သစ္ထူးလြင္ |
- ဝက်တိုးကျေးရွာအနီး စစ်ကောင်စီနှင့် PPDF တို့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁ ဦးသေ ၄ ဦးဒဏ်ရာရ
- မုံရွာ - စစ်ကိုင်းလမ်းမှာ သံချပ်ကာကား အပါအဝင် ကားသုံးစီးနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ
- ထားဝယ်တွင် ဒူးရင်းသီးသည်အမျိုးသမီးကို PDF ၏မိခင်ဟုစွပ်စွဲပြီး စွန်ရဲအဖွဲ့က သေနတ်ဖြင့်ပစ်သတ်
- စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်
- ချောင်းဦးမြို့မှ မန္တလေးဘက်သို့ ခြေလျင် မိုင်းရှာထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရ
- ခလရ (၄၂)မှ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားသုံးစီးပါယာဥ်တန်းကို ခင်ဦး PDF မိုင်းဆွဲတိုက်ခိုက်
- အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရ(ရုပ်သံ)
- ဆားလင်းကြီးမြို့နယ် ဝါးတန်းလမ်းကျေးရွာလမ်းမဘေး ဆိုင်တန်းများကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ ဖျက်ဆီး
- ညောင်လေးပင်မြို့နယ်က စစ်သားတဦး နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး
- ဂန့်ဂေါက မြစ်သာတံတားမှာ ဒီကနေ့တိုက်ပွဲပြင်းထန်၊အကြမ်းဖက်စစ်တပ်က(၂)ယောက်သေ (၉)ယောက်ဒဏ်ရာရ
- စစ်တပ်လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံများကို စစ်ရေးပစ်မှတ်အဖြစ်အရေးယူတော့မည်ဟု NUG သတိပေး
- မော်လမြိုင်က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ်
- မုံရွာက ဒလန်လို့ သတင်းထွက်သူ ၂ ဦးရဲ့ နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက်
- မိုင်းဆွဲခံရပြီး သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၂၉ ယောက်ကို ရွာဆေးခန်းမှာပို့ထား
- ရေစကြို မြေတော်ရဲကင်းမှ ရဲများ စခန်းစွန့်ပြီးထွက်ပြေး
ဝက်တိုးကျေးရွာအနီး စစ်ကောင်စီနှင့် PPDF တို့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁ ဦးသေ ၄ ဦးဒဏ်ရာရ Posted: 26 May 2022 06:04 AM PDT မေလ၂၆ ရက်တနင်္သာရီတိုင်း၊ပုလောမြို့နယ် ဝက်တိုးကျေးရွာအနီး ဒီကနေ့နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် (၂၈၅)နှင့် ပုလောပြည်သူ့ကာကွယ်ရေ တပ်မတော်(PPDF)၊ မဟာမိတ်တပ်ပေါင်းစုတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုလောPDF ထံကသိရသည်။"တိုက်ပွဲကြာချိန်က ၅ နာရီ ဝန်းကျင်လောက်ရှ်ိတယ်။ နေ့လည် ၂ နာရီအထိ သူတို့ပစ်တယ်စစ်ကောင်စီဘက်ကတော့ ၁ ဦးသေပီး ၄ ဦးဒဏ်ရာရတယ်လို့လဲသိရတယ်။ သူတို့ဘက်ကအဆက်မပြတ်လက်နက်ကြီးလက်နက်ငယ် |
မုံရွာ - စစ်ကိုင်းလမ်းမှာ သံချပ်ကာကား အပါအဝင် ကားသုံးစီးနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ Posted: 26 May 2022 06:00 AM PDT Farmers Revolution Force FRF (CHU)ရဲ့ လက်လုပ်မိုင်းတချို့/Photo - Farmers Revolution Force FRF (CHU) မေ-၂၆မုံရွာ - စစ်ကိုင်းလမ်းအတိုင်း မုံရွာကနေ စစ်ကိုင်းဘက်ကို သံချပ်ကာကားနှစ်စီး အပါအဝင် ကားသုံးစီးနဲ့ သွားလာနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေကို ဒီကနေ့ မနက်(၈)နာရီကျော်အချိန် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ သံချပ်ကာတစ်စီး မိုင်းထိပျက်စီးပြီး စကစတွေလည်း ထိခိုက်သေဆုံးသူ အများအပြား ရှိနိုင်တယ် |
ထားဝယ်တွင် ဒူးရင်းသီးသည်အမျိုးသမီးကို PDF ၏မိခင်ဟုစွပ်စွဲပြီး စွန်ရဲအဖွဲ့က သေနတ်ဖြင့်ပစ်သတ် Posted: 26 May 2022 05:54 AM PDT (စွန်ရဲအဖွဲ့ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရသော ဒေါ်ညွှန်လှိုင်၏ ရုပ်အလောင်းကိုသဂြိုဟ်ရန်ပြင်ဆင်ထားစဥ်။ ဓါတ်ပုံ-CJ)တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမ်းနားဈေးတွင် အသက် ၆၀ အရွယ် ဒူးရင်းသီးသည်အမျိုးသမီးတစ်ဦးကိုစွန်ရဲအဖွဲ့(သွေးသောက်ကဲ့သို့သောအဖွဲ့) က မေလ ၂၄ ရက်တွင်သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ အသတ်ခံရသည့် ဒေါ်ညွန့်လှိုင်သည် ကမ်းနားဈေး အနောက်ဘက်ခြမ်းတွင် ဒူးရင်းသီးပေါ်ချိန်တွင် ဒူးရင်းသီး |
စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ် Posted: 26 May 2022 05:52 AM PDT (စစ်ကိုင်းတိုင်း၊ မန္တလေး - မုံရွာလမ်းပိုင်းတွင် ယခင်လပိုင်းအတွင်းက လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ယာဥ်တန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်သည် ဒေသခံများ၏ကားများကို အသုံးပြုကာသွားလာနေသောကြောင့် မြိုင် - ပခုက္ကူ |
ချောင်းဦးမြို့မှ မန္တလေးဘက်သို့ ခြေလျင် မိုင်းရှာထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရ Posted: 26 May 2022 05:48 AM PDT Photo : ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDFစစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ မန္တလေးဘက်သို့ ခြေလျင် မိုင်းရှာထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့မေလ(၂၆) ရက်နေ့၊ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။မိုင်းရှာထွက်လာသည့် အင်အား(၅၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို နတ်ရေကန်နှင့် ငါးယှန်ရွာကြားတွင် ချောင်းဦး PDF တပ်ခွဲ (၃)မှရဲဘော်များ |
ခလရ (၄၂)မှ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားသုံးစီးပါယာဥ်တန်းကို ခင်ဦး PDF မိုင်းဆွဲတိုက်ခိုက် Posted: 26 May 2022 05:41 AM PDT (စစ်ကိုင်းတိုင်းအတွင်း အင်အားဖြည့်တင်နေသော စစ်ကောင်စီယာဥ်တန်းကို တွေ့ရစဥ် ။(ယခုလဆန်းပိုင်းက ပုံအဟောင်း ဖြစ်သည်)စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက် အောက်ခံ ခလရ(၄၂) တပ်ရင်းမှ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် စစ်ကားသုံးစီးပါရှိသည့် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ယမန်နေ့(မေ ၂၅ ရက်) ည ၇ နာရီခန့်က ရွှေဘိုမြို့မှ ထွက်လာသည့် |
Posted: 26 May 2022 05:40 AM PDT မေ ၂၆စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ချီတက်လာတာကြောင့် မနေ့က မေလ၂၅ရက်နေ့မှာ ဒေသခံပြည်သူတွေ မိုးရွာနေတဲ့ထဲကြားထဲက နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ဧပြီလကုန်အထိ စစ်ကိုင်းတိုင်းထဲက အိမ်ပေါင်း (၇၅၀၀) ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး အခုချိန်မှာတော့ အရေအတွက်ဟာ ပိုပြီး များပြားလာနေပါတယ်။ |
ဆားလင်းကြီးမြို့နယ် ဝါးတန်းလမ်းကျေးရွာလမ်းမဘေး ဆိုင်တန်းများကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ ဖျက်ဆီး Posted: 26 May 2022 05:36 AM PDT ဓာတ်ပုံ - CJဆားလင်းကြီး၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာလမ်းမဘေးရှိ ဈေးဆိုင်တန်းများကို စစ်ကောင်စီတပ်သားများက မတ်လ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။"ပျက်စီးမှုကို ဘယ်သူမှ သွားကြည့်လို့မရတဲ့အတွက် မသိရသေးဘူး။ ပေါက်ကွဲသံတွေတော့ ကြားရတယ်။ ဆိုင်ခန်းတွေထဲက ဓာတ်ဆီပုံးလိုမျိုးတွေက ပေါက်တာလို့ ယူဆရတယ်" ဟု ဒေသခံကပြောသည်။ဝါးတန်းကျေးရွာကို |
ညောင်လေးပင်မြို့နယ်က စစ်သားတဦး နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး Posted: 26 May 2022 05:35 AM PDT ပဲခူး၊ မေ ၂၆၊ ၂၀၂၂။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ ပေါက်တောကျေးရွာမှာ စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးသားအဖကို PDF က သေနတ်ဝင်ပစ်ခဲ့လို့ သားဖြစ်သူသေဆုံးပြီး အုပ်ချုပ်ရေးမှူးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ မေလ ၂၃ ရက် မနက် ၉ နာရီကျော်လောက်မှာ ပေါက်တောကျေးရွာက အုပ်ချုပ်ရေးမှူးအိမ်ထဲထိ ဝင်ပစ်ခဲ့ချိန်မှာ သားဖြစ်သူကိုပဲ ပစ်ခတ်နိုင်ခဲ့ပြီး၊ အဖေဖြစ်သူက နောက်ဖေးပေါက်က ထွက်ပြေးသွားခဲ့တယ်လို့ |
ဂန့်ဂေါက မြစ်သာတံတားမှာ ဒီကနေ့တိုက်ပွဲပြင်းထန်၊အကြမ်းဖက်စစ်တပ်က(၂)ယောက်သေ (၉)ယောက်ဒဏ်ရာရ Posted: 26 May 2022 05:34 AM PDT မေ ၂၆မကွေးတိုင်း ဂန့်ဂေါမြို့ မြစ်သာမြစ်ကူးတံတားမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကင်းစခန်းကို ဒီကနေ့မနက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။တိုကိပွဲဟာ မနက်(၇:၃၀)ကနေ စခဲ့ပြီး မနက်(၁၀)နာရီအထိ ကြာခဲ့ကာ စစ်ကောင်စီတပ်သား(၂)ဦးကိုသုတ်သင်နိုင်ခဲ့ပြီး (၉)ဦးဒဏ်ရာရအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း HYPER UAV FORCEက သတင်းထုတ်ပြန်ပါတယ်။မြစ်သာမြစ်ကူးတံတားစစ်ဆင်ရေးကို |
စစ်တပ်လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံများကို စစ်ရေးပစ်မှတ်အဖြစ်အရေးယူတော့မည်ဟု NUG သတိပေး Posted: 26 May 2022 05:33 AM PDT ရန်ကုန်၊ မေ (၂၆)အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းမည့် ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံနှင့် အဖွဲ့ဝင်များကို အရပ်သားအဖြစ် မှတ်ယူ၍မရတော့သည့်အတွက် "အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များ"အဖြစ် သတ်မှတ်ကာ အရေးယူသွားတော့မည်ဟု NUG က ယနေ့ ထုတ်ပြန်လိုက်သည်။ထိုအဖွဲ့တွင် ပါဝင်ရန် အတင်းအကျပ်ဖိအားပေးခိုင်းစေခံရသည့် ပြည်သူများအနေဖြင့်လည်း ၎င်းအဖွဲ့ကိုအမြန်ဆုံးစွန့်ခွာပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များ |
မော်လမြိုင်က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ် Posted: 26 May 2022 05:30 AM PDT ပုံစာ- ဗုံးပေါက်ကွဲပြီးနောက် မော်လမြိုင်မြို့ရှောင်လမ်း ပိတ်ဆို့ထားစဉ် မြင်ကွင်း။မော်လမြိုင်၊ မေ ၂၆မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ မြေနီကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးမှာ မေ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အဲဒီရုံး ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦးတချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ |
မုံရွာက ဒလန်လို့ သတင်းထွက်သူ ၂ ဦးရဲ့ နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက် Posted: 26 May 2022 05:26 AM PDT မုံရွာ၊ မေ ၂၆၊ ၂၀၂၂။စစ်ကိုင်းတိုင်း မုံရွာမြို့က စစ်ကောင်စီဒေါက်တိုင်လို့ သတင်းထွက်နေသူ ၂ ဦးရဲ့ နေအိမ်တွေကို မေလ၂၆ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DRPA အဖွဲ့က ထုတ်ပြန်ထားပါတယ်။ပြည်ထောင်စုလမ်း ကားလေးကွင်း တောင်ဘက်က ဒလန်ဆိုသူရဲ့ အိမ်ကို နေ့လယ် ၁၂ နာရီမှာ တိုက်ခိုက်ခဲ့ပြီး ထန်းတောကျွန်းဆွယ်က ထောက်လှမ်းရေးဟောင်း ကိုကျော်မြင့် နေအိမ်ကို နေ့လယ် ၁၂ နာရီ ၉ |
မိုင်းဆွဲခံရပြီး သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၂၉ ယောက်ကို ရွာဆေးခန်းမှာပို့ထား Posted: 26 May 2022 05:25 AM PDT မြင်းမူ ၊ မေ ၂၆ ၊ ၂၀၂၂။ချောင်းဦးမှ မြင်းမူဘက်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ များ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂၉ ယောက်သေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။မေလ ၂၆ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်က သံချပ်ကာ ကား ၂ စီးအင်အားအပြည့်အပြင် ခြေလျင်မိုင်းရှာလာသော အင်အား ၅၀ အား နတ်ရေကန်နှင့်ရေပိုးစားအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Myaung Special People's Defense Force (MSPDF) တာဝန်ခံက မြေလတ် |
ရေစကြို မြေတော်ရဲကင်းမှ ရဲများ စခန်းစွန့်ပြီးထွက်ပြေး Posted: 26 May 2022 05:17 AM PDT မဲခေါင်၊ မေ ၂၆ရေစကြိုမြို့နယ်၊ မြေတော်ရဲကင်းမှ ရဲများအားလုံးစခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီဟု MGN - TIGER အဖွဲ့က ဓာတ်ပုံများနှင့်အတူ ထုတ်ပြန်လိုက်သည်။မြေတော်ရဲကင်းမှ ဈေးဝယ်ပြန်လာသည့် ရဲ ၇ ယောက်အား MGN - TIGER အဖွဲ့မှ မေ ၂၃ တွင် တိုက်ခိုက်ရာတွင် ၃ ယောက်သေဆုံးပြီး လက်နက်များသိမ်းမိခဲ့သည်။ထိုသို့တိုက်ခိုက်ပြီးနောက် ရဲကင်းစခန်းမှူးအား ဖုန်းဆက်ရာတွင် စခန်း၌မရှိတော့ဘဲ စွန့်ခွာထွက်ပြေးသွားကြသည်ဟု |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.