သစ္ထူးလြင္ |
- ကျေးသီးမြို့မဈေးရှိ ဆိုင်းခန်းများ မကြာခဏ ဖောက်ထွင်းခိုးခံရ
- မူဆယ် တရုတ်ငွေလှဲ အမျိုးသမီး ဓားခုတ်ခံရပြီး ငွေလုခံရ
- တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ
- တီးတိန်မြို့တွင် ယနေ့သြဂုတ်လ ၂၅ ရက်မနက်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့၏လာရောက်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့၀င် ၃ ဦးသေဆုံးသွား
- ထန်တလန်မြို့တွင်အိမ်ထဲရှိနေသည့် ၁၀ နှစ်အရွယ် ကလေး၁ ဦး ကျည်ထိမှန်သေဆုံး၊ပြည်သူတချို့ဒဏ်ရာရ
- CPPH ၊ NUG တို့နဲ့ ပတ်သက်ပြီး သတင်းပေးသူတွေကို ဆုကြေးငွေပေးဖို့ နစက အစည်းအဝေးမှာ ဆွေးနွေး တင်ပြ
- ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ၅ သန်း ထပ်မံထုတ်ရောင်း
- ချီဖွေ စစ်ရှောင်များ Covid-19 ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ
- ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ
- အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူတွေစုဆောင်းထားတဲ့ ရိက္ခာ၊ ပစ္စည်းတွေကို ဖျက်ဆီးပြီး ယူဆောင်သွား
- လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦးသေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ
- PDF (ဂန့်ဂေါ) က စကစယာဉ်တန်းမိုင်းခွဲရာ ၂၁ ယောက်သေဆုံး
ကျေးသီးမြို့မဈေးရှိ ဆိုင်းခန်းများ မကြာခဏ ဖောက်ထွင်းခိုးခံရ Posted: 25 Aug 2021 05:48 AM PDT သြဂုတ် (၂၅) ရက် ၂၀၂၁သျှမ်းပြည်တောင်ပိုင်း ကျေးသီး မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများကို ဖောက်ထွင်းခိုးခံရကြောင်း စုံစမ်းသိရသည်။ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးသီးမြို့နယ်ရှိ မြို့မဈေးကြီးကို (၂) လနီးပါး ပိတ်ထားရသဖြင့် သြဂုတ် (၂၄) ရက် မနက် ၂ နာရီခန့် ဖုန်းဆိုင် တစ်ဆိုင်ကို ဖောက်ပြီး ဖုန်းငွေဖြည့်ကဒ် နှင့် ဖုန်းဟန်းဆက်များ ခိုးယူသွားကြောင်း ကျေးသီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။"ဈေးပိတ် |
မူဆယ် တရုတ်ငွေလှဲ အမျိုးသမီး ဓားခုတ်ခံရပြီး ငွေလုခံရ Posted: 25 Aug 2021 05:47 AM PDT သြဂုတ် (၂၅) ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ကောင်းမူးတုံရပ်ကွက် ကောင်းမူးလွယ်နယ်မြေ တရုတ် - မြန်မာငွေလှဲသည့် အမျိုးသမီး တစ်ဦး ဓားပြ တိုက်ခိုက်ရကြောင်း စုံစမ်းသိရှိရသည်။ယနေ့ သြဂုတ် (၂၅) ရက် မနက် (၁၀) နာရီဝန်းကျင်က ကောင်းမူးလွယ်နယ်မြေရှိ ရွှေနဂါးဟော်တယ် မှာ အသက် (၄၅)နှစ် ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး ဓါးခုတ်ခံရပြီး ငွေလုခံရကြောင်း သိရသည်။" မူဆယ်ဆေးရုံမှာ သွေး (၃) ပုလင်း သွင်းရပြီး |
တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ Posted: 25 Aug 2021 05:46 AM PDT သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်၊ အထွက် နှင့် မြို့တွင်းတွင် စစ်ကောင်စီ အုပ်စုမှ စစ်ဆေးရေး တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။တောင်ကြီးမြို့တွင် ယမန့်နေ့ ဩဂုတ် (၂၄) က ၂၁၂ ဈေးနားတွင် ဗုံးပေါက်သည့်ဟု သတင်းထွက်ပေါ်လာသောကြောင့် စစ်ကောင်စီ က ယနေ့ ဩဂုတ် (၂၅) ရက်နေ့တွင် စစ်ဆေးမှုပိုပြုလုပ်လာခဲ့ကြောင်း တောင်ကြီးမြို့ ဒေသခံ အမျိုးသားတဦးကပြောသည်။" တောင်ကြီးအတက်လမ်း၊ မြို့ဝင်ထွက်လမ်း အကုန်စစ်တယ်။ ဒီ |
Posted: 25 Aug 2021 05:43 AM PDT တီးတိန်မြို့တွင် ယနေ့သြဂုတ်လ ၂၅ ရက်မနက်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့၏လာရောက်ပစ်ခတ်မှုကြောင့် တီးတိန်မြို့မြန်မာ့စီးပွားရေးဘဏ်တွင်လုံခြုံရေးယူသည့် ရဲတပ်ဖွဲ့၀င် ၃ ဦးသေဆုံးသွားကြောင်းတီးတိန်ဒေသခံများထံမှကနဦးသိရသည်။Chin World https://www.facebook.com/chinworldmedia/ |
ထန်တလန်မြို့တွင်အိမ်ထဲရှိနေသည့် ၁၀ နှစ်အရွယ် ကလေး၁ ဦး ကျည်ထိမှန်သေဆုံး၊ပြည်သူတချို့ဒဏ်ရာရ Posted: 25 Aug 2021 05:41 AM PDT ချင်းပြည်နယ်ထန်တလန်မြို့တွင်ယနေ့သြဂုတ်လ ၂၅ ရက် ညနေ ၄ နာရီ၀န်းကျင်ခန့်မှ ယခု အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF ထန်တလန်အဖွဲ့အကြားပစ်ခတ်မှုများရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အိမ်ထဲရှိနေသည့် ၁၀ နှစ်အရွယ် ကလေး ၁ ဦး ကျည်ထိမှန်သေဆုံးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိကြောင်း ကနဦးသိရသည်။Chin World https://www.facebook.com/chinworldmedia/ |
CPPH ၊ NUG တို့နဲ့ ပတ်သက်ပြီး သတင်းပေးသူတွေကို ဆုကြေးငွေပေးဖို့ နစက အစည်းအဝေးမှာ ဆွေးနွေး တင်ပြ Posted: 25 Aug 2021 05:37 AM PDT ဓာတ်ပုံ - nlm ၊ အင်တာနက် စာမျက်နှာများနေပြည်တော်၊ ဩဂုတ် ၂၅၊ ၂၀၂၁ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့နဲ့ ပတ်သက်ပြီး သတင်းပေးတဲ့သူတွေကို ဆုကြေးငွေပေးဖို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) အဖွဲ့ဝင် တချို့က အစည်းအဝေးမှာ တင်ပြ ဆွေးနွေးကြောင်း သိရပါတယ်။ဩဂုတ်လ၂၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ နစက ကောင်စီ အစည်းအဝေးမှာ ကောင်စီဝင် |
ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ၅ သန်း ထပ်မံထုတ်ရောင်း Posted: 25 Aug 2021 05:33 AM PDT နေပြည်တော်၊ သြဂုတ် ၂၅၊ ၂၀၂၁မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၅ သန်းကို သြဂုတ်လ ၂၅ ရက်နေ့မှာ ဈေးပြိုင် လေလံ စနစ်နဲ့ ထပ်မံ ထုတ်ရောင်းကြောင်း သိရပါတယ်။အဆိုပါ ဒေါ်လာ ၅ သန်းအား ပျမ်းမျှငွေလဲနှုန်း ၁ ဒေါ်လာလျှင် ၁,၆၆၃ ကျပ်နှုန်းနဲ့ ထုတ်ရောင်းခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ဗဟိုဘဏ် အနေနဲ့ အခု အမေရိကန် ဒေါ်လာ ထုတ်ရောင်းမှုမှာ ဩဂုတ်လအတွင်း ၇ ကြိမ်မြောက် ရောင်းချခြင်း |
