Wednesday, June 29, 2022

သစ်ထူးလွင်

သစ်ထူးလွင်


စစ်​ကောင်စီတပ်မှလေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်​နေသည့်ကြားမှ စခန်းကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့၊နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်မှ ၅၀ကျော်သေနိုင်ဟု ခန့်မှန်း

Posted: 28 Jun 2022 10:01 AM PDT

(ပူး​ပေါင်းတပ်ဖွဲ့များက ကရစ်ထစခန်းကို သိမ်းပိုက်ရန်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ဇွန်လ၂၇ရက်တွင် ​လေ​ကြောင်းမှ ဗုံးကြဲ၍ စစ်ကူ​ပေး​နေစဥ်။ ​လေ​ကြောင်းမှ အကြိမ်ကြိမ်လာ​ရောက်ဗုံးကြဲတိုက်ခိုက်သည့်ကြားမှ စခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်စခန်း ဥကရစ်ထစခန်းကို ယနေ့ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသား

မိုးဗြဲမြို့နယ်ရှိ ဝါရီဆူးပလိုင်ရွာအား စစ်ဇုန်အဖြစ်သတ်မှတ်လိုက်ကြောင်း မိုးဗြဲ PDF ထုတ်ပြန်

Posted: 28 Jun 2022 09:59 AM PDT

(ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော ဝါရီဆူးပလိုင်ကျေးရွာဖြစ်သည်။ဓာတ်ပုံ - လွိုင်ကော်PDF)ရှမ်း - ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့နယ်ရှိ ဝါရီဆူးပလိုင်ကျေးရွာအား စစ်ဇုန်အဖြစ်သတ်မှတ်လိုက်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့(ဇွန် ၂၈ရက်)တွင် ထုတ်ပြန်သည်။စစ်ဇုန်အဖြစ်သတ်မှတ်ရသည့်အကြောင်းရင်းမှာ အကြမ်းဖက်စစ်ကောင်စီသည် အများပြည်သူလယ်ယာများ(ဧကစုစုပေါင်း ၁၀၀၀

ဆားလင်းကြီးရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

Posted: 28 Jun 2022 09:55 AM PDT

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ယနေ့ဇွန်လ(၂၈) ရက်နေ့၊ ညနေပိုင်းက လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခန်ခဲ့ကြောင်း Federal Democratic Revolution Force(FDRF)က သတင်းထုတ်ပြန် သည်။၎င်းတိုက်ခိုက်မှုကို FDRF၊ BED ငညိုပျောက်ကျားတပ်ဖွဲ့၊Killers United၊ မိုးသောက်ကြယ်အဖွဲနှင့် အခြားညီ‌နောင်မဟာမိတ်တပ်ဖွဲ့တိုမှ (၆၀)မမ၊ (၈၁)မမလက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါတိုက်ခိုက်

သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်သား (၁၄) ဦးသေဆုံးကြောင်း ရရှိခဲ့သည့်လက်နက်များနှင့်တကွ ထုတ်ပြန်

Posted: 28 Jun 2022 09:46 AM PDT

ဓာတ်ပုံ - ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့သရက်ချောင်း၊ ဇွန် (၂၈)တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း၌ ဇွန်လနောက်ဆုံးပတ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၁၄) ဦးသေဆုံးခဲ့သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က သိမ်းဆည်းရမိခဲ့သည့် လက်နက်များနှင့်တကွ ယနေ့ထုတ်ပြန်လိုက်သည်။စစ်ကောင်စီတပ်သား အင်အား (၅၀) ခန့်သည် သရက်ချောင်းမြို့နယ် ကျောက်ဖြူကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် ဇွန်လ (၂၄)

မုံရွာမှ ထွက်ခွါလာသည့် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးသေ

Posted: 28 Jun 2022 09:44 AM PDT

မုံရွာ၊ ဇွန် ၂၈စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ ထွက်ခွာလာသည့် တကားနှစ်စီးကို ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက ချောင်းဦးမြို့နယ် ဂွေးပင်တောကျေးရွာ အနီးတွင် မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) စစ်ကိုင်းခရိုင် တပ်ရင်း (၅)က ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံမှသိရသည်။"ဖြစ်စဥ်ကတော့ မနေ့ကဖြစ်တာ၊ သတင်း အတည် မဖြစ်သေးလို့ ဒီနေ့မှထုတ်ပြန်တာပါ။  မနေ့က ညနေ ၅နာရီ ဝန်းကျင်မှာ စခ အ

စစ်တပ်၏ ဥကရစ်ထစခန်းကို (၃) ရက်တိုင်တိုင် တိုက်ခိုက်ပြီးနောက် ယနေ့ အကြမ်းဖက်စစ်သား (၂၀) ခန့်သေ

Posted: 28 Jun 2022 09:43 AM PDT

● စခန်းကို အပြီးမသိမ်းနိုင်သေးသော်လည်း သိမ်းပိုက်ရန် အခြေအနေကောင်းများရှိဟုဆို (ရုပ်သံ)ဝေါလေ၊ ဇွန် (၂၈)ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ အကြမ်းဖက်စစ်တပ်၏ ဥကရစ်ထစခန်းကို ဇွန်လ (၂၆) ရက်နေ့နံနက်က စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ညနေပိုင်းတွင် သိမ်းပိုက်လိုက်နိုင်ပြီဟု မီဒီယာအချို့က ရေးသားနေကြသော်လည်း အပြီးမသိမ်းပိုက်နိုင်သေးကြောင်း Venom စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ အတည်ပြုသည်။ထိုစခန်းကုန်း

ကြို့ပင်ကောက် PDF က ရာအိမ်မှူးလင်မယားနဲ့ ပျူ ၂ ဦးပါ ၄ ဦးကို တပြိုင်နက်သုတ်သင်

Posted: 28 Jun 2022 09:38 AM PDT

ကြို့ပင်ကောက်၊ ဇွန် ၂၈၊ ၂၀၂၂။ပဲခူးတိုင်း(အနောက်ခြမ်း) ကြို့ပင်ကောက်မြို့က ရာအိမ်မှူးလင်မယား အပါအဝင်  ၄ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ Gyobinkauk PDFက ဇွန်လ ၂၈ ရက် ဒီကနေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၂၇ ရက် မနေ့ည ၈နာရီလောက်က ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းအုပ်စု ကျောက်စရစ်ကုန်းရွာက ရာအိမ်မှူးဦးလှကြည်ရဲ့အိမ်မှာပဲ ဇနီးဖြစ်သူ ဒေါ်စန်းမြင့် တရွာတည်းသားကိုဝင်းမြင့်နဲ့ ကိုခင်ဇော် တို့သုတ်သင်ခံရတာ

