Friday, December 31, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ရဲစခန်း အပါအဝင် မုံရွာမြို့ပေါ်(၁၂)နေရာ ထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု ပြောက်ကျားတပ်များ ထုတ်ပြန်

Posted: 30 Dec 2021 03:29 PM PST

MFP ၊ ဒီဇင်ဘာ - ၃၀မုံရွာမြို့ စက်မှုဇုန်ရှိ အမှတ်(၂)ရဲစခန်း အပါအဝင် ညပိုင်းက မုံရွာမြို့ပေါ် အနည်းဆုံး (၁၂)နေရာတွင်  မြို့ပြပြောက်ကျား တပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။မုံရွာမြို့ တိုင်းစည်ပင်ရုံးအနီး၊ ခလရ(၁၆)နောက်ကျော၊ ကန်သာယာတံတား ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း မီးပွိုင့်စသည့် နေရာ (၁၂)နေရာထက် မနည်းတွင် စလစ်များ၊

တန့်ဆည် ကံထူးမရွာတွင် စကစများ မိုင်းခွဲတိုက်ခိုက်ခံရကာ အသေအပျောက်ရှိနိုင်

Posted: 30 Dec 2021 03:27 PM PST

စကစများ ရမ်းကားပစ်ခတ်သဖြင့် လမ်းသွားလမ်းလာ ပြည်သူနှစ်ဦး ကျည်ထိမှန်၊ ဖမ်းဆီးခံရသူများရှိ၊MFP ၊ ဒီဇင်ဘာ - ၃၀စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာတွင် ယနေ့ မနက်(၉)နာရီခွဲဝန်းကျင်က စကစများ မိုင်းထောင်ဖောက်ခွဲခံရပြီး အသေအပျောက် ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။ယနေ့ ဒီဇင်ဘာ(၃၀)ရက် မနက်ပိုင်းတွင် တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းမှ စကစများ ဆိုင်ကယ် ရှစ်စီးဖြင့် ကံထူးမမြို့တွင်း လှည့်ပတ်သွားလာနေချိန်

ပါဆယ်ဗုံးလာရှင်းတဲ့ စစ်သားနဲ့ရဲများ ဗုံးမှန်ဒဏ်ရာရ

Posted: 30 Dec 2021 10:47 AM PST

ပခုက္ကူ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၁။ဒီဇင်ဘာလ ၃၀ ရက်နေ့က ပခုက္ကူတက္ကသိုလ်ရဲ့အလယ်ပေါက်နားမှာ ချထားတဲ့ ပါဆယ်ဗုံးကို လာရောက်ရှင်းလင်းတဲ့စစ်သား ၁၀ ဦးနှင့် ရဲ ၁၅ ဦး ဗုံးထိမှန်၍ ရဲမှူး ၁ ဦးဒဏ်ရာပြင်းထန်စွာရရှိကြောင်း Pakokku Ranger တာဝန်ခံ Bo Rangerက မြေလတ်အသံသို့ပြောပါတယ်။"အရင်ဆုံးနေရာကတော့ ပခုက္ကူတက္ကသိုလ်ရဲ့ အလယ်ပေါက်နားမှာပါဗျ၊‌ဗုံးချထားခဲ့တာ ၇ နာရီလောက်ပါ၊ဗုံးရှင်းဖို့လာတဲ့ ရဲ အင်အား ၁၅ ယောက်ဝန်းကျင်နှင့်စစ်

နတ်မောက်မှာ လိုင်းကြေးကောက်ပြန်လာတဲ့ နယ်ထိန်း သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးနိုင်ခြေမျာ

Posted: 30 Dec 2021 10:45 AM PST

ဓါတ်ပုံ- သေနတ်နဲ့ ပစ်ခံလိုက်ရတဲ့ နယ်ထိန်း မိုးဝေနတ်မောက်၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၁။နတ်မောက်မြို့နယ် ၊ရွှေပန်းတေးကြေးကောက်ပြီး ပြန်လာတဲ့ လမ်းပေါ်မှာ သေနတ်နဲ့ ပစ်ခဲ့တာလို့ ငါးပြေမပြောက်ကျားတပ်ရဲ့ တာဝန်ခံ ဗိုလ် ရေနဂါးက ပြောပါတယ်။"လိုင်းကြေးကောက်ပြီး ပြန်လာတာကို ကျနော်တို့က သတင်းရတာ၊သတင်းရရခြင်း သွားဆော်တာဖြစ်တဲ့အတွက် သေခြာစီစဉ်ပြီးမလုပ်ရတာဖြစ်တဲ့အတွက် အဲဒီနေရာမှာတင်အပြတ်မရှင်းနိုင်လိုက်တာ၊စခန်းနဲ့လည်း အရမ်း

တောင်ငူမြို့ ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦး စွန်လွှတ်နေစဉ် ပစ်သတ်ခံရ

Posted: 30 Dec 2021 10:39 AM PST

ဒီဇင်ဘာ  ၃၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦးသည် ယနေ့ညနေပိုင်း စွန်လွှတ်နေစဉ် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန် တောင်ငူမြို့နယ် ၊ ၂ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းဦးသည် စွန်လွှတ်နေစဉ် သေနတ်သမားတစ်ဦးက အနီးကပ် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ "ပစ်တဲ့ သေနတ်သမားက  လမ်းလျှောက်ရင်းအေးဆေး

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီကားကြီး ၁စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက် စကစတပ်သား အများအပြားထိခိုက်

Posted: 30 Dec 2021 10:37 AM PST

ဒီဇင်ဘာလ ၃၀စစ်ကိုင်းမြို့နယ်တွင် အင်အားပြည့်လိုက်ပါလာသည့် စစ်ကောင်စီကားကြီး ‌၁စီးကို ဒီဇင်ဘာလ ၃၀ ရက် မနက် ၈:၄၂နာရီ အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။စစ်ကိုင်းကနေရွှေဘိုဦးတည်ထွက်လာတဲ့ စစ်ကောင်စီကားကြီးကို စစ်ကိုင်း‌-ရွှေဘို ကားလမ်းမကြီးပေါ် စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာနှင့် ကျားမင်းကြီးရွာကြားမှာ စစ်ကိုင်းမြို့နယ် ပ.က.ဖ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်

အကြမ်းဖက်စစ်တပ်က နှမ်းခါးရွာသားတစ်ဦးကိုပစ်သတ်ပြီး စပါးကျီထဲထည့်ကာ မီးရှို့ခဲ့

Posted: 30 Dec 2021 10:49 AM PST

ဓာတ်ပုံ- ဒီဇင်ဘာ၂၉ နှမ်းခါးရွာ စစ်တပ်၏အကြမ်းဖက်မှုများဂန့်ဂေါ ဒီဇင်ဘာ ၃၀ယမန်နေ့ ဒီဇင်ဘာ၂၉ညက စစ်ကောင်စီတပ်တွေဟာ နှမ်းခါးရွာအတွင်းသို့ ညအိမ်ဝင်ရောက် တပ်စွဲပြီး တန်ဖိုးကြီးပစ္စည်းတွေကို  ခိုးယူဖျက်ဆီးကာ ကြက် ဝက် တွေကိုလည်း ရက်စက်စွာသတ်ဖြတ် စားသောက်သွားကြတယ်လို့ သိရပါတယ်။   စစ်ကောင်စီတပ်တွေဟာ လူမဆန်ရက်စက်စွာဖြင့်  အသက် ၄၅နှစ်အရွယ် အပြည်မဲ့ပြည်သူတစ်ဦးကို သတ်ဖြတ်၍  စပါးတိုက်အတွင်းသို့ အလောင်းကို ထည့်ကာ

ဟားခါးလေးကျေးရွာတွင် သေနက်နဲ့ပစ်ခတ်ခံရတဲ့ အဘွားအို သေဆုံး

Posted: 30 Dec 2021 10:32 AM PST

ပုံစာ - ကလေးမြို့တောင်ဘက် စစ်ဘေးရှောင်ပြည်သူများ။ ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကလေးမြို့နယ်၊ ဟားခါးလေးကျေးရွာတွင် စကစစစ်ကြောင်းရောက်ရှိနေစဉ် သေနက်နဲ့ ပစ်ခတ်ခံရတဲ့ အသက် ၈၀နှစ်အရွယ်အဘွားအို (Thin Thang Nu) သည် ယနေ့နံနက်ပိုင်းတွင် ၎င်းရရှိထားသောဒဏ်ရာနဲ့ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ "မနေ့က ရွာထဲမှာ ပစ်ခတ်ခံရတယ်။ ပေါင်မှာကျည်ထိမှန်ပြီး သွေးထွက်လွန်လို့ ယနေ့နံနက်ပိုင်းမှာ ဆုံးသွားတယ်" လို့ ရွား

ချောင်းဦးတွင် ခြေလျင်ဖြန့်ဆင်းလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများပြား

Posted: 30 Dec 2021 10:24 AM PST

မုံရွာ၊ ဒီဇင်ဘာ-၃၀ချောင်းဦးမြို့၏အနောက်ဖက်ရှိကျေးရွာများကို ဝင်ရောက်စီးနင်းရန်အတွက်  ခြေလျင်တပ်ဖြန့်လာကြသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းက အသင့်စောင့်ဆိုင်း  မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ  (၅) ဦးနေရာတွင်ပင်သေဆုံး၍ တစ်ဦး လက်မောင်းရင်းမှပြတ် ကာ (၂၀) ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ချောင်းဦး PDF ကထုတ်ပြန်ထားပါတယ်။  သေဆုံး၊ ထိခိုက်သူများကို FORLAND ကားပေါ်သို့ပြန်တင်ပြီး ပြန်ဆုတ်ချိန်

ပူတာအိုဘက်သို့တက်လာသော စကစယာဉ်တန်းအား KIA နှင့် PDF ကြားဖြတ်တိုက်ခိုက်၊ စကစတပ်သား (၂၀) ကျော်သေဆုံး

Posted: 30 Dec 2021 10:17 AM PST

Photo - Putao PDF တပ်ဖွဲ့ဝင်များဒီဇင်ဘာ ၃၀ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ပူတာအိုဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်း ကား (၂) စီးအား ယမန်နေ့ ည ၁၂ နာရီခန့်အချိန်တွင် KIA နှင့် PDF ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့​​ပြီး စကစတပ်သား (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။" အင်အား (၃၀) ကျော်ပါသော စကစယာဉ်တန်းအား ပူတာအိုမြို့နယ် အင်ဆိုင်းယန်ကျေးရွာအနီးတွင် KIA နှင့် PDF တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း

ပုလဲမြို့နယ်အတွင်းဝင်လာသော စကစယာဉ်တန်းအား ဒေသခံ PDF များက နည်းပညာသုံး၍ ဝေဟင်မှဗုံးကျဲတိုက်ခိုက်၊ စကစတပ်သား (၁၄) ဦးသေဆုံး (၇) ဦးဒဏ်ရာပြင်းထန်

Posted: 30 Dec 2021 10:15 AM PST

ဒီဇင်ဘာ ၃၀ပုလဲမြို့နယ်တွင် အောင်ဆန်းတပ်ဖွဲ့ ASF-MPDF နှင့် မဟာမိတ် ပုံတောင်တိုက်ဂါးတပ်ဖွဲ့မှ စကစတပ်များအား​ နည်းပညာသုံး၍ ဝေဟင်မှဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ၂ ရက်အတွင်း စကစတပ်သား (၁၄) ဦးသေဆုံး၍ (၇) ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။​ဂန့်ဂေါဘက်မှ ပုလဲမြို့နယ် ကန့်ဒေါင့်သို့ ဆင်းလာသော အင်အား (၁၅၀) ခန့်ပါ စကစယာဉ်တန်းအား ကြိုရန်လာ​သော ကန့်ဒေါင့်ရဲစခန်းမှ စကစတပ်သားများအား ကန့်ဒေါင့်ရွာအနောက်ဘက် သစ်တောရုံးအနီးအ

စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မြောင်မြို့နယ်တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်သဖြင့် ၃ ယောက်သေ

Posted: 30 Dec 2021 10:09 AM PST

Photo:MRAမဲခေါင်၊ ဒီဇင်ဘာ ၃၀မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် ရွှေတချောင်းကျေးရွာကြား ချင်းတွင်းမြစ်ကမ်းဘေးတွင် ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၅)ဦးခန့်အား မြောင်မြို.နယ်တော်လှန်ရေးတပ် (MRA) မှ ယနေ့မနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း MRA က ထုတ်ပြန်သည်။မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)သည် ပြောက်ကျားစစ်ဆင်

အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် ပြေတီဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်

Posted: 30 Dec 2021 10:06 AM PST

ဒီဇင်ဘာ ၃၀၊ ၂၀၂၁သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် ပြေတီဦးတို့ ဇနီးမောင်နှံကို စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။ယင်းအပြင် တေးသံရှင် စောဖိုးခွါး၊ ပိုပို နှင့် ဗြူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့လည်း အင်းစိန်ထောင်တွင်း တရားရုံးက အလားတူပြစ်ဒဏ်များ ချမှတ်ခံလိုက်ရသည်။သရုပ်ဆောင် သရုပ်ဆောင် လူမင်းနှင့်ရဲတိုက်တို့ကိုလည်း ယနေ့တွင်

စကစတပ်က နှမ်းခါးနဲ့ ရွှေဘိုကျေးရွာကလူနေအိမ်တွေဖျက်စီးပြီး အရပ်သားပြည်သူ ၂ ဦးကိုသတ်ဖြတ်ခဲ့

Posted: 30 Dec 2021 03:43 AM PST

မကွေးတိုင်း၊ ဂန့်ဂေါန်မြို့နယ် နှမ်းခါးကျေးရွာနဲ့ ရွှေဘိုကျေးရွာက လူနေအိမ်တွေခိုးယူဖျက်စီးပြီး အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်ကြတယ်လို့ကနဦးသတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၉ ရက်ညတွင် အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ နှမ်းခါးကျေးရွာမှာ ညအိပ်တပ်စွဲကြပြီး ရွာထဲကအိမ်တွေကို ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းတွေခိုးယူပြီး ကြက်ဝက်တွေကိုလည်း သတ်ဖြတ်စားသောက်ကြပါတယ်။ ရွာထဲက စိတ်ဝေဒနာရှင် အသက် ၆၀ အရွယ်အမျိုးသားကိုရိုက်နှက်ပြီး

KNLA နဲ့ စစ်​ကောင်စီတပ် ဒီမနက်ထိ​တွေ့ပစ်ခတ်မှု စစ်​ကောင်စီတပ်သား၃ ဦး ​သေဆုံး

Posted: 30 Dec 2021 03:35 AM PST

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုထဲကို နယ်မြေကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက် မနက် ၆ နာရီကျော်အချိန်ကစပြီး ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအုပ်စု မနွယ်ဘုရားကုန်းနဲ့ မြိုင်ကလေးဘုရားကုန်းကြားမှာ

တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးအား လက်နက်ခဲယမ်းနှင့်အတူ KNLA ထပ်မံ ဖမ်းမိ

Posted: 30 Dec 2021 03:28 AM PST

 ဒီဇင်ဘာ ၃၀ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီယနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားနေသည့် လေးကေကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ခွဲမှူးအပါအဝင် ၇ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ ထပ်မံဖမ်းဆီးရမိထားသည်ဟု မြေပြင်သတင်းအရ သိရသည်။ အိမ်စီးကားဖြင့် နေရာရွှေ့ပြောင်းလာစဥ် ရသေ့ဂူ ကျေးရွာဝန်းကျင်တွင်  ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု KNLAနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။ ၎င်းက"

Thursday, December 30, 2021

သစ်ထူးလွင်

သစ်ထူးလွင်


လေတပ်စစ်သည်အတွက် ပညာအရည်အချင်းသတ်မှတ်ချက် လျှော့ချ

Posted: 29 Dec 2021 06:09 PM PST

ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ၂၀၂၁ တပ်မတော် ( လေ ) သို့ဝင်ရောက်သူနည်းပါးနေတဲ့အတွက် တပ်မတော် ( လေ ) မှာစစ်သားအဖြစ် ဝင်ရောက် စစ်မှုထမ်းလိုသူများအတွက် သတ်မှတ်ထားတဲ့ပညာအရည်အချင်းသတ်မှတ်ချက်ကို ယခင်ကထက် အဆင့်လျှော့ချပြီး ခေါ်ယူလာတာတွေ့ရပါတယ်။ယခင်က တပ်မတော် ( လေ ) ထဲ စစ်သားအဖြစ်ဝင်ရောက်စစ်မှုထမ်းချင်တဲ့ သူတွေအနေနဲ့အထက်တန်း ပညာရေး ( ၉ တန်းအောင် သို့မဟုတ် ၁၀တန်း ) တက်ရောက်ဖူးသူဖြစ်ရမယ်လို့သတ်မှတ်ထားတာပါ။ ဒါပေမဲ့

မုံရွာ ကန်သာယာထိပ်တွင် ဗုံးသုံးလုံး ဖောက်ခွဲ တိုက်ခိုက်မှု စကစ နှစ်ဦးသေ

Posted: 29 Dec 2021 06:09 PM PST

မုံရွာမြို့ ကန်သာယာအနီးရှိ စျေးဆိုင်များ ယနေ့ည မုံရွာမြို့၌ ပစ်ခတ်သံများ ကြားနေရ၊MFP ၊ ဒီဇင်ဘာ - ၂၉စစ်ကိုင်းတိုင်း မုံရွာမြို့ ကန်သာယာထိပ်တွင် ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ နှစ်ဦးသေပြီး အများအပြား ထိခိုက်ဒဏ်ရာရကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၂၉)ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့ ကန်သာယာ

