Tuesday, November 30, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မတူပီမြို့တွင် စစ်ကောင်စီတပ်တွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးဟုဆို

Posted: 29 Nov 2021 05:15 PM PST

ခိုနူမ်းသုန်သတင်း၊ ၂၉ နိုဝင်ဘာ ၂၀၂၁ချင်းပြည်နယ် မတူပီမြို့အခြေစိုက် ခလရ ၁၄၀ တပ်ရင်းတွင် စစ်ကောင်စီတပ်သားအချင်းချင်းသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံကာ သုံးပွင့်အဆင့်ရှိသည့် ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတစ်ဦး သေဆုံးမှု နိုဝင်ဘာလ ၂၆ ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က မတူပီမြို့နယ် ဖနိုင်-ငလိုင်ကျေးရွာအကြားတွင်တည်ရှိသော ခရိုင်

စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစောထီးအဖွဲ့ တို့ စတိုးဆိုင်များမှ ပစ္စည်းများ လုယက်ခိုးယူ

Posted: 29 Nov 2021 05:05 PM PST

နိုဝင်ဘာလ ၃၀၊ SGGစစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း ဝက်လက်-အရာတော်လမ်းပေါ်ရှိ သမ္မရိုးကျေးရွာသို့ နိုဝင်ဘာလ ၂၉ရက်နေ့က ကင်းလာချထားတဲ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ စတိုးဆိုင် ၃ဆိုင်မှ ပစ္စည်းများ ဖောက်ထွင်းလုယက်ခိုးယူကြတယ်လို့သိရပါတယ်။စတိုးဆိုင် ၃ဆိုင်မှ လုယက်ခိုးယူခံရတဲ့ ပစ္စည်းများတန်ဖိုး  ကာလတန်ဖိုးအားဖြင့် သိန်း ၅၀ ကျော်ဖိုးရှိတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစော

အသံထက် အဆပေါင်းများစွာ ပိုမြန်တဲ့ hypersonic ဒုံးကျည် ရုရှားထပ်မံစမ်းသပ်

Posted: 29 Nov 2021 04:54 PM PST

ကမ္ဘာအင်အားကြီး နိုင်ငံတွေ အဆင်မြင့် လက်နက်တွေ အပြိုင် ထုတ်လုပ်နေချိန်မှာ ရုရှားနိုင်ငံက အသံထက် အဆပေါင်းများစွာ ပိုမြန်တဲ့ Zircon hypersonic ဒုံးကျည် တစင်းကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်လိုက်တယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။ရုရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ တရုတ်တို့က ဒီလို အသံထက် ၅ ဆ မြန်တဲ့ hypersonic ယာဉ်တွေ ထုတ်လုပ်ရေး ယှဉ်ပြိုင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ဒီထဲမှာ ရုရှားက အခုလို Zircon ဒုံးကျည်

သစ်ထူးလွင်

သစ်ထူးလွင်


ပေါင်မြို့နယ် PDF မှ NUG တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဝင်ရောက်

Posted: 29 Nov 2021 10:04 AM PST

 ပေါင်၊ နိုဝင်ဘာ ၂၉ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဝင်ရောက်လိုက်ကြောင်း ဒီကနေ့မှာ ကြေငြာချက်ထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရက ကျွန်တော်တို့ရဲ့ အစိုးရပါ။ ကျွန်တော်တို့ အစိုးရရဲ့ တပ်မတော်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ရောက်ပူးပေါင်းတာဖြစ်ပါတယ်လို့ ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏

နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်ပါးစေ(၅၀)ခန့်သေဆုံးဟု မိုးကြိုးမုန်တိုင်းအဖွဲ့ထုတ်ပြန်

Posted: 29 Nov 2021 10:00 AM PST

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များစစ်ကိုင်း၊ နိုဝင်ဘာ ၂၉ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် အကြမ်းဖက်စစ်ကောင်စီနှင့် နိုဝင်ဘာ (၂၈) ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့နံနက်ထိ စစ်ကောင်စီဘက်မှ တပ်သားဦးရေ (၅၀) ခန့် သေဆုံးခဲ့ ကြောင်း မိုးကြိုးမုန်တိုင်းအဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကမူ ရဲဘော်(၁)ဦး လက်သို့ထိမှန်ခဲ့သော်လည်း မစိုးရိမ်

ထန်းတပင် ပေါက်တန်းရွာရှိ MyTel တာဝါတိုင်ဖောက်ခွဲခံရပြီးနောက်၊ ရွာကိုအဝင်အထွက်ပိတ်ဆို့စစ်ဆေး

Posted: 29 Nov 2021 09:53 AM PST

နိုဝင်ဘာ ၂၉ ရက်ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာနှင့်နယ်မြေထိစပ်နေသော ထန်းတပင်မြို့နယ်၊ ပေါက်တန်းရွာရှိ MyTel တာဝါတိုင် ယနေ့မနက် ၆:၄၀ ခန့်က ဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တာဝါတိုင်အောက်ခြေရှိ အထိုင်စက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။" ဘုန်းကြီးကျောင်းနောက်က မိုင်တဲတာဝါတိုင်မှာ ပေါက်တာ။ ဗုံးနှစ်လုံးပေါက်တာ။ ပေါက်ပြီးသိပ်မကြာဘူး စစ်သားတွေ၊ ရဲတွေ အရပ်

ဂန့်ဂေါနယ် မောက်လင်းရွာသား ကျဆုံးပြည်သူ ၃ဦးအလောင်း ထပ်မံတွေ့ရှိ၊ စစ်တပ်က တစ်နယ်လုံးကို တောနင်းသွားလာနေ

Posted: 29 Nov 2021 09:46 AM PST

ဂန့်ဂေါ နိုဝင်ဘာ ၂၉ အကြမ်းဖက်စစ်ကောင်စီတပ်‌တွေ မတရားဖမ်းဆီး သွားတဲ့ မောက်လင်းရွာသား ၄ဦးထဲက ၃ဦးရဲ့ ရုပ်အလောင်းကို ယနေ့တွေ့ကြရပြီလို့ ဒေသခံတွေထံကတဆင့် သိရပါတယ်။ ၁ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး စစ်‌တပ်က မတရားဖမ်းဆီး သတ်ဖြတ်လို့ သေဆုံးရတဲ့ မောက်လင်းရွာသား ၅ဦး ရှိပြီဖြစ်ပါတယ်။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၀၀ ခန့်နဲ့ ဂန့်ဂေါမြို့မြောက်ဘက် ကလေး-ဂန့်ဂေါလမ်းတစ်လျှောက်က တောတောင်‌တွေထဲမှာ

ဘားအံမြို့၊ အမှတ် (၉)ရပ်ကွက်ရှိ အမြောက်တပ်အနီး ပစ်ခတ်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

Posted: 29 Nov 2021 09:44 AM PST

(29-11-2021)ယနေ့ည  (၈)နာရီခွဲခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ သိမ်တော်ကြီးဆိုင်းဘုတ်အနီးတွင် အာဏာသိမ်းအကြမ်းဖက်သူပုန်တပ်၏ တပ်မ (၁၅၁)မှ တပ်သား (၄)ဦးသည် သေနတ် (၇)ချက်ခန့် ပစ်ဖောက်ပြီး အမည်မသိ လူနှစ်ဉီးကို ရိုက်နှက်ထိုးကြိတ်ခဲ့သည်ဟု သတင်းရရှိပါသည်။ ယခုလက်ရှိတွင် ရဲတပ်ဖွဲ့အင်အား (၄၀)၀န်းကျင်ခန့် ရောက်ရှိလာပြီး ၎င်းအနီးအနားရှိအိမ်များအား လိုက်လံစစ်ဆေးလျက်ရှိနေပါသည်။အဆိုပါဖြစ်စဉ်ကြောင့် လူတစ်ဦး

အကြမ်းဖက်စစ်တပ်ကား ၂၀ ပါ ယာဉ်တန်းကို KIA တိုက်ခိုက်ရာ ထိခိုက်​သေဆုံးမှုရှိနိုင်ပြီး သုံးစီးပျက်စီး

Posted: 29 Nov 2021 09:33 AM PST

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၈) နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်း ယနေ့နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။ KIA တပ်မဟာ(၈) တပ်ရင်း (၃၅)နယ်မြေ မိုင်းညှင်းနင့် နမ့်မား ဒေသကြားသို့ နိုဝင်ဘာ ၂၉ရက် နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်မ ကား အစီး ၂၀ နင့် စစ်အင်အား၊ စစ်

