Monday, May 31, 2021

သစ်ထူးလွင်

သစ်ထူးလွင်


စစ်​ကောင်စီ ဂျက်လေယာဉ်နှစ်စင်းမှ ပစ်ချသည့် ​လေယာဥ်ဗုံးများ ​ရွှေကူနှင့် ကသာမြို့နယ်ရှိ ကျေးရွာများအနီးကျ​ရောက်​ပေါက်ကွဲ​

Posted: 31 May 2021 08:50 AM PDT

31 May 2021 - Kachinwavesစစ်​ကောင်စီ၏ ဂျက်လေယာဉ်နှစ်စင်းမှ ပစ်ချသည့် ​လေယာဥ်ဗုံးများ ကျေးရွာများအနီးကျ​ရောက်​ပေါက်ကွဲ​ခဲ့ကြောင်း သတင်းရရှိသည်။ယ​နေ့ ည​နေ ၅နာရီခန့်အချိန်၌ စစ်​ကောင်စီ၏ ဂျက်​လေယာဥ်နှစ်စင်း​ပေါ်မှ ပစ်ချ​ခဲ့သော ဗုံးများသည် ​​ရွှေကူမြို့နယ်ရှိ ​ဧရာဝတီမြစ်အနီး မင်းကျောင်းကုန်းနှင့် သာယာကုန်း​ကျေးရွာကြားတွင် တစ်လုံး၊ ​ကျောက်ကြီးရွာအနီးတစ်လုံးနှင့် ကသာမြို့နယ် မိုးတားရွာအနီး၌ ၂လုံး၊ ​ရွှေ

ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ

Posted: 31 May 2021 08:47 AM PDT

မေ ၃၁ရက် ၂၀၂၁သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ရောက်ရှိလာပြီးနောက် ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများ ရှိလာကြောင်း စုံစမ်းသိရသည်။ကျောက်မဲမြို့တွင် မေ (၂၁ )ရက်မှ စပြီး အုပ်ချုပ်ရေးမှုအသစ်ပြောင်းရွှေ့လာပြီးနောက်ပိုင်းတွင် ညတိုင်းနီးပါး ပစ်ခတ်မှုရှိလာပြီး၊ ဖမ်းဆီးမှုများရှိလာခဲ့ကြောင်း  ကျောက်မဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  " သူပြောင်းလာပြီး ကျောက်မဲ

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အသေအပျောက်များရှိ

Posted: 31 May 2021 08:45 AM PDT

မေ ၃၁ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီ တပ်စခန်းများသည် ယနေ့ (မေ ၃၁)ရက် မနက်(၁)နာရီ တွင်  တိုက်ခိုက်ခံရပြီး ဒုတပ်ရင်မှူး အပါအဝင် တပ်သား ( ၁၁)ဦး သေဆုံးခဲ့ပြီး၊ လက်နက်များ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ယနေ့ မနက် (၁)နာရီ မှ မနက် (၄)နာရီအထိ စစ်ကောင်စီ အုပ်စု နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA)၊ကိုးကန့်  (MNDAA)

တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

Posted: 31 May 2021 08:44 AM PDT

သျှမ်းသံတော်ဆင့်၊ မေ ၃၁တောင်ကြီးမြို့တွင် ယမန်နေ့( မေ ၃၀) ရက် မနက်ပိုင်းတွင် ၂၁၂ ဆက်သွယ်ရေးတပ် တပ်ထဲ၌  စစ်သားများ အချင်းချင်း အငြင်းပွား စကားများကြပြီး ပစ်ခတ်မှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘက်တွင်ရှိသော ၂၁၂ တပ်အတွင်း စစ်သားနှစ်ဦးသည် အချင်းချင်း စကားများကြပြီး တစ်ဦးက အနီးရှိ ဓါးဖြင့် ခုတ်မှု ပြုလုပ်ပြီး၊ တခြား စစ်သားက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း

မင်းတပ် ကန်ပက်လက်နားတွင် စစ်ကောင်စီမှ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ဟုသိရ

Posted: 31 May 2021 08:42 AM PDT

ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်နယ်စပ် ခွဲလုံတွင် မေလ ၃၀ ရက်နေ့ ယမန်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှထိုးစစ်ဆင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး Mindat - CDF တပ်ဖွဲ့များ စစ်ကူပို့ခဲ့ရကြောင်း မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေး သတင်းအဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။ယမန်နေ့ (30.5.21) နေ့က စစ်​ကောင်စီတပ်များ မင်းတပ်-ကန်ပက်လက်နယ်စပ် ခွဲလုံသာ၊ မကြား စသည့်ရွာများတွင် ထိုးစစ်ဆင်လာရာ ကြာလေလှိုင်း၊ မဒပ်၊ မနပ်ထိုင်း စသည့် နေရာ

ကလေးမြို့နယ်သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ

Posted: 31 May 2021 08:38 AM PDT

စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ kalay-PDF တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်းသိရပါသည်။ဒေသခံတစ်ဦးက `မနက် ၈ ခွဲလောက်ကစပြီး ရွာထဲမှာ ပစ်ခတ်တာတွေ စဖြစ်တယ် အခုထိဘဲ ပစ်ကြတယ် စစ်ကောင်စီဖက်က လက်နတ်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်တာတွေရှိတယ် ရွာက လူတွေလည်း ထွက်ပြေးတိန်းရှောင်ကြတယ် ထိခိုက်ဒဏ်ရာရရှိသူ ဘယ်နှဦးရှိတယ်လို့တော့ မသိရသေးဘူး"ဟု

စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်က ရိက္ခာကူညီပို့ဆောင်ပေးဟု KNU ထုတ်ပြန်

Posted: 31 May 2021 08:35 AM PDT

မေလ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီKNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း ရိက္ခာဖြတ်တောက်ခံထားရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်မှ ရိက္ခာကူညီပို့ဆောင်ပေးမှု ပြုလုပ်ပေးခဲ့သည်ဟု KNU ၏ ပြန်ကြားရေး သူးလေသတင်းစဉ်၌ ယမန်နေ့ မေလ ၃၀ရက်နေ့ ညတွင် ဖော်ပြထားသည်။ယခုလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ထိုင်းစစ်တပ်မှ ၎င်းတို့ နယ်ခြားစစ်သုံး စက်လှေ ၄ စီး နှင့် အရပ်သား သုံး Honda စက်တပ်ရေယာဉ် ၁ စီး

