိုဗစ်ကပ်ရောဂါကာလ မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်မှု ပိုတိုးလာ

Posted: 29 Aug 2020 08:22 AM PDT

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကနေ ဧပြီလအတွင်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းများ။COVID-19 ကာလ နယ်စပ်တွေ ပိတ်ထားပေမယ့် မူးယစ်ဆေးကိုတော့ မတားနိုင်ဘဲ ပိုပြီး ထုတ်လာကြတဲ့အပြင် အရှေ့တောင်အာရှဒေသ နယ်စပ်တွေကို ဖြတ်သန်း သယ်ဆောင်နေကြပြီးတော့ စျေးလည်းကျလာပါတယ်။အထူးသဖြင့် တရားမဝင် နယ်စပ်ဝင်ထွက်ပေါက်တွေ များတဲ့ မြန်မာနိုင်ငံကနေ ဒီ Methamphetamine ဆေးပြားတွေ ဖြတ်သန်း

ရခိုင်က ကိုဗစ်ပိုး ဗီဇပြောင်း ကူးစက်မြန်ပိုးဖြစ်တယ်လို့ ဆေးသုတေသနပြော

Posted: 29 Aug 2020 08:21 AM PDT

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က Fever Clinic အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နေထိုင်ရာ အနီးတစ်ဝိုက်ကို ပိုးသတ်ဆေးဖြန်းသီတင်းတစ်ပတ်ကျော် အချိန်တိုအတွင်း ကိုဗစ် ကူးစက်သူ ၂၀၀ ကျော်ရှိခဲ့တဲ့ ရခိုင်ပြည်နယ်က ကူးစက်မှုတွေကို စမ်းသပ်ကြည့်ခဲ့ရာမှာ ကနဦးရလဒ်တွေအရ ရခိုင်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းပြီး ကူးစက်မှုနှုန်းမြန်တဲ့ ဗိုင်းရပ်စ်ဖြစ်နေတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဆေး

(၂၉-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၇) ဦး တွေ့ရှိ

Posted: 29 Aug 2020 08:19 AM PDT

၁။ (၂၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၀) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ မှ (ပထမအသုတ်) (၁၉၃) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၁၀) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၇၂) ခု၊- ပြည်သူ့ဆေးရုံကြီး၊

ထိုင်းမှာ တရားမဝင် မြန်မာနိုင်ငံသားတွေ ပါလာတဲ့ကား မှောက်ပြီး ၄ ဦးဒဏ်ရာရ

Posted: 29 Aug 2020 08:16 AM PDT

မြန်မာနိုင်ငံသားတွေကို လူကုန်ကူး သယ်ဆောင်လာပြီး တိမ်းမှောက်ခဲ့တဲ့ကား။ (သြဂုတ် ၂၉၊ ၂၀၂၀ ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)မြန်မာဘက်မှာ ကပ်ရောဂါကူးဆက်မှုတွေ များလာတယ်ဆိုပြီး ထိုင်းနယ်စပ်တွေမှာ လုံခြုံရေး တင်းကျပ်ချိန် ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်ထဲမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့ကား တိမ်းမှောက်တာကြောင့် ကားပေါ်ပါလာတဲ့ မြန်မာနိုင်ငံသား ၄ ဦး ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံကို

မလေးရှားရောက် တရားမဝင် မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို နေရပ်ပြန်ပို့မည်

Posted: 29 Aug 2020 08:14 AM PDT

မေလ အတွင်းက မလေးရှားအစိုးရ ကပြန်ပို့ပေးခဲ့တဲ့ ထိန်းသိမ်းရေးစခန်းက မြန်မာများမလေးရှားနိုင်ငံက တရားမဝင်မြန်မာနိုင်ငံသား ၁၃၀ကျော်ကို နေရပ်ပြန်နိုင်ဖို့ မလေးရှား လူဝင်မူကြီးကြပ်ရေးဌာန နဲ့ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးတို့ စီစဉ်ဆောင်ရွက်နေပြီ ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။မလေးရှားနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီးနဲ့ ကောင်စစ်တာဝန်ခံ

Saturday, August 29, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကပ်ဘေးကာလမှာ ထိုင်းကို တရားမဝင်သွားတဲ့ မြန်မာတွေ အဖမ်းခံရ

Posted: 29 Aug 2020 06:31 AM PDT

မြန်မာနိုင်ငံ မြို့အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာချိန်မှာ ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသမှာ လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ပါတယ်။ နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာပြည်သားတချို့ ဖမ်းဆီးခံနေရပါတယ်။မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတဲ့အတွက် ထိုင်းမြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်ဖို့၊ နယ်စပ်

