Sunday, January 31, 2021

သစ်ထူးလွင်

သစ်ထူးလွင်


တပ်မတော်ထောက်ခံပွဲတွေ ရန်ကုန်မှာ ဆက်တိုက်လုပ်လာ၊

Posted: 31 Jan 2021 07:56 AM PST

ဇန်နဝါရီလ ၃၀ ရက်နေ့ တပ်မတော်ထောက်ခံပွဲရန်ကုန်မြို့ရွေတိဂုံဘုရားအရှေ့ဘက်မုခ်က ကြေးသွန်းဘုရားရှေ့မှာ တပ်မတော်ထောက်ခံပွဲ ရွေးကောက်ပွဲကော်မရှင် UEC နဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှု ကန့်ကွက်ပွဲတွေကို သုံးရက်မြောက်နေ့ အဖြစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဆက်ပြီး ပြုလုပ်ခဲ့ကြပါတယ်။ဒီပွဲကို လာရောက်သတင်းယူမယ့် သတင်းထောက်အချို့ကို ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့ပေမယ့် ဒီနေ့မှာ သတင်းထောက်တွေ တိုက်ခိုက်ခံရတာ မရှိဘူးလို့

ဆေးသယ်တာ အခက်အခဲရှိလို့ ပလက်ဝမှာ ကိုဗစ်ကာကွယ်ဆေးမထိုးနိုင်သေး

Posted: 31 Jan 2021 07:53 AM PST

ဇန်နဝါရီ ၂၇ ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးပေးချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ကျန်းမာရေးဝန်းထမ်းတွေကို ကိုဗစ် ကာကွယ်ဆေး မထိုးပေးနိုင်သေးဘူးလို့ မြို့နယ်ဆရာဝန်ကြီးနဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့တို့က ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။ကိုဗစ်ကာကွယ်ဆေးကို အခုလ ၂၇ ရက်နေ့ကနေ တစ်နိုင်ငံလုံးအတိုင်းအတာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ပထမဆုံးအသုတ်အနေနဲ့ ထိုးပေးနေပြီလည်း

မြန်မာကိုဗစ်ဓာတ်ခွဲ အတည်ပြု စုစုပေါင်း ၁၄၀,၁၄၅ ဦး၊ သေဆုံး ၃,၁၃၁ ဦး

Posted: 31 Jan 2021 07:41 AM PST

ရန်ကုန် ဧရာဝတီ ကိုဗစ်စင်တာမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၂၈၁ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၄၀,၁၄၅ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူက ၆ ဦး ရှိတာကြောင့် အခုထိ သေဆုံးသူ စုစုပေါင်း ၃,၁၃၁ ယောက် ရှိပါတယ်။ဇန်နဝါရီလ ၃၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်မည်

Posted: 31 Jan 2021 07:40 AM PST

ပြည်သူ့လွှတ်တော်။၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ခေါ်ယူတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် မနက်ဖြန်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် တင်မြှောက်ခြင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကတိသစ္စာ ခံယူကြမယ့် ပြည်သူ့လွှတ်တော်ကျင်းပရေး COVID-19 စည်းကမ်းချက်နဲ့အညီ ပြင်ဆင်နေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် မေးမြန်းတင်ပြထားပါတယ်။၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဆီမှာ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့တောင်းဆို

Posted: 31 Jan 2021 07:38 AM PST

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဆီမှာ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့တောင်းဆို စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒေသခံ ၁၁ ယောက်ကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းခဲ့စဉ် / ဓာတ်ပုံ - ကျော်ဆန်းဝင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့တွေဆီမှာ ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒေသခံ ၁၁ ယောက်ကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက ဒီကနေ့

မီဒီယာတွေကို ဆန္ဒပြသူတွေက ခြိမ်းခြောက်နေတယ်လို့ မီဒီယာကောင်စီထုတ်ပြန်

Posted: 31 Jan 2021 07:36 AM PST

မီဒီယာတွေကို ဆန္ဒပြသူတွေက ခြိမ်းခြောက်နေတယ်လို့ မီဒီယာကောင်စီထုတ်ပြန် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့မှာ UECကို ကန့်ကွက်ပြီး တပ်မတော်ကို ထောက်ခံကြောင်း ၂၀၂၁ ဇန်နဝါရီ ၃၀ရက်နေ့က ဆန္ဒပြစဉ်။ Photo: Aung Thain Kha / RFAဆန္ဒပြသတင်းတွေကို ဖော်ပြရေးသားနေတဲ့ သတင်းမီဒီယာဌာနတချို့နဲ့ သတင်းထောက်တွေကို ဆန္ဒပြ သူတွေက မကျေနပ်ဘဲ ခြိမ်းခြောက်နေတာတွေကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကာကွယ်ပေး

ကျိုင်းတုံမြို့နယ်၌ ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာ သုံး ဦး သေဆုံး

Posted: 31 Jan 2021 07:56 AM PST

ကျိုင်းတုံ ဇန်နဝါရီ ၃၁ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ဝမ်အိုင်ကျေးရွာအကြား (၈)မိုင်လမ်းဆုံ အဆင်းတွင် ဇန်နဝါရီ ၃၁ ရက် ကမော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှာက်ခဲ့ကြောင်းသိရသည်။  ကျိုင်းတုံမြို့နယ်၊ နမ့်အင်းကျေးရွာအုပ်စု အာမောဒေကျေးရွာအနီးရှိ (၁၉)မိုင် သဘာဝတရားရိပ်သာ မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း စိုင်းရီကျောက်(၃၅)နှစ်

