Wednesday, September 30, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ဂျာမနီမှာ ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုတွေ ထပ်မံတင်းကြပ်

Posted: 30 Sep 2020 07:01 AM PDT

Germany ရဲများဂျာမနီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများတဲ့ နေရာတွေမှာ ပါတီပွဲနဲ့ မိသားစု တွေ့ဆုံပွဲတွေ အတွက် စုဝေးနိုင်တဲ့ လူအရေအတွက်ကို ကန့်သတ်သွားမယ်လို့ဝန်ကြီးချုပ် Angela Merkel က အင်္ဂါနေ့က ပြောပါတယ်။ ပြည်နယ် ၁၆ ပြည်နယ်က ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးအပြီးမှာ ဝန်ကြီးချုပ် Merkel က အခုလို ပြောလိုက်တာပါ။လတ်တလော ဂျာမနီမှာ မင်္ဂလာအခမ်းအနားပွဲ၊ မိသားစုတွေ့ဆုံပွဲနဲ့ ပါတီပွဲတွေမှာ

ကူဝိတ်စော်ဘွား ကွယ်လွန်

Posted: 30 Sep 2020 06:59 AM PDT

မှတ်တမ်းဓါတ်ပုံ -ကူဝိတ် စော်ဘွား Sheikh Sabah Al Ahmad Al Sabah၂၀၀၆ ခုနှစ်ကစပြီး ကူဝိတ်နိုင်ငံကို အုပ်ချုပ်ခဲ့သူ ကူဝိတ် စော်ဘွား Sheikh Sabah Al Ahmad Al Sabah အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ ပြီလို့ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ကြေညာခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၁ နှစ်ရှိပါပြီ။လွန်ခဲ့တဲ့ ၂ လလောက်ကပဲ ကူဝိတ်စော်ဘွားဟာ ခွဲစိတ်ကုသမှု တစ်ခုခံယူအပြီး အမေရိကန် လေတပ်ပိုင် C-17 အမျိုးအစား ဆေးရုံ

(၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၉၄၆)ဦး တွေ့ရှိ

Posted: 30 Sep 2020 06:57 AM PDT

 (၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၃၀-၉-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၂၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၉၄၆)ဦး တွေ့ရှိရပါသည်။ Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar

ထရမ့်နဲ့ ဘိုင်ဒန်တို့ အပြိုင်ကြဲကြတဲ့ အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲ

Posted: 30 Sep 2020 06:55 AM PDT

စကားစစ်ထိုးပွဲ စကတည်းက ထရမ့်က ဘိုင်ဒန်ကို စကားဖြတ်ဖြတ် ပြောနေခဲ့ရီပတ်ဘလီကန်ဘက်က လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်ဘက်က သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို စကားစစ်ထိုးရာမှာ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ စီးပွားရေးကိစ္စနဲ့ လူမျိုးရေးနဲ့ အကြမ်းဖက် ဆန္ဒပြမှုဆိုင်ရာကိစ္စတွေက အဓိကလွှမ်းမိုးခဲ့ပါတယ်။ဒီ စကားစစ်ထိုးပွဲမှာ နှစ်ဖက်ရဲ့ သိသိသာသာ ခြားနားချက်ကတော့ ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်ကိုသာ ဦးတည် ပြောဆို

မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ နေရာတွေပေါ် တက်ခွင့် ပိတ်လိုက်

Posted: 30 Sep 2020 06:51 AM PDT

ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားတဲ့ မဟာတံတိုင်းကြီးရဲ့ နေရာအတော်များများ ပြင်ဆင်မွမ်းမံထားတရုတ်နိုင်ငံမှာ လူအစည်ကားဆုံး အားလပ်ရက်ရာသီ ကာလ နီးကပ်လာတာနဲ့အမျှ "မဟာတံတိုင်းကြီးရဲ့ ပျက်စီးယိုယွင်းနေတဲ့ နေရာတွေပေါ် " တက်သူတွေကို အရေးယူမယ်လို့ တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။ပြင်ဆင်မွမ်းမံ မထားတာကြောင့် ခရီးသွားတွေ မသွားကြဖို့ ကန့်သတ်ထားတဲ့ မဟာတံတိုင်းကြီးထဲက နေရာတချို့ကို "wild Great Wall" "မဟာ

ကိုဗစ်ကာလ ဆေးဝါးသုံးစွဲမှုသတိထားဖို့ ကျန်းမာရေးတာဝန်ရှိသူတွေသတိပေး

Posted: 30 Sep 2020 06:48 AM PDT

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ Swab နမူနာယူဖို့ ပြင်ဆင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ရင်ဆိုင်နေရချိန်မှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်သုံးတာတွေ မလုပ်ကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာ သတင်းမှားတွေကို ရှောင်ရှားကြဖို့လည်း ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။ကိုဗစ်

ဖားကန့်နဲ့ ရတနာနယ်မြေများ နောက်ထပ်နှစ်လရပ်နားဖို့ စီစဉ်နေ

Posted: 30 Sep 2020 06:47 AM PDT

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကျောက်မျက်တူးဖော်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၂၈၊ ၂၀၁၅)COVID 19 ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဖားကန့်နဲ့ အခြားရတနာမြေတွေမှာ မိုးတွင်းကာလ ကျောက်မျက် တူးဖော်ခွင့် ရပ်နားထားတာကို နောက်ထပ် ၂ လ သက်တမ်းတိုးဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။မိုးရာသီကာလမှာ လုံးခင်း၊ ဖားကန့်၊ ခန္တီးနဲ့ မော်လူး-မော်ဟန် ရတနာမြေတွေကနေ ကျောက်စိမ်း

တီးတိန်မြို့နယ် သစ်တောနယ်မြေက နေအိမ်တွေကို ဖယ်ရှားခိုင်း

Posted: 30 Sep 2020 06:45 AM PDT

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ သစ်တောနယ်မြေမှာ နေထိုင်သူတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အိမ်တွေဖယ်ရှားပေးဖို့ သစ်တောဌာနက အမိန့်စာပို့ အကြောင်းကြားထားပါတယ်။ခိုင်ကမ်းမြို့နယ်၊ အမှတ် ၄ ရက်ကွက်၊ ကွဲတံတားရဲ့ အောက်ဘက်ခြမ်းမှာရှိတဲ့ နေအိမ် ၂၆ လုံးကို စက်တင်ဘာလ ၂၅ ရက်နေ့က နောက်ဆုံးထား ဖယ်ရှားခိုင်းတာဖြစ်ပြီး ဒေသခံတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိနေတဲ့ ကာလဖြစ်တာကြောင့်