မြ၀တီခရိုင် ဝေါလေမြိုင်မြို့ နယ်မြေရဲစခန်းမှူးအပါအဝင် ရဲ (၃) ဦးနှင့် မီးသတ်(၁) ဦးကို ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီးထား

Posted: 31 May 2021 08:33 AM PDT

မေလ  ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ခြမ်း မြဝတီခရိုင် ဝေါလေမြိုင်မြို့ရှိ နယ်မြေရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့အား ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ဝေါလေမြိုင်မြို့ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့၀င် (၃) ဦး နှင့် မီးသတ်တပ်ဖွဲ့၀င် (၁) ဦးတို့သည် ယနေ့ မေလ ၃၁ ရက် နေ့လည်ပိုင်းက ဝေါလေမြို့မှ  မြဝတီမြို့သို့သွားရာ

မနကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုး သေနတ်ဖြင့် ပစ်သတ်ခံရ။

Posted: 31 May 2021 08:27 AM PDT

ဖားကန့်မြို့၊ ရှရော်ခကျေးရွာနှင့်တစ်ဆက်တည်းရှိသော မနကျေးရွာ လက်ရှိအုပ်ချုပ်ရေးမှူး ဦးတင်စိုး(အိုက်ပီး) သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသိရသည်။မေလ ၃၁ရက်နေ့ ယနေ့ နေ့လည် ၁နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ၇ကြိမ်ထက်မနည်း ပစ်သတ်ခံခဲ့ရကြောင်းဒေသခံတစ်ဦး ပြောဆိုချက်မှသိရသည်။ဦးတင်စိုး ပစ်ခတ်ခံရသည့် ကစ္စနှင့် ပစ်သက်ပြီး အသေးစိတ်မသိရသေးသလို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။aKachin News Group https://www.facebook.com/

ဟိုကပ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးအပါအဝင် သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်း စုစုပေါင်း ၃ ဦး ပစ်သတ်ခံရ

Posted: 31 May 2021 08:26 AM PDT

May 31, 2021/ Kachin News Groupမြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာ လက်ရှိအုပ်ချူပ်ရေးမှူး ဇနီးမောင်နှံ ၂ ဦးနှင့် သာပဒေါင်း အုပ်ချူပ်ရေးမှူးဟောင်း ၁ ဦး စုစုပေါင်း ၃ ဦး ယမန်နေ့ညက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ဟိုကပ်ကျေးရွာ အုပ်ချူပ်ရေးမှူးဖြစ်သူ ဦးဂျော်လီဆွေနှင့် ဇနီးဖြစ်သူ တို့ နှစ်ဦးကို မေလ ၃၀ ရက်ည ၁၀ နာရီခန့် နေအိမ်တွင် လာရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူရှိနေသော အခြားတစ်ဦး

Sunday, May 30, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မင်းတပ်မှာကိုယ့်အိမ်ကိုယ်ပြန်နေရင်စာရင်းပေးရမယ်လို့ဆို

Posted: 30 May 2021 07:30 AM PDT

တိုက်ပွဲတွေဖြစ်အပြီး မြို့ခံတွေ နီးစပ်ရာရွာတွေကို ပြေးခဲ့ကြလို့ ပိတ်ထားခဲ့ရတဲ့ မင်းတပ်မြို့မဈေးရှင်းလင်းနေတဲ့ မင်းတပ်မြို့ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအခြေအနေဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့မှာ စစ်ရှောင်စခန်းတွေဖွင့်ထားပြီး စစ်ရှောင်စခန်းတွေမှာ ဝင်ရောက်နေထိုင်နိုင်ကြောင်းနဲ့ မိမိအိမ်ပြန်ပြီးနေထိုင်မယ့်သူတွေ စာရင်းပေးရမယ်

ရွှေပြည်သာ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်၊ နှစ်ဦးဒဏ်ရာရ

Posted: 30 May 2021 07:28 AM PDT

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ​ကျော်က ဗုံးပေါက်ခဲ့ပြီး အနီးရှိအမှိုက်ကောက်နေသူ သားအဖနှစ်ဦးဒဏ်ရာရသွားတယ်လို့ ရွှေပြည်သာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ဒဏ်ရာရရှိသူ နှစ်ဦးကို လူနာတင်ယာဥ်​နဲ့ တင်ပြီးခေါ်သွားတာတွေ့ရကြောင်းလည်း သူ က ပြောပါတယ်။ဒီကနေ့ မေလ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း အဆိုပါအုပ်ချုပ်ရေးမှူးရုံးအနီး မဲခေါင်လမ်း၊ ပညာရေး

ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီ ခြောက်ယောက်သေဆုံး

Posted: 30 May 2021 07:26 AM PDT

ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီ ခြောက်ယောက်သေဆုံး ၂၀၂၁၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ဗားဂရာလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် / Photo: RFAချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မကြားရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) တို့ရဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ယောက် သေဆုံးပြီး ဒဏ်ရာရတာတွေရှိတယ်လို့ အဲဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ CDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်

မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှု စိုးရိမ်ဖွယ်တိုးလာ

Posted: 30 May 2021 07:24 AM PDT

ရန်ကုန်မြို့ ဧရာဝတီ ကိုဗစ်စင်တာမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း COVID-19 ရောဂါ ကူးစက်သူ အရေအတွက် သိသိသာသာ ထပ်တိုးလာနေတဲ့အတွက် ပြည်သူတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေအကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ကျန်းမာရေးဌာနက မေလ ၂၉ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ မေလ ၂၈ ရက်နဲ့ ၂၉ ရက်အတွင်း ဓာတ်ခွဲန

ကယားပြည်နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုတွေ ဆက်ဖြစ်နေ

Posted: 30 May 2021 07:22 AM PDT

စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ ဒီကနေ့မှာလည်း ဒီးမော့ဆိုမြို့မှာ ပစ်ခတ်မှု ရှိနေတယ်လို့ ဒေသခံတွေကပြောသလို ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် ရှိတယ်လို့ ထင်တဲ့နေရာကို စစ်တပ်ဘက်က ရမ်းပစ်တာလို့ PDF ပြန်ကြားရေးဘက်က ပြောပါတယ်။ ဒါ့အပြင် ဘော်လခဲမြို့မှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်နှစ်ဦးလည်း ဒီကနေ့မှာ ဖမ်းဆီးခံရပါတယ်။ ကယားပြည်နယ်ဘက်က ပစ်ခတ်ဖမ်းဆီးမှု