စစ်​ကောင်စီတပ်​ရေစကြိုတွင်မိုင်းဆွဲခံရ ၇ ဦး​သေ

Posted: 29 Dec 2021 05:56 PM PST

မကွေးတိုင်း၊ရေစကြိုမြို့နယ် မအူအုပ်စုတွင် တပ်စွဲထားသော အာဏာသိမ်းစစ်​ကောင်စီတပ် ကင်းလှည့်စဥ်​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့ မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား ၇ ဦး​သေဆုံး​ကြောင်း သတင်းထုတ်ပြန်သည်။မအူအုပ်စုတွင် တပ်စွဲထာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲများ ၊ပျူ​စောထီးများသည် အင်းအား၂၀ခန့်ဖြင့် ကင်းလမ်းကြောင်း သုံးကြောင်းလှည့်ရာ မဟာမိတ်ညီနောင်များဖြစ်ကြသော ရေစကြို မြို့နယ် N-YSO

ကယားပြည်နယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလလုံခြုံရေးကောင်စီထုတ်ပြန်

Posted: 29 Dec 2021 05:53 PM PST

(မီးရှို့အသတ်ခံရမှု​ကြောင့် ​သေဆုံးသူများအား သဂြိုလ်​ရန် ပြင်ဆင်နေသည်ကို ယ​နေ့​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)▪️မြန်မာပြည်သူများကို အားပေးထောက်ခံမည်ဟု ကောင်စီအဖွဲ့ဝင်များ ထပ်လောင်းအတည်ပြုကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ကယားပြည်နယ်၌ ကလေးငယ် ၄ ဦးနှင့် Save the Children ဝန်ထမ်း ၂ ဦးအပါအဝင် အနည်းဆုံး ပြည်သူ ၃၅ ဦး သတ်ဖြတ်ခံရခြင်းကို ရှုတ်ချ ပြစ်တင်လိုက်ပြီး အဆိုပါလုပ်ရပ်အတွက် တာဝန်ခံမှုရှိရန်လိုအပ်ကြောင်း

KNU တပ်မဟာ ၁ မောကလိုးဒေသမှာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးဟုဆို

Posted: 29 Dec 2021 05:38 PM PST

ဒီဇင်ဘာလ ၂၉ ရက်နေ့၂၀၂၁မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောအထက်နားရှိ မောကလိုးနေရာတွင် ပြန်ဆင်းလာတဲ့စစ်ကောင်စီ၊BGF ပူးပေါင်းတပ်ဖွဲ့တို့ကို ဒီနေ့မွန်းလွဲ ၂ နာရီကျော်မှာ KNLA တပ်မဟာ ၁ တပ်ဖွဲ့မှပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဖက်မှ၂ ဦးသေဆုံးတယ်လို့ KNLA တပ်မဟာ ၁ တပ်ရင်း ၂ တပ်မှူးတစ်ဦးက Salween Press ကိုအတည်ပြုပြောပါတယ်။"ပစ်ခတ်မှုမှာစစ်ကောင်စီဖက်က ၂ ဦးသေဆုံးတာတော့ အတည်ပြုလို့ရပြီး။ အခြားသေဆုံးမှုရှိ

စမ်းချောင်းမှာ စစ်တပ်သတင်းပေး ဆယ်အိမ်မှုးအမျိုသမီးတဦး သေနတ်နဲ့ပစ်သတ်ခံရ

Posted: 29 Dec 2021 04:38 PM PST

ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ၂၀၂၁စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်တပ်သတင်းအမျိုးသမီးတဦးသေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ဒီကနေ့ နေ့လယ် ၂ နာရီခွဲက သီရိခေမာရပ်ကွက် သီရိလမ်းရှိ သူရဲ့နေအိမ်ရှေမှာဖုန်းပြောနေစဉ် သေနတ်သမားတွေက ပစ်ခတ်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးပြောပါတယ်။"သူကြောင့် ရပ်ကွက်က တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံရတာမနည်းဘူး။ မိန်းခလေးဆို

ကလေး PDFပါဝင်သည့် ပူးပေါင်းအဖွဲ့ တိုက်ခိုက်၍ ယနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့် သေဆုံးနိုင်ဟု ထုတ်ပြန်

Posted: 29 Dec 2021 09:55 AM PST

(စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(CNDF)နှင့်  ပြည်သူ့ကာကွယ် ရေးအဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်၍  အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့် သေဆုံးခဲ့ကြောင်း ကလေး PDFက သတင်းထုတ်ပြန်သည်။ကလေးမြို့နယ်တောင်ပိုင်း နတ်‌ချောင်းကျေးရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် သည် ယနေ့ ဒီဇင်ဘာ ၂၉ရက် နံနက်

ဝက်လက်နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်​ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေ

Posted: 29 Dec 2021 09:51 AM PST

(ဓာတ်ပုံ - ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို ​တွေ့ရစဥ်)မိုင်းရှင်းရန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ဗိုလ်ကြီးဇော်မိုးလတ်နှင့် တပ်သားသုံးဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ ထုတ်ပြန်သည်။ဒီဇင်ဘာ ၂၈ ရက် နံနက် ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာကားကို ပဒေသာမိုင်းသုံးလုံးဖြင့် မန္တလေ-ရွှေဘိုလမ်းပေါ်  စိုင်

ပုလဲနယ်တွင် စစ်ကား အစီး(၄၀)ကျော်ကို PRA က တိုက်ခိုက်၊ စကစ ကိုးဦး သေဟုဆို

Posted: 29 Dec 2021 09:47 AM PST

အဆိုပါ စစ်ကားများကို တော်ဝင်လင်းယုန်တပ်ဖွဲ့ကလည်း မိုင်း(၁၁)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊MFP ၊ ဒီဇင်ဘာ - ၂၉စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ နဂါးမတောင်ရွာအနီးတွင် ယနေ့ နေ့လည်ပိုင်းက စစ်ကား အစီး (၄၀)ကျော်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိနစ်(၂၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စကစ ကိုးဦး သေကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) က သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၂၉)ရက် နေ့လည်(၂)နာရီခန့်က ၊ပုလဲမြို့နယ်၊

ဝက်လက်မြို့နယ် စကစ ကောင်စီဝင် ဗိုလ်ကြီးမိုးဇော်လတ် မိုင်းထိပြီးသေ

Posted: 29 Dec 2021 09:45 AM PST

ပြီးခဲ့သည့် အောက်တိုဘာက တွေ့ရသော ဝက်လက်မြို့နယ် စကစ ကောင်စီဝင်များ/ Photo - ပြန်/ဆက်ထောက်ပို့ကား မိုင်းဆွဲခံရမှု လာစစ်ဆေးချိန် မိုင်းထပ်ကွဲသဖြင့် ၎င်းအပါအဝင် စကစ လေးဦးသေဟုဆို၊MFP ၊ ဒီဇင္ဘာ - ၂၉စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စစ်ကောင်စီခန့် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ကြီး မိုးဇော်လတ်သည် ယနေ့ မွန်းလွဲပိုင်းတွင် မိုင်းထိကာ သေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ဝက်

မြောင် CDSOM တပ်ဖွဲ့မှာ စစ်သင်တန်းတက်ဖို့ မိဘတွေကိုယ်တိုင်က လာရောက်အပ်နှံ

Posted: 29 Dec 2021 09:43 AM PST

ဒီဇင်ဘာ ၂၉၊ ၂၀၂၁မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့  (CDSOM) ရဲ့ အမှတ်၁၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကို ဒီဇင်ဘာ ၂၄ ရက်ကပြုလုပ်ခဲ့ပြီး စစ်သင်တန်းတက်ဖို့အတွက် မိဘတွေကိုယ်တိုင်က လာရောက်အပ်နှံတာ ဖြစ် တယ်လို့ မြောင် CDSOM တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။"ဘယ်သင်တန်းသားကိုမှ ကာကွယ်ရေးအဖွဲ့ထဲ ဝင်ဖို့ဆိုပြီး လိုက်စည်းရုံးစရာမလိုပါဘူး။ မလိုဘူးဆိုတဲ့ဟာက သူတို့ကိုယ်တိုင်လဲ မတရားခံနေရတာ

ဂန့်ဂေါPDF၏ မိုင်းများကြောင့် စစ်ကောင်စီတပ် ၁၅ဦးသေ

Posted: 29 Dec 2021 09:28 AM PST

(ဂန့်​ဂေါ PDF  တပ်ဖွဲ့ဝင်များစစ်ပညာသင်တန်းဆင်းစဥ်)ကလေးဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းကို ဂန့်ဂေါပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့  (ဂန့်​​ဂေါPDF) က  ကလေး-ဂန့်ဂေါကားလမ်းပိုင်းမှစောင့်၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားက ၁၅ဦးသေဆုံးခဲ့သည်။ဂန့်ဂေါ PDFက ယနေ့(ဒီဇင်ဘာလ(၂၉) ရက်) နံနက်ပိုင်း တိုက်ခိုက်မှုနှင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို ယ​နေ့ညနေဖက်တွင် ထုတ်ပြန်ခြင်း​ဖြစ်သည်။PDF-ဂန့်​