မဲဆွယ်မိန့်ခွန်းဖြတ်တောက်မှုတွေကို ပြည်တွင်း၊ ပြည်ပက ဝေဖန်

Posted: 30 Sep 2020 06:42 AM PDT

၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်Photo: RFA၈၈ မျိုးဆက် ကျောင်းသားတွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီက နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယိုကနေ ထုတ်လွှင့်မယ့် မဲဆွယ်မိန့်ခွန်းလည်း ဆင်ဆာဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။ပါတီတချို့ ဒီလို မိန့်ခွန်းဆင်ဆာဖြတ်တောက်မှုဟာ လွတ်လပ်စွာ

ဒုတိယအကြိမ်မဲစာရင်းတွေကို အောက်တိုဘာ ၁ရက်နေ့မှာစကပ်မယ်၊ အွန်လိုင်းကလည်း စစ်နိုင်မယ်

Posted: 30 Sep 2020 06:40 AM PDT

မဲစာရင်းတွေ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြေပြင်မှာ စာရင်းကပ်ကြေညာသွားမှာဖြစ်သလို အွန်လိုင်းကတစ်ဆင့်လည်း စစ်ဆေးနိုင်မှာဖြစ်၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို အောက်တိုဘာ ၁ ရက်နေ့က စပြီး မြေပြင်မှာ စာရင်းကပ်ကြေညာသွားမှာဖြစ်သလို အွန်လိုင်းကတစ်ဆင့်လည်း စစ်ဆေးနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာထားပါတယ်။ကော်မရှင်က ကြေညာပြီးနောက် စက်တင်ဘာ ၃၀

Test kit အခု၂သိန်း ထပ်မှာထား၊ ရန်ကုန်သာမက တိုင်းနဲ့ပြည်နယ်တွေမှာစစ်ဆေးသွားမယ်

Posted: 30 Sep 2020 06:38 AM PDT

အင်းစိန်ဖျားနာကုဆေးခန်းမှာ swab နမူနရယူနေပုံကူးစက်မှုနဲ့ သေဆုံးသူအများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာ ပြည်ပကနေ မှာယူထားတဲ့ test kit တွေနဲ့ ကိုဗစ်ပိုးရှိမရှိကို မနေ့က(စက်တင်ဘာ ၂၉ ရက်နေ့မှာ) စတင် စစ်ဆေးခဲ့ပြီး ပိုးအဖြေတွေကိုတော့ စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင်ကြေညာသွားဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင် စိုးက ဘီဘီစီ ကိုပြောပါတယ်။မနေ့ကTest kit တွေနဲ့ စစ်ဆေးမှုကို ရန်

ထိုင်းမဲဆောက်မြို့မှ မြန်မာမြဝတီမြို့အတွက် ဆေးအကူအညီပေး

Posted: 30 Sep 2020 06:35 AM PDT

မြန်မာနိုင်ငံကို ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တာဝန်ရှိသူတွေနဲ့ ကုန်သည်တွေက ဆေးဘက်ဆိုင်ရာပစ္စည်း အကူအညီတွေ ပေးအပ်ခဲ့တဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၉၊ ၂၀၂၀)ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တာဝန်ရှိသူတွေနဲ့ ကုန်သည်တွေက ဆေးဘက်ဆိုင်ရာပစ္စည်း အကူအညီတွေ ပေးအပ်ခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။ထိုင်းမြန်မာနယ်စပ် တာ့

ကိုဗစ်ကပ်ဘေး မိသားစုတွေအထောက်အပံ့လိုအပ်နေ

Posted: 30 Sep 2020 06:34 AM PDT

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ အချိန်မှာ လိုအပ်ရင် ထောက်ပံ့ကူညီဖို့ အစိုးရက ပြင်ဆင်နေရာမှာ ဘယ်လိုလူတွေ အကူအညီလိုနေသလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် လပိုင်းအတွင်းမှာပဲ သေဆုံးသူ ၂၀၀ ကျော်နဲ့ ကူးစက်သူ ၁၀,၀၀၀ လောက် တိုးလာရာက ရန်ကုန်တိုင်း တခုလုံးနီးပါး အိမ်ပြင်မထွက်ဖို့

ရန်ကုန်မှာ ‌ဆိုင်အများစု ပိတ်လိုက်လို့ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ

Posted: 30 Sep 2020 06:28 AM PDT

လူဦးရေ ၆ သန်းဝန်းကျင်နေထိုင်ရာ ရန်ကုန်မြို့မှာ အဓိက ဈေးကြီးတွေဖြစ်တဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်၊ ဗဟိုစံပြငါးဈေး၊ သီရိမင်္ဂလာဈေးနဲ့ ဒညင်းကုန်းဈေးတွေမှာ ဈေးဆိုင်ခန်း အများအပြား ပိတ်သိမ်းထားပြီး ကုန်ဈေးနှုန်းလည်း အနည်းငယ်တက်နေပါတယ်။မြန်မာတစ်နိုင်ငံလုံးကို ရေထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချတဲ့ ဗဟိုစံပြငါးဈေးမှာ ဆိုင်ခန်း ၈၀ ရာခိုင်နှုန်း လောက်က ပိတ်ထားတာကြောင့် ပင်လယ်စာကုန်အဝင် နည်းပါးလာပြီး ရေချိုငါး

နှင်းဆီပါတီဥက္ကဋ္ဌကို ထိန်းသိမ်းလိုက်ပြီလို့ သမ္မတရုံး အတည်ပြု

Posted: 30 Sep 2020 06:25 AM PDT

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို တွေ့ရစဉ်Photo: United Democratic Party-UDPနှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၂၂၄ နဲ့ မနေ့ညက အမှုဖွင့် ဖမ်းဆီးထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။ဦးကျော်မြင့်ကို မနေ့ညက ရဲတပ်ဖွဲ့က သူ့ရဲ့နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးလိုက်တာဖြစ်ကြောင်း၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၄ အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေး ဖြစ်တဲ့

မြန်မာတဝှမ်း လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ဥက္ကဌ ဖမ်းဆီးခံရ

Posted: 30 Sep 2020 06:24 AM PDT

လာမည့်အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ခေါ် UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု ဖြင့် ရဲများ အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။နှင်းဆီပါတီ သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံလုံး အတိုင်းအတာ အရ ဒုတိယ အများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ တခုဖြစ်ကြောင်းသိရသည်။လက်ရှိမှာ ဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင် ကို စက်တင်ဘာ ( ၂၉ ) ရက် ညက ထောင်ပြေး

