Sunday, February 28, 2021

သစ်ထူးလွင်

သစ်ထူးလွင်


လှည်းတန်းမှာ သေနတ်ထိမှန်ပြီး သေဆုံးခဲ့တဲ့ လူငယ်တွေအတွက် ဆုတောင်းပွဲပြုလုပ်

Posted: 28 Feb 2021 07:51 AM PST

ဒီကနေ့ မနက်ပိုင်းက လှည်းတန်းဈေးရှေ့မှာ သေနတ်မှန်ပြီး သေဆုံးခဲ့တဲ့ လူငယ်တွေအတွက် ရပ်ကွက်နေပြည်သူတွေက ဝမ်းနည်းကြောင်းအထိမ်းအမှတ်ပွဲ လုပ်ခဲ့ကြပါတယ်။သေဆုံးခဲ့တဲ့လူငယ်တွေကို ဆုတောင်း အမျှဝေပေးတာ၊ မီးပူဇော်ပြီး ကုသိုလ်ပြုပေးတာတွေ လုပ်ခဲ့ကြပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56140135

၁၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အင်အားသုံးဖြိုခွင်းမှု ချက်ချင်းရပ်ဖို့ ကုလ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

Posted: 28 Feb 2021 07:49 AM PST

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေ တိုးလုပ်လာနေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အင်အားသုံး ဖြိုခွင်းနေတာကို ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ဒီကနေ့ တနေ့လုံး နိုင်ငံတဝန်းက နေရာ အများအပြားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေ

ဥရောပသမဂ္ဂအနေနဲ့ အခုဖြစ်ပျက်ခဲ့တာတွေအပေါ် တုန့်ပြန်မှုတွေလုပ်ဆောင်သွားပါမယ်။

Posted: 28 Feb 2021 07:44 AM PST

အခုသီတင်းပတ်ကုန်မှာ မြန်မာစစ်တပ်ဟာ တစ်နိုင်ငံလုံးအနှံ့က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြသူအများအပြား သေဆုံး၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါတယ်။ လက်နက်မဲ့နိုင်ငံသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံတကာဥပဒေတွေကို ပြောင်ကျကျ ချိုးဖောက်လိုက်တာကိုပြလိုက်တာဖြစ်ပြီး ဒီတာဝန်ရှိသူတွေကို အရေးယူရပါမယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို တရားမဝင်

မန္တလေးမြို့တွင် ရဲနှင့် စစ်တပ်က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒဖော်ထုတ်နေသူများအား ခန္ဓာကိုယ် သေနတ်ဒဏ်ရာ ရရှိထားသူများလည်းများကြောင်း

Posted: 28 Feb 2021 07:41 AM PST

M A N D A L A Y  (28-2-2021)မန္တလေးမြို့တွင် ရဲနှင့် စစ်တပ်က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒဖော်ထုတ်နေသူများအား အကြမ်းဖက်ဖြိုခွင်း သေနတ်ဖြင့် ပစ်ခတ်သောကြောင့် လူ (၂)ဦး ဦးခေါင်းကျည်မှန် ဒဏ်ရာရရှိခဲ့ပြီး(ကျဆုံး/မကျဆုံး မသိရသေး) ခန္ဓာကိုယ် သေနတ်ဒဏ်ရာ ရရှိထားသူများလည်းများကြောင်း သတင်းရရှိသည်။ ဓာတ်ပုံ-မင်းမင်းလတ် TheMandalayNewsJournalhttps://www.facebook.com/TheMandalayNewsJournal

သံအမတ်ကြီးဦးကျော်မိုးထွန်းသာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိပါသည်။

Posted: 28 Feb 2021 07:22 AM PST

သံအမတ်ကြီးဦးကျော်မိုးထွန်းသာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိပါသည်။Committee Representing Pyidaungsu Hluttaw - CRPHhttps://www.facebook.com/crph.official.mm/

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားခြင်းသည် စက်ဆုပ် ရွံရှာဖွယ်ဖြစ်ပါသည်။

Posted: 28 Feb 2021 07:19 AM PST

မြန်မာနိုင်ငံအတွင်းအသက်ပေါင်းများစွာ ဆုံးရှုံးနေရသည်ကို မြင်တွေ့ရသည့်အတွက် မိမိတို့စိတ်နှလုံး ထိခိုက်ကြေကွဲရပါသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခြင်းကြောင့် ပြည်သူလူထုအနေဖြင့် အကြမ်းဖက်ခြင်းမခံရသင့်ပါ။ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားခြင်းသည် စက်ဆုပ် ရွံရှာဖွယ်ဖြစ်ပါသည်။ We are heartbroken to see the loss of so many lives in Myanmar. People should not face violence for expressing dissent

ရန်ကုန်လှည်းတန်း ထိခိုက်ဒဏ်ရာရမှု အခြေအနေ

Posted: 28 Feb 2021 07:11 AM PST

ရန်ကုန်မှာ ဒီကနေ့ လူထုဆန္ဒပြပွဲတွေ ဆက်လက်လုပ်ဆောင်ခဲ့တာနဲ့အတူ လုံခြုံရေးတပ်တွေက အင်အားသုံး ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် အနည်းဆုံး လူ ၃ ယောက်သေဆုံးခဲ့ပါတယ်။ လှည်းတန်းနဲ့ မြေနီကုန်တဝှိက်မှာ သေဆုံးတာလို့ မျက်မြင်သက်သေတွေက အတည်ပြုပါတယ်။ဗွီအိုအေ (မြန်မာဌာန)https://burmese.voanews.com/a/rangoon-crack-down-hlaetan/5795951.html