မြင်းမူမှာ အုပ်ချုပ်ချုပ်ရေးမှူးဟောင်းနဲ့ မိန်းမဖြစ်သူ ကြံ့ခိုင်ရေးဥက္ကဌတို့ သေနတ်နဲ့ ပစ်သတ်ခံရ

Posted: 28 Jun 2022 09:37 AM PDT

မြင်းမူ၊ ဇွန် ၂၈၊ ၂၀၂၂။မြင်းမူမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးအဟောင်းနဲ့ သူရဲ့မိန်းမ ရပ်ကျေးကြံ့ခိုင်ရေးပါတီ ဥက္ကဌတို့ကို ဇွန်လ ၂၇ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ People's Army to Fight Dictatorship PAFD တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကံဖျားကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ခိုင် (၄၃) နှစ်နဲ့  ရပ်ကျေး ကြံ့ခိုင်ရေးပါတီဥက္ကဌ ​ဒေါ်အေးမာကြူ (၄၀) နှစ်တို့ကို

PDF လာဝိုင်းတယ်ဆိုပြီး သာယာဝတီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အချင်းချင်းပစ်မိလို့ ၁ ဦးကျည်ထိ စိုးရိမ်ရ

Posted: 28 Jun 2022 09:36 AM PDT

သာယာဝတီ၊ ဇွန် ၂၈၊ ၂၀၂၂။ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့၊ ရန်ကုန် -ပြည်ကားလမ်းမပေါ် အ.ထ.က - ၁ ကျောင်းလမ်းဆုံမှာ ဇွန်လ ၂၇ ရက် မနေ့ည ၈ ညနာရီ ၄၅ မိနစ်ဝန်းကျင်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲ့ဒီလမ်းဆုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ တပ်မ ၆၆ လက်အောက်ခံ သာယာဝတီမြို့နယ်အခြေစိုက် ခလရ (၃၅) တပ်ဖြစ်ပြီး၊ PDF တွေလာဝိုင်းတယ်လို့ဆိုကာ

တမူးမြို့နယ် ရန်လင်းဖိုင်ရွာနားမှာ စစ်ကောင်စီယဉ်တန်းမိုင်းဆွဲတိုက်ခိုက်ရာ ၂၀ ကျော်သေဆုံး

Posted: 28 Jun 2022 09:34 AM PDT

တမူးမြို့ကနေ ကလေးမြို့ဘက်ကိုပြန်လှည့်လာတဲ့ စစ်ကောင်စီကား ၃ စီးကို လင်းဖိုင်ကျေးရွာနှင့်  ဝိတုတ်ကျေးရွာကြားမှာ PDF တပ်ရင်း( ၃ ) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား (၃) စီးထိမှန်၍  စစ်ကောင်စီတပ်များ ၂၀ ကျော်သေဆုံးနိုင်တယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ကလေးမြို့ကနေ တမူးမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဇွန် ၂၆ ရက်တွင် တမူးကနေ ကလေးမြို့ဘက်ပြန်လှည့်ရာ အဲ့ဒီည တမူးမြို့နယ် Khawhmunnuam

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက် (၃) ဦးထက်မနည်း ကျဆုံး

Posted: 28 Jun 2022 09:32 AM PDT

ဇွန် (၂၈) သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် သျှမ်းမြောက် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၃) ဦးထက် မနည်းသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။အဆိုပါ တိုက်ပွဲသည် ပြီးခဲ့သည့် ဇွန် (၂၄) ရက်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေး တောင်ကုန်းတစ်ခုပေါ် မှ စစ်ကောင်စီ တပ်ဖွဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း

မန္တလေးမှ မုံရွာဘက်သို့တက်လာသော စစ်ကောင်စီယာဉ်တန်း မိုင်ဆွဲတိုက်ခိုက်ခံရ

Posted: 28 Jun 2022 09:30 AM PDT

June 28, 2022မန္တလေး မှ မုံရွာဘက်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်းကို ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းခုလပ်တစ်နေရာတွင် ချောင်းဦးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ CHU LDF အဖွဲ့က မိုင်းဆွဲ တိုက်ခဲ့သဖြင့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု ၅ဦးအထက် ရှိခဲ့ကြောင်းသိရသည်။ဇွန်လ ၂၇ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီယာဉ်တန်းအဖွဲ့ ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနင်းလာခဲ့ရာ ချောင်းဦးမြို့ နှင့် ငါးယှန်

"အရာတော်မြို့အနောက်ဘက် ကမ္ဘောဇအထွက်တွင် မြို့ပေါ်မှ ဒလန်ဟု နာမည်ကြီးသူ ကျော်ဇေယျ ရှင်းလင်းခံရ၍ စစ်ကောင်စီတပ်ဖွဲ့များ အလောင်းလာကောက်"

Posted: 28 Jun 2022 09:26 AM PDT

ဓာတ်ပုံ - ယခင်က အရာတော်မြို့အနောက်ထွက်တွင် စစ်ဆေးနေသော စစ်တပ်နှင့် ရဲများ (အရာတော်မြို့ Page)ဇွန် ၂၈ | အရာတော်ယနေ့ ဇွန် ၂၈ ရက်၊ ညနေ ၅ နာရီခန့်က အရာတော်မြို့အနောက်ဘက်၊ အရာတော်-မုံရွာလမ်းပေါ်၊ ကမ္ဘော‌ဇအထွက်ကွေ့နားတွင် မြို့ပေါ်မှ ဒလန်သတင်းပေးဟု နာမည်ကြီးသည့် ကျော်ဇေယျ ဆိုသူ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။မကြာမီတွင် စစ်ကောင်စီတပ်ဖွဲ့တချို့ ရောက်ရှိလာပြီး အလောင်းသယ်သွားကာ အနီးအနားကို ရှာဖွေစစ်မေး

Sunday, June 26, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးသည့် ရဲတပ်ကြပ်ကြီး တစ်ဦး ထိန်းသိမ်းခံရ

Posted: 25 Jun 2022 10:06 AM PDT

ဇွန် ၂၅၊ ၂၀၂၂။  ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးသည့် ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးဆိုသူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် "Happy Birthday ပါ အသက်ရှည်ရှည်နေရပါစေ" ဟု ရေးသားခဲ့

ပေါက်မြို့နယ် သရက်ကန်ရဲစခန်းအား ပူးပေါင်းအဖွဲ့များ ဝင်တိုက်၊ စစ်ကောင်စီက ရဟတ်ယာဥ် ပစ်ကူရ

Posted: 25 Jun 2022 10:03 AM PDT

မဲခေါင်၊ ဇွန် ၂၅မကွေးတိုင်း၊ ပေါက်နှင့်မြိုင်မြို့နယ်ကြားတွင် ရှိသည့် သရက်ကန်ရဲစခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် လေကြောင်းပစ်ကူရသည်အထိ တိုက်ပွဲပြင်းထန် ခဲ့ကြောင်း အမိမြေတော်လှန်ရေးအဖွဲ့က ထုတ်ပြန်သည်။MHG တပ်ရင်းမှခွဲ (၁) Black Master၊ခွဲ(၂) 101၊ ခွဲ (၃) GOM၊ နှင့်မဟာမိတ်

