Friday, October 30, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မင်းပြားနဲ့ ပေါက်တောမှာ လက်နက်ကြီးကျည်ကြောင့် အရပ်သား ကိုးဦးဒဏ်ရာရ

Posted: 30 Oct 2020 06:30 AM PDT

မင်းပြားမြို့နယ် စက္ကရေကျေးရွာမှာ လက်နက်ကျည်ကျလို့ ဒဏ်ရအမျိုးသမီးကို အောက်တိုဘာလ ၂၉ ရက်နေက စစ်တွေဆေးရုံသို့ ယူဆောင်လာစဥ်။Photo: Ni Min Tun/RFAရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အတွင်းမှာ ကလေးတွေ သေဆုံးဒဏ်ရာရတာ ၁ဝဝ ကျော်သွားပြီလို့ ကုလသမဂ္ဂ က သတိပေးခဲ့ပြီး ရက်ပိုင်းမှာပဲ နောက်ထပ် ထိခိုက်မှုတွေ ရှိနေပါတယ်။မနေ့ကဆိုရင် မင်းပြားနဲ့ ပေါက်တောမြို့နယ်ထဲက မြစ်ကမ်းနဘေး ရွာတချို့

ရွေးကောက်ပွဲအတွက် အပစ်ရပ် သက်တမ်းတိုးကြောင်း တပ်မတော်ထုတ်ပြန်

Posted: 30 Oct 2020 06:28 AM PDT

၂၀၂၀ မတ်လ ၆ ရက်နေ့က ရှမ်းပြည်‌‌မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် တပ်မတော်သားတချို့ကို တွေ့ရစဉ်။အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့နယ်မြေတွေကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်စဲရေး တိုးမြှင့်မယ်လို့ တပ်မတော်က ကြေညာလိုက်ပါတယ်။၂၀၂၀ ပြည့်နှစ် မေလကတည်းက စတင်‌ကြေညာခဲ့တဲ့ တစ်ဘက်သတ် အပစ်အခတ် ရပ်စဲရေးကို တပ်မတော်ဘက်က တစ်လတစ်ကြိမ် လစဉ်ပုံမှန် သက်တမ်းတိုးလာ

မြန်မာ ကိုဗစ်လူနာကုသရေး ဆေးရုံတွေ တိုးချဲ့ဖို့ ပြင်ဆင်နေ

Posted: 30 Oct 2020 06:27 AM PDT

ရန်ကုန်မြို့ရှိ Quarantine Center တခုတွင် ကိုဗစ်သံသယရှိလူနာစာရင်းကို စစ်ဆေးနေသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားတစ်ဦး။ (အောက်တိုဘာ ၁၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေချိန်မှာပဲ တိုင်းနဲ့ ပြည်နယ်တွေမှာပါ လူနာတွေကို ကုသပေးနိုင်အောင် ဆေးရုံတွေကို တိုးချဲ့ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။ကိုဗ

မြန်မာ့ကိုဗစ်နောက်ဆုံးအခြေအနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ထားမှု

Posted: 30 Oct 2020 06:25 AM PDT

ရန်ကုန် ကွာရန်တင်းစင်တာမှ ကျန်းမာရေးဝန်ထမ်းများ မဲပေးကြသည့်မြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)ကိုဗစ်ဖြစ်နေဆဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလည်း ကျင်းပတော့မှာဖြစ်တဲ့အတွက် ကိုဗစ် နောက်ဆုံးအခြေအနေနဲ့ ကာကွယ်ရေးအတွက် ပြင်ဆင်ထားတာတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက မေးရာမှာ နောက်ဆုံး ကူးစက်မူအခြေအနေကို သူက အခုလို စတင် သုံးသပ်ပြပါတယ်။ဒေါက်တာသန်းနိုင်စိုး။ ။

ရွေးကောက်ပွဲကာလ ပဋိပက္ခ၊ အဓိကရုဏ်း၊ အငြင်းပွားမှုတွေ ဖြစ်လာနိုင်

Posted: 30 Oct 2020 06:22 AM PDT

နိုဝင်ဘာလ ၈ နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ အဓိကရုဏ်းလိုတွေအပြင် အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ဖြစ်နိုင်ချေ အလားအလာ အများကြီးရှိတယ်လို့ လေ့လာစောင့်ကြည် သူတွေက ပေးပို့ထားတယ်လို့ New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။New Myanmar Foundation နဲ့ ရွေကောက်ပွဲ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ရွေးကောက်ပွဲ အကြိုကာလ အငြင်းပွားမှု၊ ပဋိပက္ခတွေနဲ့ လုံခြုံရေး အခြေအနေအပေါ်

မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌလုပ်ရပ်ကို ဒေသခံတွေကန့်ကွက်ကြ

Posted: 30 Oct 2020 06:19 AM PDT

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြိုနယ် ကျွန်းရင်းရွာမှာ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ပွားတာကြောင့် မြိုနယ်ကော်မရှင်က ရှင်းပြနေတာကို တွေ့ရစဉ်Photo: Soe Yar Zarမကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌက သူမဲပေးချင်တဲ့ပါတီကို တံဆိပ်နှိပ်ပေးလိုက်တယ်ဆိုပြီး ဒေသခံတွေက မကျေနပ်ကြဘဲ လူစုလူဝေးနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။

ဗန်းမော်က လေကြောင်းရုံးအနုကြမ်းစီးခံရပြီး တစ်ဦးသေဆုံး

Posted: 30 Oct 2020 06:11 AM PDT

ဓာတ်ပုံ - ဗန်းမော်မြို့နယ်ရဲတပ်ဖွဲ့ ကချင်ပြည်နယ်၊ဗန်းမော်မြို့လယ် က မြန်မာ့အမျိုးသားလေကြောင်းလိုင်းရုံး ဒီမနက်မှာ အနုကြမ်းစီးခံရပြီး မန်နေဂျာရဲ့ ဇနီးအသတ်ခံခဲ့ရတယ်လို့ ဗန်းမော်အမတ် ဦးအောင်သိန်းက ဘီဘီစီကိုအတည်ပြုပါတယ်။Mask တပ်ထားတဲ့ လူသုံး‌ယောက်ရုံးခန်းထဲဝင်လာကာ မန်နေဂျာကို ထိုးကြိတ်ပြီးသတိလစ်သွားတဲ့အခါ ထိုင်ခုံမှာ တိတ်တွေနဲ့ပတ်ပြီး ချုပ်ထားခဲ့တယ်လို့ ရဲကိုထွက်ချက်ပေးထားပါတယ်။ သူသတိရလာတဲ့အခါ