ရခိုင်ဒေသ ကိုရိုနာကူးစက်ခံရသူ အများစု ရောဂါလက္ခဏာ ပြင်းထန်မှုမရှိ

Posted: 29 Aug 2020 06:27 AM PDT

ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေ တစ်နေ့တခြား တိုးလာနေပြီး နှစ်ပတ်နီးပါးအတွင်းမှာပဲ ပိုးတွေ့အတည်ပြုလူနာ ၂၃၈ ဦးအထိ ရှိနေပါတယ်။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီမနက် ထုတ်ပြန်တဲ့ အတည်ပြုလူနာ ၁၃ ဦး စာရင်းမှာလည်း ၁၂ ဦးက ရခိုင်ပြည်နယ်ကဖြစ်ပြီး စစ်တွေ လေးဦး၊ မြောက်ဦး လေးဦး၊ ကျောက်ဖြူ နှစ်ဦး၊ မြေပုံနဲ့ ကျောက်တော်တို့က တစ်ဦးစီ ပါဝင်ပါတယ်။အခုလို ပိုးတွေ့လူနာတွေ

ဒဂုံမြို့နယ် City Express Store ဆိုင်ရှေ့ရှိ ATM စက်အား ဖျက်ဆီးပြီး ငွေများခိုးယူရန် ကြိုးစားသူ(၂)ဦးကို ဖမ်းဆီးရမိ

Posted: 29 Aug 2020 06:20 AM PDT

နေပြည်တော်  ၂၉   ဩဂုတ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် City Express Store ဆိုင်ရှေ့ရှိ  ATM စက်အား ဖျက်ဆီးပြီး ငွေများ ခိုးယူ ရန်  ကြိုးစားသူ(၂)ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိ City Express Store ဆိုင်ရှေ့မှ ATM စက်အား ဖျက်ဆီးထား ကြောင်း ကြားသိရသဖြင့် ဧရာဝတီဘဏ်ရုံးချုပ်မှ ဒုအထွေထွေမန်နေဂျာ တရားလို ဦးအောင်

အိန္ဒိယ ကိုဗစ်ကူးစက်မှုအရေအတွက် တကမ္ဘာလုံးမှာ အမြန်ဆုံးဖြစ်လာ

Posted: 29 Aug 2020 06:14 AM PDT

အိန္ဒိယနိင်ငံ Hyderabad မှာ ဒေသခံတွေကို COVID-19 စစ်ဆေုးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (သြဂုတ် ၂၈၊ ၂၀၂၀)ကမ္ဘာမှာ တတိယ ကိုဗစ်အဆိုးဆုံး၊ အာရှမှာတော့ အဆိုးဆုံးဖြစ်နေတဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူသစ် ၇၆,၄၇၂ ဦး ဒီနေ့ နောက်ဆုံးရှိခဲ့ပြီး တနိုင်ငံလုံး ပိုးတွေ့သူပေါင်း ၃.၄ သန်း ကျော်သွားပါပြီ။လူဦးရေ ၁.၄ ဘီလီယျံရှိတဲ့ အိန္ဒိယဟာ အခု ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု အမြန်ဆုံးနိုင်ငံ ဖြစ်သွားပါပြီ။

အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ဒီနှစ်မကုန်ခင် ရလာနိုင် - သမ္မတထရမ့်ပ်

Posted: 29 Aug 2020 06:12 AM PDT

"COVID 19 ကာကွယ်ဆေး" လို့ တံဆိပ်တပ်ထားတဲ့ ဆေးပုလင်းတပုလင်း။ (ဧပြီ ၁၀၊ ၂၀၂၀)အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ဒီနှစ်မကုန်ခင် ဒါမှမဟုတ် ဒီထက်စောပြီးတော့တောင်မှ ရလာနိုင်တယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောပါတယ်။ရီပတ်ဘလီကန်ပါတီညီလာခံအတွင်း သမ္မတလောင်းအဖြစ် လက်ခံတဲ့ ကြာသပတေးနေ့ မိန့်ခွန်းထဲမှာ သမ္မတထရမ့်ပ်က အဲဒီလိုပြောသွားတာပါ။ကျွမ်းကျင်သူတွေကတော့ ကာကွယ်ဆေးဖော်စပ်တာ၊ စမ်းသပ်တာနဲ့ အန္တရာယ်ကင်းကြောင်း

ငှက်ဖျားဆေး ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းကို ကိုဗစ်အတွက် စမ်းသပ်မှု အပြီးမသတ်ခင်ရပ်

