သစ္ထူးလြင္ |
- ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးသည့် ရဲတပ်ကြပ်ကြီး တစ်ဦး ထိန်းသိမ်းခံရ
- ပေါက်မြို့နယ် သရက်ကန်ရဲစခန်းအား ပူးပေါင်းအဖွဲ့များ ဝင်တိုက်၊ စစ်ကောင်စီက ရဟတ်ယာဥ် ပစ်ကူရ
- လက်ပံတောင်းတောင်က ရွာ ၂ ရွာကို စစ်တပ်က မီးဝင်ရှို့ပြီး ရွာသားတချို့ကို ရိုက်သတ်၊ သေတဲ့ အလောင်း ၅ လောင်းကို တုံအလည်ရွာတွင် စုပုံထား
- ကူမဲမြို့မှာ ပထမအကြိမ် ပစ်ခတ်ခံရစဉ်က မသေဘဲ ရဲဗလ ဆုရခဲ့တဲ့ စကစအုပ်ကြီး မနေ့ညက သုတ်သင် ရှင်းလင်းခံရ
- မန္တလေးမြို့လယ် (၈၄)လမ်းပေါ်မှာ စစ်အုပ်စုက အမျိုးသားတစ်ဦးကို ပစ်သတ်
- ထန်းတပင်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းကို KNLA/PDF တိုက်ခိုက်၊ စစ်ကောင်စီတပ် လေးဦးသေ
- ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
- ဒေါငံခါးရွာက ပြည်သူ့နေအိမ်ကို တပ်စခန်းလုပ်ထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
- မန္တလေးမဟာအောင်မြေမြို့နယ်ထွေအုပ်ရုံးကို မြို့ပြပြောက်ကျားအဖွဲ့များ နှစ်ညဆက် ပစ်ခတ်တိုက်ခိုက်
- လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထဲကို သွယ်တန်းထားတဲ့ ပင်မဓါတ်အားတိုင်ကို ဖြိုချဖျက်စီး
- PDF တွေ ရဲစခန်းဝင်တိုက်လို့ စစ်အုပ်စုဘက်က အသေအဆုံးများပြီး စစ်ရဟက်ယာဥ်သုံး တိုက်ခိုက်နေရ
- ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်သတ်ခံရ
ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးသည့် ရဲတပ်ကြပ်ကြီး တစ်ဦး ထိန်းသိမ်းခံရ Posted: 25 Jun 2022 10:06 AM PDT ဇွန် ၂၅၊ ၂၀၂၂။ ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးသည့် ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးဆိုသူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် "Happy Birthday ပါ အသက်ရှည်ရှည်နေရပါစေ" ဟု ရေးသားခဲ့ |
ပေါက်မြို့နယ် သရက်ကန်ရဲစခန်းအား ပူးပေါင်းအဖွဲ့များ ဝင်တိုက်၊ စစ်ကောင်စီက ရဟတ်ယာဥ် ပစ်ကူရ Posted: 25 Jun 2022 10:03 AM PDT မဲခေါင်၊ ဇွန် ၂၅မကွေးတိုင်း၊ ပေါက်နှင့်မြိုင်မြို့နယ်ကြားတွင် ရှိသည့် သရက်ကန်ရဲစခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် လေကြောင်းပစ်ကူရသည်အထိ တိုက်ပွဲပြင်းထန် ခဲ့ကြောင်း အမိမြေတော်လှန်ရေးအဖွဲ့က ထုတ်ပြန်သည်။MHG တပ်ရင်းမှခွဲ (၁) Black Master၊ခွဲ(၂) 101၊ ခွဲ (၃) GOM၊ နှင့်မဟာမိတ် |
Posted: 25 Jun 2022 09:56 AM PDT (မုံရွာ) ဇွန်လ ၂၅ ရက်စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသအား စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး တုံရွာ (ရွာမ) နှင့် တောကျောင်းကျေးရွာတို့ကို မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။စစ်ကောင်စီတပ်သားများမှာ ရွာများကို မီးတင်ရှို့ရင်း တုံရွာ (ရွာမ) ရွာသားတချို့ကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုများ |
ကူမဲမြို့မှာ ပထမအကြိမ် ပစ်ခတ်ခံရစဉ်က မသေဘဲ ရဲဗလ ဆုရခဲ့တဲ့ စကစအုပ်ကြီး မနေ့ညက သုတ်သင် ရှင်းလင်းခံရ Posted: 25 Jun 2022 09:53 AM PDT ဇွန် - ၂၅မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့က စစ်အုပ်စု လက်အောက်ခံ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနိုင် နှင့် ဇနီးဖြစ်သူတို့ မနေ့က ညဦးပိုင်းမှာ အိမ်ထဲဝင် ပစ်ခတ်ခံရပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ကူမဲမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ပထမအကြိမ် ပစ်ခတ်ခံရဖူးပြီး အဲ့ဒီတုန်းက အသက်မသေဘဲ |
မန္တလေးမြို့လယ် (၈၄)လမ်းပေါ်မှာ စစ်အုပ်စုက အမျိုးသားတစ်ဦးကို ပစ်သတ် Posted: 25 Jun 2022 09:51 AM PDT ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ၈၄ လမ်း/ Photo - CJဇွန် - ၂၅မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၈၄) လမ်းနှင့် (၃၅) လမ်းမှာ ဒီကနေ့ နေ့လည် (၃)နာရီကျော်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။အဲ့ဒီ ပစ်ခတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သေဆုံးသူဟာ စကစ မဟုတ်ဘဲ စစ်အုပ်စုက အမျိုးသားနှစ်ဦးကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်ခဲ့တာ ဖြစ်တယ် |