ထိုင်း-မြန်မာနယ်စပ် ယာဉ်မောင်းနှစ်ဦး ကိုဗစ်ကူးစက်

Posted: 30 Oct 2020 06:09 AM PDT

မြန်မာဘက်က ကုန်ကားမောင်းသမားတွေကို ထိုင်းဘက်က COVID 19 စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ ( အောက်တိုဘာ ၂၉၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားရတဲ့ ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံသား ယာဉ်မောင်း ၂ ယောက်မှာ ရောဂါပိုးကူးစက်နေတာ စစ်ဆေးတွေ့ရှိတာကြောင့် စောင့်ကြည့်စစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်း မြန်မာ

အိန္ဒိယရွှေမှောင်ခိုမှု မြန်မာနိုင်ငံတွင်း အဆက်အသွယ်ရှိနိုင်

Posted: 30 Oct 2020 06:08 AM PDT

 အိန္ဒိယနိုင်ငံထဲ ရွှေချောင်းမှောင်ခို တင်သွင်းမှုနဲ့ ဆက်စပ်နေတဲ့ မြန်မာ၊ နီပေါနဲ့ ဘူတန်နိုင်ငံက လူတွေနဲ့ ပတ်သက်တဲ့ သဲလွန်စ တွေ ကို ရှာဖွေ တွေ့ရှိထားပြီလို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)က ပြောကြောင်း အိန္ဒိယ သတင်းဌာနတွေက ကြာသပတေးနေ့က ပြောပါတယ်။ဩဂုတ်လတုန်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရထားဘူတာတစ်ခုမှာ အလေးချိန် ၈၃.၆၂၁ ကီလို (၅၁.၂ ပိဿာ) ရှိတဲ့ ရွှေချောင်းတွေ သိမ်းဆည်းရရှိခဲ့တဲ့

မိုင်းပန်မြို့နယ် မဲရုံသွားစစ်သည့် အစိုးရ ဝန်ထမ်း ၂ဦးကို RCSS/SSA တပ်သားများပစ်ခတ်ဟုဆို

Posted: 30 Oct 2020 05:14 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုတွင်း မဲရုံသွားစစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ၂ ဦး အား ပစ်ခတ်မိကြောင်း RCSS/SSA က အတည်ပြုပြောဆိုသည်။အောက်တိုဘာ ၂၇ ရက် နေ့လည် ၁ နာရီ ဝန်းကျင်က မဲရုံဝန်ထမ်း နှင့်မဲရုံ ပစ္စည်းများ သွားပို့ဆောင်သည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ကို သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

Posted: 30 Oct 2020 05:11 AM PDT

၃၀ အောက်တိုဘာမိုးရွာတာ စိပ်ပြီး ရာသီဥတုလေးလည်း အေးလာတဲ့အခါကျတော့ ခန္ဓာကိုယ်က အပရိက နာဖျားမှုလေး တွေ ဖြစ်လာတာပေါ့။ ဒီထဲမှာ ချောင်းဆိုးတာလည်း တစ်ခု အပါအဝင်ပါပဲ။ ချောင်းခြောက်ဆိုးတဲ့ သူလည်း ရှိသလို ချွဲထတဲ့သူလည်း ရှိတာပေါ့။ ဒီလိုအချိန်မှာ ဆေးရုံ ဆေးခန်း မသွားချင်သေးဘူးဆိုရင် အိမ်မှာတင် သက်သာအောင် ဘယ်လိုလုပ်နိုင်မလဲ။ နည်းလမ်းကောင်း လေးတွေ မျှဝေပေးလိုပါတယ်။ချောင်းဆိုးခြင်းအတွက် အိမ်တွင်းနည်းလမ်းများ•

ကြွပ်ကြွပ်အိတ်အတွင်း ဖုန်းနှစ်လုံးထည့် အားသွင်းထားရာမှ မီးလောင်မှု မန္တလေးတွင် ဖြစ်ပွား

Posted: 30 Oct 2020 05:05 AM PDT

မန္တလေး ၃၀  အောက်တိုဘာမန္တလေးမြို့တွင် ကြွပ်ကြွပ်အိတ်အတွင်း ဖုန်းနှစ်လုံး ထည့်အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီခွဲအချိန်ခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၂၉လမ်း၊ ၇၉ လမ်းနှင့် လမ်း ၈၀ ကြားရှိ သရဖူစားသောက်ဆိုင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။မီးလောင်နေစဉ် အဆောက်အဦ အပေါ်ထပ်အခန်းတွင် ပိတ်မိနေသည့် အမျိုးသား၊ အမျိုးသမီး (၁၁) ဦး အသက်ရှင်

ဖိလစ်ပိုင်မှာ ကြက်တိုက်ပွဲဝင်ဖမ်းတဲ့ ရဲအရာရှိ ဒဏ်ရာရသေဆုံး

Posted: 29 Oct 2020 01:27 PM PDT

ဖိလစ်ပိုင်နိုင်ငံ Manila မြို့က ကြက်တိုက်ပွဲ။ (သြဂုတ် ၁၀၊ ၂၀၁၄)ဖိလစ်ပိုင်နိုင်ငံမှာ တရားမဝင် ကြက်တိုက် လောင်းကစားဝိုင်းတခုကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် ကြက်အတက်မှာ တပ်ထားတဲ့ ဘလိတ်ဓားနဲ့ ထိခိုက်မိတာကြောင့် သေဆုံးသွားခဲ့ရပါတယ်။Samar မြောက်ပိုင်းပြည်နယ်က San Jose ရဲဌာနအကြီးအကဲ Christian Bolok က တိုက်ကြက်ကို ဖမ်းဖို့ ကြိုးစားတုန်း ကြက်အတက်မှာ တပ်ထားတဲ့ ဘလိတ်ဓားအသွားက သူ့ရဲ့ ပေါင်ခြံ