Posted: 29 Aug 2020 06:10 AM PDT

ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဟိုက်ဒြောက်ဆီကလိုရိုကွင်းဆေး ကိုဗစ်မှာ စမ်းသပ်မှုကြောင့် အငြင်းပွားဖွယ်တွေ အများအပြားဖြစ်ခဲ့ပါတယ်။ငှက်ဖျားရောဂါ ကုသရာမှာ သုံးလေ့ရှိတဲ့ ဟိုက်ဒြောက်ဆီ ကလိုရိုကွင်းဆေးဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စွမ်း ရှိမရှိ စမ်းသပ်လေ့လာနေမှုရဲ့ ရလဒ်က ဘယ်တော့မှ ထွက်ပေါ်လာမယ့်ပုံ မရှိဘူးလို့ စမ်းသပ်မှုမှာ ပါဝင်သူ သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။ကိုဗစ်-၁၉ ဆေးတွေထဲမှာ ဟိုက်ဒြောက်ဆီ ကလိုရို

ကိုဗစ်လေထဲက ကူးစက်နိုင်ခြေများလို့ အလွန်ကူးစက်မြန်တယ်လို့ သတိပေး

Posted: 29 Aug 2020 06:07 AM PDT

ရန်ကုန်မြို့က အသွားအလာကန့်သတ်ထားတဲ့နေရာတစ်ခုမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုနှုန်း သီတင်းတစ်ပတ်အတွင်း မြင့်တက်လာနေချိန်မှာပဲ ကိုဗစ်-၁၉ရောဂါဟာ လေကတဆင့် ကူးစက်တတ်တဲ့ရောဂါ (Airborne disease) ဖြစ်နိုင်ခြေများတဲ့အတွက် အလွန်ကူးစက်မြန်တဲ့ ရောဂါဖြစ်တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သတိပေးလိုက်ပါတယ်။ကိုယ်တိုင် ရောဂါပိုးရှိသူဖြစ်နေနိုင်တာကြောင့် ရောဂါပြန့်ပွားမှုကို

(၂၉-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိ

Posted: 29 Aug 2020 06:02 AM PDT

၁။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲနမူနာ (၇၃၂) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲ နမူနာ (၁၈၅)ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲ နမူနာ (၁၄၈)ခု၊- နေပြည်တော်ပြည်

Friday, August 28, 2020

သစ်ထူးလွင်

သစ်ထူးလွင်


(၂၈-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦး တွေ့ရှိ

Posted: 28 Aug 2020 07:04 AM PDT

၁။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၇၀)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) မှ  ဓာတ်ခွဲနမူနာ (၂၂၁) ခု- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၆၁) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၈၈) ခုနှင့်- ရန်ကုန်မြို့၊ အမှတ် (၁)

"ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး" - ဒေါ်အောင်ဆန်းစုကြည်

Posted: 28 Aug 2020 06:22 AM PDT

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - သြဂုတ် ၂၈၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက်တိုးလာနေတဲ့ ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်သွားမယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိပြုလိုက်တာကို ပြောပြပါမယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကူးစက်မှု

ကိုဗစ်ရှိသူနဲ့ ထိတွေ့သူတွေ ရောဂါလက္ခဏာမပြပေမဲ့ စမ်းသပ် စစ်ဆေးဖို့လို (WHO)

Posted: 28 Aug 2020 06:21 AM PDT

COVID-19 ရောဂါရှင်တွေနဲ့ ထိတွေ့ဆက်ဆံမိသူတွေ အနေနဲ့ ရောဂါအကူးစက်ခံရတဲ့ လက္ခဏာ ပြပြ မပြပြ ဒီရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးဖို့ အရေးကြီးကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Maria Van Kerkhove က ကြာသပတေးနေ့ WHO သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။"ဒီရောဂါအတွက် စမ်းသပ်စစ်ဆေးမှုတွေကို ရောဂါကူးစက်တဲ့ လက္ခဏာ မသိမသာ ပြနေတဲ့ သူတွေ ဒါမှမဟုတ် လက္ခဏာမတွေ့ရတဲ့ သူတွေမှာပါ စမ်းသပ်မှု

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရာထူးကနားတော့မယ်

Posted: 28 Aug 2020 06:19 AM PDT

ဆေးရုံတွေသွားနေရတဲ့ သတင်းကြောင့် ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေ ရှိဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး ကျန်းမာရေးကြောင့် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဂျပန်သတင်းတွေက ဆိုပါတယ်။မစ္စတာ ရှင်ဇို အာဘေးဟာ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားနေရတာ နှစ်အတော်ကြာနေပြီဖြစ်ပြီး လတ်တလောမှာ အခြေအနေ ဆိုးလာတယ်လို့ ယူဆရပါတယ်။အသက် ၆၅ နှစ်အရွယ် မစ္စတာ ရှင်ဇို အာဘေးဟာ သူ့ကျန်းမာရေးကြောင့် အစိုးရအဖွဲ့ ထိခိုက်လာ

