သစ္ထူးလြင္ |
- မုန်တိုင်း Laura ကန် တောင်ပိုင်းကို တနာရီ မိုင် ၁၄၀ နဲ့ ဝင်ရောက်ဖွယ်ရှိ
- ရခိုင်ပြည်တွင်း နောက်ထပ် ကိုဗစ်ကူးစက်မြို့နယ်တွေ ပုဒ်မ ၁၄၄ ထုတ်ဖွယ်ရှိ
- အမတ်လောင်း ဒေါ်ဝင်းမြမြကို ကန့်ကွက်မှု NLD လက်မခံ
- ချင်းတောင် လမ်းတိုးချဲ့ရာမှာ ပန်းသီးစိုက်ခင်းတွေ ပျက်စီး
- COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ နှင့် ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ စစ်တွေမြို့သို့ ထပ်မံရောက်ရှိ
- ကိုရိုနာဗိုင်းရပ်စ် သတင်းတွေ သိရဖို့ ရခိုင်စစ်ရှောင်စခန်းတွေကို ရေဒီယိုတွေ ဝေမယ်
- မြန်မာတွေအတွက် ထိုင်းဗီဇာအတုလုပ်သူ ထိုင်းအမျိုးသမီး အဖမ်းခံရ
- ရွှေကုက္ကိုမြို့သစ်စီမံကိန်း BRI ခါးပတ်လမ်းစီမံကိန်းနဲ့ မဆိုင်ကြောင်း တရုတ်အစိုးငြင်းဆို
- ကျောက်တော်မြို့နယ်တွင် လူငယ်တစ်ဦးသေနတ်ပစ်ခံရ၍ သေဆုံး
- အပေါက်ဝကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
- ဆရာတော်ဦးသောဘိတ ကို စွဲချက်တင်ဖို့ အမရပူရတရားရုံး အမိန့်ချ
- ပြင်ဦးလွင် ထုံးကုန်းရွာမှာ ကပ်ဘေးကာကွယ်ရေး ရန်ပုံငွေကိစ္စ အငြင်းပွားနေ
- ဆိပ်ဖြူမြို့နယ်၌ အမျိုးသားတစ်ဦး လှေပေါ်မှပြုတ်ကျ၍ ရေနစ်သေဆုံး
- ညောင်ဦးမြို့ အမှတ်(၁)သာယာဝတီရပ်တွင် စက်လှေတစ်စီး ရပ်ထားသည့်သင်္ဘော ဝင်တိုက်နစ်မြှပ် အမျိုးသမီးနှစ်ဦး ရှာမတွေ့သေး
- (၂၇-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိ
- မောရစ်သျှမှာ သင်္ဘောပျက်က လောင်စာဆီ ဖိတ်စင်မှု လင်းပိုင်တွေသေဆုံး
- ရခိုင်ပြည်နယ်တခုလုံးအတွက် အိမ်တွင်းနေအမိန့်ထုတ်
- ကိုဗစ် ဒုတိယလှိုင်းကြောင့် မြန်မာ့ရွေးကောက်ပွဲအခြေအနေ စိတ်မအေးဖွယ်ဖြစ်နေ
- ဂျက်ကော့ဘလိပ်ခ် - ဝစ္စကွန်ဆင်း ဆန္ဒပြမှု သုံးရက်မြောက်မှာ လူနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
- အထက်တန်းကျောင်းတွေ ပြန်ပိတ်ပြီး အလယ်တန်းတွေဖွင့်ရက် နောက်ထပ်ဆုတ်
- (၂၆-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိ
မုန်တိုင်း Laura ကန် တောင်ပိုင်းကို တနာရီ မိုင် ၁၄၀ နဲ့ ဝင်ရောက်ဖွယ်ရှိ Posted: 27 Aug 2020 06:31 AM PDT မုန်တိုင်း Lauraအမေရိကန် တောင်ပိုင်း ပင်လယ်ကွေ့ကမ်းရိုးတန်း ဒေသဆီကို ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မုန်တိုင်း Laura ဟာ လေတိုက်နှုန်း တနာရီ မိုင် ၁၄၀ လောက်နဲ့ ပြင်းအား အဆင့် ၄ ရှိတဲ့ အားပြင်းမုန်တိုင်း တခု ဖြစ်လာနိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။ဒီမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာနိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ မုန်တိုင်း |