လက်ပံတောင်းတောင်က ရွာ ၂ ရွာကို စစ်တပ်က မီးဝင်ရှို့ပြီး ရွာသားတချို့ကို ရိုက်သတ်၊ သေတဲ့ အလောင်း ၅ လောင်းကို တုံအလည်ရွာတွင် စုပုံထား

Posted: 25 Jun 2022 09:56 AM PDT

(မုံရွာ) ဇွန်လ ၂၅ ရက်စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသအား စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး တုံရွာ (ရွာမ) နှင့် တောကျောင်းကျေးရွာတို့ကို မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။စစ်ကောင်စီတပ်သားများမှာ ရွာများကို မီးတင်ရှို့ရင်း တုံရွာ (ရွာမ) ရွာသားတချို့ကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုများ

ကူမဲမြို့မှာ ပထမအကြိမ် ပစ်ခတ်ခံရစဉ်က မသေဘဲ ရဲဗလ ဆုရခဲ့တဲ့ စကစအုပ်ကြီး မနေ့ညက သုတ်သင် ရှင်းလင်းခံရ

Posted: 25 Jun 2022 09:53 AM PDT

ဇွန် - ၂၅မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့က စစ်အုပ်စု လက်အောက်ခံ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနိုင် နှင့် ဇနီးဖြစ်သူတို့ မနေ့က ညဦးပိုင်းမှာ အိမ်ထဲဝင် ပစ်ခတ်ခံရပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ကူမဲမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ပထမအကြိမ် ပစ်ခတ်ခံရဖူးပြီး အဲ့ဒီတုန်းက အသက်မသေဘဲ

မန္တလေးမြို့လယ် (၈၄)လမ်းပေါ်မှာ စစ်အုပ်စုက အမျိုးသားတစ်ဦးကို ပစ်သတ်

Posted: 25 Jun 2022 09:51 AM PDT

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ၈၄ လမ်း/ Photo  - CJဇွန် - ၂၅မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၈၄) လမ်းနှင့် (၃၅) လမ်းမှာ ဒီကနေ့ နေ့လည် (၃)နာရီကျော်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။အဲ့ဒီ ပစ်ခတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သေဆုံးသူဟာ စကစ မဟုတ်ဘဲ စစ်အုပ်စုက အမျိုးသားနှစ်ဦးကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်ခဲ့တာ ဖြစ်တယ်

ထန်းတပင်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းကို KNLA/PDF တိုက်ခိုက်၊ စစ်ကောင်စီတပ် ​လေးဦးသေ

Posted: 25 Jun 2022 09:47 AM PDT

ဓာတ်ပုံ - Taw Oo Karen Newsကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂) တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ​လေးဦးသေဆုံးခဲ့ကြောင်း KNU/ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။"မနေ့ညတုန်းက ထန်းတပင်မြို့နယ် နတ်ရွာကျေးရွာမှာ ကင်းလှည့်နေတဲ့အဖွဲ့ကို ကျွန်တော်တို့ KNLAရယ် PDFရယ် ပူးပေါင်းအဖွဲ့ကနေ

ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

Posted: 25 Jun 2022 09:46 AM PDT

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People's Guerillas Commando - Myinmu အဖွဲ့က ထုတ်ပြန်သည်။ ဘုတလင်မြို့နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်လုယက်ပြီး နေအိမ်များအား မီးရှို့ဖျက် ဆီးနေသည့် စစ်ကောင်စီတပ်သားများ စခန်းချနေသည့် ကူတော်ရဲစခန်းအား ယမန်နေ့ (ဇွန်လ၂၄ ရက်) မွန်းလွဲ ၂နာရီခွဲခန့်က ရှော့ဒုံးများဖြင့် ပစ်ခက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း

ဒေါငံခါးရွာက ပြည်သူ့နေအိမ်ကို တပ်စခန်းလုပ်ထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

Posted: 25 Jun 2022 09:43 AM PDT

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး ကျေးရွာရှိ ပြည်သူ့နေအိမ်ကို အသုံးပြုပြီး တပ်စခန်းအခိုင်အမာ တည်ဆောက်ထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ဇွန်လ(၂၅)ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။အဆိုပါတိုက်ပွဲသည် နံနက်(၆)နာရီမှ နေ့လယ် (၂)နာရီအထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဥ်တစ်စီးဖြင့် နှစ်ကြိမ် ထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း

မန္တလေးမဟာအောင်မြေမြို့နယ်ထွေအုပ်ရုံးကို မြို့ပြပြောက်ကျားအဖွဲ့များ နှစ်ညဆက် ပစ်ခတ်တိုက်ခိုက်

Posted: 25 Jun 2022 09:40 AM PDT

မန္တလေး၊ ဇွန် ၂၅ စစ်ကောင်စီကတပ်စွဲထားသည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ (၄၂)လမ်းနှင့် (၆၅) လမ်းအနီးရှိ မဟာအောင်မြေ မြို့နယ်ထွေအုပ် ရုံးကို မြို့ပြပြောက်ကျား ရဲ ဘော်များပူးပေါင်းကာ နှစ်ညဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kings Cobra Guerilla Force -MDY က သတင်းထုတ်ပြန်သည်။အဆိုပါထွေအုပ်ရုံးကို ပြီးခဲ့သည့်ဇွန်(၂၃)  ရက် ည(၁၁)နာရီကျော်က သေနတ်ဖြင့်နှစ် ချက်ပစ်ခတ်ခဲ့ပြီး ယမန်နေ့ဇွန်လ၂၄ရက်ည(၈)နာရီ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထဲကို သွယ်တန်းထားတဲ့ ပင်မဓါတ်အားတိုင်ကို ဖြိုချဖျက်စီး

Posted: 25 Jun 2022 09:37 AM PDT

ဆားလင်းကြီး၊ ဇွန် ၂၅ ၊၂၀၂၂။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်သွယ်ပေးပို့ထားတဲ့ ပင်မဓါတ်အားလိုင်းတိုင်ကို ဇွန်လ ၂၄ ရက် မနေ့ ည ၁၀ နာရီခွဲလောက်က ဖြိုချဖျက်စီးပစ်ခဲ့တယ်လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ဖျက်အားပြင်းဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်စီးခဲ့တာဖြစ်ပြီး လျှပ်စစ်ဓါတ်အားမရတာကြောင့် အဓ်ိကငွေဝင်လမ်းကြောင်းဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေး

PDF တွေ ရဲစခန်းဝင်တိုက်လို့ စစ်အုပ်စုဘက်က အသေအဆုံးများပြီး စစ်ရဟက်ယာဥ်သုံး တိုက်ခိုက်နေရ