ဒုက္ခသည်စခန်းတွေ ကပ်ဆိုက်မှာ စိုးရိမ်ကြောင်း ရခိုင်ဝန်ကြီးချုပ် ပြော

Posted: 28 Aug 2020 06:15 AM PDT

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သိသိသာသာ ကြီးထွားလာတာကြောင့် ဒုက္ခသည်စခန်းတွေ အတွက်ပါ စိုးရိမ်စရာဖြစ်လာနေပြီး နိုင်နင်းအောင်လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ ပြောလိုက်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့သြဂုတ် ၂၈ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၂၁၇ ဦးအထိ ရှိလာပါတယ်။ဒီမနက် အသစ်ထပ်မံစစ်ဆေးတွေ့ရှိတဲ့ အတည်ပြုလူနာ ၂၆

အတည်ပြုလူနာ ရဲအုပ်နဲ့အတူ သင်တန်းတက်နေသူ ၁၀၀ ကျော်ကို ပိုးရှိ မရှိ စစ်ဆေးမည်

Posted: 28 Aug 2020 06:12 AM PDT

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ရဲအရာရှိ သင်တန်းကျောင်းကို တွေ့ရစဉ်Photo: Khaymani Win/RFAရခိုင်ပြည်နယ်ကနေ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ရဲအရာရှိသင်တန်းကျောင်းရောက် ရဲအရာရှိတစ်ဦးမှာ  ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက်  သင်တန်းအတူတက်နေသူ ၁၁၉ ယောက်ကို ဒီကနေ့ ထပ်မံစစ်ဆေးသွားမယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်းက ပြောပါတယ်။"

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စက်ချွတ်ယွင်း၍ ရပ်တန့်ထားသော ရွှေမန်းသူခရီးသည်တင် ယာဉ်အား ခြောက်ဘီးယာဉ်မှ အရှိန်လွန်ဝင်တိုက်မိ နှစ်ဦးသေဆုံး

Posted: 28 Aug 2020 06:10 AM PDT

တောင်ငူ     ၂၈   သြဂုတ်  ရန်ကုန်-မန္တလေး အမြန်လမ်းကြီး တောင်ငူမြို့နယ် မိုင်တိုင် ၁၅၃/၅ အနီးတွင် သြဂုတ် ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဇီးပင်သာအမြန်လမ်းရဲစခန်းမှ စခန်းမှူးရဲအုပ်မင်းနိုင် ဦးစီးအဖွဲ့သည် အမြန်လမ်း မီးသတ်အဖွဲ့နှင့် အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ အမြန်လမ်းမကြီး အစုန်လမ်းအတိုင်း မြောက်မှတောင်သို့ သူရဝတီအောင် ၂၇ နှစ်၊ သရက်ပင်

(၂၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိ

Posted: 28 Aug 2020 06:06 AM PDT

၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲနမူနာ (၅၆၄) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲနမူနာ (၂၅)ခုနှင့်- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၃၂) ခုတို့တွင်-• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိခဲ့ရ

ကျယ်ဂေါင်က မြန်မာပိုင် ကုန်စည်ပို့ဆောင်ရေးဂိတ်တွေ တရုတ်ပိတ်မည်

Posted: 27 Aug 2020 05:23 PM PDT

တရုတ်-မြန်မာ နယ်စပ် မူဆယ်ဂိတ် တနေရာတရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ခေါင်မြို့ ထဲက မြန်မာလူမျိုးပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို တရုတ်နိုင်ငံသားနဲ့ အစုစပ်လုပ်မှသာ လုပ်ငန်းလုပ်ခွင့်ပြုတော့မယ်လို့ တရုတ်ဘက်က ညွှန်ကြားချက်ထုတ်လိုက်တဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြထားပါတယ်။တရုတ် ကျယ်ခေါင်မြို့ထဲက မြန်မာလူမျိုးပိုင်တဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ပိတ်သိမ်းပေး

Microsoft နဲ့ Walmart ပေါင်းပြီး TikTok ကိုဝယ်မည်

Posted: 27 Aug 2020 05:21 PM PDT

အမေရိကန် လက်လီအရောင်းဆိုင်လုပ်ငန်းကြီး Walmart က Microsoft နည်းပညာ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး TikTok ဗွီဒီယို application ကို စျေးပြိုင်ဝယ်ယူသွားမယ်လို့ ပြောပါတယ်။ကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန် သမ္မတ Donald Trump က အမျိုးသား လုံခြုံရေး အကြောင်းပြချက်နဲ့ အမေရိကန် ကုမ္ပဏီ တွေ ၄၅ ရက်အတွင်း TikTok ရဲ့ မိခင်

အခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးအောင် ရှောင်ရှားနိုင်မယ့်နည်း ၅ ခု

Posted: 27 Aug 2020 05:19 PM PDT

နှာခေါင်းစည်းတပ်ထားသူအဆောက်အအုံတွင်း၊ အခန်းတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ရေးမှာ အခန်းတွင်း လေဝင်လေထွက် ကောင်းဖို့က အဓိက အရေးပါဆုံးပါ။ဗိုင်းရပ်စ် ကူးစက်မခံရအောင် လက်ဆေးကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေကြဖို့ ပြောလာတာ လအတော်ကြာခဲ့ပါပြီ။ဒါပေမဲ့ ကိုယ်နေ့စဉ် ရှူနေတဲ့ လေနဲ့ ပတ်သက်လို့လည်း ဂရုစိုက်ဖို့ လိုတယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေပါတယ်။လေကောင်းလေသ

(၂၇-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိ

Posted: 27 Aug 2020 05:14 PM PDT

၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၃) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၃၂၆) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၈၇) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ

Thursday, August 27, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မုန်တိုင်း Laura ကန် တောင်ပိုင်းကို တနာရီ မိုင် ၁၄၀ နဲ့ ဝင်ရောက်ဖွယ်ရှိ

Posted: 27 Aug 2020 06:31 AM PDT

မုန်တိုင်း Lauraအမေရိကန် တောင်ပိုင်း ပင်လယ်ကွေ့ကမ်းရိုးတန်း ဒေသဆီကို ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မုန်တိုင်း Laura ဟာ လေတိုက်နှုန်း တနာရီ မိုင် ၁၄၀ လောက်နဲ့ ပြင်းအား အဆင့် ၄ ရှိတဲ့ အားပြင်းမုန်တိုင်း တခု ဖြစ်လာနိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။ဒီမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာနိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ မုန်တိုင်း

ရခိုင်ပြည်တွင်း နောက်ထပ် ကိုဗစ်ကူးစက်မြို့နယ်တွေ ပုဒ်မ ၁၄၄ ထုတ်ဖွယ်ရှိ

Posted: 27 Aug 2020 06:29 AM PDT

စစ်တွေမြို့တွင် ရဲလုံခြုံရေးချထားပြီး နှာခေါင်းစည်းတပ် သွားလာနေကြသည့် မြင်ကွင်းတခု။ (၂၆ သြဂုတ် ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရခိုင်ပြည်နယ်တခုလုံး တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားလိုက်သလို ညမထွက်ရအမိန့်ကိုပါ ဆက်လက်ထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။ကပ်ရောဂါကူးစက်ပျံ့နှံ့တာကို ထိန်းချုပ်နိုင်

အမတ်လောင်း ဒေါ်ဝင်းမြမြကို ကန့်ကွက်မှု NLD လက်မခံ

Posted: 27 Aug 2020 06:26 AM PDT

NLD ပါတီက မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ ကို တွေ့ရစဉ် / Photo: Daw Win Mya Mya's FBမန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ဒေါ်ဝင်းမြမြကို ကန့်ကွက်ကြောင်း ဒေသခံတချို့က လက်မှတ်ရေးထိုးပြီး တောင်းဆိုထားပေမယ့် ကိုယ်စားလှယ်လောင်းနေရာ

ချင်းတောင် လမ်းတိုးချဲ့ရာမှာ ပန်းသီးစိုက်ခင်းတွေ ပျက်စီး

Posted: 27 Aug 2020 06:24 AM PDT

တီးတိန်မြို့နယ် ဒိမ်းပီကျေးရွာကားလမ်း တိုးချဲ့ဖောက်လုပ်ရာမှာ မြေပြိုကျနေတာကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဉ်  / Photo: Salai KT HauKhai/RFAချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ကျေးလက် လမ်းတိုးချဲ့ ဖောက်လုပ်တာက ထွက်ရှိလာတဲ့ စွန့်ပစ် မြေစာပုံတွေကြောင့် မြေပြိုပြီး ဖူးနွမ်းကျေးရွာက တောင်သူ ၁၉ ဦး ပိုင်တဲ့ ပန်းသီးစိုက်ခင်း ၂၃ ဧကလောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။တီးတိန်မြို့နယ် ဒိမ်းပီကျေးရွာကား

COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ နှင့် ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ စစ်တွေမြို့သို့ ထပ်မံရောက်ရှိ

