Thursday, December 31, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၂၃,၄၇၀ ဦး၊ သေဆုံး ၂,၆၆၄ ဦး

Posted: 30 Dec 2020 10:47 AM PST

ရန်ကုန်တိုင်း မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားရနေသူများကို ကုသစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၈၇ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၇ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန

AstraZeneca ကိုဗစ်ကာကွယ်ဆေးအရေးပေါ်သုံးဖို့ ဗြိတိန်ခွင့်ပြု

Posted: 30 Dec 2020 10:45 AM PST

AstraZeneca ကိုဗစ်ကာကွယ်ဆေးပုလင်းများ။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)Oxford တက္ကသိုလ်နဲ့ ယူကေအခြေစိုက် AstraZeneca ကုမ္ပဏီတို့ ပူးတွဲ သုတေသနပြုထုတ်လုပ်တဲ့ COVID-19 ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ ဗြိတိန်နိုင်ငံက ဒီကနေ့ ခွင့်ပြုလိုက်ပါပြီ။ဒါဟာဖြင့် ဗြိတိန်နိုင်ငံအနေနဲ့ ဒုတိယမြောက် ကိုဗစ်ရောဂါကာကွယ်ဆေးကို ခွင့်ပြုတာဖြစ်ပြီး Oxford-AstraZeneca ကာကွယ်ဆေးကိုသုံးဖို့ ပထမဆုံး အတည်ပြုတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားအောင် မလုပ်ဖို့ တပ်မတော်ကို ကော်မရှင် တုံ့ပြန်

Posted: 30 Dec 2020 10:43 AM PST

ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားအောင် မလုပ်ဖို့ တပ်မတော်ကို ကော်မရှင် တုံ့ပြန် နေပြည်တော် ဇေယျာသီရိမြို့နယ်က မဲရုံမှာ မဲပေးဖို့ စောင့်ဆိုင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်Photo: Thiha Tun/RFAတပ်မတော်က စွပ်စွဲပြောဆိုနေတဲ့ မဲသမာမှုဖြစ်စဉ်တွေဟာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးတဲ့ နောက်ဆုံးမဲစာရင်းတွေကို အခြေခံ စိစစ်ထားတာ မဟုတ်ဘဲ အစောပိုင်းက ထုတ်ပြန်ထားတဲ့ စာရင်း

မန္တလေးက ဈေးတွေမှာ ဗိုင်းရပ်စ်တားဆီးရေး တင်းကျပ်ဆောင်ရွက်နေ

Posted: 30 Dec 2020 10:42 AM PST

မန္တလေးက ဈေးတွေမှာ ဗိုင်းရပ်စ်တားဆီးရေး တင်းကျပ်ဆောင်ရွက်နေ မန္တလေးမြို့ ချမ်း​အေးစည်သာစျေးမှာ စျေးလာဝယ်သူများကို ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျန်းမာရေးစစ်ဆေးနေစဉ်Photo: Khaymani Win / RFAကပ်ရောဂါစတင်ပြန့်ပွားခဲ့တဲ့ အခုနှစ် ဧပြီလကစပြီး မန္တလေးမြို့ စည်ပင်သာယာနယ်နမိတ်အတွင်းက ဈေးတွေမှာ နှာခေါင်းစည်းမတပ်တဲ့ ဈေးသည်၊ ဈေးဝယ်တွေကို ဒဏ်ရိုက်ခဲ့တာ ငွေကျပ် သိန်းတစ်ရာခန့် ရရှိထားပြီး ဖြစ်တယ်လို့  မန္တလေးစည်ပင်၊

Sinopharm ကိုဗစ်ကာကွယ်ဆေး ၇၉% ကျော်ထိရောက်

Posted: 30 Dec 2020 10:40 AM PST

ဘေဂျင်းမြို့မှာ COVID-19 ကာကွယ်ဆေး နမူနာတချို့။ (စက်တင်ဘာ ၄၊ ၂၀၂၀)တရုတ်နိုင်ငံ၊ Sinopharm ဆေးကုမ္ပဏီက သူတို့စမ်းသပ်နေတဲ့ COVID-19 ရောဂါကာကွယ်ဆေးဟာ ၇၉.၃% ထိရောက်မှု ရှိတယ်လို့ ဒီကနေ့ပြောပါတယ်။ နောက်ဆုံးအဆင့် စမ်းသပ်မှုကနေ ထွက်လာတဲ့ ကနဦးရလဒ်တွေအပေါ် အခြေခံပြောဆိုတာဖြစ်ပြီး ဒါဟာဖြင့် တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကာကွယ်ဆေး အကူအညီပေးမယ်လို့ တရုတ်အစိုးရက ကတိပေးထားတာ ပြည့်မီစေဖို့ ပိုပြီး နီးသွားတဲ့

စင်ကာပူမှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံးထိုးနှံ

Posted: 30 Dec 2020 10:38 AM PST

စင်္ကာပူ သူနာပြုဆရာမကြီး Sarah Lim ကိုဗစ်ကာကွယ်ဆေးထိုးနှံနေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၃၀၊ ၂၀၂၀)စင်္ကာပူနိုင်ငံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေကို Pfizer နဲ့ BioNTec ကုမ္ပဏီထုတ် COVID 19 ကာကွယ်ဆေးတွေ စတင် ထိုးပေးနေပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူပေါင်း ၁.၇ သန်း သေဆုံးခဲ့ရပြီဖြစ်တဲ့ ကပ်ရောဂါကြီးကို တိုက်ဖျက်ဖို့ စင်္ကာပူနိုင်ငံကကာကွယ် ဆေးစတင် ထိုးနှံပေးတဲ့ ပထမဆုံး အာရှနိုင်ငံ

