Sunday, August 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ရှမ်း​မြောက်က ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီဘက်က တပ်ရင်းမှူးနှစ်ဦးနှင့် တပ်ရင်း တစ်ရင်းလုံးနီးပါးကျ

Posted: 28 Aug 2021 11:33 AM PDT

28 August 2021 - Kachinwaves ရှမ်းပြည်နယ်မြောက်ပိုင် မုံးကိုးမြို့နယ်၊ မန်ခွမ်နှင့် မန်ပိန်းတို့ ကြားလှုပ်ရှား​နေသည့် စစ်​ကောင်စီစစ်​ကြောင်းတစ်ခုအား ယ​နေ့ည​နေပိုင်းတွင် ကေအိုင်အေ နှင့် ကိုးကန့်တပ် MNDAA တို့ ပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီဘက်မှ တပ်ရင်းမှူးနှစ်ဦးအပါ တပ်ရင်းတစ်ခုလုံးနီးပါး ကျဆုံးသွား​ကြောင်း သတင်းရရှိသည်။ "တက်လာတဲ့ စစ်​ကောင်စီစစ်​ကြောင်းကို ဝိုင်းပြီးတိုက်တာတဲ့။ တပ်ရင်းမှူးက

Thursday, August 26, 2021

သစ်ထူးလွင်

သစ်ထူးလွင်


တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပြော

Posted: 25 Aug 2021 10:48 AM PDT

သြဂုတ်လ ၂၄ ရက်နေ့ မနေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းဆွတ်ရွာနဲ့ ကျောက်ကြီးရွာ အကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့အကြား အချိန်နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ခုနစ်ဦး ကျဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို KNDF ဘက်ကလည်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF

NUG အစိုးရရဲ့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးကို ပြောင်းရွှေ့ခန့်အပ်

Posted: 25 Aug 2021 10:46 AM PDT

NUG အစိုးရရဲ့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးကို ပြောင်းရွှေ့ခန့်အပ် NUG ရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံရတဲ့ ဒေါ်ခင်မမမျိုးကို တွေ့ရစဉ်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့

မြန်မာ COVID-19 ကူးစက်သူ ၂,၅၀၂ ယောက်၊ သေဆုံးသူ ၁၁၅ ယောက် ထပ်တိုး

Posted: 25 Aug 2021 10:44 AM PDT

ရန်ကုန် အ ခြေစိုက် ကိုဗစ် အကူအညီပေးရေး ပရဟိတအသင်းတခု အသင့်ပြင်နေစဉ် (ဓာတ်ပုံ - AFP)ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ၊ ကိုဗစ်ရောဂါကြောင့် သေဆုံးတာတွေ ဆက်ရှိနေဆဲပါ။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၁,၈၆၆ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၂,၅၀၂ ယောက်ရှိပြီး သေဆုံးသူ ၁၁၅ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ

လွိုင်ကော်တိုက်ပွဲ၊ KNDF နဲ့ စစ်ကောင်စီ ပြောဆိုချက်ကွဲလွဲ

Posted: 25 Aug 2021 10:42 AM PDT

KNPP တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - Kantarawaddy Times / AFP)ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KNDF ဘက်ကပြောပါတယ်။ စစ်ကောင်စီကတော့ လွိုင်ကော်ဘက် တိုက်ပွဲဖြစ်ခဲ့တာမရှိဘူးလို့ ပြောပြီး ဒီးမော့ဆိုမြို့နယ်မှာ တပ်မတော်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ဖျက်စီးခံရတယ်လို့ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က

လွိုင်ကော်မြို့လယ် Mytel ရုံး ပေါက်ကွဲမှုဖြစ်

Posted: 25 Aug 2021 10:40 AM PDT

လွိုင်ကော်မြို့လယ် Mytel ရုံး ပေါက်ကွဲမှုဖြစ်သြဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီဝန်းကျင်က လွိုင်ကော်မြို့လယ်ရှိ Mytel ရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းကယားပြည်နယ် အခြေစိုက် Progressive Karenni People Force -PKPFသတင်းပြန်ကြားရေးက သတင်းကို ဓာတ်ပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။လွိုင်ကော်ဒေသခံတွေ ကိုဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ လည်းပေါက်ကွဲမှုဖြစ်တာမှန်ကန်ကြောင်း ဘီဘီစီကိုပြောပါတယ်။ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာကို မ

မြန်မာဝယ်ထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အချိန်မီပို့မယ်လို့ ရုရှားပြော

Posted: 25 Aug 2021 10:38 AM PDT

Pantsir-S လေကြောင်းရန်ကာကွယ်ရေးစနစ်မြန်မာက မှာယူထားတဲ့ Pantsir (ပန်ဆီယာ) လေကြောင်းရန်ကာကွယ်ရေးစနစ် စစ်လက်နက်တွေကို စာချုပ်မှာပါတဲ့ အစီအစဥ်အတိုင်း ရုရှားက ပို့ဆောင်ပေးမယ်လို့ ရုရှား စစ်ဘက်နည်းပညာကော်ပိုရေးရှင်းရဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့က ပြောကြားကြောင်း Interfax သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ဒီဒုံးလက်နက်တွေဟာ လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေကို ပစ်ချနိုင်ပါတယ်။မြန်မာနဲ့ ရုရှားတို့ဟာ အဲဒီ

Wednesday, August 25, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကျေးသီးမြို့မဈေးရှိ ဆိုင်းခန်းများ မကြာခဏ ဖောက်ထွင်းခိုးခံရ

Posted: 25 Aug 2021 05:48 AM PDT

သြဂုတ် (၂၅) ရက် ၂၀၂၁သျှမ်းပြည်တောင်ပိုင်း ကျေးသီး    မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများကို ဖောက်ထွင်းခိုးခံရကြောင်း စုံစမ်းသိရသည်။ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးသီးမြို့နယ်ရှိ မြို့မဈေးကြီးကို (၂) လနီးပါး ပိတ်ထားရသဖြင့် သြဂုတ် (၂၄) ရက် မနက် ၂ နာရီခန့် ဖုန်းဆိုင် တစ်ဆိုင်ကို ဖောက်ပြီး ဖုန်းငွေဖြည့်ကဒ် နှင့် ဖုန်းဟန်းဆက်များ ခိုးယူသွားကြောင်း ကျေးသီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။"ဈေးပိတ်

မူဆယ် တရုတ်ငွေလှဲ အမျိုးသမီး ဓားခုတ်ခံရပြီး ငွေလုခံရ

Posted: 25 Aug 2021 05:47 AM PDT

သြဂုတ် (၂၅) ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ  ကောင်းမူးတုံရပ်ကွက် ကောင်းမူးလွယ်နယ်မြေ  တရုတ် - မြန်မာငွေလှဲသည့် အမျိုးသမီး တစ်ဦး ဓားပြ တိုက်ခိုက်ရကြောင်း စုံစမ်းသိရှိရသည်။ယနေ့ သြဂုတ် (၂၅) ရက် မနက် (၁၀) နာရီဝန်းကျင်က ကောင်းမူးလွယ်နယ်မြေရှိ ရွှေနဂါးဟော်တယ် မှာ  အသက် (၄၅)နှစ် ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး ဓါးခုတ်ခံရပြီး ငွေလုခံရကြောင်း  သိရသည်။" မူဆယ်ဆေးရုံမှာ သွေး (၃) ပုလင်း သွင်းရပြီး 

တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ

Posted: 25 Aug 2021 05:46 AM PDT

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်၊ အထွက် နှင့် မြို့တွင်းတွင် စစ်ကောင်စီ အုပ်စုမှ စစ်ဆေးရေး တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။တောင်ကြီးမြို့တွင် ယမန့်နေ့ ဩဂုတ် (၂၄) က ၂၁၂ ဈေးနားတွင် ဗုံးပေါက်သည့်ဟု သတင်းထွက်ပေါ်လာသောကြောင့် စစ်ကောင်စီ က  ယနေ့ ဩဂုတ် (၂၅) ရက်နေ့တွင် စစ်ဆေးမှုပိုပြုလုပ်လာခဲ့ကြောင်း တောင်ကြီးမြို့ ဒေသခံ အမျိုးသားတဦးကပြောသည်။" တောင်ကြီးအတက်လမ်း၊ မြို့ဝင်ထွက်လမ်း အကုန်စစ်တယ်။ ဒီ

တီးတိန်မြို့တွင် ယနေ့သြဂုတ်လ ၂၅ ရက်မနက်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့၏လာရောက်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့၀င် ၃ ဦးသေဆုံးသွား

Posted: 25 Aug 2021 05:43 AM PDT

တီးတိန်မြို့တွင် ယနေ့သြဂုတ်လ ၂၅ ရက်မနက်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့၏လာရောက်ပစ်ခတ်မှုကြောင့် တီးတိန်မြို့မြန်မာ့စီးပွားရေးဘဏ်တွင်လုံခြုံရေးယူသည့် ရဲတပ်ဖွဲ့၀င် ၃ ဦးသေဆုံးသွားကြောင်းတီးတိန်ဒေသခံများထံမှကနဦးသိရသည်။Chin World https://www.facebook.com/chinworldmedia/

ထန်တလန်မြို့တွင်အိမ်ထဲရှိနေသည့် ၁၀ နှစ်အရွယ် ကလေး၁ ဦး ကျည်ထိမှန်သေဆုံး၊ပြည်သူတချို့ဒဏ်ရာရ

Posted: 25 Aug 2021 05:41 AM PDT

ချင်းပြည်နယ်ထန်တလန်မြို့တွင်ယနေ့သြဂုတ်လ ၂၅ ရက် ညနေ ၄ နာရီ၀န်းကျင်ခန့်မှ ယခု အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF ထန်တလန်အဖွဲ့အကြားပစ်ခတ်မှုများရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အိမ်ထဲရှိနေသည့် ၁၀ နှစ်အရွယ် ကလေး ၁ ဦး ကျည်ထိမှန်သေဆုံးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိကြောင်း ကနဦးသိရသည်။Chin World https://www.facebook.com/chinworldmedia/

CPPH ၊ NUG တို့နဲ့ ပတ်သက်ပြီး သတင်းပေးသူတွေကို ဆုကြေးငွေပေးဖို့ နစက အစည်းအဝေးမှာ ဆွေးနွေး တင်ပြ

Posted: 25 Aug 2021 05:37 AM PDT

ဓာတ်ပုံ - nlm ၊ အင်တာနက် စာမျက်နှာများနေပြည်တော်၊ ဩဂုတ် ၂၅၊ ၂၀၂၁ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့နဲ့ ပတ်သက်ပြီး သတင်းပေးတဲ့သူတွေကို ဆုကြေးငွေပေးဖို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) အဖွဲ့ဝင် တချို့က အစည်းအဝေးမှာ တင်ပြ ဆွေးနွေးကြောင်း သိရပါတယ်။ဩဂုတ်လ၂၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ နစက ကောင်စီ အစည်းအဝေးမှာ ကောင်စီဝင်

ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ၅ သန်း ထပ်မံထုတ်ရောင်း

Posted: 25 Aug 2021 05:33 AM PDT

နေပြည်တော်၊ သြဂုတ် ၂၅၊ ၂၀၂၁မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၅ သန်းကို သြဂုတ်လ ၂၅ ရက်နေ့မှာ ဈေးပြိုင် လေလံ စနစ်နဲ့ ထပ်မံ ထုတ်ရောင်းကြောင်း သိရပါတယ်။အဆိုပါ ဒေါ်လာ ၅ သန်းအား ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာလျှင် ၁,၆၆၃ ကျပ်နှုန်းနဲ့ ထုတ်ရောင်းခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ဗဟိုဘဏ် အနေနဲ့ အခု အမေရိကန် ဒေါ်လာ ထုတ်ရောင်းမှုမှာ ဩဂုတ်လအတွင်း ၇ ကြိမ်မြောက် ရောင်းချခြင်း

ချီဖွေ စစ်ရှောင်များ Covid-19 ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ

Posted: 25 Aug 2021 05:32 AM PDT

August 24, 2021ကချင်ပြည်နယ် ချီဖွေမြို့ရှိ စစ်ရှောင်စခန်းတွင် Covid-19 ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့မှုများ မရရှိသေးတာကြောင့် ရောဂါလက္ခာပြလာပါက ဆေးရုံတွင် ငွေပေးကာ သွားရောက်စစ်ဆေးနေရကြောင်း သိရသည်။စစ်ရှောင်စခန်းတွင် ကိုဗစ်နှင့်သက်ဆိုင်သော ကူညီထောက်ပံ့မှုများ မရသဖြင့် တစ်ဦးလျှင် တစ်သောင်းပေးကာ ဆေးရုံတွင် သွားစစ်ကြရကြောင်း KBC စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။"ကျမတို့ ချီ

ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ

Posted: 25 Aug 2021 05:30 AM PDT

August 25, 2021ဗန်းမော်မြို့အထွက် မံစီသွားလမ်းမပေါ်ရှိ ဖန်ခါးကုန်း (Hpang Ga Kawng) စစ်တပ်ဂိတ်သည် Covid-19 အကြောင်းပြကာ ဖြတ်သန်းသွားလာသူများကို ထောက်ခံစာပြခိုင်းပြီး မပြနိုင်ပါက ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး ဗန်းမော် မံစီလမ်းရှိ ဖန်ခါးကုန်း ဂိတ်တွင် ငွေကြေးပေးဆောင်သူတိုင်းသည် ကိုဗစ်-၁၉ ကာလ မြို့နယ်ကူး ခရီးသွားလာခွင့် လက်မှတ်ပြစရာမလိုဘဲ

အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူတွေစုဆောင်းထားတဲ့ ရိက္ခာ၊ ပစ္စည်းတွေကို ဖျက်ဆီးပြီး ယူဆောင်သွား

Posted: 24 Aug 2021 05:05 PM PDT

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းသွားရင်း ကျေးရွာအချို့ရဲ့ တောင်ယာစိုက်ခင်းတဲမှာ တွေ့ရှိတဲ့ ဒေသခံတောင်သူများ သိမ်းဆည်းထားတဲ့ စားနပ်ရိက္ခာ၊ ပစ္စည်းတွေကို ဖျက်ဆီးသွားပြီး ပစ္စည်းအချို့ကို ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။"စစ်ကြောင်းသွားရင်း တောင်ယာခင်းထဲဖြတ်တာ တောင်ယာမှာတချို့က ပစ္စည်းသွားထားတာရှိတယ်လေ။ အဲ့ဒါတွေ့တော့ ယူပါလေရော

လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦး​​သေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

Posted: 24 Aug 2021 05:02 PM PDT

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အရှေ့ဖက်ခြမ်း ကုန်းဆွတ်နဲ့ ကျောက်ကြီးကျေးရွာအကြားမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ရင်း တိုက်ပွဲ မိနစ်(၃၀)ခန့်ကြာမြှင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်

PDF (ဂန့်ဂေါ) က စကစယာဉ်တန်းမိုင်းခွဲရာ ၂၁ ယောက်သေဆုံး

Posted: 24 Aug 2021 04:59 PM PDT

                              တိုက်ပွဲသတင်းထုတ်ပြန်ချက်                                                                                              ထုတ်ပြန်ချက်အမှတ် ( ၀၄၊ ၂၀၂၁)            သြဂုတ်လ (၂၄) ရက်၊ ၂၀၂၁။                  ဂန့်ဂေါ - ကလေး ကားလမ်းတွင် အကြမ်းဖက်စစ်တပ်၏ ကား(၄) စီးပါသော ယဥ်တန်းကို မိုင်း၊ တူမီးလက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ ကား (၁) စီး မိုင်းထိပျက်စီးပြီး စစ်ခွေး (၂၁) ကောင်

Saturday, August 21, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြို့ကြီးတချို့မှာ နေ့အချိန်အသွားအလာတွေ ကန့်သတ်

Posted: 20 Aug 2021 10:17 AM PDT

စစ်အာဏာသိမ်းမှုကို ရရာနည်းနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြနေတဲ့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ မကွေးအပါအ၀င် တိုင်းတချို့က မြို့နယ်အများအပြားကို ပစ်မှတ်ထားကာ ကိုဗစ်ထိန်းချုပ်ရေးအတွက်ဆိုကာ နေ့ပိုင်းအချိန်တွေမှာပါ အပြင်မထွက်ဖို့ ဩဂုတ်လအစပိုင်းကစလို့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ကြေညာထားပါတယ်။အဲဒီသတ်မှတ်အချိန်တွေအတွင်း အပြင်ထွက်ရင် စစ်ဆေးတာအပြင် သတ်မှတ်ချက်ကိုဖောက်ဖျက်ရင် ဒဏ်ပေးတာ၊ အရေးယူတာမျိုးတွေအထိ

အများပြည်သူရုံးပိတ်ရက် တပတ်ထပ်တိုး

Posted: 20 Aug 2021 10:15 AM PDT

 အများပြည်သူရုံးပိတ်ရက် တပတ်ထပ်တိုးမြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ပိုမိုထိရောက်အောင် ကာကွယ်နိုင်ဖို့အတွက်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက သြဂုတ်လ ၃၁ ရက်နေ့အထိ အများပြည်သူ ရုံးပိတ်ရက်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ဒီကာလအတွင်း အစိုးရ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိကနဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကိုပါ ပိတ်ထားရမှာ ဖြစ်ပေမယ့် ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေတော့ ဆက်လက်ဖွင့်

နိုင်ငံတစ်ဝန်းမှာ အကျဉ်းသား ၆ဝဝ ကျော် ကိုဗစ်ကူးစက်ခံထားရ

Posted: 20 Aug 2021 10:14 AM PDT

စစ်တပ်အာဏာသိမ်းပြီးနောက် တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းအတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ Covid -19 ရောဂါပိုး ကူးစက်ခံရသူ ၆၀၀ ကျော်ရှိပြီး အဲ့ဒီထဲမှာ လူသိများထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်တယ်လို့ မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေက RFA ကို ပြောပါတယ်။ဖေဖော်ဝါရီ ၁ရက် မနက်ပိုင်းကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်

မင်းကင်းမြို့နယ်က ကျောင်းထိုင်ဆရာတော် သတ်ဖြတ်ခံရမှု သူတို့လက်ချက်မဟုတ်ကြောင်း PDF တုံ့ပြန်

Posted: 20 Aug 2021 10:09 AM PDT

မင်းကင်းမြို့နယ်က ကျောင်းထိုင်ဆရာတော် သတ်ဖြတ်ခံရမှု သူတို့လက်ချက်မဟုတ်ကြောင်း PDF တုံ့ပြန် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာပုံ / Photo: Google Mapစစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာ ကောဝိသရာမ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က သတ်ဖြတ်ခံရတဲ့ကိစ္စဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RFA

"မြန်မာနိုင်ငံအခြေအနေ သိပ်ဆိုးရွားနေ" - စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး

Posted: 20 Aug 2021 10:07 AM PDT

Vivian Balakrishnanမြန်မာနိုင်ငံအခြေအနေဟာ သိပ်ကိုဆိုးရွားနေပြီး နိုင်ငံရေးအကျပ်အတည်းသာမက COVID-19 ကပ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောပါတယ်။"လက်ရှိမှာ ကျနော်သိထားသလောက် အကြမ်းဖက်လုပ်ရပ်တွေက မရပ်သေးပါဘူး၊ နိုင်ငံရေးအရ ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်မပေးသေးပါဘူး၊ မြန်မာနိုင်ငံက သက်ဆိုင်သူတွေကြားမှာ တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ်

Radio NUG စမ်းသပ် ထုတ်လွှင့်

Posted: 20 Aug 2021 10:05 AM PDT

 Radio NUGကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Radio NUG ဆိုတဲ့ အသံလွှင့်အစီအစဉ်တခုကို ဒီကနေ့စပြီးတော့ စမ်းသပ်ထုတ်လွှင့်ပါတယ်။ ဒီအသံလွှင့်အစီအစဉ် ထုတ်လွှင့်မယ်လို့ အသိပေးကြေညာထားတဲ့ ရက်ကတည်းက မြန်မာနိုင်ငံတွင်း အထူးသဖြင့် မြို့ကြီးတွေမှာ ရေဒီယိုဝယ်ယူသူ အများအပြားရှိခဲ့တယ်လို့ ပြည်တွင်းကလာတဲ့သတင်းတွေမှာ တွေ့ရပါတယ်။စစ်ကောင်စီကလည်း ဆိုင်တွေမှာ တင်ရောင်းနေတဲ့ ရေဒီယိုတွေကိုသိမ်းဖို့၊ တရုတ်ကနေ

ပန်ဆိုင်းမြို့ပေါ် တိုက်ပွဲပြင်းထန်

Posted: 20 Aug 2021 08:56 AM PDT

သျှမ်းမြောက် မူဆယ်မြိုု့နယ် ပန်ဆိုင်းမြို့ ပေါ်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့သည် ယနေ့ (သြဂုတ် ၂၀)ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ယနေ့ နေ့လည် (၁)နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် MNDAA တို့သည် ပန်ဆိုင်းမြို့ ရှိ ရဲစခန်း အနီးတဝှိက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ပန်ဆိုင်းဒေသခံ အမျိုးသမီး တစ်ဦး

PVTV ၏ သတင်းကဏ္ဍ (၂၀ ဩဂုတ် ၂၀၂၁)

Posted: 20 Aug 2021 08:49 AM PDT

PVTV ၏ သတင်းကဏ္ဍ (၂၀ ဩဂုတ် ၂၀၂၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ တရားစီရင် ပိုင်ခွင့်ကို လက်ခသွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တဲ့ သတင်းအမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်တတိယလှိုင်းစစ်တမ်းကို ထုတ်ပြန်ခဲ့တဲ့ သတင်းစစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ CDM ဝင်လာနိုင်စေဖို့အတွက် People's Soldiers လူမှုကွန်ယက်စာမျက်နှာကို ချိတ်ဆက်ပြီးတော့ ဆက်သွယ်

ယုံကြည်ရာခြေတစ်လှမ်း တော်လှန်ရေးအတွက် ငါးသန်း အစီအစဉ်အကြောင်း မိတ်ဆက်ပေးထားတာ နားဆင်ကြရမှာဖြစ်ပါတယ်။

Posted: 20 Aug 2021 08:47 AM PDT

ယုံကြည်ရာခြေတစ်လှမ်း တော်လှန်ရေးအတွက် ငါးသန်း အစီအစဉ်အကြောင်း မိတ်ဆက်ပေးထားတာ နားဆင်ကြရမှာဖြစ်ပါတယ်။Public Voice Television https://www.facebook.com/pvtvmyanmar

Friday, August 20, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဖားကန့် လုံးခင်းဈေးကုန်း ပစ်ခတ်မှုတွင် ရဲတစ်ဦး သေဆုံး

Posted: 19 Aug 2021 10:55 AM PDT

August 19, 2021/ Kachin News Groupဖားကန့်မြို့ လုံးခင်းဈေးကုန်း ယနေ့ည ၅နာရီခွဲဝန်းကျင် ပစ်ခတ်မှုတွင် ရဲတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။"ဈေးကုန်းမှာ လမ်းကြောင်းသွားတဲ့အချိန် ပစ်ခတ်မူဖြစ်တယ်လို့ကြားရတယ်။ ရဲတွေလည်း သေတယ်တဲ့ ဘယ်နှစ်ဦးသေတာလဲဆိုတာတော့ အသေးစိတ်မသိရသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။သေနတ်ပစ်ခံရ၍ သေဆုံးသူသည် သာယာကုန်းရဲကင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ဝင်းမြင့်ဆိုသူဖြစ်ကြောင်း သိရသည်။"ဆိုင်

သြစတြေးလျ သတ္တုတူးဖော်ရေး ကုမ္ပဏီ Myanmar Metals မြန်မာနိုင်ငံက ထွက်ခွာတော့မယ်

Posted: 19 Aug 2021 10:53 AM PDT

ဓာတ်ပုံ - Financial Review ၊ အင်တာနက် စာမျက်နှာများပါ့သ်၊ ဩဂုတ် ၁၉၊ ၂၀၂၁မြန်မာနိုင်ငံမှာ သတ္တု တူးဖော်နေတဲ့ ဩစတြေးလျ ကုမ္ပဏီ ၁ ခုက ဘော်တွင်း သတ္တုတွင်းကို ရောင်းချပြီး ထွက်ခွာတော့မယ်လို့ Financial Review သတင်းက ဖော်ပြပါတယ်။အဲဒီ သြစတြေးလျ ကုမ္ပဏီ Myanmar Metals Limited (MYL) ကုမ္ပဏီဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်က ၂၂ ကီလိုမီတာ အကွာမှာရှိတဲ့ ဘော်တွင်း သတ္တုတွင်း စီမံကိန်းက ၎င်းရဲ့

National Unity Government of Myanmar သတင်းများ

Posted: 19 Aug 2021 10:47 AM PDT

ကနီဖြစ်စဉ်မှာ အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဦးအောင်မျိုးမင်းက ပြောဆိုလိုက်တဲ့သတင်းအကြမ်းဖက်စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းပြီး လမ်းပြ၊ ဓားစာခံ၊ လူသားဒိုင်းအဖြစ် သုံးနေတယ်လို့ ကရင်နီတပ်ဖွဲ့ ထုတ်ပြန်ခဲ့တဲ့ သတင်းအမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်

YDFက အကြမ်းဖက် စကစယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ ကား ၂စီးမိုင်းထိကာ ၂၀ ကျော်သေ၊ ၁၀ ဦးဒဏ်ရာရဟုဆို

Posted: 19 Aug 2021 10:42 AM PDT

ဩဂုတ်လ ၊၁၉ ရက်၊ ၂၀၂၁ ခုနှစ်၂၀၂၁ခုနှစ်၊  ဩဂုတ်လ ၊ ၁၈ ရက်နေ့၊ နေ့လည်ပိုင်း တွင် ဂန့်ဂေါ မှ ကလေးသို့ထွက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၄၀ ကျော်သည်  ဒေသခံများ၏ ဆိုင်ကယ်များကို လုယူသွားရာ အစီး ၂၀ ပါသွားကြောင်းသိရှိရပါသည်။ ညနေ -၄-နာရီခွဲ အချိန်လောက်တွင် ဂန့်ဂေါမြို့ မြောက်ဘက် ၁၅မိုင်နှင့် ၁၆မိုင်ကြား ဖိုးမော်ကြီးကွေ့ အနီးတစ်ဝိုက်၌ စစ်ကောင်စီ ယာဉ်တန်း အစီး (၄၀)ကျော် ကို YDF တပ်ဖွဲ့ဝင် (၈)ဦးမှ မိုင်းခွဲ

မြိုင်မှာ အိမ်ရှင်ကို သေနတ်နဲ့ပစ် ဓားပြတိုက်ပြီး ကျပ်သိန်း ၇၀၀ ယူသွား

Posted: 19 Aug 2021 10:39 AM PDT

မြိုင်၊ ဩဂုတ် ၁၉၊ ၂၀၂၁။မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာမှာ ဒီကနေ့ နံနက်အစောပိုင်းက အိမ်ခြံဝန်းအတွင်း ခိုးဝင်လာပြီးအိမ်ရှင်ကိုသေနတ်နဲ့ပစ်ကာ ကျပ်သိန်း ၇၀၀ ကိုဓားပြတိုက် လုယူမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ဓားပြတိုက်ခံရပြီး သေနတ်မှန်သူမှာ ဆူးဝင်းကျေးရွာ အရှေ့ပိုင်းက ဦးမျိုးထွန်းဖြစ်ပြီး၊ အမည်မသိသူနှစ်ဦးက အိမ်တခါးဖွင့်နေစဉ် အိမ်ရှင်မြင်သွားပြီး မေးမြန်းခဲ့ရာ သေနတ်

တော်လှန်ရေးမှာ ကိုယ်တိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုတဲ့ စိတ်ထားကြဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတိုက်တွန်း

Posted: 19 Aug 2021 10:38 AM PDT

PRN ၊ သြဂုတ် ၁၉၊ ၂၀၂၁။"ငါတို့လည်း PDF တပ်မတော်သားဖြစ်တယ် ၊ ငါတို့သည်လည်းပြည်သူတွေကို ကာကွယ်ချင်စိတ်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ် ဆိုတဲ့ စိတ်နဲ့ ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲမှသာ ဒီတော်လှန်ရေးက နိုင်မှာ ဖြစ်တယ်"လို့ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက တိုက်တွန်းထားပါတယ်။မြေလတ်အသံ - Myaelatt Athan https://www.facebook.com/myaelattathan

အကြမ်းဖက် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေ

Posted: 19 Aug 2021 10:34 AM PDT

ရှမ်း- ကယားနယ်စပ် ဖယ်ခုံမြို့နယ်  လွယ်လုံ ကျေးရွာသို့ နယ်‌မြေရှင်းလင်းရေးကို အကြောင်းပြပြီး ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ 55 သည် လွယ်လုံရွာ သား ၅ ဦးနှင့် စက်တော်ရွာသား ၅ ဦး စုစုပေါင်း အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့က  ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းကာအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။ဖမ်းဆီးခေါ်ဆောင်သွားသည့် အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ၅ ယောက် တစ်တွဲ​ဖြင့် တောင်စလုံဘက်သို့

Wednesday, August 18, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကိုဗစ်ကြောင့် သေဆုံးနှုန်းအမြင့်ဆုံးကမ္ဘာ့နိုင်ငံတွေထဲ မြန်မာပါဝင်

Posted: 18 Aug 2021 05:11 AM PDT

ချင်းပြည်နယ်မှ ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးအား မြုပ်နှံစဉ် (ဓာတ်ပုံ - AFP)ကမ္ဘာပေါ်မှာ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်း နှစ်ဆတိုးလာတဲ့ နိုင်ငံတွေထဲမှာမှ အမြန်ဆုံးနှုန်းနဲ့ တိုးနေတဲ့နိုင်ငံ ၁၀ နိုင်ငံထဲမှာ ခုနစ်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသကဖြစ်တယ်လို့ Our World in Data အွန်လိုင်း သိပ္ပံစာစောင်မှာ ဖော်ပြထားပါတယ်။အဲဒီ ခုနစ်နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့အတူ ဗီယက်နမ်နဲ့ ဖီဂျီနိုင်ငံတို့ ထိပ်ဆုံးငါး

စစ်ကိုင်းတိုင်းမှာ ပစ်ခတ်မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် အရပ်သားတချို့သေဆုံး

Posted: 18 Aug 2021 05:10 AM PDT

မင်းကင် PDF တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ Citizen Journalist )မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ အရပ်သား သေဆုံးမှုတွေ ရှိနေရာမှာ အင်္ဂါနေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှာ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားထားတာကို မလိုက်နာလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တာလို့လည်း ဒေသခံတွေက

Wave Money နဲ့ KBZPay အပါအဝင် ငွေကြေးဝန်ဆောင်မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ်

Posted: 18 Aug 2021 05:08 AM PDT

Wave Money နဲ့ KBZPay အပါအဝင် ငွေကြေးဝန်ဆောင်မှုအားလုံးကို စစ်ကောင်စီ ထိန်းချုပ် ရန်ကုန်မြို့က မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှာ ချိတ်ဆွဲထားတဲ့ wave money ဆိုင်းဘုတ်ကို တွေ့ရစဉ် / Photo: YE AUNG THU / AFPအာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပတ်သက်တဲ့ ဘဏ်အကောင့်တွေ၊ CDM ဝန်ထမ်းတွေကို ထောက်ပံ့လှူဒါန်းနေတဲ့ ဘဏ်အကောင့်တွေအပါအဝင် မိုဘိုင်းငွေကြေးလုပ်ငန်း အားလုံးကို ကန့်သတ်

တောင်သာမှာ အုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

Posted: 18 Aug 2021 05:05 AM PDT

တောင်သာမှာ အုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး မန္တလေးတိုင်း၊ တောင်သာမြို့ မြေပုံ / Photo: Google Mapမန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ညောင်ကန်ရွာနဲ့ မီးပေါက်ရွာတွေက စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်တို့ဟာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက တောင်သာမြို့နယ် ညောင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း

မိုးကောင်းတွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးသွား

Posted: 18 Aug 2021 04:30 AM PDT

August 17, 2021/ Kachin News Groupမိုးကောင်းမြို့အထွက် ဖားကန့်လမ်း အုပ်ကျင်းကျေးရွာတွင် အာဏာသိမ်းစစ်တပ်အဖွဲ့က လူငယ် ၂၀ ဦးခန့်ကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။သြဂုတ်လ ၁၇ရက် ယနေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်ခန့်တွင် အုပ်ကျင်းကျေးရွာအဝင် လယ်တောတွင် စစ်သား ၃၀ ခန့်က လူငယ်တစ်ဖွဲ့ကို သေနတ်များဖြင့် ခြိမ်းခြောက်ပြောဆိုနေသည်ကိုမြင်တွေ့ခဲ့ရသည်ဟု မျက်မြင်တစ်ဦးက KNG သတင်းဌာန

ပစ်ခတ်ခံရသော စစ်ကောင်စီ သင်္ဘောတစ်စီး ရွှေကူမြို့သို့ ရောက်လာ

Posted: 18 Aug 2021 04:28 AM PDT

August 18, 2021/ Kachin News Groupရွှေကူမြို့အဝင်တွင် ပစ်ခတ်ခံရသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်သင်္ဘောတစ်စီး ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် ရွှေကူမြို့ သင်္ဘောဆိပ်သို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ကသာမြို့မှ ရွှေကူဘက်သို့ ဆန်တက်လာသောအဆိုပါ စစ်ရိက္ခာသယ် သင်္ဘောတစ်စီးကို ရွှေကူမြို့အဝင် ကျေးရွာတစ်ခုအနီးတွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့  ပစ်ခတ်

စစ်ကောင်စီ တပ်သားတစ်ဦးနှင့်လက်နက်များကို CDF မင်းတပ်အဖွဲ့မှ သိမ်းဆည်းရမိ

Posted: 18 Aug 2021 04:24 AM PDT

သြဂုတ်လ ၁၇ ရက် မင်းတပ်မတူပီလမ်းတွင် CDF မင်းတပ်အဖွဲ့နှင့်စစ်ကောင်စီတပ်ဖွဲ့အကြား ​ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င်တချို့သေဆုံးခဲ့ကာ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားတစ်ဦးနှင့်လက်နက်များကို CDF မင်းတပ်အဖွဲ့မှ သိမ်းဆည်းရမိထားကြောင်းကနဦးသိရသည်။CDF မင်းတပ်အဖွဲ့မှ လက်နက်အပြည့်အစုံနှင့်ထွက်ပြေးလာသည့်စစ်ကောင်စီတပ်သားများကို ဆုငွေ သိန်း ၅၀ ပေးမည်ဟုထုတ်ပြန်ထားသည်။Chin World https://www.facebook.com/

လားရှိုးတွင် သူခိုး၊ အကြမ်းဖက်လုယက်မှု ပိုများလာ

Posted: 18 Aug 2021 04:22 AM PDT

သျှမ်းသံတော်ဆင့် ၊ သြဂုတ် ၁၈ ရက် သျှမ်းမြောက် လားရှိုးမြို့နယ်တွင် အုပ်စုဖွဲ့ အကြမ်းဖက်လုယက်မှုများ၊ ပစ္စည်းခိုးယူခံရမှု  ပိုများလာကြောင်း  ဒေသခံများထံ စုံစမ်းသိရသည်။လားရှိုးတွင် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာများထံမှ တန်ဖိုးရှိပစ္စည်းများလုယူခြင်း၊ ဆိုင်ကယ်နှင့် ဖုန်းများအား လုယူခြင်း၊ နေအိမ်အတွင်း ဝင်ရောက်ခိုးယူမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများအတွက် လုံခြုံမှုအားနည်းနေကြောင်း သိရသည်။ "

စိုက်ပျိုးပြုစုစားရိတ် မြင့်တက်လာမှုကြောင့် သျှမ်းတောင်သူဉီးကြီးများ အခက်တွေ့

Posted: 18 Aug 2021 04:21 AM PDT

သြဂုတ် ၁၈ ရက် ၂၀၂၁မြေသြဇာစျေး၊ မျိုးစေ့စျေးများ၊ အလုပ်သမား ငှားခစျေးများ မြင့်တက်လာမှုကြောင့် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ် မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများ အခက်တွေ့နေကြောင်း သိရသည်။ တောင်သူ လယ်သမားများ အစိုက်များသည့် ပြောင်းဖူး၊ မြေပဲ နှင့် စပါး မျိုးစေ့စျေးမှာ ယခင်နှစ်ထက်   နှစ်ဆ မြင့်တက်နေပြီး အလုပ်သမား ငှားရမ်းခလည်း မြင့်တက်လာသဖြင့် တောင်သူ လယ်သမားများမှာ  လယ်ယာစိုက်ပျိုးရေးခေတ္တ

စစ်ကောင်စီသီးသန့်သုံး မဟာဓါတ်အားလိုင်း တာဝိုင် ၂ ခုကို ဖယ်ခုံ PDF ဖြိုချ

Posted: 18 Aug 2021 04:16 AM PDT

အကြမ်းဖက်မှုကိုလုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ယန္တာရားလည်ပတ်မှုကို ဟန့်တားဆောင်ရွက်နိုင်ရန်အတွက် ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ကြား လွယ်ဟွဲကျေးရွာအနီးရှိ လောပိတ အမှတ်(၃) စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားတဲ့ စစ်ကောင်စီ သီးသန့်သုံး မဟာဓါတ်အားလိုင်း တာဝါတိုင် ၂ခုကို ဖယ်ခုံ PDFမှ မိုင်းခွဲဖျက်စီး ဖြိုချခဲ့ကြောင်း ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။အဆိုပါ တာဝါတိုင်း ၂ခုမှာ လောပိတမှနေပြည်တော်၊

အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန်အတွက် Radio NUG မကြာမီစတင်မည်။

Posted: 18 Aug 2021 04:13 AM PDT

၁၈ ဩဂုတ် ၂၀၂၁မည်သို့သော အခြေအနေမျိုးမှာမဆို ပြည်သူလူထုနှင့် အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးနိုင်ရန်အတွက်   Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။Radio NUG အစီအစဉ်ကို ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ်

“တပ်ပျက်လုလု ဖိုးတက်ပု”

Posted: 18 Aug 2021 04:10 AM PDT

ကြောင်ရေချိုးတယ်ဆိုတာ ဘာလဲ သိကြတယ်ဟုတ် … အလုပ်မရှိ အလုပ်ရှာ … ပြီးတော့ ကိုယ့်ကိစ္စ ကိုယ်မရှင်းဘဲ ရေမကြိုက်တဲ့ ကြောင်ကို အလကားနေရင်း ပြဿနာရှာတဲ့သဘောပေါ့။ အခုလဲ အောင်နေမျိုးတစ်ယောက် ကြောင်ရေချိုးနေပြန်ပါပြီ။ ဘယ်တုန်းက ဘယ်သူပြောခဲ့မှန်းမသိပေမယ့် ယုံကြည်နေခဲ့တဲ့ စကားထဲကလို မိုးကြီး ရွာစေချင်လို့ပဲလားတော့မသိ … အနာရှိတဲ့သူတွေကတော့စပ်ကြမှာ ကွက်တိပါပဲ။ ကျူးလိပေါင် သတင်းစဉ်ပါ သရော်စာ "တပ်ပျက်လုလု ဖိုးတက်

ပြည်သူတွေကိုကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို NUG က မကြာမီဆုံးဖြတ်မည်

Posted: 17 Aug 2021 09:43 AM PDT

ပြည်သူတွေကိုကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို NUG က မကြာမီဆုံးဖြတ်မည် မင်းကင်း pdf တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် / Photo: CJပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ (NUG) က ဩဂုတ်လ ၁၇ ရက် ဒီနေ့ ပုံမှန်အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။နေ့တိုင်းလိုလို သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို

ရွှေဘိုမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဝင်ရောက်စီးနင်းထား

Posted: 17 Aug 2021 09:41 AM PDT

 ရွှေဘိုမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဝင်ရောက်စီးနင်းထား စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကျေးရွာတစ်ရွာမှာ ၂၀၂၁၊ ဇူလိုင် ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ်Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပလိုင်း၊ ဂုန်တန်၊ ကန်သာ စတဲ့ ရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းထားပြီး ရွာသားတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့

ဝိုင်း​မော်မြို့နယ် လမြန်​ကျေးရွာတွင် စစ်​ကောင်စီစစ်သားများ ယာယီဂိတ်ချကာ လမ်းသွားလမ်းလာပြည်သူများရဲ့ လက်ကိုင်ဖုန်းများကို ​ရှောင်တခင် စစ်​ဆေး

Posted: 17 Aug 2021 09:27 AM PDT

17 August 2021 - Kachinwavesဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင် ယနေ့ သြဂုတ်လ ၁၇ရက်နေ့ ၁၂နာရီခွဲအချိန်တွင် ကျေးရွာအတွင်း စစ်ကောင်စီစစ်သားများ ယာယီစခန်းလာချပြီး လမ်းသွားလမ်းလာပြည်သူများ၏ လက်ကိုင်ဖုန်းများကို စစ်​ဆေးနေကြောင်း သိရသည်။လမြန်ကျေးရွာအတွင်း ​နေရာ ၃​နေရာတွင် စစ်ကောင်စီစစ်သားများ စခန်းချထား​ကြောင်း သိရသည်။ စစ်​ကောင်စီစစ်သားများသည် ဖုန်းများကိုယာယီဂိတ်ထိုင် စစ်​ဆေးပြီး​နောက် နန့်ဇော်ကျေးရွာ

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတပ်ဖွဲ့မှ ပြည်သူလူထုကို ထိခိုက်နာကျင်အောင်ပြုလုပ်

Posted: 17 Aug 2021 09:25 AM PDT

 ၁၇ ရက် သြဂုတ်လ ၂၀၂၁ ခုနှစ် သူးလေသတင်းစဥ်။၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၈း၃၀ မိနစ်အချိန်တွင် ကေအဲန်ယူ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မထောအုပ်စု မထောကျေးရွာအတွင်းမှ တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ( စကခ - ၈ ခမရ ၄၀၇ မှ တပ်ရင်းမှူး ကျော်မင်းထက် ဦးဆောင်သောတပ်ဖွဲ့ ) သည် လက်နက်ကြီးမြောက်များစွာကို ရမ်းသမ်းပစ်ခတ်သောကြောင့် ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်းသို့ ၈ လုံးကျသည့်အပြင် 

ဖလမ်းမြို့နယ် Taal ကျေးရွာကအိမ်တွေကို အကြမ်းဖက် စကစတပ်ကဝင်ရောက်ဖျက်ဆီးပြီး ကြက်ဝက်တွေအကုန်ပစ်သတ်ဟုဆို

Posted: 17 Aug 2021 09:21 AM PDT

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဟာ ဖလမ်းမြို့နယ် တီာလ်(Taal)ကျေးရွာတွင် ၅ ရက်ကြာတပ်စွဲစခန်းချရာ အိမ်တွေအပြင်ဘုရားကျောင်းပါဝင်ရောက်ဖျက်ဆီးပြီး ရွာထဲကကြက်ဝက်တွေအကုန်လုံးသတ်ဖြတ်စားသောက်သွားတယ်လို့ ဒေသခံတွေက သတင်းပို့လာပါတယ်။တီာလ်ကျေးရွာဟာ ဖလမ်းမြို့ကနေ ၁၅ မိုင်လောက်ဝေးပြီး ဖလမ်း-ဟားခါးလမ်းပေါ်မှာရှိပါတယ်။ဒေသခံတစ်ဦးက "သူတို့က ဘုရားကျောင်းထဲမှာကြိုက်သလိုဝင်‌ေနကြတယ်ထင်တယ်။ ဘုရားကျောင်းထဲက

စလင်းမြို့က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲလို့ ရဲတဦးသေ ၂ ဦးဒဏ်ရာရ

Posted: 17 Aug 2021 09:19 AM PDT

စလင်း၊ ဩဂုတ် ၁၇၊ ၂၀၂၁။မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ အားကစားကွင်းရှေ့မှာရှိတဲ့  စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မနက် ၁၀ နာရီခန့်က ချိန်ကိုက်ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။"ရဲတဦးသေပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ ပြောတယ်။ လောလောဆယ် သွားမကြည့်ရသေးဘူး" လို့ အနီးနားနေထိုင်သူတဦးက ပြောပါတယ်။ပေါက်ကွဲမှုဖြစ်ပြီး မကြာခင် စစ်ကောင်စီတပ်တွေက ရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး လမ်းသွားလမ်းလာ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ကျင်းပပြုလုပ်ခဲ့တဲ့သတင်း တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ပူးပေါင်းပြီး အမျိုးသားကျန်းမာရေး ကော်မတီဖွဲ့စည်းတယ်ခဲ့တဲ့သတင်း

Posted: 17 Aug 2021 09:16 AM PDT

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ကျင်းပပြုလုပ်ခဲ့တဲ့သတင်းတိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ပူးပေါင်းပြီး အမျိုးသားကျန်းမာရေး ကော်မတီဖွဲ့စည်းတယ်ခဲ့တဲ့သတင်းကရင်နီပြည်တပ်မတော်(KA)ရဲ့ တပ်မတော်နေ့အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဌာနချုပ်နဲ့ KA တပ်ရင်းနယ်မြေတွေမှာ ကျင်းပခဲ့တဲ့ သတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။National