အမ်းမြို့နယ်၌ ၂ ရက်အတွင်းလက်ပြန်ကြိုးတုတ်ထားသည့် အလောင်းနှစ်လောင်းရေထဲတွင်တွေ့

Posted: 30 Sep 2020 06:20 AM PDT

နိရဥၥရာ၊ စက္တင္ဘာ ၃ဝ/၂ဝ၂ဝရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ၂ ရက်အတွင်း လက်ပြန်ကြိုးတုတ်ပြီး သေဆုံးနေသည့် အမည်မသိ အလောင်းနှစ်လောင်းကို ရေထဲတွင် ဒေသခံများက တွေ့ခဲ့ကြရသည်ဟု သတင်းရရှိသည်။ပထမ တစ်လောင်းကို စက်တင်ဘာ ၂၇ ရက်နေ့က  အမ်းမြို့နယ်၊ စခန်းမော်အုပ်စု၊ အိုးပုံတောင်ကျေးရွာအနီး တစ်မိုင်ခန့်အကွာ မြောက်ဦးချောင်းထဲတွင် တွေ့ရှိခဲ့ရပြီး လက်ကိုနောက်ပြန်ကြိုးတုတ်ကာ မျက်နှာကို အဝတ်စဖြင့် ဖုံးအုပ်ထားသည်ဟု သိရ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၃၀)နာရီ

Posted: 30 Sep 2020 06:17 AM PDT

(၂၉-၉-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ (၇၉၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar

မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ ရွေးကောက်ပွဲစည်းရုံးမှု တားမြစ်နေ

Posted: 29 Sep 2020 10:35 AM PDT

တအန်း(ပလောင်) အမျိုးသားပါတီ TNP ကို မိုင်းကိုင်မြို့နယ်မှာ တွေ့ရ။ (ဓာတ်ပုံ - TNP-Mong Kung - စက်တင်ဘာ ၂၈၊ ၂၀၂၀)ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းလက်ကိုင်အဖွဲ့က နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်မပြုဘူးဆိုပြီး ဒေသခံ တအန်း(ပလောင်) ပါတီက၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။မိုင်းကိုင်မြို့နယ်၊ ပန်

မြန်မာပြည် နယ်စပ်ဖြတ်ပြန်ဝင်တဲ့ ထိုင်း ၁၉ ဦးဖမ်းခံရ

Posted: 29 Sep 2020 10:33 AM PDT

စက်တင်ဘာလ ၂၈ ရက်နေ့ညက မြဝတီဘက်ကနေ တရားမဝင်ဝင်လာတဲ့ ထိုင်းနိုင်ငံသား ၁၉ ဦးကို ဖမ်းမိတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ် - စက်တင်ဘာ ၂၈၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေး တင်းကြပ်ထားချိန်မှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော်သူ ထိုင်းနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးမိခဲ့ပြီး၊ ရောဂါစောင့်ကြည့်ရေးစင်တာကို ပို့လိုက်တဲ့အကြောင်း ပြောပြပါ

စာကျက်နည်းတွေ ပြန်ရောင်းပြီး ဒေါ် လာထောင်ချီ စီးပွားရှာခဲ့တဲ့ ကျောင်းသားတစ်ဦး

Posted: 29 Sep 2020 10:31 AM PDT

စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်က စီးပွားရေးကျောင်းသား ယူဂျင်း ချီယောင်း"သင်ရိုးညွှန်းတမ်း တစ်ခုလုံးကို သူ့ စာကျက်နည်း မှတ်စုတွေထဲ အလွတ် ထည့်နိုင်တယ်လို့" ယူဂျင်း ချီယောင်းက ပြုံးပြီး ဟာသနှော ပြောပြပါတယ်။" ကျွန်တော် ရေငုပ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ အခမဲ့တိုက်တဲ့ ကော်ဖီလည်း အမြဲသွားသောက်ပါတယ်"စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်က အသက် ၂၄ နှစ်အရွယ် စီးပွားရေးကျောင်းသား ယူဂျင်း ချီယောင်းက စင်္ကာပူ

ထိုင်းမှာ ဟိုတယ် မကောင်းကြောင်း ရေးခဲ့တဲ့ နိုင်ငံခြားသား ထောင်ချခံရဖွယ်ရှိ

Posted: 29 Sep 2020 10:23 AM PDT

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ထိုင်းနိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အခက်အခဲနဲ့ ရင်ဆိုင်နေရထိုင်းနိုင်ငံမှာ အမေရိကန်တစ်ဦးဟာ သူနေခဲ့တဲ့ ဟိုတယ် မကောင်းကြောင်း ရေးခဲ့အပြီးမှာ ထောင်ဒဏ် ၂ နှစ် ကျခံရဖွယ် ရှိနေပါတယ်။ထိုင်းနိုင်ငံမှာ တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းထားတဲ့ အသရေဖျက်မှု ဥပဒေနဲ့ သူ့ကို Sea View Resort ဟိုတယ်က တရားစွဲခဲ့တာပါ။ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဝက်စလီ ဘန်းစ် ဆိုသူ အဲဒီ အမေရိကန်

မြန်မာ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၂,၄၂၅၊ သေဆုံးသူ ၂၈၄

Posted: 29 Sep 2020 10:20 AM PDT

တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် ကျန်းမာရေးဝန်ထမ်းတဦးကို ရန်ကုန်မြို့ရှိ လမ်းတခုတွင်တွေ့ရ။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၇၉၅ ယောက်ထပ် အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၂,၄၂၅ ယောက်ရှိသွားပြီဖြစ်ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ အတွက် စုစုပေါင်း ဓါတ်ခွဲနမူနာ ၅,၉၆၂ ခု စစ်ဆေးခဲ့တာမှာ လူနာသစ် ၈၀၀ နီးပါးတွေ့ရတာပါ။လွန်ခဲ့တဲ့ ၂၄ အတွင်း သေဆုံးသူ ၂၈ ယောက်ရှိတဲ့

သတ်ခံခဲ့ရတဲ့တောင်ကိုရီးယားအရာရှိ ခိုလှုံဖို့ကြိုးစားခဲ့

Posted: 29 Sep 2020 10:19 AM PDT

တောင်ကိုရီးယားနိုင်ငံ Paju မြို့မှာ တွေ့ရတဲ့ တောင်ကိုရီးယားစစ်သားနှစ်ဦး။ (ဇွန် ၁၇၊ ၂၀၂၀)ပြီးခဲ့တဲ့ တပတ်က တောင်- မြောက်ကိုရီးယား ရေပြင်နယ်နိမိတ်မှာ မြောက်ကိုရီးယားတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ တောင်ကိုရီးယားအရပ်သား အရာရှိဟာ မြောက်ကိုရီးယားဘက်ကို ကူးပြောင်းသွားဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေကပြောပါတယ်။ တောင်ကိုရီးယားကမ်းခြေစောင့်တပ်ရဲ့ ထောက်လှမ်းရေးနဲ့ စုံစမ်းစစ်ဆေးရေး