ဒီပဲယင်း ဆပ်ပြာကျင်းရွာရှိ လယ်တဲများကို စကစ မီးရှို့ဖျက်ဆီးကာ ရွှေ၊ငွေများ လုယက်၊

Posted: 29 Nov 2021 08:56 AM PST

ဒီပဲယင်းတွင် စကစများ သောင်းကြမ်းနေသဖြင့် ရွာ(၁၁)ရွာမှ ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရ၊၊ နိုဝင်ဘာ - ၂၉စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဆပ်ပြာကျင်းကျေးရွာရှိ စိုက်ပျိုးရေးကုန်းနှင့် တောတဲများကို ယနေ့ နိုဝင်ဘာ(၂၉)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင်များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများက သတင်းထုတ်ပြန်သည်။စစ်ကောင်စီ လက်နက်ကိုင်များသည် ၄င်းတို့

တမူးမြို့ ချောင်းနက်ကြီးရဲကင်းကို ကျောင်းသားတပ်ခွဲ (BSO)အဖွဲ့က ဝင်ရောက်တိုက်ခိုက်(ရုပ်သံ)

Posted: 29 Nov 2021 08:57 AM PST

တမူးမြို့ ချောင်းနက်ကြီးရဲကင်းကို ကျောင်းသားတပ်ခွဲ (BSO)အဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ်/Video -  BURMESE_STUDENTS_ORGAIZATIOIN_BSO နိုဝင်ဘာ - ၂၉စစ်ကိုင်းတိုင်း တမူးမြို့ ချောင်းနက်ကြီးရဲကင်းကို ယနေ့ နိုဝင်ဘာ(၂၉)ရက် မနက်ပိုင်းတွင် နွေဦးတော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သော BURMESE STUDENTS ORGAIZATIOIN (BSO)အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် နှစ်ဦး သေပြီး လက်နက်အချို့ သိမ်းယူ

"‌ဆောင်းရာသီအတွက် နွေးထွေးမှုကို ရဲဘော်တွေဆီအရောက်ပို့မယ်"

Posted: 29 Nov 2021 08:48 AM PST

နိုဝင်ဘာ၊ ၂၉စစ်ကိုင်းတိုင်း တပ်မဟာ (၁)နယ်မြေအတွင်းရှိ Guerrilla Campတွင် မျိုးဆက်သစ်သင်တန်းသားရဲဘော်သစ်များထပ်မံရောက်ရှိလာသဖြင့် လိုအပ်ချက်တွေဖြစ်ပေါ်လျက်ရှိနေပါတယ်လို့ စစ်ကိုင်းတိုင်း စစ်ရေးကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာရှာဖွေရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ထံက သိရသည်။စေတနာရှင်မိဘပြည်သူများအနေဖြင့် တစ်တပ်တအားထောက်ကူပေးကြရန်အတွက် တိုက်တွန်းနှိုးဆော်စာအား Department of Financial - DRPA (SGR)က ထုတ်

ကန်ဘလူနယ်မှာ ပျူစောထီးတွေရဲ့ကားကို KBU- UG မိုင်းဆွဲတိုက်ခိုက်

Posted: 29 Nov 2021 03:37 AM PST

ကန့်ဘလူ၊နိုဝင်ဘာ ၂၉၊ ၂၀၂၁။ ကန့်ဘလူမြို့နယ်အတွင်းမှာ ပျူစောထီးဆိုသူတွေ ပစ္စည်းသယ်လာတဲ့ကားကို နိုဝင်ဘာ ၂၈ ရက် မနေ့ကညနေ ၅ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Kanbalu Underground Warriors ( KBU – UG ) ဆီကသိရပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ငါးရာနဲလမ်းအထွက်မှာ အဝေးထိန်းစနစ်နဲ့ မိုင်းနှစ်လုံးဆင့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒိကားပေါ်မှာ လိုက်ပါလာတဲ့ ပျူစောထီးအချို့ဒဏ်ရာရှိ

မင်းလှမြို့နယ် စည်/ကော် ဥက္ကဌကို စစ်ကောင်စီဖမ်းဆီး

Posted: 29 Nov 2021 03:35 AM PST

မင်းလှ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၁။ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးခင်ထွန်းကို ဒီကနေ့မနက် ၂ နာရီခန့်က သူနေထိုင်ရာ မြောက်ဘက်မြို့သစ် ၆ လမ်းက သူ့အိမ်မှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။"ည ၁၂ ခွဲလောက်က စစ်သားရော၊ ရဲရော၊ အမှတ် ၆ ရက်က အုပ်ချုပ်ရေးမှူးရောပါတယ်။ ရဲစခန်းမှာလား တပ်ထဲမှာ ဘယ်ဖမ်းခေါ်သွားတယ်တော့မသိဘူး။ သူ့

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

Posted: 29 Nov 2021 03:32 AM PST

မိုးညှင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၇ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။ယနေ့ နံနက် ၆နာရီဝန်းကျင်ခန့်တွင် မိုးညှင်းဘက်မှ မြစ်ကြီးနားဘက်သို့ အိမ်စီးကား ၂စီးဖြင့် တက်လာသော စစ်ကောင်စီတပ်ကို ရှမ်းညောင်ကုန်းနှင့် လက်ပံသာ ကျေးရွာ ၂ခုကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ထို

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

Posted: 29 Nov 2021 03:30 AM PST

မိုးမောက်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက လူနေရပ်ကွက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ကြေးနန်းရပ်ကွက်ရှိ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းဝန်းတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၃နာရီခွဲဝန်းကျင်ခန့်တွင် ခမရ ၄၃၇ တပ်ရင်းမှ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်က ကြေးနန်းရပ်ကွက်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းနှင့် ဧဒင်စစ်

ဒီပဲယင်းတိုက်ပွဲမှာ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံရလို့ သုံးယောက် သေဆုံးခဲ့

Posted: 29 Nov 2021 03:25 AM PST

ဓာတ်ပုံ - (စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွင်ပြေးရတဲ့ ဒီပဲယင်းမြို့နယ်ထဲ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ နိုဝင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ်) Photo: CJစစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ နိုဝင်ဘာ ၂၇ က စစ်ရဟတ်ယာဉ်သုံးကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ သုံးယောက်ရှိတယ်လို့ ဒီပဲယင်း PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ကနဦး သတင်းတွေမှာတော့ သေဆုံးသူ အယောက် ၂၀ ဝန်းကျင် ရှိ

မန္တလေးက မြန်မာ့ဆက်သွယ်ရေးရုံး ဗုံးကွဲ

Posted: 29 Nov 2021 03:22 AM PST

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မင်းကြီးရန်နောင်လမ်းက မြန်မာ့ဆက်သွယ်ရေး (MPT) ရုံးရှေ့မှာ နိုဝင်ဘာ ၂၉ ရက် ဒီနေ့မနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ရာ စစ်သား လေးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။MPT ရုံးရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်သား လေးယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ထုတ်ပြန်ထားပါတယ်။ဗုံးပေါက်ကွဲအပြီး စစ်သားတွေက

မန္တလေးမြို့သစ်တွင် စျေးရောင်းနေသော မြို့နယ်ကြက်ခြေနီအသင်း ဒု-တပ်ခွဲမှူးဆိုသူ ပစ်သတ်ခံရ

Posted: 29 Nov 2021 03:19 AM PST

သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသူ ဦးမောင်မောင်ဝင်း/ Photo - ပေးပို့MFP ၊ နိုဝင်ဘာ -၂၉မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် စျေးရောင်နေသော အမျိုးသားတစ်ဦး ယနေ့ နိုဝင်ဘာ(၂၉)ရက် နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။သေဆုံးသူသည် ချမ်းမြသာစည်မြို့နယ် ကြက်ခြေနီအသင်း ဒု-တပ်ခွဲမှူး ဦးမောင်မောင်ဝင်းဆိုသူ ဖြစ်ကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်း

မုံးကိုးခရိုင် ချင်ချိုင့်ထန်တပ်စခန်းကို စစ်ကောင်စီက သုံးကြိမ်တိုင်တိုင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့