Johnson & Johnson ကိုဗစ်ကာကွယ်ဆေး မကြာခင်ထုတ်နိုင်တော့မည်

Posted: 30 Jan 2021 09:37 AM PST

Johnson & Johnson ထုတ် COVID-19 ကာကွယ်ဆေးအားပြသထားစဉ် (ဓာတ်ပုံ-AP)အမေရိကန် ဆေးနဲ့ဆေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ Johnson & Johnson က ကမ္ဘာတလွှား စမ်းသပ်မှုတွေ လုပ်ခဲ့တဲ့နောက်မှာ COVID-19 ရောဂါကူးစက်မှုအတွက် ၆၆ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းရှိတဲ့ ဆေးကို သူတို့ထုတ်နိုင်ပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။တကြိမ်သာထိုးဖို့ လိုအပ်တဲ့ သူတို့ရဲ့ ကာကွယ်ဆေးကို သူတို့ကုမ္ပဏီပိုင် Belgian အခြေစိုက် Janssen ဆေး

AstraZeneca ကိုဗစ်ကာကွယ်ဆေး ဥရောပတိုက်မှာ အသုံးပြုဖို့ အီးယူခွင့်ပြု

Posted: 30 Jan 2021 09:35 AM PST

Oxford တက္ကသိုလ်ထုတ် AstraZeneca ကိုဗစ်ကာကွယ်ဆေး (ဓာတ်ပုံ-AP)အီးယူ ဥရောပသမဂ္ဂ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချမှတ်သူတွေက သောကြာနေ့မှာ AstraZeneca Covid 19 ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးလိုက်ပါပြီ။ ဒါဟာ ဥရောပဒေသအတွက် တတိယမြောက်အတည်ပြုပေးတဲ့ ကိုဗစ်ကာကွယ်ဆေး ဖြစ်ပါတယ်။အီးယူဟာ ဒေသတွင်း နေထိုင်သူတွေအတွက် ကာကွယ်ဆေးထိုးပေးရေး လုပ်ဆောင်ဖို့ နှေးကွေးနေတယ်လို့ အဝေဖန်ခံနေရတာပါ။ အခုတော့ အသက် ၅၅

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေ ဘေးထွက်ဆိုးကျိုး ခံစားရသူနည်းပါး

Posted: 30 Jan 2021 09:33 AM PST

 ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီးနောက်ပိုင်း ဘေးထွက်ဆိုးကျိုး ဆိုးဆိုးဝါးဝါး ခံစားရတာ မရှိဘူးလို့ ကာကွယ်ဆေးထိုးပြီးတဲ့သူတချို့က ပြောကြပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၇ ရက်နေ့က ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို စတင်ထိုးပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ သာမန်ကိုက်ခဲတဲ့ ဝေဒနာခံစားခဲ့သူတွေ ရှိပါတယ်။ဆေးထိုးပြီး ၁၂ နာရီလောက်အကြာမှာ ကိုက်ခဲ

ကန့်ကွက်ခံရတဲ့ တွံတေးက ဓါတ်မြေသြဇာစက်ရုံ ပိတ်ဖို့ တိုင်းဝန်ကြီးချုပ်ညွှန်ကြား

Posted: 30 Jan 2021 09:30 AM PST

ကန့်ကွက်ခံရတဲ့ တွံတေးက ဓါတ်မြေသြဇာစက်ရုံ ပိတ်ဖို့ တိုင်းဝန်ကြီးချုပ်ညွှန်ကြား တွံတေး-မအူပင်ကားလမ်းဘေးက မြန်မာ့ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကို ၂၀၂၀ ဒီဇင်ဘာ ၂၉ရက်နေ့က တွေ့ရစဉ် / Photo: Ye Win Htut Facebookအနံ့ဆိုး၊ ရေဆိုးနဲ့ အမှုန်တွေကြောင့် ကျန်းမာရေးထိခိုက်နေလို့ အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆိုနေတဲ့ ရန်ကုန်တိုင်း၊ တွံတေးနဲ့ မအူပင်ကားလမ်းမပေါ်က ရွှေနဂါး ဓါတ်မြေသြဇာ စက်ရုံကို ဇန်နဝါ ရီလ ၂၉ ရက် မနေ့ကစ

အခြေခံဥပဒေကို ကာကွယ်မယ်လို့ တပ်မတော်ပြော၊ NLD သဘောထားတုံ့ပြန်

Posted: 30 Jan 2021 09:28 AM PST

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Officeတပ်မတော်က အာဏာသိမ်းယူရေး အယူအဆ ရှိနေသလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ တပ်မတော်အနေနဲ့ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်မှာ ဖြစ်ကြောင်းနဲ့ ပြဋ္ဌာန်း ဥပဒေနဲ့အညီဆောင်ရွက်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက တပ်ချုပ်က တပ်မတော်အရာရှိကြီးတွေကို ပြောခဲ့တဲ့ မိန့်ခွန်းမှာ အခြေခံ ဥပဒေကို လေးစားလိုက်နာမှု မရှိရင် ဖျက်ပစ်ရမယ်လို့

ကုလအတွင်းရေးမှူးချုပ် နယူးယောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုး

Posted: 30 Jan 2021 09:25 AM PST

Guterres ကိုဗစ်ကာကွယ်ဆေးထိုးစဉ် (ဓာတ်ပုံ-UN)ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ နယူးရောက် Bronx မှာ ရှိတဲ့ Adlai E Stevenson အထက်တန်းကျောင်းမှာ ဖွင့်ထားတဲ့ ကာကွယ်ဆေးထိုးစင်တာကို ကြာသပတေးနေ့က သွားရောက်ပြီး ၂ ကြိမ်ထိုးဖို့လိုအပ်တဲ့ COVID-19 ကာကွယ်ဆေးကို ပထမအကြိမ်ထိုးခဲ့ပါတယ်။"ကာကွယ်ဆေးရလာပြီဖြစ်တဲ့ အခွင့်အလမ်းကို အသုံးချပြီး တတ်နိုင်သမျှ အမြန်ဆုံး ဆေးထိုးကြဖို့ အားလုံးကို တိုက်တွန်းလို

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်ထုတ်ပြန်

Posted: 30 Jan 2021 09:10 AM PST

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်ထုတ်ပြန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်က သင်တန်းအရာရှိတွေကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ၂၀၂၁ ဇန်နဝါရီ ၂၇ရက်နေ့က အမှာစကားပြောကြားစဉ် / တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့(၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥကဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်က ဒီကနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ကြေညာ