မြန်မာ COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းတွေ ကုလကူညီ

Posted: 29 Oct 2020 01:25 PM PDT

မှတ်တမ်းဓါတ်ပုံ- မေလ ၁၀ ရက်နေ့တုန်းက WFP နှငင့် UNICEF မှလှူသော COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းများမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာနေချိန်မှာ ကုလသမဂ္ဂအဖွဲ့ က ဌာနေ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ola Almgren ဦးဆောင်တဲ့အဖွဲ့က တဆင့် ကပ်ရောဂါအတွက် လိုအပ်တာတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။မြန်မာနိုင်ငံအတွက် ရောဂါထိန်းချုပ်ရေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် နေပြည်တော်မှာ ကြိုတင်မဲပေး

Posted: 29 Oct 2020 01:23 PM PDT

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  သမ္မတဦးဝင်းမြင့် တို့ဟာ ဒီနေ့ အောက်တိုဘာလ ၂၉ ရက် နေ့  မနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှာ ကြိုတင်မဲ လာရောက် ပေးခဲ့ပါတယ်။သမ္မတ ဦးဝင်းမြင့်က သူ့မဲစာရင်းပါတဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်အတွက် ကြိုတင်မဲပေးခဲ့တာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့ရဲ့အိမ်ထောင်စုစာရင်းရှိရာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်

၂၀၂၀ ရွေးကောက်ပွဲနဲ့ တစ်သီးပုဂ္ဂလအမတ်လောင်းတွေရဲ့ အလားအလာ

Posted: 29 Oct 2020 01:20 PM PDT

ဦးလှဌေးမဲဆွယ်စည်းရုံးစဥ်နိုဝင်ဘာလ ၈ရက်မှာ ကျင်းပမယ့် ၂၀၂၀ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန် ကိုဗစ်ကပ်ရောဂါနဲ့ကြုံနေရလို့ ကိုယ်စားလှယ်လောင်းတွေ မဲဆန္ဒရှင်တွေနဲ့ တိုက်ရိုက်ထိတွေ့ မဲဆွယ်ရာမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ဒါကြောင့် ပါတီကို လူတွေသိပြီးသားဖြစ်တဲ့ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေထက် မဲဆန္ဒရှင်တွေနဲ့ မဖြစ်မနေမိတ်ဆက်ဖို့လိုတဲ့ တစ်သီးပုဂ္ဂလတွေအတွက် အခက်အခဲတွေ ရှိနေပါ

တိုင်ဖွန်း မိုလာဗေ့ ကြောင့် ရေကြီးမြေပြိုခဲ့မှုတွေအတွင်း လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

Posted: 29 Oct 2020 01:13 PM PDT

ရွှံနွံတွေအောက်ကနေ အသက်ရှင်နိုင်ဘွယ် လူတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေဗီယက်နမ်နိုင်ငံမှာ အားပြင်းတဲ့ တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့အပြီး မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေအတွင်း အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် လူဒါဇင်နဲ့ချီလည်း ပျောက်ဆုံးနေပါတယ်။မိုလာဗေ့ (Molave) တိုင်ဖွန်းမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဒါနောင်းမြို့အနီးက ပင်လယ် ကမ်းရိုးတန်းကို ဝင်ရောက်

တရုတ်အလုပ်ရှင် ပိတ်လှောင်ခံရသူ မြန်မာအမျိုးသမီးတွေ ပြန်လွတ်မြောက်

Posted: 29 Oct 2020 01:10 PM PDT

တရုတ်မြန်မာနယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့စစ်ဆေးရေးဂိတ် မြင်ကွင်း။ (မေ ၂၅၊ ၂၀၁၂)တရုတ်နိုင်ငံမှာ အလုပ်ရှင်ရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေ ခံနေရတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြလိုက်ပြီးနောက် မြန်မာအလုပ်သမား အမျိုးသမီး ၄၀ နီးပါး ပြန်လည်လွတ်မြောက်လာတဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။တရုတ်နိုင်ငံ ရွှေလီမြို့က ဖုန်းအားသွင်းကြိုးစက်ရုံမှာ အလုပ်လုပ်

ထိုင်းက နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ သတိပေးနေ

Posted: 29 Oct 2020 12:54 PM PDT

ကိုဗစ်အရေးပေါ်ကာလမှာ ဗီဇာနဲ့ အလုပ်လုပ်ခွင့်အထောက်အထားများ သက်တမ်းတိုးနေတဲ့ နိုင်ငံခြားသားအလုပ်သမားများ။ (ဓာတ်ပုံ - ထိုင်းလဝက - အောက်တိုဘာ ၂၉၊ ၂၀၂၀)မြန်မာနိုင်ငံသားတွေ အပါအဝင် ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားတွေ ကိုဗစ်ကပ်ရောဂါကာလ နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးရမယ့် နောက်ဆုံးရက်နီးလာတာကြောင့် ထိုင်းအာဏာပိုင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသောင်းကျော်လာ

Posted: 29 Oct 2020 12:52 PM PDT

ကိုဗစ်-၁၉ ပိုး ရှိ-မရှိ စစ်ဆေးရန် ကျန်းမာရေးဝန်ထမ်းတဦးက နှာခေါင်းတို့ဖတ် ယူနေစဉ်။Photo: AFPကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၁၉၉ ယောက် ရှိသွားပါပြီ။ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ ၂၇ ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ ၂၂ ယောက်ဟာ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ တစ်ရက်