ချီဖွေ စစ်ရှောင်များ Covid-19 ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ Posted: 25 Aug 2021 05:32 AM PDT August 24, 2021ကချင်ပြည်နယ် ချီဖွေမြို့ရှိ စစ်ရှောင်စခန်းတွင် Covid-19 ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့မှုများ မရရှိသေးတာကြောင့် ရောဂါလက္ခာပြလာပါက ဆေးရုံတွင် ငွေပေးကာ သွားရောက်စစ်ဆေးနေရကြောင်း သိရသည်။စစ်ရှောင်စခန်းတွင် ကိုဗစ်နှင့်သက်ဆိုင်သော ကူညီထောက်ပံ့မှုများ မရသဖြင့် တစ်ဦးလျှင် တစ်သောင်းပေးကာ ဆေးရုံတွင် သွားစစ်ကြရကြောင်း KBC စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။"ကျမတို့ ချီ |
ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ Posted: 25 Aug 2021 05:30 AM PDT August 25, 2021ဗန်းမော်မြို့အထွက် မံစီသွားလမ်းမပေါ်ရှိ ဖန်ခါးကုန်း (Hpang Ga Kawng) စစ်တပ်ဂိတ်သည် Covid-19 အကြောင်းပြကာ ဖြတ်သန်းသွားလာသူများကို ထောက်ခံစာပြခိုင်းပြီး မပြနိုင်ပါက ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး ဗန်းမော် မံစီလမ်းရှိ ဖန်ခါးကုန်း ဂိတ်တွင် ငွေကြေးပေးဆောင်သူတိုင်းသည် ကိုဗစ်-၁၉ ကာလ မြို့နယ်ကူး ခရီးသွားလာခွင့် လက်မှတ်ပြစရာမလိုဘဲ |
အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူတွေစုဆောင်းထားတဲ့ ရိက္ခာ၊ ပစ္စည်းတွေကို ဖျက်ဆီးပြီး ယူဆောင်သွား Posted: 24 Aug 2021 05:05 PM PDT ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းသွားရင်း ကျေးရွာအချို့ရဲ့ တောင်ယာစိုက်ခင်းတဲမှာ တွေ့ရှိတဲ့ ဒေသခံတောင်သူများ သိမ်းဆည်းထားတဲ့ စားနပ်ရိက္ခာ၊ ပစ္စည်းတွေကို ဖျက်ဆီးသွားပြီး ပစ္စည်းအချို့ကို ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။"စစ်ကြောင်းသွားရင်း တောင်ယာခင်းထဲဖြတ်တာ တောင်ယာမှာတချို့က ပစ္စည်းသွားထားတာရှိတယ်လေ။ အဲ့ဒါတွေ့တော့ ယူပါလေရော |
လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦးသေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ Posted: 24 Aug 2021 05:02 PM PDT ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အရှေ့ဖက်ခြမ်း ကုန်းဆွတ်နဲ့ ကျောက်ကြီးကျေးရွာအကြားမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ရင်း တိုက်ပွဲ မိနစ်(၃၀)ခန့်ကြာမြှင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ် |
PDF (ဂန့်ဂေါ) က စကစယာဉ်တန်းမိုင်းခွဲရာ ၂၁ ယောက်သေဆုံး Posted: 24 Aug 2021 04:59 PM PDT တိုက်ပွဲသတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် ( ၀၄၊ ၂၀၂၁) သြဂုတ်လ (၂၄) ရက်၊ ၂၀၂၁။ ဂန့်ဂေါ - ကလေး ကားလမ်းတွင် အကြမ်းဖက်စစ်တပ်၏ ကား(၄) စီးပါသော ယဥ်တန်းကို မိုင်း၊ တူမီးလက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ ကား (၁) စီး မိုင်းထိပျက်စီးပြီး စစ်ခွေး (၂၁) ကောင် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.