သစ္ထူးလြင္ |
- စစ်ကောင်စီ ဂျက်လေယာဉ်နှစ်စင်းမှ ပစ်ချသည့် လေယာဥ်ဗုံးများ ရွှေကူနှင့် ကသာမြို့နယ်ရှိ ကျေးရွာများအနီးကျရောက်ပေါက်ကွဲ
- ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ
- ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အသေအပျောက်များရှိ
- တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
- မင်းတပ် ကန်ပက်လက်နားတွင် စစ်ကောင်စီမှ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ဟုသိရ
- ကလေးမြို့နယ်သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ
- စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်က ရိက္ခာကူညီပို့ဆောင်ပေးဟု KNU ထုတ်ပြန်
- မြ၀တီခရိုင် ဝေါလေမြိုင်မြို့ နယ်မြေရဲစခန်းမှူးအပါအဝင် ရဲ (၃) ဦးနှင့် မီးသတ်(၁) ဦးကို ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီးထား
- မနကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုး သေနတ်ဖြင့် ပစ်သတ်ခံရ။
- ဟိုကပ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးအပါအဝင် သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်း စုစုပေါင်း ၃ ဦး ပစ်သတ်ခံရ
Posted: 31 May 2021 08:50 AM PDT 31 May 2021 - Kachinwavesစစ်ကောင်စီ၏ ဂျက်လေယာဉ်နှစ်စင်းမှ ပစ်ချသည့် လေယာဥ်ဗုံးများ ကျေးရွာများအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။ယနေ့ ညနေ ၅နာရီခန့်အချိန်၌ စစ်ကောင်စီ၏ ဂျက်လေယာဥ်နှစ်စင်းပေါ်မှ ပစ်ချခဲ့သော ဗုံးများသည် ရွှေကူမြို့နယ်ရှိ ဧရာဝတီမြစ်အနီး မင်းကျောင်းကုန်းနှင့် သာယာကုန်းကျေးရွာကြားတွင် တစ်လုံး၊ ကျောက်ကြီးရွာအနီးတစ်လုံးနှင့် ကသာမြို့နယ် မိုးတားရွာအနီး၌ ၂လုံး၊ ရွှေ |
ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ Posted: 31 May 2021 08:47 AM PDT မေ ၃၁ရက် ၂၀၂၁သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ရောက်ရှိလာပြီးနောက် ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများ ရှိလာကြောင်း စုံစမ်းသိရသည်။ကျောက်မဲမြို့တွင် မေ (၂၁ )ရက်မှ စပြီး အုပ်ချုပ်ရေးမှုအသစ်ပြောင်းရွှေ့လာပြီးနောက်ပိုင်းတွင် ညတိုင်းနီးပါး ပစ်ခတ်မှုရှိလာပြီး၊ ဖမ်းဆီးမှုများရှိလာခဲ့ကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ " သူပြောင်းလာပြီး ကျောက်မဲ |
ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အသေအပျောက်များရှိ Posted: 31 May 2021 08:45 AM PDT မေ ၃၁ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီ တပ်စခန်းများသည် ယနေ့ (မေ ၃၁)ရက် မနက်(၁)နာရီ တွင် တိုက်ခိုက်ခံရပြီး ဒုတပ်ရင်မှူး အပါအဝင် တပ်သား ( ၁၁)ဦး သေဆုံးခဲ့ပြီး၊ လက်နက်များ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ယနေ့ မနက် (၁)နာရီ မှ မနက် (၄)နာရီအထိ စစ်ကောင်စီ အုပ်စု နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA)၊ကိုးကန့် (MNDAA) |
တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား Posted: 31 May 2021 08:44 AM PDT သျှမ်းသံတော်ဆင့်၊ မေ ၃၁တောင်ကြီးမြို့တွင် ယမန်နေ့( မေ ၃၀) ရက် မနက်ပိုင်းတွင် ၂၁၂ ဆက်သွယ်ရေးတပ် တပ်ထဲ၌ စစ်သားများ အချင်းချင်း အငြင်းပွား စကားများကြပြီး ပစ်ခတ်မှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘက်တွင်ရှိသော ၂၁၂ တပ်အတွင်း စစ်သားနှစ်ဦးသည် အချင်းချင်း စကားများကြပြီး တစ်ဦးက အနီးရှိ ဓါးဖြင့် ခုတ်မှု ပြုလုပ်ပြီး၊ တခြား စစ်သားက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း |