သံအမတ်ကြီး ဦးကျော်မိုးထွန်း ရပ်တည်ချက်အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေအမြင်

Posted: 28 Feb 2021 07:07 AM PST

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ စစ်အာဏာသိမ်းမူကို ဆန့်ကျင်ပြီး၊ CDM မပူးပေါင်းမဆောင်ရွက်ရေးလူပ်ရှားမူကိုထောက်ခံခဲ့တာက၊ သံတမန်ရေးမှာ လူထုရဲ့အောင်မြင်မူအစနဲ့ စစ်အုပ်စုရဲ့ကျဆုံးမူနိဒါန်း ဖြစ်တယ်လို့ သုံးသပ်နေပါတယ်။နောက်ပိုင်းဘာတွေဆက်မျှော်လင့်ထားတာကို ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမူဆောင်

ငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ညွှန်ကြား

Posted: 28 Feb 2021 06:56 AM PST

 ငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ညွှန်ကြားငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေဖို့အတွက် ဘဏ်တွေအနေနဲ့ အီလက်ထရောနစ် စနစ်နဲ့ ငွေပေးချေဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ မတ်လ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်မယ့် ရုံးတွင်းညွှန်ကြားစာတစ်စောင်ကို ဘီဘီစီကတွေ့ရှိခဲ့ပါတယ်။ဒီညွှန်ကြားစာကို လက်ခံရရှိတဲ့ အကြောင်း ပုဂ္ဂလိကဘဏ်ကြီးတစ်ခုရဲ့ ဘဏ်ရုံးခွဲ မန်နေဂျာတစ်ယောက်က ဘီဘီစီကို အတည်ပြုပြောပါတယ်။

ပြည်ပရှိ မြန်မာသံရုံးဝန်ထမ်းတချို့ကို မြန်မာနိုင်ငံကို ပြန်ခေါ်

Posted: 28 Feb 2021 06:55 AM PST

ပြည်ပနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံရုံးဝန်ထမ်းတချို့ကို ရာထူးပြောင်းရွှေ့ ခန့်အပ်ကြောင်း ညွှန်ကြားစာကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။သံမှူးကြီး အဆင့်ကနေ စလို့ ပထမ၊ ဒုတိယ၊ တတိယ အတွင်းဝန်အဆင့်၊ ရုံးအုပ်၊ စာရေးအဆင့်အထိ သံရုံးဝန်ထမ်းတချို့ကို မြန်မာနိုင်ငံတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်လည် ခေါ်ယူပြီး ရာထူးနေရာ ပြောင်းလဲ ခန့်အပ်

မြစ်ကြီးနားဆန္ဒပြဖြိုခွဲခံရမှု လူ ၄၀ ထက်မနည်း ဖမ်းဆီးခံရ

Posted: 28 Feb 2021 06:52 AM PST

မြစ်ကြီးနားမြို့ အကြမ်းဖက်ဖြိုခွဲတဲ့လုံခြုံရေးတပ်ဖွဲ့တွေကို တားဆီးနေတဲ့ ခရစ်ယာန်သီလရှင်တဦး (ဓာတ်ပုံ Mustard Seed for Life Myanmar/Feb 28th, 2021)ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေ ဖြိုခွင်းခဲ့ရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူအများအပြားဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် သတင်းပေး

ဆန္ဒပြမှုများ အကြမ်းဖက်နှိမ်နင်းခံရ တနိုင်ငံလုံး ၂၀ ဝန်းကျင်သေဆုံး

Posted: 28 Feb 2021 06:49 AM PST

ဖေဖော်ဝါရီ ၂၈ ရက်နေ့က လှည်းတန်း ၇ လမ်းထိပ်မှာ သေနတ်ကျည်ဆံ ထိမှန်ခံရသည့် ဆန္ဒပြလူငယ်။မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ပစ်ခတ်နှိမ်နှင်းမှုကြောင့် တနိုင်ငံလုံးမှာဆိုရင်လူ ၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ရန်ကုန်မြို့မှာ လက်နက်ကိုင် လုံခြုံရေးတွေ မျက်ရည်ယိုဗုံးတွေသုံး လိုက်လံဖြိုခွင်းတဲ့ကြားမှာပဲ ဆန္ဒပြသူတွေကလည်း အခွင့်အရေးရသလို ဆန္ဒပြခဲ့ကြပါတယ်။လှည်းတန်းနဲ့

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သတင်းထောက် ငါးဦး ထပ်မံဖမ်းဆီးခံရ

Posted: 28 Feb 2021 12:05 AM PST

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သတင်းထောက် ငါးဦး ထပ်မံဖမ်းဆီးခံရ မြေနီကုန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆန္ဒပြပွဲသတင်းယူနေတဲ့ သတင်းထောက်များကို တွေ့ရစဉ် / Photo: RFAဖေဖော်ဝါရီ ၂၈ ဒီနေ့မနက်က စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သတင်းယူနေရင်း ဖမ်းဆီးခံ လိုက်ရတဲ့ သတင်းထောက် ငါးယောက်ရှိပါတယ်။ဧရာဝတီတိုင်း ပုသိမ်မြို့က သံတော်ဆင့်သတင်းဌာနက ကိုရဲရင့်ထွန်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ 74 မီဒီယာက မောင်ပေါင်လန်း၊