Posted: 25 Jun 2022 09:35 AM PDT

ဓါတ်ပုံ - God Of Myaing - People's Defence Force တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)မြိုင်၊ ဇွန် ၂၅၊ ၂၀၂၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ဇွန်လ ၂၅ ရက်၊ ဒီကနေ့မနက် အစောပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အင်အား ၄၀ နဲ့ ၆၀ အကြားရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီမနက် ၄ နာရီလောက်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေက လက်နက်ကြီး

ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်သတ်ခံရ

Posted: 25 Jun 2022 09:32 AM PDT

Photo- The voice of shanniJune 25,2022ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဖေသည် ယနေ့ည ၈နာရီဝန်းကျင် နေအိမ်တွင် သေနတ်ပစ်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများမှ သိရသည်။" ကျနော်ကြားရတာက ဆိုင်ကယ်နဲ့လူငယ်နှစ်ယောက်က ခေါင်းတည့်တည့်လာပစ်သွားတာ သုံးချက်လောက်ထိတယ်လို့ပြောတယ်။ နေရာတင်ပွဲချင်းပြီး ဆုံးသွားတယ်လို့ သိရတယ်" လို့ ဒေသခံတစ်ဦးကပြောသည်။သေနတ်ပစ်ခံရကာ သေဆုံး

Friday, June 24, 2022

သစ်ထူးလွင်

သစ်ထူးလွင်


မန္တလေးမြို့လယ် ဗောဓိကုန်းအနီးက အမှတ်(၁၂) မူလွန်ကျောင်းရှေ့ ပေါက်ကွဲမှုဖြစ်

Posted: 23 Jun 2022 11:06 AM PDT

ဇွန် - ၂၃ မန္တလေးမြို့လယ် ဗောဓိကုန်းဘုရားအနီးက အမှတ် (၁၂) မူလတန်းလွန်ကျောင်းရှေ့မှာ နေ့လယ် (၂)နာရီခွဲလောက်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ (၄၁)လမ်း၊ ၇၁ လမ်းနဲ့ ၇၂ လမ်းကြားမှာရှိတဲ့ အဲဒီကျောင်းကို ကျောင်းဆင်းချိန်လာကြိုတဲ့ ကားကို ဗုံးထုတိုက်ခိုက်တယ်လို့လည်း ဆိုကြပြီး အရပ်သားကားလား၊ စစ်ကားလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ " မိန်း(တက္ကသိုလ်)ဘက်ကနေ အုန်းဆိုပြီး အသံအကျယ်ကြီးပဲ

ဥက္ကံမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူတဦး သေနတ်နဲ့ ပစ်သတ်ခံရ

Posted: 23 Jun 2022 10:59 AM PDT

ဥက္ကံ၊ ဇွန်၂၃၊ ၂၀၂၂။ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူတဦး မနေ့က နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။သေနတ်နဲ့ ပစ်ခံရသူဟာ ကင်းမတီးရွာက အောင်မိုးဆိုသူဖြစ်ကာ ဇွန်လ၂၂ရက် မနေ့က နေ့လယ် ၃နာရီဝန်းကျင်မှာ ဆိုင်ကယ်နဲ့ အပြင်ထွက်အလာကို စောင့်ကြည့်ပြီး သေနတ်နဲ့ ၆ချက်ပစ်ပြီး ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဥက္ကံ PDF တပ်စိပ်မှူး

တန့်ဆည်နယ် အင်္ကုက္ကားရွာရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ ပျူနှင့် စစ်သား လေးဦးသေ

Posted: 23 Jun 2022 10:59 AM PDT

တန့်ဆည်မြို့နယ် အင်္ကုက္ကား​ကျေးရွာတွင် တပ်စွဲထားသော စစ်​ကောင်စီတပ်သားနှင့် ပျူစောထီးများကို PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare -K.P.K တပ်ဖွဲ့မှ ယနေ့(ဇွန် ၂၃) ထုတ်ပြန်သည်။ယနေ့ ညနေ ၃နာရီခန့်က  Guerrilla Warfare -K.P.K တပ်ဖွဲ့၊TSR၊PLA၊ PRF ၊TazeTiger ၊တပ်ရင်း - ၁၀ ၊တပ်ရင်း - ၁၆ ၊ ပကဖ နှင့် ပလဖတပ်ဖွဲများပူးပေါင်းကာ အင်္ကုက္ကားရွာတွင်တပ်စွဲထားသော စစ်တပ်နှင့် ပျူစော

မုံရွာ-ချောင်းဦးလမ်းပိုင်းနှင့် ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများအားလုံးပြည်သူများဖြတ်သန်းသွားလာမှုမလုပ်ရန် PDF များအသိ​ပေး

Posted: 23 Jun 2022 10:58 AM PDT

မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်းမိုင်းပေါက်ကွဲမှုဖြစ်ပွားနေ၍  စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်။      ။ဓါတ်ပုံ-CJစစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီး၏မုံရွာ-ချောင်းဦးလမ်းပိုင်းနှင့် ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများအားလုံးအား ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာသည်။ပြည်သူများအနေဖြင့် ယခုရက်ပိုင်း ခင်ဦးလမ်းပိုင်အားလုံး အသုံးမပြုကြပါ

တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပျူစောထီးတွေကို ဒေသကာကွယ်ရေး PDFတွေ ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီတပ်နဲ့ပျူစောထီအဖွဲ့ဝင် ၂၅ဦးခန့်သေဆုံး

Posted: 23 Jun 2022 10:52 AM PDT

ဓါတ်ပုံ - PDF Tamu - တပ်ရင်း ၃ဇွန် ၂၃စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံပျူစောထီးအဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေး PDFတပ်ဖွဲ့တွေဖြစ်တဲ့ တမူး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၁) ၊ တပ်ရင်း (၂) နှင့် Special Task Force အဖွဲ့ဝင်တွေ ပူးပေါင်းပြီး မနေ့က (ဇွန်လ ၂၂ရက်) ဝင်ရောက်တိုက်ခိုက်ခဲ့တာ

ဆားလင်းကြီး မြို့မရဲစခန်းကို လက်နက်ကြီး ၁၁ ချက်ပစ် စစ်သား ၅ ဦးခန့်သေဆုံးနိုင်

Posted: 23 Jun 2022 10:48 AM PDT

ဆားလင်းကြီး၊ ဇွန် ၂၃၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းကို ဇွန်လ ၂၃ ရက် ဒီမနက်အစောပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ဒီမနက် ၂ နာရီခွဲလောက်မှာ ရဲစခန်းရဲ့ အနောက်ဘက်ပိုင်းကနေ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့ဝင်တွေက ၁၂၀ မမ လက်နက်ကြီးနဲ့ ၁၁ လုံးခန့် ပစ်ခတ်တိုက်ခဲ့တာလို့ အဲ့ဒီအဖွဲ့ရဲ့ ဝာာဝန်ခံက ပြောပါတယ်။ "ကျနော်တို့ ရဲစခန်းရဲ့ အနောက်ဘက် တမိုင်ခွဲ