ကိုဗစ်- အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေးကို ယူကေ အတည်ပြု

Posted: 30 Dec 2020 10:36 AM PST

လက်ရှိ ကမ္ဘာ့နိုင်ငံတချို့မှာ စတင်ထိုးနှံနေပြီ ဖြစ်တဲ့ အမေရိကန် ဖိုင်ဇာ-ဘိုင်အွန်တက်ဆေးထက် စျေးသက်သာပြီး သိုလှောင်ပို့ဆောင်ရပိုလွယ်ကူတဲ့ အောက်စဖို့ဒ်ကိုဗစ်ကာကွယ်ဆေးကို ယူကေနိုင်ငံမှာ အသုံးပြုဖို့ အတည်ပြုလိုက်ပါပြီ။ဒီဆေးဟာ အိန္ဒိယနိုင်ငံကလည်း ထုတ်လုပ်ဖို့ သဘောတူထားတဲ့ ဆေးဖြစ်ပြီး မြန်မာနိုင်ငံက အိန္ဒိယကနေ ဝယ်ယူဖို့ ပြင်ဆင်နေတဲ့ဆေးလည်း ဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဆေး ၁၅ သန်း အိန္ဒိယကနေ ဝယ်မယ်လို့

တပ်မတော်ကဖမ်းပြီး ပျောက်ဆုံးနေတယ်ဆိုတဲ့ ရခိုင်ရွာသား ၁၈ ဦးကိစ္စ စတင်စစ်ဆေး

Posted: 30 Dec 2020 10:31 AM PST

ကျေက်တော် တင်းမရွာသားတွေ ၂၀၂၀ မတ်လကတည်းက ဖမ်းဆီးခံရတာဖြစ်ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကြီးနဲ့ တင်းမရွာသစ် ကျေးရွာနှစ်ရွာက ရွာသား ၁၈ ဦး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်လို့ မိသားစုဝင်တွေကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ကနေ ဒီဇင်ဘာ ၂၉ ရက် နေ့က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။တပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်ဆိုတဲ့ ပျောက်ဆုံးသွားခဲ့တဲ့ ကျေးရွာသား ၁၈ ဦးကိစ္စနဲ့ ပတ်သက်

ပိုးကူးစက်မှု လျော့လာပေမယ့် ကုသရေးပုံစံ ပြောင်းလဲဖို့ အစီအစဉ်မရှိသေး

Posted: 30 Dec 2020 10:28 AM PST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအားလုံး ဆေးရုံတက်ကုသစေတဲ့ ပုံစံမျိုးမဟုတ်ဘဲ တကယ်လိုအပ်မှ ဆေးရုံတက်စေဖို့ ပုံစံပြောင်းဆောင်ရွက်မယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှာ  ပျံ့နှံ့နေတာဟာ ဝန်ကြီးဌာနရဲ့ သဘောထားမဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာတွေကို ကုသရာမှာ အဆင့် ၅ ဆင့် သတ်မှတ်ပြီး တစ်ဆင့်ချင်းစီ ဆုတ်ခွာတဲ့ ပုံစံနဲ့ ပြောင်းလဲကုသ

ဧရာဝတီမှာ အကျဉ်းသားနဲ့ အချုပ်သား ၁၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့

Posted: 30 Dec 2020 09:58 AM PST

ဧရာဝတီမှာ အကျဉ်းသားနဲ့ အချုပ်သား ၁၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ ပုသိမ်အကျဉ်းထောင်ကို ၂၀၂၀ အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ် / Photo: Soe Thine/RFAဧရာဝတီတိုင်းထဲမှာ အကျဉ်းသားနဲ့ အချုပ်သား ၈၂၅ ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ အကျဉ်းသားနဲ့ အချုပ်သား ၁၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင်

Wednesday, December 30, 2020

သစ်ထူးလွင်

သစ်ထူးလွင်


နောက်ထပ် ကိုဗစ်ကာကွယ်ဆေးတွေ အရေးပေါ်သုံးနိုင်ဖို့ ကန်သုံးသပ်

Posted: 29 Dec 2020 09:57 AM PST

COVID-19 ကာကွယ်ဆေးပုလင်း။ (ဒီဇင်ဘာ ၀၈၊ ၂၀၂၀)အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကာကွယ်ဆေး ထိုးနှံပေးတဲ့ အစီအစဉ်စတင်နေတာနဲ့ အတူ နောက်ထပ်အလားလာရှိတဲ့ COVID-19 ကာကွယ်ဆေးတွေကိုလည်း အရေးပေါ် အသုံးပြုခွင့်ပေးနိုင်ဖို့ သုံးသပ်နေပြီဖြစ်ပါတယ်။အခု လက်ရှိ အမေရိကန်မှာ Pfizer နဲ့ ဂျာမန် BioNTech ဆေးကုမ္ပဏီ ကာကွယ်ဆေးအပြင် Moderna ရဲ့ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးထားပေမဲ့ တနိုင်ငံလုံးနဲ့ တကမ္ဘာလုံးကို

ဗီဇပြောင်း ကိုရိုနာပိုးတွေ့ရှိမှု ပုံမှန်ဖြစ်စဉ်ဟု WHO ရှင်းလင်း

Posted: 29 Dec 2020 09:55 AM PST

တောင်ကိုရီးယားနိုင်ငံ Incheon လေဆိပ်မှာတွေ့ရတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၀)ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇဖွဲ့စည်းပုံ ဆင့်ကဲ ပြောင်းလဲတာက ပုံမှန် ဖြစ်စဉ်တစ်ခုဖြစ်ပြီး အနာဂတ်မှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေကို ပိုပြီး တွေ့လာမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ယူကေနဲ့ တောင်အာဖရိကနိုင်ငံတွေမှာ တွေ့ရတဲ့ ဗိုင်းရပ်စ်က တစ်ချိန်တည်းမှာ ပေါ်လာတဲ့ မတူညီတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်တွေ

ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့နေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်

Posted: 29 Dec 2020 09:53 AM PST

ဗြိတိန်ပြန်ခရီးသွားတွေက တဆင့် အိန္ဒိယကို ဗီဇပြောင်းမျိုးကွဲသစ်ရောက်လာပြီဖြစ်ဗြိတိန်မှာ ပထမဦးဆုံး တွေ့ခဲ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကူးစက်ခံထားရတဲ့ လူနာ အိန္ဒိယမှာ အနည်းဆုံး ၆ ယောက်ရှိနေပါတယ်။အဲဒီသူတွေဟာ ဗြိတိန်ကနေပြန်လာခဲ့ကြတဲ့သူတွေဖြစ်ပြီး သူတို့ကို သီးသန့်ခွဲထားပေးထားတယ်လို့ အိန္ဒိယ အရာရှိတွေက အင်္ဂါနေ့က ပြောပါတယ်။ဒီဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ အရင်တုန်းက မျိုးကွဲတွေထက် ပို

အမ်းမှာ စစ်ဘေးရှောင်ရွာ မီးလောင်၊ လူမနေတဲ့အိမ် ၇ လုံးလောင်ကျွမ်း

Posted: 29 Dec 2020 09:51 AM PST

ကျေးရွာသားအများစုတို့ဟာ စစ်ဘေးရှောင်အဖြစ်နဲ့ အမ်းမြို့ပေါ်ကို ရောက်ရှိခိုလှုံ နေကြရခိုင်ပြည်နယ် အလယ်ပိုင်းဒေသ အမ်းမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၆ လုံး နဲ့ အဆောက်အအုံတစ်ခု မီးလောင်ဆုံးရှုံးခဲ့တယ်လို့ အမ်းမြို့နယ်မီးသတ်ဦးစီးဌာနက အတည်ပြုပြောဆိုပါတယ်။အဲ့ဒီကျေးရွာဟာ အမ်းမြို့နယ်အနောက်ဘက် မိုင်လေးဆယ်ခန့်အကွာမှာရှိတဲ့ ဒါးလက်ချောင်း

ကချင်နဲ့ မွန်ပါတီတွေကို NLD ပါတီ စတင်တွေ့ဆုံမည်

Posted: 29 Dec 2020 09:44 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့မယ့်အဖွဲ့ဟာ မနက်ဖြန်ကစပြီး ကချင်နဲ့ မွန်က တိုင်းရင်းသားပါတီတွေနဲ့ စတင် တွေ့ဆုံဆွေးနွေးဖို့ ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ တချို့တိုင်းရင်းသားပါတီတွေက NLD နဲ့ တွေ့ဆုံမယ်လို့ အကြောင်းပြန်ကြပေမယ့် အကြောင်းမပြန်တဲ့ ပါတီတွေလည်းရှိနေပါတယ်။၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက အစိုးရသစ်မဖွဲ့စည်းခင် တိုင်းရင်းသား

ကူးစက်မှုကျသွားတဲ့ ရန်ကုန်မှာ ကိုဗစ်စင်တာနှစ်ခု ယာယီပိတ်

Posted: 29 Dec 2020 09:42 AM PST

 ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိနှုန်း ကျဆင်းလာတာကြောင့် ကုသရေးစင်တာတွေထဲက တောင်ဒဂုံ ယဉ်ကျေးမှုတက္ကသိုလ်က ကိုဗစ်စင်တာနဲ့ ရန်ကင်း ပညာရေးကောလိပ် ကိုဗစ်စင်တာတွေကို ယာယီပိတ်သိမ်းလိုက်တာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။"အသွားအလာ ကန့်သတ်ထားသူတွေရဲ့ ရာခိုင်နှုန်း အတော်များများကလည်း ရန်ကုန်က ဖြစ်ပါ

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၂၃,၁၅၃ ဦး၊ သေဆုံး ၂,၆၃၇ ဦး

Posted: 29 Dec 2020 09:40 AM PST

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) က ကိုဗစ်လူနာများကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ - Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၆၁၉ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၂၃,၁၅၃ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID - 19 ကြောင့် သေဆုံးသူ

ဒေသတွင်း ၄ နိုင်ငံနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် ပြန်စမည်

Posted: 29 Dec 2020 09:38 AM PST

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရတဲ့ လေယာဉ်တစီး။ (ဓာတ်ပုံ - Myanmar Airways International)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ လနဲ့ချီ ပိတ်ထားတဲ့ ပြည်ပလေကြောင်းခရီးစဉ်တွေကို မကြာခင်ပြန်လည် ခွင့်ပြုတဲ့အခါ နိုင်ငံ ၄ နိုင်ငံနဲ့ စတင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပါမယ်။ကပ်ရောဂါကြောင့် မတ်လကစလို့ ပျံသန်းခွင့်ပိတ်ထားတဲ့

မြန်မာတသိန်းကျော် နေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အဝင်အထွက်ပိတ်ပင်

Posted: 29 Dec 2020 09:35 AM PST

မြန်မာတသိန်းကျော် နေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အဝင်အထွက်ပိတ်ပင် မဲဆောက်မြို့ ထုံထောင်းရပ်ကွက်မှာ အသွားအလာကန့်သတ်ထားတဲ့နေရာကို တွေ့ရစဉ်မြန်မာရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော် နေထိုင်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့ တဖက်ကမ်းက တာ့ခ်ခရိုင် မဲဆောက်မြို့ကို ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ မဲဆောက်မြို့ အပါအဝင် တာ့ခ် ခရိုင်အတွင်း

မြန်မာယာဉ်မောင်း ၂၃ ဦးကို တရုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေး

Posted: 29 Dec 2020 09:33 AM PST

မြန်မာယာဉ်မောင်း ၂၃ ဦးကို တရုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေး လားရှိုးမြို့အဝင်မှာ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက်တွေကို ၂၀၂၀ အောက်တိုဘာ ၂ ရက်နေ့ ကျန်းမာရေးစစ်ဆေးနေစဉ်Photo : Kan Thar / RFAကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ထိန်းချုပ်ဖို့ နယ်စပ်ဂိတ်တွေပိတ်ထားချိန်မှာ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကနေ တရုတ်နိုင်ငံဘက်အခြမ်းကို ကုန်စည်တွေ ခေါက်တိုပြေးဆွဲခွင့်ရထားတဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်း

မိုင်းဖြတ်၌ လင်မယားချင်း စကားများ၍ တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ဇနီးဖြစ်သူ သေဆုံး

Posted: 29 Dec 2020 09:25 AM PST

မိုင်းဖြတ်    ဒီဇင်ဘာ  ၂၉   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာတွင် ဒီဇင်ဘာ  ၂၈ ရက်၊ နံနက် ၈ နာရီ  ခန့်က လင်မယားချင်းစကားများရာမှ ခင်းပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဒေသလုပ်  တူမီးသေနတ်ဖြင့် ပစ်ခဲ့ရာ ဇနီးဖြစ်သူ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သတ်၍ ညီမဖြစ်သူ နာမီးကို သေသည်အထိ တူမီးသေနတ်ဖြင့် ပစ်ခတ်သူ ကျဖေ့ (၃၅) နှစ်အား နာမီး၏

Tuesday, December 29, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကိုဗစ်အထောက်အပံ့နဲ့ အစိုးရအသုံးစရိတ်မူကြမ်း သမ္မတ Trump လက်မှတ်ထိုး

Posted: 28 Dec 2020 10:11 AM PST

သမၼတ Donald Trumpအမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေသူတွေကို အထောက်အပံ့ပေးဖို့ ဒေါ်လာ ၉၀၀ ဘီလီယံ အသုံးစရိတ်နဲ့ အစိုးရလုပ်ငန်းတွေ စက်တင်ဘာလအထိ လည်ပါတ်နိုင်နိုင်ရေးအသုံးစရိတ် ၁.၄ trillion ပါဝင်တဲ့ စုစုပေါင်း အစိုးရ အသုံးစရိတ် ၂.၃ ထရီလီယံကို သမ္မတ Donald Trump တနင်္ဂနွေနေ့က လက်မှတ်ထိုးအတည်ပြုလိုက်ပါတယ်။သမ္မတ အတည်ပြုလိုက်တာမို့ အသုံးစရိတ်ပြတ်ပြီး အစိုးရလုပ်ငန်းတွေ လည်ပတ်မှု

ကိုဗစ်ကာကွယ်ဆေးနောက်နှစ်ထဲထိုးနိုင်ဖို့ မြန်မာတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်

Posted: 28 Dec 2020 10:08 AM PST

 မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ဧရာစင်တာ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) မှာ ကိုဗစ် လူနာများကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ - Ministry of Health and Sports, Myanmar၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးမယ့် အစီအစဉ်ကို အစောဆုံး ရှေ့နှစ်ထဲ စတင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ အိန္ဒိယနိုင်ငံက အဓိက ဝယ်ယူ

ဝူဟန်မှာ ဖြစ်ပျက်သမျှတွေကို တင်ခဲ့သူ အမျိုးသမီး ထောင်လေးနှစ်ကျ

Posted: 28 Dec 2020 10:06 AM PST

မစ္စဂျန်ဂျန်းဟာ မေလမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က အဖြစ်အပျက်တွေကို သတင်းအဖြစ်တင်ပြ ရေးသားဖော်ပြခဲ့တဲ့ လူထုသတင်းသမား အမျိုးသမီးတစ်ယောက်ကို အာဏာပိုင်တွေက ထောင်ဒဏ်လေးနှစ်ချလိုက်ပါတယ်။ဂျန်ဂျန်းဟာ "လူတွေကြားခိုက်ရန်ဖြစ်ပွားအောင်နဲ့ ရန်စပြုမူခဲ့မှုတွေအတွက်" အပြစ်ရှိကြောင်းတွေ့ရတယ်လို့ စီရင်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီစွပ်စွဲချက်ဟာ တက်ကြွလှုပ်ရှားသူ

ဘူးလက်ဦးလှဆွေ ဘာလို့ အဖမ်းခံတာလဲ

Posted: 28 Dec 2020 10:03 AM PST

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်း အထုတ်ခံထားရပြီး တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ (ခေါ်) ဘူးလက်ဦးလှဆွေဟာ လာရောက်အဖမ်းခံခဲ့ပြီး ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးကို ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ရောက်လာခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ပြည်တွင်း သတင်းထောက်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ဘူးလက်ဦးလှဆွေဟာ နှာခေါင်းစည်းတပ်ထားပြီး ရဲကား

ဒီဇင်ဘာလကုန်ပိုင်း လေးရက်အတွင်း တပ်မတော်သား ၁၄၀ ကျော် ကိုဗစ်ပိုးတွေ့

Posted: 28 Dec 2020 10:00 AM PST

ဒီဇင်ဘာလကုန်ပိုင်း လေးရက်အတွင်း တပ်မတော်သား ၁၄၀ ကျော် ကိုဗစ်ပိုးတွေ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ၂၀၂၀၊ မေလဆန်းပိုင်းက နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ် ရှိ၊ မရှိ စစ်ဆေးမှု ခံယူနေစဉ် / ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအခြေစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ်မှာရှိတဲ့ စစ်ဆေးရုံရဲ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ တပ်မတော်သားနဲ့ တပ်မိသားစု