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ဆန္ဒပြသူများအား တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခြင်းအား ယခုချက်ချင်းပင် ရပ်တန့်ရန်နှင့် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် ကနေဒါသံရုံးမှ တောင်းဆို

Posted: 27 Feb 2021 11:53 PM PST

ကနေဒါသံရုံး - ရန်ကုန်၂၈ ဖေဖော်ဝါရီ၊ ၂၀၂၁ရန်ကုန်နှင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြသူများကို အကြမ်းဖက်ခြင်း၊ အင်အားသုံး နှိမ်နှင်းခြင်းများ တိုးပွားလာခြင်း တို့ကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားရကြောင်း တွေ့ရှိရသည့်အတွက် ကနေဒါ သံရုံး အနေဖြင့် များစွာ ထိတ်လန့်တုန်လှုပ်မိပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်လည်ရရှိရေးအတွက် ၎င်းတို့၏ လိုလားချက်များကို ထုတ်ဖော်ခြင်း

မန္တလေးမြို့ ၆၄လမ်း၊ ၄၀ ဘီနှင့် ၄၁လမ်းကြားတွင် ရဲနှင့် စစ်တပ်၏ ပစ်ခတ်မှုကြောင့် (၂)ဦး သေနတ်ဒဏ်ရာရရှိကြောင်း ကနဦးသတင်းရရှိသည်။

Posted: 27 Feb 2021 11:43 PM PST

 မန္တလေးမြို့ ၆၄လမ်း၊ ၄၀ ဘီနှင့် ၄၁လမ်းကြားတွင် ရဲနှင့် စစ်တပ်၏ ပစ်ခတ်မှုကြောင့် (၂)ဦး သေနတ်ဒဏ်ရာရရှိကြောင်း ကနဦးသတင်းရရှိသည်။Photo-San Yu KyawTheMandalayNewsJournalhttps://www.facebook.com/TheMandalayNewsJournal

မန္တလေးမြို့တွင် ရဲနှင့် စစ်တပ်က အင်အားသုံး လိုက်လံဖြိုခွဲနေသော်လည်း စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

Posted: 27 Feb 2021 11:44 PM PST

M A N D A L A Y  (28-2-2021)မန္တလေးမြို့တွင် ရဲနှင့် စစ်တပ်က အင်အားသုံး လိုက်လံဖြိုခွဲနေသော်လည်း စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည်။ဓာတ်ပုံ-မင်းနဒီခ TheMandalayNewsJournalhttps://www.facebook.com/TheMandalayNewsJournal

ရွာလုံးကျွတ် ကလေးလူကြီး အားလုံးထွကိပြီး စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြကြတဲ့ ဝက်လက်မြို့နယ်က ကူကောင်းရွာ ။

Posted: 27 Feb 2021 11:48 PM PST

၂၈ ၊ ၂ ၊ ၂၀၂၁ ရွာလုံးကျွတ် ကလေးလူကြီး အားလုံးထွကိပြီး စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြကြတဲ့ ဝက်လက်မြို့နယ်က ကူကောင်းရွာ ။

လှိုင်မှာ ဆန္ဒပြလူထုကိုမျက်ရည်ယိုဗုံးနဲ့ဆက်တိုက်ပစ်နေ

Posted: 27 Feb 2021 11:19 PM PST

ရန်ကုန် လှိုင်မြို့နယ် ဘူတာရုံလမ်းမှာ လှည်းတန်းဘက်ကနေ ဆုတ်ခွာလာရတဲ့ဆန္ဒပြလူထုနဲ့ ထပ်ရောက်လာတဲ့ဆန္ဒပြလူထုတို့ ပေါင်းပြီး ဆက်လက်ဆန္ဒထုတ်ဖော်တာတွေကိုလုပ်နေကြပါတယ်။တချိန်ထဲမှာပဲ ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ဆက်တိုက်နီးပါး လှမ်းပစ်ပြီး လူစုခွဲဖို့ကြိုးစားနေပါတယ်။လူထုကလည်း ရေအိတ်တွေ ၊အဝတ်စိုတွေ အသင့်ပြင်ထားပြီး ခုခံပြီးဆက်လက်ဆန္ဒထုတ်ဖော်နေကြပါတယ်။BBC Burmesehttps://www.bbc.com/burmese/live

မန္တလေးမှာလည်း ပစ်ဖောက်လူစုခွဲ၊ ရဲကားက ဝင်တိုက်လို့ တစ်ဦးဒဏ်ရာရ၊ လက်နက်အပြည့်နဲ့ ရဲကားတစီးကို လူထုက သိမ်းထား

Posted: 27 Feb 2021 11:17 PM PST

မန္တလေးမြို့ သွားဘက်ဆိုင်ရာဆေး၊ သူနာပြု ကုတင် ၃၀၀ ရှိတဲ့ ၆၂ လမ်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြတဲ့ ကျန်းမာရေးသပိတ်စစ်ကြောင်းတွေကို ပိတ်ဆို့တားဆီးတာ သေနတ်ပစ်ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ အဲဒီမှာသူနာပြုစစ်ကြောင်းက ပိတ်ဆို့ခံရပြီး တခြားကျန်းမာရေးစစ်ကြောင်းတွေကတော့အတားအဆီးတွေကြားထဲကနေ ရအောင်ဖောက်ထွက်ပြီး သပိတ်စတင်ခဲ့ပါတယ်။ အဲဒီနောက် ၆၂ လမ်းမကြီးနဲ့ မနော်ဟရီလမ်းမှာ ကျန်းမာရေးစစ်ကြောင်းတွေက ထိုင်သပိတ်