နတ်မောက်က ပျူစောထီးဆိုသူကို ဗိဿနိုးအဖွဲ့က သေနတ်နဲ့ပစ်သတ်

Posted: 23 Jun 2022 10:46 AM PDT

နတ်မောက်၊ ဇွန် ၂၃၊၂၀၂၂။မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ပျူစောထီးဆိုသူတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဗိဿနိုး PDF က ဇွန်လ ၂၃ ရက် ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ဇွန်လ ၂၂ ရက် မနေ့ညနေ ၄ နာရီလောက်က နတ်မောက်မြို့နယ်၊ သပွတ်ပင်ကျေးရွာနေ ကိုဝင်းလွင်ဦး ဆိုသူကို စစ်ကောင်စီကင်းတဲက အပြန်မှာ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။"နတ်မောက်မြို့ထဲက လုံခြုံရေးကင်းတဲမှာ သွားနေတာ၊ ရွာတွေကို စစ်ကြောင်းဝင်မယ်ဆို သူက

ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား

Posted: 23 Jun 2022 10:43 AM PDT

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအနီးတွင် ဒုရဲမှူးစိုးထွဋ်​ခေါင်အပါအဝင် ပျူစောထီးတို့အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ဒုရဲမှူးအပါ ပျူစောထီး ၁၄ ဦး အထိသေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ စစ်ကူအဖြစ် တက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ကံသစ်ကျေးရွာမှ ၉တန်းကျောင်းသားတစ်ဦးကို သတ်ပစ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ဇွန်လ ၂၂ ရက် ယမန်နေ့တွင်

ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး

Posted: 23 Jun 2022 10:41 AM PDT

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့ မှ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ၄ ကြိမ်အထိဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ကသာနယ်သို့ ကုန်းကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ

လက်ပံတောင်းတောင်ဒေသ ဆည်တဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာသား ၄၀ ကျော်အား ဓားစာခံပြုလုပ်ကာ ရွာအတွင်းမှ ပြန်ဆုတ်ခွာ

Posted: 23 Jun 2022 10:23 AM PDT

မုံရွာ၊ ဇွန်လ ၂၃ ရက်စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ ဆည်တဲရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မနေ့က ည ၁၀ နာရီကျော်တွင် ရွာသား ၄၀ ကျော်အား ဓားစာခံပြုလုပ်ကာ ရွာအတွင်းမှ ပြန်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဆိုပါ စစ်ကောင်စီတပ်များမှာ ​လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာများတွင် ဇွန်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များ၌ ဒေသခံရွာသားများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မီးတင်ရှို့ခြင်း

Thursday, June 23, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲ ပို့ဆောင်

Posted: 22 Jun 2022 06:57 AM PDT

ဇွန် - ၂၂ စစ်အုပ်စုက ဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ မွန်းလွဲပိုင်းမှာ နေပြည်တော်အချုပ်ထောင်ထဲ ပို့ဆောင်ခဲ့တယ်လို့ NLD ပါတီအသိုင်းအဝိုင်းက သိရပါတယ်။ နေ့လယ် (၂)နာရီခန့်က ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ NLD ပါတီ အမတ် ဦးကျော်သီဟက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် တရားစွဲဆိုထားတဲ့ အမှုပေါင်း (၁၉)မှုအတွက် နေပြည်တော်

မြင်းခြံမှာ မီတာခ ကောက်တဲ့ ဝန်ထမ်းနှစ်ယောက် သေနတ်ပစ်ခံရပြီး သေ

Posted: 22 Jun 2022 06:56 AM PDT

ဇွန် - ၂၂ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာ မီတာခသွားကောက်ပြီး ပြန်လာတဲ့ လျှပ်စစ်ဝန်ထမ်းနှစ်ယောက်ဟာ မနေ့ညနေပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မီတာခကောက်ခံပြီး ပြန်လာတဲ့ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကိုနဲ့ ဦးမျိုးဇော်ဝင်းတို့ဟာ မြင်းခြံနယ် နှပ်ချိုတောရွာအနီးမှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာလို့ ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကိုတော့ ဒီနေ့ညနေပိုင်းအထိ မသိရ

ရွာငံမြို့နယ်မှ သစ်တောဦးစီးမှူး ဝမ်းတွင်းမြို့နယ်တွင် ရှင်းလင်းခံရ

Posted: 22 Jun 2022 06:55 AM PDT

(အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရသည့် လမ်း။ရှင်းလင်းခံရသည့် သစ်တောဦးစီးမှူး၊ ဓာတ်ပုံ - WTRF)▪️အ​လောင်းလာ​ကောက်သည့် စစ်​ကောင်စီတပ်ယာဥ်ပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုထုတ်ပြန်ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှ သစ်တောဦးစီးမှူး ဝမ်းတွင်းမြို့နယ်တွင် သုတ်သင်ရှင်းလင်းခံရပြီး အလောင်းလာကောက်သည့် အကြမ်းဖက်စစ်​ကောင်စီတပ်ယာဥ်ပါ မိုင်းဆွဲခံရကာ ​ခြောက်ဦးခန့်သေဆုံးနိုင်

ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၅ ဦးလောက်သေဆုံးတယ်လို့ဆို

Posted: 22 Jun 2022 06:53 AM PDT

ရေတာရှည်မြို့နယ် ဂွေးသဲရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦး သေဆုံးနိုင်တယ်လို့ ရေတာရှည် PDF တပ်ဖွဲ့ခွဲ(၂)က သတင်းထုတ်ပြန်ထားပါတယ်။ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေါင်းအင်းကုန်းကျေးရွာအုပ်စု ဂွေးသဲကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂၀)ခန့်ကို သံတောင်မြောက်ပိုင်းအထူးဒေသ အဘဦးကိုကြီးအဖွဲ့နဲ့

မင်းလှက စစ်သား သားသမီးတွေကို စစ်သင်တန်းတက်ခိုင်းပြီး၊ သေနတ်ပစ်နိုင်သေးတဲ့ စစ်မှုထမ်းဟောင်းတွေ ကင်းစောင့်နေရ

Posted: 22 Jun 2022 06:52 AM PDT

မင်းလှ၊ ဇွန် ၂၂၊ ၂၀၂၂။ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်း (ခလရ ၁) စစ်ကောင်စီတပ်မှာ တပ်အင်အားမရှိလို့ စစ်မှုထမ်းဟောင်း အသက်ကြီးရွယ်အိုတွေကို ခေါ်ယူအလုပ်ပေးပြီး ကင်းစောင့်ခိုင်းနေတယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့ဒေသခံတွေဆီက သိရပါတယ်။စစ်မှုထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူရမှာ သေနတ်ပစ်ခတ်နိုင်ရေးကို အဓိကထားခေါ်ယူနေကာ ခြေထောက်တဖက်ပြတ်နေသူတွေလည်း ပါဝင်တယ်