ရခိုင်ပြည်တွင်း နောက်ထပ် ကိုဗစ်ကူးစက်မြို့နယ်တွေ ပုဒ်မ ၁၄၄ ထုတ်ဖွယ်ရှိ Posted: 27 Aug 2020 06:29 AM PDT စစ်တွေမြို့တွင် ရဲလုံခြုံရေးချထားပြီး နှာခေါင်းစည်းတပ် သွားလာနေကြသည့် မြင်ကွင်းတခု။ (၂၆ သြဂုတ် ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရခိုင်ပြည်နယ်တခုလုံး တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားလိုက်သလို ညမထွက်ရအမိန့်ကိုပါ ဆက်လက်ထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။ကပ်ရောဂါကူးစက်ပျံ့နှံ့တာကို ထိန်းချုပ်နိုင် |
အမတ်လောင်း ဒေါ်ဝင်းမြမြကို ကန့်ကွက်မှု NLD လက်မခံ Posted: 27 Aug 2020 06:26 AM PDT NLD ပါတီက မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ ကို တွေ့ရစဉ် / Photo: Daw Win Mya Mya's FBမန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ဒေါ်ဝင်းမြမြကို ကန့်ကွက်ကြောင်း ဒေသခံတချို့က လက်မှတ်ရေးထိုးပြီး တောင်းဆိုထားပေမယ့် ကိုယ်စားလှယ်လောင်းနေရာ |
ချင်းတောင် လမ်းတိုးချဲ့ရာမှာ ပန်းသီးစိုက်ခင်းတွေ ပျက်စီး Posted: 27 Aug 2020 06:24 AM PDT တီးတိန်မြို့နယ် ဒိမ်းပီကျေးရွာကားလမ်း တိုးချဲ့ဖောက်လုပ်ရာမှာ မြေပြိုကျနေတာကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဉ် / Photo: Salai KT HauKhai/RFAချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ကျေးလက် လမ်းတိုးချဲ့ ဖောက်လုပ်တာက ထွက်ရှိလာတဲ့ စွန့်ပစ် မြေစာပုံတွေကြောင့် မြေပြိုပြီး ဖူးနွမ်းကျေးရွာက တောင်သူ ၁၉ ဦး ပိုင်တဲ့ ပန်းသီးစိုက်ခင်း ၂၃ ဧကလောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။တီးတိန်မြို့နယ် ဒိမ်းပီကျေးရွာကား |
Posted: 27 Aug 2020 06:15 AM PDT (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၇) ရက် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ညွှန်ကြားရေးမှူးအဆင့်ရှိ ကူးစက်ရောဂါဗေဒပညာရှင် ဦးဆောင်သည့် ဗဟိုကွင်းဆင်းအဖွဲ့နှင့် ပူးပေါင်းကာ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်မည့် "COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team)" နှင့် ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်များ၊ ကျန်းမာရေးမှူး၊ |
ကိုရိုနာဗိုင်းရပ်စ် သတင်းတွေ သိရဖို့ ရခိုင်စစ်ရှောင်စခန်းတွေကို ရေဒီယိုတွေ ဝေမယ် Posted: 27 Aug 2020 06:01 AM PDT ရခိုင်စစ်ရှောင်စခန်းတွေမှာ အင်တာနက်မရတာ တစ်နှစ်ကျော်ကြာရခိုင်စစ်ရှောင်စခန်းတွေမှာ အင်တာနက် မရတာကြောင့် စစ်ရှောင်စခန်း ၁၀၀ကျော်ကို ကိုဗစ် ရောဂါ သတင်းအချက်အလက်တွေနဲ့ နောက်ဆုံးအခြေအနေ သိနိုင်ဖို့အတွက် ရေဒီယိုတွေ ဝေဖို့လုပ်နေတယ် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ဘီဘီစီကို ပြောပါတယ်။အခု လောလောဆယ်မှာတော့ ကိုဗစ်ရောဂါ ကူးစက်မှု နောက်ဆုံးအခြေအနေတွေ သတင်း |