ကော့သောင်း တွင် ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့်ရော်ဘာကျည်များပစ်​ဖောက် ဖြိုခွင်း

Posted: 27 Feb 2021 11:08 PM PST

 ကော့သောင်း တွင် ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့်ရော်ဘာကျည်များပစ်​ဖောက် ဖြိုခွင်းခဲ့သည်။ယနေ့ရော်ဘာကျည်ထိသူ(၄)ဦးရှိသည်ဟုသိရပြီး၊ဖမ်းဆီးခံရသူ(၅)ဦးခန့်ရှိသည်ဟုသိရပါသည်။ထိခိုက်ဒဏ်ရာရသူများမှာ စိုးရိမ်စရာမရှိဟုသိရပါသည်။ဖမ်းဆီးခေါ်ဆောင်သွားသည့်အထဲမှာကျောင်းဆရာတစ်ဦးနှင့်ထိခိုက်ဒဏ်ရာရသူထဲမှာအထက(၁)ကျောင်းမှ(၇)တန်းကျောင်းသားတစ်ဦးလည်းပါသည်ဟုသိရပါသည်။Kawthoung

လူထုတွေကို ပစ်ခတ်လာမယ်ဆိုရင် ပစ်ခတ်နဲ့နေရာမှာ ရှိတဲ့ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နေပါကြောင်း

Posted: 27 Feb 2021 10:48 PM PST

ဒီနေ့ကယားပြည်နယ်အတွင်း မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့စည်း ရဲဘော်တွေ အားလုံး သက်ဆိုင်ရာ ရုံးတွေ ခရိုင်တွေ မြို့နယ်တွေ မှာ ယူနီဖောင်း လက်နက်အပြည့်စုံနဲ့ နေရာ ယူထားပြီး အကယ်၍ ဒီပြည်နယ်အတွင်းမှာ ရှိတဲ့ ငြိမ်းချမ်း စွာဆန္ဒပြနေတဲ့ လူထုတွေကို ပစ်ခတ်လာမယ်ဆိုရင် ပစ်ခတ်နဲ့နေရာမှာ ရှိတဲ့ ပြည်သူလူထုကို ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်ဗျ။ကယားပြည်နယ် အဖွဲ့စည်းတွေ ဖြစ်တဲ့KNPLFKNLPKNPPKNPDPKNSOဒီအဖွဲ့စည်း ရဲဘော် အသီးသီး

Pleas share **** Dear Compatriots of Myanmar

Posted: 27 Feb 2021 10:33 PM PST

Pleas shareDear Compatriots of Myanmar Please share this new email ID ( sasa@crphmyanmar.org)to everyone. Please keep sending me the photos and videos of this unutterable ongoing atrocities of human rights abuses and violations committed by these illegal and illegitimate military regime's armed forces. These evidences of crimes committed against courageous people of Myanmar will be taken directly

ထားဝယ်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၄ဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိနေ

Posted: 27 Feb 2021 10:29 PM PST

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မနက်ပိုင်းမှာ ထားဝယ်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှု ကြောင့် ကျည်ထိမှန်ဒဏ်ရာရသူတွေအနက် ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သပိတ် စစ်ကြောင်းတွေမှာလိုက်လံကူညီပေးနေတဲ့ ထားဝယ်မြို့အခြေစိုက်ဇဗ္ဗူသီရိပရဟိတ အဖွဲ့က တာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ' ' သေတာကတော့ အမျိုးသားချည်းပဲ ၄ဦး။ ဆုံးသွားတဲ့သူတွေကတော့ ထားဝယ်၊ရေ

ဖေဖော်ဝါရီလ ၂၈ရက်နေ့ လွိုင်ကော် သပိတ်စစ်ကြောင်း မြင်ကွင်းတချို့

Posted: 27 Feb 2021 10:19 PM PST

ဖေဖော်ဝါရီလ ၂၈ရက်နေ့ လွိုင်ကော် သပိတ်စစ်ကြောင်း မြင်ကွင်းတချို့Kantarawaddy Timeshttps://www.facebook.com/KantarawaddyTimes

ယနေ့ မနက် ၁၀ နာရီခန့် မြစ်ကြီးနား အောင်နန်းရပ်ကွက် ဆန္ဒဖော်ထုတ်သူများကို ရဲတပ်ဖွဲ့ က ဖြိုခွင်းရာ ဒဏ်ရာရရှိသူများရှိနေ

Posted: 27 Feb 2021 10:16 PM PST

   ဖြိုခွဲမှုများရှိ​နေသည့်ကြားထဲ ဆက်လက်ဆန္ဒပြနေခြင်းယနေ့ မနက် ၁၀ နာရီခန့် မြစ်ကြီးနား အောင်နန်းရပ်ကွက် ဆန္ဒဖော်ထုတ်သူများကို ရဲတပ်ဖွဲ့ က ဖြိုခွင်းရာ ဒဏ်ရာရရှိသူများရှိနေသည်။The 74 Media မှ သတင်းထောက်တစ်ဦးလည်း အဖမ်းခံထားရကြောင်း သိရသည်။Kachin News Grouphttps://www.facebook.com/theKachinNews