အထိန်းသိမ်းခံထားရတဲ့ အမေရိကန်သတင်းထောက်ကို ကောင်စစ်ဝန်အရာရှိတွေ တွေ့ခွင့်မရ

Posted: 30 May 2021 07:10 AM PDT

မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီ ဖန်စတာ အတွက် အထူးစိုးရိမ်နေတယ်လို့ အမေရိကန်အစိုးရက ထုတ်ဖော်ပြောလိုက်ပါတယ်။ရန်ကုန်မြို့ အခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်း အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီ ဖန်စတာ ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ကွာလာလမ်ပူမြို့ကို ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်ခင် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။Frontier Myanmar ရဲ့

ပုဂံမြို့သစ်က ဒေသခံတစ်ဦးနေအိမ် အတွင်းသေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

Posted: 30 May 2021 07:08 AM PDT

 ပုဂံမှာ မေလ ၃ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး ဒေသခံပြည်သူ ၁၀၀ ကျော် စုပေါင်းပြီး ဆန္ဒပြမေလ ၃၀ ရက့် မနက်ပိုင်းက ပုဂံမြို့သစ်က ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်တွေဝင်ရောက် ဖမ်းဆီးရာမှာ ဒေသခံ ကိုမိုးမြင့်အောင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ကိုမိုးမြင့်အောင်ဟာ သတင်းမှားပေးခံရတာဖြစ်ပြီး ကိုယ်ဝန် ၃ လနဲ့ ဇနီးသည်ကျန်ခဲ့တဲ့အကြောင်း မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။သတင်းရလို့ သူတို့လာရှာ

စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေကို KIA တိုက်ခိုက်

Posted: 30 May 2021 07:06 AM PDT

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့က စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် စခန်းနဲ့ နန့်မွန်းတောင်ပေါ်က စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မေလ ၂၉ ရက်နေ့ မနေ့ညသန်းခေါင်ယံမှာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တယ်လို့ နန့်မွန်းမြို့ ဒေသခံတွေက ပြောပါတယ်။စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို KIA အဖွဲ့က သတိပေးတဲ့သဘော ဝင်တိုက်ခဲ့တာဖြစ်နိုင်ပြီး အပျက်အစီးတွေရှိ

စစ်ကောင်စီက ကားလမ်းတွေပိတ်ထားလို့ ကယားဒုက္ခသည်တွေ စားနပ်ရိက္ခာခက်ခဲနေ

Posted: 30 May 2021 07:03 AM PDT

ကယားပြည်နယ်ထဲမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူ ငါးသောင်းကျော်ရှိတယ်လို့ အကူအညီ ပေးသူတွေက ပြောပါတယ်။လတ်တလောမှာ စစ်ကောင်စီက ကားလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သယ်ပို့နိုင်ရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ မေ ၂၂ ကစပြီး လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ် မိုးဗြဲ

အမရပူရမြို့ ကွမ်းသီးတန်းလမ်း အမရသူ ပိုးထည်တိုက်ရှေ့မှာ လူငယ် (၂) ဦးကို အကြမ်းဖက်စစ်သားတွေက (ညနေ (၆) နာရီကျော်ဝန်းကျင်က )ပစ်သတ်ရာ တစ်ဦးသေပြီး ကျန်တစ်ယောက် ဒဏ်ရာရ

Posted: 30 May 2021 06:56 AM PDT

Photo CJအမရပူရမြို့ ကွမ်းသီးတန်းလမ်း အမရသူ ပိုးထည်တိုက်ရှေ့မှာ လူငယ် (၂) ဦးကို အကြမ်းဖက်စစ်သားတွေက (ညနေ (၆) နာရီကျော်ဝန်းကျင်က )ပစ်သတ်ရာ တစ်ဦးသေပြီး ကျန်တစ်ယောက် ဒဏ်ရာရသည်ဟု ကနဦးသတင်းများအရသိရသည်။Burma News Networkhttps://www.facebook.com/burmanewsnetwork

မူလာရှီးဒီကြိုးတံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက ဒေသခံများထံမှ ဂိတ်​ကြေးအတင်းကောက်ခံနေ။

Posted: 30 May 2021 06:54 AM PDT

ပူတာအိုမြို့နယ်၊ မူလာရှီးဒီကြိုးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲတို့ပူပေါင်းပြီး ဖြတ်သန်းသွားလာနေသည့် ဒေသခံ ပြည်သူများထံမှ အတင်းငွေကြေးကောက်ခံနေသည်ဟု ဒေသခံများ သတင်းပေးပို့ လာချက်မှသိရသည်။မူလာရှီးဒီးကြိုးတံတားပေါ် စစ်ဆေးရေးဂိတ်တွင် ငွေကြေးကောက်ခံနေသည်မှာ ၂ပတ်ခန့်ရှိလာပြီး ယခင်က ပူတာအိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကောက်ခံခြင်းမရှိဘဲ ခရီးသည်များကားများကိုသာ

ကသာမြို့နယ် PDF တပ်ဖွဲ့နှင့် စစ်​ကောင်စီ တိုက်ပွဲဖြစ်ပြီး စစ်​ကောင်စီမှ ၄ဦး​သေ၊ ၄ဦး ဒဏ်ရာရသည်ဟုဆို

Posted: 30 May 2021 06:47 AM PDT

30 May 2021 - Kachinwavesစစ်ကိုင်းတိုင်း ကသာမြို့နယ် ရွှေပြည်သစ်နှင့် ဟဲနားကျေးရွာကြား ရွှေငှက်ချောင်းအနီးတွင် စစ်​ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ ယ​နေ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၄ဦး​သေပြီး ၄ဦးဒဏ်ရာရ​ကြောင်း ​ဒေသခံများက ​ပြောသည်။ဒဏ်ရာရသည့်သူများတွင် စစ်​ကောင်စီရဲနှစ်ဦးပါဝင်သည်ဟု ​ပြောသည်။ ကသာ PDF တပ်ဖွဲ့မှ ၅ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ​ဒေသခံတစ်ဦးက ​ပြောသည်။Kachinwaves https://