မြန်မာတွေအတွက် ထိုင်းဗီဇာအတုလုပ်သူ ထိုင်းအမျိုးသမီး အဖမ်းခံရ Posted: 27 Aug 2020 05:58 AM PDT အဖမ်းခံရတဲ့ ထိုင်းပွဲစားအမျိုးသမီးကို ဖန်သားပြင်ပေါ်မှာ ပြသနေတဲ့ မြင်ကွင်း။ (သြဂုတ် ၂၇၊ ၂၀၂၀)ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ဝန်ဆောင်မှုပေးနေသူ အမျိုးသမီးတဦးဟာ ဗီဇာတံဆိပ်တုံး အတုလပ်မှုနဲ့ ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။မြန်မာနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ဝန်ဆောင်မှုပေးရာမှာ တံဆိပ်တုံးအတု |
ရွှေကုက္ကိုမြို့သစ်စီမံကိန်း BRI ခါးပတ်လမ်းစီမံကိန်းနဲ့ မဆိုင်ကြောင်း တရုတ်အစိုးငြင်းဆို Posted: 27 Aug 2020 05:57 AM PDT ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သစ် Photo credit: RFAကရင်ပြည်နယ်အတွင်း မြန်မာနဲ့ထိုင်း နယ်စပ်အနား တရုတ်ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အကုန် အကျ ခံ တည်ဆောက်နေတဲ့ မြို့သစ်ဟာ တရုတ်နိုင်ငံရဲ့ BRI ခါးပတ်လမ်း စီမံကိန်းနဲ့ သက်ဆိုင်မှု မရှိဘူးလို့ တရုတ် နိုင်ငံက ပြော ပါတယ်။လောလောဆယ် မြန်မာအစိုးရက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သစ်က တရုတ် |
ကျောက်တော်မြို့နယ်တွင် လူငယ်တစ်ဦးသေနတ်ပစ်ခံရ၍ သေဆုံး Posted: 27 Aug 2020 05:54 AM PDT နိရဥ္စရာ၊ သြဂုတ် ၂၇/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရှမ်းရွာရပ်ကွက်တွင် ယနေ့နံနက် အစောကြီး ညဉ့် ၁ နာရီအချိန်ခန့်က လူငယ်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း မိသားစုဝင်များပြောပြချက်အရ သိရသည်။သေဆုံးသွားသူမှာ မောင်နိုင်ဝင်း(၃ဝ)နှစ်ဖြစ်ကြောင်း သိရသည်။ကျောက်တော်မြို့နယ် ဆေးရုံသို့ ဆက်သွယ်ရာ တာဝန်ရှိ ဆရာဝန်တစ်ဦးက ယနေ့နံနက် ၈ နာရီခွဲက ၎င်းအလောင်းအားရဲတပ်ဖွဲ့ဝင်များမှ ဆေးရုံသို့ လာအပ်ကြောင်း၊ |
အပေါက်ဝကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ Posted: 27 Aug 2020 05:53 AM PDT နိရဥ္စရာ၊ သြဂုတ် ၂၇/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး ၁ ဦးသေဆုံးသွားကာ ၃ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။သေဆုံးသူ အမျိုးသမီးမှာ အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်မှ ဒေါ်ဘုမ (ခ) မမိုးမိုး (၄ဝ) နှစ်ဖြစ်သည်။ဒဏ်ရာ ရရှိသွားသူများမှာ တစ်ရပ်ကွက်တည်းနေ ဒေါ်အေးသိန်းကျော့ (၃၂) နှစ်၊ ဒေါ်မကျော့ |
ဆရာတော်ဦးသောဘိတ ကို စွဲချက်တင်ဖို့ အမရပူရတရားရုံး အမိန့်ချ Posted: 27 Aug 2020 05:48 AM PDT ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ တွေ့ရစဉ် / Photo: Khaymani Win/RFAဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုခံထားရတဲ့ မန္တလေးက ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို စွဲချက်တင်ဖို့ အမရပူရမြို့နယ် တရားရုံးက ဒီကနေ့ သြဂုတ် ၂၇ ရက်နေ့မှာ ခွင့်ပြုလိုက်ပါတယ်။စွဲချက်တင်ခံရနိုင်တဲ့ အကြောင်းရင်းရှိသလို အခွင့်အရေးလည်းရှိတယ်လို့ ဆရာတော်ရဲ့ရှေ့နေဖြစ်တဲ့ တရား လွတ် |