Saturday, February 27, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကိုဗစ်တားဆီးရေး ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေ မတ်လကုန်အထိ ထပ်မံတိုးမြှင့်

Posted: 27 Feb 2021 05:25 AM PST

ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ဆက်လက် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေကို ယာယီပြည်ဝင်ခွင့် ကန့်သတ်ချက်တွေ မတ်လ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်မယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် ရက်စွဲနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56140135

သြစတြေးလျ ရေနံကုမ္ပဏီက ဝန်ထမ်းတွေ ပြန်ထွက်ခွာမယ်

Posted: 27 Feb 2021 05:30 AM PST

သြစတြေးလျ ရေနံကုမ္ပဏီက ဝန်ထမ်းတွေ ပြန်ထွက်ခွာမယ်မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိလာနေတာကြောင့် သြစတြေးလျ ရေနံကုမ္ပဏီ Woodside ဝဒ်ဆိုဒ်က မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လျှော့ချ နေပြီး မကြာခင် သီတင်းပတ်တွေထဲမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေ လုပ်ငန်းရပ်နားထွက်ခွာဖို့ ရှိတယ်လို့ ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာ သတင်းထောက် တစ်ယောက်အဖမ်းခံရ

Posted: 27 Feb 2021 05:20 AM PST

ချင်းပြည်နယ် ဟားခါးမှာ ဆန္ဒပြတဲ့သူ ဖြိုခွဲဖို့ ကြိုးစားခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ၂ နာရီစဖို့ လူစုထား‌ပေမယ့် လူစုလို့မရအောင် ရဲတွေက ပိတ်တာမျိုးလုပ်ဆောင်ကာ ဆန္ဒပြထွက်လို့မရအောင် ရဲအင်အားအလုံးအရင်းနဲ့ ဆန္ဒပြဖို့ လူစုနိုင်တဲ့နေရာတွေမှာ ရဲတွေက ပိတ်ဆို့နေတယ်လို့ဆိုပါတယ်။ဒီလိုပိတ်ဆို့မှုကြောင့် ပြည်သူတွေလည်း လူစုခွဲနေချိန်မှာ သတင်းသမားတွေက ဆက်လက်သတင်းယူနေချိန် ဟားခါး

ချင်းပြည်နယ် မင်းတပ်မြို့မှ ပရဲသပိတ်

Posted: 27 Feb 2021 05:18 AM PST

 ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ဖေဖော်ဝါရီ ၂၇ရက်နေ့က စစ်အာဏာ ဆန့်ကျင်ရေးကြောင်းနဲ့ ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေးဖို့  ဆန္ဒပြရာမှာ ဆန္ဒပြသူတွေက မျက်နှာမှာ ပရဲထိုး လှုပ်ရှားမှုပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။RFA Burmesehttps://www.facebook.com/rfaburmese

ဒီနေ့ ရန်ကုန်သပိတ်တွေဖြိုခွင်းမှုကနေ ဖမ်းဆီးခံရသူတွေကို အချုပ်ကား ၁၀ စီးကျော်နဲ့ အင်းစိန်ထောင်ကိုပို့၊ ဖမ်းထားသူတွေပြန်လွှတ်ပေးဖို့ ထောင်ရှေ့ စုရုံး

Posted: 27 Feb 2021 05:06 AM PST

ဒီနေ့ ရန်ကုန်က မြေနီကုန်း၊လှည်းတန်း၊ စမ်းချောင်း၊ တာမွေအပါအဝင် ဆန္ဒပြပွဲတွေဖြိုခွင်းခံရပြီး အဲဒီက ဖမ်းဆီးခံရတဲ့သူတွေကို ညနေ ၆ နာရီခန့်မှာ အင်းစိန်ထောင်ကို အချုပ်ကားတွေနဲ့ ပို့ဆောင်လာတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။အချုပ်ကားစုစုပေါင်း ၁၃ စီးဝန်းကျင်ခန့်နဲ့ စစ်ကားနှစ်စီး ဝန်းရံပို့ဆောင်လာတာဖြစ်ပြီး ထောင်ရှေ့မှာတော့ ဖမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့ မိသားစုဆွေမျိုးတွေနဲ့ပြည်သူတွေ စုရုံးရောက်ရှိနေတယ်လို့ ဖမ်း

လှည်းတန်းမြေနီကုန်းတစ်ဝိုက် ရဲအင်အား အမြောက်အမြား ချထား၊ ဆန္ဒပြဖို့ ကြိုးပမ်းသူတွေကို လိုက်လံဖမ်းဆီး

Posted: 27 Feb 2021 05:04 AM PST

 ရန်ကုန်မြို့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေရဲ့ စုရပ်တွေထဲက နှစ်ခုဖြစ်တဲ့ လှည်းတန်းနဲ့ မြေနီကုန်းတစ်ဝိုက် ရဲအင်အား အမြောက်အမြားကို ဒီနေ့မနက်အစောပိုင်းတည်းကချထားပါတယ်။မြေနီကုန်းမှာဆိုရင် ဆန္ဒပြသူတွေ နေရာယူလေ့ရှိတဲ့ မြေနီကုန်းခုံးတံတားအောက်မှာ ရဲအင်အားအများအပြား တန်းစီထိုင်လျက်ရှိနေတာကိုလည်းတွေ့ခဲ့ရပါတယ်။မြေနီကုန်းမှာဆို ဒီမနက် ကိုးနာရီကျော်လောက်စလို့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့

စစ်အာဏာဆန့်ကျင်ရေး နိုင်ငံအဝှမ်းဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်း

Posted: 27 Feb 2021 05:02 AM PST

လက်ဖြစ် အကာဒိုင်းတွေနဲ့ ရန်ကုန်က ဆန္ဒပြနေကြသူများ။ (ဖေဖေါ်ဝါရီ ၂၇၊၂၀၂၁)မြန်မာနိုင်ငံတွင်း မြို့အတော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီ တောင်းဆိုတဲ့ ဒီကနေ့ဆန္ဒပြပွဲတွေကို တုတ်ကိုင်၊ သေနတ်ကိုင် ရဲတွေ၊ အရပ်ဝတ်တွေက အင်အားအလုံးအရင်းနဲ့ ပစ်ခတ် ရိုက်နှက် ဖမ်းဆီး ဖြိုခွဲခဲ့ပါတယ်။ရဲတွေဟာ ဘယ်လို ထိန်းချုပ် ကန့်သတ်မှုမှမရှိဘဲ အတင်းဝင်ရောက် ရိုက်နှက်ပြီးတော့ ဖမ်းဆီးတာတွေ၊ ဆန္ဒပြသူ

ဘားအံမှာလည်း ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားသူတွေကို အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတာတွေရှိ

Posted: 27 Feb 2021 04:48 AM PST

ဘားအံမှာ ဒီနေ့မနက်အစောပိုင်းက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြဖို့ ဘားအံနာရီစင်နဲ့ ကန်သာယာတစ်ဝိုက် လူစုလာချိန်မှာ အရပ်ဝတ်နဲ့ လူတချို့က ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် လူငါးဦးခန့် ဖမ်းခံထားရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ အဲဒီလိုဖမ်းခံရတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ကနဦးသတင်းရရှိထားပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56140135

ပခုက္ကူသပိတ်ဖြိုခွင်းမှု အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ဆယ်ဦးထက်မနည်းရှိ

Posted: 27 Feb 2021 04:44 AM PST

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အာဇာနည်လမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်မှာ စစ်တပ်ကလုံခြုံရေးယူပြီး မနက်၉နာရီခန့်က မြို့နယ်အတွင်းငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စတင်ဖြိုခွဲခဲ့ပါတယ်။ အဲဒီလိုဖြိုခွင်းရာမှာ အမျိုးသမီးတစ်ဦးသေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သလို ကျန်အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေနတ်မှန်တဲ့အမျိုးသမီးနဲ့ တခြား ဆန္ဒပြကြသူတွေထဲက ၁၃ဦးလောက်ကို ပခုက္ကူမြို့အနီးက တပ်ရင်း၂၅၉ အတွင်းခေါ်ဆောင်သွား

ဝိုင်းမော်တွင် ဖမ်းဆီးခံရသော ကျောင်းဆရာမနှင့် အရပ်သားတစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့

Posted: 27 Feb 2021 04:42 AM PST

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် ကျောင်းဆရာမတစ်ဦးနှင့် အရပ်သား တစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ဖမ်းဆီးခံရသည့် ၂ဦးကို မြစ်ကြီးနားထောင်ကြီးသို့မပို့ခင်အတွင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးရုံးအတွင်း ထိန်းသိမ်းထား ချိန် ဒေသခံရပ်မိရပ်ဖများကိုတွေ့ခွင့်မပေးသည့်အပြင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြန်လွှတ်ပေးရန် လာရောက်

နေအိမ်အတွင်း ဝင်ပြေးလာသူများအား ရဲနှင့် စစ်တပ်က အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးသည့်မြင်ကွင်းများ

Posted: 27 Feb 2021 04:39 AM PST

M A N D A L A Y  27-2-2021 (10:00AM)မန္တလေးမြို့ ၃၅ လမ်း၊ ၆၅-၆၆ ကြားတွင် ရဲနှင့် စစ်တပ်က ဆိုင်ကယ်စီးလာသူအား အကြမ်းဖက်ရိုက်နှက်နေသည့် မြင်ကွင်း M A N D A L A Y  27-2-2021 (10:15AM)မန္တလေးမြို့ ၃၅ လမ်းနှင့် ရေနီမြောင်းလမ်းကြား၊ ၆၅-၆၆ ကြားရှိ နေအိမ်အတွင်း ဝင်ပြေးလာသူများအား ရဲနှင့် စစ်တပ်က အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးသည့်မြင်ကွင်း    မန္တလေးမြို့ ၃၅ လမ်းနှင့် ရေနီမြောင်းလမ်းကြား၊ ၆၅-၆၆ ကြားရှိ နေအိမ်