PDF အဖွဲ့များဝိုင်းတိုက်လို့ ဒုရဲမှူးအပါ ၁၄ ဦးသေဆုံး ပွင့်ဖြူကျဆုံးရဲဘော်များအတွက်သွေးကြွေးဟုဆို

Posted: 22 Jun 2022 06:48 AM PDT

 ဇွန် ၂၂ ၊ ၂၀၂၂။စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာ မှာ PDF အဖွဲ့များဝိုင်းတိုက်လို့ စစ်ကောင်စီ ဒုရဲမှူးအပါအဝင် ၁၄ ဦးသေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီကနေ ၁၁ နာရီအထိ အချိန်ယူကာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ၃ ပွင့် ရဲမှူး၊ တပ်ကြပ်ကြီးတယောက် အပါအဝင် ၁၄ ဦးကို တိုက်ခိုက်ရှင်းလင်းနိုင်ခြင်းဖြစ်ပြီး ဖောကားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။"အဲဒီကားပေါ်

နန်းပေါ်လုံကျေးရွာက နေအိမ်တွေ ထပ်မံ မီးရှို့ခံရ

Posted: 22 Jun 2022 06:46 AM PDT

ဓာတ်ပုံ - ဖယ်ခုံ PDF တပ်ရင်း ( ၂ )ဖယ်ခုံမြို့ နယ် နန်းပေါ်လုံကျေးရွာက နေအိမ် ၃ လုံး ယမန်နေ့ ( ဇွန်လ ၂၁ရက်နေ့ ) ည ၇နာရီဝန်းကျင်အချိန်မှာ ထပ်မံ မီးရှို့ခံရတယ်လို့ ဖယ်ခုံ  PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။" အဲ့ဒီ နန်းပေါ်လုံရွာက အရင်ကတည်းက စစ်တပ်ရောက်ထားပြီးသားပဲလေ။ အဲ့တာ ရှေ့ကို ဆက်တိုးမလာပဲ။ အဲ့ဒီရွာတွေမှာပဲ အရင်ကတည်းက။ နှစ်လုံးသုံးလုံး မီးထပ်ရှို့တယ်။ အများကြီးတော့ မဟုတ်ဘူး။ သုံးလေးကြိမ်လောက်ရှိ

မိုးကြိုးပြင် (မြောက်) ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ခေါင်းဖြတ်သတ်ခံရ

Posted: 22 Jun 2022 06:43 AM PDT

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင် (မြောက်) ကျေးရွာမှ ယမန်နေ့ ဓါးစာခံအဖြစ် ဖမ်းဆီးသွားသည့် ပြည်သူ ၂၀ ဦးထဲမှ ၂ ဦးအား စစ်ကောင်စီတပ်မှ ခေါင်းဖြတ်သတ်လိုက်ပြီဖြစ်ကြောင်း Salingyi Revolution Army (SRA) မှ သိရသည်။ဇွန်လ ၂၁ ရက်နေ့ မိုးကြိုးပြင်ကျေးရွာသို့ လက်နက်ကြီးပစ်ကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ကျေးရွာ နေအိမ်များ မီးရှို့ခဲ့သည့်အပြင် ဒေသခံ ၂၀ ဦးကို ဖမ်းဆီးသွားပြီးနောက် ထိုအထဲ ပြည်

တမူးတွင် ပျူစောထီးအဖွဲ့ဝင်များက သုံးဘီးဆရာတစ်ဦးကို သေနတ်ဖြင့် ကိုးချက်ပစ်သတ်

Posted: 20 Jun 2022 11:23 AM PDT

တမူး - ဇွန် ၂၀၊ ၂၀၂၂။စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက တမူးမြို့မှ သုံးဘီးယာဉ်မောင်းတစ်ဦးကို လိုက်လံပစ်သတ်ခဲ့ကြောင်းသိရသည်။ တမူးမြို့မ (၁၂/ခ) ရပ်ကွက် ပါဟဲတံတားအနီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဂိတ်တွင် ရပ်ပေးခြင်းမရှိသောကြောင့် သုံးဘီးယာဉ်မောင်းကို သေနတ်ကိုးချက်ဖြင့် ပစ်သတ်ခဲ့သည်ဟု တမူးမြို့နေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။ "သူအိမ်ပြန်တဲ့ချိန် ဂိတ်ကနေဖြတ်

ပြည်ကြီးတံခွန် စက်မှုနယ်မြေရဲစခန်းကို ဗုံးထုတိုက်ခိုက်

Posted: 20 Jun 2022 11:19 AM PDT

 ဇွန် - ၂၀ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ထဲက စက်မှုနယ်မြေရဲစခန်းကို ဒီနေ့ ဇွန်လ (၂၀)ရက် မွန်းလွဲ (၃)နာရီကျော်အချိန်မှာ စက်မှုနယ်မြေရဲစခန်းကို ဗုံးထုတိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။ (စျ)ရပ်ကွက်၊ ၅၈ လမ်းနဲ့ ၅၉ လမ်း၊ ၁၃၄ လမ်းနဲ့ ၁၃၅ လမ်းကြားမှာရှိတဲ့ အဲဒီရဲစခန်းကို (၅၈)လမ်းအတိုင်း အမျိုးသားနှစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ်ကနေ ဗုံးထုတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။ အဲဒီ

စစ်ဘေးရှောင်နေသော ရွာများမှ ပစ္စည်းများခိုးယူနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့ကို ဖယ်ခုံ PDF ကြားဖြတ်တိုက်ခိုက်ရာ လေးဦးသေ

Posted: 20 Jun 2022 11:18 AM PDT

(ဒေသခံ ပြည်သူများ၏ ပစ္စည်းများခိုးယူနေသော စစ်ကောင်စီနှင့် PNO ပူးပေါင်းအဖွဲ့အား ​တွေ့ရစဥ်)ရှမ်း - ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အရှေ့ကမ်းရှိ စစ်ဘေးရှောင်နေသော ကျေးရွာများမှ ပစ္စည်းများခိုးယူနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီ နှစ်ဦးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂)က ယနေ့(ဇွန် ၂၀ ရက်) ထုတ်ပြန် သည်။တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့

အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှူးလိုက်ပါလာသည့်ယာဥ် တိုက်ခိုက်ခံရ၊ ရဲမှူးနှင့် ရဲတစ်ဦးဒဏ်ရာပြင်းထန်