ဖာပွန်တွင် တိုက်ပွဲဖြစ် အာဏာသိမ်းအကြမ်ဖက်စစ်အုပ်စုကား မီးလောင်၊ ကျဆုံးသူများပါရှိ

Posted: 30 May 2021 06:45 AM PDT

Photo-ဖာပွန်တွင် ပြီးခဲ့သည့်ရက်က အတိုက်ခိုက်ခံခဲ့ရသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကားမေလ ၂၉၊၂၀၂၁၊ သူးလေသတင်းစဥ်ကရင်ပြည်နယ် မူတြော်ခရိုင် (ဖာပွန်)မှာ  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က စစ်ကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ဒီကနေ့ မနက်ပိုင်းက မူတြော်ခရိုင် (ဖာပွန်) ကူးဆိပ်ကျေးရွာနဲ့ မထောကျေးရွာလမ်းကြားမှာ ဖာ

မဲဝိုင်အကြမ်းဖက်စစ်အုပ်စုတပ်စခန်းမှ အကြမ်း ဖက်စစ်သားများ ပြည်သူကို သေနတ်ဖြင့်ပစ်

Posted: 30 May 2021 06:44 AM PDT

၂၉ရက် မေလ ၂၀၂၁ခုနစ်။ သူးလေသတင်းစဥ်၂၀၂၁ခုနှစ် မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီအချိန်တွင် မဲဝိုင်အကြမ်းဖက်စစ်အုပ်စုတပ်စခန်းမှ ( ခလရ - ၉၇ ) အကြမ်းဖက်အဖွဲ့၏ တပ်သားများသည် ၎င်းတို့၏စခန်းရှေ့၌ ဖြတ်သွားသော စောညီညီ ဆိုသူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြရာ တွင် စောညီညီ၏ လက်နှစ်ဖက်လုံးကို ကျည် ထိမှန်ခဲ့သည်။ ထိုသို့ ကျည်ထိမှန်ခဲ့သော စောညီညီ လက်တစ်မှာမူ ကြိုးသွားခဲ့ပါသည်။ထို့အပြင် ဤ မဲဝိုင်စခန်း၌ နေထိုင်ကြသော

အကြမ်းဖက်စစ်အုပ်စု၏ ကားများ ကူးဆိပ်နှင့်မထောကြား၌ ပစ်ခတ်ခံရ

Posted: 30 May 2021 06:42 AM PDT

၃၀ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဖာပွန်သို့ ရိက္ခာ နှင့် ဆေးဝါးအမျိုးမျိုးကို ပို့ဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ ကား ၁၁ စီး ပြန်ဆင်းလာသောအခါ ကူးဆိပ် နှင့် မထောကြား၌ ကရင်အမျိုးသားလွတ်မြေက်ရေးတပ်မတော် နှင့် ထိတွေ့ကာ ပစ်ခတ်မှု ( ၂ ) ကြိမ် ဖြစ်ပွားခဲ့ပါသည်။အကြမ်းဖက်စစ်အုပ်စုမှ လက်ကြီးနှင့်လက်နက်ငယ်များ မြောက်များစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်ဟုလည်း ဒေသခံများက ပြောကြားခဲ့

အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရ

Posted: 29 May 2021 08:51 AM PDT

အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် NUGနဲ့ CNF တို့ သဘောတူညီချက်ရအာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ကြား သဘောတူညီချက်ရပြီလို့ NUG ဘက်က ဒီနေ့ မေလ ၂၉ ရက်မှာ ကြေညာလာပါတယ်။တန်းတူရေးအခြေခံပြီး အပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားမှုတွေနဲ့ လက်တွဲဆောင်ရွက်သွားဖို့အပြင် တခြားအရေးကြီးတဲ့

ခြံနံပါတ် (၁) တရားခွင် သို့မဟုတ် ကမ္ဘာကျော်ခဲ့တဲ့ ရုံးချိန်း

Posted: 29 May 2021 08:49 AM PDT

ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှု ၆ ခုမှာ တစ်မှုဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံထားရချိန်မှာ စွဲဆိုခံရတာပါ။ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် တို့ကို ရုံးထုတ်ကာနီး နာရီပိုင်းအလိုအထိ တရားရုံးဟာ နေပြည်တော်က မြနန်းဘုံသာလမ်းထဲမှာ လို့ပဲ ရှေ့နေတွေက သိခဲ့ကြပါတယ်။တရားရုံးရဲ့တည်နေရာအတိအကျကို မသိခဲ့ကြပါဘူး။မေလ ၂၄ ရက် မနက် ၈ နာရီအရောက် ဇဗ္ဗူသီရိ အမှတ်(၁) ရဲစခန်း ကိုလာဖို့

သေဆုံးမှု ပေါက်ကွဲမှုတွေကြား ဆန္ဒပြမှုတချို့ ရှိနေဆဲ

Posted: 29 May 2021 08:38 AM PDT

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ PDF အလံကိုင်ပြီး ချီတက်ဆန္ဒပြသူများ။ (မေ ၂၉၊ ၂၀၂၁။ ဓာတ်ပုံ-CJ)ရန်ကုန်၊ အင်းစိန်အရပ်က ပေါက်တောဝမှာ သောကြာနေ့ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ်တဦးကို စစ်တပ်ကရပ်ခိုင်းတာ ရပ်မပေးလို့ဆိုပြီး စစ်ကားနဲ့ လိုက်တိုက်တဲ့အတွက် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူတွေကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ရေးထားပါတယ်။အဲဒီလူငယ်ဟာ ဆုရ မော်ဒယ်သရုပ်ဆောင်တဦးဖြစ်သူ ကိုထက်အောင် ဖြစ်တယ်လို့လည်း

ဒီးမော့ဆိုရဲစခန်း ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်

Posted: 29 May 2021 08:37 AM PDT

ဒီးမော့ဆိုမြို့နယ်တရားရုံး။ (ဓာတ်ပုံ - ဒီးမော့ဆိုတရားရုံးဖေ့စ်ဘုတ်)ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီတပ်တွေ အခြေပြုထားတဲ့ ရဲစခန်းကို KPDF ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဘက်ကနေ မနေ့ညပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်ထဲ မော်တော်ယာဉ် ဝင်ရောက်မှု ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီလို ယာဉ်အဝင်ပိတ်ပင်ခဲ့ရင် ကယားပြည်နယ်အတွက် ထိခိုက်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်သား ငါးဦး ဒေသခံ သုံးဦး သေဆုံး