မုံရွာ ပင်မသပိတ် ပြန်ထွက်

Posted: 27 Feb 2021 04:30 AM PST

.မုံရွာ ပင်မသပိတ် ပြန်ထွက်Monywa Gazettehttps://www.facebook.com/monywagazette/

မုံရွာဂေဇက် စီအီးအို မည်သည့်နေရာ ဖမ်းခေါ်သွားသည်ကို သတင်းမရ

Posted: 27 Feb 2021 04:27 AM PST

မုံရွာ၊ဖေဖော်ဝါရီ- ၂၇ယနေ့ နံနက်က မုံရွာဆန္ဒပြအခြေအနေအား တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေစဉ် အကြမ်းဖက် ဖမ်းဆီးခံရသော မုံရွာဂေဇက်ဂျာနယ် အမှုဆောင်အရာရှိ ကိုလေး(ခ) ကိုကျော်ကျော်ဝင်း ကို မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ထားသည်ကို  ယခုချိန်ထိ ဆက်သွယ်မသိရသေးပါ။မုံရွာမြို့ဗိုလ်ချုပ်လမ်းဘေးရှိ ဆန္ဒပြလူထုရှိရာ ပြသာဒ်ကျောင်း (ဆင်ဖြူရာ ရာမကျောင်း)အနီးအခြေအနေအား  မုံရွာဂေဇက် ဖေ့စ်ဘွခ်တွင် တိုက်ရိုက်ထုတ်လွှင့်နေစဉ်

မုံရွာအကြမ်းဖက်ဖြိုခွဲခံရမှု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦး ပြောပြချက်

Posted: 27 Feb 2021 04:16 AM PST

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဒီနေ့မနက် ၈ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆန္ဒပြဖို့ လူစုနေစဉ် စစ်တပ်နဲ့ ရဲတပ်ဖွဲက ဝင်ရောက်ဖမ်းဆီး ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။သေနတ်ဖောက်တာ၊ မျက်ရည်ယိုဗုံးသုံးတာတွေ ပြုလုပ်ခဲ့ပါတယ်။ပြည်သူ တချို့ရဲ့ ဒရုန်းကနေ ရိုက်ကူးမှုအရ ပိတ်ဆို့ထားတဲ့ နေရာမှာ သေနတ်ကျည်ထိမှန်လို့ ဒဏ်ရာရနေတဲ့ အမျိုးသားတစ်ယောက် လဲလျောင်းနေပြီး အခုထိ ဆေးကုပေးတာ မတွေ့ရဘူးလို့ ဒေသခံတွေကပြောပါ

ရန်ကုန်နဲ့မန္တလေး အပါအဝင် တစ်ပြည်လုံးမှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရ

Posted: 27 Feb 2021 04:13 AM PST

ရန်ကုန်နဲ့မန္တလေး အပါအဝင် တစ်ပြည်လုံးမှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရ မြေနီကုန်း ဗားဂရာလမ်းပေါ်က ဆန္ဒပြသူတွေကို စစ်ကောင်စီရဲ့တပ်က ဖြိုခွင်းပြီးနောက် ဖမ်းဆီးခံရသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ် / Photo: RFAဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မြန်မာနိုင်ငံအနှံ့က မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် အနည်းဆုံး တစ်ဦးသေဆုံးပြီး၊ တော်တော်များများ ဒဏ်ရာ

မုံရွာမှာလည်း အရပ်ဝတ်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး၊ မုံရွာဂေဇက်ဂျာနယ်က CEO ကိုလည်း ရိုက်နှက်ဖမ်းဆီးသွား

Posted: 27 Feb 2021 04:12 AM PST

မုံရွာမှာလည်း အရပ်ဝတ်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး၊ မုံရွာဂေဇက်ဂျာနယ်က CEO ကိုလည်း ရိုက်နှက်ဖမ်းဆီးသွားဒီကနေ့မနက် မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်၊ ရဲ နဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးနေတာကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ မုံရွာဂေဇက်ဂျာနယ်က CEO ဖြစ်သူ ဦးကျော်ကျော်ဝင်း(ခ) ဦးကိုလေးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးသူတွေဟာ သတင်းထောက်တွေကို ပစ်မှတ်ထားပြီး

မြန်မာနောင်းသတင်းထောက်လည်း ဖမ်းခံထားရ

Posted: 27 Feb 2021 04:10 AM PST

မြေနီကုန်းမှာ ဒီမနက် ဆန္ဒပြပွဲကို သတင်းယူနေတဲ့ မြန်မာနောင်းသတင်းဌာနရ အမျိုးသမီးသတင်းထောက် မကေဇွန်နွေးကို ရဲတွေ ဖမ်းဆီးထားတယ်လို့ မြန်မာနောင်းသတင်းဌာနကပြောကြားပါတယ်။ မကေဇွန်နွေးကို ရဲတွေက အချုပ်ကားပေါ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီမနက်မှာပဲ MPAကဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်နဲ့ နောက်ထပ် ဓာတ်ပုံသတင်းထောက်တစ်ဦးတို့လည်း ဖမ်းဆီးခံထားရပါတယ်။BBC Burmesehttps://www.bbc.com/

မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို တစ်ပြိုင်နက် အကြမ်းဖက်ဖြိုခွဲ

Posted: 27 Feb 2021 04:00 AM PST

မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို တစ်ပြိုင်နက် အကြမ်းဖက်ဖြိုခွဲ ရန်ကုန်မြို့၊ မြေနီကုန်းမှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးပြီး မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်တာကြောင့် ထွက်ပြေးနေတာကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်  / Photo: RFAရန်ကုန်၊ ထားဝယ်၊ မြိတ်၊ မုံရွာ၊ မန္တလေး မြို့တွေမှာ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာ တွေ တစ်ပြိုင်နက်ဆောင်ရွက်ခဲ့ပြီး ဆန္ဒပြသူတွေ စုဝေးလို့မ

စစ်ကိုင်းမြို့ဆေးရုံကနေ ပြောင်းရွှေ့ထားတဲ့ ဆေးရုံသုံးပစ္စည်းတွေ ရဲနဲ့တပ် ယူဆောင်သွား