မူဆယ်တွင် တိုက်ပွဲဖြစ်​နေ

Posted: 29 Dec 2021 09:27 AM PST

မြန်မာ-တရုတ်နယ်စပ် မူဆယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၉ရက်)ည ၈ နာရီ မိနစ်၄၀ ဝန်းကျင်မှစတင်၍ လက်နက်ကြီး ၊လက်နက်ငယ်ဖြင့် ပစ်ခတ်သံများဆူညံစွာဖြင့် တိုက်ပွဲဖြစ်ပွားနေသည်။နှစ်နိုင်ငံနယ်စပ်ကုန်သွယ်​ရေးဂိတ်တစ်ခုဖြစ်​သော ဆင်ဖြူရှင်ဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွား​နေခြင်းဖြစ်​ကြောင်းဒေသခံအချို့က​ ပြောသည်။သို့​သော် မည်သည့်လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်တိုက် ခိုက်​နေသည်လဲ ဆိုခြင်းနှင့်ပစ်ခတ်မှု ဖြစ်ပွားရခြင်း အ​ကြောင်း

မုံရွာတွင် မြို့ခံများကို ဖမ်းဆီး ငွေညှစ်နေသော စကစများကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်

Posted: 29 Dec 2021 09:20 AM PST

MFP ၊ ဒီဇင်ဘာ - ၂၉စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လမ်းသွားလမ်းလာ ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်လေ့ရှိသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ နေ့လည်ပိုင်းတွင် ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၂၉)ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့ ကန်သာယာမြောက်ဘက် ပြည်ထောင်စုလမ်းထိပ်၌ စုဝေးနေသော စကစ လက်နက်ကိုင် (၂၀)ဦးခန့်ကို

မန္တလေး စွယ်တော် ကညနရုံး ဗုံးခွဲမှု စကစ တစ်ဦးသေ၊ တစ်ပွင့်ဗိုလ် အပါအဝင် နှစ်ဦး ဒဏ်ရာရ

Posted: 29 Dec 2021 09:04 AM PST

ရဲဘော်တစ်ဦးလည်း ဒဏ်ရာရဟု Dragon Warrior အဖွဲ့ ထုတ်ပြန်MFP ၊ ဒီဇင်ဘာ - ၂၉မန္တလေးမြို့ အမရပူရမြို့နယ် စွယ်တော်ဘုရားအနီးရှိ က.ည.နရုံးကို ယမန်နေ့ နေ့လည်ပိုင်းက ဗုံးခွဲ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီ လက်နက်ကိုင် တစ်ဦး သေပြီး တစ်ပွင့်ဗိုလ် အပါအဝင် အခြား စကစ နှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် Dragon Warrior အဖွဲ့က သတင်းထုတ်ပြန်သည်။Dragon Warrior အဖွဲ့သည် MDY PDF

သဗျာရွာ ဖက်ဆစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Posted: 29 Dec 2021 02:26 AM PST

ပုံစာ - ပျူစောထီးအဖွဲ့ဝင် ဦးအပ်ပီ ဖြစ်ပါသည်။သောကြာပြင်ရွာ ဘုန်းကြီးကျောင်းတွင် ကိုတော်တစ်ပါးနှင့် မိန်းမဖြစ်သူ ကို ဖက်ဆစ်တပ်က ဖမ်းဆီး ထားဝယ် ၊ဒီဇင်ဘာလ ၂၈ ရက်လောင်းလုံးမြို့နယ်၊သဗျာရွာ ဖက်ဆစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ရှင်းလင်းသုတ်သင်ခဲ့သည်။ဒီဇင်ဘာ(၂၅)ရက်၊ည(၈)နာရီခန့် ပျူစောထီး ဦးအပ်ပီ ဆိုသူ အရက်ထိုင်သောက်နေစဥ် သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း

အင်းစိန်ရွာမရဲစခန်း ဗုံးသီးဖြင့်တိုက်ခိုက်ခံရပြီး ရဲအချို့ ထိခိုက်မှုရှိနိုင်

Posted: 29 Dec 2021 02:16 AM PST

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ရွာမရဲစခန်းအား ယနေ့ ဒီဇင်ဘာ ၂၉ ရက် နံနက်အစောပိုင်းတွင် ၄၀(မမ) ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yangon Fedreal Army - YFA က သတင်း ထုတ်ပြန်သည်။ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ရွာမရဲစခန်းအား YFA အဖွဲ့နှင့် CGF HTY အဖွဲ့တို့ပူးပေါင်း၍ M 79 40 mm ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဗုံးသီး

လွိုင်ကော်ခရိုင်ရဲရုံးကို ညီနောင် ၃ဖွဲ့ဝင်ရောက်တိုက်ခိုက် ရဲနှစ်ဦးသေဆုံးဟုဆို

Posted: 29 Dec 2021 02:12 AM PST

ဒီကနေ့(ဒီဇင်ဘာလ ၂၉)ရက်နေ့ မနက် ၃နာရီမှာ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)၊ JPDF၊ GZ-21 ညီနောင် ၃ဖွဲ့မှ ပူးပေါင်းပြီး ဒေါဥခူရပ်ကွက်ရှိ လွိုင်ကော်အကျဉ်းဦးစီးဌာနအနီး ခရိုင်ရဲရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။KDF တာဝန်ရှိသူတစ်ဦးက "ဒီနေ့မနက်တိုက်ပွဲက သူတို့ဖက် နှစ်ယောက်ကျတယ်ဗျ ကျနော်တို့ဖက်ကတော့ ကျနော်တို့ဖက်ကတော့ အထိခိုက်မရှိဘူး ပြန်လည်ဆုတ်ခွာနိုင်

ရန်ကုန်မြို့လယ် ပန်းဆိုးတန်း အခွန်ရုံးအနီး ဗုံးပေါက်

Posted: 29 Dec 2021 01:50 AM PST

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းပေါ်ရှိ အလယ်အလတ်အခွန်ထမ်းများရုံး (၁)အနီးတွင် ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) နံနက် ၁ဝနာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။"ဗုံးပေါက်တဲ့အသံ အကျယ်ကြီး တစ်ချက်ကြားလိုက်တယ်။ မီးခိုးတွေလည်း အများကြီး အူထွက်လာတယ်။ အနီးအနားက လူတွေလန့်ပြီး ပြေးနေတာ တွေ့လိုက်တယ်။ ပေါက်တာက စီးပွားရေးဘဏ်(၁)နဲ့ အခွန်ရုံးနားမှာ ပေါက်တာဆိုတော့ ရုံးကို လာ

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းတွင်၎င်းတို့နှင့်မပူး​ပေါင်းလျှင် မြို့ရွာများကိုဖျက်မည်ဟုခြိမ်း​ခြောက်

Posted: 29 Dec 2021 01:48 AM PST

(အကြမ်းဖက်စစ်​ကောင်စီ၏ဝါဒဖြန့်စာ)"စစ်ခွေးတွေ ဖွဲ့စည်းထားတဲ့ တပ်မတော်ဆိုတာကို ပြည်သူကချီးရွံသလိုကို ရွံနေပြီ။ နာကျည်းနေပြီ"-​ဒေသခံတစ်ဦး​ဒေသအများစုတွင်ပြည်သူများ၏နေအိမ်များကို  မီးရှို့ဖျက်ဆီး၊လုယက်​နေ​သောနေ​သောအကြမ်းဖက်စစ်ကောင်စီတပ်က၎င်းတို့နှင့် မပူးပေါင်းပါကမြို့နှင့်ရွာများကို မီးရှို့မည်ဟူသော ခြိမ်းခြောက်ဝါဒဖြန့်စာများကို စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအချို့တွင် ချထားခဲ့သည်ဟု ဒေသခံများကပြောသည်

စစ်ကောင်စီက တန့်ဆည် ကျေးရွာငါးရွာရှိ နေအိမ်(၁၀၀)ခန့်ကို မီးရှို့ဖျက်ဆီးပြီး လူ(၁၁)ဦးကို သတ်ဖြတ်

Posted: 29 Dec 2021 01:45 AM PST

ယနေ့မနက်ပိုင်း တန့်ဆည် ပုတီးရွာအတွင်း စကစများ ဝင်မွှေသောင်းကျန်းနေ၊MFP ၊ ဒီဇင်ဘာ - ၂၉စစ်ကောင်စီ အာဏာသိမ်းချိန်မှ စတင်ကာ ယခု ဒီဇင်ဘာ(၂၆)ရက်အထိ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အတွင်းရှိ ကျေးရွာ ငါးရွာမှ နေအိမ်(၉၃)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ရွာသူရွာသား (၁၁)ဦးကို သတ်ဖြတ်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တန့်ဆည် PDF က သတင်းထုတ်ပြန်သည်။အဆိုပါ နေအိမ်များသည် မီးရှို့ခံရသည့်

ဒီပဲယင်း ဝပါကျေးရွာကို စကစများ စီးနင်းဝင်ရောက် သောင်းကျန်းမွှေနှောက်နေ၊ ရွာရှိလူကုန် ထွက်ပြေးသော်လည်း မသန်စွမ်းသူ နှစ်ဦး ကျန်ခဲ့၍ စစ်အုပ်စုက ရန်ပြုမည်ကို စိုးရိမ်