Posted: 29 May 2021 08:34 AM PDT

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက ရဲလှနဲ့ မွေ့လယ်ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခုခံကာကွယ် ရေးတပ်ဖွဲ့ PDF တို့ မေလ ၂၈ ရက် မနေ့က နေ့လယ်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုအကျ အဆုံးများခဲ့တာကြောင့် စစ်ကောင်စီဘက်က အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပါ အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် ရဲလှရွာသား သုံးဦး လက်နက်ကြီးကျည်

ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ

Posted: 29 May 2021 08:33 AM PDT

ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲပြင်းထန်နေ စစ်ကောင်စီကို ချင်းလူမျိုးတွေ ပြန်လည်ခုခံတိုက်ခိုက်ရာမှာ အဓိကအသုံးပြုနေတဲ့ တူမီးသေနတ်။ Photo: Kanpetlet Time Newsချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် CDF တွေ မေ ၂၈ ရက် မနေ့ကတည်းက တိုက်ပွဲဖြစ်နေတာ ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပါတယ်။စစ်ကောင်စီတပ်တွေဟာ မနေ့က မင်းတပ်မြို့ကနေ ကန်ပက်လက်မြို့ထဲကို ဝင်လာတာကြောင့်

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ မကြာခဏ ဝင်ဖမ်းတာကြောင့် ရွာသားတွေ တောထဲ အကြိမ်ကြိမ် တိမ်းရှောင်နေရ

Posted: 29 May 2021 08:18 AM PDT

သတင်း နှင့် ဓါတ်ပုံ - သံလွင်ခက်29 May 2021 - Kachinwaves စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို ဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ကား ၆စီးအပါအဝင် အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့လို့ ရွာသား​တွေ တောထဲထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။အိမ်ခြေ ၈၀၀နီးပါးရှိတဲ့ ကပေါင်းကျကျေးရွာတစ်ရွာလုံးနီးပါး ထွက်ပြေးကြရတာဖြစ်ပြီး မပြေးနိုင်သူတွေ၊ လေဖြတ်နေသူတွေနဲ့ သက်ကြီး

စစ်​ကောင်စီတပ်နှင့် ​ကေအိုင်​အေ ​ယ​နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်​ကောင်စီဘက် ထိခိုက်မှုရှိ

Posted: 29 May 2021 08:13 AM PDT

ဓါတ်ပုံ - ပုံ​ဟောင်းဖြစ်သည်။29 May 2021 - Kachinwavesပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအနီးတွင် ကေအိုင်အေ တပ်မဟာ (၁)​အောက် တပ်ရင်း (၇)နှင့် စစ်​ကောင်စီတပ်ကြား မေ ၂၉ရက်နေ့နံနက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ကားနှစ်စီး ပစ်ခတ်ခံရပြီး သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သတင်းရရှိသည်။"ကားထဲကို ပစ်ထည့်ပေးလိုက်တယ် ကားထဲကလူတွေ သေတဲ့သူတွေလည်းရှိတယ်။ ထိခိုက်တဲ့သူတွေလည်းရှိတယ်

အကြမ်းဖက်စစ်အုပ်စုမှ ရိက္ခာတင်ပို့သောကြောင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

Posted: 29 May 2021 08:11 AM PDT

၂၉ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်၂၀၂၁ခုနှစ် မေလ ၂၈ ရက်နေ့ မနက် ၈း၄၀ မိနစ်ခန့်အချိန်တွင် အကြမ်းဖက်စစ်အုပ်စုတို့သည် မူတြော်ခရိုင် လူသောမြို့နယ် ခေးပူဒေသအတွင်းရှိတပ်စခန်းများကို ရိက္ခာထောက်ပံ့ရန်အတွက် မူကေထာ နှင့် ကာ်ထယ်ဒဲ ၌ ချောင်းဖြတ်ကူးစဥ် ကရင်အမျိုးသားကာကွယ်ရေးတပ် တပ်ရင်း ၁ နှင့် ထိတွေ့ကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ဤ ပစ်ခတ်မှုတွင် အကြမ်းဖက်ဘက်မှ ၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ မ

အကြမ်းဖက်စစ်အုပ်စုမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဉီး ထိခိုတ်ဒဏ်ရာရရှိ

Posted: 29 May 2021 08:09 AM PDT

မေလ(၂၈)၊၂၀၂၁ခုနှစ်မေ လ(၂၈)ရက်  မနက် (၁၁)နာရီခွဲ အချိန်ခန့်တွင် ခလရ(၇၅)မှ အကြမ်းဖက်စစ်အုပ်စုများ သည် ဆောမီးလူကျေးရွာ ထီးယားလိုကလိုးနေရာတွင် ရှိသော ဒူးရင်းခြံတဲကို အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ် မဲ့ပြည်သူနှစ်ဉီး ထိခိုက်ခဲ့ပါသည်။ထိုပစ်ခတ်မှုကြောင့် ဒူးရင်းခြံအတွင်းရှိ တဲပေါ်တွင် နေသော စောသန်းထူးနှင့် စောအယ်တမွီစိုး ဆိုသူဒေသခံနှစ်ဉီး  ထိခိုတ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါသည်။ ယင်းနှောက် ထိခိုတ်ဒဏ်ရာရ

Saturday, May 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ဂျပန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာကစားသမားတစ်ဦး ဆန္ဒပြ

Posted: 28 May 2021 01:34 PM PDT

Social Mediaဂျပန် နိုင်ငံမှာ ဒီကနေ့ကစားတဲ့ ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်းက ကစားသမားတစ်ဦး လက်သုံးချောင်းထောင်ပြီး အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။ဒီကနေ့ပွဲအတွက် အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့တဲ့ ရတနာပုံကလပ်အသင်းက ဂိုးသမား ပြည့်လျှံအောင်က အခုလို ဆန္ဒဖော်ထုတ်ခဲ့တာပါ။ တခြားအသင်းသားတွေကတော့ အဲဒီလို ထုတ်ဖော်ခဲ့တာကို မတွေ့ရပါဘူး။ဒီပွဲကို အသင်းရဲ့ အဓိက ကစားသမားတွေ အများစုက စစ်