Posted: 27 Aug 2020 06:15 AM PDT

(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၇) ရက် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ညွှန်ကြားရေးမှူးအဆင့်ရှိ ကူးစက်ရောဂါဗေဒပညာရှင် ဦးဆောင်သည့် ဗဟိုကွင်းဆင်းအဖွဲ့နှင့် ပူးပေါင်းကာ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်မည့် "COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team)" နှင့် ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်များ၊ ကျန်းမာရေးမှူး၊

ကိုရိုနာဗိုင်းရပ်စ် သတင်းတွေ သိရဖို့ ရခိုင်စစ်ရှောင်စခန်းတွေကို ရေဒီယိုတွေ ဝေမယ်

Posted: 27 Aug 2020 06:01 AM PDT

ရခိုင်စစ်ရှောင်စခန်းတွေမှာ အင်တာနက်မရတာ တစ်နှစ်ကျော်ကြာရခိုင်စစ်ရှောင်စခန်းတွေမှာ အင်တာနက် မရတာကြောင့် စစ်ရှောင်စခန်း ၁၀၀ကျော်ကို ကိုဗစ် ရောဂါ သတင်းအချက်အလက်တွေနဲ့ နောက်ဆုံးအခြေအနေ သိနိုင်ဖို့အတွက် ရေဒီယိုတွေ ဝေဖို့လုပ်နေတယ် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ဘီဘီစီကို ပြောပါတယ်။အခု လောလောဆယ်မှာတော့ ကိုဗစ်ရောဂါ ကူးစက်မှု နောက်ဆုံးအခြေအနေတွေ သတင်း

မြန်မာတွေအတွက် ထိုင်းဗီဇာအတုလုပ်သူ ထိုင်းအမျိုးသမီး အဖမ်းခံရ

Posted: 27 Aug 2020 05:58 AM PDT

အဖမ်းခံရတဲ့ ထိုင်းပွဲစားအမျိုးသမီးကို ဖန်သားပြင်ပေါ်မှာ ပြသနေတဲ့ မြင်ကွင်း။ (သြဂုတ် ၂၇၊ ၂၀၂၀)ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ဝန်ဆောင်မှုပေးနေသူ အမျိုးသမီးတဦးဟာ ဗီဇာတံဆိပ်တုံး အတုလပ်မှုနဲ့ ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။မြန်မာနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ဝန်ဆောင်မှုပေးရာမှာ တံဆိပ်တုံးအတု

ရွှေကုက္ကိုမြို့သစ်စီမံကိန်း BRI ခါးပတ်လမ်းစီမံကိန်းနဲ့ မဆိုင်ကြောင်း တရုတ်အစိုးငြင်းဆို

Posted: 27 Aug 2020 05:57 AM PDT

ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သစ် Photo credit: RFAကရင်ပြည်နယ်အတွင်း မြန်မာနဲ့ထိုင်း နယ်စပ်အနား တရုတ်ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အကုန် အကျ ခံ တည်ဆောက်နေတဲ့ မြို့သစ်ဟာ တရုတ်နိုင်ငံရဲ့ BRI ခါးပတ်လမ်း စီမံကိန်းနဲ့ သက်ဆိုင်မှု မရှိဘူးလို့ တရုတ် နိုင်ငံက ပြော ပါတယ်။လောလောဆယ် မြန်မာအစိုးရက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သစ်က တရုတ်

ကျောက်တော်မြို့နယ်တွင် လူငယ်တစ်ဦးသေနတ်ပစ်ခံရ၍ သေဆုံး

Posted: 27 Aug 2020 05:54 AM PDT

နိရဥ္စရာ၊ သြဂုတ် ၂၇/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရှမ်းရွာရပ်ကွက်တွင် ယနေ့နံနက် အစောကြီး ညဉ့် ၁ နာရီအချိန်ခန့်က လူငယ်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း မိသားစုဝင်များပြောပြချက်အရ သိရသည်။သေဆုံးသွားသူမှာ မောင်နိုင်ဝင်း(၃ဝ)နှစ်ဖြစ်ကြောင်း သိရသည်။ကျောက်တော်မြို့နယ် ဆေးရုံသို့ ဆက်သွယ်ရာ တာဝန်ရှိ ဆရာဝန်တစ်ဦးက ယနေ့နံနက် ၈ နာရီခွဲက ၎င်းအလောင်းအားရဲတပ်ဖွဲ့ဝင်များမှ ဆေးရုံသို့ လာအပ်ကြောင်း၊