မင်းတပ် ကန်ပက်လက်နားတွင် စစ်ကောင်စီမှ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ဟုသိရ Posted: 31 May 2021 08:42 AM PDT ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်နယ်စပ် ခွဲလုံတွင် မေလ ၃၀ ရက်နေ့ ယမန်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှထိုးစစ်ဆင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး Mindat - CDF တပ်ဖွဲ့များ စစ်ကူပို့ခဲ့ရကြောင်း မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေး သတင်းအဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။ယမန်နေ့ (30.5.21) နေ့က စစ်ကောင်စီတပ်များ မင်းတပ်-ကန်ပက်လက်နယ်စပ် ခွဲလုံသာ၊ မကြား စသည့်ရွာများတွင် ထိုးစစ်ဆင်လာရာ ကြာလေလှိုင်း၊ မဒပ်၊ မနပ်ထိုင်း စသည့် နေရာ |
ကလေးမြို့နယ်သာစည်ရွာတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ Posted: 31 May 2021 08:38 AM PDT စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ kalay-PDF တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်းသိရပါသည်။ဒေသခံတစ်ဦးက `မနက် ၈ ခွဲလောက်ကစပြီး ရွာထဲမှာ ပစ်ခတ်တာတွေ စဖြစ်တယ် အခုထိဘဲ ပစ်ကြတယ် စစ်ကောင်စီဖက်က လက်နတ်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်တာတွေရှိတယ် ရွာက လူတွေလည်း ထွက်ပြေးတိန်းရှောင်ကြတယ် ထိခိုက်ဒဏ်ရာရရှိသူ ဘယ်နှဦးရှိတယ်လို့တော့ မသိရသေးဘူး"ဟု |
စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်က ရိက္ခာကူညီပို့ဆောင်ပေးဟု KNU ထုတ်ပြန် Posted: 31 May 2021 08:35 AM PDT မေလ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီKNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း ရိက္ခာဖြတ်တောက်ခံထားရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်မှ ရိက္ခာကူညီပို့ဆောင်ပေးမှု ပြုလုပ်ပေးခဲ့သည်ဟု KNU ၏ ပြန်ကြားရေး သူးလေသတင်းစဉ်၌ ယမန်နေ့ မေလ ၃၀ရက်နေ့ ညတွင် ဖော်ပြထားသည်။ယခုလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ထိုင်းစစ်တပ်မှ ၎င်းတို့ နယ်ခြားစစ်သုံး စက်လှေ ၄ စီး နှင့် အရပ်သား သုံး Honda စက်တပ်ရေယာဉ် ၁ စီး |
Posted: 31 May 2021 08:33 AM PDT မေလ ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ခြမ်း မြဝတီခရိုင် ဝေါလေမြိုင်မြို့ရှိ နယ်မြေရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့အား ခွဲထွက် DKBA အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ဝေါလေမြိုင်မြို့ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့၀င် (၃) ဦး နှင့် မီးသတ်တပ်ဖွဲ့၀င် (၁) ဦးတို့သည် ယနေ့ မေလ ၃၁ ရက် နေ့လည်ပိုင်းက ဝေါလေမြို့မှ မြဝတီမြို့သို့သွားရာ |
မနကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုး သေနတ်ဖြင့် ပစ်သတ်ခံရ။ Posted: 31 May 2021 08:27 AM PDT ဖားကန့်မြို့၊ ရှရော်ခကျေးရွာနှင့်တစ်ဆက်တည်းရှိသော မနကျေးရွာ လက်ရှိအုပ်ချုပ်ရေးမှူး ဦးတင်စိုး(အိုက်ပီး) သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသိရသည်။မေလ ၃၁ရက်နေ့ ယနေ့ နေ့လည် ၁နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ၇ကြိမ်ထက်မနည်း ပစ်သတ်ခံခဲ့ရကြောင်းဒေသခံတစ်ဦး ပြောဆိုချက်မှသိရသည်။ဦးတင်စိုး ပစ်ခတ်ခံရသည့် ကစ္စနှင့် ပစ်သက်ပြီး အသေးစိတ်မသိရသေးသလို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။aKachin News Group https://www.facebook.com/ |
ဟိုကပ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးအပါအဝင် သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်း စုစုပေါင်း ၃ ဦး ပစ်သတ်ခံရ Posted: 31 May 2021 08:26 AM PDT May 31, 2021/ Kachin News Groupမြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာ လက်ရှိအုပ်ချူပ်ရေးမှူး ဇနီးမောင်နှံ ၂ ဦးနှင့် သာပဒေါင်း အုပ်ချူပ်ရေးမှူးဟောင်း ၁ ဦး စုစုပေါင်း ၃ ဦး ယမန်နေ့ညက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ဟိုကပ်ကျေးရွာ အုပ်ချူပ်ရေးမှူးဖြစ်သူ ဦးဂျော်လီဆွေနှင့် ဇနီးဖြစ်သူ တို့ နှစ်ဦးကို မေလ ၃၀ ရက်ည ၁၀ နာရီခန့် နေအိမ်တွင် လာရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူရှိနေသော အခြားတစ်ဦး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.