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့မိခင် ပုဒ်မ ၅၀၅(က)နဲ့ ထောင် ၃ နှစ် ချမှတ်ခံရ

Posted: 28 May 2021 01:31 PM PDT

CJCopyright: CJနိုင်ငံရေးတက်ကြွလူပ်ရှားသူ ကိုတင်ထွဋ်ပိုင်ရဲ့မိခင်ဒေါ်မိငယ်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ဒီနေ့ မေလ ၂၈ ရက်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။မိသားစုဝင်တွေရဲ့အပြောအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေလ ၂ ရက်က မြောက်ဥက္ကလာပက နေအိမ်မှာ ကိုတင်ထွဋ်ပိုင်ကို လာရှာချိန် မတွေ့လို့ မိခင်ဖြစ်သူကို ရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အခုလို

ဒီးမော့ဆိုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကြောင့် အရပ်သားတစ်ဦး သေဆုံး

Posted: 28 May 2021 01:29 PM PDT

ဒီးမော့ဆိုမြို့နယ်မှာ မေလ ၂၇ ရက် မနေ့ညပိုင်းကနေစပြီး ဒီနေ့ မေလ ၂၈ ရက်နေ့ မနက်အစောပိုင်းအထိ အာဏာသိမ်းစစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး မနေ့ညက ငွေတောင် ကျေးရွာ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် လက်နက်ကြီး ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်တာကြောင့် ထိမှန်သေဆုံးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆို

နာမည်ကြီး အနုပညာရှင် ၂၀ နီးပါး အဖမ်းခံရ၊ ၁၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေ

Posted: 28 May 2021 01:27 PM PDT

စစ်အာဏာရှင်ရဲ့ ယန္တရားတွေ ရပ်တန့်သွားဖို့၊ စစ်အာဏာရှင် သက်ဆိုး မရှည်စေဖို့အတွက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့ ဝန်ထမ်းတွေကို စည်းရုံးလှုံ့ဆော်ခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ဒါရိုက်တာနဲ့ မော်ဒယ်တွေအပါအဝင်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ အနုပညာရှင် ၁၇ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ အယောက် ၁၀၀ ကျော်ကတော့ ဖမ်းဝရမ်း ထုတ်ခံ ထားရပါတယ်။အဲဒီထဲက သရုပ်ဆောင် ပြေတီဦး၊

အခြေခံပညာက ရာထူးထုတ်ပယ်ခံဆရာဆရာမတွေကို ကိုယ်ပိုင်ကျောင်းတွေမှာ မခန့်ဖို့ စစ်ကောင်စီ ညွှန်ကြား

Posted: 28 May 2021 01:24 PM PDT

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အခြေခံပညာ ဆရာမတွေရဲ့ဆန္ဒပြပွဲ တစ်ခုရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အခြေခံပညာသင်ကြားရေး ဆရာဆရာမတွေကိုသာမက စီမံဝန်ထမ်းတွေကိုပါ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေမှာ မခန့်ဖို့ စစ်ကောင်စီလက်အောက်က ပညာရေးဝန်ကြီးဌာရဲ့ အခြေခံပညာညွှန်ကြားရေးမှူးတစ်ဦးက စာတစ်စောင်ထုတ်လာပါတယ်။အဲဒီစာကို နေပြည်တော်ပညာရေးမှူးရုံးက ညွှန်ကြားရေးမှူးတဦးက နေပြည်တော်ကောင်စီနယ်မြေထဲက ကိုယ်ပိုင်ကျောင်းတွေကို ပို့

ကိုဗစ်ကူးစက်မှုကြောင့် တွန်းဇံနဲ့ တမူးကို Stay at Home သတ်မှတ်၊ ပြည်တွင်းလေကြောင်းခရီးတွေ ကန့်သတ်ဖို့ရှိ

Posted: 28 May 2021 01:20 PM PDT

 ကိုဗစ်ကူးစက်မှုကြောင့် တွန်းဇံနဲ့ တမူးကို Stay at Home သတ်မှတ်၊ ပြည်တွင်းလေကြောင်းခရီးတွေ ကန့်သတ်ဖို့ရှိကိုဗစ်ကူးစက်သူ တစ်နေ့တည်း တစ်ရက်တည်း တစ်ရာနီးပါးအထိ မနေ့က တွေ့ရှိခဲ့ပြီးနောက် ကူးစက်မှု များပြားခဲ့တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ စစ်ကိုင်း တမူးမြို့နယ်တို့ကို မေ ၂၉ မနက် ၄ နာရီက စပြီး Stay at Home ဒေသတွေ အဖြစ် သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးရဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်

ဒီးမော့ဆိုမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား တိုက်ပွဲဖြစ်နေဆဲ

Posted: 28 May 2021 01:19 PM PDT

ဒီးမော့ဆို မြို့ (ဓာတ်ပုံ-ဒီးမော့ဆိုတရားရုံးဖဘ)ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီစစ်တပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့အကြား ဒီနေ့ မေလ ၂၈ ရက်နေ့မှာလည်း ပစ်ခတ်တိုက်ခိုက်ကြပါတယ်။ နှစ်ဖက်ပစ်ခတ်မှုအတွင်းအရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့သလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေမှာလည်း အခက်အခဲတွေ ဖြစ်နေကြပါတယ်။ ကယားဖက်ကအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က

မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်ရေးတောင်းဆိုချက် မထည့်ဖို့ အာဆီယံ ၉ နိုင်ငံ တိုက်တွန်းတဲ့သတင်းထွက်လာ

Posted: 28 May 2021 01:16 PM PDT

နေပြည်တော်က ဆန့်ကျင်ကန့်ကွက်ပွဲကို သေနတ်ကိုင်ဆောင်အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေစဉ်။ (ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၁)မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်ကန့်သတ်ရေး တောင်းဆိုတာမျိုးမလုပ်ဖို့ အရှေ့တောင်အာရှနိုင်ငံ ၉ နိုင်ငံက ကုလသမဂ္ဂကို တိုက်တွန်းထားတယ်လို့ Benar သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။Liechtenstein နိုင်ငံရဲ့ သံတမန်တဦးကိုကိုးကားပြီး ဝါရှင်တန်အခြေစိုက် RFA သတင်းဌာနရဲ့ မိတ်ဘက်သတင်းဌာန