မူကြိုကလေးတွေကို အဆိပ်ခတ်တဲ့ တရုတ်ဆရာမ သေဒဏ်ချခံရ

Posted: 29 Sep 2020 10:17 AM PDT

အရုပ်တွေအဆိပ်ခတ်ခံခဲ့ရတဲ့ ကလေးတွေထဲက တစ်ဦးဟာ ဆေးရုံမှာ ၁၀ လကြာ နေခဲ့ရအပြီး ဇန်နဝါရီလမှာ သေဆုံးသွားခဲ့ပါတယ်။တရုတ်နိုင်ငံမှာ ကလေး ၂၅ ဦးကို အဆိပ်ခတ်ခဲ့မှုနဲ့ မူကြိုဆရာမတစ်ဦးကို တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ အဆိပ်ခတ်ခံခဲ့ရတဲ့ ကလေးတွေထဲက တစ်ဦးကတော့ သေဆုံးသွားပါတယ်။မနှစ်တုန်းက ကျောင်ဂျိုးမြို့က မူကြိုကျောင်းတစ်ခုမှာ ကလေးငယ်တွေ မနက်စာ ဆန်ပြုတ် သောက်အပြီး ဆေးရုံ တင်ပို့လိုက်ရတဲ့နောက်မှာ ဝမ်ယွန်း ဆို

Tuesday, September 29, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ရခိုင်မှာ တိုက်ပွဲတွေကြောင့် ကပ်ရောဂါထိန်းချုပ်ရေး ခက်ခဲနေ

Posted: 28 Sep 2020 10:31 AM PDT

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာတွေ့ နေစဉ်နဲ့အမျှ တိုးလာနေသလို စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေ နေ့စဉ်နဲ့အမျှ တိုးနေပါတယ်။တိုက်ပွဲတွေ မရပ်ရင် ကပ်ရောဂါထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် တွေက ထောက်ပြပါတယ်။ရခိုင်ပြည်နယ်မှာ ဒီနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၁၂၅၈ ဦးနဲ့ သေဆုံးလူနာ သုံးဦးအထိရှိနေ

စင်ကာပူရောက်နေသူတွေ သံရုံးမှာကြိုတင်မဲပေးဖို့ အဖွဲ့အစည်းတွေ ကူညီ

Posted: 28 Sep 2020 10:29 AM PDT

စင်ကာပူရောက်မြန်မာများ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ တန်းစီနေကြတာကို တွေ့ရစဉ် / ဓာတ်ပုံ - ကိုလင်းအောင်၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား သုံးသောင်းခွဲ လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကြိုတင်မဲပေးကြတော့မှာ ဖြစ်ပါတယ်။ကြိုတင်မဲပေးနိုင်ရေးအတွက် မြန်မာလူမှုအဖွဲ့အစည်း ခုနှစ်ဖွဲ့က မြန်မာသံရုံးနဲ့ ပူးပေါင်း ကူညီဆောင်ရွက်ပေးနေတာပါ။အဲဒီထဲ

မြန်မာ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၁,၆၃၁၊ သေဆုံးသူ ၂၆၅

Posted: 28 Sep 2020 10:27 AM PDT

လှိုင်သာယာစက်မှုဇုန်တခုရှိ ဖိနပ်စက်ရုံတခုမှာ ကိုယ်ပူချိန်တိုင်း၊ ကျန်းမာရေးစစ်တမ်းကောက်ယူနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (ရန်ကုန်၊ မေ ၁၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့အယောက် ၃၀ ထပ်တိုးတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂၆၅ ယောက်ဖြစ်ပါတယ်။ အတည်ပြုလူနာသစ် အရေအတွက်ကလည်း ၈၉၇ ယောက်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာဖော်ပြထားပါတယ်။နောက်ထပ် သေဆုံးသူ ၃၀ ထဲ

မြန်မာနိုင်ငံတွင်း ကိုဗစ်ကြောင့်သေဆုံးမှု ASEAN သုံးနိုင်ငံမြောက်အများဆုံး

Posted: 28 Sep 2020 10:25 AM PDT

PPE ဝတ်စုံများဝတ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့မှာတွေ့ရ (စက်တင်ဘာ ၁၇၊ ၂၀၂၀)ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ သိသိသာသာ တိုးလာတာကြောင့်အခြေအနေကို ထိန်းချုပ်ဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။မြန်မာပြည်မှာ လပိုင်းအတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၀၀ ကျော်နဲ့ ကူးစက်သူ ၁၀,၀၀၀ ကျော်အထိ

သိန်းနီမြို့နယ်တွင် ရေကြီးမှုဖြစ်ကာ ဆုံးရှုံးမှုများစွာရှိ

Posted: 28 Sep 2020 10:18 AM PDT

သျှမ်းပြည် မြောက်ပိုင်း သိန်းနီမြို့နယ် နမ့်စလပ်ကျေးရွာ တွင် မိုးသည်ထန်းရွာသွန်းမှုကြာင့် နေအိမ်နှင့် လယ်ယာပျက်စီးဆုံးရှုံးမှုများကြောင်း စုံစမ်းသိရသည်။စက်တင်ဘာ ၂၆ရက် မနက်ပိုင်း ၁ နာရီအချိန်တွင် မိုးသည်ထန်းစွာရွာသွန်းပြီး တောင်ကျရေ နှင့် ပေါင်းစပ်မှူကြောင့် ရေကြီးရေလျှံဖြစ်ပွားကာ နေအိမ်များရေဝင်ပြီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း။ လယ်ယာမြေများစွာ လည်း ပျက်စီးခဲ့ကြောင်း သိန္နီပြည်သူလွှတ်တော်

ရန်ကုန်မှာ ကိုဗစ်လူနာတွေ ကုဖို့ အ‌ရေးပေါ်ဆေးရုံတွေ ဆောက်

Posted: 28 Sep 2020 10:13 AM PDT

ရန်ကုန်မှာအ‌ရေးပေါ်ဆေးရုံတွေ အတွက် ပြင်ဆင်မှုတွေလုပ်နေရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါပိုးရှိသူတွေကို ကုသဖို့အတွက် ဆေးရုံတွေ ထပ်မံ တည်ဆောက်ဖို့ပြင်ဆင်နေပါတယ်။လူနာ ၇၀၀ ဆန့်တဲ့ ဆေးရုံတစ်ရုံကို အင်းလျားလိတ် ဟိုတယ်ဝင်းထဲမှာ ဖွင့်ဖို့ ပြင်ဆင်နေပြီး၊သာကေတမြို့နယ်ထဲမှာရှိတဲ့ Fortune Plaza Expo ခန်းမကို ကိုဗစ်လူနာ ၁၀၀၀ ထိကုသနိုင်မယ့် ဆေးရုံအဖြစ် ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။အင်းလျား

သမ္မတ ထရမ့် ဒေါ်လာ ၇၅၀ ပဲ ဝင်ငွေခွန် ဆောင်တယ်လို့ နယူးယောက်တိုင်းမ်စ်ပြော

Posted: 28 Sep 2020 10:10 AM PDT

နယူးယောက်တိုင်မ် သတင်းကို "သတင်းတု" ဆိုပြီး ဒေါ်နယ်ထရမ့်က ပယ်ချဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ် သူ သမ္မတ ရာထူး ဝင်ပြိုင်တဲ့ နှစ်နဲ့ အိမ်ဖြူတော် မှာ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နှစ် နှစ်ခုစလုံးမှာ ဝင်ငွေခွန် အဖြစ် ဒေါ်လာ ၇၅၀ (ပေါင်စတာလင် ၅၈၇ ပေါင်) သာ ပေးဆောင်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာက ပြောလိုက်ပါတယ်။နယူးယောက်တိုင်းမ်စ် ဟာ မစ္စတာ ထရမ့်ရဲ့ အခွန်မှတ်တမ်းတွေ ရရှိထားတယ်လို့ ဆိုပါတယ်။ အဲဒီ