ဝရမ်းပြေး ဦးလှဆွေ ရဲစခန်းကို သွားရောက် အဖမ်းခံ

Posted: 28 Dec 2020 09:58 AM PST

ဦးလှဆွေဟာ ရန်ကုန်မြို့ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ (ဒီဇင်ဘာ ၂၈ ရက်နေ့) ဒီနေ့ မနက်က လာရောက် အဖမ်းခံခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက အတည်ပြုပြောပါတယ်။အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုဝင်းကိုကိုလတ်က ရဲစခန်းမှာ သွားရောက်အဖမ်းခံခဲ့ပြီး ရမန်ပေးလိုက်လို့ သိရကြောင်းဆိုပါတယ်။"ခရိုင်ရဲစခန်းမှာ သွားရောက်အဖမ်းခံတယ်။ အဲကနေ သက်ဆိုင်ရာ အနောက်ပိုင်း

ဖြူးချောင်းအထက်ဆည် တိုးကြီးဝလျှိုအနီး ညီအစ်ကိုချင်း တူမီးသေနတ်ဖြင့် ပစ်သတ်၍ ရေအိုင်အတွင်း အလောင်းဖျောက်ဖျက်မှုဖြစ်ပွား

Posted: 28 Dec 2020 10:18 AM PST

ဖြူး    ဒီဇင်ဘာ  ၂၈           ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ဖြူးချောင်းဆည်အထက်ပိုင်း မင်းဂံရိုးကျေးရွာအုပ်စု၊ တိုးကြီးဝလျှိုအနီးတွင်း ညီဖြစ်သူအား ရွှေနားတောင်း ဘောင်ချာနှင့် အိမ်ထောင်စုစာရင်းစာရွက်များ ပျောက်ဆုံးသည့်ကိစ္စဖြင့် အစ်ကိုအရင်းဖြစ်သူက တူမီးဖြင့်ပစ်သတ်ခဲ့ပြီး အလောင်းကို ရေထဲနစ်မြုပ်ဖျောက်ဖျက်မှုတစ်ခု ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်ဖြစ်ပွားခဲ့ကြောင်း ဖြူးမြို့မ

မော်လမြိုင်ကျွန်းမြို့နယ် ဖိုးခမှီဒေါင့်ကျေးရွာ၌ မောင်နှမသုံးဦး သေတ္တာထဲဝင်ရောက်ကစားရာမှ အသက်ရှူကြပ် သေဆုံးခြင်းဖြစ်ပွား

Posted: 28 Dec 2020 09:44 AM PST

မော်လမြိုင်ကျွန်း    ဒီဇင်ဘာ   ၂၈လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့ နယ်အတွင်းရှိ ဖိုးခမှီဒေါင့် ကျေးရွာတွင် မောင်နှမသုံးဦး သေတ္တာထဲ ဝင်ရောက်ကစားကြရာမှ အသက်ရှူကြပ်သေဆုံးမှုဖြစ်ပွားခဲ့သည်။ယမန်နေ့ နံနက်ပိုင်းအချိန်က မိဘနှစ်ပါးစလုံး လယ်ထဲသို့ သွားနေစဉ် မောင်ဖြိုးခန့်ကျော်( ၈ နှစ်) ၊ မောင်သက်တိုးအောင်( ၆ နှစ်) နှင့် မဝေဝေအောင်( ၁ နှစ် ၈ လ) မောင်နှမ သုံးဦးတို့သည် နေအိမ်အတွင်းရှိ သေတ္တာထဲဝင်ရောက်

Monday, December 28, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးထိုးဖို့ Putin ဆုံးဖြတ်

Posted: 27 Dec 2020 06:49 PM PST

႐ုရွားသမၼတ Vladimir Putin. (ႏုိဝင္ဘာ ၅၊ ၂၀၂၀)ရုရှားနိုင်ငံထုတ် Sputnik V ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရုရှားသမ္မတ Vladimir Putin ထိုးတော့မှာဖြစ်ကြောင်း ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ရုရှားအစိုးရရုပ်သံမှာ တနင်္ဂနွေနေ့က ပြောပါတယ်။သမ္မတက သူ ကာကွယ်ဆေးထိုးမှာဖြစ်ပြီး ဒီလိုဆေးထိုးဖို့အတွက် တရားဝင် လုပ်ငန်းစဉ်အားလုံး ပြီးစီးတဲ့အထိ စောင့်ဆိုင်းနေတာဖြစ်ကြောင်း ပြောကြားချက်ကို ကိုးကားပြီး

ရခိုင်ကမ်းလွန်မှာ တရုတ် အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းလို့ ယူဆရတဲ့ အရာတစ်ခု ပြုတ်ကျ

Posted: 27 Dec 2020 04:31 PM PST

ည ၁၀ နာရီကျော်ခန့်က ရခိုင်ကမ်းလွန်ပင်လယ်မှာ ကောင်းကင်ပေါ်က ပြုတ်ကျလာကြောင်း မျက်မြင်တွေ့ရှိသူ ရခိုင်ဒေသခံတွေကပြောတရုတ်နိုင်ငံ အာကာသလွန်းပျံယာဉ်ရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ အရာတစ်ခု မီးတန်းကြီးတစ်ခုလို ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီကျော်ခန့်က ရခိုင်ကမ်းလွန်ပင်လယ် ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာကို တွေ့ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူ ရခိုင်ဒေသခံတွေက ပြောပါတယ်။ကိုယ်တိုင်မြင်လိုက်ရပြီး ဓာတ်ပုံ ရိုက်ယူထားလိုက်သူ

COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးမယ့်သူစာရင်း ပြုစု

Posted: 27 Dec 2020 04:29 PM PST

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်တဲ့ ကိုဗစ်ကာကွယ်ဆေး။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)COVID-19 ကာကွယ်ဆေးဝယ်ယူရေး အိန္ဒိယရဲ့ Serum Institute ကုမ္ပဏီနဲ့ မြန်မာကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်တဲ့ တချိန်တည်းမှာပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတော့ ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမယ့် လူစာရင်းကို ပြုစုနေကြပါပြီ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။မြန်မာနိုင်ငံ