Posted: 29 Nov 2021 03:15 AM PST

နိုဝင်ဘာ၊၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မုံးကိုးခရိုင်အတွင်းက ကိုးကန့် MNDAA လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့  ချင်ချိုင့်ထန် တပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၇) ရက်နေ့က သုံးကြိမ်တိုင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ The Kokang က ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနက် ၉ နာရီခွဲ အချိန်မှာ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ကိုးကန့်MNDAA တပ်စခန်း ကို ပထမအကြိမ် ထိုးစစ်ဆင်

ဂမုန်းပွင့်တွင်ဆန္ဒပြပြီး​နောက် စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးနေ

Posted: 29 Nov 2021 03:10 AM PST

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းအနီး စံရိပ်ငြိမ် ဂမုန်းပွင့်ကုန်တိုက်တွင် လူငယ်များဆန္ဒပြပွဲ ပြုလုပ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နေ့လည် ၁ နာရီခန့်က ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။" ဂမုန်းပွင့်မှာ ဆန္ဒပြပွဲ လုပ်သွားလို့ဆိုပြီး ရဲတွေ၊ စစ်သားတွေ ရောက်လာပြီး ပိတ်ဆို့စစ်ဆေးနေပါတယ်။ ဂမုန်းပွင့်က ပြန်ထွက်တဲ့ သူတိုင်း

တမူးမှာ ရဲကင်းတစ်ခု တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ တမူး PDF ပြော

Posted: 29 Nov 2021 03:04 AM PST

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာရှိတဲ့ ချောင်းနက်ကြီးရဲကင်းကို ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးတယ်လို့ဆိုပြီး တမူးပြည်သူ့ကာကွယ်ရေးတပ်(PDF)ဘက်က သတင်းထုတ်ပြန်လာပါတယ်။ချောင်းနက်ကြီးရဲကင်းကို ဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ အလစ်ဝင်တိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ဒီတိုက်ခိုက်မှုကို တမူး PDF အောက်က ကျောင်းသားတပ်ခွဲက ပြုလုပ်ခဲ့တာဖြစ်

စစ်တပ်နဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေမှာ သြစတေးလျနိုင်ငံပိုင် ဓနရန်ပုံငွေ ဒေါ်လာသန်းရာကျော် ရှယ်ယာပါဝင်နေ

Posted: 29 Nov 2021 03:02 AM PST

မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာအပါအဝင် အခြားတိုက်ရိုက်ပတ်သက်နေတဲ့စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတွေမှာ သြစတေးလျနိုင်ငံပိုင် ဓနရန်ပုံငွေဖြစ်တဲ့ အနာဂတ်ရန်ပုံငွေ (Future Fund)ထဲက ဒေါ်လာသန်း ၁၆၀ နီးပါး ရှယ်ယာပါဝင်နေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူအများအဖွဲ့ Justice for Myanmar က ပြောပါတယ်။ရှယ်ယာပါဝင်ထားတဲ့ကုမ္ပဏီတွေထဲက ၆ ခုဟာ မြန်မာစစ်တပ်နဲ့စစ်လက်နက်ကုန်သွယ်ရေးမှာ ဆက်နွယ်နေသလို အခြားကုမ္ပဏီတွေကတော့

အဖမ်းခံထားရတဲ့ ကလေး PDF အမျိုးသမီး ကိုးဦး ကလေးထောင်ရောက် မိသားစုနဲ့ တွေ့ခွင့်မရ

Posted: 29 Nov 2021 02:59 AM PST

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံထားရတဲ့ ကလေး PDF တပ်ရင်း (၃) က ချင်းအမျိုးသမီး ကိုးဦးစလုံး ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားပြီး မိသားစုဝင်တွေတော့ တွေ့ခွင့်မရသေးဘူးလို့ ကလေး PDF က ပြောပါတယ်။နိုဝင်ဘာ ၂၄ ရက်နေ့က ခြောက်ဦးနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က သုံးဦး ကလေးမြို့အကျဉ်းထောင်ကို ရောက်သွားပြီလို့ ကလေး PDF တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ကလေးအကျဉ်းထောင်ထဲကို သူ

အစီး(၃၀)ကျော်ပါ စကစ ရိက္ခာယာဉ်တန်းကို ထီးချိုင့် PDF က ဖောက်ခွဲတိုက်ခိုက်၊ ငါးစီးခန့် ထိခိုက်မှုရှိပြီး စကစများ အသေများနိုင်ဟုဆို

Posted: 28 Nov 2021 02:56 PM PST

MFP ၊ နိုဝင်ဘာ - ၂၈မန္တလေးဘက်မှ ကချင်ပြည်နယ် မိုးညှင်းဘက်သို့ တက်လာသော စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်း အစီး(၃၀)ကျော်ကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF က ယနေ့ ညနေပိုင်းတွင် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစကား ငါးစီးထက်မနည်း မိုင်းထိကြောင်း ထီးချိုင့်ဒေသ တော်လှန်ရေးအင်အားစု တစ်ခုဖြစ်သော Tigyaing Revolution – TR က ထုတ်ပြန်သည်။ယနေ့ နိုဝင်ဘာ(၂၈)ရက် ညနေ(၄)နာရီကျော်အချိန်က မန္တလေး

ပေါက်မြို့ ပညာရေးမှူးရုံးကို PDF ၃ဖွဲ့ပေါင်းပြီး ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲ

Posted: 28 Nov 2021 02:12 PM PST

ပေါက်၊ နိုဝင်ဘာ ၂၈၊ ၂၀၂၁။မကွေးတိုင်း ပေါက်မြို့က ပညာရေးမှူးရုံးကို PDF ၃ဖွဲ့ပေါင်းပြီး မနေ့က ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ King Fighter SGF  အဖွဲ့ဆီက သိရပါတယ်။ချိန်ကိုက်ဗုံးကို မနက် ၄နာရီ ၂၀ မိနစ်မှာ ပေါက်ကွဲဖို့ ချိန်ကိုက်ထားခဲ့ပေမယ့် မပေါက်ကွဲပဲ မနက်ပိုင်းမှသာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ King Fighter SGF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။"ဖောက်ခွဲရတဲ့အကြောင်းကတော့ ပေါက်မြို့နယ်မှာကျောင်းတွေက

တကောင်းတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်း စက်ရုံအတွင်းမှာ မီးလောင်မှုဖြစ်

Posted: 28 Nov 2021 02:09 PM PST

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ်ထဲက တကောင်းတောင် နီကယ်သတ္တုတူးဖော်ရေးစီမံကိန်း စက်ရုံအတွင်းမှာ ဒီကနေ့ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက တဆင့်သိရပါတယ်။အဲ့ဒီ နီကယ်စက်ရုံအတွင်း ဒီကနေ့ နိုဝင်ဘာ၂၈ ရက် ည ၇ နာရီကျော်အချိန်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့လည်း သူတို့ကပြောပါတယ်။တကောင်းတောင် နီကယ်စက်ရုံက သတ္တုအရည်ကျိုဌာနမှာ သတ္တု

ထန်တလန်မြို့တွင် ဘုရားကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ထပ်မံလောင်ကျွမ်းပြာကျ

Posted: 28 Nov 2021 06:49 AM PST

ခိုနူမ်းသုန်သတင်း၊ ၂၈ နိုဝင်ဘာ ၂၀၂၁ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့(နိုဝင်ဘာလ ၂၇)ညက လောင်ကျွမ်းခဲ့သည့် မီးကြောင့် ဘုရားကျောင်း တစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ထပ်မံပြာကျခဲ့ရသည်ဟု သိရသည်။ထန်တလန်မြို့ပေါ်ရှိ ဇုန်မုန်၊ စိုက်ပျိူးရေးနှင့် လုံတီာလ် စသည့်ရပ်ကွက် ၃ ခုတွင် စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ညနေပိုင်းကစ၍ မီးစတင်လောင်ကျွမ်းကာ တညလုံးလောင်ကျွမ်းပြီးနောက် စိန့်

Sunday, November 28, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အာဆီယံဒေသ ခရီးစဉ် မြန်မာဖိအားပေးရေး ဆွေးနွေးမည်

Posted: 27 Nov 2021 08:26 AM PST

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ရဲ့ အရှေ့တောင်အာရှ လေးနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ရပ်ဖို့၊ လူသားစာနာမှု အကူအညီ အကန့်အသတ်မရှိ ပေးခွင့်ပြုဖို့နဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ပြန်လည်တည်ဆောက်ဖို့ မြန်မာစစ်အစိုးရကို ဖိအားပေးရေး နည်းလမ်းတွေကို ဆွေးနွေးဖို့လည်း ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သောကြာနေ့