Monday, September 28, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကန်နဲ့ အိန္ဒိယမှာ ကိုဗစ်ကူးစက်မှုသစ် တိုးလာ

Posted: 27 Sep 2020 09:56 AM PDT

အိန္ဒိယနိုင်ငံ Ahmedabad မြို့မှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (စက်တင်ဘာ ၂၆၊ ၂၀၂၀)အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက် အတော်များများ တိုးလာခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ ၅၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။အခုနှစ်အစောပိုင်းက အမေရိကန် အရှေ့မြောက်ပိုင်း၊ တောင်

ပညာရှင်တွေပါဝင်တဲ့ ကိုဗစ်ပညာပေးအစီအစဉ် မြန်မာနိုင်ငံမှာ ရှေ့သီတင်းပတ် စမည်

Posted: 27 Sep 2020 10:01 AM PDT

COVID-19 ကူးစက်ပျံ့နှံ့မှု တိုးနေတဲ့ ရန်ကုန်မြို့မှာ အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းထဲ ကိုဗစ်ကူးစက်မှု တိုးလာတာကြောင့် ပြည်သူတွေ စိုးရိမ်သောက များနေတာကို လျှော့ချဖို့ အစိုးရက နည်းလမ်းပေါင်းစုံရှာကြံ လုပ်ဆောင်နေတယ်လို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ

မြန်မာမှာ ကိုဗစ်လူနာ တစ်သောင်းကျော်ပြီ

Posted: 27 Sep 2020 10:02 AM PDT

ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်းမြန်မာမှာ ကိုဗစ်လူနာသစ် ၇၄၃ ဦး တွေ့ရှိပြီးနောက် စက်တင်ဘာ ၂၇ ရက် ဒီကနေ့မှာ အတည်ပြုလူနာ ၁၀,၇၃၄ ဦးရှိသွားပါပြီ။ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီည ၈:၀၀ နာရီ ထုတ်ပြန်ချက်အရ လူနာတွေထဲက ၂၈ ဦးသေဆုံးခဲ့လို့ သေဆုံးသူစုစုပေါင်းလည်း ၂၂၆ ဦးရှိပါပြီ။ဒီကနေ့ ဆေးရုံဆင်းခွင့်ရသူ ၁၈၁ ဦးရှိလို့ လူနာဟောင်း တွေထဲက စုစုပေါင်း၂,၈၆၂ ဦး ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။      စက်တင်ဘာ ၂၆ ရက်

ရန်ကုန်မှာ နယ်ကျော်သွားလာသူတွေ ကို စစ်ဆေး နေ

Posted: 27 Sep 2020 09:50 AM PDT

နယ်ကျော်သွားလာသူတွေ ကိုစစ်ဆေး နေရန်ကုန်တိုင်းအတွင်းက ကျောက်တံတား ၊တောင်ဥက္ကလာပ၊အင်းစိန်၊ လှိုင်သာယာ ၊မြောက်ဥက္ကလာပ စတဲ့မြို့နယ်တွေမှာ စက်တင်ဘာ ၂၇ ရက်နေ့ ကစပြီး ရဲတပ်ဖွဲ့၊အထွေထွေအုပ်ချုပ်ရေးအပါအဝင် ပူးပေါင်းအဖွဲ့တွေကနေ မြို့နယ်ကျော် သွားလာတာတွေ ကို စတင်စစ်ဆေးပြီး ပညာပေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။တောင်ဥက္ကလာပမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဆေးမှုတွေလုပ်နေပြီး ခွင့်ပြုထားတဲ့လုပ်ငန်းတွေ မဟုတ်ဘဲ

Test Post

 Treadmill Service in Myanmar

Sunday, September 27, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ဘုန်းတော်ကြီးကျောင်းများ ကိုဗစ်မပြန့်ပွားရေး ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းလုပ်ဆောင်နေ

Posted: 26 Sep 2020 10:44 AM PDT

ရန်ကုန်မြို့မှာ နှာခေါင်းစည်းတပ်ပြီး ဆွမ်းခံကြွနေတဲ့ သံဃာတော်များ။မြန်မာနိုင်ငံတွင်း ရာနဲ့ချီတဲ့ ရဟန်းသံဃာတော်တွေမှာ COVID-19 ရောဂါပိုး တွေ့ရှိလာနေတဲ့အတွက် သံဃာတော်တွေ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်တွေမှာ ဒီကူးစက်မြန်ကပ်ရောဂါ ဆက်မပြန့်ပွားရအောင် သာသနာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။စက်တင်ဘာ ၂၆ ရက်နေ့ မနက်ခင်း ထုတ်

တရုတ်ဘက်အားကိုးနေရတဲ့ ခေါင်လန်ဖူးဒေသမှာ ရိက္ခာခက်ခဲနေ

Posted: 26 Sep 2020 10:42 AM PDT

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်တက်နေချိန်  မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာကြောင့် ရိက္ခာ အတွက် နယ်ခြားဖြတ်တင်သွင်းမှုကို အားကိုးနေရတဲ့  ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက ကျေးရွာတွေမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ကပ်ဘေးကာလ ဒေသအသီးသီးမှာ မတူညီတဲ့ အခက်အခဲတွေ ရှိနေပြီး တစ်ရွာနဲ့တစ်ရွာ သွားလာရေး ခက်ခဲ လွန်းတဲ့ ခေါင်လန်ဖူးမြို့နယ်မှာ ရင်ဆိုင်နေရတာကတော့

အမျိုးသမီး ၁၁၀၀ ကျော်ဝင်ပြိုင်မယ့် ၂၀၂၀ ရွေးကောက်ပွဲ

Posted: 26 Sep 2020 10:40 AM PDT

တောင်ကြီး ပြည်နယ်မဲဆန္ဒ(၁)ကဝင်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးရက် ပေါင်း ၄၀ ဝန်းကျင်သာ လိုတော့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ ကိုယ်စားလောင်းစုစုပေါင်း ၇၀၀၀ နီးပါးဝင်ပြိုင်ကြမယ်လို့ စာရင်းပေးထားပြီးအဲဒီထဲမှာ အမျိုးသမီး ၁၁၀၀ ကျော်ဝင်ပြိုင်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။ဒါဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ကျင်းပလာတဲ့ ရွေးကောက်ပွဲတွေတစ်လျှောက်မှာ အမျိုးသမီးတွေ အများ