ICRC ရိက္ခာတင် လှေဝန်ထမ်းတွေ ပြောကြားချက်နဲ့ တပ်မတော်ထုတ်ပြန်ချက် ကွဲလွဲနေ

Posted: 29 Oct 2020 12:51 PM PDT

ရခိုင်ပြည်နယ်စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့နယ်ထဲက ဒုက္ခသည်တွေအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့သွားတဲ့ အငှားစက်လှေတစ်စီး ရသေ့တောင်မြို့နယ် ပြိန်းတောရွာအနီးမှာ အောက်တိုဘာ ၂၈ ရက် မနေ့က ပစ်ခတ်ခံရလို့ စက်လှေမီးလောင်ပြီး လူသေဆုံးတဲ့ သတင်းကို RFA က မနေ့ညက ထုတ်လွှင့်ခဲ့ရာမှာ...ဒီသတင်းထုတ်လွှင့်ချက်ဟာ မှန်ကန်မှုမရှိဘဲ တပ်မတော်ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင် RFA က

လူ ၃ ဦးသေဆုံးခဲ့တဲ့ နိစ်မြို့ ဓားထိုးတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ မြို့အုပ်ချုပ်ရေးမှူးပြော

Posted: 29 Oct 2020 12:48 PM PDT

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ဖမ်းထားပါတယ်ပြင်သစ်နိုင်ငံတောင်ပိုင်းက နိစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားနဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၃ ယောက် အသတ် ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။"နော်ထရာဒမ်း ကျောင်းတော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်တယ် ဆိုတာကို ဖော်ပြနေတယ်"လို့ နိစ်မြို့အုပ်ချုပ်ရေးမှူး ခရစ်စ်ရှန် အက်စတရိုဆီ က ပြောပါတယ်။တိုက်ခိုက်

အမေရိကန် ကောင်စစ်ဝန်ရုံးနားမှာ ထိန်းသိမ်းခဲ့တဲ့ ဟောင်ကောင် ဆယ်ကျော်သက် တိုနီချန်း ကို တရားစွဲဆို

Posted: 29 Oct 2020 12:46 PM PDT

ဒီမိုကရေစီ လှုပ်ရှားသူ ကျောင်းသား တိုနီချန်းဟောင်ကောင်က ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူ တိုနီချန်းဟာ အမေရိကန် ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ အဖမ်းခံခဲ့ရပြီး ရက်ပိုင်းအကြာမှာ လုံခြုံရေး ဥပဒေသစ်နဲ့ တရားစွဲခံလိုက်ရပါတယ်။အသက် ၁၉ နှစ်အရွယ် မစ္စတာ ချန်းဟာ ကောင်စစ်ဝန်ရုံးထဲဝင်ပြီး ခိုလှုံခွင့် တောင်းခံဖို့ စီစဉ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ဟောင်ကောင်ကနေ ခွဲထွက်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု အကြောင်းအရာ

Wednesday, October 28, 2020

သစ်ထူးလွင်

သစ်ထူးလွင်


လမ်းချဲ့လို့ မြေပြိုမှုများလာပြီး တီးတိန်ဒေသခံတွေ အခက်တွေ့

Posted: 28 Oct 2020 07:57 AM PDT

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာရှိတဲ့ ကျေးရွာတချို့မှာ အစိုးရရဲ့ ဖွံ့ဖြိုးရေး ဘတ်ဂျက်နဲ့ ကားလမ်းတွေ တိုးချဲ့ဖောက်လုပ်တာတာကြောင့် မြေပြိုမှုတွေဖြစ်ပြီး ဒေသခံတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။ချင်းတောင်တန်းပေါ်မှာ တည်ရှိတဲ့ တီးတိန်မြို့နယ်က လမ်းတိုးချဲ့ဖောက်လုပ်ရေးလုပ်ငန်းတွေဟာ မိုးတွင်းကာလဖြစ်တဲ့ အခုချိန်မှာ မြေစာတွေပြိုကျပြီး ဒေသခံတွေ သွားလာရ အဆင်မပြေဖြစ်နေတာပါ။အရင်လမ်းမတိုးချဲ့ခင်ကထက် မြေ

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြုစုစုပေါင်း ၄၉,၀၇၂ ဦး၊ သေဆုံး ၁,၁၇၂ ဦး

Posted: 28 Oct 2020 07:55 AM PDT

ရန်ကုန်မြို့စျေးတခုတွင် မျက်နှာအကာအကွယ်များ ဝတ်ဆင်၍ စျေးရောင်းနေသူများ။ အောက်တိုဘာ ၂၂၊ ၂၀၂၀မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၄၀၆ ဦး ထပ်တိုးသလို သေဆုံးသူ ၂၅ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၄,၂၀၆ ခုကို စစ်ဆေးခဲ့တာမှာ အခုလို နောက်ထပ် ကူးစက်သူတွေ တွေ့ရတာပါ။ဒါကြောင့် အခုချိန်ထိ

ကိုဗစ်ကာလ အလုပ်သမားထောက်ပံ့ကြေးနှောင့်နှေး

Posted: 28 Oct 2020 07:53 AM PDT

အလုပ်ဆင်းဖို့ အလုပ်သွားကြတဲ့ အလုပ်သမားများကို ရန်ကုန်မြို့ရှိ လှိုင်သာယာစက်မှုဇုန်မှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေထဲက လူမှုဖူလုံရေးခံစားခွင့် မရှိသူတွေကို အစိုးရက ကူညီထောက်ပံ့မယ့် အစီအစဉ်မှာ ကြန့်ကြာမှုတွေ ကြံုနေရတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါပေးမယ်။ကပ်ရောဂါ ကူးစက်မှုတွေ အများစုကြုံနေရတဲ့