တပ်မတော်ကို သံဃမဟာနာယကနဲ့ နိုင်ငံတကာသံရုံးတွေ ဝေဖန်တိုက်တွန်း

Posted: 30 Jan 2021 09:08 AM PST

မြန်မာနိုင်ငံရှိ သံရုံးတွေက မြန်မာ့တပ်မတော်နဲ့ တခြားအဖွဲ့အားလုံး ဒီမိုကရေစီစံနှုန်းတွေကိုလိုက်နာဖို့ ဇန်နဝါရီလ ၂၉ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သလို တရက်တည်းမှာပဲ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလည်း တပ်မတော်နဲ့ ပါတီတွေအနေနဲ့ လက်ရှိပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးက လက်ရှိပြဿနာတွေကြောင့် ရဟန်းရှင်လူတွေ စိုးရိမ်စိတ်နဲ့ နှလုံးစိတ်ဝမ်း မအေးချမ်း

ဟားခါး-ထန်တလန် လမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျတိမ်းမှောက်၍ လူ(၂)ဦး သေဆုံး

Posted: 30 Jan 2021 09:05 AM PST

ဟားခါး ဇန်နဝါရီ ၃၀ ချင်းပြည်နယ် ဟားခါးမြို့မှ (၄)မိုင်ခန့်အကွာ ဟားခါး-ထန်တလန်လမ်းတွင် ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်အမှတ် 6E----- PRATO အိမ်စီးကား (၄)ဘီး ယာဉ်သည် ဇန်နဝါရီ ၃၀ ရက် ညနေ ၂ နာရီ မိနစ် ၂၀ ခန့်က အရှိန်မထိန်းနိုင်ဘဲ    ပေ ၅၀၀ ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်မောင်းနှင့် ယာဉ်မောင်း သမီးဖြစ်သူတို့  သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ထန်တလန်မှ ဟားခါးသို့

နာဂတွင် တောင်ယာရှို့မီးအတွင်း လူလေးဦး ပိတ်မိသေဆုံး

Posted: 30 Jan 2021 09:02 AM PST

နန်းယွန်း၊ ဇန်နဝါရီ – ၃၀နာဂဒေသ၊ လဟယ်မြို့နယ်၊ ထန်ခေါ်နောက်ကုန်းကျေးရွာ၌ တောင်ယာရှို့မီးဝိုင်းအတွင်း လူလေးဦး ပိတ်မိ၍ မီးလောင်သေဆုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးပိုင်က ပြောသည်။ဒေသခံလေးဦးသည် ဇန်နဝါရီလ ၂၉ ရက်နေ့က အိန္ဒိယနယ်စပ်သို့ ဆန်ဝယ်သွားပြီး အပြန် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရန်ရှို့ထားသော တောမီးအတွင်း ရောက်သွား၍ ထွက်ပေါက်မတွေ့ဘဲ မီးလောင်သေဆုံးခြင်းဖြစ်ကြောင်း မီးသတ်ဌာနက သုံးသပ်

မြိတ်တွင် အရွယ်မရောက်သေးတဲ့ကလေးအချို့ လမ်းမှားရောက်နေ

Posted: 30 Jan 2021 09:42 AM PST

မြိတ်မြို့၊အလယ်ကျွန်းနယ်မြေတွင် ဇန်နဝါရီလ ၃၀ ရက်၊ ညနေပိုင်းက  ကလေး ၃ ဦး ကော်ရူနေတာကို ဖမ်းဆီးမိတယ်လို့သိရပါတယ်။အလယ်ကျွန်းရပ်၊ ပန်ယားဝပ်ရှော့ဟောင်းခြံဝင်းအတွင်း မိန်းကလေး ၁ ဦး နှင့် ယောက်ျားလေး ၂ ဦးက ကော်ရှူနေတာကို ခြံဝင်းပိုင်ရှင်ကတွေ့ရှိပြီးထိန်းသိမ်းထားကာ နယ်မြေအုပ်ချုပ်ရေးအဖွဲ့အား ဆက်သွယ်အပ်နှံပေမယ့် အုပ်ချုပ်ရေးအဖွဲ့က လာရောက်ခြင်းမရှိဘူးလို့သိရပါတယ်။"ကလေး ၃ ယောက်က ခြံဝင်းထဲမှာ ကော်လာရှူနေ

Saturday, January 30, 2021

သစ်ထူးလွင်

သစ်ထူးလွင်


Novavax ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုမြင့်မားကြောင်း ကုမ္ပဏီထုတ်ပြန်

Posted: 29 Jan 2021 09:52 AM PST

Novavax ဆေးကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေးပုလင်း။ (အောက်တိုဘာ ၃၀၊ ၂၀၂၀)အမေရိကန်အခြေစိုက် Novavax ဆေးကုမ္ပဏီက တီထွင်နေတဲ့ ဆေးကို ဗြိတိန်နိုင်ငံမှာ လေ့လာစမ်းသပ်တာ အစောပိုင်းရလဒ်တွေအရ ၈၉% ထိရောက်ပုံရတယ်လို့ Novavax ကုမ္ပဏီကပြောပါတယ်။ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတို့မှာ ကူးစက်နေတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ကို Novavax ကိုဗစ်ဆေးက ကာကွယ်နိုင်ပေမဲ့ ၈၉% အထိတော့ မထိရောက်ဘူးလို့ ပြောပါတယ်။ ပိုပြီးကူးစက်လွယ်၊ ပို