အပေါက်ဝကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

Posted: 27 Aug 2020 05:53 AM PDT

နိရဥ္စရာ၊ သြဂုတ် ၂၇/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က  ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး ၁ ဦးသေဆုံးသွားကာ ၃ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။သေဆုံးသူ အမျိုးသမီးမှာ အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်မှ ဒေါ်ဘုမ (ခ) မမိုးမိုး (၄ဝ) နှစ်ဖြစ်သည်။ဒဏ်ရာ ရရှိသွားသူများမှာ တစ်ရပ်ကွက်တည်းနေ ဒေါ်အေးသိန်းကျော့ (၃၂) နှစ်၊ ဒေါ်မကျော့

ဆရာတော်ဦးသောဘိတ ကို စွဲချက်တင်ဖို့ အမရပူရတရားရုံး အမိန့်ချ

Posted: 27 Aug 2020 05:48 AM PDT

ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ တွေ့ရစဉ် / Photo: Khaymani Win/RFAဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုခံထားရတဲ့ မန္တလေးက ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို စွဲချက်တင်ဖို့ အမရပူရမြို့နယ် တရားရုံးက ဒီကနေ့ သြဂုတ် ၂၇ ရက်နေ့မှာ ခွင့်ပြုလိုက်ပါတယ်။စွဲချက်တင်ခံရနိုင်တဲ့ အကြောင်းရင်းရှိသလို အခွင့်အရေးလည်းရှိတယ်လို့ ဆရာတော်ရဲ့ရှေ့နေဖြစ်တဲ့ တရား လွတ်

ပြင်ဦးလွင် ထုံးကုန်းရွာမှာ ကပ်ဘေးကာကွယ်ရေး ရန်ပုံငွေကိစ္စ အငြင်းပွားနေ

Posted: 27 Aug 2020 05:46 AM PDT

ကိုရိုနာအန္တရာယ် ကာကွယ်ရေးအတွက် ကျေးရွာရန်ပုံငွေ ကောက်ခံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၂၀၂၀ သြဂုတ် ၂၅ ရက်နေ့က ပြင်ဦးလွင်မှာ သတင်းစာရှင်းလင်းခဲ့စဉ်Photo: Khaymani Win/RFAကိုရိုနာအန္တရာယ် ကာကွယ်ရေးအတွက် ကျေးရွာရန်ပုံငွေ ကောက်ခံခဲ့တဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ထုံးကုန်းကျေးရွာမှာ ရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။အုပ်ချုပ်ရေးမှူးကလည်း ဒေသတွင်းကောင်းဖို့ လုပ်ဆောင်နေတာ

ဆိပ်ဖြူမြို့နယ်၌ အမျိုးသားတစ်ဦး လှေပေါ်မှပြုတ်ကျ၍ ရေနစ်သေဆုံး

Posted: 27 Aug 2020 05:42 AM PDT

ဆိပ်ဖြူ      ဩဂုတ်     ၂၇မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာအုပ်စု ၊ရေလယ်ကျွန်းကျေးရွာမှ အမျိုးသားတစ်ဦးသည် ဩဂုတ် ၂၆ ရက် နေ့လည်ပိုင်းက လှေပေါ်မှရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ဖြူမြို့မ ရဲစခန်းနှင့် ၁ မိုင် ခန့်အကွာ ကိုးတောင့်ကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာနေ နိုင်လင်းအောင် အသက်(၃၇)နှစ် ကျဘမ်းလုပ်ကိုင်သူသည် သမီးဖြစ်သူ မဆုရတီ

ညောင်ဦးမြို့ အမှတ်(၁)သာယာဝတီရပ်တွင် စက်လှေတစ်စီး ရပ်ထားသည့်သ‌‌င်္ဘော ဝင်တိုက်နစ်မြှပ် အမျိုးသမီးနှစ်ဦး ရှာမတွေ့သေး

Posted: 27 Aug 2020 05:41 AM PDT

ညောင်ဦး    ဩဂုတ်     ၂၇ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၁) သာယာဝတီရပ် ဧရာဝတီမြစ်အတွင်း ဩဂုတ် ၂၆ ရက်  ညနေ ၅ နာရီခွဲ ခန့်က စက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံက သိရသည်။ ဖြစ်စဉ်မှာ အဆိုပါစက်လှေသည် ၅ နာရီ ခန့်တွင် ညောင်ဦးမြို့ ဧရာဝတီမြစ်အတွင်း ခြောက်ဘုရားလှဘက်မှ စတင်ကာ စက်လှေမောင်း ဦးမြတ်လေးကို မောင်းနှင်သော စက်လှေ

(၂၇-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိ

Posted: 27 Aug 2020 05:39 AM PDT

၁။ (၂၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲနမူနာ (၈၄၅)ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၆၂) ခုနှင့်- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၂၄) ခုတို့တွင်-• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ

မောရစ်သျှမှာ သင်္ဘောပျက်က လောင်စာဆီ ဖိတ်စင်မှု လင်းပိုင်တွေသေဆုံး

Posted: 26 Aug 2020 12:02 PM PDT

လင်းပိုင်သေတွေ ကမ်းပေါ်လာတင်နေတာကို ဒေသခံတွေ တွေ့ပျက်သွားတဲ့ ဂျပန်ပိုင် ကုန်တင်သင်္ဘောကြီးတစင်းကနေ လောင်စာဆီတွေ အများအပြား ပင်လယ်ထဲကို ရောက်ခဲ့တဲ့နောက် မောရစ်သျှ ကမ်းခြေတဝိုက်မှာ လင်းပိုင် အသေ ၁၃ ကောင်ထက်မနည်း လာတင်တာကို တွေ့ရပါတယ်။ဒီလို ပင်လယ်သတ္တဝါတွေသေရတာဟာ သင်္ဘောက လောင်စာဆီတွေ ပင်လယ်ထဲ ဖိတ်ကျလာလို့ ဒါမှမဟုတ် အာဏာပိုင်တွေဆုံးဖြတ်ချက်အရ သင်္ဘောဦးပိုင်းကို ပင်လယ်ထဲ မြှုပ်ပစ်လိုက်လို့

ရခိုင်ပြည်နယ်တခုလုံးအတွက် အိမ်တွင်းနေအမိန့်ထုတ်

Posted: 26 Aug 2020 11:52 AM PDT

စစ်တွေမြို့တွင် ရဲလုံခြုံရေးချထားပြီး နှာခေါင်းစည်းတပ် သွားလာနေကြသည့် မြင်ကွင်းတခု။ (သြဂုတ် ၂၃၊ ၂၀၂၀)ရခိုင်ပြည်နယ်တခုလုံးက လူထုအနေနဲ့ ကိုယ့်နေအိမ်တွင်းမှာပဲ နေထိုင်ကြဖို့ (Stay at home) အမိန့်တရပ်ကို ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လက်မှတ်ရေးထိုးပြီး ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့တစိတ်တပိုင်း၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေအတွက်ပဲ အိမ်တွင်း

ကိုဗစ် ဒုတိယလှိုင်းကြောင့် မြန်မာ့ရွေးကောက်ပွဲအခြေအနေ စိတ်မအေးဖွယ်ဖြစ်နေ

Posted: 26 Aug 2020 11:50 AM PDT

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုရဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စံချိန်ချိုးလောက်အောင် တိုးလာတာကြောင့် ကျင်းပဖို့လပိုင်းလောက်သာ လိုတော့တဲ့ ရွေးကောက်ပွဲအပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။ရခိုင်ပြည်နယ်မှာ အများစု အပါအဝင် ကိုဗ

ဂျက်ကော့ဘလိပ်ခ် - ဝစ္စကွန်ဆင်း ဆန္ဒပြမှု သုံးရက်မြောက်မှာ လူနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Posted: 26 Aug 2020 11:47 AM PDT

ကနိုရှာမြို့အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်းပြည်နယ် ကနိုရှာမြို့မှာ လူမည်း အမျိုးသားတစ်ဦးကို ရဲက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြမှု သုံးရက်မြောက်နေ့မှာ ပစ်ခတ်ခံရလို့ လူနှစ်ယောက် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။လူသုံးယောက် ပစ်ခတ်ခံရတယ်လို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ ဘယ်သူတွေ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။စက်သုံးဆီဆိုင်ကို လုံခြုံရေးယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒ

အထက်တန်းကျောင်းတွေ ပြန်ပိတ်ပြီး အလယ်တန်းတွေဖွင့်ရက် နောက်ထပ်ဆုတ်

Posted: 26 Aug 2020 11:43 AM PDT

ကျောင်းတွေတစ်လကျော် အကြာမှာ ပြန်ပိတ်ရကိုဗစ်အမျိုးသားအဆင့်ဗဟိုကော်မတီကလမ်းညွှန်လို့ မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းတွေကို ပြန်ပိတ်လိုက်ပြီး စက်တင်ဘာလအတွင်းဖွင့်လှစ်မယ့် အခြေခံပညာ အလယ်တန်းကျောင်းဖွင့်ရက်တွေကို နောက်ဆုတ်လိုက်တယ်လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီဘီစီကို ပြောပါတယ်။မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းပေါင်း ၆၀၀၀ ကျော် ကိုသြဂုတ်လ ၂၇ ရက်

(၂၆-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိ

Posted: 26 Aug 2020 11:39 AM PDT

၁။ (၂၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၃၉) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၃၁၈) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၇၃) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၇၀) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