အမျိုးသမီးတွေကို အဝတ်အစားချွတ်ရှာတဲ့ကိစ္စ ကာတာက စုံစမ်းစစ်ဆေးမယ်

Posted: 28 Oct 2020 07:51 AM PDT

မွေးကင်းစလေးတစ်ယောက်ကို အမှိုက်ပုံးထဲမှာ တွေ့ရပြီးတဲ့နောက် အမျိုးသမီးခရီးသည် တွေကို အဝတ်အစားချွတ် စစ်ဆေးခဲ့ဒိုဟာက လေဆိပ်တစ်ခုမှာ အမျိုးသမီးခရီးသည်တွေ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေစစ်ဆေးတာခံခဲ့ရတယ် ဆိုတဲ့ အရေးကိစ္စအပေါ် ကာတာနိုင်ငံက စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။လေဆိပ်ကနေ ပျံသန်းမယ့် လေယာဉ်ခရီးစဉ် ၁၀ ခု မှာ လိုက်ပါကြမယ့်အမျိုးသမီးတွေ အခုလို အဖြစ်နဲ့ကြုံခဲ့ရတာ လို့ ပြောနေကြတာပါ။အောက်တိုဘာလ ၂

ရသေ့တောင်နဲ့ မောင်တောမြို့နယ်ကြားက တပ်မတော်စခန်းတွေ တိုက်ခိုက်ခံရ

Posted: 28 Oct 2020 07:49 AM PDT

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တွေအတွင်း မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မနက်ပိုင်းက တပ်မတော်နဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်း စခန်းတွေကို ရက္ခိုင့်တပ်တော် အေအေ ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အတည်ပြုချက်ကိုတော့ မရရှိသေးပါဘူး။စခန်းတွေ

ICRC ရိက္ခာတွေတင်လာတဲ့ စက်လှေ ပစ်ခတ်ခံရလို့ အရပ်သား တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

Posted: 28 Oct 2020 07:46 AM PDT

ရသေ့တောင်မြို့နယ်မှာ ၂၀၂၀ အောက်တိုဘာ ၂၈ ရက်နေ့က (ICRC)အဖွဲ့က ပစ်ခတ်ခံရတဲ့ စက်လှေကို တွေ့ရစဉ် / Photo: CJရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဒီနေ့နေ့လယ်ပိုင်းက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အဖွဲ့က စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့မယ့် ရိက္ခာတွေ တင်လာတဲ့ စက်လှေတစ်စီးဟာ မေယုမြစ်ထဲမှာ ပစ်ခတ်ခံရလို့ စက်လှေပေါ်ပါလာတဲ့ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေ၊ လွှတ်တော်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် မနက်ဖြန် နေပြည်တော်မှာ ကြိုတင်မဲပေးမည်

Posted: 28 Oct 2020 07:44 AM PDT

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ၂၀၂၀ သြဂုတ်လ ၁၉ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး တက်ရောက်လာစဉ် /  Photo: Myanmar State Counsellor Officeနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့ နေပြည်တော်မှာ ကြိုတင်မဲပေးကြမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်

ကိုဗစ် - မအူပင်နဲ့ သာယာဝတီ အကျဉ်းထောင် နှစ်ခုမှာ လူရာချီ ကိုဗစ်တွေ့

Posted: 27 Oct 2020 08:49 AM PDT

အင်းစိန်အကျဉ်းထောင်ရှေ့မအူပင်နဲ့ သာယာဝတီ အကျဉ်းထောင် နှစ်ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူတွေ ရာနဲ့ချီတွေ့ရှိခဲ့ရတယ်လို့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။ပဲခူးတိုင်းထဲက သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းသား ၁၈၀ လောက်မှာ ရောဂါပိုး တွေ့ရှိထားပြီး ဧရာဝတီတိုင်း မအူပင်အကျဉ်းထောင်မှာတော့ ၁၀၄ ဦး ပိုးတွေ့ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။မအူပင်

Tuesday, October 27, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ရခိုင်နဲ့ ရှမ်းမဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ကော်မရှင်ပြန်ဆုံးဖြတ်

Posted: 27 Oct 2020 08:29 AM PDT

မန္တလေးတွင် NLD နဲ့ USDP ပါတီ အပြိုင်မဲဆွယ်နေစဉ်။Photo: AFPပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ဒေသတွေထဲက ရခိုင်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။ဒီလိုပယ်ဖျက်လိုက်တာကြောင့် လာမယ့် နိုဝင်ဘာလ(၈) ရက်နေ့မှာ အဲ့ဒီဒေသတွေမှာလည်း ပြန်ကျင်းပခွင့်ရမှာပါ။ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲကကျေးရွာ

မယ်စဲ့မြို့ ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်မှု ဝေဖန်ခံနေရ

Posted: 27 Oct 2020 08:27 AM PDT

မယ်စဲ့မြို့နယ်မှာ ကြိုတင်မဲပုံးလုံခြုံရေး ချိတ်ပိတ်ဆောင်ရွက်နေတာကို ၂၀၂၀ အောက်တိုဘာ ၁၃ ရက်နေ့က တွေ့ရစဉ်Photo: National League for Democracy - Kayah Stateကယားပြည်နယ် မယ်စဲ့မြို့နယ်က ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေး ကြိုးတွေ ပြတ်တောက်မှု ဝေဖန်ခံနေရပါတယ်။ မြို့နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကတော့ ကြိုတင်ဆန္ဒမဲတွေ မရောက်လာသေးတာကြောင့် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာမရှိကြောင်း ပြောပါတယ်။

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၄၇,၆၆၆ ဦး၊ သေဆုံး ၁,၁၄၇ ဦး

Posted: 27 Oct 2020 08:26 AM PDT

PPE ဝတ်စုံဝတ်ထားတဲ့ ပရဟိတလုပ်သားများကို ရန်ကုန်မြို့တနေရာတွင်တွေ့ရ။ (အောက်တိုဘာ ၂၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ရောဂါ ကူးစက်ခံရသူ ၁,၄၆၆ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့ အတွက် ကူးစက်သူ စုစုပေါင်း ၄၇,၆၆၆ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာ ၁၅,၇၉၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ရောဂါကူးစက်သူ