ဥရောပ နဲ့ ဗြိတိန် ကိုဗစ်ကာကွယ်ဆေး စစ်ပွဲ

Posted: 29 Jan 2021 09:51 AM PST

Oxford University/AstraZeneca ကိုဗစ်ကာကွယ်ဆေးဗြိတိန်က သူ့နိုင်ငံသားတွေအတွက် ဖယ်ထားတဲ့ သန်းပေါင်း ဆယ်ဂဏန်းချီ တဲ့ AstraZeneca ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို သူတို့ကို ပေးဖို့ အီးယူဥရောပ သမဂ္ဂရဲ့ တောင်းဆိုမှုကနေ ဗြိတိန်နဲ့ အီးယူကြား ကာကွယ်ဆေးဆိုင်ရာ စစ်ပွဲ စတင်ခဲ့ပါတယ်။ ဒီလို ဗြိတိန်က သူ့နိုင်ငံအတွက် ဖယ်ထားတာကြောင့် AstraZeneca ဆေးကုမ္ပဏီက အီးယူဥရောပသမဂ္ဂကို ပို့ပေးဖို့ ကတိပေးထားတဲ့ ဆေးပမာဏအတိုင်း မပေး

၂၀၂၀ မြန်မာရွေးကောက်ပွဲ - အငြင်းပွားမှုတွေနဲ့ စာချွန်တော်မှု ဂယက်

Posted: 29 Jan 2021 08:28 AM PST

ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရကို ကန့်ကွက်ဆန္ဒပြမှု ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးလှသိန်း အပါအဝင် ၁၅ ဦးကို စာချွန်တော်အမိန့် ထုတ်ဆင့်ပေးဖို့ အတိုက်အခံပါတီတွေရဲ့ လျှောက်ထားမှုတွေကို လက်ခံ စစ်ဆေးသင့်မသင့် နောက်သီတင်းပတ် ၂ ပတ်အကြာမှာ ဆုံးဖြတ်မယ်လို့

မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ သံရုံးတွေက စိုးရိမ်ကြောင်းပြော

Posted: 29 Jan 2021 08:22 AM PST

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရက်စ်က ပြောပါတယ်။အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီလ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာ အန်တိုနီယိုဂူတာရက်စ်က သက်ဆိုင်သူတွေ အားလုံးအနေနဲ့ လှုံ့ဆော်တာတွေ၊ ဒေါသ

မြန်မာ့နိုင်ငံရေးတင်းမာနေချိန် ဆန္ဒပြပွဲတွေဖြစ်ပြီး စစ်ကားတွေလည်း တွေ့လာနေရ

Posted: 29 Jan 2021 08:18 AM PST

 နိုင်ငံတော်အလံတွေ ကိုင်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ဆန္ဒပြသူတွေကို ရန်ကုန်မြို့မှာ တွေ့ရ။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)မကြာသေးခင်ရက်တွေက စလို့ နိုင်ငံရေးအရ တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ မြန်မာနိုင်ငံက မြို့ကြီးတချို့မှာ လုံခြုံရေး စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ NLD အမျိုးသား

တစ်နှစ်အတွင်း လူဦးရေထက်ဝက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မြန်မာ့ကျန်းမာရေး ရည်မှန်းထား

Posted: 29 Jan 2021 08:14 AM PST

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်ခန်းမမှာ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၇၊ ၂၀၂၁)ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်လောက်ကို တနှစ်အတွင်း ထိုးပေးဖို့ ရည်မှန်းထားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်တဲ့သတင်းကို တင်ဆက်ပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း

ရွေးကောက်ပွဲရလဒ် ပြောင်းလဲဖို့ ကြိုးစားမှု သံတမန်အဖွဲ့အစည်းတွေ ကန့်ကွက်

Posted: 29 Jan 2021 08:12 AM PST

ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ဒါမှမဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ကြန့်ကြာစေ မယ့် ကြိုးပမ်းအားထုတ်မှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဒီကနေ့ ကြေညာလိုက်ပါတယ်။ဒီရက်ပိုင်းအတွင်း တပ်မတော်ဘက်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်လို့ရကြောင်း ပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာပဲ သြစ

ကျားဖောင်မှာ အလုပ်သွားလုပ်တဲ့ ဒေသခံတစ်ဦး ဒဏ်ရာတွေနဲ့ ပြန်ရောက်လာ

Posted: 29 Jan 2021 08:08 AM PST

ပင်လယ်ပြင်က ငါးဖမ်းကျားဖောင်တွေမှာ သွားရောက် အလုပ်လုပ်နေကြသူတွေ သေဆုံးတာတွေ နှိပ်စက်ခံရတဲ့ သတင်းတွေ ကြားသိနေရပါတယ်။ပုသိမ်မြို့တဖက်ကမ်းမှာ ရှိတဲ့ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ နတ်ကကုန်းကျေးရွာက ဦးမောင်နိုင်ဟာ ဖျာပုံမြို့နယ်ထဲက ကျားဖောင်တစ်ခုမှာ အလုပ်သွားလုပ်ရာကနေ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတယ်လို့ သိရပါတယ်။ပင်လယ်ပြင်က ကျားဖောင်ပေါ်မှာ သုံးလလောက် အလုပ်လုပ်ခဲ့ပြီး ဒဏ်ရာတွေ ရရှိလာတာတွေ ဖြစ်

Friday, January 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ မြန်မာပညာရေးဝန်ထမ်းစာရင်း ကောက်ယူနေ

Posted: 28 Jan 2021 10:21 AM PST

မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေ ပြန်မဖွင့်သေးခင်မှာပဲ ပညာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။ကိုဗစ်ရောဂါကာကွယ်ဆေး စတင်ထိုးပေးနေတဲ့ မြန်မာနိုင်ငံမှာ ပညာရေးဝန်ထမ်းတွေကိုပါ ထိုးနှံပေးနိုင်ဖို့ သက်ဆိုင်ရာ ပညာရေးဌာနတွေကို စာရင်းကောက်ယူနေပါတယ်။ ရောဂါကူးစက်မှု ဒုတိယအများဆုံး

မြန်မာ COVID-19 ရောဂါကူးစက်သူ ၃၅၀၊ သေဆုံးသူ ၁၄ ဦး ထပ်တိုး

Posted: 28 Jan 2021 10:18 AM PST

ရန်ကုန်မြို့ရှိ ရပ်ကွက်တခုမှာတွေ့ရတဲ့ PPE ဝတ်စုံပြည့် ပရဟိတ လုပ်သားတဦး။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၃၅၀ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၁၃ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါ

လားရှိုးမြို့နယ်က တပ်သိမ်းမြေမှာ တောင်ယာ ဆက်လုပ်ခွင့်ပေးဖို့ ရွာသားတွေ တောင်းဆို

Posted: 28 Jan 2021 10:16 AM PST

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ် တန့်ယန်းလမ်းခွဲအနီး နောင်ဖော့ကျေးရွာအုပ်စု လွယ်လမ့်ကျေးရွာက တောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေနေရာတွေဟာ တပ်ပိုင်မြေတွေ ဖြစ်တာကြောင့် ဒီမြေပေါ်ကနေ ဖယ်ပေးကြဖို့ လားရှိုးအခြေစိုက် ခလရ ၄၁ တပ်က အကြောင်းကြားထားတာနဲ့ ပတ်သက်ပြီး ဒေသခံလယ်သမားတွေက ဇန်နဝါရီလ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။လွယ်လမ့်ကျေးရွာဟာ လားရှိုးမြို့ကနေ ရှစ်မိုင်လောက်ဝေးတဲ့ တန့်

တပ်မတော်စွပ်စွဲသလို ရွေးကောက်ပွဲ မဲမသမာမှု မရှိခဲ့ကြောင်း ကော်မရှင် တုံ့ပြန်

Posted: 28 Jan 2021 10:15 AM PST

တပ်မတော်စွပ်စွဲသလို ရွေးကောက်ပွဲ မဲမသမာမှု မရှိခဲ့ကြောင်း ကော်မရှင် တုံ့ပြန် (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ / Photo- AFPပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာတွေရှိခဲ့ပေမယ့် တပ်မတော်ဘက်က စွပ်စွဲထားသလို မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။တပ်မတော်က ထောက်ပြထားတဲ့ နိုင်ငံသားစိစစ်ရေး

ကိုဗစ်ကာကွယ်ဆေး- မြန်မာမှာ ကိုဗစ်ကာကွယ်ဆေးထိုးသူတချို့ ဘေးထွက်ဆိုးကျိုးအနည်းငယ် ခံစားရ

Posted: 28 Jan 2021 10:12 AM PST

ကာကွယ်ဆေးထိုးသူတွေကို ဆေးထိုးပြီးပြီးချင်း ကျန်းမာရေး တာဝန်ရှိသူတွေက မိနစ် ၃၀ ဝန်းကျင် စောင့်ကြည့်မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံခဲ့သူတွေထဲက တချို့ဟာ ကာကွယ်ဆေးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ အဖြစ် ဖျားတာ၊ ကိုယ်ခန္ဓာ နာကျင်ကိုက်ခဲတာနဲ့ ဆေးထိုးတဲ့ နေရာမှာ ယောင်ယမ်းတာတွေ ခံစားနေကြရတယ်လို့ ဘီဘီစီကို ပြောပါတယ်။တချို့လူတွေမှာ ဆေးထိုးပြီး နာရီပိုင်းအတွင်း ဆေးရဲ့အကျိုးသက်ရောက်

ကမ္ဘာ့ဘဏ်ရဲ့ ဒေါ်လာ ၂၂၅ သန်းတန် စီမံကိန်း ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

Posted: 28 Jan 2021 10:09 AM PST

ကမ္ဘာ့ဘဏ်ရဲ့ ဒီစီမံကိန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြို့ ပြစီမံကိန်း စတဲ့ ဖွံဖြိုးရေး ကဏ္ဍတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ ၂၂၅ သန်း တန် " ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ကွက်အသိုင်းအဝိုင်းများတည်ဆောက်ရေး" ဆိုတဲ့ စီမံကိန်းကို ရှမ်းပြည်နယ်မှာ ဖော်ဆောင်မှာနဲ့ ပတ်သက်လို့ အရပ်ဘက်အဖွဲ့အစည်း ၆၀ ကျော်က ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးရဖို့ အရေးကြီးတဲ့

Wednesday, January 27, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မလေးရှားမှာ ပိတ်မိနေသူ မြန်မာ ၁၀၀ ကျော် နေရပ်ပြန်လာ

Posted: 27 Jan 2021 06:37 AM PST

ဇန်နဝါရီလ ၂၇ ရက်နေ့က နေရပ်ပြန်ပို့ခံရတဲ့ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဇန်နဝါရီ ၂၇၊ ၂၀၂၁)ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ ပိတ်မိနေသူတွေနဲ့ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဒီကနေ့ပဲ နေရပ်ပြန်ခွင့်ရခဲ့ကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ

ကန်တနိုင်ငံလုံး ဆောင်းဦးပေါက် နောက်ဆုံး ကာကွယ်ဆေးထိုးမည်

Posted: 27 Jan 2021 06:30 AM PST

Pfizer ကာကွယ်ဆေးတချို့။ (ဇန်နဝါရီ ၀၇၊ ၂၀၂၁)အမေရိကန်လူဦးရေ သန်း ၃၀၀ လုံးကို နောက်နှစ် ဆောင်းဦးပေါက်ရာသီအစပိုင်း နောက်ဆုံးထားပြီး COVID-19 ကာကွယ်ဆေး ထိုးပေးဖို့အတွက် ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀ ထပ်မှာထားတယ်လို့ သမ္မတ ဂျိုး ဘိုင်ဒန်က အင်္ဂါနေ့မှာပြောပါတယ်။Pfizer-BioNTech ကုမ္ပဏီတွေရဲ့ကာကွယ်ဆေး သန်း ၁၀၀ နဲ့ Moderna ကုမ္ပဏီရဲ့ကာကွယ်ဆေး သန်း ၁၀၀ ကို ထပ်ဝယ်ထားတာပါ။ လာမယ့် နွေရာသီအကုန် ဒါမှမဟုတ် ဆောင်းဦး