ထန်းတပင်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းကို KNLA/PDF တိုက်ခိုက်၊ စစ်ကောင်စီတပ် လေးဦးသေ Posted: 25 Jun 2022 09:47 AM PDT ဓာတ်ပုံ - Taw Oo Karen Newsကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂) တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လေးဦးသေဆုံးခဲ့ကြောင်း KNU/ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။"မနေ့ညတုန်းက ထန်းတပင်မြို့နယ် နတ်ရွာကျေးရွာမှာ ကင်းလှည့်နေတဲ့အဖွဲ့ကို ကျွန်တော်တို့ KNLAရယ် PDFရယ် ပူးပေါင်းအဖွဲ့ကနေ |
ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် Posted: 25 Jun 2022 09:46 AM PDT စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People's Guerillas Commando - Myinmu အဖွဲ့က ထုတ်ပြန်သည်။ ဘုတလင်မြို့နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်လုယက်ပြီး နေအိမ်များအား မီးရှို့ဖျက် ဆီးနေသည့် စစ်ကောင်စီတပ်သားများ စခန်းချနေသည့် ကူတော်ရဲစခန်းအား ယမန်နေ့ (ဇွန်လ၂၄ ရက်) မွန်းလွဲ ၂နာရီခွဲခန့်က ရှော့ဒုံးများဖြင့် ပစ်ခက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း |
ဒေါငံခါးရွာက ပြည်သူ့နေအိမ်ကို တပ်စခန်းလုပ်ထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် Posted: 25 Jun 2022 09:43 AM PDT ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး ကျေးရွာရှိ ပြည်သူ့နေအိမ်ကို အသုံးပြုပြီး တပ်စခန်းအခိုင်အမာ တည်ဆောက်ထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ဇွန်လ(၂၅)ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။အဆိုပါတိုက်ပွဲသည် နံနက်(၆)နာရီမှ နေ့လယ် (၂)နာရီအထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဥ်တစ်စီးဖြင့် နှစ်ကြိမ် ထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း |
မန္တလေးမဟာအောင်မြေမြို့နယ်ထွေအုပ်ရုံးကို မြို့ပြပြောက်ကျားအဖွဲ့များ နှစ်ညဆက် ပစ်ခတ်တိုက်ခိုက် Posted: 25 Jun 2022 09:40 AM PDT မန္တလေး၊ ဇွန် ၂၅ စစ်ကောင်စီကတပ်စွဲထားသည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ (၄၂)လမ်းနှင့် (၆၅) လမ်းအနီးရှိ မဟာအောင်မြေ မြို့နယ်ထွေအုပ် ရုံးကို မြို့ပြပြောက်ကျား ရဲ ဘော်များပူးပေါင်းကာ နှစ်ညဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kings Cobra Guerilla Force -MDY က သတင်းထုတ်ပြန်သည်။အဆိုပါထွေအုပ်ရုံးကို ပြီးခဲ့သည့်ဇွန်(၂၃) ရက် ည(၁၁)နာရီကျော်က သေနတ်ဖြင့်နှစ် ချက်ပစ်ခတ်ခဲ့ပြီး ယမန်နေ့ဇွန်လ၂၄ရက်ည(၈)နာရီ |
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထဲကို သွယ်တန်းထားတဲ့ ပင်မဓါတ်အားတိုင်ကို ဖြိုချဖျက်စီး Posted: 25 Jun 2022 09:37 AM PDT ဆားလင်းကြီး၊ ဇွန် ၂၅ ၊၂၀၂၂။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်သွယ်ပေးပို့ထားတဲ့ ပင်မဓါတ်အားလိုင်းတိုင်ကို ဇွန်လ ၂၄ ရက် မနေ့ ည ၁၀ နာရီခွဲလောက်က ဖြိုချဖျက်စီးပစ်ခဲ့တယ်လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ဖျက်အားပြင်းဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်စီးခဲ့တာဖြစ်ပြီး လျှပ်စစ်ဓါတ်အားမရတာကြောင့် အဓ်ိကငွေဝင်လမ်းကြောင်းဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေး |
PDF တွေ ရဲစခန်းဝင်တိုက်လို့ စစ်အုပ်စုဘက်က အသေအဆုံးများပြီး စစ်ရဟက်ယာဥ်သုံး တိုက်ခိုက်နေရ Posted: 25 Jun 2022 09:35 AM PDT ဓါတ်ပုံ - God Of Myaing - People's Defence Force တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)မြိုင်၊ ဇွန် ၂၅၊ ၂၀၂၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ဇွန်လ ၂၅ ရက်၊ ဒီကနေ့မနက် အစောပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အင်အား ၄၀ နဲ့ ၆၀ အကြားရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီမနက် ၄ နာရီလောက်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေက လက်နက်ကြီး |
ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်သတ်ခံရ Posted: 25 Jun 2022 09:32 AM PDT Photo- The voice of shanniJune 25,2022ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဖေသည် ယနေ့ည ၈နာရီဝန်းကျင် နေအိမ်တွင် သေနတ်ပစ်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများမှ သိရသည်။" ကျနော်ကြားရတာက ဆိုင်ကယ်နဲ့လူငယ်နှစ်ယောက်က ခေါင်းတည့်တည့်လာပစ်သွားတာ သုံးချက်လောက်ထိတယ်လို့ပြောတယ်။ နေရာတင်ပွဲချင်းပြီး ဆုံးသွားတယ်လို့ သိရတယ်" လို့ ဒေသခံတစ်ဦးကပြောသည်။သေနတ်ပစ်ခံရကာ သေဆုံး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.