ရန်ကုန်နဲ့ မန္တလေးမှာ ကိုဗစ်လူနာ တွေ့ရှိမှု ကျဆင်း၊ တစ်နိုင်ငံလုံး တွေ့ရှိမှု ၄ ရာခိုင်နှူန်းအောက် ရောက်လာ

Posted: 27 Dec 2020 04:25 PM PST

ဒီဇင်ဘာ ၂၇ ရက်နေ့ ရန်ကုန်မှာ ပိုးတွေ့လူနာ ၂၈၅ ဦး တွေ့ရှိမြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နောက်ပိုင်းက စပြီး ဆက်တိုက်ကျဆင်းနေခဲ့ပြီးတေ့ာ အတည်ပြုလူနာ တွေ့ရှိမှု အများဆုံးဖြစ်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေး မြို့တို့မှာလည်း အတည်ပြုလူနာ တွေ့ရှိမှုတွေ ကျဆင်းလာနေပါတယ်။ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာတစ်နိုင်ငံလုံးက

Sunday, December 27, 2020

သစ်ထူးလွင်

သစ်ထူးလွင်


Nashville ဗုံးကွဲမှု ဆက်စပ်ပြီး မြို့ဆင်ခြေဖုံး နေအိမ်တလုံးကို ရှာဖွေ

Posted: 27 Dec 2020 07:54 AM PST

Nashville မြို့မှာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဆင်ခြေဖုံးရှိ ၂ ထပ်အိမ်တအိမ်ကို စုံစမ်းစစ်ဆေးနေတဲ့ ဗဟိုအစိုးရ စုံစမ်းစစ်ဆေးသူများ။ (ဒီဇင်ဘာ ၂၆၊ ၂၀၂၀)အမေရိကန်နိုင်ငံ Nashville မြို့မှာ အိမ်လိုနေထိုင်တဲ့ ကားတစင်း ပေါက်ကွဲသွားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ဗဟိုအစိုးရ စုံစမ်းစစ်ဆေးသူတွေဟာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သဲလွန်စရရှိဖို့အတွက် အဲဒီမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ၂ ထပ်အိမ်တအိမ်ကို မနေ့က ရှာဖွေခဲ့

ကန်အစိုးရ အသုံးစရိတ်မူကြမ်း သမ္မတ လက်မှတ်မထိုးသေး

Posted: 27 Dec 2020 07:52 AM PST

အေမရိကန္သမၼတ Donald Trump. (ဒီဇင္ဘာ ၈၊ ၂၀၂၀)အမေရိကန်သမ္မတ Donald Trump က ကိုဗစ်ကာလ အကူအညီပေးရေး ပါဝင်တဲ့ အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေမူကြမ်းကို စနေနေ့ည သန်းခေါင်ယံ အချိန်အထိ လက်မှတ်မထိုးတာကြောင့် အလုပ်လက်မဲ့ ခံစားခွင့်နဲ့ အိမ်ငှားခပေးဖို့ အခက်အခဲတွေ့နေသူတွေအတွက် ပေးအပ်နေတဲ့ ခံစားခွင့်တွေ တနင်္ဂနွေနေ့က စလို့ သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။လွှတ်တော်နှစ်ရပ်က အတည်ပြုထားတဲ့ ဒီဥပဒေကြမ်းကို သမ္မတ

ကိုဗစ်- ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ကမ္ဘာအနှံ့မှာ တွေ့

Posted: 27 Dec 2020 07:49 AM PST

ဂျပန်နိုင်မှာလည်း ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုတွေရှိလာယူကေမှာ ပထမဆုံး ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကူးစက်မှုမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကွဲအသစ်ဟာ အခုအခါမှာ ဥရောပနိုင်ငံတွေအပြင် ကနေဒါနဲ့ ဂျပန်နိုင်ငံတွေ ကိုလည်း ရောက်ရှိနေပြီလို့ သိရပါတယ်။အဲ့ဒီ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ် ကူးစက်မှုကို စပိန်၊ဆွစ်ဇာလန်၊ ဆွီဒင် နဲ့ ပြင်သစ်တို့ မှာ ယူကေက ပြန်ရောက်လာသူတွေကနေ တစ်ဆင့် ကူးစက်ခံခဲ့

မြန်မာလုပ်သား ၁၄၀၀ ကျော် ထိုင်းမှာ ပိုးကူးခံရ

Posted: 27 Dec 2020 07:47 AM PST

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၀၀ ကျော်အထိ ရှိလာပြီး သူတို့ကို ဆေးကုသပေးဖို့ ထိုင်းအစိုးရက အားကစားကွင်းမှာ ယာယီဆေးရုံ ဆောက်လုပ်ပေးနေတယ်လို့ အလုပ်သမားအရေး ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်နေရာကနေ ဒီဇင်ဘာလလယ်ပိုင်းမှာ ဒုတိယလှိုင်းဖြစ်လာမယ့် ကူးစက်မှု စတင်ခဲ့ပါတယ်။ 

Saturday, December 26, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု ၁၂၁,၂၈၀ ဦး၊ သေဆုံး ၂,၅၇၉ ဦး

Posted: 26 Dec 2020 07:40 AM PST

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ COVID-19 ရောဂါ အထူးကြပ်မတ်ကုသဆောင်မှာ ရောဂါပြင်းထန်စွာ ခံစားရနေသူတွေကို ကုသစောင့်ရှောက်မှု ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၇၃၄ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၇ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သေဆုံးသူတွေထဲမှာ ၅