ကိုဗစ်ကာကွယ်ဆေးတွေ ရောက်လာပြီ ဆိုပြီး မပေါ့ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ သတိပေး

Posted: 27 Jan 2021 06:23 AM PST

ကာကွယ်ဆေး ထိုးသူတွေကို ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုအားပေးမြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေးတွေ ရောက်လာပြီ ဆိုပြီး မပေါ့ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်ကာကွယ်ဆေးတွေ ပထမဆုံးအကြိမ် စတင်ထိုးနှံပေးနေပြီ ဖြစ်ပြီး နေပြည်တော် ကုတင် ၁ဝဝဝ ဆေးရုံဝင်းထဲက သူနာပြုသင်တန်းကျောင်းမှာ ကျန်းမာရေးဝန်ထမ်း

ကိုဗစ် - ဗြိတိန်မှာ သေနှုန်း မြင့်တာ 'ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်' လို့ ပညာရှင်တွေပြော

Posted: 27 Jan 2021 06:14 AM PST

 ကိုဗစ် - ဗြိတိန်မှာ သေနှုန်း မြင့်တာ 'ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်' လို့ ပညာရှင်တွေပြောဗြိတိန်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကပ်ကြောင့် ကမ္ဘာမှာ သေဆုံးနှုန်း အမြင့်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်သွားတာဟာ "ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်" ဖြစ်ရတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။လော့ခ်ဒေါင်း ၃ ကြိမ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ သိပ္ပံနည်းကျ အကြံပေးချက်တွေ ကို ဝန်ကြီးချုပ်က လိုက်ပါလုပ်ဆောင်

ရှမ်းဒေသတချို့ မှာ ဥပဒေမဲ့ လုပ်ရပ်တွေ အရေးယူခြင်းမရှိ

Posted: 27 Jan 2021 06:10 AM PST

ကျောက်မဲမြိုအဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ-ကျောက်မဲ-မင်္ဂလာထွန်း သတင်းစုံ)လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာ ရှမ်းပြည်နယ်မှာ ဒေသခံအရပ်သားတွေ ပစ်ခတ်ခံရ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်တွေ ပေါ်ပေါက်နေတဲ့အပေါ် ဒေသခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်သတင်းပေးပို့ထားပါတယ်။ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စားသောက်ဆိုင်တစ်

မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး စတင် ထိုးနှံ

Posted: 27 Jan 2021 06:08 AM PST

ရခိုင်က ကျန်းမာရေးဝန်ထမ်းတဦး ကိုဗစ်ကာကွယ်ဆေးထိုးနှံနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ရောဂါကာကွယ်ဆေး စတင်ထိုးနှံရာမှာ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက ပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်လုပ်အားပေးတွေ ပါဝင်ခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။ပြည်နယ်နဲ့ တိုင်းအသီးသီးက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ

တပ်မတော်ထောက်ခံပွဲ ဦးဆောင်ကျင်းပမယ့် မိုက်ကယ်ကျော်မြင့် ဖမ်းဆီးခံရ

Posted: 27 Jan 2021 06:01 AM PST

တပ်မတော်ထောက်ခံပွဲ ဦးဆောင်ကျင်းပမယ့် မိုက်ကယ်ကျော်မြင့် ဖမ်းဆီးခံရ မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ်မှာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ် / Photo: RFAဝရမ်းပြေးအဖြစ် ကြေညာခံထားရတဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက် မနေ့ညက ဖမ်းမိခဲ့တယ်လို့ မြို့နယ်ရဲစခန်းမှူး စိုးဝင်းက RFA ကို အတည်ပြုပြောပါ

ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးခွင့်ရ

Posted: 27 Jan 2021 05:59 AM PST

 မြန်မာနိုင်ငံက ပထမဆုံးရထားတဲ့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေး တစ်သန်းခွဲကို ဒီနေ့ စတင် ထိုးပေးနေတာပါ။ကာကွယ်ဆေးက တခြားနိုင်ငံက တင်သွင်းရတာဖြစ်လို့ ကိုယ်လိုချင်သလောက် ချက်ချင်းရတာ မဟုတ်ဘဲ စောင့်ရဦးမှာဖြစ်တာကြောင့် ပြည်သူတွေ ကျန်းမာရေး သတိမပေါ့ဆဖို့ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။နေပြည်တော် သူနာပြုတက္ကသိုလ်မှာ ပြုလုပ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ

တပ်မတော်က အာဏာသိမ်းမယ်၊ မသိမ်းဘူး ပြောလို့ မရကြောင်း တပ်မတော် ပြောခွင့်ရသူ ပြော

Posted: 26 Jan 2021 09:19 AM PST

အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း တပ်မတော်ပြောတပ်မတော်က ထုတ်ပြန်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေ မှန်ကန်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီကနေ့ အင်္ဂါနေ့မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။၂၀၂၀ ခုနှစ် နိုဝင်ဘာလ

Tuesday, January 26, 2021

သစ်ထူးလွင်

သစ်ထူးလွင်


သမ္မတ Biden ရဲ့ ကိုဗစ်ကာလ ထောက်ပံ့ရေးအစီအစဉ်

Posted: 26 Jan 2021 07:04 AM PST

My American Dream အစီအစဉ်ကို တင်ဆက်နေတဲ့ Financial Professional ငွေကြေးစျေးကွက်ဆိုင်ရာ ကျွမ်းကျင်သူ မဝင်းမြတ်သူ နှင့် VOA မေးမြန်းAmerican Rescue Plan လို့ခေါ်တဲ့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒေါ်လာ ၁.၉ထရီလီယံ တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ထောက်ပံ့ရေး အစီအစဉ်သစ် ဟာ အရင်သမ္မတ ဒေါ်နယ်လ်ထရမ့်လက်ထက်က ထောက်ပံ့မှုမျိုးနဲ့ ဘာတွေကွာခြားသလဲ။ မြန်မာအပါအဝင် အမေရိကန်ရောက် နိုင်ငံခြားသားတွေအတွက် ဒီအစီအစဉ်ကနေ ဘာတွေ ပိုပြီး