Bamlanivimab ကိုဗစ်ကုသဆေးစမ်းသပ်မှု ရပ်ဆိုင်း

Posted: 27 Oct 2020 05:42 AM PDT

အမေရိကန် အခြေစိုက် Eli Lilly ဆေးကုမ္ပဏီ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၁၈)အမေရိကန် အခြေစိုက် Eli Lilly ဆေးကုမ္ပဏီနဲ့ ကနေဒါ AbCellera ဆေးကုမ္ပဏီတို့ ပူးပေါင်းစမ်းသပ်နေတဲ့ COVID-19 ကုသဆေးစမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီဆေးကို လူနာတွေမှာ ဆက်ပြီး စမ်းသပ်တော့မှာ မဟုတ်ဘူးလို့ အမေရိကန် ကူးစက်ရောဂါဌာနက တနင်္လာနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ ဒီဆေးကုမ္ပဏီ နှစ်ခုက ပူးပေါင်းစမ်းသပ်နေတဲ့ bamlanivimab ဆေးက

ထိန်ပင်သုသာန်မှာ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ကွယ်လွန်သူ ၁၅၃ ဦးကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့

Posted: 27 Oct 2020 05:40 AM PDT

ဓာတ်ပုံ - Ye Myo Khant / MPAကိုဗစ်နဲ့ကွယ်လွန်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နောက်ဆုံးခရီးကို ဘာသာရေးဓလေ့ထုံးစံနဲ့အညီ  ဆောင်ရွက်ပေးတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး ၊ ထိန်ပင်သုသာန်ရှိ မွတ်စလင်သင်္ချိုင်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးတဲ့ အစ္စလာမ် ဘာသာဝင်တွေကို အသင့်ပြုလုပ်ထားတဲ့ သုံးပေ၊ ခုနစ်ပေ ကွန်ကရစ် ကျင်းထဲမှာ  ဘာသာရေး ဓလေ့ထုံးစံနဲ့ အညီ မြေမြှုပ်သင်္ဂြိုဟ်ပေးတာဖြစ်ပါတယ်။ဓာတ်ပုံ - Ye Myo

ပက်ရှာဝါမြို့စာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး လူ ၇ ဦး သေဆုံး

Posted: 27 Oct 2020 05:35 AM PDT

ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရအပြီး ဘာသာရေးကျောင်းမှာ သေဆုံးသူရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေ လာရောက်သယ်ဆောင်ပါကစ္စတန်နိုင်ငံ ပက်ရှာဝါမြို့က စာသင်ကျောင်းတစ်ခုကို ဗုံးခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။သေဆုံးသူတွေဟာ အသက် ၂၀ ကနေ ၃၀ အကြား လူငယ်တွေ ဖြစ်တယ်လို့ ဆေးရုံ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၃ နှစ်အောက် လူငယ် ၄ ဦး

ဘုရားသုံးဆူနယ်စပ်ဂိတ် တရက်တာဖွင့်ပေး

Posted: 27 Oct 2020 05:32 AM PDT

ဘုရားသုံးဆူဒေသမှာ အောက်တိုဘာလ ၂၇ ရက်နေ့က တရက်တာ ယာယီကုန်စည်သွွားလာမူ မြင်ကွင်း။ (ဓာတ်ပုံ - ဒေသခံ - အောက်တိုဘာ ၂၇၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားတဲ့ ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်မှုတွေကို ထိုင်းနိုင်ငံက ဒီနေ့တရက် ခေတ္တပြန်ဖွင့်ပေးလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။ထိုင်းနိုင်ငံ ကမ်ချနပူရီခရိုင် ဘုရားသုံးဆူဒေသ နောင်လု

ရွေးကောက်ပွဲနေ့ စိတ်လုံလုံခြုံခြံုနဲ့ မဲပေးနိုင် (ဒေါ်အောင်ဆန်းစုကြည်)

Posted: 27 Oct 2020 05:30 AM PDT

Myanmar State Counsellor Officeမြန်မာနိုင်ငံအတွင်း COVID 19 ရောဂါထိန်းချုပ်ရေးနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အောင်မြင်ရေးအတွက် အကောင်းဆုံး အစီအစဉ်တွေကို ကြည့်ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ အညီ လုပ်ကိုင်နေတာကြောင့် ရွေးကောက်ပွဲနေ့မှာ စိတ် လုံလုံခြုံခြုံနဲ့ မဲပေးဖို့ အခြေအနေ ရှိနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။"ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေ

နိုဝင်ဘာ ၈ မှာ လုံလုံခြုံခြုံ မဲပေးနိုင်မလား

Posted: 27 Oct 2020 05:28 AM PDT

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ချင်းရွာမူလတန်းကျောင်းမှာ ၂၀၂၀ အောက်တိုဘာ ၂၀ ရက်နေ့က ရွေးကောက်ပွဲ မဲပေးတဲ့ လက်တွေ့သရုပ်ပြသတာကို ကြည့်ရှုစဉ်Photo: Myanmar State Counsellor Officeရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့ ဒီလိုအခြေအနေမှာ ရောဂါကူးစက်မှုနှုန်း ကျဆင်းမသွားသေးတဲ့ အတွက် ရွေးကောက်ပွဲနေ့ကျရင် မဲရုံတွေမှာ ဆန္ဒမဲ ထွက်ပေးလို့ ရောဂါကူးစက်

နေပြည်တော်က ပိုးတွေ့လူနာ အများစု ရန်ကုန်ကလာသူတွေဖြစ်နေ

Posted: 27 Oct 2020 05:26 AM PDT

နေပြည်တော်မှာ အခုနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတဲ့ လူနာအများစုဟာ ရန်ကုန်ကနေ ပြန်လာပြီး ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်ထားတဲ့ သူတွေဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက RFA ကို ပြောပါတယ်။မနေ့က ပိုးတွေ့လူနာစာရင်းအရ ရန်ကုန်ကနေပြန်လာတဲ့အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာတော်တည်းခိုရေးစခန်းမှာ  အသွားအလာကန့်သတ်ထားသူ ခုနှစ်ဦး

ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုဗစ်-၁၉ ကုသခွင့်ပြုဖို့ မူအရ သဘောတူညီမှုရ