Posted: 29 Dec 2021 01:41 AM PST

စီးနင်းဝင်ရောက် သောင်းကျန်းမွှေနှောက်နေသည့် စစ်ခွေးများ ဒီဇင်ဘာ - 29 - 8:25 A.M ဒီပဲယင်းမှ ကန်တော်ရိုး အနောက်သို့ထွက်နေပြီလို့ မြေပြင်သတင်းအရ သိရပါတယ်။ တောကျောင်း၊ အင်းတန်း၊ မဲသည်၊ ဝပါ၊ သပြေသာ၊ မှန်သာ ဘက်က ပြည်သူများဂရုစိုက်ကြပါ ဘေးလွတ်ရာသို့ ရှောင်ကြပါဗျ။ (8:51A.M)စခများ မဲသည်ရွာဘုန်းကြီးကျောင်းနား ကပ်နေပြီလို့ သိရပါတယ်။ MFP ၊ ဒီဇင်ဘာ - ၂၉စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဝပါကျေးရွာကို စစ်ကောင်စီ

Wednesday, December 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မိုးရွှေကူးရွာတွင် ဖက်ဆစ်တပ်များနှင့် ပျူစောထီးတို့ ကင်းလှည့်ပြီးအပြန် မိုင်းဆွဲခံရ

Posted: 28 Dec 2021 05:00 PM PST

ထားဝယ် ၊ဒီဇင်ဘာလ ၂၈ ရက်သရက်ချောင်းမြို့နယ်၊စော်ဖျားကျေးရွာအုပ်စု၊မိုးရွှေကူးရွာထိပ်လမ်းတွင် ယနေ့ညနေပိုင်း ဖက်ဆစ်တပ်များနှင့်ပျူစောထီးတို့ ကင်းလှည့်ပြီးအပြန် မိုင်းဆွဲခံရသည်။ဒီဇင်ဘာ(၂၈)ရက်၊ညနေ(၄)နာရီခွဲခန့် ပျူစောထီးအဖွဲ့ဝင် ဦးမောင်ရီ နှင့်သားဖြစ်သူ အပါဝင် ဖက်ဆစ်တပ်များ Vigo ကားဖြင့် ကင်းလှည့်ပြီးအပြန်မိုင်းဆွဲခံရကြောင်း ရွာသားတစ်ဦးကဆိုသည်။"မိုင်းဆွဲတိုက်ခိုက်ပေမဲ့ အချိန်နောက်ကျသွားလို့ထင်တယ်။

သထုံမှာ ဘဏ်ငွေသယ်ကားတစ်စီး ဓါးပြတိုက်ခံရ ၊ ကျပ်သိန်း ၈၀၀ ကျော်ပါသွား

Posted: 28 Dec 2021 04:57 PM PST

သထုံ၊ ဒီဇင်ဘာ ၂၈သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း ပေါ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘဏ်ငွေသယ်ကားတစ်စီး ဓါးပြ တိုက်ခံရပြီး ကျပ်သိန်း ၈၀၀ ကျော်ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဆိုပါ နေ့လည် ၁ နာရီခန့်မှာ သထုံ MAB ဘဏ်က ငွေသယ် ပရိုဘောက်ကားကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ဓါးပြတိုက်သွားတာဖြစ်ပါတယ်။"ကားက ဘဏ်ကနေ ဆီဆိုင်တွေမှာ ငွေလိုက်သိမ်းတဲ့ကားလို့ သိရတယ်။ ငွေလိုက်သိမ်းပြီး အပြန်

ကလေး-ဂန့်ဂေါလမ်းပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၀ ဦးသေ

Posted: 28 Dec 2021 04:46 PM PST

ကလေး-ဂန့်ဂေါလမ်းပိုင်း၌ ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ စစ်သားနှင့်ရဲ ၂၀ ဦးသေဆုံးခဲ့ကြောင်း PDF-GanGaw က ယနေ့(ဒီဇင်ဘာ ၂၈) ထုတ်ပြန်သည်။အဆိုပါတိုက်ပွဲများအနက် ဒီဇင်ဘာ ၂၆ ရက်တွင် တစ်ကြိမ်၊ ၂၇ ရက်တွင် တစ်ကြိမ်နှင့် ၂၈ ရက်(ယနေ့)တွင် နှစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သား ၁၈ ဦးနှင့် ရဲနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ဒီဇင်ဘာ ၂၆ ရက်က

တန့်ဆည်မြို့နယ် လဝကဦးစီးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

Posted: 28 Dec 2021 04:43 PM PST

တန့်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်​ရေးဦးစီးမှူး ဦးဝင်ဇော်သည် အစည်းအဝေးမှအပြန် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ဦးဝင်းဇော်သည့် ယမန်နေ့(ဒီဇင်ဘာ ၂၇)နံနက် ၁၀နာရီခွဲခန့်တွင် ခရိုင်အစည်းအဝေးသွားတက်ပြီး ရွေဘိုမြို့မှအပြန်လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ရွှေဘို-တန့်ဆည်လမ်း ကာဒီးကျေးရွာနှင့် တန်စပ်ကျေးရွာအကြား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

ရွှေညဝါဆရာတော်အား အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ထောင် (၂)နှစ် ချ

Posted: 28 Dec 2021 11:17 AM PST

မန္တလေးမြို့တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့က စစ်တပ်ကို ဝေဖန်မှုကြောင့်ဟုဆိုတာ ဖမ်းဆီးခံရသည့် ရွှေညဝါဆရာတော်အရှင်ပညာသီဟအား ပုဒ်မ ၅၀၅-ခ ဖြင့် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်  ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ရွှေညဝါဆရာတော်ကြီး အရှင်ပညာသီဟအား ဖမ်းဆီးစဉ်ကာလတုန်းက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ကာ တရားစွဲဆိုခံထားရသော်လည်း ခုခံချေပမှုများအရ ပုဒ်မ ၅၀၅-ခ သို့ ပြောင်းလဲပြီး ထောင်ဒဏ်(၂)နှစ်အဖြစ်

ဂန့်ဂေါမြို့နယ်တွင်း ကျေးရွာများ မီးရှို့နေသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များ ခရမ်းချောင်းရွာတွင် မိုင်းဆွဲခံရ

Posted: 28 Dec 2021 11:16 AM PST

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စမ်းမြို့ရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့က ပျူစောထီးနှင့်ပေါင်း၍ မီးရှို့ခဲ့ကြသည့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်များ ယနေ့ ဒီဇင်ဘာလ (၂၈)ရက်နေ့က ခရမ်းချောင်းရွာသို့ အလာလမ်း၌ မိုင်းဆွဲခံရကြောင်း သိရသည်။အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် တောင်ခင်ရန်းကျေးရွာမှ အရာရှိက အစည်းအဝေးခေါ်သဖြင့် သွားတက်ပြီး မြောက်ခင်ရန်းကျေးရွာသို့ ပြန်လာကြစဉ် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။  

ရန်ကုန်တောင်ပိုင်းခရိုင် စစ်ဆေးရေးဂိတ် ၄၀ မမ ဗုံးသီးဖြင့်ပစ်ခံရမှုတွင် ဒဏ်ရာရရှိသောစကစတပ်သား (၃) ဦး ဆေးရုံတွင် ထပ်မံသေဆုံး

Posted: 28 Dec 2021 10:56 AM PST

ဒီဇင်ဘာ ၂၈ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာ တိုက်ကြီးလမ်းထိပ်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာလ ၂၆ရက်နေ့  နံနက်ပိုင်းက ဒေသခံ PDF များက ၄၀မမ ဗုံးသီးနဲ့ ပစ်ခတ်ခဲ့ပြီး‌ ယမန်နေ့က စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားလည်းရှိကြောင်းသိရသည်။အဆိုပါစစ်ဆေးရေးဂိတ်အား ဗုံးပစ်တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်ခဲ့တဲ့ စစ်ကောင်စီတပ်သား (၁) ဦးဟာ

မုံရွာမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဗိုလ်ကတော် (၁) ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

Posted: 28 Dec 2021 10:55 AM PST

ဒီဇင်ဘာ၂၈စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဗိုလ်ကတော် (၁) ဦး ယနေ့မနက်က ရေကူးကန်လမ်းမှာ သေနတ်နှင့်ပစ်သ တ်ခံရကြောင်း မုံရွာသတင်းရင်းမြစ် RNA မှသိရသည်။ "ဒီမနက်၉နာရီလောက်မှာ ရေကူးကန်၁၉လမ်းအနီးမှာ အမည်မသိလူတစ်စုက ပစ်သ တ်သွားတာ၊ သေနတ်၇ချက်ဖြင့် တခါတည်း ပွဲချင်းပြီးသေဆုံးသွားတာ၊သူ့ယောင်္ကျားကတော့ ၃ပွင့်ဗိုလ်တစ်ဦး"ဟု ဒေသခံတစ်ဦးကပြောကြောင်း RNA မှဖော်ပြသည်။သေနတ်ဒဏ်ရာ (၇)