Posted: 27 Feb 2021 03:58 AM PST

စစ်ကိုင်းမြို့ဆေးရုံကနေ ပြောင်းရွှေ့ထားတဲ့ ဆေးရုံသုံးပစ္စည်းတွေ ရဲနဲ့တပ် ယူဆောင်သွား စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆေးရုံက ဆေးရုံသုံးပစ္စည်းတွေကို ရဲတပ်ဖွဲ့က ယူဆောင်သွားတာကို တွေ့ရစဉ်စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆေးရုံက ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် အလှူရှင်တွေ လှူဒါန်းမှုကနေ ရရှိထားတဲ့ ဆေးရုံသုံးပစ္စည်းတွေကို မြို့ခံတစ်ဦးအိမ်မှာ အခုလ ၂၀ ရက်နေ့က ရွှေ့ပြောင်းထားရှိထားတာကို မနေ့က တပ်နဲ့ ရဲက လာရောက်ယူဆောင်

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတွင်း အိုးအိမ်စွန့်ခွာရမှု အခြေအနေ ကုလစိုးရိမ်

Posted: 27 Feb 2021 03:56 AM PST

ရှမ်းမြောက်တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးလာခဲ့ကြတဲ့ ဒေသခံတချို့။ (ဓာတ်ပုံ - အိုမ်တမာဝ် - လူမှုကူညီရေးအသင်း - ဒီဇင်ဘာ ၂၉၊ ၂၀၂၀)မြန်မာနိုင်ငံမှာ လက်ရှိမှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် အရပ်သားသေဆုံးမှုတွေနဲ့ ပြည်တွင်းမှာ အိုးအိမ်ပြောင်းရွှေ့နေထိုင်ရမှုတွေ ခုထိ ရှိနေဆဲပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့က ပြောကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်

တနင်္သာရီတိုင်းတွင်း စစ်အာဏာဆန့်ကျင်ရေးဆန္ဒပြမှုများ ဖြိုခွဲခံရ

Posted: 27 Feb 2021 03:55 AM PST

ထားဝယ်မြို့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို မီးခိုးဗုံးခွဲပြီး ဖြိုခွဲ (၀၂၊ ၂၇၊ ၂၀၂၁)မြန်မာပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နဲ့မြို့မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြတဲ့ လူထုသပိတ်ဖြိုခွင်းခံရပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ (၆) ဦးဒဏ်ရာရရှိပြီး (၇) ဦးခန့် အဖမ်းရတယ်လို့ ဆန္ဒဖော်ထုတ်ပွဲမှာပါတဲ့သူတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်

တာမွေအိုးရှင်းစင်တာအနီး တပ်ထုတ်ကုန်တွေ ‘ မဝယ်နဲ့ ကမ်ပိန်း’ကို ရဲနဲ့ တပ်က ပိတ်ဆို့ဖမ်းဆီး၊ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားပြီး စင်တာထဲ ဝင်ရောက်ရှာဖွေ

Posted: 27 Feb 2021 03:51 AM PST

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အိုးရှင်းစင်တာအနီးမှာ တပ်ထုတ်ကုန်တွေ မဝယ်ယူရေးအတွက် ' မဝယ်နဲ့ ကမ်ပိန်း'ကို ပြုလုပ် ဆန္ဒပြနေကြတဲ့လူအုပ်ကို မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ ရဲနဲ့တပ်အင်အား အများအပြားနဲ့ လာရောက်ဖမ်းဆီးမှုကြောင့် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီကမ်ပိန်းမှာ ပါဝင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။" ဖြစ်ဖြစ်ချင်း စင်တာထဲဝင်ပြေးကြသူတွေရှိသလို ကားပါကင်နဲ့ လမ်းသွယ်တွေကို ပြေးကြတာတွေ ရှိတယ်။

မုံရွာမှာ သေနတ်ကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံး တဲ့သတင်းများထွက်ပေါ်နေ

Posted: 27 Feb 2021 03:50 AM PST

မုံရွာမြို့မှာ ဒီနေ့မနက် ဆန္ဒပြပွဲတွေကို လုံခြုံရေးတွေက အကြမ်းဖက်အင်အားသုံးဖြိုခွင်းခဲ့ပြီး ရိုက်နှက်ပစ်ခတ်ဖမ်းဆီးမှုတွေရှိခဲ့ရာမှာ အမျိုးသမီးတစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ရတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘီဘီစီက မုံရွာဒေသခံတွေနဲ့ ဆန္ဒပြမှုကနေ ဖြိုခွင်းခံရလို့ တိမ်းရှောင်နေသူတွေထံ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သေဆုံးတဲ့သတင်း ကြားသိရတယ်လို့ ပြောပါတယ်။ဒါပေမဲ့ လက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် (၆/၂၀၂၁) ထုတ်ပြန်

Posted: 27 Feb 2021 03:48 AM PST

 စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကြေညာချက်အမှတ် (၆/၂၀၂၁) ထုတ်ပြန်National League for Democracyhttps://www.facebook.com/nldparty

တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက် (၃/၂၀၂၁) ထုတ်ပြန်

Posted: 27 Feb 2021 03:47 AM PST

တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက် (၃/၂၀၂၁) ထုတ်ပြန်National League for Democracyhttps://www.facebook.com/nldparty