Posted: 20 Jun 2022 11:16 AM PDT

(အင်းတော်မြို့ပေါ်တွင်တွေ့ရသော စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များ - ပုံဟောင်း)အင်းတော်မြို့နယ် မဲဇာနယ်မြေရဲစခန်းမှူးလိုက်ပါလာသည့်ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်မြို့နယ်တော်လှန်ရေးအင်အားစု(IR)က ယနေ့(ဇွန် ၂၀) ထုတ်ပြန်သည်။ယနေ့ မွန်းလွဲ ၃ နာရီခန့်က အင်းတော်မြို့မှ မဲဇာရွာဘက်ပြန်လာသည့် မဲဇာနယ်မြေစခန်းမှူးမောင်မောင်လှတင့်နှင့် ရဲတစ်ဦးမောင်းနှင်လာသည့်ယာဥ်ကို အင်းတော်နှင့် မဲဇာကြား

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ဘုရားဌာပနာနှင့် အလှူငွေများကို လုယူသွား

Posted: 20 Jun 2022 11:14 AM PDT

Photo - PDF-Gangaw - တောင်ပိုင်းမကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်က စင်ပုံရွာနှင့် ပနန်းရွာဦးဘုန်းကြီးကျောင်းများရှိ ဘုရားဌာပနာ အလှူငွေများကို လုယူသွားကြောင်း သိရသည်။ဒါ့အပြင် ယင်းဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေကြသော ပြည်သူများထံမှ ဖုန်းနှင့် ရွှေငွေလက်၀တ်ရတနာများကိုလည်း လုယူသွားခဲ့‌သေးသည်ဟု သိရသည်။အဆိုပါစစ်ကောင်စီတပ်သည် ဇွန်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက

စလင်းတွင် PDF သင်တန်းဆင်းများ အလင်းဝင်သည်ဟု စစ်ကောင်စီဝါဒဖြန့်၊ ထိုသူများမှာ PDF မဟုတ်ကြောင်း စလင်း PDF သတင်းထုတ်ပြန်

Posted: 20 Jun 2022 11:12 AM PDT

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် PDF သင်တန်းဆင်းများ အလင်းဝင်သည်ဟု အာဏာသိမ်းစစ်ကောင်စီက ဝါဒဖြန့်သော်လည်း အလင်းဝင်သူများမှာ PDF များ မဟုတ်ကြောင်း စလင်း PDF က ယနေ့ဇွန်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ယနေ့ဇွန်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ "အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်၊ ပြစ်မှုကျူးလွန်ခြင်းမရှိသော (PDF)သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘ

အကြမ်းဖက်စစ်တပ်က ဂန့်ဂေါမြို့နယ်ကျေးရွာများရှိ စစ်ဘေးဒုက္ခသည်များ ကိုခြိမ်းခြောက်ကာ ပစ္စည်းများ လုယူ

Posted: 20 Jun 2022 11:09 AM PDT

ဂန့်ဂေါ၊ ဇွန် ၂၀ မကွေးတိုင်း၊  ဂန့်ဂေါမြို့နယ်ရှိ ပနန်းရွာနှင့် စပါယ်ရွာဘုန်းကြီးကျောင်းသို့ အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန် ၂၀ ရက် မနက်ပိုင်း တွင်ဝင်ရောက်ကာ စစ်ဘေးဒုက္ခသည် များကိုခြိမ်းခြောက်ပြောဆိုပြီး ပစ္စည်းများကို လုယက်နေကြောင်းဒေသခံများထံမှ သိရသည်။"စပါယ်ရွာဘုန်းကြီးကျောင်းကို ဝင်တယ်။ ပြီးတော့ ဒေသခံတွေရဲ့ ဖုန်းကတ်တွေပါအကုန် ဖြုတ်ပြီး ဓါးမြတိုက်လုယက်သွားတယ်" ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

MRA တော်လှန်ရေးအဖွဲ့ကို စကစတပ်သားများဟု အထင်မှား ကြိုဆိုသည့် ပျူအုပ်စု ရှင်းလင်းခံရ

Posted: 20 Jun 2022 11:08 AM PDT

မြင်းခြံ၊ ဇွန် ၂၀မန္တလေးတိုင်း မြင်းခြံမြို့နယ် ကွေ့ကြီးကျေးရွာရှိ ပျုဒလန်များကို ဇွန် ၁၆ ရက်က သွားရောက် ရှင်းလင်းရာ ပျုစောထီး ၆ ဉီး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRA မှ သိရသည်။"ကျွန်တော်တို့က စခ အယောင်ဆောင်တာတော့ မဟုတ်ဘူးဗျ။ ကျွန် တော်တို့ ဝတ်စုံကိုပဲ ဝတ်သွားတာပါ။ ဒီကောင်တွေကိုက ယူနီဖောင်းမြင်ရင် စစ်သားထင်နေတာက တစ်ကြောင်း၊ PDF လို့ မြင်တာနဲ့ တူမီး သေနတ်ပဲ ကိုင်နိုင်တယ် တွေးလို့

ဖောင်းပြင်မှာ PDF ထောင်ထားတဲ့ တိုက်မိုင်းတွေနင်းမိပြီး စစ်သား ၁၀ ဦးခန့် သေဆုံးနိုင်

Posted: 20 Jun 2022 11:05 AM PDT

ဖောင်းပြင်၊ ဇွန် ၂၀၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၁၉ ရက် မနေ့နေ့လည် ၂ နာရီလောက်က ဖောင်းပြင် PDF ထောင်ထားတဲ့ တိုက်မိုင်းတွေကို နင်းမိပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အင်အား ၃၀ ကျော်ပါ အဲ့ဒီစစ်သားတွေဟာ ဖောင်းပြင်မြို့နယ်၊ ထော်သာကျေးရွာအနီး ကိုးတန်ချောင်းဖျားတောင်ကုန်းကနေ စစ်ကြောင်းထိုးလာစဥ် အဲ့ဒီနေရာမှာပဲ မိုင်းနင်းမိ

ကသာမှာ စစ်သား ၂၅၀ ကျော် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး

Posted: 20 Jun 2022 11:04 AM PDT

ကသာ၊ ဇွန် ၂၀၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ရေနီရွာအနီးစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ဇွန်လ ၂၀ ရက် ဒီနေ့မနက်ပိုင်းက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အင်အား ၂၅၀ ကျော်ပါ စစ်သားတွေဟာ မနက် ၁၁ နာရီလောက်က ရေနီးရွာအနီး PDF တွေ ထောင်ထားတဲ့ ရှော့တိုက်ဒုံးကို နင်းမိရာက ပေါက်ကွဲမှုဖြစ်လို့ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး၊ နေ့လည် ၁၂ နာရီခွဲလောက်မှာတော့ PDF ရဲဘော်

