သစ္ထူးလြင္ |
- ဓနုပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီတပ်က တစ်ရွာကို လူငယ် (၁၂)ဦး တောင်းနေ
- မင်းကင်းနယ် ကျော်ရွာမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပျူစခန်းကို (၅)နာရီကျော်ကြာ တိုက်ခိုက်၊ စကစနဲ့ ပျူ (၁၅)ဦးထက်မနည်းသေ
- ဖောင်းပြင် PDF စခန်း မြေပြင်၊ ဝေဟင် စီးနင်းတိုက်ခိုက်ခံရပြီး ရဲမေ သုံးဦး အပါအဝင် ပြည်သူ့ရဲဘော် ခုနှစ်ဦး ကျဆုံး၊
- အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ ဂန့်ဂေါ - ထီးလင်းလမ်းပိုင်းနှင့် မြစ်သာတမံဆည်ပေါ်သို့ သွားလာခြင်းမပြုရန် ဂန့်ဂေါ PDF(တောင်ပိုင်း) သတိပေး
- ခိုးဆိုးလုနှိုက်နေသူများကို ပြင်းထန်စွာတုံ့ပြန်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ သတိပေး
- ကသာမြို့နယ် မိုးတားမှ ထွက်လာသည့် စစ်ကောင်စီ၏ သင်္ဘော ၃စီး ရှော့တိုက်ဒုံးဖြင့် ပစ်ခံရ
- မုံရွာမြို့နယ်က စီးပွားရေးလုပ်ငန်းရှင်တွေကို မြို့နယ် ပ.အ.ဖ က အခွန်စတင်ကောက်ခံတော့မည်
- ဆွာမြို့က နယ်မြေရဲစခန်းမှူးရဲ့ လိုင်းခန်းက နေအိမ်ဗုံးခွဲတိုက်ခိုက်ခံရ
- စစ်ကောင်စီရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ကို ဒီမိုကရက်တစ်ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၅ ဦးသေ
- မန္တလေးမြို့တွင် စစ်တပ်က ယမန်နေ့ ညပိုင်းကဖမ်းသွားသည့် အမျိုးသားကို လမ်းပေါ်တွင် အလောင်းလွှင့်ပစ်ထား
- မြိုင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု ပေပါမိုင်းနဲ့တိုက်ခိုက်ခံရပြီး အသေအဆုံးများနိုင်
- မြောင်မြို့နယ်မှာ မီးပတ်ရှို့နေတဲ့ စစ်အုပ်စုကို PDF က မိုင်တဲ အမြောက်နဲ့ ပစ်လိုက်လို့ ၆ဦးသေဆုံးဟုဆို
- ဖားကန့်သို့ တပ်ချိန်းရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ကေအိုင်အေ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၃ဦးသေ
- ပင်လောင်းမြို့နယ် စစ်ကောင်စီ ထောင်ထားသည့်မိုင်း ၎င်းတပ်သားပြန်လည်နင်းမိ
- တောင်ကြီးခရိုင် PNO/PNA မှ သျှမ်းလူမျိုးအပါအ၀င် စစ်သားသစ်စာရင်း လိုက်လံကောက်နေ
ဓနုပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီတပ်က တစ်ရွာကို လူငယ် (၁၂)ဦး တောင်းနေ Posted: 27 May 2022 10:23 AM PDT မေလ ၂၇ ရက်၊ ရွာငံရှမ်းတောင် ဓနုဒေသ ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ ဓနုပြည်သူ့စစ် ဖွဲ့စည်းဖို့အတွက်ဆိုပြီး စစ်ကောင်စီတပ်က တစ်ရွာကို လူငယ် (၁၂)ဦး တောင်းနေတယ်လို့ ဒေသခံက ရွှေဖီမြေကို ပြောပါတယ်။ဓနုပြည်သူ့စစ်ထဲ ဝင်သွားသူရှိသလို တချို့ဒေသခံတွေက စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် မဖြစ်မနေ ဝင်လိုက်ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။အမည်မဖော်လိုသူ ရွာငံမြို့ခံတစ်ဦးက "သူတို့ လူကောက်တယ်ဆိုတာ ဟုတ်တယ်။ တချို့ |
Posted: 27 May 2022 10:07 AM PDT မေ -၂၇စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျော်ရွာမှာ အထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ပျူစခန်းကို ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး မေ(၁၃)ရက်က (၅)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စကစနဲ့ ပျူ (၁၅)ဦးထက်မနည်း သေတယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်(၁)၊ MPDF(Kani) - ကနီတပ်ခွဲ က သတင်းထုတ်ပြန်ပါတယ်။"ခရီးရက်ရှည် သွားရောက်ကာ တိုက်ပွဲ ကြာမြင့်ချိန် (၅)နာရီကျော် ကြာ၍ MPDF ရဲဘော်များနှင့်အတူ |
Posted: 27 May 2022 10:06 AM PDT အလောင်း ခုနှစ်လောင်း၊ စခန်းနှင့် လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိလို့ အကြမ်းဖက်စစ်အုပ်စုက သတင်းဖြန့်၊ မေ- ၂၇စစ်ကိုင်းတိုင်း အထက်ပိုင်း ဖောင်ပြင်မြို့နယ်က ဒေသကာကွယ်ရေး တပ်ဖွဲ့ (PDF) ရဲ့ စခန်းကို မနေ့က ညနေပိုင်းအချိန် အကြမ်းဖက် စစ်အုပ်စုက အင်အား အများအပြားနှင့် မြေပြင်က ထိုးစစ်ဆင်သလို လေကြောင်း အသုံးပြုပြီးတော့ပါ တိုက်ခိုက်ခဲ့တယ်လို့ ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဖောင်းပြင် PDF က ဆိုပါတယ်။"မေ( |
Posted: 27 May 2022 10:04 AM PDT (ဂန့်ဂေါ PDF(တောင်ပိုင်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)အချိန်မရွေးထိတွေ့တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် ဂန့်ဂေါ - ထီးလင်းလမ်းပိုင်းနှင့် မြစ်သာတမံဆည်ပေါ်သို့ သွားလာခြင်းမပြုရန် ဂန့်ဂေါ PDF(တောင်ပိုင်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(မေ ၂၇ ရက်)ထုတ်ပြန်သည်။ထို့အပြင် ရဟတ်ယာဉ်များ ၊လက်နက်ကြီး၊လက်နက်ငယ်များ တရစပ်ပစ်ခတ်နေသည့်ကြားမှ မိမိအသက်ကို ပဓာနမထားပဲ ရဲဝံ့ |
ခိုးဆိုးလုနှိုက်နေသူများကို ပြင်းထန်စွာတုံ့ပြန်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ သတိပေး Posted: 27 May 2022 10:02 AM PDT (ယနေ့နံနက်ပိုင်းက အင်းစိန် ဖော့ကန်ရပ်ကွက်၌ ဖမ်းမိခဲ့သော လုယက်သူတစ်ဦးဖြစ်သည်။ဓာတ်ပုံ CJ)ရန်ကုန်မြို့တွင် ခိုးဆိုးလုနှိုက်နေသူများကို ပြင်းထန်စွာတုံ့ ပြန်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (Civil Guerrilla Force -CGF)က ယနေ့ (မေ ၂၇ ရက်) သတိပေးထုတ်ပြန်သည်။"စိတ်ထိခိုက်စရာသတင်းတွေ ကျွန်တော်တို့ နေ့စဉ်ဖတ်နေရပါတယ် ။ခိုးဆိုးလုနှိုက်တဲ့ ကိစ္စတွေပါပဲ ။အသက်အန္တရာယ်ကိုပါ အလွယ်တကူရန်ရှာနေကြတာတွေဟာ တစ်ကယ် |
ကသာမြို့နယ် မိုးတားမှ ထွက်လာသည့် စစ်ကောင်စီ၏ သင်္ဘော ၃စီး ရှော့တိုက်ဒုံးဖြင့် ပစ်ခံရ Posted: 27 May 2022 09:58 AM PDT စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားမှ ထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ သင်္ဘော(၃)စီးကို ယနေ့မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက ရှော့တိုက်ဒုံး(၅)လုံးဖြင့်ပစ်ခတ်ရာ သင်္ဘော(၁)စီး ပျက်စီးကြောင်း ကသာမြို့နယ် ပကဖ က သတင်းထုတ်ပြန်သည်။အဆိုပါသင်္ဘော(၃)စီးကို ကသာမြို့နယ် ပကဖ၏ တပ်ခွဲများဖြစ်သော ဗိုလ်မိုက် ဦးဆောင်သည့် အရှေ့ဘက်ကမ်း ပကဖ များနှင့် မိုးတား ပကဖ ဗိုလ်သာလိကာအဖွဲ့၊ KIA ရင်း (၁၂)တို့ပူးပေါင်း |
မုံရွာမြို့နယ်က စီးပွားရေးလုပ်ငန်းရှင်တွေကို မြို့နယ် ပ.အ.ဖ က အခွန်စတင်ကောက်ခံတော့မည် Posted: 27 May 2022 09:53 AM PDT မုံရွာ၊ မေ ၂၇၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကို လာမယ့် ဇွန်လ ၁ ရက်ကစပြီး အခွန်ငွေကောက်ခံသွားမယ်လို့ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ ရက် ဒီမနက်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ အခွန်ကောက်ခံရာမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG စီမံကိန်း၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်နဲ့အညီ စနစ်တကျကောက်ခံသွားမယ်လို့လည်း ဆိုပါ |
ဆွာမြို့က နယ်မြေရဲစခန်းမှူးရဲ့ လိုင်းခန်းက နေအိမ်ဗုံးခွဲတိုက်ခိုက်ခံရ Posted: 27 May 2022 09:53 AM PDT ဆွာ၊ မေ ၂၇၊ ၂၀၂၂။ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ နယ်မြေရဲစခန်းအတွင်းက ရဲစခန်းမှူးရဲ့ နေအိမ်လိုင်းခန်းကို မေလ ၂၆ ရက် မနေ့ ည ၇ နာရီ ဝန်းကျင်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အမှတ် (၇) ရပ်ကွက်မှာရှိတဲ့ ဆွာနယ်မြေရဲစခန်းထဲက စခန်းမှူးနေအိမ်လိုင်းခန်းကို ဗုံးခွဲခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမယ့် ပေါက်ကွဲအားကြောင့် နေအိမ်နံရံတွေ ကွဲအက်သွားတယ်လို့ဆိုပါတယ်။"မိုင်းခွဲ |
Posted: 27 May 2022 09:52 AM PDT မုံရွာ၊ မေ ၂၇စစ်ကြောင်းလုံးခြုံမှုရှိစေရန် မိုင်းရှင်းရသည့် စစ်ကောင်စီရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ မိုင်းကွင်းအတွင်းဝင် ရောက်လာသဖြင့် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး ၅ ဦးသေဆုံးသွားကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် အထက်ပါအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ မုံရွာ - အမြင့်လမ်းရှိ ထနောင်းတောမြောက်ရွာဘက်မှ မုံရွာမြို့တွင်းသို့ပြန်ဝင်လာသည့် အကြမ်းဖက်စစ်ကောင်စီ |
မန္တလေးမြို့တွင် စစ်တပ်က ယမန်နေ့ ညပိုင်းကဖမ်းသွားသည့် အမျိုးသားကို လမ်းပေါ်တွင် အလောင်းလွှင့်ပစ်ထား Posted: 27 May 2022 09:51 AM PDT မန္တလေး၊ မေ ၂၇ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန် ကောက်ရပ်ကွက်၊၅၄)လမ်း(၂၈×၂၉)လမ်း ကြားတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူအမျိုးသားတစ်ဦးကို ယနေ့ နံနက်က တွေ့ရှိခဲ့ပြီး အဆိုပါအမျိုးသားသည် ယမန်နေ့ညပိုင်းတွင် စစ်တပ်ကဖမ်းဆီးသွားသူဖြစ်ကြောင်း ဒေသခံများထံကသိရသည်။စစ်တပ်က ယမန်နေ့ မေလ၂၆ရက်ည ၈နာရီခန့်က မန္တလေးမြို့၊လမ်း၈၀နှင့်၈၁လမ်းကြား၊၄၁လမ်းအနီးရှိ နေအိမ်မှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုလင်းကိုနိုင်ကို စစ်တပ် |
မြိုင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု ပေပါမိုင်းနဲ့တိုက်ခိုက်ခံရပြီး အသေအဆုံးများနိုင် Posted: 27 May 2022 09:44 AM PDT မြိုင် PDF တိုက်ခိုက်ခဲ့သည့် ပေပါမိုင်းမြိုင်၊ မေ ၂၇၊ ၂၀၂၂။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၂၇ ရက် ဒီနေ့နေ့လည်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီတပ်သားတွေဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။ အင်အား ၁၇၀ ပါတဲ့ စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်၊ နယ်သတ်ရွာနဲ့ တဲကြီးရွာအကြားမှာ ပေပါမိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး၊ |
မြောင်မြို့နယ်မှာ မီးပတ်ရှို့နေတဲ့ စစ်အုပ်စုကို PDF က မိုင်တဲ အမြောက်နဲ့ ပစ်လိုက်လို့ ၆ဦးသေဆုံးဟုဆို Posted: 27 May 2022 09:41 AM PDT မြောင်၊ မေ၂၇၊ ၂၀၂၂။စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေကို PDF ၆ဖွဲ့ပေါင်းပြီးအမြောက်နဲ့ ပစ်လိုက်တာ စစ်ကောင်စီဘက်က ၆ဦး သေဆုံးခဲ့တယ်လို့ 11Brothers Revolution Force အဖွဲ့ဆီက သိရပါတယ်။အင်အား ၈၀ကျော် ၉၀ နီးပါးနဲ့ မြောင်မြို့က ထွက်လာတဲ့ စစ်အုပ်စုကို လက်ယက်မနဲ့ အောင်ချမ်းသာရွာ ကြားမှာ ဒီနေ့ မနက် ၉နာရီဝန်းကျင်မှာ အမြောက် ၃လုံးနဲ့ ပစ်ခဲ့လိုက်တာဖြစ်တယ်လို့ |
Posted: 27 May 2022 09:32 AM PDT 27 May 2022ယနေ့နံနက် ၆နာရီခွဲခန့်တွင် ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအနီး၌ တပ်ချိန်းရန်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ "သူတို့တို့ တပ်ချိန်းလာတဲ့အချိန် ကေအိုင်အေတွေ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ သူတို့ဘက်က သုံးယောက် သေတာတွေ့ခဲ့တယ်တဲ့"ဟု ဒေသခံတစ်ဦးက ပြန်လည် |
ပင်လောင်းမြို့နယ် စစ်ကောင်စီ ထောင်ထားသည့်မိုင်း ၎င်းတပ်သားပြန်လည်နင်းမိ Posted: 27 May 2022 09:29 AM PDT မေလ ၂၇ သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတို့ တပ်ဆင်ထားသည့် မြေမြှုပ်မိုင်းကို ရေဆင်းချိုးသည့် စစ်ကောင်စီတပ်ဖွဲ့သားများ ပြန်လည်နင်းမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်း သိရသည်။ ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာ အစပ်နား မေ ၂၄ရက် တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပအို၀်း အမျိုးသား တပ်မတော် PNA တို့က ပူးပေါင်း စခန်းချ နေရာယူထားပြီး ရေဆင်းချိုးသည့် စစ်ကောင်စီ တပ်သားနှစ်ဦးမှ |
တောင်ကြီးခရိုင် PNO/PNA မှ သျှမ်းလူမျိုးအပါအ၀င် စစ်သားသစ်စာရင်း လိုက်လံကောက်နေ Posted: 27 May 2022 09:28 AM PDT မေလ ၂၇ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) တို့မှ သျှမ်းလူမျိုးအပါအဝင် အရပ်သားပြည်သူ လူငယ်များ စစ်သားလုပ်ရန် ညွှန်ကြား စေခိုင်းမှုများ ရှိနေကြောင်း သတင်းသိရသည်။တောင်ကြီးခရိုင်အတွင်းရှိ ဆီဆိုင်မြို့နယ် နှင့် ဟိုပုံးမြို့ အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို PNO အဖွဲ့မှ အစည်းအ၀ေးခေါ်ဆိုကာ သျှမ်းလူမျိုးအပါအ၀င် ကျား၊မ မ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.