Posted: 27 Oct 2020 05:23 AM PDT

PPE ဝတ်စုံဝတ် ပရဟိတလုပ်သားတဦးကို ရန်ကုန်မြို့ရှိ လမ်းတခုတွင် တွေ့ရ။ (အောက်တိုဘာ ၁၇၊ ၂၀၂၀)ပုဂ္ဂလိက ဆေးရုံနဲ့ ဓာတ်ခွဲခန်းတွေမှာ ကိုဗစ်စစ်ဖို့နဲ့ ကုသဖို့ ညှိုနှိုင်းထားတာကို ခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက တနင်္ဂနွေနေ့ က နေပြည်တော်မှာပြုလုပ်တဲ့ အပတ်စဉ် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ဒီပြောကြားချက်နဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုး

ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထိ မြင့်တက်နေ

Posted: 27 Oct 2020 05:22 AM PDT

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမကြာသေးခင်က မိုးအကြီးအကျယ် ရွာသွန်းမှုတွေကြောင့် ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်နေသလို၊ ဧရာဝတီမြစ်ရေဟာလည်း စိုးရိမ်ရေမှတ် ရောက်လာနိုင်တဲ့အကြောင်း မိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။မြစ်ကြောင်းတလျောက် နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ မြစ်ရေမြင့်တက်လာတဲ့သတင်းကို သတိရှိကြဖို့ မိုးလေဝသ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့

ရွေးကောက်ခံလျော့သွားမယ့် လွှတ်တော်ထဲက သမ္မတရွေးပွဲ

Posted: 27 Oct 2020 05:19 AM PDT

ရွေးကောက်ခံလျော့ပေမယ့် တပ်ကတော့ ပြည်ထောင်စုလွှတ်တော်မှာ ၁၆၆ ဦးပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်နဲ့ ပဲခူးတိုင်းက ဒေသတချို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွေကို ဖျက်သိမ်းထားပါတယ်။အဲဒီလို ဖျက်သိမ်းလိုက်တဲ့ မဲဆန္ဒနယ်တွေဟာ ရခိုင်နဲ့ရှမ်းက အများဆုံး

ကယားဒေသ ဝက်မွေးမြူရေးစီမံကိန်းမှ အနံ့ဆိုးထွက်နေ

Posted: 27 Oct 2020 05:14 AM PDT

ကယားပြည်နယ်မှာ ဒီးမော့ဆိုမြို့နယ်မှာ နယ်သာလန်နိုင်ငံ ကုမ္ပဏီတစ်ခုရဲ့ ဝက်မွေးမြူရေး စီမံကိန်းက ထွက်လာတဲ့ စွန့်ပစ်အညစ်အကြေးကြောင့် ရေရှည်မှာ ရေအရင်းအမြစ်တွေ ပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ဝက်မွေးမြူရေးစီမံကိန်းကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါကလိုးခူကျေးရွာနဲ့ ဒေါ်ပေါ်ကလဲရွာအနီးမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဝက်ခြံက ထွက်ရှိတဲ့ အညစ်အကြေးရေတွေ ပြီးခဲ့တဲ့ စက်တင်ဘာလောက်ထဲက စီမံကိန်းပြင်ပ

ရခိုင်က စစ်ဘေးဒုက္ခသည်တွေကို မိုဘိုင်းငွေလွှဲစနစ်နဲ့ထောက်ပံ့ဖို့ WFP စီစဉ်

Posted: 27 Oct 2020 05:11 AM PDT

မိုဘိုင်းဖုန်းမကိုင်နိုင်တဲ့ ဒုက္ခသည်အိမ်ထောင်စုတွေကို အခမဲ့ငှားရမ်းပေးမယ့် ဖုန်းကိုတွေ့ရစဉ်Photo: Khaing Kaung Sanရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တော၊ စစ်တွေ၊ အမ်း၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ် ရှစ်ခုမှာ စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၃၀၀၀ ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ရာမှာ အကူအညီဖြစ်စေဖို့ မိုဘိုင်းဖုန်းတွေကို အခုလကစပြီး အခမဲ့

မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ဦး သေနတ်ပစ်ခံရ

Posted: 27 Oct 2020 05:07 AM PDT

ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ဦး သေနတ်ပစ်ခံရပြီး၊ လက်ရှိမှာလူနာ ၂ဦး ကို လင်းခေး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း SNLD မှ မိုင်းပန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကျော်ခိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။"သူတို့ပစ်တဲ့ နေရာမှာ ရွာမရှိဘူး။ တောအုပ်ပဲ ဖြစ်ပါတယ်။ အသံ ၂ ချက်ပစ်တယ်လို့တော့ လူနာ တင်လာ

Monday, October 26, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၄၆,၂၀၀ ဦး၊ သေဆုံး ၁,၁၂၂ ဦး

Posted: 26 Oct 2020 08:11 AM PDT

PPE ဝတ်စုံများ ဝတ်ဆင်ထားတဲ့ ပရဟိတ လုပ်သားများကို ရန်ကုန်မြို့ရှိ လမ်းတခုတွင်တွေ့ရ။ (အောက်တိုဘာ ၁၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ မနေ့ COVID – 19 ကူးစက်သူလူနာ နောက်ထပ် ၁,၄၂၆ ယောက် အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်းကူးစက်သူပေါင်း ၄၆,၂၀၀ ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့အတွက် ဓာတ်ခွဲ နမူနာပေါင်း ၁၂,၄၀၀ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ကူးစက်သူ ၁,၄၀၀ ကျော်ကို ထပ်ပြီးတွေ့တာပါ။ဒီကနေ့ သေဆုံးသူက ၂၇ ယောက်ရှိတဲ့အတွက်

အိန္ဒိယ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖြန့်ချီမှု မြန်မာပူးပေါင်းဆောင်ရွက်မည်

Posted: 26 Oct 2020 08:09 AM PDT

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane ၊ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh V Shringla၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Saurabh Kumar။ (ဓာတ်ပုံ - India in Myanmar (Embassy of India, Yangon) - အောက်တိုဘာ ၀၅၊ ၂၀၂၀)ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ဒုတိယအများဆုံး ဖြစ်နေတဲ့ အိန္ဒိယနိုင်ငံက

