သစ္ထူးလြင္ |
- တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပြော
- NUG အစိုးရရဲ့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးကို ပြောင်းရွှေ့ခန့်အပ်
- မြန်မာ COVID-19 ကူးစက်သူ ၂,၅၀၂ ယောက်၊ သေဆုံးသူ ၁၁၅ ယောက် ထပ်တိုး
- လွိုင်ကော်တိုက်ပွဲ၊ KNDF နဲ့ စစ်ကောင်စီ ပြောဆိုချက်ကွဲလွဲ
- လွိုင်ကော်မြို့လယ် Mytel ရုံး ပေါက်ကွဲမှုဖြစ်
- မြန်မာဝယ်ထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အချိန်မီပို့မယ်လို့ ရုရှားပြော
တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပြော Posted: 25 Aug 2021 10:48 AM PDT သြဂုတ်လ ၂၄ ရက်နေ့ မနေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းဆွတ်ရွာနဲ့ ကျောက်ကြီးရွာ အကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့အကြား အချိန်နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ခုနစ်ဦး ကျဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို KNDF ဘက်ကလည်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF |
NUG အစိုးရရဲ့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးကို ပြောင်းရွှေ့ခန့်အပ် Posted: 25 Aug 2021 10:46 AM PDT NUG အစိုးရရဲ့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးကို ပြောင်းရွှေ့ခန့်အပ် NUG ရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံရတဲ့ ဒေါ်ခင်မမမျိုးကို တွေ့ရစဉ်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့ |
မြန်မာ COVID-19 ကူးစက်သူ ၂,၅၀၂ ယောက်၊ သေဆုံးသူ ၁၁၅ ယောက် ထပ်တိုး Posted: 25 Aug 2021 10:44 AM PDT ရန်ကုန် အ ခြေစိုက် ကိုဗစ် အကူအညီပေးရေး ပရဟိတအသင်းတခု အသင့်ပြင်နေစဉ် (ဓာတ်ပုံ - AFP)ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ၊ ကိုဗစ်ရောဂါကြောင့် သေဆုံးတာတွေ ဆက်ရှိနေဆဲပါ။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၁,၈၆၆ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၂,၅၀၂ ယောက်ရှိပြီး သေဆုံးသူ ၁၁၅ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ |
လွိုင်ကော်တိုက်ပွဲ၊ KNDF နဲ့ စစ်ကောင်စီ ပြောဆိုချက်ကွဲလွဲ Posted: 25 Aug 2021 10:42 AM PDT KNPP တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - Kantarawaddy Times / AFP)ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KNDF ဘက်ကပြောပါတယ်။ စစ်ကောင်စီကတော့ လွိုင်ကော်ဘက် တိုက်ပွဲဖြစ်ခဲ့တာမရှိဘူးလို့ ပြောပြီး ဒီးမော့ဆိုမြို့နယ်မှာ တပ်မတော်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ဖျက်စီးခံရတယ်လို့ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က |
လွိုင်ကော်မြို့လယ် Mytel ရုံး ပေါက်ကွဲမှုဖြစ် Posted: 25 Aug 2021 10:40 AM PDT လွိုင်ကော်မြို့လယ် Mytel ရုံး ပေါက်ကွဲမှုဖြစ်သြဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီဝန်းကျင်က လွိုင်ကော်မြို့လယ်ရှိ Mytel ရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းကယားပြည်နယ် အခြေစိုက် Progressive Karenni People Force -PKPFသတင်းပြန်ကြားရေးက သတင်းကို ဓာတ်ပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။လွိုင်ကော်ဒေသခံတွေ ကိုဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ လည်းပေါက်ကွဲမှုဖြစ်တာမှန်ကန်ကြောင်း ဘီဘီစီကိုပြောပါတယ်။ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာကို မ |
မြန်မာဝယ်ထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အချိန်မီပို့မယ်လို့ ရုရှားပြော Posted: 25 Aug 2021 10:38 AM PDT Pantsir-S လေကြောင်းရန်ကာကွယ်ရေးစနစ်မြန်မာက မှာယူထားတဲ့ Pantsir (ပန်ဆီယာ) လေကြောင်းရန်ကာကွယ်ရေးစနစ် စစ်လက်နက်တွေကို စာချုပ်မှာပါတဲ့ အစီအစဥ်အတိုင်း ရုရှားက ပို့ဆောင်ပေးမယ်လို့ ရုရှား စစ်ဘက်နည်းပညာကော်ပိုရေးရှင်းရဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့က ပြောကြားကြောင်း Interfax သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ဒီဒုံးလက်နက်တွေဟာ လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေကို ပစ်ချနိုင်ပါတယ်။မြန်မာနဲ့ ရုရှားတို့ဟာ အဲဒီ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.