ပြင်ဦးလွင် ထုံးကုန်းရွာမှာ ကပ်ဘေးကာကွယ်ရေး ရန်ပုံငွေကိစ္စ အငြင်းပွားနေ Posted: 27 Aug 2020 05:46 AM PDT ကိုရိုနာအန္တရာယ် ကာကွယ်ရေးအတွက် ကျေးရွာရန်ပုံငွေ ကောက်ခံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၂၀၂၀ သြဂုတ် ၂၅ ရက်နေ့က ပြင်ဦးလွင်မှာ သတင်းစာရှင်းလင်းခဲ့စဉ်Photo: Khaymani Win/RFAကိုရိုနာအန္တရာယ် ကာကွယ်ရေးအတွက် ကျေးရွာရန်ပုံငွေ ကောက်ခံခဲ့တဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ထုံးကုန်းကျေးရွာမှာ ရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။အုပ်ချုပ်ရေးမှူးကလည်း ဒေသတွင်းကောင်းဖို့ လုပ်ဆောင်နေတာ |
ဆိပ်ဖြူမြို့နယ်၌ အမျိုးသားတစ်ဦး လှေပေါ်မှပြုတ်ကျ၍ ရေနစ်သေဆုံး Posted: 27 Aug 2020 05:42 AM PDT ဆိပ်ဖြူ ဩဂုတ် ၂၇မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာအုပ်စု ၊ရေလယ်ကျွန်းကျေးရွာမှ အမျိုးသားတစ်ဦးသည် ဩဂုတ် ၂၆ ရက် နေ့လည်ပိုင်းက လှေပေါ်မှရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ဖြူမြို့မ ရဲစခန်းနှင့် ၁ မိုင် ခန့်အကွာ ကိုးတောင့်ကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာနေ နိုင်လင်းအောင် အသက်(၃၇)နှစ် ကျဘမ်းလုပ်ကိုင်သူသည် သမီးဖြစ်သူ မဆုရတီ |
Posted: 27 Aug 2020 05:41 AM PDT ညောင်ဦး ဩဂုတ် ၂၇ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၁) သာယာဝတီရပ် ဧရာဝတီမြစ်အတွင်း ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီခွဲ ခန့်က စက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံက သိရသည်။ ဖြစ်စဉ်မှာ အဆိုပါစက်လှေသည် ၅ နာရီ ခန့်တွင် ညောင်ဦးမြို့ ဧရာဝတီမြစ်အတွင်း ခြောက်ဘုရားလှဘက်မှ စတင်ကာ စက်လှေမောင်း ဦးမြတ်လေးကို မောင်းနှင်သော စက်လှေ |
(၂၇-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိ Posted: 27 Aug 2020 05:39 AM PDT ၁။ (၂၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၄၅)ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၆၂) ခုနှင့်- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၂၄) ခုတို့တွင်-• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ |
မောရစ်သျှမှာ သင်္ဘောပျက်က လောင်စာဆီ ဖိတ်စင်မှု လင်းပိုင်တွေသေဆုံး Posted: 26 Aug 2020 12:02 PM PDT လင်းပိုင်သေတွေ ကမ်းပေါ်လာတင်နေတာကို ဒေသခံတွေ တွေ့ပျက်သွားတဲ့ ဂျပန်ပိုင် ကုန်တင်သင်္ဘောကြီးတစင်းကနေ လောင်စာဆီတွေ အများအပြား ပင်လယ်ထဲကို ရောက်ခဲ့တဲ့နောက် မောရစ်သျှ ကမ်းခြေတဝိုက်မှာ လင်းပိုင် အသေ ၁၃ ကောင်ထက်မနည်း လာတင်တာကို တွေ့ရပါတယ်။ဒီလို ပင်လယ်သတ္တဝါတွေသေရတာဟာ သင်္ဘောက လောင်စာဆီတွေ ပင်လယ်ထဲ ဖိတ်ကျလာလို့ ဒါမှမဟုတ် အာဏာပိုင်တွေဆုံးဖြတ်ချက်အရ သင်္ဘောဦးပိုင်းကို ပင်လယ်ထဲ မြှုပ်ပစ်လိုက်လို့ |