မြန်မာကျန်းမာရေးလုပ်သား တသိန်းကျော် ကိုဗစ်ကာကွယ်ဆေးစထိုးနှံမည်

Posted: 26 Jan 2021 07:01 AM PST

PPE ဝတ်စုံဝတ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတချို့ကို ရန်ကုန်မြို့ရှိ ဧရာဝတီကိုဗစ်စင်တာတခုတွင် တွေ့ရ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမယ့် အစီအစဉ်အဖြစ် နိုင်ငံအနှံ့က ကျန်းမာရေးဝန်ထမ်း ၁၀၀,၀၀၀ ကျော်ကို မနက်ဖြန်ကစ ထိုးနှံပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမယ့် အစီအစဉ်မှာ

ကွတ်ခိုင်က ပန်ဆေးပြည်သူ့စစ်စခန်းမှာ ပစ်ခတ်မှုဖြစ်လို့ တပ်စိတ်မှူးတစ်ဦး သေဆုံး

Posted: 26 Jan 2021 06:58 AM PST

ကွတ်ခိုင်က ပန်ဆေးပြည်သူ့စစ်စခန်းမှာ ပစ်ခတ်မှုဖြစ်လို့ တပ်စိတ်မှူးတစ်ဦး သေဆုံး ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ‌‌ကျေးရွာအဝင် ကားလမ်းကို တွေ့ရစဉ်။ Photo: RFAကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးက ပန်ဆေးပြည်သူ့စစ်စခန်းမှာ ဇန်နဝါရီ လ၂၃ ရက် နေ့ မနက် ၈ နာရီလောက်က ပစ်ခတ်မှုတစ်ခုဖြစ်ပြီး တပ်စိတ်မှူး တာဝန်ယူထားတဲ့ အသက် လေးဆယ်ကျော်အရွယ် ဦးရင်ကျိုင်း ဆိုသူ သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်

အနံ့ဆိုးထွက်လို့ ရွှေနဂါးဓါတ်မြေသြဇာစက်ရုံ ပိတ်ပေးဖို့ ဒေသခံတွေ တောင်းဆို

Posted: 26 Jan 2021 06:56 AM PST

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးနဲ့ မအူပင်ကားမပေါ်က ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံက ထွက်ရှိတဲ့ အနံ့ဆိုး၊ ရေဆိုးနဲ့ အမှုန်တွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေတာကို အရေးယူပေးဖို့ ဒေသခံတချို့က ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဇန်နဝါရီလ ၂၆ ရက် ဒီနေ့မှာ တိုင်းအစိုးရရုံးရှေ့မှာ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ဒီအခြေအနေတွေကို ကွင်းဆင်းစစ်ဆေးဖို့ တိုင်းအစိုးရဝန်ကြီး နှစ်ဦးကို လွှတ်ပေးမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က

ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်း အဆိပ်ခတ်သူ နှစ်ဦးအား ဖမ်းဆီးရမိ

Posted: 26 Jan 2021 06:47 AM PST

သပိတ်ကျင်း  ဇန်နဝါရီ    ၂၅   မန္တလေးတိုင်းဒေသကြီး  သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု   ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်းမှ      ရေကို သောက်သုံးမိ၍ အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်စဉ်တွင်   အဆိပ်ခတ်သူ      နှစ်ဦးကို ဖမ်းဆီးရမိကြောင်း  သပိတ်ကျင်းမြို့   မြို့မ ရဲစခန်းမှ  ယနေ့ညနေပိုင်းက  စုံစမ်းသိရှိ ရသည်။သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာ အုပ်စု  ဆင်မွှေးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်

ကျောက်မဲမြို့ရှိ စားသောက်ဆိုင်အား လက်နက်ကိုင် လူနှစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဆိုင်ထိုင် စားသောက်သူ အမျိုးသား၂ ဦး ဒဏ်ရာရရှိ

Posted: 26 Jan 2021 06:42 AM PST

ကျောက်မဲ   ဇန်နဝါရီ    ၂၆ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ၊ အမှတ် ၈ ရပ်ကွက်၊ နယ်မြေ ၂ ရှိ M2K စားသောက်ဆိုင်အား ယမန်နေ့ ည ၉ နာရီခန့်က ဆိုင်ကယ် စီးနင်းလာသူ ၂ ဦး မှ လက်နက်ငယ်ပစ်ခတ်မှုကြောင့်  ဆိုင်ထိုင်စားသောက်နေသူ အမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ M2K ဆိုင်၏ အရှေ့ဖက် အပြင်ဝိုင်းတွင် လူငယ် ၄ ဦးက စားသောက်ကာ စကားပြောနေကြစဉ် ကျောက်မဲကြီးဘက်မှ မြို့တွင်းဘက်သို့ အောင်းဆန်း

၁၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီးတဲ့နောက် ကိုးယောက်ကတော့ အသက်မရှင်ခဲ့

Posted: 25 Jan 2021 04:34 PM PST

မြေအောက်မှာ နှစ်ပတ်ကြာ ပိတ်မိနေသူတွေထဲက ပထမဆုံးကယ်ထုတ်နိုင်သူ အပေါ်ရောက်လာတဲ့ မြင်ကွင်းတရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်က ရွှေတွင်းတစ်ခုတူးနေတုန်း ပြိုကျလို့ နှစ်ပတ်ကြာ ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေအထဲက ကိုးဦးသေဆုံးနေတာ တွေ့ရတယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောပါတယ်။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇန်နဝါရီ ၂၄ ရက်တုန်းကတော့ ပိတ်မိနေကြသူတွေအထဲက ၁၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။အခုအထိ တစ်ဦးကတော့ ပြန်ရှာလို့ မတွေ့ရ