ပုံထဲက အတိုင်း ဖြစ်နေသော စစ်ကောင်စီ

Posted: 27 Nov 2021 07:53 AM PST

စစ်ကောင်စီသည် တိုးမြှင့်လာနေသော တော်လှန်ရေး အရှိန်အဟုန်အား ဟန့်တားနိုင်ရန် နေ့စဉ် နှင့် အမျှ လူထု အား ခြိမ်းချောက်လျက် ရှိနေရာ ယခုအခါ NUG ၏ ငွေတိုက်စာချုပ်များ ဝယ်ယူပါက နှစ်ရှည် ထောင်ဒဏ် ချမှတ်မည်ဟု ထုတ်ပြောလာခဲ့ရပြီ ဖြစ်သည်။၎င်းတို့အဖို့က ထိုသို့ ပြောလာရလေ နိုင်ငံရေး အရ အရေး နိမ့်လေ ပင် ဖြစ်လာရသည်။ စစ်ကောင်စီ အဖြစ်က ရေတိုက်စား ခံနေရသော ရေကာတာကြီးကို လက်ညိုးနှင့် ပိတ်ရန် ကြိုးစားခဲ့သည့် ဒပ်ခ်ျ

ကျိုင်းတုံမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ပြည်သူနေအိမ်ကို ဖျက်ဆီး

Posted: 27 Nov 2021 06:32 AM PST

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်လပ်အုပ်စု ဝမ်မိုင်အာခါကျေးရွာရှိ ဒေသခံနေအိမ်တချို့ကို  စစ်ကောင်စီ လက်အောက်ခံ  ရဲတပ်ဖွဲ့ နှင့် လူမှုဝန်ထမ်းများက လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။နိုဝင်ဘာ ၂၅  မနက် ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များနှင့် လူမှုဝန်ထမ်းများသည်  အချုပ်ကားများဖြင့်  ဝမ်မိုင်အာခါကျေးရွာ နည်းပညာတက္ကသိုလ်အနီး ရှိသည့်နေရာသို့ရောက်ရှိလာပြီး ရဲတပ်ဖွဲ့

ထန်တလန်မြို့ ယနေ့ညနေပိုင် ထပ်မံမီးရှို့ခံရ

Posted: 27 Nov 2021 06:29 AM PST

ချင်းပြည်နယ်၊ ထန်တလန်မြို့ လုံတီာလ်ရပ်ကွက်နဲ့ ဈေးရပ်ကွက်တွင် ယနေ့ ညနေ ၄ နာရီခွဲလောက်က လူနေအိမ်တွေ မီးလောင်သွားပါတယ်။ ဒီတစ်ကြိမ်ဆို နေအိမ်တွေ မီးရှို့ခံရတာ ၉ကြိမ်မြောက်ဖြစ်ပါပြီ။Zalen 

ကျောက်ထု PDF ထောင်ထားတဲ့ မိုင်းကွင်းထဲရောက်သွားတဲ့ စစ်အုပ်စုထဲက ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများ

Posted: 27 Nov 2021 06:25 AM PST

ကျောက်ထု၊ နိုဝင်ဘာ ၂၇၊ ၂၀၂၁။မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ ကံချောင်းရွာကနေ ကျောက်ထုဘက်ကို နိုဝင်ဘာလ ၂၅ ရက်နေ့က တက်လာတဲ့ စစ်ကောင်စီအဖွဲ့ဟာ Kyaukhtu PDF က ထောင်ထားတဲ့ မိုင်းကွင်းထဲရောက်သွားပြီး မိုင်းမိလို့ စစ်သား ၁၀ ဦးသေဆုံးပြီး၊ အများအပြား အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ထု PDF ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။"ကျနော်တို့ မိုင်းထောင်ထားတဲ့အတွင်းကို ဝင်ရောက်လာကြတာ၊ မိုင်းကွင်းအတွင်း

မြသီတာကန်ပေါ် ပေါက်ကွဲရာက လူသေဆုံးမှု မြိုင် PDFမှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း အရေးကြီးထုတ်ပြန်

Posted: 27 Nov 2021 06:23 AM PST

နိုဝင်ဘာ ၂၀၂၁၊ ၂၀၂၁။မြိုင်မြို့ မြသီတာကန်ပေါ်တွင်နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှူသည် Myaing PDF မှ လုပ်ဆောင်ခြင်း လုံးဝ မဟုတ်ပါကြောင်း Myaing PDF မှ တာဝန်ခံတဦးက မြေလတ်အသံသို့ပြောပါတယ်။ "ဒီနေ့ညနေမှာမြသီတာကန်ပေါ်လူအများ လေ့ကျင့်ခန်းလှုပ်ရှားတဲ့နေရာမှာဗုံးကွဲတယ်ပေါ့၊ ဗုံးကွဲတာမှာပြည်သူ ၅ ယောက်ထိတယ် ၂ ယောက်သေတယ်၊ အဲဒါကျနော်တို့မြိုင် PDF ကလုပ်ဆောင်တာမဟုတ်ပါဘူး၊ အရင်တုန်းကလည်းဇီးဖြူ

ခရမ်းမြို့ နွေဦးတော်လှန်ရေးသူရဲကောင်းတစ်ဦးဖြစ်သည့် ထွန်းထွန်း၀င်း(ခ)မီးပွား နေအိမ် ချိတ်ပိတ်ခံရ

Posted: 27 Nov 2021 06:20 AM PST

နို၀င်ဘာ ၂၇ခရမ်းမြို့နယ်ရဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းတစ်ဦးဖြစ်သည့်အပြင် ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) ၏ တာ၀န်ရှိသူတစ်ဦးဖြစ်သည့် ကိုထွန်းထွန်း၀င်(ခ)ကိုမီးပွား နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း ကိုထွန်းထွန်း၀င်း(ခ)ကိုမီးပွားက ယနေ့သူ့ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ ခရမ်းမြို့ပြည်သူများ စိတ်မပျက်ကြဖို့၊ သွေးမပျက်ကြဖို့ နှင့်

ကျိုက်ထိုမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၈၀ ကျော် အဖွားအိုတစ်ဦး ကျည်ထိမှန်သေဆုံး

Posted: 27 Nov 2021 06:17 AM PST

ကျိုက်ထို၊ နိုဝင်ဘာ ၂၇ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ပစ်ခတ်မှု​ကြောင့် အသက် ၈၀ ကျော် အဖွားအိုတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ယနေ့ မနက် ၂ နာရီခန့်မှာ မုပ္ပလင် ကြယ်စင်ဆီဆိုင်နဲ့ကျော်ဥယျာဉ် အနောက်ဖက် တောခြံအတွင်းနေထိုင်တဲ့ ဖွားစောကြည်မှာ နေအိမ်ခြံဝင်းအတွင်းအပေါ့သွားရန် ဆင်းလာစဉ် ကျော်ဥယျာဉ်အနောက်ဘက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်

ဒီးမော့ဆိုတိုက်ပွဲအတွင်း ကျဆုံးသွားသည့် ရဲဘော် ၄ ဦး၏ စျာပန ပြုလုပ်

Posted: 27 Nov 2021 06:04 AM PST

ဓာတ်ပုံ- KNDFကယား၊ နိူဝင်ဘာ ၂၇ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာတွင် နိုဝင်ဘာ ၂၅ ရက်နေ့မနက်က အကြမ်းဖက်စစ်ကောင်စီနှင့် ဖြစ်ပွါးခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ရဲဘော် ၄ ဦး၏ စျာပန အခမ်းအနားကို ယမန်နေ့က  ပြုလုပ်ခဲ့သည်။စစ်အာဏာရှင်စနစ် အမြစ်ဖြတ်​​​တော်လှန်​ရေးတိုက်ပွဲ ၌ အသက်ပေးသွားခဲ့သော ရဲဘော်တို့၏ စျာပန ခရီးအား  ​ဆွေမျိုးသားချင်းများ၊ ပြည်သူ့ကာကွယ်​ရေး တပ်ဖွဲ့ဝင်များ နှင့်

အကြမ်းဖက်စစ်တပ်ကိုမိုင်းထောင်စဉ် မတော်တဆပေါက်ကွဲပြီး ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော် ၂ ဦး ကျဆုံး

Posted: 27 Nov 2021 06:03 AM PST

ဓာတ်ပုံ- သေဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး၏ အုတ်ဂူစစ်ကိုင်း၊ နိုဝင်ဘာ ၂၇စစ်ကိုင်းတိုင်း၊ မြို့နယ်တစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် မိုင်းထောင်နေစဥ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် လူငယ်နှစ်ဦး အသက်ဆုံးပါးခဲ့ကြောင်း ဂဠုန်တပ်တော်က နိုဝင်ဘာ ၂၆ ရက်နေ့ညက သတင်းထုတ်ပြန်သည်။ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၅ ရက် ည ၁၂ နာရီအချိန်က စစ်ကိုင်းတိုင်းအတွင်း ကားလမ်းမတစ်နေရာ၌

ရှိမ္မကားရဲစခန်းမှ အရပ်သား ၂ဦးကို ပြန်ပေးဆွဲ

Posted: 27 Nov 2021 05:53 AM PST

နိုဝင်ဘာ ၂၇စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာမှတစ်ဦး၊ကျောက်တာကျေးရွာ က တစ်ဦး၊ သူတို့ နှစ်ဦး ရှိမ္မကားရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်ပေးဆွဲခံရပါတယ်။နိုဝင်ဘာ ၂၃ရက်နေ့၊  ညနေ ၃နာရီ ၄၅မိနစ်ခန့်အချိန်မှာ စဉ့်ကိုင်ကျေးရွာမှ ကျောက်တာကျေးရွာ သို့ ဆိုင်ကယ်နှင့် နှစ်ယောက်ပိုးစီးလာစဉ် ခရိုင်ချင်းဆက်လမ်းပေါ်မှာ စစ်ကောင်စီတပ်သားများနှင့်ရဲတပ်ဖွဲ့ဝင်တို့က ရပ်တန့်ခိုင်းပြီး ဝက်လက်မြို့နယ် ရှိမ္မကား

ရွှေဘို၊ မြင်းမူနှင့် တောင်ဒဂုံတို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဟု သတ်မှတ်စွပ်စွဲခံရသူများ ပစ်ခတ်ခံရ ၇ ဦးသေဆုံး

Posted: 27 Nov 2021 05:51 AM PST

ဓာတ်ပုံ- ရွှေဘိုတွင် အောက်တိုဘာလအတွင်း အသတ်ခံရသူတစ်ဦး။ရန်ကုန်၊ နိုဝင်ဘာ ၂၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မြင်းမူမြို့နယ်၊ ရန်ကုန်တိုင်း တောင်ဒဂုံတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် သတင်း၊ ပျူစောထီးဟု စွပ်စွဲသတ်မှတ်ခံရသူ များ ပစ်ခတ်ခံရပြီး ၇ ဦးသေဆုံးသွားကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့  ညနေ၆နာရီခန့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြို့လှရွာနေ စစ်ကောင်စီတပ်များကို ထောက်ပံ့

Saturday, November 27, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဖာပွန်မြို့နယ်၊ မထောကျေးရွာအနီးရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်းကို KNLA ဝင်တိုက်၊ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွား

Posted: 27 Nov 2021 05:48 AM PST

နိုဝင်ဘာ ၂၇ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာယီစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က နိုဝင်ဘာလ ၂၇ ရက် ယနေ့နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ကို ဖမ်းမိထားကာ အချို့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။"အဲဒီစခန်းက ယာယီစခန်းပဲ၊ စခန်းကြီးမဟုတ်ဘူး။ ဒီမနက် KNLA က သွားပစ်တယ်၊ စစ်ကောင်စီတပ်သားတွေ

ကျိုင်းတုံမြို့ရှိ မိုင်းရှာတပ်မှ ဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သေဆုံး

Posted: 27 Nov 2021 05:40 AM PST

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းရှာတပ်ဖြစ်သည့် စအရ(၉၁၃)မှ တပ်ဖွဲ့ဝင်တစ်ဦး  သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ  တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၉၁၃)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(BE)မှ ဒုတပ်ကြပ်လှမောင်သိန်းဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းသည် နောင်နွန်းဂိတ်တွင် သေဆုံးခြင်း ဖြစ်သည်ဟု သိရသည်။"ရင်ဝမှာ 

ရန်ကုန်မြို့လယ်​လမ်းအချို့ကို အကြမ်းဖက်စစ်ကောင်စီက မျဥ်းဝါတား၍ ပိတ်ဆို့ထား

Posted: 27 Nov 2021 05:37 AM PST

ဓာတ်ပုံ - CJရန်ကုန်မြို့လယ်ရှိ လမ်းအချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် မျဥ်းဝါများတား၍ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) မွန်းလွဲ ၂ နာရီကျော်က စတင်၍ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။လမ်းမတော်၊ သံစျေး၊ လသာ၊ ပုဇွန်တောင်၊ ပန်းဆိုးတန်း၊ ကမ်းနားလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ဆူးလေဘုရားလမ်း နှင့် ဗန္ဓုလတံတား အပါအဝင် မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက မျဥ်းဝါများ၊ သံဆူးကြိုး

ရမည်းသင်း MAB ဘဏ်ဓားပြမှု ဒု-မန်နေဂျာ အမျိုးသမီးနှင့် ဘဏ်ဝန်ထမ်းများ အပါအဝင် ရှစ်ဦးကို စကစ ဖမ်း၊ဓားပြတိုက်ခံရသော ငွေသားများပါ ပြန်ရဟုဆို

Posted: 27 Nov 2021 05:35 AM PST

ဘဏ်ဓားပြမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူများ/ Photo - ပေးပို့MFP ၊ နိုဝင်ဘာ - ၂၇မန္တလေးတိုင်း ရမည်းသင်းမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ဘဏ်ဒုတိယ မန်နေဂျာ အမျိုးသမီးနှင့် ဘဏ်ဝန်ထမ်းများ အပါအဝင် လူရှစ်ဦးကို စစ်ကောင်စီ လက်နက်ကိုင်များက နိုဝင်ဘာ(၂၆)ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။ယမန်နေ့ နိုဝင်ဘာ(၂၆)ရက် နေ့လည်ပိုင်းက ရမည်းသင်းမြို့လယ်ရှိ MAB

မန္တလေး ကုန်းစိမ်းစျေးအနီး ကမ်းနားလမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်၊ စစ်အုပ်စုက ရမ်းကားပစ်ခတ်သဖြင့် ပြည်သူ နှစ်ဦး သေနတ်မှန် ဒဏ်ရာရ

Posted: 27 Nov 2021 05:34 AM PST

ပြီးခဲ့သည့် ရက်ပိုင်းက ကမ်းနားလမ်း ကျူးကျော်အိမ်များကို စစ်အုပ်စုက အင်အားသုံး ဖယ်ရှားခဲ့စဉ်/Photo – CJနိုဝင်ဘာ - ၂၇မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ကုန်စိမ်းစျေးနှင့် ပေါ်တော်မူဘုရားအနီး ကမ်းနားလမ်းပေါ်တွင် ယနေ့ နေပလည် (၁၂)နာရီကျော်အချိန်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းနောက် စစ်ကောင်စီ လက်နက်ကိုင်များက လမ်းသွားလမ်းလာများကို ရမ်းကားပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ နှစ်ဦး သေနတ်ထိမှန်

NonCDMအချို့ရှိ​နေ​သောက​လေးပညာ​ရေးမှူးရုံးမီး​လောင်

Posted: 27 Nov 2021 05:32 AM PST

Non CDM ဝန်ထမ်းအချို့ရှိနေသည့် ကလေးမြို့  မြို့နယ်ပညာရေးမှုးရုံးသည် ယနေ့ နံနက်မီးလောင်ပျက်စီးသွား​ကြောင်း ဒေသခံများကပြောသည်။  ကလေးမြို့ တောင်ဇလပ်နယ်​​မြ(၇ )ရှိ  မြို့နယ်ပညာရေးမှုးရုံးသည် နံနက်ရှစ်နာရီခန့်ကစတင်ကာ မီးလောင်ခဲ့ခြင်းဖြစ်သည်။  မီးထိန်းနိုင်ခြင်းမရှိခဲ့ဘဲ အဆောက်အဦတစ်ခုလုံး ပျက်စီးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။  "မီးဘာကြောင့်လောင်တယ်တော့ မသိဘူး။Non CDM တွေတော့ရုံးမှာ ရှိတယ်။ ကလေးတွေ(

ယော​ဒေသတွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်​ရေးပူး​​ပေါင်းတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်၊ စစ်​ကောင်စီတပ်သား ၅၀ခန့်​သေဟု ​ယော PDFထုတ်ပြန်

Posted: 27 Nov 2021 05:29 AM PST

ယောဒေသတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅၀ ဦးခန့်သေဆုံးပြီ PDFတပ်သား တစ်ဦးကျဆုံးခဲ့ကြောင်း Yaw Defense Forceက ယနေ့ (နိုဝင်ဘာ ၂၇ ရက်)ထုတ်ပြန် သည်။နိုဝင်ဘာ ၁၉ရက်တွင် YDF (Saw&Kyaukhtu) ၊ CDF (Mindat)၊ CDF (Kanpetlet) ၊ PDF (Saw) အဖွဲ့ များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်တို့ တောမနှင့် ကျင်းလိန်ကျေးရွာအနီး

သူခိုးဆီကနေ မိထားတဲ့ ဆိုင်ကယ်တွေကို ရဲတပ်ဖွဲ့က ငွေ ၁ သိန်းနဲ့ ပြန်ရွေးခိုင်းနေ

Posted: 27 Nov 2021 05:27 AM PST

နို၀င်ဘာ ၂၇ ရက်၊ ကျောက်မဲပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ သူခိုးတွေဆီကနေ မိထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲက ဆိုင်ကယ်တွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က တစ်စီးကို ငွေ ၁ သိန်းနဲ့ ပိုင်ရှင်တွေကို ပြန်ရွေးယူခိုင်းနေတယ်လို့ သိရပါတယ်။ဆိုင်ကယ် ခိုးနေသူတွေဟာ အမျိုးသားတွေ အဖွဲ့လိုက်နဲ့ဖြစ်ပြီး ရဲဘက်က ဆိုင်ကယ် (၁၇)စီး ပြန်မိထားတယ်လို့ ဆိုပါတယ်။ကျောက်မဲမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက "ကျနော် ကြား

မန္တလေးတွင် အင်ဂျင်နီယာကျောင်းသားကို ဖမ်းမမိသော စစ်အုပ်စုက မိခင်ကို ဓားစာခံအဖြစ် ကြိုးတုပ်ဖမ်းဆီးကာ အိမ်ကို ချိတ်ပိတ်

Posted: 27 Nov 2021 05:26 AM PST

အာဏာသိမ်းပြီးနောက် စကစ၏ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရသူ (၇၅၉၀)ကျော် ရှိလာနိုဝင်ဘာ - ၂၇မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နိုဝင်ဘာ(၂၅)ရက်က အင်ဂျင်နီယာ ကျောင်းသားကို ဖမ်းမမိသော စစ်ကောင်စီ လက်နက်ကိုင်များက ကျောင်းသား၏ မိခင်နှင့် အသက်(၁၂)နှစ်အရွယ် ညီမငယ်တို့ကို ဓားစာခံအဖြစ် ကြိုးတုပ်ကာ ဖမ်းဆီးကာ အိမ်ကို ချိတ်ပိတ်ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။ချမ်း

ရွှေဘိုနှင့် ခင်ဦးနယ်စပ်တွင် စကစများ မိုင်းဆွဲခံရ၊ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပြီး စကစ (၁၀)ဦး သေကာ ငါးဦး ဒဏ်ရာရဟုဆို

Posted: 27 Nov 2021 05:25 AM PST

ရွှေဘိုခရိုင်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်များ ယနေ့ ပျံဝဲနေစဉ်/ Photo – ရေဦး မီဒီယာနိုဝင်ဘာ - ၂၇စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အစပ် အင်ကြင်းပင်ရွာအနီးတွင် ယနေ့ နိုဝင်ဘာ(၂၇)ရက်  နေ့လည်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်အုပ်စုကို ဒေသခံ တော်လှန်ရေး အင်အားစုများဖြစ်သော Fight For Freedom - FFF အဖွဲ့နှင့် ခင်ဦးမဟာမိတ် ညီအကိုများက  မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ

ကောက်သစ်စားပွဲအတွက် စပါးကြိတ်ပြီး ပြန်လာတဲ့ ကွတ်ခိုင်က ဒေသခံ ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

Posted: 27 Nov 2021 05:19 AM PST

နိုဝင်ဘာ ၂၇ ရက်၊ ကွတ်ခိုင်ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာမှာ စပါးကြိတ်ပြီး ပြန်လာတဲ့ လူငယ် ၃ ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်မှုကြောင့် ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ပစ်ခတ်ခံရသူ ၃ ဦးဟာ ကောင်းလိမ်ကျေးရွာခံဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီမှာ ကောက်သစ်စားပွဲ လုပ်ဖို့အတွက် နမ့်ကွတ်ရွာမှာ စပါးသွားကြိတ်ခဲ့တာပဲ ဖြစ်ပါတယ်။နမ့်ကွတ်ရွာခံတစ်ဦးက "အရင်တုန်းက မဖြစ်ဖူးဘူး။ မေးတော့လည်း သူတို့ မသိဘူး

မကွေးတိုင်း ရေစကြိုကနေ မအူကျေးရွာသို့ ထွက်ခွာလာတဲ့ စစ်ကောင်စီ စက်လှေမော်တော် ၅ စီးကို မြင်းခြံအင်အားစု တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ ၄ ဦး သေဆုံး

Posted: 27 Nov 2021 05:17 AM PST

ဓာတ်ပုံ- နှလုံးလှ လူမိုက်ကြီးများအဖွဲ့နိုဝင်ဘာ ၂၇ ရက်မကွေးတိုင်း ရေစကြိုကနေ မအူကျေးရွာသို့ ထွက်ခွာလာတဲ့ စစ်ကောင်စီ စက်လှေမော်တော် ၅ စီးကို မြင်းခြံအင်အားစု တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့ပါတယ်။စစ်ကောင်စီ စက်လှေကို နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ MGN Ranger, Burmese Guerrilla Force-BGF, PDF Taloke, MGN Tiger နဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM)၊ မြင်းမူ

တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက် တို့မြန်မာ ရန်ပုံငွေရှာဖွေခြင်း ဖွင့်ပွဲအခမ်းအနား

Posted: 27 Nov 2021 05:13 AM PST

တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက် တို့မြန်မာ ရန်ပုံငွေရှာဖွေခြင်း ဖွင့်ပွဲအခမ်းအနားPublic Voice Television 

ကိုဗစ်မျိုးကွဲသစ်ကြောင့် အမေရိကန်၊ ကနေဒါနဲ့ EU ခရီးသွား ကန့်သတ်ချက်တွေထုတ်ပြန်

Posted: 26 Nov 2021 04:27 PM PST

 တောင်အာဖရိကနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်ရောဂါပိုးသစ်ဖြစ်တဲ့ Omicron အိုမီခရန် တွေ့ရှိရပြီးတဲ့နောက်၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ (EU) တို့က အာဖရိကတိုက် နိုင်ငံတွေနဲ့ အသွားအလာတွေကို ကန့်သတ်လိုက်ကြောင်း သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ခရီးသွားတွေ ကန့်သတ်လိုက်တဲ့ နိုင်ငံတွေကတော့ တောင်အာဖရိက၊ ဘော်စဝါနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆူတို၊ အက်စဝါတီနီ၊ မိုဇမ်ဘစ် နဲ့ မာလာဝီ နိုင်ငံတွေဖြစ်ပါတယ်။ အမေရိကန်

ကိုဗစ် မျိုးကွဲသစ်တွေ့ရှိမှုကြောင့် နိုင်ငံတချို့ နယ်စပ်တွေပိတ်

Posted: 26 Nov 2021 04:25 PM PST

ဟိသရိုးလေဆိပ် ဆိုက်ရောက်နေရာတောင်အာဖရိကနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အခုသီတင်းပတ်အစောပိုင်းမှာ တွေ့ရတာကြောင့် ခရီးသွားလာခွင့်တင်းကျပ်တဲ့နိုင်ငံတွေ ပိုတိုးလာပါတယ်။ယူကေ၊ စင်ကာပူနဲ့ ဂျပန်တို့ဟာ တောင်အာဖရိကနဲ့ အိမ်နီးချင်းနိုင်ငံတွေက လာတဲ့ လေယာဥ်တွေကို တားမြစ်တာနဲ့ ပိုတင်းကျပ်တဲ့ ကွာရန်တင်းစည်းမျဥ်းတွေကို မြန်မြန်ဆန်ဆန် ချမှတ်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ဥရောပသမဂ္ဂကတော့ အီးယူနိုင်ငံတွေ

တောင်အာဖရိကမှ စတင်တွေ့ရှိတဲ့ ကိုဗစ်မျိုးကွဲသစ် Omicron အဖြစ် WHO အမည်ပေ

Posted: 26 Nov 2021 04:22 PM PST

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။"B.1.1.529 မျိုးကွဲကို စိုးရိမ်ရတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ပြီး၊ Omicron လို့ အမည်ပေးထားပါတယ်" လို့ WHO အရေးပေါ်အစီအစဉ်က နည်းပညာဆိုင်ရာအကြီးအကဲ Maria Van Kerkhove က သောကြာနေ့က ပြောဆိုလိုက်တာပါ။ကနဦး ရရှိတဲ့

စစ်ကောင်စီနဲ့ KNLA, KRF ပူးပေါင်းတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၂)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရ

Posted: 26 Nov 2021 02:04 PM PST

နိုဝင်ဘာ ၂၆ ရက်၊ ကျိုက်ထိုမွန်ပြည်နယ် ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ်ကို ကရင်တပ်မတော် (KNU/KNLA)နဲ့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ပူးပေါင်းတပ်တို့ တိုက်ခိုက်ရာ စစ်တပ်ဘက်က (၁၂)ဦး သေဆုံးခဲ့ပါတယ်။စစ်ကောင်စီဘက်က သေဆုံးသူအပြင် (၁၀)ဦး ဒဏ်ရာရခဲ့တယ်လို့ KRF က ဒီနေ့ညနေမှာ ထုတ်ပြန်လာပါတယ်။ကျိုက်ထိုမြို့နယ် မုပ္ပလင်ရွာ တောရကျောင်းကွေ့အနီး မနေ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ်က တိုက်ပွဲမှာ (၁၀)ဦး သေဆုံးပြီး ၆

စစ်တပ်ထံ လက်နက်အပ်ခဲ့သူ ဗိုလ်မှူးကြီးစောဆန်းအောင်အား DKBA ၏ ဗျူဟာမှူးတာဝန် ပေးအပ်

Posted: 26 Nov 2021 01:54 PM PST

နိုဝင်ဘာ ၂၆ရက်၊ ၂၀၂၁ခုနှစ်။ ပြီးခဲ့သည့်နှစ်က စစ်တပ်ထံ လက်နက်အပ်ခဲ့သူ ယခင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ဗိုလ်မှူးကြီးဟောင်းစောဆန်းအောင်ကို လက်ရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၏ အခြေချစစ်ဗျူဟာ မှူးတာဝန်ကို ပေးအပ်ခဲ့ကြောင်း DKBA ဘက်က အတည်ပြု ပြောဆိုသည်။၂၀၂၀ခုနှစ်၊ မတ်လ ၁၂ရက်နေ့က စစ်တပ်ထံ လက်နက်အလက် ၂၀ အပ်နှံကာ တပ်ဖွဲ့ဝင် ၁၃ဦးဖြင့် ပြန်လည်ဝင် ရောက်ခဲ့သူ ဗိုလ်မှူးကြီးစော

မြန်မာပဋိပက္ခ ပိုပြင်းထန်လာနိုင်ခြေ အမေရိကန်အပါ ၇ နိုင်ငံ စိုးရိမ်နေ

Posted: 26 Nov 2021 01:49 PM PST

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ထပ်ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်တယ်လို့ အမေရိကန်အပါအဝင် နိုင်ငံ ၇ နိုင်ငံက ပြောကြပါတယ်။သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ ဒီကနေ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ အဲဒီလိုဖော်ပြထားတာပါ။စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်တွေကို ချက်ခြင်း

မြသိန်းတန်ဘုရားအနီး ပိတ်မိ​နေ​သော PDF တပ်ဖွဲ့ဝင် ၄၅ဦးအား ​အောင်မြင်စွာကယ်ထုတ်နိုင်

Posted: 26 Nov 2021 05:59 AM PST

ကနီမြို့နယ် ချောင်းဝကြီးရွာအနီး မြသိန်းတန်ဘုရားတစ်ဝိုက်တွင် ပိတ်မိနေသည့် PDFတပ်ဖွဲ့ဝင် ၄၅ဦး ကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟု Kani PDF (KLG)က ယနေ့ (နိုဝင်ဘာ ၂၆ ရက်)တွင် ထုတ်ပြန်သည်။ နိုဝင်ဘာ ၂၅ ရက် နေ့လည် ၁၂ နာရီက ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်နေသည့် KLG တပ်ဖွဲ့ဝင်များမှာခုခံကာကွယ်ခဲ့ပြီးနောက် စစ်တပ်၏ ပိတ်ဆို့မှုကို ခံခဲ့ရသည်။ ထို့နောက် ကနီမြို့နယ်ဒေသတွင်းမဟာမိတ်အဖွဲ့များ

မတူပီ-ပလက်၀လမ်း ကင်းစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ

Posted: 26 Nov 2021 05:57 AM PST

ချင်းပြည်နယ် မတူပီ မြို့နှင့် ပလက်၀မြို့အကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကင်းစခန်းကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့သည်ဟု မတူပီ ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။နိုဝင်ဘာ ၂၅ရက်က မတူပီ-ပလက်၀ လမ်းပေါ် အခြေစိုက်ထားသည့် ခမရ (၃၀၄) တပ်၏ ကင်းစခန်းသည်  ခရီးသွားပြည်သူများအား  ခြိမ်းခြောက်စစ်ဆေးခြင်း၊ အကြောင်းမဲ့မတရား ဖမ်းဆီးနှိပ်စက်ခြင်းများ

စစ်ကောင်စီသတင်းပေးဟုဆိုသူ ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးကို KDF ဖမ်းဆီး

Posted: 26 Nov 2021 05:48 AM PST

ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေး ( အများက ဒလန်ဟု) သတ်မှတ်ထားသော စစ်ကောင်စီလက်ထက် ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးဖြစ်သူ ဒေါ်ခင်မေစိုး ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့   KDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။ " အဓိကကတော့ အဲ့ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေက သူက

မန္တလေး မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ (၂) ဗုံးပစ်ခံရ

Posted: 26 Nov 2021 05:39 AM PST

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၈၃ လမ်း နှင့် ၂၄ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၂) ကို ယနေ့ (နိုဝင်ဘာ ၂၆) နံနက် ၈ နာရီဝန်းကျင်က ဗုံးဖြင့် လာရောက်ပစ်သွားခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။" ဆိုင်ကယ်နဲ့ လူတစ်ယောက် ဘဏ် ၂ ကို ဗုံးနဲ့ လာပစ်တာ။ လူတွေထိခိုက်မှု မရှိဘူးလို့ သိရတယ်။ ဘယ်အဖွဲ့က လုပ်မှန်းတော့ မသိပါဘူး " ဟု မြို့ခံတစ်ဦးက ပြောသည်။ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်

စကစ နှစ်ဦး အသတ်ခံရပြီးနောက် ပုလဲနယ် ကြောင်ဝင်ဒူး ကျေးရွာကို စစ်ကောင်စီက မီးရှို့၊ ရဟန်းတစ်ပါးကိုလည်း ထိုးကြိတ်ခဲ့ဟုဆို

Posted: 26 Nov 2021 05:33 AM PST

MFP ၊ နိုဝင်ဘာ - ၂၆ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကြောင်ဝင်ဒူးကျေးရွာအနီးတွင် နိုဝင်ဘာလ (၂၅)ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦး အသတ်ခံရပြီးနောက် ကျေးရွာကို မီးရှို့ကာ ရွာဦးဘုန်းတော်ကြီးကျောင်းမျ မသန်စွမ်း ရဟန်းတစ်ပါးကိုလည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ "ခြေထောက်က သိပ်မသန်ဘူး။ အဲဒီဦးဇင်းက၊ မျက်နှာတွေလည်း ကန်ပြီး ဝိုင်းထိုးကြိတ်ခဲ့တာ။ ဘာဖြစ်လို့ ထုတာလဲတော့ မသိဘူး။ ဦးဇင်းကျောင်း