ကိုဗစ်ကာလ ရန်ကုန်ကို ကိုင်တွယ်စီမံမှု၊ ဒေသတွင်းနိုင်ငံတချို့ရဲ့လော့ခ်ဒေါင်း အတွေ့အကြုံအပါအဝင် တစ်ပတ်အတွင်း သတင်းမြင်ကွင်း

Posted: 26 Sep 2020 10:32 AM PDT

ရန်ကုန်မှာ စက်တင်ဘာ ၂၆ ရက်ညနေပိုင်းထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ခြောက်ထောင်ကျော်နဲ့ သေဆုံးသူအများဆုံးရှိနေပါတယ်။ကိုဗစ် ကူးစက်မှုတွေ နေ့စဉ်များပြားနေတဲ့ ရန်ကုန်တိုင်းမှာ ကူးစက်မှု လျှော့ချဖို့ အရင်ထက် ပိုတဲ့ တင်းကျပ်ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့သီတင်းပတ်က စပြီး အာဏာပိုင်တွေက လုပ်လာခဲ့ပါတယ်။လူ ၇ သန်းကျော်နေထိုင်တဲ့ ရန်ကုန်ကို လော့ခ်ဒေါင်းချဖို့ ဆုံးဖြတ်ဆောင်ရွက်တဲ့ အခါလိုအပ်ချက်တွေရှိခဲ့တယ်လို့

မြန်မာနိုင်ငံမှာ ကိုဗစ်ဓာတ်ခွဲမှု အမြန်ဆုံးရလဒ်သိနိုင်တဲ့နည်းနဲ့ စစ်ဆေးတော့မယ်

Posted: 26 Sep 2020 10:25 AM PDT

ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုက ကျန်းမာရေးဝန်ထမ်းတဦး။ (စက်တင်ဘာ ၂၄၊ ၂၀၂၀)COVID-19 ရောဂါ ရှိမရှိ နာရီဝက်အတွင်း စစ်ဆေးသိရှိနိုင်မယ့် စမ်းသပ်ပစ္စည်းနဲ့ မကြာခင်မှာ စစ်ဆေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ အဲဒီစမ်းသပ်ပစ္စည်းတွေကို ဆေးရုံအသီးသီးအတွက် ဖြန့်ဖြူးပေးသွားမှာဖြစ်သလို ရောဂါပိုး ကူးစက်ထားသူတွေနဲ့ ဓာတ်ခွဲခန်းစစ်ဆေးမှုဆိုင်ရာ မူဝါဒတွေကို ပြောင်းလဲသွားဖို့ ရှိတယ်လို့လည်း ပြောပါ

ကိုဗစ်ကူးစက်မှုကြောင့် ပြည်နယ်တိုင်း ၄ ခုက မြို့တချို့မှာ Stay At Home အမိန့်ထုတ်

Posted: 26 Sep 2020 10:23 AM PDT

ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာ အရေအတွက် တိုးလာတဲ့အခြေအနေကြောင့် ပြည်နယ်နဲ့တိုင်း ၄ ခုက မြို့နယ်တချို့မှာ Stay at Home နေအိမ်မှာပဲ နေကြဖို့ အမိန့်ကို အစိုးရက ထုတ်ပြန်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။မြန်မာနိုင်ငံမှာ စက်တင်ဘာ (၂၅)ရက် သောကြာနေ့ တရက်ထဲမှာတင် ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာ (၇၆၉)ဦးရှိပြီး ၊ သေဆုံးသူက (၂၄)ဦး ရှိခဲ့တာပါ။အဲဒီထဲမှာ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်ပြီးရင်

(၂၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၈၀) ဦး တွေ့ရှိ

Posted: 26 Sep 2020 10:20 AM PDT

၁။ (၂၅-၉-၂၀၂၀)  ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၆-၉-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၈၁၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ -   COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၈၀) ဦး တွေ့ရှိရပါသည်။  ၂။ (၂၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၉,၉၉၁) ဦးရှိပြီ ဖြစ်ပါသည်။၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၆၈၁)

စာသင်တိုက်တွေ ကိုရိုနာဗိုင်းရပ်စ်မကူးအောင် အထူးဂရုပြုဖို့လို

Posted: 26 Sep 2020 10:15 AM PDT

မြန်မာပြည်မှာ ဗုဒ္ဓသာသာနာအတွက် သံဃာတွေပညာသင်တဲ့ စာသင်တိုက်ကြီးတွေဟာ ကိုရင်တွေ ရဟန်းတော်တွေ တနေရာထဲမှာ ရာနဲ့ချီ သီတင်းသုံးနေထိုင်ရတဲ့ နေရာတွေဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်း၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်က သံဃာအပါး ၃၅ဝ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေပါတယ်။မြန်မာနိုင်ငံမှာ ရဟန်းသံဃာ ၅ သိန်းခန့်ရှိပြီး တချို့စာသင်တိုက်ကြီးတွေမှာ သံဃာအပါး ထောင်နဲ့ချီ သီတင်းသုံးနေထိုင်ကြတဲ့အတွက် ကျောင်း

ပိုးတွေ့နှုန်းများနေတဲ့အချိန် ဆေးမြီးတို နည်းလမ်းတွေမသုံးကြဖို့ တိုက်တွန်း

Posted: 26 Sep 2020 10:12 AM PDT

ကိုဗစ်-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေကို ၂၀၂၀၊ စက်တင်ဘာ ၂၅ ရက်နေ့က အစီရင်ခံတင်ပြစဉ်Photo: Myanmar State Counsellor Officeကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ များပြားနေချိန်မှာ ရောဂါလက္ခဏာရှိတဲ့သူ တချို့ဟာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြသတာမျိုးမရှိဘဲ အိမ်မှာပဲ ကျိတ်ပြီး

Saturday, September 26, 2020

သစ်ထူးလွင်

သစ်ထူးလွင်


COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၉-၂၀၂၀) ရက်နေ့၊ ညနေ (၃:၀၀)နာရီ

Posted: 26 Sep 2020 05:25 AM PDT

၁။ (၂၅-၉-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၅၉၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar

(၂၅-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၉၈) ဦး တွေ့ရှိ

Posted: 26 Sep 2020 05:24 AM PDT

၁။ ယနေ့ COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအရ -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)မှဓာတ်ခွဲနမူနာ (၇၃၁)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ (၃၅၈) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၄၆၅) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ  ဓာတ်ခွဲ

Friday, September 25, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မွန်ပြည်သစ်ပါတီနယ်မြေတချို့ ရောဂါကူးစက်မှုကြောင့် မဲဆွယ်စည်းရုံးခွင့်ကန့်သတ်ထား

Posted: 25 Sep 2020 07:35 AM PDT

 မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေထဲက မွန်ပြည်နယ် ရေးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်နဲ့ ကရင် ပြည်နယ် ဘုရားသုံးဆူမြို့တွေက စုစုပေါင်း ကျေးရွာ ၄၀ ဝန်းကျင်မှာ ကပ်ဘေးကာလအတွင်း အသွားအလာ ကန့်သတ်ထားတာကြောင့် ကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်စည်းရုံးဖို့ အခက်ကြုံနေပါတယ်။မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတွေထဲက မွန်ပြည်နယ် ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသ၊ တနင်္သာရီတိုင်း ရေဖြူ

ဘားအံမဲဆွယ်ပွဲမှာ ပိုးတွေ့လူနာပါဝင်ခဲ့လို့ စောင့်ကြည့်ခံနေရသူ ၅၀ နီးပါးရှိ

Posted: 25 Sep 2020 07:26 AM PDT

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို တွေ့ရစဉ်Photo: Kndp Hpa-an Kndp Hpa-an/Facebookကရင်ပြည်နယ် ဘားအံမြို့နယ် ကော့လိုက်ကျေးရွာအုပ်စု ကော့ဒါန်းမယ်ကျေးရွာသားတစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့တာကြောင့် မဲဆွယ်ပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) က ကိုယ်စားလှယ်လောင်းသုံးဦးနဲ့ ပါတီမဲဆွယ်ပွဲတက်ရောက်တဲ့သူ ၅၀ နီးပါးဟာ ကန့်သတ်စောင့်ကြည့် ခံနေရပါတယ်။

ကိုဗစ်ကူးသူများလာနေတဲ့ ရန်ကုန်တိုင်းမှာ နေရာအခက်အခဲဖြစ်လာ

Posted: 25 Sep 2020 07:22 AM PDT

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာတွေ့ရတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၄၊ ၂၀၂၀)ကိုဗစ်ရောဂါပိုးတွေ့လူနာ များလာတဲ့ ရန်ကုန်တိုင်းမှာ အသွားအလာ ကန့်သတ်ရမယ့်သူတွေ တိုးလာတာနဲ့အမျှ သီးသန့်ထားစရာ နေရာအခက်အခဲ ရှိလာနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုဖြစ်နေတဲ့အကြောင်းပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။ပိုးတွေ့လူနာ ၄,၇၀၀ ကျော်အထိ ရှိနေ

ရန်ကုန်မှာ ကိုဗစ်ကာလ အရေးပေါ်အကူအညီပေးဖို့ စာရင်းကောက်ယူ

Posted: 25 Sep 2020 07:20 AM PDT

အိမ်တိုင်ယာရောက် ကျန်းမာရေးစစ်ဆေးပေးဖို့ စောင့်ဆိုင်းနေကြတဲ့ လူတချို့ကို ရန်ကုန်မြို့ရှိ ရပ်ကွက်တခုမှာ တွေ့ရ။ (မေ ၁၇၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အိမ်မှာပဲ နေကြဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း လိုအပ်လာရင် အကူအညီ အထောက်အပံ့တွေ ပေးနိုင်အောင် အာဏာပိုင်တွေ စတင်စာရင်းကောက်ယူနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။ကပ်ရောဂါ ကူး

အင်းစိန်ရွာမကျောင်းက သံဃာတွေ သီးသန့်ကုဖို့ ယာယီဆေးရုံပြင်၊ ဆရာတော်ကြီး ကျန်းမာတယ်လို့ပြော

Posted: 25 Sep 2020 07:18 AM PDT

ဓာတ်ပုံ ရင်းမြစ်, ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က သံဃာတွေ ရာချီပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ့ရှိခဲ့ရပြီးနောက် သံဃာတွေ သီးသန့်ကုနိုင်ဖို့အတွက် အင်းစိန် မင်းဓမ္မကုန်း သာသနာ့ဗိမာန်ကို ဆေးရုံအဖြစ် ပြောင်းလဲထားတယ်လို့ တပ်မတော် ပြောခွင့်ရသူ ထံက သိရပါတယ်။မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ နေ့စဥ်ရာချီတွေ့နေရပြီး အများစုက ရန်ကုန်မြို့မှာ တွေ့နေချိန်မှာ

စစ်တွေမှာ ရဲဝန်ထမ်း ၂၀ ကျော်နဲ့ အချုပ်သားတွေ ကိုဗစ်ကူးစက်

Posted: 25 Sep 2020 07:16 AM PDT

အမှတ် ၁ ရဲစခန်းက ရဲဝန်ထမ်းတွေနဲ့ အချုပ်သားတွေမှာ ထပ်မံတွေ့ရှိတာဖြစ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ရဲဝန်ထမ်း ၂၀ ဦးနဲ့ အချုပ်သား ၂၀ နီးပါးတို့မှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း ရခိုင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့နဲ့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။စစ်တွေမြို့ မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ရဲအရာရှိနှစ်ဦးတို့မှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရကြောင်း

(၂၅-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၉၈) ဦး တွေ့ရှိ

Posted: 25 Sep 2020 07:14 AM PDT

၁။ ယနေ့ COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအရ -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)မှဓာတ်ခွဲနမူနာ (၇၃၁)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ (၃၅၈) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၄၆၅) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ  ဓာတ်ခွဲ

ထိုင်းရဲ ဖမ်းထားချိန် ထွက်ပြေးတဲ့ မြန်မာနိုင်ငံသားတစ်ဦး သေဆုံး

Posted: 25 Sep 2020 07:11 AM PDT

ရဲကားပေါ်က နေခုန်ချရင်းသေဆုံးသွားတဲ့ မြန်မာနိုင်ငံသား။ (၀၉၊ ၂၄၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးနေပြီး၊ မနေ့တုန်းကတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် မြန်မာနိုင်ငံသားတဦး သေဆုံးသွားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။ထိုင်းနိုင်ငံမှာ စမုဆာခွန်း ခရိုင် ခုပ်

ကိုဗစ်အထောက်အကူပစ္စည်းတွေ မြန်မာကို ထိုင်းနဲ့ တူရကီလှူ

Posted: 25 Sep 2020 07:08 AM PDT

စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်ကွာရန်တင်းစင်တာ တခုရှိ ကျန်းမာရေးဝန်ထမ်းတဦးကို တွေ့ရစဉ်မြန်မာနိုင်ငံမှာ တိကျ မြန်ဆန်တဲ့ ကိုဗစ်ရောဂါ စစ်ဆေးရေးတွေပြုလုပ်နိုင်ဖို့ အတွက် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာန တို့က ပူးပေါင်းပြီး ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေထောက်ပံ့ ကူညီပေးသွားဖို့ စီစဉ်နေတယ်လို့ ထိုင်း ကူးစက်ရောဂါ ဌာနအကြီးအကဲ Sophon Iamsirithavorn က ပြောပါတယ်။ ထိုင်းဆေးဘက် ကျွမ်းကျင်

ရွှေပြည်သာမြို့နယ်တွင်ဖြစ်ပွားသည့် လူသတ်မှုမှကျူးလွန်သူကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

Posted: 25 Sep 2020 07:05 AM PDT

ရန်ကုန်   စက်တင်ဘာ   ၂၄ရွှေပြည်သာ မြို့နယ် ဇီးကုန်းကျေးရွာ ဗဟိုရ်လမ်းသွယ် အမှတ်(၂၉၈)နေ တရားလို ဒေါ်-----သည် စက်တင်ဘာ  ၂၃ ရက် ညနေ ၅ နာရီခန့်က နေအိမ်၌ရှိနေစဉ်   နေအိမ် ခေါင်းရင်းရှိ   အမှတ်-၂၉၈  (က)နေ   အစ်မဖြစ်သူ ဒေါ်တင်တင်မိုးကို   မတွေ့ရှိသဖြင့် သွားရောက်ကြည့်ရှုရာ  ဒဏ်ရာများဖြင့် ခြင်ထောင်အတွင်း သေဆုံးနေသည်ကို တွေ့ရှိရ၍   ပြစ်မှုကျူးလွန်သူအား   စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ရွှေပြည်သာမြို့မ

ဆိုင်ကယ်နှင့်ဖုန်းရယူလို၍ သူငယ်ချင်းဖြစ်သူအားသတ်မှုဖြစ်ပွား

Posted: 25 Sep 2020 07:03 AM PDT

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်  အမှတ်(၅)ရပ်ကွက်တွင် စက်တင်ဘာလ၂၃ ရက်နေ့ က သူငယ်ချင်းဖြစ်သူ၏ ဆိုင်ကယ် နှင့် လက်ကိုင်ဖုန်း အားရယူလို၍ လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာ နမ့်စန်မြို့ အမှတ်(၅)ကျေးရွာအုပ်စု ၊ အမှတ်(၆) ကျေးရွာနေ မောင်ပြည့်ဖြိုးသိန်း (၁၆ နှစ်) သည် စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ဆိုင်ကယ် တစ်စီးဖြင့် နေအိမ်မှထွက်သွားခဲ့ပြီး ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေ

ရခိုင်အရေး မန္တလေးမှာ ဆန္ဒပြတဲ့ကျောင်းသားနှစ်ဦး ချက်ချင်းအဖမ်းခံရ

Posted: 25 Sep 2020 07:01 AM PDT

မန္တလေးမြို့ ဈေးချိုနာရီစင်အနီးမှာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေရပ်ဖို့ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် နှစ်ယောက်ကို ၂၀၂၀ စက်တင်ဘာ ၂၅ ရက်နေ့က ရဲကဖမ်းဆီးစဉ်။ Photo: Khaymani Win/RFAရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ မြန်နှုန်းမြင့်အင်တာနက်လိုင်းရဖို့ ဒီနေ့ မန္တလေးမြို့ ဈေးချိုနာရီစင်အနီး မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့က

ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားမဖြန့်အောင် Facebook က စိစစ်မယ်လို့ ကြေညာ

Posted: 25 Sep 2020 05:08 AM PDT

မြန်မာနိုင်ငံရဲ့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် ကူညီမယ်လို့ Facebook ကုမ္ပဏီက ပြောဆို လိုက်သလို၊ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲဟာ  နိုင်ငံတကာ စံချိန်မီ အဆင့်ကို ရောက်ရှိမှာ မဟုတ်ဘူးလို့  ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲ ချောချောမောမော ဆောင်ရွက်နိုင်အောင် လိုအပ်သလို ကူညီဆောင်ရွက်မယ်လို့ Facebook ကုမ္ပဏီက ‌

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၉-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ

Posted: 25 Sep 2020 05:06 AM PDT

၁။ (၂၄-၉-၂၀၂၀) ရက်နေ့တွင်ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၆၈၇) ဦးအား မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေများအား ဖော်ပြအပ်ပါသည်။Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmara

(၂၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇၁) ဦးတွေ့ရှိ

Posted: 25 Sep 2020 05:02 AM PDT

၁။     (၂၄-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၁,၂၀၀) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၄၅၇) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ  ဓာတ်ခွဲနမူနာ (၅၅၃) ခု၊- ပြည်သူ့

ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး တောင်ကိုရီးယားဝန်ထမ်းကို မြောက်ကိုရီးယား သတ်ဖြတ် မီးရှို့

Posted: 24 Sep 2020 09:55 AM PDT

မြောက်နဲ့တောင် နယ်စပ်နားက ယုံပြောင်ကျွန်းတောင်ကိုရီးယား အစိုးရ ဝန်ထမ်းတစ်ယောက်ကို မြောက်ကိုရီးယား တပ်ဖွဲ့တွေက သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပြီး လူမဆန်တဲ့ လုပ်ရပ်လို့ ရှုတ်ချလိုက်ပါတယ်။ငါးလုပ်ငန်းဌာနက ဝန်ထမ်း အမျိုးသားတစ်ဦး နယ်စပ်နားက ကင်းလှည့်ရေယာဥ်ကနေ ပျောက်သွားပြီးနောက် မြောက်ဘက်က ရေပြင်မှာ ပြန်တွေ့ရတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။မြောက်ကိုရီးယား စစ်သား

နိုင်ငံရေးပါတီကြီးတချို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ LGBT အရေးဖော်ပြ

Posted: 24 Sep 2020 09:52 AM PDT

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရင် LGBT လို့ခေါ်တဲ့ လိင်တူချစ်သူတွေအပေါ်  ခွဲခြားဆက်ဆံတာတွေ ကင်းအောင် အကာအကွယ်ပေးမယ်လို့ နိုင်ငံရေးပါတီကြီးတချို့က သူတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွေမှာ ထည့်သွင်းဖော်ပြလာကြပါတယ်။ မြန်မာ့ LGBT အသိုင်းအဝိုင်းကလည်း ခွဲခြားဆက်ဆံခံနေရမှုတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေ၊ လွှတ်တော်တွင်းမှာ ပြဌာန်းနိုင်ဖို့ မျှော်လင့်နေကြတာပါ။လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေ

ဖားကန့်၌ တစ်ရက်အတွင်း ကျောက်ခဲထိမှန်မှုနှင့် ကမ်းပါးပြိုကျမှု တို့ကြောင့် ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံး

Posted: 24 Sep 2020 09:48 AM PDT

ဖားကန့် စက်တင်ဘာ ၂၄ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ စက်တင်ဘာ ၂၃ ရက်က တစ်ရက် အတွင်း ကျောက်ခဲထိမှန်မှုဖြစ်စဉ်နှင့် ကမ်းပါးပြိုကျမှုတို့ကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံးခဲ့ရကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။စက်တင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီတွင် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်ရှိ တစ်သုံးလုံး ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ၌ မျောတိုက်ပြီး ရေမဆေးကျောက်ရှာဖွေနေသူ မောင်ဒါးပဲ(၂၃)နှစ်သည် အမြင့်