အကူညီပေးရေးဝန်ထမ်းနှစ်ဦးကို စစ်​တပ်က သတ်ဖြတ်လိုက်ကြောင်း Save the Children အတည်ပြု

Posted: 28 Dec 2021 10:50 AM PST

ဓာတ်ပုံ- ကယားပြည်နယ်တွင် စစ်တပ်က အကြမ်းဖက်ဖျက်ဆီးမီးရှို့ခဲ့သော မော်တော်ယဥ်များ။ဒီဇင်ဘာလ ၂၄ရက်နေ့က မြန်မာနိုင်ငံအရှေ့ခြမ်း၊ ကယားပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏  အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဥ်တွင် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၃၅ ဦးထက်မနည်း အသက်သေဆုံးခဲ့ရပြီး Save the Children၏ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ယနေ့တွင် အတည်ပြုခဲ့သည်။စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်ခံလိုက်ရသော

နတ်ချောင်းပြည်သူ ၁၇ ဦးကို အကြမ်းဖက်စစ်ကောင်စီက ပစ်သတ်ထားပြီး ရွာကိုလည်း ၅ ကြိမ်​မြောက် မီးရှို့

Posted: 28 Dec 2021 10:48 AM PST

ကလေးမြို့နယ် နတ်ချောင်း ကျေးရွာပြည်သူ ၁၇ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ထားပြီး ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ရွာရှိနေအိမ်များကို ၅ ကြိမ်မြောက် မီးထပ်ရှို့နေသည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာအတွင်း ပိတ်မိနေသူများကို သတ်ဖြတ်ခြင်းဖြစ်ပြီး နေအိမ်များကိုလည်း ၂၃ ရက်နေ့ကတည်းက အကြိမ်ကြိမ် မီးရှို့နေခြင်း

PDF-GanGaw မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံး

Posted: 28 Dec 2021 10:44 AM PST

မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်များ ဒီဇင်ဘာလ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ တို့၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့သည်။ ဒီဇင်ဘာလ ၂၆ ရက်၌ ကလေး-ဂန့်ဂေါကားလမ်း လမ်းပိုင်းတွင် ဂန့်ဂေါမှ ကလေးဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို PDF-GanGaw တပ်ခွဲ(၁၇) ကြယ်ဖြူအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

ရှမ်းတောင်တွင် စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း PDF အဖွဲ့များ ကြေညာ

Posted: 28 Dec 2021 10:43 AM PST

မဲခေါင်၊ ဒီဇင်ဘာ ၂၈ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်း နှင့်အတူ  စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။စစ်အာဏာရှင် တော်လှန်ရေးသည် အရှိန်အဟုန် မြင့်တက်လာခဲ့ပြီ ဖြစ်၍ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (TPDF)၊ ‌ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)၊ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (

ဂန့်ဂေါတွင် စစ်ကောင်စီနှင့် YDF တို့တိုက်ပွဲဖြစ်

Posted: 28 Dec 2021 10:41 AM PST

မဲခေါင်၊ ဒီဇင်ဘာ ၂၈ဂန့်ဂေါမြို့မြောက်ဘက် မိုင်တိုင်အမှတ်၁၇/၁ နှင့် ၁၈/၁ ကြား YDF -ဂန့်ဂေါ တပ်ရင်း (၄ )နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယနေ့ (ဒီဇင်ဘာ ၂၈) နေ့လယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲဖြစ်ပွားပြီးနောက် YDF တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းမှုဆောင်ရွက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသောခန္ဓာကိုယ်အစိတ်အပိုင်းများ၊ သေဆုံးသွားသူများ၏ အဝတ်အစား အပိုင်းအစများ၊ မပေါက်ကွဲသေးသောလက်နက်ကြီး ကျည်များ

မြင်းခြံတွင် ပျူစောထီးဆိုသူများက ဒေသခံတစ်ဦးကို ဖမ်းဆီး သတ်ဖြတ်၊ စကစနှင့် ပျူများ မြင်းခြံနယ်တွင် သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေ

Posted: 28 Dec 2021 10:39 AM PST

ဒီဇင်ဘာ - ၂၈မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးကို တစ်ရွာတည်းသား စကစနှင့် ပူးပေါင်းနေသော ပျူစောထီးဆိုသူ များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ညှဉ်းပန်းနှိပ်သက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ဒီဇင်ဘာ(၂၅)ရက် ညပိုင်းတွင် မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမှ ကိုရဲဝင်းဇော် (ခ) ကုလားကို ပျူစောထီးအဖွဲ့ဝင် လေးဦးက ကျေးရွာစာသင်ကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီဇင်ဘာ(၂၆)

Tuesday, December 28, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အစီး ၃၀ ပါစစ်ကောင်စီယာဥ်တန်းကို ထီးချိုင့် PDF မိုင်းခွဲတိုက်ခိုက်၊ ထိခိုက်ကျဆုံးများနိုင်ဟုဆို

Posted: 28 Dec 2021 05:44 AM PST

အစီးရေ ၃၀ ပါသည့် စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်တော် လှန်ရေးအဖွဲ့(TR)က ယနေ့(ဒီဇင်ဘာ ၂၈) ထုတ်ပြန်သည်။တိုက်ခိုက်မှုများကို ယနေ့နံနက် ၁နာရီမထိုးမီကစတင်ခဲ့ခြင်းဖြစ်ပြီး တွင်းငယ်ဘက်မှထွက်လာသော စစ်​ကောင်စီတပ်အား ထီးချိုင့်မြို့အဝင်ဂိတ်အနီး မိုင်းလေးလုံဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ထို့အပြင် နံနက် ၁ နာရီ ၁၇ မိနစ်ခန့်တွင် အစီးရေ ၃၀ ပါ စစ်

စစ်​ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်း​တော်​ဒေသခံကာကွယ်​ရေးတပ်များက တိုက်ခိုက်၁၀ဦးထက်မနည်း​သေဆုံး၊ ဒဏ်ရာရ

Posted: 28 Dec 2021 05:43 AM PST

ကသာခရိုင်အတွင်း အင်အားဖြည့်တင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ထီးချိုင့်နှင့်အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်များကရှေ့ဆင့်နောက်ဆင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က၁၀ ဦးထက်မနည်း ​သေဆုံးထိခိုက်ပြီး အထိနာခဲ့​ကြောင်း​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များထံမှသိရသည်။ယနေ့နံနက် တစ်နာရီခန့်က ကားအစီးရေ ၃၀ခန့်ပါဝင်သော စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့် မြို့ ဝင်ဂိတ်အနီးတွင် တစ်ကြိမ်၊   အင်းတိန် နှင့် ဇီး

ရေဦးနယ် ထန်းဘဲလှရွာအနီးတွင် အမျိုးသားတစ်ဦး အလောင်းတွေ့၊ စကစများ ရွာစဉ်ပတ်မွှေကာ ဆက်လက်သောင်းကျန်းနေပြီး လူသတ်၊ ပစ္စည်းလု၊ မီးရှို့နေ

Posted: 28 Dec 2021 05:40 AM PST

ရေဦးမြို့နယ် ထန်းဘဲလှရွာအနီး ကားလမ်းဘေးတွင် ကိုဖြိုးကို၏ အလောင်းကို တွေ့ရစဉ်/ Photo – CJMFP ၊ ဒီဇင်ဘာ - ၂၈စစ်ကိုင်းတိုင်း  ရေဦးမြို့နယ် ထန်းဘဲလှရွာအနီး ရေဦး-တမာတော ကားလမ်းဘေးတွင် ယနေ့ နေ့လည်ပိုင်းက  အမျိုးသားတစ်ဦး၏ အလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။သေဆုံးနေသူသည် ရေဦးမြို့ အောင်ချမ်းသာရပ် (ကံတွင်းရပ်)နေ ဆိုင်ကယ်ကယ်ရီ မောင်းသူ အသက်(၃၀)အရွယ် ကိုဖြိုးကို ဆိုသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အရာတော်တွင် ကျောင်းရှေ့ အစောင့်ကျနေသော စကစများကို မိုင်းဆွဲ၊ အသေများနိုင်ဟုဆို

Posted: 28 Dec 2021 05:38 AM PST

MFP ၊ ဒီဇင်ဘာ - ၂၈စစ်ကိုင်းတိုင်း အရာတော်မြို့ အထက်တန်းကျောင်းရှေ့တွင် အစောင့်ကျနေသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ မနက်ပိုင်းတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစများ အသေများနိုင်ကြောင်း Ayadaw Bone Naing PDF – A.B.N PDF က သတင်းထုတ်ပြန်သည်။ယနေ့ ဒီဇင်ဘာ(၂၈)ရက် မနက်(၉)နာရီခွဲတွင် အရာတော်မြို့ အထက်တန်းကျောင်းရှေ့၌ အစောင့်ကျနေသည့် သေနတ်တကားကားဖြင့် ရှိနေသော စကစများကို မိုင်း

NUG ကိုတရားဝင်ကူညီနိုင်မယ့်ပြင်ဆင်ချက်ပါဝင်တဲ့ NDAAဥပဒေကို သမ္မတဘိုင်ဒန်လက်မှတ်ထိုး

Posted: 28 Dec 2021 05:33 AM PST

မြန်မာ့ဒီမိုကရေစီအရေးတွန်းအားပေးနိုင်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင် မဟာဗျူဟာကျ ကူညီနိုင်မယ့် ပြင်ဆင်ချက်တွေပါဝင်တဲ့အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ - NDAA သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA လို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ မှာမြန်မာ့အရေးပြင်ဆင်ချက်ပါဝင်တာဖြစ်လို့ စစ်ကောင်စီကို အရေးယူနိုင်ဖို့အပြင်

သရုပ်ဆောင် ပိုင်တံခွန် အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် ချမှတ်ခံရ

Posted: 27 Dec 2021 04:18 PM PST

ရန်ကုန်မြို့၊ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သရုပ်ဆောင်၊မော်ဒယ် ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ပိုင်တံခွန်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုကို အင်းစိန်ထောင်ထဲကနေ ရင်ဆိုင်ခဲ့ရပြီး လနဲ့ချီအကြာမှာ အခုလို အမိန့်ချမှတ်ခံလိုက်ရတာပါ။''တကယ်တော့ ဒီနေ့က ကိုပိုင်တံခွန်ကို အမိန့်ချဖို့ မဟုတ်ဘူး။ လိုပြသက်သေ

ကျွန်းလှမှ PDFသားအဖတိုက်ပွဲဝင်ရင်း ဖခင်ကျဆုံးပြီး သားဖြစ်သူအဖမ်းခံရ

Posted: 27 Dec 2021 04:09 PM PST

အကြမ်းဖက်စစ်​ကောင်စီတပ်ကို လက်နက်ကိုင်ခုခံတိုက်ပွဲဝင်နေသည့် ကျွန်းလှမြို့ခံသားအဖနှစ်ဦးအနက် တစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီး တစ်ဦးကိုဖမ်းဆီးသွားသည်။ကျွန်းလှမြို့၊ ကန်ဇွန်းအင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်တွင်လေကြောင့်မှ တိုက်ခိုက်ခဲ့ပြီး အဆိုပါ​နေ့တွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်သားအဖ နှစ်ဦးမှ ဖခင်ဖြစ်သူကျဆုံးကာ သားဖြစ်သူဖမ်းဆီးခံရခြင်းဖြစ်​ကြောင်း ကျွန်းလှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့

ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦး စစ်ကြောရေးတွင် ကျဆုံး

Posted: 27 Dec 2021 03:36 PM PST

ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုအောင်ဘုန်းကျော်သည် စစ်ကြောရေး၌ ယနေ့(ဒီဇင်ဘာ ၂၇)ကျဆုံးသွားကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။ကိုအောင်ဘုန်းကျော်သည် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ တတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး ယမန်နေ့(ဒီဇင်ဘာ ၂၆)က တာမွေမြို့နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ထိုသို့အဖမ်းခံရပြီး တစ်ရက်အကြာ စစ်ကြောရေး

စစ်ကောင်စီက သံဖိုကျေးရွာကို ဝင်ရောက်မီးရှို့၊ တရွာလုံးနီးပါးထွက်ပြေးတိမ်းရှောင်ကြ

Posted: 27 Dec 2021 03:26 PM PST

ခိုနူမ်းသုန်သတင်း၊ ၂၇ ဒီဇင်ဘာ ၂၀၂၁ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့နံနက်ပိုင်းက ဝင်ရောက်လာကာ စပါးကျီ တိုက်ကို မီးရှို့သွားခဲ့ကြပြီး လူနေအိမ်များမီးမကူးစက်မီ ရွာသားများက အချိန်မှီငြိမ်းသတ်နိုင်ခဲ့ကြသည်ဟု သံဖိုကျေးရွာ သားတစ်ဦးကပြောသည်။" စကစဘက်က ခြေကျင်နဲ့လာကြတယ် တစ်ရွာလုံးကိုမွှေမယ်လို့ သတင်းရကြတယ်လေ အဲလိုကြားတဲ့အချိန်မှာ ကျနော်တို့ပြေးကြတာပေါ့ အဲဒီချိန်မှာ သူတို့က

မင်းတပ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်ဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ မှ ၈ ဦး ခန့်သေဆုံးပြီး CDF မှ ၁ ဦးကျဆုံး

Posted: 27 Dec 2021 03:23 PM PST

ဒီဇင်ဘာလ ၁၇ ရက်နေ့မှစပြီး မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်း နှစ်ကြောင်းနှင့် CDF – Mindat တို့ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးခန့်ကျဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိပြီး CDF – Mindat မှရဲဘော် ၁ ဦးရှစ်မွှေးရွာတိုက်ပွဲတွင် ကျဆုံးကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။ ဒီဇင်ဘာလ (၂၄) ရက်နေ့က မင်းတပ်မြို့ပေါ်အရှေ့ပြင်ရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး

နာရေးပို့ပြီးပြန်လာတဲ့ ပျူစောထီးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

Posted: 27 Dec 2021 03:10 PM PST

ရေစကြို၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၁။မကွေးတိုင်း၊ ရေစကြို့မြို့နယ်၊ ပခန်းငယ်ရွာက ပျူစောထီးအဖွဲ့ဝင် ကိုဝင်းအောင်ဆိုသူကို ဒီဇင်ဘာလ ၂၆ ရက်နေ့က နာရေးပို့ပြီးအပြန်မှာ ညောင်စောက်ကျေးရွာအနီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။အသက် ၄၀ ဝန်းကျင်အရွယ် ပခန်းငယ်‌ရွာက ကိုဝင်းအောင်ဆိုသူဖြစ်ပြီး၊ ညောင်စောက်ကျေးရွာကို နာရေးသွားပို့ပြီးအပြန်မှာ အသတ်ခံရကာ၊ ဘယ်အစည်းက သတ်သွားမှန်း မသိသေးဘူးလို့ ဒေသခံတဦးက ပြောပါ

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်ရဲ့ ရုံးချိန်းကိုလာတဲ့ ဇနီးသည်ကို စစ်ကောင်စီထပ်မံ ဖမ်းဆီး

Posted: 27 Dec 2021 03:00 PM PST

သာယာဝတီ၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၁။ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ ဒီကနေ့ရုံးချိန်းကို လာရောက်ခဲ့တဲ့ သူရဲ့ဇနီးသည်ကို သာယာဝတီခရိုင်တရားရုံးမှာပဲ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ် ဒေသခံတွေဆီက သိရပါတယ်။ဖမ်းဆီးခံရသူမှာ Bago Weekly ဂျာနယ် သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ဇနီး မဝေဝေလွင်ဖြစ်ပြီး၊ ပုဒ်မ ၁၂၃(ဂ) နဲ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်မှာဖြစ်လို့

ခရမ်းမြို့ ရိုးကြီးကျေးရွာ ဒလန်ညီအကိုနှစ်ဦး အပစ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ စစ်တပ်က ရွာခံအပစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးထား

Posted: 27 Dec 2021 02:58 PM PST

Khayan Channel (ဒီဇင်ဘာ ၂၇)ခရမ်းမြို့နယ် ရိုးကြီးကျေးရွာတွင် ယနေ့နေ့လည် ၁၂ နာရီခန့်က ဒလန်မိုးကျော်နှင့် သူ့အကိုဖြစ်သူတို့နှစ်ဦးကို အမည်မသိအဖွဲ့တစ်ခုမှ သေနတ် ၅ ချက်ပစ်ခတ်ခဲ့ပြီး ထိုနှစ်ဦးမှာနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်စစ်တပ်က ယနေ့ညနေ ၃ နာရီခွဲခန့်က ရွာခံအပစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ ထိုအဖမ်းဆီးခံခဲ့ရသည့်ပြည်သူများကို

ခရမ်းမြို့ ရိုးကြီးကျေးရွာ ဒလန်မိုးကျော်နှင့် သူ့အကိုတို့နှစ်ဦး ယနေ့ပစ်ခတ်ခံရပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံး

Posted: 27 Dec 2021 02:54 PM PST

ဓာတ်ပုံ - ဒလန်မိုးကျော်ပုံ။Khayan Channel (ဒီဇင်ဘာ ၂၇)ခရမ်းမြို့နယ် ရိုးကြီးကျေးရွာ ဒလန်မိုးကျော်နှင့် သူ့အကိုဖြစ်သူ ကို၀င်းတို့နှစ်ဦး ယနေ့နေ့လည် ၁၂ နာရီခန့်က ၎င်းတို့နေအိမ်နားတွင် ရေပိုက်ပြင်နေစဥ် အမည်မသိအဖွဲ့တစ်ခုက သေနတ် ၅ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုဒဏ်ရာများကြောင့် နေရာမှာတင် နှစ်ဦးစလုံးပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဖြစ်ပွားရာ

ကျောမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ ခုနစ်ဦးသေဟု ဗိုလ်ဂျပန်ပြော

Posted: 27 Dec 2021 08:41 AM PST

မကွေးတိုင်း ကျောမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။ယနေ့(ဒီဇင်ဘာ ၂၇) နေ့လည် ၁၂ နာရီ ခွဲခန့်ကစ၍ ပုလဲ-ဂန့်ဂေါလမ်းမကြီး၌ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၂ /၁၇) နှင့် စစ်ကောင်စီတပ်တို့ သုံးနာရီကြာတိုက်ပွဲဖြစ်ပွား

လေးကေ့ကော်မြို့သစ်အနီးတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ထပ်မံကျဆုံး

Posted: 27 Dec 2021 08:40 AM PST

လေးကေ့ကော်မြို့သစ်နှင့် အနီးဝန်ကျင်ကျေး ရွာများတွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)ဝင် ရဲဘော်တစ်ဦး ထပ်မံကျဆုံးသွားကြောင်း ကျဆုံးရဲဘော်၏မိတ်ဆွေများက အတည်ပြုသည်။ကျဆုံးသွားသည့် PDF တပ်ဖွဲ့ဝင်မှာ ကိုအာကာဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ အခြားရဲဘော်တစ်ဦးတို့သည် စစ်ကောင်စီတပ်များ၏ မြေပြင်ပစ်ခတ်မှုအတွင်း ပိတ်မိခဲ့ရာမှ ရဲဘော်အာကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။ကိုအာကာအပါအဝင် PDF တပ်ဖွဲ့ဝင်

ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ KNU ထံ ထွက်ပြေးလာ

Posted: 27 Dec 2021 08:19 AM PST

 ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း အာဏာဖီဆန်ရေး(CDM) ဝင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ Photo_KNU Mutrawဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ၊ တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ် တွင် အခြေချလှုပ်ရှားသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးသည် လက်နက်နှင့်အတူ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ တပ်မဟာ ၅ ထံသို့ ထွက်ပြေးလာ

မန္တလေးခရိုင် တရားရုံး ဒုတိယထပ်တွင် ပေါက်ကွဲခြင်း ဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေး

Posted: 27 Dec 2021 08:16 AM PST

MFP ၊ ဒီဇင်ဘာ - ၂၇မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၅လမ်းနှင့် ၃၄လမ်းရှိ မန္တလေးခရိုင် တရားရုံး ဒုတိယထပ်တွင် ယနေ့ မနက်ပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦး အတွင်းပိုင်းနှင့် လေကာမှန်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက MFP သို့ ပြောသည်။ယနေ့ ဒီဇင်ဘာ(၂၇)ရက် မနက်(၁၀)နာရီကျော်အချိန်က ချမ်းအေးသာစံမြို့နယ် ၆၅လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား

တန့်ဆည်မြို့လယ် အဝိုင်းပတ်တွင် စကစများကို မိုင်းဆွဲတိုက်ခိုက်မှု စကစ လေးဦးသေ၊ လေးဦး ဒဏ်ရာရဟုဆို

Posted: 27 Dec 2021 08:13 AM PST

MFP ၊ ဒီဇင်ဘာ - ၂၇စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အဝိုင်းပတ်တွင် ယနေ့ မနက်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ လေးဦးသေပြီး လေးဦး ထိခိုက်ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ကြောင်း တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့ က သတင်းထုတ်ပြန်သည်။"ယနေ့ နေ့နံနက် မိုင်း‌ဆွဲဖြစ်စဉ်တွင် စစ်ခွေး လေးကောင် သေဆုံး၍ လေးကောင် အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းအတည်ပြု ရရှိပါသည်" ဟု တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့

စစ်ကောင်စီတပ်မီးရှို့၍ နတ်ချောင်းရွာ မီးရှိန်ပြင်းနေ၊ နေအိမ်၁၀လုံးထက်မနည်း မီးလောင်၊ စစ်ရှောင်များ၏ ဖုန်းများကို စစ်​ကောင်စီသိမ်းထားဟုဆို

Posted: 27 Dec 2021 07:44 AM PST

ကလေးမြို့နယ်ရှိ နတ်ချောင်းရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ၂၇) ညပိုင်း၌ ထပ်မံမီးရှို့ခဲ့ရာ ည ၁၀နာရီခန့်ထိ မီးလောင်နေဆဲဖြစ်ကြောင်း နတ်ချောင်းရွာခံတစ်ဦးက ပြောသည်။"အိမ် ၁၀အိမ်လောက် ခန့်မှန်းခြေမီးထဲပါ။ လူအသေအပျောက်တော့မကြားရသေးဘူး။ မီးရှိန်ပြင်းနေတုန်းပါ" ဟု ၎င်းက ဆိုသည်။ဒီဇင်ဘာ ၂၂ရက်မှစ၍ နတ်ချောင်းရွာသို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ယခင်နေ့များကလည်း ကျေးရွာရှိ နေအိမ် ငါးလုံးထက်

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်ပြီး နတ်ချောင်းရွာကို ထပ်မံမီးရှို့

Posted: 27 Dec 2021 07:42 AM PST

ယမန်နေ့ညက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကလေးမြို့နယ် နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်တင်းပြီး နေအိမ် ငါးလုံးထက်မနည်းကိုလည်း ထပ်မံမီးရှို့နေကြောင်း နတ်ချောင်းရွာခံက ပြောသည်။နတ်ချောင်းရွာတွင်ဒီဇင်ဘာ ၂၂ရက်ကစ၍ စစ်ကောင်စီတပ်များဝင်ရောက်လာ၍ ရွာသားများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းများ ရှိခဲ့သည်။  ဒီဇင်ဘာ ၂၆ရက်ညက

ငွေကြေးကောက်ခံနေသော စံပြ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်ပြီး ကား ၁ စီး နှင့် လက်နက်များသိမ်းယူ

Posted: 27 Dec 2021 07:38 AM PST

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး စံပြကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်း ၄ ဆုံနေရာတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ပြည်သူ့စစ်အဖွဲ့သည်  KIA အဖွဲ့ရှိရာ လောဒ်ဂျာမှော်ဘက်အထိ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည်သာမက ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများပြုလုပ်နေသဖြင့် KIA တပ်ရင်း  (၁၄)

နတ်ချောင်းကျေးရွာအနီးတိုက်ပွဲတွင်း စစ်ကောင်စီတပ်မှ ပစ်သတ်ထားသည့် ဒေသခံပြည်သူများ၏ အလောင်းများ ကောက်ယူရန် ခက်ခဲနေဆဲ

Posted: 27 Dec 2021 07:36 AM PST

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်ရှိ နတ်ချောင်းကျေးရွာအနီး ဒီဇင်ဘာလ ၂၂ ရက်ည မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားသည့် ဒေသခံပြည်သူ အလောင်းများ ကောက်ရန်ခက်ခံနေကြောင်း နီးစပ်သူများထံမှ သိရသည်။"ကျနော်တို့ဆီမှာ ဒီနေ့ နောက်ဆုံးကြားရတဲ့ သတင်းအရတော့ ၁၄ လောင်းလောက်ရှိနေပြီလို့ သိရတယ်ခင်ဗျ လောလောဆယ်တော့ အဲရွာနားတစ်ဝိုက် တိုက်ပွဲဖြစ်နေသေးလို့ သေနေတဲ့အလောင်းကောက်ယူဖို့တောင်

လေးကေကော်ဒေသကို စစ်ကောင်စီတပ်မှ (၄) ကြိမ်မြောက် လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်

Posted: 27 Dec 2021 07:26 AM PST

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ လေးကေကော်ဒေသကို  စစ်ကောင်စီတပ်မှ (၄) ကြိမ်မြောက် လေယာဉ်ဖြင့်  ပစ်ခတ်တိုက် ခိုက်မှုအဖြစ် ယနေ့ ဒီဇင်ဘာလ ၂၇ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ထပ်မံပြုလုပ်ခဲ့သည်။ လေးကေကော်ဒေသကို စစ်ကောင်စီတပ်မှ ပထမအကြိမ် လေယာဉ်ဖြင့် ပစ်ခတ်ခြင်းကို ဒီဇင်ဘာ ၂၃ ရက် ည ၁၀ နာရီ

အာရှလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် ၉ ဦးသေဆုံး၊ ဒေသခံတစ်ထောင်ဝန်းကျင် တိမ်းရှောင်နေရ

Posted: 27 Dec 2021 07:23 AM PST

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့နှင့် ကော့ကရိတ်မြို့ကြား အာရှလမ်းမပေါ်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် ၉ ဦးထက်မနည်းသေဆုံးပြီး တိုက်ပွဲဂယက် ကြောင့် အနီးအနားရှိ ဒေသခံတစ်ထောင်ဝန်းကျင်ခန့်လည်း တိမ်းရှောင်နေရသည်ဟု သိရသည်။ယမန်နေ့ အာရှလမ်းမပေါ်ရှိ ကေအဲန်