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အတွက် Moderna ထိရောက်မှု

Posted: 25 Jan 2021 04:30 PM PST

ဗြိတိန်နဲ့ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကို တိုက်ထုတ်မယ့် ခန္ဓာကိုယ်တွင်း ခုခံကာကွယ်နိုင်စွမ်းကို သူတို့ရဲ့ COVID- 19 ကာကွယ်ဆေးက ထုတ်ပေးနိုင်စွမ်းရှိပုံရတာ တွေ့ရတယ်လို့ အမေရိကန်ဆေးကုမ္ပဏီ Moderna က တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။သူတို့ ကုမ္ပဏီကထုတ်တဲ့ ၂ ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးဟာ လတ်တလောတွေ့နေရတဲ့ ဗီဇပြောင်း ပိုးသစ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်း

ထောက်ပံ့ကြေးမရသေးတဲ့ ဆင်းရဲမိသားစုတွေအတွက် ကျပ်ငွေ ၅ ဘီလျံကျော်သုံးစွဲမည်

Posted: 25 Jan 2021 04:27 PM PST

ရန်ကုန်မြို့ မြင်ကွင်းတနေရာကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ စားဝတ်နေရေး အခက်ကြုံနေရတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ကြေးပေးရာမှာ ကျန်နေသေးတဲ့ အိမ်ထောင်စု ၂ သန်းကျော်ကို စပေးနေတဲ့အကြောင်း ပြောပြပါ မယ်။ VOA မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းတင်ဆက်ထားပါတယ်။ကပ်ရောဂါကာလမှာ အခက်အခဲကြုံနေရတဲ့ ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားတွေကို အစိုးရက ၄ ကြိမ် ထောက်ပံ့ခဲ့ပေမဲ့ ရသင့်တဲ့သူတွေ မရဘူးဆိုပြီး

လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၄ဝဝ ကျော် ထိုင်းကနေ နေရပ်ပြန်ပို့ဖို့ ဆန္ဒပြ

Posted: 25 Jan 2021 04:24 PM PST

လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၄ဝဝ ကျော် ထိုင်းကနေ နေရပ်ပြန်ပို့ဖို့ ဆန္ဒပြ ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ပြစ်ဒဏ်ကျခံနေရာက လွတ်ရက်စေ့သွားတဲ့ မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ပေးဖို့ ၂ဝ၂၁ ဇန်နဝါရီ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။Photo: Citizen Journalistထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၄၀၀ ကျော် ပြစ်ဒဏ်ကျ

ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့

Posted: 25 Jan 2021 04:22 PM PST

ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ကလေးမြို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတချို့ကို တွေ့ရစဉ်။ File Photo: RFAစစ်ကိုင်းတိုင်း ကလေးမြို့မှာ Home Quarantine အိမ်တွင်းကန့်သတ်နေထိုင်သူတစ်ဦး မနေ့မနက်က သေဆုံးသွားပါတယ်။အိမ်မှာ သီးခြားကန့်သတ် စောင့်ကြည့်ထားတဲ့ အသက် ၈၀ ကျော် အမျိုးသမီး သေဆုံးတာဖြစ်ပြီး အလောင်းကို စစ်ဆေးကြည့်တော့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရတယ်

မန်နေဂျာဖရန့်လမ်းပတ်ကို ချယ်လ်ဆီးကလပ်က ထုတ်

Posted: 25 Jan 2021 09:50 AM PST

ဖရန့်လမ်းပတ်လမ်းပတ်ဟာ ချယ်လ်ဆီးကို ကိုင်ခဲ့ချိန် ၅၇ ပွဲမှာ ၂၈ ပွဲပဲ အနိုင်ရခဲ့ပါတယ်။ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးက ၁၈လတာ အသင်းကို ဦးဆောင်ခဲ့တဲ့ မန်နေဂျာ ဖရန့်လမ်းပတ်ကို ထုတ်ပယ်လိုက်ပါပြီ။ သူ့နေရာမှာ ပါရီစိန့်ဂျာမိန်းရဲ့ မန်နေဂျာဟောင်း သောမတ်စ်တူကယ်ကို ခန့်မယ်လို့ ယူဆရပါတယ်။ပြီးခဲ့တဲ့အပတ်က လက်စတာကို ရှုံးခဲ့ပြီးတဲ့နောက်မှာ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်ဇယားမှာ နံပတ် ၉ နေရာမှာ ရှိနေပါတယ်။ နောက်ဆုံးကစား

နေ့စဉ် မြန်မာကိုဗစ်အတည်ပြုလူနာစာရင်း ၄၀၀ အောက် ကျဆင်း

Posted: 25 Jan 2021 09:48 AM PST

ဝေဘာဂီဆေးရုံ။မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ဒီနေ့ ၄၀၀ အောက် ကျဆင်းသွားသလို သေဆုံးသူကလည်း ၁၀ ယောက် အောက်ကျသွားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အတည်ပြုလူနာသစ် ၃၈၃ ယောက်မို့ ဒါဟာ ရက်ပေါင်းများစွာအတွင် ၄၀၀ အောက်အရေအတွက် ပထမဆုံးကျဆင်းသွားတာဖြစ်ပါတယ်။ အလားတူပဲ သေဆုံးသူကလည်း ၇ ဦးအထိ ကျဆင်းသွားပါတယ်။ သေဆုံးသူတွေထဲမှာ ၆ ယောက်က ရောဂါအခံရှိသူတွေ

မျိုးဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေကို အမေရိကန်လေ့လာစုံစမ်းနေ

Posted: 25 Jan 2021 09:46 AM PST

Serbia နိုင်ငံ Belgrade မြို့မှာ ကိုဗစ်စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၀)ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါ ဆက်လက် ကူးစက်ပျံ့နှံ့နေတာနဲ့အတူ ထပ်ပြီးတွေ့လာရတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေအကြောင်း သိရှိအောင် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်နေပါတယ်။ အဲဒီ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ်တွေအပေါ် ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ကုသထုံးတွေရဲ့ သက်ရောက်မှုကို လေ့လာနေတယ်လို့ အမေရိကန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC