Monday, May 30, 2022

သစ်ထူးလွင်

သစ်ထူးလွင်


မုံရွာ ထနောင်းတောရွာက စကစ သတင်းပေးဆိုသူကို သုတ်သင်

Posted: 29 May 2022 08:57 AM PDT

သုတ်သင်ရှင်းလင်းခံရတဲ့ မုံရွာမြို့နယ် ထနောင်းတောရွာက စကစ သတင်းပေးဆိုသူ/Photo - Golden Eagle Force Monywaမေ- ၂၉စစ်ကိုင်းတိုင်း မုံရွာမြို့ ထနောင်းတောကျေးရွာနေ အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပေးဆိုသူ အမျိုးသားတစ်ဦးကို မေ(၂၆)ရက်က သုတ်သင် ရှင်းလင်းခဲ့တယ်လို့ Golden Eagle Force Monywa ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။"စကစ အလိုကျ လိုက်လုပ်နေသော ထနောင်းတော ဒလန် ဝင်းကျော်ဆိုသူအား (၂၆)ရက် ညနေအချိန်တွင်

ကန့်ဘလူ ယင်းတိုက်ရွာထဲ လုယက်ပြီး ပြန်လာတဲ့ စစ်အုပ်စုကို အနီးကပ်တိုက်ခိုက်၊ စကစ ကိုးဦး သေဟုဆို

Posted: 29 May 2022 08:56 AM PDT

ကန့်ဘလူနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတချို့ (ပုံဟောင်း)/Photo – CJမေ- ၂၉စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ယင်းတိုက်ကျေးရွာထဲ စီးနင်းဝင်မွှေ ဓားပြတိုက်ပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ အကြမ်းဖက်သမား ကိုးဦး သေတယ်လို့ Armed Revolutionary Force K.U - ခင်ဦး ARF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့

တောင်ကြီးမြို့ရှိ ဒေသခံနေအိမ် PNO က ဖျက်ဆီး

Posted: 29 May 2022 08:49 AM PDT

မေလ ၂၉ ရက်၊ တောင်ကြီးရှမ်းတောင် တောင်ကြီးမြို့ အထက် ၄ မိုင် ဘုရား ၉ ဆူနားက ဒေသခံရဲ့ နေအိမ်တစ်အိမ်ကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)က မနေ့မှာ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။အဲဒီအိမ်နေရာဟာ ဘိုးဘွားစဥ်ဆက်က ပိုင်ဆိုင်ထားတဲ့မြေဖြစ်ပြီး နေထိုင်လာတာလည်း နှစ်ပေါင်း (၂၀)ကျော် ရှိပြီလို့ အိမ်ရှင်က ရွှေဖီမြေကို ပြောပါတယ်။အိမ်ကို လာရောက် ဖျက်ဆီးချိန်မှာ ရဲ၊ စစ်သားတွေနဲ့ပူးပေါင်းပြီး အင်အား(၅၀)နဲ့ ဖျက်ဆီး

ထန်းတပင်မြို့နယ်မှာ လူမိုက် ဒလန်ဆိုသော ချဲနှစ်လုံးရောင်းသူ တစ်ဦးပစ်ခတ်ခံရ

Posted: 29 May 2022 08:43 AM PDT

(မေလ ၂၉ ရက်)ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာနှင့်ထန်းတပင်မြို့အစပ် အနောက်ပိုင်းတက္ကသလိုလ်လမ်းတွင် ဒီကနေ့ နံနက် (၇:၀၀)ဝန်းကျင်အချိန်ခန့်က လူတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရကြောင်းသိရသည်။အဆိုပါ ပစ်ခတ်ခံရသူသည် မြို့နယ်တွင်း လူမိုက် ဒလန်ဟု ကျော်ကြားသူ ချဲနှစ်လုံးဒိုင် သန်းဇော်ဖြစ်ကြောင်းသိရပြီး ပစ်ခတ်ခံရမှုကြောင်း နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။၎င်းပစ်ခတ်ခံရမှုနဲ့ပတ်သက်၍ Five

ကျောင်းကုန်းမြို့တွင် စစ်မှုထမ်းဟောင်းများကို နေ့စားခပေး ကင်းစောင့်ခိုင်းနေ

Posted: 29 May 2022 08:42 AM PDT

မေလ ၂၉ ရက်ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့မှာ မေလဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို နေ့စားခပေးပြန်ခေါ်အသုံးပြု တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။စစ်တပ်ကနေ သက်ပြည့်အငြိမ်းစားယူထားတဲ့သူတွေကို တနေ့ ၈၀၀၀ ပေးကာ လုံခြုံရေးစောင့်ခိုင်းတာတွေပြုလုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။" ယူနီဖောင်းတွေဝတ်ထားတယ် ကြည့်လိုက်ရင် သက်ကြီးရွယ်အိုတွေကြီးပဲ တော်တော်အသက်ကြီးနေပြီ တချို့ဆိုဟန်ပြပဲရှိတော့မယ် အဲ့

လှိုင်သာယာမြို့နယ်က အခြေခံပညာကျောင်းအနီးဗုံးပေါက်ကွဲ၍ သတင်းအရရှာဖွေစဉ် ထပ်မံပေါက်ကွဲမှုဖြစ်

Posted: 29 May 2022 08:41 AM PDT

(မေလ ၂၉ ရက်)ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ တောင်ငူလမ်းမပေါ်မှာရှိ အ.မ.က (၄၂) အခြေခံပညာကျောင်းအနီး ဒီကနေ့ နံနက် (၆:၄၉)ဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။"ဗုံးပေါက်တယ်ဆိုပြီး စစ်တပ်ကရောက်လာတာ သူတို့ရှာပြီးမကြာခင် ထပ်ပေါက်သွားတာ အခုထိလည်း ပိတ်ဆို့စစ်ဆေးတာတွေရှိနေတယ် ဗုံးထပ်ရှိမလားဆိုပြီး ကျောင်းနားလမ်းတွေအကုန်ပိတ်ပြီး ရှာဖွေနေတယ်လို့ အနီး

လှိုင်သာယာမြို့နယ်အတွင်းရှိ Mytel တာဝါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးထိမှန်

Posted: 29 May 2022 08:40 AM PDT

(မေလ ၂၉ ရက်) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ပိတောက်လမ်းမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးထိ မှန်ခဲ့ကြောင်းသိရပါတယ်။ဒီကနေ့ မေလ ၂၉ ရက် နံနက် (၅:၀၀)ဝန်းကျင်အချိန်ခန့်က စစ်အုပ်စုပိုင် Mytel တာဝါတိုင်မှာ ဗုံးတစ်လုံးစတင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နံနက် (၆:၄၉) မိနစ်အချိန်တွင် အဆိုပါ တာဝါတိုင်သို့ ဝင်ရောက်ရာလမ်း စာသင်ကျောင်းအနီး၌ ဒုတိယအ

မအူပင်မြို့နယ်၊ ခွာလေးကျွန်းရွာသို့ စစ်တပ်ခေါ်ကာ ဒေသခံများအား ခြိမ်းခြောက်ဖမ်းဆီးမှုများလုပ်ဆောင်နေသည့် အင်းသူကြီးသား ပစ်ခတ်ခံရ၍ သေဆုံး

Posted: 29 May 2022 08:34 AM PDT

မအူပင် ၊ မေလ ၂၉ ရက်ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်၊ ခွာလေးကျွန်းရွာရှိ ရာဇူဒိုင်အင်းအတွင်း နေထိုင်သည့် သတင်းပေး(ဒလန်)ဟု နာမည်ကြီသူတစ်ဦးမှာ ယမန်နေ့ မေလ ၂၈ ရက်နေ့ ညပိုင်းက အမည်မသိအဖွဲ့ တစ်ဖွဲ့မှ စက်လှေဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။သေဆုံးသူမှာ အင်းသူကြီးအေးမြင့်၏ သား နိုင်ဦးဆိုသူဖြစ်ပြီး ၎င်းမှာ စစ်ကောင်စီတပ်များအား ခွာလေးကျွန်းရွာသို့ စစ်တပ်ခေါ်ကာ ဒေသခံများအား

ချင်းပြည်နယ်အတွင်း စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေးယန္တရားမှာပါဝင်ဆောင်ရွက်နေတဲ့ Non -CDM ဝန် ထမ်းတွေကိုအရေးယူမယ်လို့ CJDC ထုတ်ပြန်

Posted: 29 May 2022 08:31 AM PDT

မေလ ၂၉ ရက်ချင်းပြည်နယ်အတွင်း စစ်ကျွန်ပညာရေးနဲ့စစ်အုပ်ချုပ်ရေးယန္တရားမှာပါဝင်ဆောင်ရွက်နေတဲ့ စစ်ကောင်စီလက် အောက်ခံဝန်ထမ်းတွေကို အရေးယူဆောင်ရွက်မယ်လို့ ချင်းပြည်နယ်ပူးတွဲကာကွယ်ရေးကော်မတီ-CJDCက  ဒီကနေ့မှာ  ထုတ်ပြန်ပါတယ်။စစ်ကောင်စီက ဇွန်လအတွင်း​ ပြန်လည်ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး အဆိုပါလုပ် ဆောင်ချက်သည် စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်သည်ဟု နိုင်ငံတကာအား ပြသရန်နှင့် တရားဝင်မှုရရှိနိုင်

ခင်ဦးနှင့် မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တစ်ရက်တည်း အိမ်ခြေ ၁၈၀ကျော်ပြာကျ

Posted: 29 May 2022 08:28 AM PDT

(မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်။)စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် မြောင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တစ်ရက်တည်း အိမ်ခြေ ၁၈၀ကျော် ပြာကျခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ရေဦးမြို့နယ် ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယနေ့ (မေလ ၂၉ ရက်) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာအား ကား

မတ္တရာနယ်ရှိ PDFစခန်း လိုက်လံပြသသူ စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံရဟု ဒေသခံပြော

Posted: 29 May 2022 08:24 AM PDT

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း မတ္တရာဒေသခံက ပြောသည်။"အခု ည ၈နာရီခွဲမှာ ကုလားလို့အမည်ရတဲ့ အသက် ၂၆နှစ်အရွယ်ရှိတဲ့ တစ်ယောက် အုန်းလွတ်ရွာမှာ အပစ်ခံရတယ်။ သေပြီလို့ကြားတယ်"ဟု မတ္တရာနယ်ခံက ယနေ့ (မေလ ၂၉ရက်) ပြောသည်။ပစ်ခတ်ခံရသည့် ကုလားဆိုသူသည် စစ်ကောင်စီတပ်များ လာရောက်ပါက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းကို လိုက်လံပြသခဲ့သူ ဖြစ်ကြောင်း ၎င်းက

Saturday, May 28, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ဓနုပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီတပ်က တစ်ရွာကို လူငယ် (၁၂)ဦး တောင်းနေ

Posted: 27 May 2022 10:23 AM PDT

မေလ ၂၇ ရက်၊ ရွာငံရှမ်းတောင် ဓနုဒေသ ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ ဓနုပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက်ဆိုပြီး စစ်ကောင်စီတပ်က တစ်ရွာကို လူငယ် (၁၂)ဦး တောင်းနေတယ်လို့ ဒေသခံက ရွှေဖီမြေကို ပြောပါတယ်။ဓနုပြည်သူ့စစ်ထဲ ဝင်သွားသူရှိသလို တချို့ဒေသခံတွေက စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် မဖြစ်မနေ ဝင်လိုက်ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။အမည်မဖော်လိုသူ ရွာငံမြို့ခံတစ်ဦးက "သူတို့ လူကောက်တယ်ဆိုတာ ဟုတ်တယ်။ တချို့

မင်းကင်းနယ် ကျော်ရွာမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပျူစခန်းကို (၅)နာရီကျော်ကြာ တိုက်ခိုက်၊ စကစနဲ့ ပျူ (၁၅)ဦးထက်မနည်းသေ

Posted: 27 May 2022 10:07 AM PDT

မေ -၂၇စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျော်ရွာမှာ အထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ပျူစခန်းကို ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး မေ(၁၃)ရက်က (၅)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စကစနဲ့ ပျူ (၁၅)ဦးထက်မနည်း သေတယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်(၁)၊ MPDF(Kani) - ကနီတပ်ခွဲ က သတင်းထုတ်ပြန်ပါတယ်။"ခရီးရက်ရှည် သွားရောက်ကာ တိုက်ပွဲ ကြာမြင့်ချိန် (၅)နာရီကျော် ကြာ၍ MPDF ရဲဘော်များနှင့်အတူ

ဖောင်းပြင် PDF စခန်း မြေပြင်၊ ဝေဟင် စီးနင်းတိုက်ခိုက်ခံရပြီး ရဲမေ သုံးဦး အပါအဝင် ပြည်သူ့ရဲဘော် ခုနှစ်ဦး ကျဆုံး၊

Posted: 27 May 2022 10:06 AM PDT

အလောင်း ခုနှစ်လောင်း၊ စခန်းနှင့် လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိလို့ အကြမ်းဖက်စစ်အုပ်စုက သတင်းဖြန့်၊ မေ- ၂၇စစ်ကိုင်းတိုင်း အထက်ပိုင်း ဖောင်ပြင်မြို့နယ်က ဒေသကာကွယ်ရေး တပ်ဖွဲ့ (PDF) ရဲ့ စခန်းကို မနေ့က ညနေပိုင်းအချိန် အကြမ်းဖက် စစ်အုပ်စုက အင်အား အများအပြားနှင့် မြေပြင်က ထိုးစစ်ဆင်သလို လေကြောင်း အသုံးပြုပြီးတော့ပါ တိုက်ခိုက်ခဲ့တယ်လို့ ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဖောင်းပြင် PDF က ဆိုပါတယ်။"မေ(

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ဂန့်ဂေါ - ထီးလင်းလမ်းပိုင်းနှင့် မြစ်သာတမံဆည်ပေါ်သို့ သွားလာခြင်းမပြုရန် ဂန့်ဂေါ PDF(တောင်ပိုင်း) သတိပေး

Posted: 27 May 2022 10:04 AM PDT

(ဂန့်ဂေါ PDF(တောင်ပိုင်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)အချိန်မရွေးထိတွေ့တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့်  ဂန့်ဂေါ - ထီးလင်းလမ်းပိုင်းနှင့် မြစ်သာတမံဆည်ပေါ်သို့ သွားလာခြင်းမပြုရန် ဂန့်ဂေါ PDF(တောင်ပိုင်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(မေ ၂၇ ရက်)ထုတ်ပြန်သည်။ထို့အပြင် ရဟတ်ယာဉ်များ ၊လက်နက်ကြီး၊လက်နက်ငယ်များ တရစပ်ပစ်ခတ်နေသည့်ကြားမှ မိမိအသက်ကို ပဓာနမထားပဲ ရဲဝံ့

ခိုးဆိုးလုနှိုက်နေသူများကို ပြင်းထန်စွာတုံ့ပြန်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ သတိပေး

Posted: 27 May 2022 10:02 AM PDT

(ယနေ့နံနက်ပိုင်းက အင်းစိန် ဖော့ကန်ရပ်ကွက်၌ ဖမ်းမိခဲ့သော လုယက်သူတစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)ရန်ကုန်မြို့တွင် ခိုးဆိုးလုနှိုက်နေသူများကို ပြင်းထန်စွာတုံ့ ပြန်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (Civil Guerrilla Force -CGF)က ယနေ့ (မေ ၂၇ ရက်) သတိပေးထုတ်ပြန်သည်။"စိတ်ထိခိုက်စရာသတင်းတွေ ကျွန်တော်တို့ နေ့စဉ်ဖတ်နေရပါတယ် ။ခိုးဆိုးလုနှိုက်တဲ့ ကိစ္စတွေပါပဲ ။အသက်အန္တရာယ်ကိုပါ အလွယ်တကူရန်ရှာနေကြတာတွေဟာ တစ်ကယ်

ကသာမြို့နယ် မိုးတားမှ ထွက်လာသည့် စစ်ကောင်စီ၏ သင်္ဘော ၃စီး ရှော့တိုက်ဒုံးဖြင့် ပစ်ခံရ

Posted: 27 May 2022 09:58 AM PDT

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားမှ ထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ သင်္ဘော(၃)စီးကို ယနေ့မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက ရှော့တိုက်ဒုံး(၅)လုံးဖြင့်ပစ်ခတ်ရာ သင်္ဘော(၁)စီး ပျက်စီးကြောင်း ကသာမြို့နယ် ပကဖ က သတင်းထုတ်ပြန်သည်။အဆိုပါသင်္ဘော(၃)စီးကို ကသာမြို့နယ် ပကဖ၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ များနှင့်  မိုးတား ပကဖ ဗိုလ်သာလိကာအဖွဲ့၊ KIA ရင်း (၁၂)တို့ပူးပေါင်း 

မုံရွာမြို့နယ်က စီးပွားရေးလုပ်ငန်းရှင်တွေကို မြို့နယ် ပ.အ.ဖ က အခွန်စတင်ကောက်ခံတော့မည်

Posted: 27 May 2022 09:53 AM PDT

မုံရွာ၊ မေ ၂၇၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကို လာမယ့် ဇွန်လ ၁ ရက်ကစပြီး အခွန်ငွေကောက်ခံသွားမယ်လို့ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ ရက် ဒီမနက်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။  အခွန်ကောက်ခံရာမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG စီမံကိန်း၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်နဲ့အညီ စနစ်တကျကောက်ခံသွားမယ်လို့လည်း ဆိုပါ

ဆွာမြို့က နယ်မြေရဲစခန်းမှူးရဲ့ လိုင်းခန်းက နေအိမ်ဗုံးခွဲတိုက်ခိုက်ခံရ

Posted: 27 May 2022 09:53 AM PDT

ဆွာ၊ မေ ၂၇၊ ၂၀၂၂။ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ နယ်မြေရဲစခန်းအတွင်းက ရဲစခန်းမှူးရဲ့ နေအိမ်လိုင်းခန်းကို မေလ ၂၆ ရက် မနေ့ ည ၇ နာရီ ဝန်းကျင်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အမှတ် (၇) ရပ်ကွက်မှာရှိတဲ့ ဆွာနယ်မြေရဲစခန်းထဲက စခန်းမှူးနေအိမ်လိုင်းခန်းကို ဗုံးခွဲခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမယ့် ပေါက်ကွဲအားကြောင့် နေအိမ်နံရံတွေ ကွဲအက်သွားတယ်လို့ဆိုပါတယ်။"မိုင်းခွဲ

စစ်ကောင်စီရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ကို ဒီမိုကရက်တစ်ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၅ ဦးသေ

Posted: 27 May 2022 09:52 AM PDT

မုံရွာ၊ မေ ၂၇စစ်ကြောင်းလုံးခြုံမှုရှိစေရန် မိုင်းရှင်းရသည့် စစ်ကောင်စီရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ မိုင်းကွင်းအတွင်းဝင် ရောက်လာသဖြင့် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး ၅ ဦးသေဆုံးသွားကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် အထက်ပါအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ မုံရွာ - အမြင့်လမ်းရှိ ထနောင်းတောမြောက်ရွာဘက်မှ မုံရွာမြို့တွင်းသို့ပြန်ဝင်လာသည့် အကြမ်းဖက်စစ်ကောင်စီ

မန္တလေးမြို့တွင် စစ်တပ်က ယမန်နေ့ ညပိုင်းကဖမ်းသွားသည့် အမျိုးသားကို လမ်းပေါ်တွင် အလောင်းလွှင့်ပစ်ထား

Posted: 27 May 2022 09:51 AM PDT

မန္တလေး၊ မေ ၂၇ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန် ကောက်ရပ်ကွက်၊၅၄)လမ်း(၂၈×၂၉)လမ်း ကြားတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူအမျိုးသားတစ်ဦးကို ယနေ့ နံနက်က တွေ့ရှိခဲ့ပြီး အဆိုပါအမျိုးသားသည် ယမန်နေ့ညပိုင်းတွင် စစ်တပ်ကဖမ်းဆီးသွားသူဖြစ်ကြောင်း ဒေသခံများထံကသိရသည်။စစ်တပ်က ယမန်နေ့ မေလ၂၆ရက်ည ၈နာရီခန့်က မန္တလေးမြို့၊လမ်း၈၀နှင့်၈၁လမ်းကြား၊၄၁လမ်းအနီးရှိ နေအိမ်မှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုလင်းကိုနိုင်ကို စစ်တပ်

မြိုင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု ပေပါမိုင်းနဲ့တိုက်ခိုက်ခံရပြီး အသေအဆုံးများနိုင်

Posted: 27 May 2022 09:44 AM PDT

 မြိုင် PDF တိုက်ခိုက်ခဲ့သည့် ပေပါမိုင်းမြိုင်၊ မေ ၂၇၊ ၂၀၂၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၂၇ ရက် ဒီနေ့နေ့လည်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီတပ်သားတွေဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။ အင်အား ၁၇၀ ပါတဲ့ စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်၊ နယ်သတ်ရွာနဲ့ တဲကြီးရွာအကြားမှာ ပေပါမိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး၊

မြောင်မြို့နယ်မှာ မီးပတ်ရှို့နေတဲ့ စစ်အုပ်စုကို PDF က မိုင်တဲ အမြောက်နဲ့ ပစ်လိုက်လို့ ၆ဦးသေဆုံးဟုဆို

Posted: 27 May 2022 09:41 AM PDT

မြောင်၊ မေ၂၇၊ ၂၀၂၂။စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေကို PDF ၆ဖွဲ့ပေါင်းပြီးအမြောက်နဲ့ ပစ်လိုက်တာ စစ်ကောင်စီဘက်က ၆ဦး သေဆုံးခဲ့တယ်လို့  11Brothers Revolution Force အဖွဲ့ဆီက သိရပါတယ်။အင်အား ၈၀ကျော် ၉၀ နီးပါးနဲ့ မြောင်မြို့က ထွက်လာတဲ့ စစ်အုပ်စုကို လက်ယက်မနဲ့ အောင်ချမ်းသာရွာ ကြားမှာ ဒီနေ့ မနက် ၉နာရီဝန်းကျင်မှာ အမြောက် ၃လုံးနဲ့ ပစ်ခဲ့လိုက်တာဖြစ်တယ်လို့

ဖားကန့်သို့ တပ်ချိန်းရောက်လာသည့် စစ်​ကောင်စီတပ်စစ်​ကြောင်း ကေအိုင်​အေ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၃ဦးသေ

Posted: 27 May 2022 09:32 AM PDT

27 May 2022ယနေ့နံနက် ၆နာရီခွဲခန့်တွင် ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအနီး၌ တပ်ချိန်းရန်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ "သူတို့တို့ တပ်ချိန်းလာတဲ့အချိန် ကေအိုင်အေတွေ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ သူတို့ဘက်က သုံးယောက် သေတာတွေ့ခဲ့တယ်တဲ့"ဟု ဒေသခံတစ်ဦးက ပြန်လည်

ပင်လောင်းမြို့နယ် စစ်ကောင်စီ ထောင်ထားသည့်မိုင်း ၎င်းတပ်သားပြန်လည်နင်းမိ

Posted: 27 May 2022 09:29 AM PDT

မေလ ၂၇ သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတို့ တပ်ဆင်ထားသည့် မြေမြှုပ်မိုင်းကို ရေဆင်းချိုးသည့် စစ်ကောင်စီတပ်ဖွဲ့သားများ ပြန်လည်နင်းမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်း သိရသည်။ ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာ အစပ်နား မေ ၂၄ရက် တွင်  စစ်ကောင်စီတပ်ဖွဲ့နှင့် ပအို၀်း အမျိုးသား တပ်မတော် PNA တို့က ပူးပေါင်း စခန်းချ နေရာယူထားပြီး ရေဆင်းချိုးသည့် စစ်ကောင်စီ တပ်သားနှစ်ဦးမှ

တောင်ကြီးခရိုင် PNO/PNA မှ သျှမ်းလူမျိုးအပါအ၀င် စစ်သားသစ်စာရင်း လိုက်လံကောက်နေ

Posted: 27 May 2022 09:28 AM PDT

မေလ ၂၇ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) တို့မှ သျှမ်းလူမျိုးအပါအဝင် အရပ်သားပြည်သူ လူငယ်များ စစ်သားလုပ်ရန် ညွှန်ကြား စေခိုင်းမှုများ ရှိနေကြောင်း သတင်းသိရသည်။တောင်ကြီးခရိုင်အတွင်းရှိ ဆီဆိုင်မြို့နယ် နှင့် ဟိုပုံးမြို့ အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို PNO အဖွဲ့မှ အစည်းအ၀ေးခေါ်ဆိုကာ သျှမ်းလူမျိုးအပါအ၀င် ကျား၊မ မ

Friday, May 27, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ဝက်တိုးကျေးရွာအနီး စစ်ကောင်စီနှင့် PPDF တို့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Posted: 26 May 2022 06:04 AM PDT

မေလ၂၆ ရက်တနင်္သာရီတိုင်း၊ပုလောမြို့နယ် ဝက်တိုးကျေးရွာအနီး ဒီကနေ့နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် (၂၈၅)နှင့်  ပုလောပြည်သူ့ကာကွယ်ရေ တပ်မတော်(PPDF)၊ မဟာမိတ်တပ်ပေါင်းစုတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုလောPDF ထံကသိရသည်။"တိုက်ပွဲကြာချိန်က ၅ နာရီ ဝန်းကျင်လောက်ရှ်ိတယ်။ နေ့လည် ၂ နာရီအထိ သူတို့ပစ်တယ်စစ်ကောင်စီဘက်ကတော့ ၁ ဦးသေပီး ၄ ဦးဒဏ်ရာရတယ်လို့လဲသိရတယ်။ သူတို့ဘက်ကအဆက်မပြတ်လက်နက်ကြီးလက်နက်ငယ်

မုံရွာ - စစ်ကိုင်းလမ်းမှာ သံချပ်ကာကား အပါအဝင် ကားသုံးစီးနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ

Posted: 26 May 2022 06:00 AM PDT

Farmers Revolution Force FRF (CHU)ရဲ့ လက်လုပ်မိုင်းတချို့/Photo - Farmers Revolution Force FRF (CHU) မေ-၂၆မုံရွာ - စစ်ကိုင်းလမ်းအတိုင်း မုံရွာကနေ စစ်ကိုင်းဘက်ကို သံချပ်ကာကားနှစ်စီး အပါအဝင် ကားသုံးစီးနဲ့ သွားလာနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေကို ဒီကနေ့ မနက်(၈)နာရီကျော်အချိန် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ သံချပ်ကာတစ်စီး မိုင်းထိပျက်စီးပြီး စကစတွေလည်း ထိခိုက်သေဆုံးသူ အများအပြား ရှိနိုင်တယ်

ထားဝယ်တွင် ဒူးရင်းသီး​သည်အမျိုးသမီးကို PDF ၏မိခင်ဟုစွပ်စွဲပြီး စွန်ရဲအဖွဲ့က ​သေနတ်ဖြင့်ပစ်သတ်

Posted: 26 May 2022 05:54 AM PDT

(စွန်ရဲအဖွဲ့ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရ​သော ဒေါ်ညွှန်လှိုင်၏ ရုပ်အ​လောင်းကိုသဂြိုဟ်ရန်ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-CJ)တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမ်းနားဈေးတွင်  အသက် ၆၀ အရွယ် ဒူးရင်းသီးသည်အမျိုးသမီးတစ်ဦးကိုစွန်ရဲအဖွဲ့(သွေးသောက်ကဲ့သို့​သောအဖွဲ့) က ​မေလ ၂၄ ရက်တွင်သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ အသတ်ခံရသည့် ဒေါ်ညွန့်လှိုင်သည် ကမ်းနားဈေး အနောက်ဘက်ခြမ်းတွင် ဒူးရင်းသီးပေါ်ချိန်တွင် ဒူးရင်းသီး

စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်

Posted: 26 May 2022 05:52 AM PDT

(စစ်ကိုင်းတိုင်း၊ မန္တလေး - မုံရွာလမ်းပိုင်းတွင် ယခင်လပိုင်းအတွင်းက လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ယာဥ်တန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်သည် ဒေသခံများ၏ကားများကို အသုံးပြုကာသွားလာနေသောကြောင့် မြိုင် - ပခုက္ကူ

ချောင်းဦးမြို့မှ မန္တလေးဘက်သို့ ခြေလျင် မိုင်းရှာထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရ

Posted: 26 May 2022 05:48 AM PDT

Photo : ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDFစစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ မန္တလေးဘက်သို့ ခြေလျင် မိုင်းရှာထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့မေလ(၂၆) ရက်နေ့၊ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။မိုင်းရှာထွက်လာသည့် အင်အား(၅၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို နတ်ရေကန်နှင့် ငါးယှန်ရွာကြားတွင် ချောင်းဦး PDF တပ်ခွဲ (၃)မှရဲဘော်များ

ခလရ (၄၂)မှ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားသုံးစီးပါယာဥ်တန်းကို ခင်ဦး PDF မိုင်းဆွဲတိုက်ခိုက်

Posted: 26 May 2022 05:41 AM PDT

(စစ်ကိုင်းတိုင်းအတွင်း အင်အားဖြည့်တင်နေသော စစ်ကောင်စီယာဥ်တန်းကို ​တွေ့ရစဥ် ။(ယခုလဆန်းပိုင်းက ပုံအ​ဟောင်း ဖြစ်သည်)စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက် အောက်ခံ ခလရ(၄၂) တပ်ရင်းမှ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် စစ်ကားသုံးစီးပါရှိသည့် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ယမန်နေ့(မေ ၂၅ ရက်) ည ၇ နာရီခန့်က ရွှေဘိုမြို့မှ ထွက်လာသည့်

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရ(ရုပ်သံ)

Posted: 26 May 2022 05:40 AM PDT

မေ ၂၆စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ချီတက်လာတာကြောင့်  မနေ့က မေလ၂၅ရက်နေ့မှာ ဒေသခံပြည်သူတွေ မိုးရွာနေတဲ့ထဲကြားထဲက နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ဧပြီလကုန်အထိ စစ်ကိုင်းတိုင်းထဲက အိမ်ပေါင်း (၇၅၀၀) ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး အခုချိန်မှာတော့ အရေအတွက်ဟာ ပိုပြီး များပြားလာနေပါတယ်။

ဆားလင်းကြီးမြို့နယ် ဝါးတန်းလမ်းကျေးရွာလမ်းမဘေး ဆိုင်တန်းများကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ ဖျက်ဆီး

Posted: 26 May 2022 05:36 AM PDT

ဓာတ်ပုံ - CJဆားလင်းကြီး၊ မေ ၂၆  စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာလမ်းမဘေးရှိ ဈေးဆိုင်တန်းများကို စစ်ကောင်စီတပ်သားများက မတ်လ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။"ပျက်စီးမှုကို ဘယ်သူမှ သွားကြည့်လို့မရတဲ့အတွက် မသိရသေးဘူး။ ပေါက်ကွဲသံတွေတော့ ကြားရတယ်။ ဆိုင်ခန်းတွေထဲက ဓာတ်ဆီပုံးလိုမျိုးတွေက ပေါက်တာလို့ ယူဆရတယ်" ဟု ဒေသခံကပြောသည်။ဝါးတန်းကျေးရွာကို

ညောင်လေးပင်မြို့နယ်က စစ်သားတဦး နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး

Posted: 26 May 2022 05:35 AM PDT

ပဲခူး၊ မေ ၂၆၊ ၂၀၂၂။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ ပေါက်တောကျေးရွာမှာ စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးသားအဖကို PDF က သေနတ်ဝင်ပစ်ခဲ့လို့ သားဖြစ်သူသေဆုံးပြီး အုပ်ချုပ်ရေးမှူးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ မေလ ၂၃ ရက် မနက် ၉ နာရီကျော်လောက်မှာ ပေါက်တောကျေးရွာက အုပ်ချုပ်ရေးမှူးအိမ်ထဲထိ ဝင်ပစ်ခဲ့ချိန်မှာ သားဖြစ်သူကိုပဲ ပစ်ခတ်နိုင်ခဲ့ပြီး၊ အဖေဖြစ်သူက နောက်ဖေးပေါက်က ထွက်ပြေးသွားခဲ့တယ်လို့

ဂန့်ဂေါက မြစ်သာတံတားမှာ ဒီကနေ့တိုက်ပွဲပြင်းထန်၊အကြမ်းဖက်စစ်တပ်က(၂)ယောက်သေ (၉)ယောက်ဒဏ်ရာရ

Posted: 26 May 2022 05:34 AM PDT

မေ ၂၆မကွေးတိုင်း ဂန့်ဂေါမြို့ မြစ်သာမြစ်ကူးတံတားမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကင်းစခန်းကို ဒီကနေ့မနက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။တိုကိပွဲဟာ မနက်(၇:၃၀)ကနေ စခဲ့ပြီး မနက်(၁၀)နာရီအထိ ကြာခဲ့ကာ စစ်ကောင်စီတပ်သား(၂)ဦးကိုသုတ်သင်နိုင်ခဲ့ပြီး (၉)ဦးဒဏ်ရာရအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း HYPER UAV FORCEက သတင်းထုတ်ပြန်ပါတယ်။မြစ်သာမြစ်ကူးတံတားစစ်ဆင်ရေးကို

စစ်တပ်လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံများကို စစ်ရေးပစ်မှတ်အဖြစ်အရေးယူတော့မည်ဟု NUG သတိပေး

Posted: 26 May 2022 05:33 AM PDT

ရန်ကုန်၊ မေ (၂၆)အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းမည့် ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံနှင့် အဖွဲ့ဝင်များကို အရပ်သားအဖြစ် မှတ်ယူ၍မရတော့သည့်အတွက် "အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များ"အဖြစ် သတ်မှတ်ကာ အရေးယူသွားတော့မည်ဟု NUG က ယနေ့ ထုတ်ပြန်လိုက်သည်။ထိုအဖွဲ့တွင် ပါဝင်ရန် အတင်းအကျပ်ဖိအားပေးခိုင်းစေခံရသည့်  ပြည်သူများအနေဖြင့်လည်း ၎င်းအဖွဲ့ကိုအမြန်ဆုံးစွန့်ခွာပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များ

မော်လမြိုင်က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ်

Posted: 26 May 2022 05:30 AM PDT

ပုံစာ- ဗုံးပေါက်ကွဲပြီးနောက် မော်လမြိုင်မြို့ရှောင်လမ်း ပိတ်ဆို့ထားစဉ် မြင်ကွင်း။မော်လမြိုင်၊ မေ ၂၆မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ မြေနီကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးမှာ မေ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အဲဒီရုံး ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦးတချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ

မုံရွာက ဒလန်လို့ သတင်းထွက်သူ ၂ ဦးရဲ့ နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက်

Posted: 26 May 2022 05:26 AM PDT

မုံရွာ၊ မေ ၂၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း မုံရွာမြို့က စစ်ကောင်စီဒေါက်တိုင်လို့ သတင်းထွက်နေသူ ၂ ဦးရဲ့ နေအိမ်တွေကို မေလ၂၆ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း  DRPA အဖွဲ့က ထုတ်ပြန်ထားပါတယ်။ပြည်ထောင်စုလမ်း ကားလေးကွင်း တောင်ဘက်က ဒလန်ဆိုသူရဲ့ အိမ်ကို နေ့လယ် ၁၂ နာရီမှာ တိုက်ခိုက်ခဲ့ပြီး ထန်းတောကျွန်းဆွယ်က ထောက်လှမ်းရေးဟောင်း  ကိုကျော်မြင့် နေအိမ်ကို  နေ့လယ် ၁၂ နာရီ ၉

မိုင်းဆွဲခံရပြီး သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၂၉ ယောက်ကို ရွာဆေးခန်းမှာပို့ထား

Posted: 26 May 2022 05:25 AM PDT

မြင်းမူ ၊ မေ ၂၆ ၊ ၂၀၂၂။ချောင်းဦးမှ မြင်းမူဘက်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ များ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂၉ ယောက်သေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။မေလ ၂၆ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်က သံချပ်ကာ ကား ၂ စီးအင်အားအပြည့်အပြင် ခြေလျင်မိုင်းရှာလာသော အင်အား ၅၀ အား နတ်ရေကန်နှင့်ရေပိုးစားအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Myaung Special People's Defense Force (MSPDF) တာဝန်ခံက မြေလတ်

ရေစကြို မြေတော်ရဲကင်းမှ ရဲများ စခန်းစွန့်ပြီးထွက်ပြေး

Posted: 26 May 2022 05:17 AM PDT

မဲခေါင်၊ မေ ၂၆ရေစကြိုမြို့နယ်၊ မြေတော်ရဲကင်းမှ ရဲများအားလုံးစခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီဟု MGN - TIGER အဖွဲ့က ဓာတ်ပုံများနှင့်အတူ ထုတ်ပြန်လိုက်သည်။မြေတော်ရဲကင်းမှ ဈေးဝယ်ပြန်လာသည့် ရဲ ၇ ယောက်အား MGN - TIGER အဖွဲ့မှ မေ ၂၃ တွင် တိုက်ခိုက်ရာတွင် ၃ ယောက်သေဆုံးပြီး လက်နက်များသိမ်းမိခဲ့သည်။ထိုသို့တိုက်ခိုက်ပြီးနောက် ရဲကင်းစခန်းမှူးအား ဖုန်းဆက်ရာတွင် စခန်း၌မရှိတော့ဘဲ စွန့်ခွာထွက်ပြေးသွားကြသည်ဟု

Thursday, May 26, 2022

သစ်ထူးလွင်

သစ်ထူးလွင်


အိမ်စီးကားဖြင့်လာသော ရေတပ်ဗိုလ်တဦးမိုင်းဆွဲခံရပြီး သေဆုံး

Posted: 25 May 2022 10:47 AM PDT

မြင်းခြံ ၊ မေ ၂၅ ၊ ၂၀၂၂။မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ မြို့သာစက်မှုဇုန်နှင့် ဆီမီးခုံရေနက်ဆိပ်ကမ်းအကြားတွင် အသွားအပြန်လုပ်နေသော စစ်သားများ မောင်းနှင်လာသည့် အိမ်စီးကားတစီး မိုင်းဆွဲခံရပြီး ရေတပ်ဗိုလ်တဦး သေဆုံးခဲ့ကြောင်း မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ - CDSOM ဗိုလ်မင်းယ္ခက ပြောသည်။မေလ ၂၃ ရက်နေ့  ဆီမီးခုံမှ မြင်းခြံသို့ အနီရောင် Honda Fit ကားကိုစီးနင်းလိုက် ပါလာသော စစစ်

ဒါရိုက်တာ ဏကြီး ရိုက်ကူးသည့် “နိုင်ငံပျောက်သူ” ဇာတ်လမ်းတို မေ ၃၀ တွင် ပြမည်

Posted: 25 May 2022 10:45 AM PDT

မြန်မာ၊ မေ ၂၅"နိုင်ငံပျောက်သူ" Short film(ဇာတ်လမ်းတို) ရုပ်ရှင်ကို ပဒေသာပင်(Pa Day Thar Pin) YouTube ချန်နယ်မှတဆင့် လာမည့် မေလ ၃၀ ရက်နေ့တွင် ပြသသွားမည်ဖြစ်ကြောင်း စစ်အာဏာရှင်ကိုတော်လှန်နေသည့် ဒါရိုက်တာဏကြီးက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ကြေညာလိုက်သည်။"ကျွန်တော်စစ်မတိုက်တတ်ဘူး၊ Fund raising တွေလည်း မလုပ်တတ်ဘူး။ ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲရိုက်တတ်ပါတယ်။ အဲဒါ

နန်းဖဲရွာအနီးတိုက်ပွဲ စစ်​ကောင်စီတပ် ၁၀ဦး​သေပြီးကားတစ်စီးပျက်စီး ၊ KNDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

Posted: 25 May 2022 10:41 AM PDT

(စစ်​ကောင်စီတပ်ပျက်စီးသွား​သောကားတစ်စီး။ ဓါတ်ပုံ-KNDF တပ်ရင်း -၂ )ကရင်နီ(ကယား)ပြည်နယ်၊ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာ အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးကာ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၆ က ယနေ့(မေ ၂၅ ရက်)တွင် ထုတ်ပြန်သည်။ မေ ၂၃ ရက် နံနက် ၁၁ နာရီ ၁၇ မိနစ် မှ ညနေ ၆ နာရီခွဲအထိ ကရင်နီတပ်မတော် KA ၊ KNDF တပ်ရင်း ၁၆ ၊တပ်ရင်း ၂ နှင့် KPDF

မန္တလေး−ပြင်ဦးလွင်မှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ရဲတပ်ကြပ်တစ်ဦးသေနတ်နဲ့ပစ်ခံရ

Posted: 25 May 2022 10:37 AM PDT

မန္တလေး − ပြင်ဦးလွင် ကားလမ်းမှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ရဲတပ်ကြပ်တစ်ဦး ဒီနေ့မနက်ပိုင်း ၉ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံလိုက်ရပါတယ်။မန္တလေး ကနေ ပြင်ဦးလွင်ကိုသွားလမ်းဖြစ်တဲ့ ၁၀၃ လမ်းမပေါ်မှာ ပစ်ခတ်ခံရလိုက်ရတာလို့ဒေသခံအချို့က ပြောပါတယ်။  အဲဒီရဲတပ်ကြပ် ဆိုင်ကယ်နဲ့သွားလာချိန် နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့အမျိုးသား နှစ်ဦးက သေနတ်နဲ့ပစ်ခတ်သွားတာလို့သိရပါတယ်။ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်ရဲ့ ဝဲဘက်လက်ပြင်မှာ

ကသာမြို့ကနေ ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေကို မြို့လှ PDF က ရှော့ဒုံးနဲ့ တိုက်ခိုက်

Posted: 25 May 2022 10:35 AM PDT

မန္တလေးကနေ ဆန်တက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်နဲ့ ရိက္ခာတင် သင်္ဘောတွေ/Photo- CJမေ-၂၅စစ်ကိုင်းတိုင်း ကသာမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောသုံးစီးကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ဗိုလ်သာလိကာ ဦးဆောင်တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ သင်္ဘောတစ်စီး ထိမှန်ခဲ့တယ်လို့ မြို့လှ PDF က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မေ(၂၅)ရက် နေ့လယ်(၂)နာရီ

မုံရွာမြို့၊ ရန်ကင်းရပ်ကွက်က စည်ပင်ဝန်ထမ်း စျေးကောက်၊ စကစသတင်းပေးဆိုသူ သားအမိနှစ်ဦး အသတ်ခံရ၊စစ်အုပ်စုက ရပ်ကွက်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး အော်ဟစ်သောင်းကျန်းဟုဆို

Posted: 25 May 2022 10:33 AM PDT

မေ-၂၅စစ်ကိုင်းတိုင်း မုံရွာမြို့ ရန်ကင်းရပ်ကွက်မှာ နေတဲ့ စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဝန်ထမ်း စျေးကောက်၊ သတင်းပေးဆိုသူ သားအမိနှစ်ဦး မေ(၁၇)ရက်နှင့် (၂၄)ရက်တွေမှာ ပစ်သတ်ခံရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။သေဆုံးသူတွေဟာ အသက်(၃၀)ဝန်းကျင်နှင့် (၅၀)ဝန်းကျင် အရွယ်တွေ ဖြစ်ပြီး သားဖြစ်သူဟာ စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဝန်ထမ်း စျေးကောက်အဖြစ် လုပ်ကိုင်ပြီး သတင်းပေးအဖြစ် နာမည်ထွက်သလို အမေဖြစ်

မိုးဗြဲရှိ စစ်ကောင်စီစခန်းကို KNDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး

Posted: 25 May 2022 10:17 AM PDT

Photo Credit - KNDF - BO3ဖယ်ခုံ - မေ ၂၅၊ ၂၀၂၂။ KNDF ပူးပေါင်းအဖွဲ့ မှ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့၊ ဆီးမီးလော့ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နံနက်ပိုင်းက တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာသွားကြောင်း KNDF တပ်ရင်း ၃ မှ သတင်းထုတ်ပြန်လိုက်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စခန်းကို ဆုတ်သွားခဲ့သောကြောင့် KNDF ပူးပေါင်းအဖွဲ့က စခန်းတွင် ထောင်ထားခဲ့သည့် မြေမြှပ်

ဖားကန့်မြို့တွင် ပျူစောထီးအဖြစ်နာမည်ကြီးသူတဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Posted: 25 May 2022 10:16 AM PDT

မေလ ၂၅ ရက်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေလ ၂၅ ရက်နေ့ မနက်ပိုင်းက ပျူစောထီးအဖြစ်နာမည်ကြီးနေတဲ့ ကိုတင်မော်ဆိုတဲ့သူကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ဆန်းကြယ်ကျေးရွာမှာနေတဲ့ အသက် ၅၀ အရွယ် ကိုတင်မော်ဆိုတဲ့သူကို ဒီကနေ့ မနက် ၁၀ နာရီ ကျော်လောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့လာရောက်ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။" ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး

ဖားကန့်တွင် ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Posted: 25 May 2022 10:13 AM PDT

ပုံ - ဦးတင်မောင် ပစ်သတ်ခံရသောနေရာဖားကန့် - မေ ၂၅၊ ၂၀၂၂။ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာ ရပ်ကွက် ၁ တွင်နေထိုင်သည့် ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦးကို ယနေ့နံနက် ၁၁ နာရီခန့်က အမည်မသိ သေနတ်သမားတစ်ဦးက လာရောက်ပစ်သတ်သွားကြောင်း သိရသည်။အသက် ၅၀ နှစ်ခန့် အရွယ်ရှိ ဦးတင်မောင်ကို အေးမြသာယာရပ်ကွက် ဆန်းကြွယ်ရွာထိပ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။"သူအိမ်မှာလည်း

ချောင်းဦးမြို့နယ်တွင် PDF ကအကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား (၃၆) ဦးသေဆုံး

Posted: 25 May 2022 10:12 AM PDT

မေ ၂၅စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပြည်သူအိမ်များအား မွှေနှောက်ဖျက်စီး၍ ပစ္စည်းများခိုးယူပြန်လာသော အကြမ်းဖက်စကစတပ်အား ယမန်နေ့ နံနက်အစောပိုင်းက ချောင်းဦး PDF နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၃၆) ဦးသေဆုံးခဲ့ကြောင်း သိရသည်။ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူစောထီးရွာမှ အကြမ်းဖက်စကစနှင့် ပျူအင်အား (၅၀) ခန့်အား အမြင့်လမ်းခွဲမှ အနောက်သို့ရိက္ခာအပြည့်စုံဖြင့် ဆင်းလာ

ထန်းတောရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး မိုးကြိုးပစ်ခံရသေဆုံး

Posted: 25 May 2022 10:11 AM PDT

မေ ၂၅စစ်ကိုင်းမြို့နယ်၊ ထန်းတောရွာတွင် ပျူစောထီးခေါင်းဆောင်တဦးဖြစ်သည့် ကိုအုန်းကြီးသည် ယမန်နေ့ ညနေ ၅ နာရီကျော် မိုးသည်းထန်စွာရွာစဉ်အချိန်က မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံတွေထံမှ သိရကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။"မနေ့ညနေက မိုးတအားရွာနေတဲ့အချိန် မိုးကြိုးပစ်ချလိုက်တာ အုန်းကြီးကို မိုးကြိုးမှန်ပြီးသေသွားတယ်၊ မကောင်းတာလုပ်နေတဲ့သူဆိုတော့ သဘာဝတရားကလဲမနေဘူးဗျ၊

ရက် ၂၀ ကျော် ရွာစဥ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး

Posted: 25 May 2022 10:06 AM PDT

မေလ ၂၅ ရက်စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်အတွင်းသို့ ယမန်နေ့ မေလ ၂၄ ရက် မနက်ပိုင်း က အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့်စစ်ကြောင်းထိုးလှည့်လည်နေသော စစ်ကောင်စီတပ်များကိုတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDFက ထုတ်ပြန်သည်။အဆိုပါစစ်ကြောင်းမှ ဖွားစောရွာသို့ဝင်ရောက်မီးရှို့ခဲ့ပြီးထွက်ခွာလာစဥ် မနက် ၁၀ နာရီဝန်းကျင်တွင်လှေတင်ဦးရွာနှင့် ကူးတို့ကုန်းကျေးရွာအကြားတွင် ဒ

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားများ မိုင်းအလုံး ၃၀ ကျော်နဲ့ တိုက်ခိုက်ခံရလို့ စစ်သား ၃၀ ဝန်းကျင်သေဆုံး

Posted: 25 May 2022 10:23 AM PDT

မေလ ၂၅ ရက်မကွေးတိုင်း၊ တပြင်းကျေးရွာမှ ပုံတောင်ခြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ မေလ ၂၅ ရက်နေ့တွင် မိုင်းအလုံး ၃၀ ကျော်ဖြင့် တိုက်ခိုက်ခံရပြီး စစ်တပ်ကသေးဆုံးမှုများပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိကြောင့် ကျောက်ထုpdf (YRPA) ထံက သိရသည်။ပုံတောင်ထိပ်မှ အရှေ့ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ကျောက်ထု pdf (YRPA)၏ မိုင်းကွင်းထဲသို့ရောက်ရှိလာ၍ နံနက် ၁၁

Tuesday, May 24, 2022

သစ်ထူးလွင်

သစ်ထူးလွင်


ရွှေကူမှာ အကြမ်းဖက် စစ်အုပ်စုကို မိုင်းဆွဲရာ စကစတွေ အသေအပျောက်များ၊ (၄၀ မမ) ကျည်တွေ သိမ်းပိုက်ရရှိလို့ မြို့လှ PDF ထုတ်ပြန်

Posted: 22 May 2022 08:08 AM PDT

မေ-၂၂စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်က ကျေးရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် မြို့လှ KPDF အရံကာကွယ်ရေး တပ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေ အထိအခိုက် အသေအပျောက် ရှိကာ ထွက်ပြေးသွားတယ်လို့ မြို့လှ KPDF က သတင်းထုတ်ပြန်ပါတယ်။ဒီကနေ့ မေ(၂၂)ရက် မနက်ပိုင်းမှာ ရွှေကူမြို့နယ် သင်္ဘောအင်းကနေ မိုးစစ်ရွာဘက် ခြေ

မြင်းခြံ ကွမ်းစိုက်ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ PDF စစ်အုပ်စုကို ဝင်ပစ်၊ နှစ်ယောက်သေ

Posted: 22 May 2022 08:06 AM PDT

မေ - ၂၂ မန္တလေးတိုင်း မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို မနေ့ မေလ (၂၁)ရက်မှာ နွားထိုးကြီး PDF က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စာသင်ကျောင်းရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်သန်းပြီး ပစ်ခတ်ခဲ့တာကြောင်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ " စခ တစ်ကောင်မှာ ပက်လက်လန်လဲကျ၍ ရာသက်ပန် အိပ်စက်ခိုင်းခဲ့ပါသည်။ စက တစ်ကောင်မှာလည်း လက်နက်ကြီးကျည်ဆန်

ရန်ကုန်မြို့တွင် မေလကုန်အထိ စစ်ဆင်ရေးပြုလုပ်မည်ဖြစ်၍ ပြည်သူများအနေဖြင့် သတိထားသွားလာရန် SNF အသိပေး

Posted: 22 May 2022 08:04 AM PDT

ရန်ကုန်မြို့တွင် မေလကုန်အထိ စစ်ဆင်ရေးများပြုလုပ်ရန်ရှိ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သည့်နေရာများနှင့် ဈေးဝယ်စင်တာများကို ရှောင်ရှားသွားလာရန် Special Ninja Force -SNFက အသိပေးထားသည်။"စစ်ကောင်စီနှင့်သက်ဆိုင်သော နေရာများ ၊စျေးရောင်းစင်တာများအား မလိုအပ်ဘဲသွားလာချင်းကိုမပြုလုပ်ဖို့ဘဲသတိပေးအပ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့အဖွဲ့သတိပေးစာထုတ်ပြန်ရတဲ့အကြောင်းအရင်းက ပြည်သူတွေ အတတ်နိုင်ဆုံးထိခိုက်

ထီးချိုင့်နယ် အင်ဒေါင်းရွာမှပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်များ

Posted: 22 May 2022 08:02 AM PDT

ဓာတ်ပုံ - Eagles Armyစစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာမှ စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ၏ Eagles Army- HPDFက သတင်းထုတ်ပြန်သည်။မေလ ၂၂ရက် နံနက် ၈နာရီခွဲတွင် Eagles Army၊ Tagung PDF၊ MGZ PDF၊ Fox Army ၊ KIA PDF များ ပူးပေါင်းကာ အင်ဒေါင်းရွာမှ

နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီတပ် ထောက်ခံပွဲသို့ သွားသည့် ယာဥ်တန်း မိုင်းခွဲခံရ

Posted: 22 May 2022 07:59 AM PDT

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ဘုရားကွင်း အတွင်းပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲသို့ သွားသည့် ယာဥ်တန်းကို ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်လာသည်။မေလ (၁၆)ရက်က ပြုလုပ်ခဲ့သည့် အဆိုပါထောက်ခံပွဲကိုသွားရန် လူစုနေသည့် ကား (၁၀) စီးပါ ယာဥ်တန်းကို လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အစပ် အမျိုးသမီးရေးရာရုံးချုပ်ရှေ့တွင် မိုင်းခွဲခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့(နေပြည်တော်)က

ဖယ်ခုံဒေသအတွင်း ဆီမီးလော့တိုက်ပွဲတွင် စစ်အုပ်စုဘက်က (၅)ဦးသေ၊ တိုက်ပွဲပြင်းထန်၍ ပြည်သူများရှောင်ရှားကြရန် သတိပေး

Posted: 22 May 2022 07:57 AM PDT

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ ဆီးမီးလော့ရွာအနီးတွင် ရှေ့တန်းစခန်းချနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ‌ဒေသကာကွယ်ရေးတပ်များက နှစ်ရက်ကြာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား(၅)ဦးသေကြောင်း  Inle People Defense Force(IPDF)က ယနေ့မေလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်(၄၄၂)တပ်ရင်း ရှေ့တန်းတပ်စခန်းကို မေလ(၁၉) ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်းပြီး ၎

တန့်ကြည့်တောင်အနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

Posted: 22 May 2022 07:55 AM PDT

မကွေးတိုင်း၊ တန့်ကြည့်တောင် အနောက်ဘက် လမ်းပိုင်းတစ်နေရာတွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့မေလ(၂၂)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။အင်အား (၇၀)ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC - KC DF ) ၊ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တာဝန်ကျ ဗိုလ်ကြီးက ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်၊ ပစ်ခတ်ခံရသူ ဗိုလ်ကြီးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ အခင်းဖြစ်ပွားသည့် မေ ၂၀ ညပိုင်း အမြန်လမ်းပိတ်ထားခဲ့

Posted: 22 May 2022 07:53 AM PDT

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ရန်ကုန်၊ မေ ၂၂ ရန်ကုန်-မန္တလေး အမြန်လမ်း တွင် မေလ ၂၀ ရက်နေ့ ညပိုင်း တာဝန်ကျ ဗိုလ် ကြီး က မူးယစ်ဆေးဝါး သုံးစွဲ ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်ရာ ပစ်ခတ်ခံရသူ ဗိုလ်ကြီးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း နေပြည် တော် စစ်ဘက်သတင်းရပ်ကွက်က အတည်ပြုပြောဆိုသည်။ မေလ ၂၀ ရက်နေ့ ည ၇ နာရီခွဲကျော်အချိန်  မူးယစ်ဆေးဝါး သုံးစွဲသူ လုံခြုံရေးတာဝန်ကျ ဗိုလ်ကြီးက

ပဲခူးရိုးမအတွင်း ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲခံရပြီး ၄ဦးသေဆုံး

Posted: 22 May 2022 07:51 AM PDT

ပုံစာ - သာယာဝတီခရိုင် PDF တပ်ဖွဲ့ဝင်များနတ်တလင်း၊ မေ၂၂၊ ၂၀၂၂။ပဲခူးတိုင်း ၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပဲခူးရိုးမအတွင်းက ကျေးရွာတွေမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို သာယာဝတီခရိုင် PDF တွေက မိုင်းဆွဲတိုက်ခိုက်လို့ ၄ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။မေလ ၂၀ရက် ညနေ ၃နာရီဝန်းကျင်မှာ နတ်တလင်းမြို့နယ် ညောင်လေးပင်ရွာနဲ့ ဂွေ့ကြီးရွာ ကြားမှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ (MRF

ဂန့်ဂေါမှာစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးခန့်သေဆုံးနိုင်

Posted: 22 May 2022 07:50 AM PDT

ဂန့်ဂေါ၊ မေ ၂၂၊ ၂၀၂၂။မကွေ:တိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေအဖွဲ့တွေ မေလ ၂၁ ရက် မနေ့ကနေ့လည်ပိုင်းမှာ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ စမ်းမြို့ရွာအနီးမှာ နေ့လည် ၁ နာရီလောက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရှေ့ပြေးထွက်လာတဲ့ စစ်သား ၅ ဦးကိုတော့ ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ PDF-GanGaw တာဝန်ခံက ပြောပါတယ်။ "ဒီကောင်တွေအဖွဲ့က ၅ ယောက်

စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်း ကပ္ပလိပ်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရ စစ်အင်အား ၁၅ ဦးခန့်သေဆုံး

Posted: 22 May 2022 07:46 AM PDT

May 22,2022စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကပ္ပလိပ်ကျေးရွာတံတားအနီးမှ ကသာမြို့အထက်ဘက်သို့ ခြေလျှင်စစ်ကြောင်းဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ယနေ့နံနက် ၅ နာရီဝန်းခန့်တွင် ဗိုလ်သာလိကာဦးဆောင်သည့် ဒေသကာကွယ်ရေးတပ်မှ အဆိုပါစစ်ကြောင်းအား မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ၁၅ ဦးထက်မနည်းသေဆုံးပြီး အများအပြား