ရွေးကောက်ပွဲနေ့အတွက် အိမ်ပြင်မထွက်ရအမိန့် ဖယ်ရှားမည်

Posted: 26 Oct 2020 08:03 AM PDT

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားချိန်အတွင်း ရန်ကုန်မြို့တွင်းက မြင်ကွင်းတခု။Photo: AFPကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့သူ စုစုပေါင်း ၁၁၂၂ ယောက် ရှိသွားပါပြီ။ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ ၂၇ ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ ၂၄ ယောက်ဟာရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ဒီကနေ့ တစ်ရက်တည်း

မောင်တောနဲ့ ပေါက်တောမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ပြည်နယ်ကော်မရှင် ကြိုးပမ်း

Posted: 26 Oct 2020 08:02 AM PDT

ရခိုင်ပြည်နယ်ထဲက တချို့မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရအောင် တောင်းဆိုသွားမယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။ ပေါက်တောမြို့နယ်နဲ့ မွတ်စလင် အများစုနေထိုင်ရာ မောင်တောမြို့နယ် အပါအဝင် စစ်တွေနဲ့ တောင်ကုတ်မြို့နယ်ထဲက ရပ်ကွက်ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရဖို့ စီစဉ်နေတာပါ။စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးအရ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေ

ကပ်ရောဂါကြောင့် မဲရုံမသွားနိုင်သူတွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်

Posted: 26 Oct 2020 08:00 AM PDT

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုမှာ မဲများ ကို ရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)ကိုဗစ်ကပ်ရောဂါကာလ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အခက်အခဲရှိသူတွေ ကြိုတင်မဲပေးနိုင်အောင် ပြင်ဆင်ထားတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။ကပ်ရောဂါကူးစက်မှု အများဆုံးကြုံနေရာတာကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့

စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်ပေမဲ့ ကပ်ရောဂါသတိထားဖို့ လိုသေး

Posted: 26 Oct 2020 07:58 AM PDT

အလုပ်လာကြသူများကို ကိုယ်အပူချိန်တိုင်းပေးနေတဲ့ ဝန်ထမ်းတဦးကို ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့နယ်ရှိ စက်ရုံတခုမှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာပဲ ကုန်ထုတ်လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့် ပြုလိုက်တာကြောင့် ရောဂါကူးစက်မယ့် အန္တရာယ်ကို ကာကွယ်နိုင်အောင် ပြင်ဆင်ထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။ကပ်

ကာတာလေယာဉ်နဲ့လိုက်မယ့် သြစတြေးလျသူတွေ အဝတ်အစားချွတ်ရှာခံရ

Posted: 26 Oct 2020 07:56 AM PDT

ကာတာကနေ သြစတြေးလျကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်မှာ လိုက်ပါလာမယ့် သြစတြေးလျနိုင်ငံသူတွေ အဝတ်အစားချွတ်ရှာဖွေ စစ်ဆေးခံခဲ့ရတယ်ဆိုတဲ့ အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကာတာအစိုးရကို မေးမြန်းထားတယ်လို့ သြစတြေးလျအရာရှိတွေက ပြောပါတယ်။ဒိုဟာက ဟာမတ်အပြည်ပြည်ဆိုင်ရာလေဆိပ်က အိမ်သာတစ်ခုထဲမှာ မွေးကင်းစ ကလေးငယ်တစ်ယောက်ကို စွန့်ပစ်ထားတာ တွေ့ခဲ့ရပြီးတဲ့နောက်မှာ အမျိုးသမီးတွေကို

ရခိုင်အမျိုးသားပါတီ ရေယာဥ် နဲ့ တောင်ပိုင်းဒေသတွေမှာ မဲဆွယ်

Posted: 26 Oct 2020 07:53 AM PDT

ရခိုင်အမျိုးသားပါတီ ရေယာဥ်ဂွဆိပ်ကမ်းကို ရောက်လာစဥ်ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဇက်ရေယာဉ်နဲ့ အောက်တိုဘာလ ၂၆ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ရခိုင်ပြည်နယ် တောင်ပိုင်းအစွန်ဆုံးက ဂွမြို့ကို ရောက်ရှိလာတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။အဲ့ဒီအဖွဲ့ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် သွားရေးလာ

ယာယီပိတ်ထားတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်

Posted: 26 Oct 2020 07:50 AM PDT

ထိုင်းနိုင်ငံ မဲဆောက်မြို့က ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်Photo: JACBAထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ငါးဦးဆီကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး  တွေ့ရှိပြီးနောက်ပိုင်း  မြဝတီ-မဲဆောက် ကုန်သွယ်ရေး ယာယီပိတ်ထားခဲ့ရာကနေ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြန်ဖွင့်လိုက်ပါတယ်။ရက်သတ္တပတ် ၇ ရက်ကြာ ပိတ်ထားခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့တစ်ဘက်ကမ်း မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားပေါ်ကနေ

ကပ်ဘေးကြောင့် ရန်ကုန်မှာ ဆန်ပြုတ်သောက်ရသူတွေ ရှိလာ

Posted: 26 Oct 2020 07:47 AM PDT

နေအိမ်မှာ နေထိုင်ရေး သတ်မှတ်ထားတာ တစ်လကျော်လာတဲ့ ရန်ကုန်တိုင်းမှာ နောက်ဆက်တွဲ ရင်ဆိုင်ရတာ ကတော့ အလုပ်အကိုင် ပျက်ယွင်း၊ ဝင်ငွေ ထိခိုက်ပြီး စားရေးသောက်ရေး အခက်တွေ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။အခြေခံလူတန်းစားတွေကို ကူညီဆောင်ရွက်နေတဲ့ ရန်ကုန်အခြေစိုက် လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုသက်ဆွေဝင်းက အောက်ခြေမှာ အမှန်တကယ် ငတ်နေတဲ့သူတွေ အများကြီးရှိနေတာ မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။