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး အသတ်ခံရ

Posted: 28 May 2021 01:13 PM PDT

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး အသတ်ခံရ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကို တွေ့ရစဉ် / Photo: RFAစစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကျေးရွာ စည်းရုံးရေးမှူး ဦးအုန်းခိုင်ကို မျက်နှာဖုံးစွပ်ထားသူ လူနှစ်ယောက်က ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ နေအိမ်ကို ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ကျေးရွာဒေသခံတွေက

စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ မကွေး NLD အမတ်နဲ့ ဝန်ကြီးဟောင်းကို ထောင်ဒဏ်ချမှတ်

Posted: 28 May 2021 01:12 PM PDT

စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ မကွေး NLD အမတ်နဲ့ ဝန်ကြီးဟောင်းကို ထောင်ဒဏ်ချမှတ် မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးနေမျိုးကျော်။ Photo: Citizen Journalistစစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး

သာကေတပစ်ခတ်မှု စစ်သား (၁) ဦး သေ (၄) ဦးပြင်းထန်စွာဒဏ်ရာရ။

Posted: 28 May 2021 01:10 PM PDT

(၂၈/၅/၂၀၂၁)ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ဇိနမာန်အောင် ဘုရားဝင်းမှာ တပ်စွဲထားတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်ကို ယနေ့ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့များက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးပြီး အနည်းဆုံး (၄) ဦးဒဏ်ရာရဟု မျက်မြင်တွေကပြောသည်။ အပြန်အလှန်ဆဲဆိုပစ်ခတ်မှုမှာ အလုပ်ပြန်လာတဲ့လမ်းမပေါ်က လူငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။မည်သည့်အဖွဲ့က ဝင်ပစ်သွားသည်ကို မသိရသေးပေမဲ့ ဇိန

မကွေးမဲဆန္ဒနယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ရွေးကောက်ပွဲအနိုင်ရမှု့နဲ့ စစ်ကောင်စီက ထောင် (၃)နှစ်ချ

Posted: 28 May 2021 01:08 PM PDT

(၂၉/၅/၂၀၂၁)မကွေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုစားလှယ်နေရာမှာ ပြည်သူများရဲ့ ထောက်ခံမဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ဦးမြင့်ဦးက်ု ပုဒ်မ ၅၀၅ (က)ဖြင့် ယနေ့ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်ကြောင်း သိရပါသည် ဦးမြင့်ဦးဟာ (၂၀၁၅) ရွေးကောက်ပွဲတုန်းကလည်း ပြည်သူ့ထောက်ခံမဲ အပြတ်အသတ်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရသူပါ။ ပုဒ်မ (၅၀၅-က) ဆိုပေမဲ့  (၂) ကြိမ်ဆက်တိုက် မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တာဟာ စစ်

ပူတာအိုမြို့တွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်စခန်း ပစ်ခတ်ခံရ

Posted: 28 May 2021 08:42 AM PDT

May 28, 2021/ Kachin News Groupပူတာအိုမြို့အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၄၆ စစ်တပ်ကုန်းတွင် ယနေ့ နံနက်ပိုင်းက အဝေးပစ်လက်နက်တစ်ခုဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။မေလ ၂၈ရက်နေ့ ယနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် ပူတာအို ကောင်ကထောင်ရပ်ကွက် ရှိ စစ်တပ်ဗျူဟာကုန်းတွင် ပေါက်ကွဲသံ ၂ ကြိမ်ကြားလိုက်မိကြောင်း ကောင်ကထောင် ရပ်ကွက်ပြည်သူ တစ်ဦးက အတည်ပြု ပြောဆိုသည်။"ဒီမနက်ပိုင်း ၁နာရီနဲ့ ၂နာရီ

နောင်းမီ ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

Posted: 28 May 2021 08:41 AM PDT

May 28, 2021/ Kachin News Groupလီဒိုလမ်းမပေါ် နောင်းမီကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယမန်နေ့ညက ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။အသက် ၆၀ အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးဖုန်းကျော်သည် မေလ ၂၇ ရက်ည ၈ နာရီခွဲခန့်က သူ၏နေအိမ်တွင် ပစ်သတ်ခံရကြောင်း နောင်းမီဒေသခံတစ်ဦးက ယခုလိုပြောပြသည်။"သတ်ခံရတဲ့သူက နောင်မီကျေးရွာရဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဒီရွာမှာ  ပြည်သူ့စစ်ခေါင်းဆောင် လုပ်တာ ၁၀နှစ်

Total နဲ့ Chevron ကုမ္ပဏီတို့က မြန်မာကို သဘာဝဓာတ်ငွေ့ လုပ်ငန်း ငွေပေးချေမှုတွေ ဆိုင်းငံ့ထား

Posted: 28 May 2021 08:37 AM PDT

မုတ္တမ ကမ်းလွန် ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ Total နဲ့ Chevron လုပ်ကွက်။ ထိုင်းနိုင်ငံကို ပို့တဲ့ ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းပြ မြေပုံ။ပဲရစ်၊ မေ ၂၈၊ ၂၀၂၁ပြင်သစ်နိုင်ငံက Total ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း အုပ်စုနဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့ဟာ မြန်မာ စစ်အစိုးရဆီကို ရောက်ရှိမယ့် သဘာဝဓာတ်ငွေ့ ဖက်စပ်လုပ်ငန်းက ငွေပေးချေမှုတချို့ကို ဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။ 

ပလက်ဝမြို့ပေါ်တွင် ဗုံး၂ လုံး နေရာ ၁ နေရာစီတွင် ပေါက်ကွဲမှုဖြစ်

Posted: 28 May 2021 08:33 AM PDT

ချင်းပြည်နယ် ပလက်ဝမြို့ ပေါ်တွင်  မေလ ၂၈ ရက်နေ့ ဒီကနေ့ မနက်တွင်  ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ဒေသခံတစ်ဦးက ` ဒီနေ့မနက် (7) နာရီကျော်လောက်မှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ် ပေါက်ကွဲတဲ့အချိန်ကလည်း ရှေ့စဥ့်နောက်စဥ့်ပါဘဲ ဗုံးပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရရှိ သူရှိတယ်လို့တော့ မသိသေးဘူး"ဟုပြောသည်။စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ

စစ်ကောင်စီ ကားနှစ်စီးကို ကလေး နည်းပညာ တက္ကသိုလ်အနီးတွင် Kalay Region Defense Association (KRDA) မှ ကြားဖြတ်တိုက်ခိုက် ပစ်ခတ်ခဲ့

Posted: 28 May 2021 08:30 AM PDT

ယနေ့ ဂန့်ဂေါမြို့နယ်၊ ရဲလှနှင့် နှမ်းခါးရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ‌ဂန့်ဂေါ-ကလေး လမ်းမကြီးအတိုင်း ကလေးသို့ ပြန်လည်ဆုတ်ခွာလာသော စစ်ကောင်စီ ကားနှစ်စီးကို ကလေး နည်းပညာ တက္ကသိုလ်အနီးတွင် Kalay Region Defense Association (KRDA) မှ ကြားဖြတ်တိုက်ခိုက် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။Chin World https://www.facebook.com/Chin-World-167011980026853

သျှမ်းပြည် ပင်လုံ နှင့် မူဆယ် ဗုံးပေါက်ကွဲမှုဖြစ် တဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိ

Posted: 28 May 2021 08:23 AM PDT

မေ (၂၈) ရက် ၂၀၂၁သျှမ်းတောင် ပင်လုံနှင့် သျှမ်းမြောက် မူဆယ်မြို့တွင် ယနေ့( မေ ၂၈)ရက် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ပြီး၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးရှိ လားရှိုးဆေးဆိုင် အနီး မနက် (၈း၁၅) မိနစ်ခန့်က ဗုံး တစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် တစ်စီး မီးလောင်ကာ အသက် (၁၈) နှစ် အရွယ် လူငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး

မိုင်းဆတ်မြို့ လုံခြုံရေး မစောင့်နိုင်သည့် အိမ် ကျပ် (၈)ထောင် ပေးရ

Posted: 28 May 2021 08:21 AM PDT

မေ ၂၈ရက် ၂၀၂၁သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကျောင်းလုံခြုံးရေးအတွက် သွားရောက်မစောင့်ပါက တရက်လျှင် ကျပ်ငွေ (၈)ထောင်ပေးနေရကြောင်း စုံစမ်းသိရသည်။စစ်ကောင်စီမှ ကျောင်းအပ်ခွင့်စလက်ခံသည့် (မေ ၂၄) ရက် မှ စပြီး ပြည်သူများ ကို ကျောင်းလုံးခြုံးရေးအရ သွားရောက်စောင့်ခိုင်းပြီး၊ သွားရောက်မစောင့်နိုင်ပါက တအိမ်လျှင်တရက် ကျပ်ငွေ (၈)ထောင်ပေးဆောင်ရမည် ဖြစ်ကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။" သူတို့ ၂၄

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ပူးတွဲကြေညာချက် ထုတ်ပြန်

Posted: 28 May 2021 08:18 AM PDT

မေလ ၂၈ ရက်၊ ၂၀၂၁အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုအဖွဲ့ဝင် ဝန်ကြီးများ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုကို  မေလ ၂၆ ရက် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအပြီး အမျိုသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားအဖွဲ့များအကြား ပူးတွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force - PDF) တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲအခမ်းအနား

Posted: 28 May 2021 08:15 AM PDT

ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force - PDF) တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲအခမ်းအနားNational Unity Government of Myanmar https://www.facebook.com/NUGmyanmar

စစ်​ကောင်စီစစ်သားနှင့် ရိက္ခာများသယ်​ဆောင်လာ​သော သင်္ဘော ဒုတိယမြစ်ကျဉ်း​၌ ပစ်ခတ်ခံရ​

Posted: 28 May 2021 08:12 AM PDT

28 May 2021 - Kachinwavesစစ်​ကောင်စီစစ်သားနှင့် ရိက္ခာများသယ်​ဆောင်လာ​သော သင်္ဘောတစ်စီး ယ​နေ့ ည​နေပိုင်း ​ရွှေကူမြို့နယ် ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်း​နေရာ၌ ထပ်မံ ပစ်ခတ်ခံရ​ကြောင်း ​ဒေသခံများထံမှ သိရသည်။ထိခိုက်ဒဏ်ရာရသူများကို ​ဗန်း​မော်မြို့နယ် စင်းခန်းကျေးရွာတွင် လူနာချနေ​ကြောင်းလည်း သိရသည်။​Kachinwaves ၏ မှတ်သားထားချက်အရ မေလ တစ်လအတွင်းတွင် စစ်​ကောင်စီစစ်သားနှင့် ရိက္ခာများသယ်​ဆောင်လာသည့် သင်္ဘော

ဒဏ်ရာရရှိထားတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

Posted: 28 May 2021 08:09 AM PDT

Photo - CJပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က ဒီးမော့ဆိုမြို့၊ ညောင်ကိုင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KPDF တပ်ဖွဲ့တို့ ဖြစ်ပွားတဲ့ တိုင်းပွဲအတွင်း ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာရှိခဲ့တဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဆေးကုသမှုခံယူရင်း ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကျဆုံးသွားတယ်လို့ နာရေးမှာ ကူညီပို့ဆောင်ပေးနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ "ဒီမနက် ၁၀ နာရီကျော် ဝန်းကျင်မှာ သူက ဆုံးသွားတယ်။ အခုက သူ့ရဲ့

လက်နက်ကြီးထိမှန်ပြီး အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသားတစ်ဦး သေဆုံး

Posted: 28 May 2021 08:08 AM PDT

ယမန်နေ့ည ၂၇ ရက်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ စက်သေနတ်၊ အမြောက်တွေနဲ့ ကျေးရွာ၊ ရပ်ကွက်ထဲကို ရမ်းသမ်းပစ်ခတ်ပြီး ငွေတောင်ကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသားတစ်ဦးက လက်နက်ကြီးထိမှန်ကာ သေဆုံးသွားတယ်လို့ ငွေတောင်ကျေးရွာ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ " အဲ့ဒါက ပြည်သူပဲ။ ငွေတောင်