ချောင်းဦးနယ် ညောင်ပင်တဲကျေးရွာမှပြည်သူ ၅ဦး သတ်ဖြတ်ခံရ

Posted: 20 Jun 2022 11:01 AM PDT

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၀ရက် ယနေ့ နံနက်ပိုင်း အချိန်တွင် ဒေသခံပြည်သူ အမျိုးသား ၅ဦးကို သတ်ဖြတ်သွားကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ စစ်အင်အား၇၀ခန့်ပါရှိသော စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဇွန်လ၁၈ရက်နေ့ ညောင်ပင်တဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး ဇွန်လ ၁၉ရက်နေ့တွင် ဒေသခံ

Friday, June 17, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ရိက္ခာလုဖို့လာတဲ့ စစ်ကောင်စီတပ်တွေ နဲ့ YDF တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

Posted: 16 Jun 2022 08:46 AM PDT

ထီးလင်း၊ ဇွန် ၁၆၊ ၂၀၂၂။မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းမှာ ဇွန်လ ၁၆ ရက် ဒီမနက်အစောပိုင်းက စစ်ကောင်စီတပ်တွေနဲ့ YDF - ထီးလင်း တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ထီးလင်းမြို့နယ်၊ ရွှေအောင်သာကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ အောင်းကျေးရွာက စားနပ်ရိက္ခာတွေကိုယူဖို့လာချိန် မနက် ၅ နာရီခန့်မှာ အောင်းကျေးရွာအနီးမှာပဲ ပထမတကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ Yaw Defence Force - ထီး

ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ် အစောင့်စစ်သားတဦး သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရ

Posted: 16 Jun 2022 08:45 AM PDT

ချောက် ၊ ဇွန် ၁၆ ၊ ၂၀၂၂။မကွေးတိုင်း၊ ချောက်မြို့  မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့်စစ်သားများအား ဇွန်လ ၁၂ ရက်နေ့က ပစ်ခတ်ခဲ့ကြောင်း People Defence Force Chauk တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။"အစောင့်ကပစ်တဲ့အချိန်မှာ မြင်ရတာကတော့ အစောင့် ၃ ယောက်ရှိတယ်၊ ပစ်တဲ့အချိန်က ည ၁၀ နာရီဝန်းကျင်မှာ သေနတ်နဲ့ ၃ ချက်ပစ်တယ်၊အပြင်မှာဖုန်း‌ပြောပြီး လမ်း‌‌လျှောက်နေတဲ့ ၁ ယောက်ကို ၃

စစ်တပ် အရာရှိ နှင့် ကျောက်စိမ်း တင်ဆောင်ထားသော ယာဉ်တန်း မိုင်းဆွဲခံရသဖြင့် ထိခိုက်သေဆုံးမှု များပြား

Posted: 16 Jun 2022 08:40 AM PDT

June 16, 2022မိုးညှင်းမြို့ မှ မန္တလေးဘက်သို့ ဆင်းသွားသော အရာရှိတစ်ချို့နှင့် ကျောက်စိမ်းသယ်ဆောင်လာသော စစ်ကောင်စီ ယာဉ်တန်းကို အင်းတော်မြို့နယ် နှစ်နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကား ၃ စီး ပျက်စီးပြီး စစ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု KIA ရှေ့တန်း အရာရှိတစ်ဦးထံမှ သိရသည်။မိုးညှင်း အခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှ စစ်ကား ၃၃ စီးသည် ဇွန်လ ၁၅ ရက်နေ့

တောကျောင်းလေးရွာကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

Posted: 16 Jun 2022 08:39 AM PDT

June 16,2022စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တောကျောင်းလေးရွာကို မီးရှို့ပြီးပြန်လာသည့် စစ်‌ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ကို ချောင်းဦး PDF အဖွဲ့ CHU LDF နှင့် မဟာမိတ်တပ်ပေါင်းစုများမှ တောကျောင်းလေးရွာနှင့် ကင်မွန်းတော်ကျေးရွာ ၂ခုကြားရှိ လမ်းခုလတ်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု CHU LDF မှသိရသည်။အဆိုပါ စစ်ကြောင်းကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်

ကချင်ဘက်မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်း ထီးချိုင့်တွင် တစ်ရက်အတွင်း ၄ကြိမ်တိုက်ခိုက်ခံရ

Posted: 16 Jun 2022 08:37 AM PDT

Jun 16.2022ကချင်ပြည်နယ် မှ ဆင်းလာသော စစ်ကောင်စီယာဥ်တန်းသည် ထီးချိုင့်နယ်တွင် တစ်ရက်အတွင်း ၄ နေရာ KIA နှင့် PDF ပူးပေါင်းတပ်တို၏ တိုက်ခိုက်မှုကို ခံရသဖြင့် ထိခိုက်သေဆုံးမှု ထပ်မံ ရှိခဲ့သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သိရသည်။ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ထီးချိုင့်နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း ကားအစီး ၃၃ စီးကို ဘိုတဲကုန်းရွာ၊ ဇီးဖြူကျင်းရွာနှင့် အလယ်တော စ

စက်သေနတ်ချိန်ပြီးထွက်လာသည့် စစ်ကား(၂)စီးကို ကင်းပုန်းများကြားမှ မိုင်း(၈)လုံးဖြင့် တိုက်ခိုက်နိုင်ခဲ့၊ (၂) ဦးလွင့်စင်ပြီး (၃) ဦးထက်မနည်းသေနိုင်ဟုဆို

Posted: 16 Jun 2022 08:36 AM PDT

မြင်းမူ၊ ဇွန် (၁၆)စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အခြေစိုက် အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်မှ စက်သေနတ်များချိန်ကာ ထွက်လာသည့် ကား(၂) စီးကို ယနေ့ နံနက် (၁၁) နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား (၃) ဦးထက်မနည်းသေဆုံးခဲ့းသည်ဟု စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့ သည့် M.N.R.F က သိရသည်။စစ်ကား (၂) စီးကို မြင်းမူမြို့နယ်၊ နဘဲကြူးဇရပ်နှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး

မြန်မာစစ်တပ်အတွက် လေယာဉ်အစိတ် အပိုင်းများတင်သွင်းပေးနေသောကုမ္ပဏီ ၃ ခုကို ယူကေအစိုးရ ပိတ်ဆို့အရေးယူ

Posted: 16 Jun 2022 08:35 AM PDT

ရန်ကုန်၊ ဇွန် ၁၆စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန် ကြ သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို လေကြောင်းအသုံးပြုတိုက်ခိုက် နေသည့် စစ်ကောင်စီအတွက် လေယာဉ်အစိတ်အပိုင်းများတင်သွင်းပေးနေသည့် မြန်မာကုမ္ပဏီ ၃ ခုကို ယူကေအစိုးရက ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။ယူကေအစိုးရကဒဏ်ခတ်ပိတ်ဆို့ခဲ့သည့် မြန်မာကုမ္ပဏီ ၃ ခုမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နှင့် Sky Aviator Company