ရခိုင်က စစ်ရှောင်အမျိုးသမီးတွေ ရိက္ခာနဲ့ အမျိုးသမီးသုံးပစ္စည်းလဲနေရ

Posted: 26 Dec 2020 07:38 AM PST

မြောက်ဦးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင် စခန်းပေါင်း ၂၇ ခုရှိမြောက်ဦးမြို့ပေါ် ဒုက္ခသည်စခန်းတွေက စစ်ဘေးရှောင် အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်းတွေ မရှိတာကြောင့် ရိက္ခာပစ္စည်းတွေ ရောင်းချပြီး ဝယ်ယူအသုံးပြုနေကြရတယ်လို့ အဲဒီစခန်းတွေက အမျိုးသမီးတွေက ပြောပါတယ်။စစ်ရှောင်စခန်းတွေမှာနေထိုင်နေကြသူအများစုတို့ဟာ အမျိုးသမီးတွေဖြစ်ပြီး သူတို့ ပုံမှန်လိုအပ်နေတဲ့ လစဉ်သုံးပစ္စည်းတွေနဲ့ အတွင်းခံအဝတ်အစားတွေ အကူအညီ မရ

ကိုဗစ်- ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ပြင်သစ်မှာတွေ့

Posted: 26 Dec 2020 07:35 AM PST

ကျန်းမာရေးဝန်ထမ်းယူကေမှာ လတ်တလော တွေ့ရတဲ့ ကူးစက်မှု ပိုမြန်တဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ပြင်သစ်မှာလည်း ကူးစက်တာ ပထမဆုံး တစ်ခု စရှိလာပါတယ်။လန်ဒန်မြို့ကနေ ဒီဇင်ဘာ ၁၉ ရက်က ရောက်လာတဲ့ ပြင်သစ် နိုင်ငံသား အမျိုးသားတစ်ဦးမှာ ကူးစက်တာတွေ့ရတယ်လို့ ပြင်သစ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။အဲဒီအမျိုးသားမှာ ကူးစက်မှု လက္ခဏာ မပြသကြောင်းနဲ့ သူဟာ လက်ရှိမှာ သူ့ဘာသာ အိမ်မှာ သီးသန့်ခွဲနေကြောင်း၊ ကျန်းမာရေး

ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်သမားတွေကို နေထိုင်ခွင့် ထုတ်ပေးမည်

Posted: 26 Dec 2020 07:30 AM PST

စမုတ်ဆာခွန်းမြို့နယ်မှာ ကိုဗစ်ကပ်ရောဂါပိုး စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၀၊ ၂၀၂၀)ထိုင်းနိုင်ငံ စမွန်ဆာခွန်းခရိုင် မဟာချိုင်မှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိသူ မြန်မာအပါအဝင် လူ ၁,၀၀၀ ကျော် ရှိနေချိန်မှာ အလုပ်ရှင်တွေက တရားမဝင် လုပ်သားတွေကို နှင်ထုတ်တာတွေ ရှိတာမို့ ကပ်ရောဂါကာလမှာပဲ တရားမဝင် နိုင်ငံခြားသားတွေကို အထောက်အထားလက်မှတ် ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ

ဥရောပတခွင် ကိုဗစ်ကာကွယ်ဆေးထိုးမှု တနင်္ဂနွေနေ့ စတင်

Posted: 26 Dec 2020 07:28 AM PST

Wales မြို့တော် Cadiff က ဆေးရုံတခုမှာ Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး ထိုးနေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၈၊ ၂၀၂၀)ပြင်သစ်နိုင်ငံမှာ ပြင်သစ်ဆေးရုံ ဆေးဝါးများဆိုင်ရာကွန်ရက်ကို ပေးပို့လာတဲ့ COVID-19 ရောဂါကာကွယ်ဆေး Pfizer-BioNTech ဆေးဝါးတွေ ဒီကနေ့ စနေနေ့မှာ ပထမဆုံး လက်ခံရရှိပါတယ်။ဥရောပတခွင်လုံး ပထမဆုံး ကာကွယ်ဆေးထိုးမယ့် သတ်မှတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ လူအိုရုံ ၂ ရုံမှာ ကာကွယ်ဆေး စထိုးနှံမှာဖြစ်ပါတယ်။ပြင်

လူ ၁၅ သန်းစာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အိန္ဒိယနဲ့ လက်မှတ်ထိုးသဘောတူထား

Posted: 26 Dec 2020 07:25 AM PST

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူဖို့အတွက် အိန္ဒိယဆေးကုမ္ပဏီ Serum Institute နဲ့ လက်မှတ် ရေးထိုးခဲ့တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ လက်မှတ်ရေးထိုးခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက် ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို မေးမြန်းရာမှာ ရက်အနည်းငယ်အတွင်း တရားဝင် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။"ကာကွယ်ဆေးကိစ္စရော၊

ခေါင်းကိုက်ခြင်း ( Headache )

Posted: 26 Dec 2020 07:41 AM PST

ခေါင်းကိုက်ခြင်းကို ကျား မ မရွေး ၊အသက်အရွယ် မရွေး ကလေးသူငယ်များပါမကျန် လူတိုင်း ခေါင်းကိုက်ဝေဒနာ ခံစားဖြစ်လေ့ရှိကြပါသည်။ခေါင်းကိုက်ခြင်းမှာ အခြားရောဂါမရှိပဲ ခေါင်းကိုက်ဖြစ်လေ့ရှိကြသလို ရောဂါနောက်ခံရှိလို့ ခေါင်းကိုက်ခြင်းလည်း ရှိကြပါသည်။ လူတိုင်းနီးပါးသည်ခေါင်းကိုက်တတ်ကြပြီး များသောအားဖြင့် စျိတျပူစရာ မလိုကြပါ။ ခေါင်းကိုက်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်၏ လည်ပင်းအထက်ပိုင်းနှင့် ဦးခေါင်းပိုင်းမှ နာကျင်

အမ်းမြို့နယ်တွင် ဆွံ့အနေသူ အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