ရခိုင်ပြည်နယ်တခုလုံးအတွက် အိမ်တွင်းနေအမိန့်ထုတ် Posted: 26 Aug 2020 11:52 AM PDT စစ်တွေမြို့တွင် ရဲလုံခြုံရေးချထားပြီး နှာခေါင်းစည်းတပ် သွားလာနေကြသည့် မြင်ကွင်းတခု။ (သြဂုတ် ၂၃၊ ၂၀၂၀)ရခိုင်ပြည်နယ်တခုလုံးက လူထုအနေနဲ့ ကိုယ့်နေအိမ်တွင်းမှာပဲ နေထိုင်ကြဖို့ (Stay at home) အမိန့်တရပ်ကို ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လက်မှတ်ရေးထိုးပြီး ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့တစိတ်တပိုင်း၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေအတွက်ပဲ အိမ်တွင်း |
ကိုဗစ် ဒုတိယလှိုင်းကြောင့် မြန်မာ့ရွေးကောက်ပွဲအခြေအနေ စိတ်မအေးဖွယ်ဖြစ်နေ Posted: 26 Aug 2020 11:50 AM PDT ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုရဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စံချိန်ချိုးလောက်အောင် တိုးလာတာကြောင့် ကျင်းပဖို့လပိုင်းလောက်သာ လိုတော့တဲ့ ရွေးကောက်ပွဲအပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။ရခိုင်ပြည်နယ်မှာ အများစု အပါအဝင် ကိုဗ |
ဂျက်ကော့ဘလိပ်ခ် - ဝစ္စကွန်ဆင်း ဆန္ဒပြမှု သုံးရက်မြောက်မှာ လူနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး Posted: 26 Aug 2020 11:47 AM PDT ကနိုရှာမြို့အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်းပြည်နယ် ကနိုရှာမြို့မှာ လူမည်း အမျိုးသားတစ်ဦးကို ရဲက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြမှု သုံးရက်မြောက်နေ့မှာ ပစ်ခတ်ခံရလို့ လူနှစ်ယောက် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။လူသုံးယောက် ပစ်ခတ်ခံရတယ်လို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ ဘယ်သူတွေ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။စက်သုံးဆီဆိုင်ကို လုံခြုံရေးယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒ |
အထက်တန်းကျောင်းတွေ ပြန်ပိတ်ပြီး အလယ်တန်းတွေဖွင့်ရက် နောက်ထပ်ဆုတ် Posted: 26 Aug 2020 11:43 AM PDT ကျောင်းတွေတစ်လကျော် အကြာမှာ ပြန်ပိတ်ရကိုဗစ်အမျိုးသားအဆင့်ဗဟိုကော်မတီကလမ်းညွှန်လို့ မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းတွေကို ပြန်ပိတ်လိုက်ပြီး စက်တင်ဘာလအတွင်းဖွင့်လှစ်မယ့် အခြေခံပညာ အလယ်တန်းကျောင်းဖွင့်ရက်တွေကို နောက်ဆုတ်လိုက်တယ်လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီဘီစီကို ပြောပါတယ်။မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းပေါင်း ၆၀၀၀ ကျော် ကိုသြဂုတ်လ ၂၇ ရက် |
(၂၆-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိ Posted: 26 Aug 2020 11:39 AM PDT ၁။ (၂၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၃၉) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၁၈) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၇၃) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၇၀) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.