ရမည်းသင်း MAB ဘဏ် ဓားပြတိုက်ခံရ၊ သိန်း ၁၀၀၀ ကျော် ပါသွားဟု ဆို

Posted: 26 Nov 2021 05:29 AM PST

မန္တလေးတိုင်း၊ ရမည်းသင်း မြို့လယ်ရှိ မြန်မာ ရှေ့ဆောင်ဘဏ် ( MABဘဏ်) သည် ယနေ့ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဓားပြတိုက်ခံရကြောင်း ဒေသခံများထံမှတဆင့် သိရသည်။ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး လမ်းမဘေး ရမည်းသင်းမြို့လယ် နာရီစင် အနောက်ဘက် မြို့လယ်ခေါင်တွင် ရှိသည့် MAB ဘဏ်ကို ယနေ့ နေ့လည် ၁ နာရီခွဲဝန်းကျင်တွင် အမည်မသိ လူ ၂ ဦးမှ လက်နက်များကိုင်ဆောင်၍ ဓားပြတိုက်ခဲ့ပြီး ဘဏ်ရှိ ငွေကျပ်သိန်း ၁၀၀၀ ကျော်ကို

Friday, November 26, 2021

သစ်ထူးလွင်

သစ်ထူးလွင်


သံတောင်ကြီးမြို့မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

Posted: 25 Nov 2021 07:16 PM PST

မော်လမြိုင်၊ နိုဝင်ဘာ၂၅ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့ ၁၃ မိုင်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။သံတောင် ပျားစခန်းလမ်း ၁၁ မိုင်ကုန်အဆင်းနားမှာ စစ်ကောင်စီယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ

ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီးရဲအောင် ကို အငြိမ်းစားပေး

Posted: 25 Nov 2021 07:11 PM PST

NLD အစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကို စစ်တပ်က အငြိမ်းစားပေးလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ အာဏာသိမ်းစစ်ကောင်စီမှာ မပါလာဘဲ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြောင်းရွှေ့ခံထားရတာ ဖြစ်ပါတယ်။အငြိမ်းစားယူပြီးတဲ့နောက် ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းဟာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရဲ့ ဥက္ကဋ္ဌ

ဟားခါးမြို့ CDM ကျောင်းဆရာမ ၂ဦးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံး ၀န်ထမ်းတစ်ဦး ဖမ်းဆီးခံရ

Posted: 25 Nov 2021 05:31 PM PST

နို၀င်ဘာ ၂၅ ရက်နေ့ ညနေပိုင်း ၅နာရီခွဲခန့်က ဟားခါးမြို့တွင် နေထိုင်ကြသော CMD ကျောင်းဆရာမ ၂ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံး၀န်ထမ်းတစ်ဦးတို့အား စကစရဲသားများက ၎င်းတို့ရဲ့ နေအိမ်များတွင် လာရောက် ဖမ်းဆီးသွားကြကြောင်း သိရသည်။ ဖမ်းဆီးခံရသူများမှာ ဆရာမ ဒေါ်သင်ဖာမ်၊ ဆရာမ ရွန်အီယာန်နှင့် ရွေးကောက်ပွဲကော်မရှင်ရုံး၀န်ထမ်း ဦးထန်ဘွေတို့ ဖြစ်ပါတယ်။ CDM လှုပ်ရှားမှုတွင်ပါ၀င်မှုကြောင့် စကစရဲသားတွေက လာဖမ်းသွားကြတယ်

ဆူဒန် ပြန်လည်သင့်မြတ်ရေး သဘောတူညီချက်ကို ပြည်သူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

Posted: 25 Nov 2021 05:14 PM PST

ဆူဒန်မှာ စစ်တပ်က ပြီးခဲ့တဲ့လထဲ သူတို့ အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ အရပ်သားဝန်ကြီးချုပ် Abdalla Hamdok ကို ပြန်ခန့်အပ်ဖို့ သဘောတူညီခဲ့တဲ့နောက် စစ်ခေါင်းဆောင်တွေကို ဖိအားပေးတဲ့အနေနဲ့ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ မြို့တော် Khartoum နဲ့ တခြားမြို့ကြီးတွေမှာ ကြာသပတေးနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။စစ်တပ်နဲ့ သဘောတူညီချက် အတွက် ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် ထင်ရှားတဲ့ နိုင်ငံရေးပါတီ

ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မကျင့်ပြီး သတ်ဖြတ်ခံရ

Posted: 25 Nov 2021 05:08 PM PST

ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မကျင့်ပြီး သတ်ဖြတ်ခံရ သေဆုံးသူ အသက် ၂၁ နှစ်အရွယ် မမြင့်မြင့်ခိုင်။ Photo: CJထိုင်းနိုင်ငံမှာ ငါးရက်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် အလောင်းကို ပြန်တွေ့ခဲ့တဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ပစ်လိုက်တယ်လို့ ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသားတစ်ဦးက ဝန်ခံခဲ့ပါတယ်။ပြစ်မှုကျူးလွန်ပြီး ပုန်းရှောင်နေချိန်မှာ သေဆုံးသူရဲ့ ဝိညာဉ်က ခြောက်လှန့်တာ

မြန်မာပလာဇာက ဆိုင်ခန်းအများအပြား ယာယီပိတ်သိမ်းကြောင်း ကြေညာ

Posted: 25 Nov 2021 05:04 PM PST

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာပလာဇာ ဈေးဝယ်စင်တာမှာ စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့ ပါရမီလိုင်းကားကိုမစီးဖို့ မနေ့ညနေက စာတန်းကိုင် ဆန္ဒပြခဲ့တဲ့ လူငယ်တွေကို အဲဒီစင်တာက လုံခြုံရေးဝန်ထမ်းတချို့က ရိုက်နှက်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။အဲဒီဖြစ်စဉ်အပြီးမှာပဲ မြန်မာပလာဇာထဲမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းအများအပြားက ဆိုင်တွေကို ယာယီပိတ်သိမ်းကြောင်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ ကြေညာ

မင်းကင်း ပန်းဆက်ရွာသားတွေကို စစ်ကောင်စီ လက်နက်တပ်ဆင် ပေးထားတယ်လို့ပြော

Posted: 25 Nov 2021 04:53 PM PST

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားပြီး စစ်တပ်အရံအင်အားဟုဆိုကာ တရားဝင် လက်နက်ကိုင်ဆောင်ထားခိုင်းတယ်လို့ မင်းကင်း PDF က ဘီဘီစီကိုပြောပါတယ်။မင်းကင်းမြို့နယ်ထဲက ပန်းဆက်ကျေးရွာမှာ အဲ့ဒီလက်နက်ကိုင် ထားတဲ့ ဒေသခံတွေဟာ စာသင်ကျောင်းတွေရှေ့မှာ လုံခြုံရေးစောင့်ပေးနေတာတွေ့ရတယ်လို့ သူတို့ကပြောပါတယ်။စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသလက်နက်ကိုင်အဖွဲ့

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်၊ ၇ဦး သေဆုံးပြီး ၇ဦး ခန့်ဒဏ်ရာရနိုင်

Posted: 25 Nov 2021 04:43 PM PST

နိုဝင်ဘာ ၂၆၊ SGGစစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။နိဝင်ဘာလ ၂၅ ရက်၊ ညနေ ၂နာရီ ၅၀မိနစ် ဝန်ကျင်ခန့် နဘတ်ကျေးရွာနှင့် ဆွဲလဲအိုကျေးရွာကြား ခြေလျင်ဖြန့်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ဦးသေဆုံးခဲ့ပြီး ၃ဦး အပြင်းအထန် ဒဏ်ရာရရှိနိုင်တယ်လို့သိရပါတယ်။ညနေ ၅ နာရီ

မတ္တရာတွင် စစ်ကောင်စီယာဉ်တန်းကို PDF က ဗုံးခွဲတိုက်ခိုက်၊ တစ်စီးပျက်စီး

Posted: 25 Nov 2021 02:39 PM PST

MFP ၊ နိုဝင်ဘာ - ၂၅ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကျွန်းပင်ရွာ နှင့် သဖန်းကိုင်းရွာကြားတွင် စစ်ကောင်စီအဖွဲ့ဝင်များ တင်ဆောင်လာသည့် နှစ်စီးပါ ယာဉ်တန်းကို ယနေ့ နိုဝင်ဘာလ (၂၅)ရက် နံနက် (၁၀)နာရီကျော်အချိန်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီအဖွဲ့ဝင်များသည် မတ္တရာမြို့နယ် အုန်းလွတ်ရွာရှိ ဒေသခံတစ်ဦးကို ရိုက်နှက်စစ်ဆေးပြီးအပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းပြီး