Posted: 26 Dec 2020 07:16 AM PST

နိရဥၥရာ၊ ဒီဇင္ဘာ ၂၆ /၂ဝ၂ဝရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အသက် (၁၆) နှစ်အရွယ် ဆွံ့အနေသူ အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် ခံခဲ့ရသည်ဟု သတင်းရရှိသည်။၎င်းအမျိုးသမီးငယ်မှာ စျေးတောင်ရပ်ကွက် ၊ အမှတ်(၄)မှ အသက် (၁၆) နှစ်အရွယ် ချင်းအမျိုးသမီးငယ်တစ်ဦး ဖြစ်ပြီး မူးယစ်ရမ်းကားနေသည့် အမျိုးသားနှစ်ဦးမှ  ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက အဓမ္မပြုကျင့်ခဲ့သည်ဟု အဓမ္မပြုကျင့်ခံရသော အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက နိရဥ္စရာ

မြန်မာ COVID-19 ကူးစက်သူ ၁၂၀,၅၄၆ ယောက်၊ သေဆုံးသူ ၂,၅၅၂ ယောက်

Posted: 25 Dec 2020 09:34 AM PST

ရန်ကုန်မြို့ Quarantine စင်တာ တခုမှာ ကိုဗစ်စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၇၅၈ ယောက် ထပ်တိုးပြီး သေဆုံးသူက အယောက် ၂၀ ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သေဆုံးသူတွေထဲမှာ ၁၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ဓာတ်ခွဲနမူနာပေါင်း

တောင်ကိုရီးယား၊ ဂျပန်နဲ့ အင်ဒိုနီးရှား ကိုဗစ်ကူးစက်မှု တရက်အတွင်း စံချိန်တင်မြင့်တက်

Posted: 25 Dec 2020 09:32 AM PST

တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ ကိုဗစ် ရောဂါစစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၀)တောင်ကိုရီးယား၊ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ တရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်သူအရေအတွက် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ နောက်ထပ်ကူးစက်သူ ၁,၂၀၀ ကျော်ထဲက ၇၀% ဟာ နိုင်ငံလူဦးရေ ၅၂ သန်းထဲက ထက်ဝက်နေထိုင်တဲ့ ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်အရပ်တွေမှာ ဖြစ်ပါတယ်။ဂျပန်နိုင်ငံ

ဖိလစ်ပိုင် လော့ခ်ဒေါင်းနဲ့ ကလေးမွေးနှုန်းထိုးတက်မယ့်အရေး

Posted: 25 Dec 2020 09:30 AM PST

ရက်ဗဲလ်လီ ဇဘာလာ နဲ့ သူ့ကလေးတချို့ရက်ဗဲလ်လီ ဇဘာလာတစ်ယောက် သူ့ရဲ့ ၁၀ယောက်မြောက် ကလေးကိုယ်ဝန်ကို လွယ်ထားပါတယ်။၄၁နှစ်အရွယ် အမျိုးသမီးဟာ ဘီဘီစီသတင်းထောက်တွေနဲ့ စကားပြောနေချိန်မှာ သူ့ရဲ့ ၉ ယောက်မြောက် ကလေးကို လက်ထဲမှာချီထားနိုင်အောင် နောက်နံရံကိုလည်း အတော်ခက်ခက်ခဲခဲ မှီထားရပါတယ်။"ကားလ်၊ ဂျု၀ယ်၊ ဂျွိုက်စ်…" လို့ သူ့ကလေးတွေရဲ့ နာမည်တွေပြောပြီး မိတ်ဆက်ပေးတော့ ၆ နှစ်သား ချာလီက သူ့အမေကို သူသဘောမတူတဲ့အကြည့်

ကိုဗစ်ရဲ့ နှိပ်စက်မှု ခံရတဲ့ ၂၀၂၀ ရဲ့ အဆိုးအကောင်းတွေ

Posted: 25 Dec 2020 09:24 AM PST

ကိုဗစ်ကြောင့် ကမ္ဘာအနှံ့ ပြည်တွင်း လော့ဒေါင်းချမှုတွေနဲ့တကွ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ကန့်သတ်ခြင်းနဲ့အတူ တကမ္ဘာလုံး လုပ်ငန်းတွေ ရပ်ဆိုင်းထားရသလို ဖြစ်နေ၂၀၂၀ ပြည့်နှစ်ဟာ လေယာဉ်တွေ ဝေဟင်မှာ ခရီးစဉ် မပျံသန်းနိုင်ဘဲ ကုန်းပေါ်မှာ ရပ်ထားတဲ့နှစ်ဖြစ်ပြီး ကိုဗစ်အတွက် ဆေးမရှိသေးခဲ့လို့ ဆေးရုံတွေကို သွားရမှာ ကြောက်သလို ဖြစ်ခဲ့ရတဲ့နှစ်လည်း ဖြစ်ပါတယ်။ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံမှာ စတင် ပြ

သင်္ဂဇာချောင်းပတ်လမ်းနှင့် ရေနီမြောင်းဘေးတို့တွင် စုံတွဲများထံမှ ဓားထောက်လုယက်ခဲ့သည်ဟု မသင်္ကာသူများ ဖမ်းဆီးရမိ

Posted: 25 Dec 2020 09:17 AM PST

( ဓာတ်ပုံ - လုယက်မှုမသင်္ကာသူများမှ ပြစ်မှုကျူးလွန်ခဲ့ပုံကို ပြန်လည် သရုပ်ပြသနေပုံ)( Photo: Zaw Oo Ko )( Ah Lin Nge )မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ် ၅မြို့မရဲစခန်းတွင် ဖမ်းဆီးရမိထားသည့် ခိုးမှုကျူးလွန်သည်ဟု မသင်္ကာသူ နှစ်ဦးဖြစ်သည့် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ အကွက် ၈၂ နေ အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကျောက်သပိတ်ရပ်နေ